《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 28 )
Advertisement
မုနဲ့ဉီးရဲ့ အချစ်ရေးက နောက်တခါ ပြန်စတာကြောင့်လာတော့မသိ နှစ်ယောက်သား ပျော်ရွှင်မှုကိုရော နာကျင်စရာတွေကိုရော စိတ်ညစ်ဖွယ်ရာတွေကိုပါ မျှဝေခံစားလာခဲ့ကြပြီ။ သူငယ်ချင်းတွေကတော့ မုပြန်လာလို့ ဝမ်းသာကြပြီး အကြောင်းသိနေတဲ့ ဒါဒါကတော့ မုကိုတကယ့်လက်ဖျားခါခဲ့သည်။အခုရက်ပိုင်း ဉီးရဲ့ဒေါသကလည်း အရင်လောက်မဆိုးတော့ အရာရာတိုင်းက မုရဲ့ ထိန်းချုပ်မှုကြောင့် ပြောင်းလဲစပြုလာသည်။အခုလည်း စိုင်းဝေဆေးရုံဆင်းပြီး တောင်ကြီးပြန်ဖို့ကို မုကိုပါ မေမေတို့က လိုက်လာခိုင်းသည်မို့ လေဆိပ်ထိလိုက်ပို့တာတောင် ဉီးကအရင်လောက် သဝန်မတိုတော့။မုက သူ့တစ်မျက်နှာကိုသာ အချစ်လိုတွေးသည်ကို ကျေနပ်ပုံရသည်။ဘေးနားက စိုင်းဝေကတော့ ဉီးကို အမြင်မကြည်မြဲ။
" ဉီးရယ်... မုကို စိတ်မပူပါနဲ့ ဝေဝေလဲပါတာကို "
" စိတ်မချတာထက် မခွဲနိုင်တာ ကိုယ့်ကိုပါ အိတ်ထဲထည့်ခေါ်သွားပါလား "
" အမယ်လေး နွားအို မြက်နုကြိုက်တာပဲကြားဖူးတယ် နွားအို အချွဲကြိုက်တာတော့ မကြားဖူးပါဘူး... မုမု ငါ အရင်သွားနှင့်မယ် ဒီနားကလေထုတွေက ပိုးမွှားတွေနဲ့မို့ "
" ငါဒီလောက် ရိုက်ထားတာတောင် အဲ့ကောင်လေးက အချိုးမပြေဘူး မုကိုယ်ကို ပြောသွားတယ် ကြည့်အုံး မုမျက်နှာကြောင့်နော် မဟုတ်ရင် "
" သိပါတယ် စိတ်လျော့နော် ဉီးက Gentleman မလား "
" Gentleman လည်း မုကိုမခွဲနိုင်ဘူး "
" အဲ့တာဆို တောင်ကြီးက မုမိဘတွေဆီလာတွေ့ပြီး တစ်ခါထဲ လာတောင်းပါလား "
" အဲ့လိုလုပ်ရမလား "
" စတာ စနေတာ ဟားဟား "
" ဘယ်လောက်ကြာမှာလဲ "
" မသိသေးဘူး သင်တန်းဆင်းပွဲအမှီတော့ ပြန်လာမှာ မုမရှိတော့ လိမ်လိမ်မာမာနေရမယ်နော် အစားလဲသေချာစားရမယ် အထူးသဖြင့် ဆေးပြင်းလိပ်တွေ လျော့သောက်ရမယ်နော် အဲ့တာဆို မုသွားတော့မယ် "
" ချစ်တယ် မု "
" အရမ်းပဲ "
ပြည်ပသွားမလိုကို အကြာကြီးမှာပြီး အနမ်းတွေတဖွဖွပေးပြီးမှ နှုတ်ဆက်ကြသည်။အောင်စစ်မှူးကတော့ မုကို တော်တော်နဲ့ လွတ်မပေးချင်။မလွတ်လို့ကလဲမရ လေယဉ်ချိန်နီးနေပြီမို့ လွတ်ပေးရသည်။မုကို ပို့ပြီး ကားပေါ်တောင်မတတ်ရသေး လွမ်းတဲ့ ရောဂါက စလာတော့သည်။
°°°°°°°°°°°
မုတို့တောင်ကြီးရောက်တော့ မမကြီးက ဟဲဟိုးလေဆိပ်ထိလာကြိုပေးသည်။စိုင်းဝေလဲ သူအိမ်သူပြန် မုလည်းကိုယ်အိမ်ကိုယ်ပြန်ပြီး ကိုယ်ဆီအလွမ်းသည်လို့ မဝကြချေ။ဉီးနဲ့မတွေ့ရတဲ့ ရက်တွေမှာ ရှည်ကြာလှပေမဲ့ ဘာလိုလိုနဲ့တောင် ရက်အတော်ကြာခဲ့ပြီ။အခုတလော သတင်းစာတိုင်းတွင်လည်း ဝန်ကြီးချုပ်ဉီးရန်နိုင်အကြောင်း အပြည့်။ပြည်သူပိုင်ငွေတွေ လာဘ်စားကာ လက်ဝါးကြီးအုပ်သည့်ဟု စွဲချက်တင်၍ ထောင်ဒဏ်ချမှတ်ခံလိုက်ရသည်။ပိုင်ဆိုင်မှုတွေပါ သိမ်းခံလိုက်ရတာကြောင့် သရဖီတစ်ယောက်လည်း အမြှီးကုပ်နေခဲ့သည်။ဉီးကတော့ သရဖီနဲ့ စေ့စပ်ပွဲပျက်သွားပြီကို ဝမ်းပန်တသာဖုန်းဆက်ပြောသော်လည်း မုကတော့ စိတ်မကောင်းဖြစ်မိတာအမှန်။
" ဟဲ့...မုမု နင်ရော ဘယ်တော့မှ ရည်းစားထားမလဲ မတွေ့ရင် ဝေဝေနဲ့ပဲ တွဲလိုက်တော့ "
" လွယ်ပါစေရဲ့ မမလတ်သာ ရှာပါနော် "
" မုမု သမီး ကျောင်းကိစ္စရောအကုန် အဆင်ပြေရဲ့လား ဒီကဘွဲ့ကိုရော "
" ဒီက ဘွဲ့ကိုတော့ အဝေးရောက်ပဲယူပြီး ဟိုကိုတော့ Formလှမ်းတင်ပြီးပါပြီ ဖေဖေ "
" ဒီမှာ လက်ဖက်ရပါပြီ "
" မေမေ့ လက်ဖက်ကိုစားချင်နေတာကြာပြီ "
" မစားနဲ့ မုမု "
" မမကြီးက မုကို အနိုင်ကျင့်နေတယ် "
မုမှာ အိမ်တွင် အငယ်ဆုံးသမီးလေးမို့ အမြဲ အလိုလိုက် အကြိုက်ဆောင်ခြင်းကိုခံရသည်။ မုတို့မိသားစုမှာ တစ်ယောက်ကို တစ်ယောက် ချုပ်ချယ်တာမျိုးလဲမရှိ As You like ရွေးချယ်ခွင့်ပေးထား၏ ။အဲ့တာကြောင့်လဲ သူမဝါသနာပါတဲ့ Designer အလုပ်ကို နောက်ကနေ အမြဲပံပိုးပေးကြသည်။
" မုမု မေမေ သူငယ်ချင်းရဲ့သားနဲ့ သွားတွေ့ကြည့်ပါလား သူက နင့်မမလတ်ရဲ့ ဆေးရုံက လူအေးလေ အဆင်ပြေရင် ကျောင်းသွားမတတ်ခင် စေ့စပ်ပေးမယ် "
" မ...မတွေ့ချင်ဘူး "
" အမေတို့ကလည်း မုမုက ငယ်ပါသေးတယ် "
" ဟုတ်တယ် မုဘက်မှာ မမကြီးပဲ ရှိတယ် "
" မရဘူး သွားမတွေ့ရင် ဝေဝေနဲ့ ပေးစားမယ် "
" အဲ့တာတော့ အဖေလည်း သဘောတူတယ် ဝေဝေက ကိုယ့်မျက်စိရှေ့တွင်ကြီးလာတဲ့ ကလေးဆိုတော့ စိတ်ချရတယ် "
" မေမေတို့ မုကို ပြန်လာခိုင်းတာ ယောကျာ်းပေးစားဖို့လား "
( " ဟုတ်တယ် " ) ×3
" မဖြစ်ဘူး...မဖြစ်ဘူး လုံးဝပဲ မုမှာရည်းစားရှိတယ် "
" ဘာပြောတယ် ဟားဟား ဟား နင်ရုပ်က ငါမရီချင်ဘူးနော် "
" မုမုလေး တခြားဟာနဲ့ စပါလား မမကြီးလဲ မရီချင်ဘူး "
" နင်တို့ ညီမ ကျောင်းပြီးခါနီးထိ ကြိုက်မဲ့လူ မရှိလို့ ရှုးသွားပြီထင်တယ် "
" ဖေ့သမီးလေး ဆေးလှုပ်သောက်ပါ "
" ဟာ! !! အားလုံးမုကို ဘာလို့ မယုံကြတာလဲ တကယ်ပါဆို အဲ့..အဲ့ တာဘယ်သွားကြမို့တုန်း မုပြောတာနားထောင်ပါအုံး မုမှာ ရည်းစားရှိပါတယ်ဆို ဝေဝေကို သွားမေးလို့လဲရတယ် နေကြအုံးလေ ပြောနေတာကို အဖက်လုပ်ကြပါအုံး "
ထိုညက မိသားစုဝင်အားလုံး မုစကားကို မယုံပဲ စနောက်ပြီး ထွက်သွားကြသည်။သို့ပေမဲ့ နောက်တနေ့ မနက်မှာတော့ မုစကားကို ယုံကြည်သွားကြတော့သည်။မုကတော့ အိမ်ရောက်တာနဲ့ ထုံးစံအတိုင်း မနက်နောက်ကျမှထကာ မနက်နဲ့နေ့လည်ပေါင်းစားပြီး အိပ်ရာထဲတွင် အပျင်းတစ်လို့ကောင်းနေတုန်း။အိမ်ရှေ့တွင်လာရပ်သော BMW Convertible ကားကြီးကြောင့် မုတို့တစ်မိသားစုလုံး ခြံတံခါးတောင်ထွက်မဖွင့်ရဲ။ထိုကားပေါ်မှာ ဆင်းလာသော Long Coatရှည်ဖြင့်ထောင်ထောင်မောင်းမောင်း အမျိုးသားကိုကြည့်ရင်း သူတို့အိမ်လာသော ဧည့်သည်လိုကိုမထင်။6ပေကျော်သော အရပ်မောင်း လူနှစ်ယောက်လောက်ခိုလှုံနိုင်သည့် ရင်အုံ သွေးမရှိသလားထင်ရအောင် ဖြူဖွေးသော အသားရေပေါ်တွင် လမ်းဖောက်ထားသည့် အကြောစိမ်းစိမ်း ပြုံးလိုက်ပါက အမျိုးသမီးများ၏ နုလုံးကို ဖြုတ်ချနိုင်သည့်အပြင် မျက်ရစ်မရှိသော မှေးတေးတေးအကြည့်တို့နှင့် မြင်သူတကာကို ညှို့ယူနိုင်သော ထိုအမျိုးသားမှာ မု၏ ချစ်သူဆိုတာကို လုံးဝလက်မခံနိုင်ကြချေ။
Advertisement
ခြံတခါးလာဖွင့်တာနဲ့ ကားရပ်ရင်း မုတို့အိမ်ကို တချက်ကြည့်လိုက်မိသည်။နှစ်ထပ်တိုက်အပုလေးကို ဆေးခန်းပါတွဲဖွင့်တားပြီး အိမ်ထဲကိုတော့ ဘေးပေါက်ကနေဝင်ရသည်။ ခြံဝန်းလေးမှာလဲ မဆိုစလောက်ကျယ်၍ ထင်းရှူးပင်အကြီးကြီးကလဲ အိမ်ရဲ့နွေးထွေးမှုကို ဖော်ပြလျက် ။အိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းတွင် ထိုင်၍စာအုပ်ဖတ်နေသော ဉပတိရုပ်သန့်သန့်နှင့် ဉီးလေးကြီးမှာ မုအဖေဖြစ်လောက်သည်။ပိန်ပိန်ရှည်ရှည် မုဟာ သူအဖေနှင့် ချွတ်စွတ်တူ၏ ။
" မုမု ဟဲ့.. မုမု ထအုံး "
" ဘာလဲ နေ့လည်တောင်ရောက်ပြီလား ခဏနေမှ စားမယ် နည်းနည်းလောက် ပေးအိပ်ပါအုံး "
" ဟဲ့ မုမု အောက်မှာ နင့်ဧည့်သည်ရောက်နေတယ် အောင်စစ်မှူး ဆိုလား "
" အောင်စစ်မှူးလား မုမသိဘူး တကယ်ကြီး! !!! ရောက်ချလာတာလား "
မု ကမန်းကတမ်း လှေကားကို ဝုန်းဒိုင်းဆင်းလာတော့ သေချာပါသည်။ဧည့်ခန်းတွင် မုမိဘများရှေ့မှာထိုင်နေသောသူမှာ မုရဲ့ဉီးဆိုတာ။နွေဉီးရဲ့ မနက်ခင်းလေးမှာ မုကတော့ ခေါင်းမူးစုတ်ဖွားနှင့် မျက်နှာပြောင်ရှင်းလေးကလဲ ကြင်လင်ပြီး နှုတ်ခမ်းလေးကလဲ ဘာဆေးရောင်မှ မခြယ်ထားတာတောင် ဖူးငုံနေသည်။သို့သော် အမြဲသပ်ရပ်နေပါက ကျွန်တော် မျောက်မလေးမဟုတ်။အိပ်ရာမှ ကောက်ထလာတဲ့အတွက် မေးရိုးတလျောက် သရေချောင်းပင် ခြောင်ကပ်နေလေသည်။
" ဉီး...ဘယ်..ဘယ်လို ရောက်လာတာနဲ့ "
မုက လက်တတောင်ဖြင့် တွတ်ကာ တီးတိုးမေးလိုက်တော့ နားလေးဆီသို့ ကပ်ရင်း ပြန်ဖြေလိုက်သည်။မုတို့ တစ်မိသားစုလုံးကလဲ စောင့်ကြည့်ကင်မရာများအလား မျက်တောင်မခတ် ။
" မုပဲ တောင်ကြီးကို လာတောင်းဆို ကိုယ်ကို ပြစ်ထားတာ ရက်20တောင် ရှိနေပြီ "
" မုမု ဒီလူက သမီးနဲ့ ဘယ်လိုပတ်သတ်တာလဲ "
" အဲ့..အဲ့တာကလေ..မေမေ..ဒီလို လေ ဉီး..ဉီးက မု "
" မုရဲ့ချစ်သူ အောင်စစ်မှူးပါ တွေ့ရတာ ဝမ်းသာပါတယ် အမေ အဖေနဲ့ မရီးတို့ "
" တကယ်ကြီး "
" မဖြစ်နိုင်တာ မုမုကအဲ့လို အချောကြီးနဲ့ "
" ငါ့သမီးက ဘယ်တုန်းက အဲ့လို အရည်ချင်းတွေရှိသွားတာလဲ "
" မုရှင်းပြတာ နားထောင်ကြပါအုံး "
" အေးဆေးပြောကြမယ်သမီး "
အဖေဖြစ်သူရဲ့ စကားကြောင့် မုခုံပေါ်တွင် ကျုံကျုံလေး ထိုင်ချလိုက်သည်။အစ်မနှစ်ယောက်ကလည်း ဉီးဆီမှမခွာ မေမေကလည်း တအံ့တြ သ ဖေဖေကတော့ ဘာမှမပြောတာမို့ မုရင်တွေ ပိုပူလာသည်။
" အဖေ ဒါကျွန်တော် ပြင်သစ်ကနေ ကိုယ်တိုင်မှာထားတဲ့ 1985 ခုနှစ်ထုတ် Classic Wine ပါ "
" ဉီးလေးက တောင်ကြီးထုတ် Wineပဲ သောက်တယ်"
" ဟုတ်...ဟုတ်ကဲ့ ကျွန်တော်က လက်ဆောင်ပေးချင်လို့ပါ Aww အမေအတွက်က နယူးဒေလီက ဟင်းခတ်အမွှေးကြိုင်တွေပါ Chef ဆိုတော့ ဒီမှာကတော့ မရီးနှစ်ယောက်အတွက် Dior လက်ကိုင်အိတ်လေးတွေ မုမိသားစုတွေဆီ လာတာဆိုတော့ လက်ဗလာနဲ့ဆို မကောင်းလို့ "
" မင်းကောင်းရောင်း ကောင်းဝယ်လုပ်စားတာရော ဟုတ်ရဲ့လား စီးတဲ့ကား ဝတ်စားပုံ ယူလာတဲ့ လက်ဆောင်တွေက အရမ်းတန်ဖိုးကြီးလွန်းနေတော့"
မုအဖေရဲ့ စကားကြောင့် အောင်စစ်မှူး ဘာမှပြန်မပြောရဲ။ ယောက်ခမဆိုတဲ့ အရှိန်ကြောင့် နည်းနည်းတော့ ကြောက်နေမိသည်။ဉီးရဲ့ ပုံစံကိုကြည့်ပြီး မု ဉီးလက်လေးကို လှမ်းဆုတ်ကိုင်လိုက်သည်။ပြီးနောက် ဉီးရဲ့ သိမ့်ငယ်သွားတဲ့ မျက်ဝန်းလေးတွေကိုကြည့်ရင်း....
" ဉီးက အရောင်းဝယ်လုပ်ငန်းလုပ်တာပါ IT Company တစ်ခုလဲ ဖွင့်ထားပါတယ် ဖေဖေ ပိုက်ဆံသုံးနိုင်တာနဲ့ မကောင်းတာလုပ်တာမဟုတ်ဘူးလေ သူများဆီက ခိုးဝှက်တဲ့အလုပ်မဟုတ်ရင် ဘယ်အလုပ်မဆို ကောင်းတာပါပဲ "
" မုမု မျက်နှာသွားသစ်တော့ သမီး "
" ဖေဖေ သမီး "
" သူနဲ့ စကားအေးဆေးပြောချင်တယ် "
" မု တစ်ခုပြောမယ်နော် မုမျက်နှာသွားသစ်တုန်း ဉီးကိုအနိုင်မကျင့်ကြပါနဲ့ ကျေးဇူးပြုပြီး "
" မုမုကလဲ မေမေတို့က နည်းနည်းပါးပါး မေးရုံပါ "
မုရဲ့မိဘများက မုကို သိပ်ချစ်ပုံရသည်။မုကတော့ မျက်နှာသစ်ရန် အပြေးထွက်သွားတာနဲ့ အားလုံးရဲ့ပုံစံတွေက ပြောင်းသွားကာ မေးမြန်းခြင်းကို စတင်ကြသည်။
" ဘာလို့ အန်တီ့သမီးကိုလဲ မင်းလိုပြည့်စုံတဲ့ လူက မုမုကို ကစားရုံသပ်သပ်ဆို အခုနေထဲက ရပ်လိုက်ပါ "
" ကျွန်တော် မုအပေါ်ဘယ်တုန်းကမှ ပေါ့ပျက်ပျက်မတွေးဖူးပါဘူး ပြီးတော့ ကျွန်တော်က ပြည့်စုံတဲ့ လူတစ်ယောက်လဲမဟုတ်ပါဘူး မုကသာ ပြီးပြည့်စုံတဲ့ သုညလေးပါ ကျွန်တော်ရဲ့ နံပါတ်ကို တန်ဖိုးတွေရှိအောင် သူမကပဲ လုပ်ပေးနိုင်တာမို့ "
" အသက်ကွာမဲ့ပုံပဲ ငါသမီးက ကလေးဆန်တော့ မင်းသည်းခံနိုင်ပါ့မလား "
" တကယ်တော့...မုက တချို့သောကိစ္စရပ်တွေမှ သူက ကျွန်တော်ထက်တောင် ပိုရင့်ကျက်ပါသေးတယ် စိတ်တိုဒေါသထွက်ရင်တောင် ပြုံးနေနိုင်ပြီး သူရဲ့ ဆုံးဖြတ်ချက်တွေကိုလဲ ဘယ်တော့မှ မပြင်တတ်ဘူး မုက ပထမဆုံးကျွန်တော်ကို သနားပေးခဲ့တဲ့သူပါ အရင်တုန်းက ကိုယ့်ဆွေမျိုးတွေကိုတောင် မိသားစုလို မသတ်မှတ်ခဲ့ပေမဲ့ သူမကိုတော့ ကျွန်တော်ရဲ့ ဇနီးဖြစ်စေချင်ပါတယ် အဖေနဲ့ အမေရှေ့မှာ ဒူးထောက်ပြီး တောင်းရမယ်ဆိုရင်တောင် ကျွန်တော်သူမကို တောင်းဖို့ အဆင့်သင့်ပါပဲ"
" ဉီးကို ဘာလို့ ဒူးထောက်ခိုင်းကြတာလဲ မုက အသက််ငယ်ပေမဲ့ ကိုယ်ဆုံးဖြတ်ချက်နဲ့ ကိုယ် ရွေးချယ်ခဲ့တာမို့ ဉီးကို အနိုင်မကျင့်ကြပါနဲ့ "
" မု...အဲ့ အဲ့လိုမဟုတ်ဘူး "
" မေမေတို့ကလည်း ဘာမှမပြောရသေးပါဘူး "
" မင်းဆီ ငါသမီးကို အပ်တာမို့ အနာဂတ်မှာ မုမုကို စောင့်ရှောက်ပေးပါ "
" ဖေဖေ "
Advertisement
" ဟုတ်ကဲ့ ကျွန်တော် မုကို စောင့်ရှောက်ပါ့မယ် "
အောင်စစ်မှူးမှာ မုထက်အသက်ကြီးပေမဲ့ သူမတို့ရဲ့ အချစ်တွေကတော့ ထိုအကြောင်းကြောင့် ရပ်တန့်သွားမည် မဟုတ်တာကို သိ၍ မုမိဘများကသာ အရှုံးပေးလိုက်ရသည်။မိသားစု ထမင်းဝိုင်းမှာတောင် သူကိုနေရာပေးပြီး နွေးထွေးပျုငှာစွာ ဆက်ဆံကြသည်။မုမိဘတွေကတော့ ကျောင်းသွားမတတ်ခင် လက်ထပ်စေချင်ကြသည်။ဉီးကလည်း မုသာ လက်ခံပါက ယူဖို့အဆင်သင့် ။မုကသာ အနည်းငယ် တွန့်ဆုတ်နေမိသည်။သူမရဲ့ ရည်မှန်းချက်လဲ မပြည့်သေးတာကြောင့် အိမ်ရှင်မနေရာကို တာဝန်မလစ်ဟင်းစေချင်။နည်းနည်းစောင့်ဖို့ကိုသာ ပြောထားလိုက်ရသည်။ထိုနေ့ညတွင် မုအဖေနဲ့ အမေကြောင့် အောင်စစ်မှူး Hotel မပြန်ဖြစ်။ သူတို့အိမ်မှာသာ တည်းရန်အတင်းတိုက်တွန်းလို့ မငြင်းသာခဲ့။မုအဖေက သူသမီးအခန်းထဲတွင် ပေးအိပ််လို်ထင်သလား။လုံးဝမဖြစ်နိုင်ခဲ့ အောင်စစ်မှူးအား သူ့ဆေးခန်းကုတင်ပေါ်တွင်သာ နေရာချပေးလိုက်သည်။
ထိုညက မှန်းချက်နှင့် နုမ်းထွက်မကိုက်သည််မို့ တော်တော်နှင့် အိပ်မပျော်ခဲ့ ဟိုလိမ့် ဒီလိမ့်ဖြင့် ။သို့ပေမဲ့ ည 12နာရီလောက်မှာတော့ ခြေသံဖွဖွလေးဖြင့် လျှောက်လာသော လူအား အလန့်တကြား လက်ကောက်ဝတ်လေးကို အတင်းဆွဲလိုက်မိသည်။ ဉီးဆိုသော အသံသဲ့သဲ့လေးရဲ့ ခေါ်သံကြောင့် သူမအား လူတစ်ယောက်စာ ကုတင်ပေါ်သို့ အတင်းပစ်ဆွဲလိုက်သည်။ဘေးတစောင်း အနေထားဖြင့်ကျလာသော မုအား ရင်ခွင်ထဲ အတင်းထည့်၍ သူမဂုတ်ပိုးလေးအား ဖိကိုက်ပြီး အနမ်းရာလေးပေးလိုက်၏ ။
" မု မကြောက်ဘူးလား ကိုယ်ဆီ ခုလိုလာတာ မုမိဘတွေသိမှာ "
" မကြောက်ပါဘူး ဖေဖေက ညဂျုတီဝင်ရတယ် မေမေနဲ့မမကြီးက မနက်ဆိုင်ဖွင့်ဖို့ပြင်ပြီး အိပ်သွားပြီ မမလတ်ကလဲ အအိပ်ပုပ်တယ် အဲ့တာကြောင့် ဉီးအေးနေမှာ ဆိုးလို့ မုအနွေးဓာတ်လာပေးတာ "
မုကျောပေးထားကာမှ အောင်စစ်မှူးကို မျက်နှာမူပြီး လက်မောင်းပေါ် ခေါင်းအုံလိုက်သည်။
" အခုမှပဲ နွေးသွားတော့တယ် တကယ်လို့ အောက်ထက်က အသံတွေကို အပေါ်က ကြားရလားမု "
" ဘာသံတွေလဲ "
" ပြွတ်စ်! !! "
မုရဲ့ နှုတ်ခမ်းလွှားလေးအား ပြင်းရှသော အနမ်းဖြင့် စလိုက်ကာ သူမရဲ့ လျှာနွေးနွေးလေးအား ပူနွေးစွာ ထိတွေ့မှုကို ခံစားလိုက်ရသည်။ အဆက်မပြတ် နမ်းနေသည်ကို မု လက်လေးများက ရင်ဘတ်က အင်ကျီစကို ဆိုပ်ကိုင်၍ အမှီလိုက်နေရသည်။
" ဉီး... တော်တော့ ဒါမု အိမ်နော် "
" ကိုယ်သိပါတယ် ဒါမဲ့ နည်းနည်းပဲ ထပ်ပြီး ဒါမှ ကိုယ်ပျော်နိုင်မယ်ထင်တယ် "
" မုလည်း အစထဲက ဉီးနဲ့ အိပ်ဖို့လာခဲ့တာပါနော် "
မုရဲ့ နီနီရဲရဲ ပါးမို့လေးနှင့် နှုတ်ခမ်းလေးကိုက်ကာ ပြောလိုက်ခြင်းကို အောင်စစ်မှူး အပြုံးကြီးပြုံးကာ အဆက်ပြက်သွားသော အနမ်းကိုပြန်ဆက်လိုက်၏ ။ထိတွေ့မှုတွေက လည်တိုင်လေးမှတဆင့် ရင်ညွှန့်လေးဆီ စည်းကျော်လာသည်။ဘယ်လောက်ပဲ ငြိမ်တယ်ဆိုဆို မျောက်လောက်တော့ ဆော့တယ်ဆိုသည့်အတိုင်း သူမအခရာလေးကိုတော့ မထိတွေ့ပဲမနေနိုင်ခဲ့။နေရာကလဲကျဉ်းပြီး အသံမထွက်အောင် မနည်းထိန်းထာတဲ့ မုကြောင့် ကိုယ်အရှိန်ကိုယ်သတ်ပြီး သူမကိုသာ ဖက်အိပ်မိတော့တော့သည်။ မုလဲရပ်ပြီး မျက်လုံးစုံမှိတ်ထားတဲ့ ဉီးကို မော့ကြည့်ပြီး သူရဲ့ မေးစေ့ချွန်ချွန်လေးအား တချက်နမ်းလိုက်သည်။
" ဉီးရေ Good nightပါ မုကတိပေးပါတယ် အိမ်ကလဲ ခွင့်ပြုပေးလိုက်ပြီမို့ ရန်ကုန်ရောက်ရင် ဉီးနဲ့အတူလာနေပါ့မယ်"
" မုတကယ်ပြောတာနော် "
" အင်း...မုလည်း ကျောင်းသွားမတတ်ခင် မခွဲချင်သေးလို့ "
" မုကို မဆွဲထားချင်ပေမဲ့ ကိုယ်ကျောင်းသွားတတ်မှာကြီးကို မတွေးရဲဘူး "
" အဲ့တာဆိုလဲ ဘာမှမတွေးပဲ အိပ်လိုက်တော့နော် မုရဲ့ Daddy ပေါက်စလေး "
Episode 29 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" အဲ့လိုလုပ်ရမလား "
" စတာ စနေတာ ဟားဟား "
" ဘယ်လောက်ကြာမှာလဲ "
" ချစ်တယ် မု "
" အရမ်းပဲ "
" ဒီမှာ လက်ဖက်ရပါပြီ "
" မစားနဲ့ မုမု "
" မ...မတွေ့ချင်ဘူး "
( " ဟုတ်တယ် " ) 3
" မုမု ဟဲ့.. မုမု ထအုံး "
" တကယ်ကြီး "
" အေးဆေးပြောကြမယ်သမီး "
" ဖေဖေ သမီး "
Advertisement
- In Serial55 Chapters
Please Don't Eat Me!
I have reincarnated as Aerta Arlez, the Purifier in a fantasy novel intended for male readers.As the Purifier, I can heal the wizards' minds tainted with 'malignity'.Duke Zahid el Carnoire is the wizard who is in need of me.I did my best to avoid Zahid all my life.Because, if I get intertwined with Zahid, I was going to meet the worst ending that a human can have.Alas, my family went bankrupt even before meeting the protagonist.Now I had to choose between two worst endings.Starve to death or.....?I pondered. In the end, I decided to make a deal with one of my worst endings. *****Written by SAHA 2019Published (English) by BIFROST 2022Published (Original Work) by Feelyeon 2019Translated (English) by Yihyun Evelyn Joo 2022Note: The translation is accurate to the original Korean version - some phrases and terms may be preserved during the localization process for the spirit of the story.
8 294 - In Serial53 Chapters
Mahnu, An Immortal's Journey (Complete)
Even though the God, Mahnu, helped end the war between God’s and humans, the land of Kralaide still has shadows.Trouble starts to rise over one of the towns and her journey changes from loneliness to near complete devastation.A tablet, a box and a chest is part of her journey but new emotions can still be felt even though she has been around a very long time.Is it a hero’s fate that she can hear thoughts and feel the sufferings of the people in Kralaide?…Or a cruel destiny?
8 116 - In Serial199 Chapters
❤️Danganronpa opinion ships!❤️
Hey everyone! This is my 15th & last book i published & it will be filled with all the danganronpa ships in all danganronpa games/animes! Leave your opinions & requests in comments! Feel free to share this book with your loved ones! Love you all!PS: I don't own Danganronpa, it belongs to Spike Chunsoft.
8 135 - In Serial48 Chapters
A Tale of an Amalgam
A normal highschooler by the name of Takeda Kuroha reported about their class' finances to the Student Council President, Nobunaga Oda, and never expected to hear strange words from Oda's mouth. After that, Kuroha felt something had struck through her chest."Let's go back... Seraphine."She was confused of how Oda adressed her and soon finds out the reason of her death right after meeting the gods who reincarnated her.[Centifolia-neesama already sent a guide for you to continue walking the road of fate. Don't ever try to walk another path of destroying the current one, we don't know what'll happen if you do either. Anyways, be careful.]'Why? What for?'[As you know, you're the amalgam. The unique existence that hasn't appeared in a hundred-thousand years. The previous one was the saintess of ancient mortals, but further information is too complicated for you. Thus, I can only say this words... be careful, someone powerful has set his eyes on you. Well, that's not my fault.]'Then, can you tell me about why I died? I, at least, deserve to know why an acquaintance such as Kaichou would cause my death.'[Well, he remembered something he shouldn't have and then a tragedy happened. Then you were brought here by Centifolia-neesama.]'Ah, I see. Mataku, I would've smacked his head open if I knew this would happen. How dare he kill me mercilessly like that, even ending his life after.'(A/N: Not-so slow but random updates.)
8 175 - In Serial73 Chapters
Something There
'"Can you spread your legs a little farther for me, baby?" he asks me, his voice a low whisper.I nod, doing exactly as I'm told, and he bites down on his lower lip."Good girl," he breathes, and those two words alone do the most wicked things to me.His fingers trail even farther north until he reaches the hem of my underwear. His eyes meet mine and I have to let out a shaky breath, holding on tight to him to keep myself stable. "Yes or no?" he asks me quietly, and I nod frantically.'🌸🌸🌸Lexi Brooks' love life was suddenly flipped upside down when she was kissed by Bryce Bradshaw the day before he mysteriously moved away. It left her heart in a twist, until her mind was trapped elsewhere when 'The Incident' occurred; quite possibly the hardest thing she'd ever go through. But Bryce always had it easy. He was the heartthrob, the bad boy, the perfect guy. He had the looks, the talent, and the charisma. Though to Lexi's surprise, on the rare occasion she could catch him out of the spotlight, she saw something else there. She could tell that he was a little distant. He could tell that she was a little different. The only crucial detail: He simply left without a word.🌸🌸🌸Highest Rankings:#1 in Drama#1 in Heartbreak#1 in YA🌸🌸🌸'Something There' Book #1
8 140 - In Serial30 Chapters
Beautifully Invisible #Wattys2019
Life was never easy for Lily. Being a maid her whole life, growing up without parents, and having an abusive queen as her boss has made her life miserable. She hides behind a shawl that she is confined to, refusing to let anyone in. What will happen when a stranger that she's grown up with shows her just how amazing she really is and helps her when no else will?
8 255