《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 27 )
Advertisement
Taxi ရပ်လိုက်တာနဲ့ မျက်စိတဆုံးအိမ်လှမ်းမမြင်ရလောက်အောင် ကျယ်သော ခြံဝန်းကြီးကို ကြည့်ရင်း မိမိပုံကို သူတောင်းစားလိုတောင် သတ်မှတ်မိ၏ ။အိမ်တော်ကြီးအား ဝန်းရံထားသော အဝန်းအကာများမှာလဲ မြင့်မားလွန်းလို့ မော့ကြည့်ပါက ဇပ်ပင်ကြိိုးမတတ်။လူခေါ် ခေါင်းလောင်းကို နိုပ်လိုက်တာနဲ့ ခြံဝန်းဂိတ်တံခါးမှာ Auto Systemဖြင့် ပွင့်လာသည်မို့ စိတ်တောင်အနည်းငယ် လှုပ်ရှားမိလာသည်။ခြံကျယ်သလောက် လူကတော့ လုံးဝမရှိ။အိမ်သို့သွားသော လမ်းပင် ကားနှစ်စီးပြိုင်မောင်းလို့ရပြီး မိနစ်20လောက်လျှောက်မှ အိမ်ရှေ့သို့ ရောက်တော့သည်။
ရှေ့တွင် လူလုံးဝမတွေ့ခဲ့သောလည်း အိမ်တော်ရှေ့မှာတော့ အစောင့်များအပြည့်။အရောင်ခပ်မှိုင်းမှိုင်းနှင့် ဘီစီ20ခန့်က ဉရောပကသလစ်ဘုရားကျောင်းပုံစံ မှီညမ်းတည်ဆောက်ထားသည့်မို့ အိမ်တော်ကြီး၏ ခမ်းနားမှုကတော့ ပြောစရာပင်မလို။မုကို မြင်တာနှင့် အစောင့်တစ်ယောက် သေချာလမ်းပြခေါ်သွားတော့သည်။အိမ်ပြင် ခမ်းနားမှုကတော့ အိမ်တွင်းကို မယှဉ်နိုင်ခဲ့။အိမ်အတွင်း၌ ကြမ်းခင်များမှာ မှန်လို ကြည်လင်၍ ပေါ်တူကီဗိသုကာလက်ရာများ ပွန်းလုံးလှေကားရှည်ကြီးများနှင့် တည်ဆောက်ထားသည်။အပြင်တွင် အရောင်မှိုင်းသလောက် အိမ်ထဲမှာတော့ အရာအားလုံးဟာ ရွှေရောင် ဖိန်းဖိန်းတောက်လျက်။ဉီး ချမ်းသာတာကို မုသိပေမဲ့ ဒီလောက်ထိတော့ မထင်ထားခဲ့။ ချမ်းသာမှုသုခမှ အတိုင်းထက်အလွန်ဖြစ်နေတာမို့ မုသိမ့်ငယ်စိတ်လေးတော့ ဝင်လာမိ၏ ။ သို့သော် အသက်ပြင်းပြင်း တချက်ရှူပြီး အစောင့်ခေါ်ရာနောက်သို့ လိုက်ပါလာခဲ့သည်။
နန်းပလင်ကဲ့သို့ တင့်တယ်သော ထိုင်ခုံကြီးတွင် ဉီးဒီပ မုအလာကို ဆီးကြိုနေလေသည်။မုထိုင်ခုံတွင် ဝင်ထိုင်ရင်း ဉီးဒီပမျက်နှာကိုကြည်လိုက်တာနဲ့ သူမကို အမြင်မကြည်မှန်း ရိပ်စားမိသည်။
" သက်သောင့်သက်သာ ထိုင်ပါကလေးမ...ငါက အောင်စစ်မှူး အဖေ ဉီးဒီပပါ "
" ဟုတ်ကဲ့ပါ ဉီးလေး မုက နန်းမုဒြာပါ ဉီးအောင်စစ်မှူးရဲ့ ချစ်သူပါ "
" အိုးဟို့...မင်းက ငါသားနာမည်တပ်ပြီးတောင် မိတ်ဆက်ရဲနေပြီပဲ "
" ဉီးရဲ့ ချစ်သူမို့ ချစ်သူလို့ မိတ်ဆက်တာ ဘာအမှားပါသွားလို့လဲ ဉီးလေး "
" ဒီခေတ်ကလေးတွေ ကတော့ အတော်ကို အတင်းရဲကျတာပဲ "
" အတင့်ရဲထာထက် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိတာပါ ဉီးလေး "
" ဒီလောက်တောင် ယုံကြည်မှုရှိမှတော့ ရှင်းရှင်းပဲ ပြောမယ် ဘာလိုချင်တာလဲ ငွေလား လုပ်ပိုင်ခွင့်လား"
" ဉီးလေး ဘာလို့ဒီလိုပြောလဲဆိုတာ မုနားမလည်ပေမဲ့ မုအတွက် အဲ့တာတွေမလိုပါဘူး လူတိုင်းမှာ ငွေရော လုပ်ပိုင်ခွင့်ရော ရှိပြီးသားမို့ပါ "
" ဘယ်လို "
" ဟုတ်ပါတယ်... ဆင်းရဲရဲ ချမ်းသာသာ ငွေတစ်ရာရှိရင်လဲ ငွေရှိတာပဲလေ ပြီးတော့ ကိုယ်ဘဝရဲ့ ဆုံးဖြတ်ချက်တိုင်းကလဲ ကိုယ့်လုပ်ပိုင်ခွင့်ပဲလေ "
မုရဲ့ ပေါ့ပါးစွာ ပညာသားပါပါဖြင့် ပြောလိုက်သော စကားကြောင့် ဉီးဒီပစိတ်ထဲမှာတော့ ကြိတ်အမှတ်ပေးနေမိသည်။
" ကလေးမ မင်းက ငါတို့ မိသားစုအကြောင်းကို ဘယ်လောက်သိလို့လဲ "
" သိထားပါတယ် လက်နက်မှောင်ခိုဂိုဏ်း မိသားစုဆိုတာ "
" ဟင်...မင်း...မင်း သိထားတာတောင် "
" သိထားပေမဲ့ လက်မလျော့နိုင်ခဲ့ဘူး အငယ်နှောင်းတစ်ယောက်ဖြစ်ကမယ်ဆိုရင်တောင် မု ဉီးကို ချစ်လို့ ရွေးချယ်အုံးမှာ မုကြောင့် ဉီးပျော်ရွှင်ရတယ်ဆိုရင် ဘာမှမလိုတော့ပါဘူး အဲ့တာကြောင့်မို့ ဉီးလေးသားကို မုဆီပေးပါနော် "
" အဖေလို့ ေခါ်ငါကို "
" ရှင်! !! "
" ငါသားကိုလိုချင်ရင် အဖေလို့ခေါ် "
" ဟမ်..ချက်ချင်းကြီးလား ဉီးလေး "
တကယ်တော့ ဉီးဒီပမှာ သူမိသားစုဝင်ဖြစ်မဲ့ မုအား စမ်းသပ်ရုံသပ်သပ်သာ။သူရဲ့ အလုပ်ကြောင့် ချစ်ရသောမိန်းမရဲ့ သေဆုံးမှုကိုလဲ ကြုံခဲ့ရပြီး သားအကြီး ဝံသ၏ ဇနီးမှာလဲ မဟာကိုမွေးပြီး လျော်ကြေးတောင်းကာ စွန့်ပစ်ခဲ့သည်မို့ ငယ်ဘဝထဲက နာကျင်ခဲ့ရသော အောင်စစ်မှူးကိုတော့ ထိုသို့မဖြစ်စေလို။သရဖီလို ကပ်ပါးကောင်ကိုပဲ ဖြစ်ဖြစ် အနားမှထားခဲ့သည်။အခုတော့ သူသားထိုမိန်းကလေးအား မည်သို့သောအကြောင်းကြောင့် ချစ်သည်ကို သိခဲ့ရသည်။တကယ်ကို ထူးခြားတဲ့ မိန်းကလေးမို့ ဉီးဒီပ သမီးလေးလို သတ်မှတ်မိတော့သည်။
" ဟုတ်တယ် အခုကစပြီး သမီးက ဉီးချွေးမဖြစ်သွားပြီ "
" ဒါ...ဒါပေမဲ့လေ "
" စေ့စပ်ထားတဲ့ ပြဿနာကို ရှင်းပေးမှာမို့ စိတ်မပူနဲ့ အဖေသားကိုသာ ဂရုစိုက်ပေးပါ ချွေးမလေး "
" ဟုတ်...ဟုတ်ကဲ့ပါ အ..အဖေ မုဉီးကို ဖျာပေါ်လိပ် ထိမ်ပေါ်တင်ထားမှာပါ မုကြောင့် ဉီးဒူးနဲ့ မျက်ရည်မသုတ်စေရပါဘူး ဉီးကို ကမ်ဘာပေါ်မှာ အကောင်းဆုံး သတိုးသား ဖြစ်အောင်မု ကြိုးစားမှာပါ "
" နောက်ဆုံးတော့ ငါဆုတောင်းပြည့်ပြီထင်တယ် "
( ဒိုင်း..ဒိုင်း ဒိုင်)
အိမ်တော်ရှေ့တွင် သေနတ်သံ တဒိုင်းဒိုင်းဖြင့် အောင်စစ်မှူးကတော့ ကိုယ့်အိမ်ကိုယ် အနုကြမ်းပြန်စီးနေတော့သည်။သားရဲတွင်းသို့ သွားသော သူချစ်သူလေးအား ဒုက္ခပေးမည်ဆိုး၍ ဖခင်ကိုတောင် သေနတ်ဖြင့် ချိန်ပြီး အိမ်ထဲဝင်လာသည်မို့ မုပင် အံအားသင့်သွားခဲ့သည်။
" ဉီးဒီပ ခင်ဗျား... ဒါဘာလုပ်တာလဲ မုမကြောက်နဲ့နော် ကိုယ်လာပြီ "
" အောင်စစ်မှူး မင်းဘယ်လိုဖြစ်လာတာလဲ "
" မု ဘာမှမဖြစ်ဘူး ဉီးရဲ့ ကိုယ့်မျက်နှာလဲ ပြန်ကြည့်အုံး မျက်နှာမသစ်လာဘူးလား "
မုရဲ့ ပြုံးစိစိရယ်ရင်း ပြောလိုက်သော စကားကြောင့် အနီးရှိ မုန်ကိုကြည့်လိုက်တော့မှ မနက်ကမုစောနိုးပြီး လျှောက်ဆော့ထားသော အရာများက မျက်နှာအပြည့်။ဆံပင်ကို ကြက်တောင်နှစ်ဖက်ခွဲစီးပေးထားပြီး မျက်လုံးကိုလဲ ဆော့ပန်ဖြင့် ဝိုင်းထားကာ နှုတ်ခမ်းတွင်လဲ မှုတ်ဆိတ်မွှေး လျှောက်ဆွဲထားတာမို့ အောင်စစ်မှူးပုံမှာ ရွာဘုရားပွဲက အရှုးကြီးအတိုင်း။မြင်ခဲလှသော သူသားပုံကို ဉီးဒီပကြည့်ရင်း ပြုံးနေမိသည်။
" မု လျှောက်ဆော့ထားတာလား "
" ဒီကိုလာ...မု Tissue အစိုနဲ့သုတ်ပေးမယ် "
မု မျက်နှာသုံးပေးနေသည်ကို အောင်စစ်မှူး ခေါင်းလေးငုံပြီး ငြိမ်ခံနေသည်မှာ ဉီးဒီပအား စိတ်ချမ်းသာစေခဲ့သည်။သူသားတွင် အခုလို အပြုမူမျိုးရှိသည်ကို မသိခဲ့တာကြောင့်လဲပါသည်။
" မု ပျောက်သွားလို့ ဘယ်လောက်ရင်ပူသွားရလဲ သိလား "
Advertisement
" စာရေးပေးခဲ့တယ်လေ...ကလေးလား အဲ့လောက် ဖြစ်နေရအောင် "
" အဲ့တာ ခင်ဗျားကြောင့် ကျုပ်ချစ်သူကို ဘာလို့ခေါ်တာလဲ"
" အမယ်...ဉီးအောင်စစ်မှူး အဖေကို ဘယ်လို ပြောလိုက်တာလဲ အခုချက်ချင်း ပြန်ပြင်ပြော "
" အား..အ့ မုနာတယ် ကိုယ်ကလဲ မင်းထက်အသက်အများကြီးကြီးတယ်နော် "
အောင်စစ်မှူး ကလေးတစ်ယောက်လို မုဆီမှာ နားရွတ်အဆွဲခံကာ အပြစ်ပေးခံရနေရ၏ ။
" သိတယ် သိတာမို့ လူကြီးဆန်ဆန်နေပါ အဖေကိုလဲ ရိုသေအုံး "
" အဖေ? "
" အဖေက မုတို့က သဘောတူတယ်တဲ့ စေ့စပ်ထားတာကိုလဲ ဖျက်ပေးမယ်တဲ့ "
" တကယ်ကြီးလား "
" မင်းကြောင့် မဟုတ်ဘူး ငါ့ချွေးမလေးကြောင့် "
" ဉီးဒီပ ပြောင်းလဲချက်ကလဲ မြန်တာ "
" ပြောပြန်ပြီ "
" ကိုယ်မပြောတော့ပါဘူးနော် အဲ့တာကြောင့်မို့ ကားထဲမှာ ခဏသွားစောင့်နေပါလား ကိုယ်ဆွေးနွေး စရာလေးရှိလို့ "
မုရဲ့ ပခုံးလေးပေါ် လက်တင်ပြီး ဆံပင်လေးနောက် သိမ်းပေးရင်း အဖေလုပ်သူကိုတောင် မမြင်နိုင်ခဲ့။
" အဲ့တာဆို မုသွားတော့မယ်... နှစ်ယောက်သား အေးဆေးပြောကြပါနော် အဖေသမီးသွားလိုက်ပါအုံးမယ် "
" မကြာမကြာလာခဲ့ပါ "
" ဟုတ်ကဲ့ "
" ဘာဆွေးနွေးချင်တာလဲ ငါသဘောတူထားပြီးပြီလေ "
" ကျွန်တော် ဂိုဏ်းထဲကနေ ထွက်ချင်တယ် "
" ဘာ! !! ဂိုဏ်းထဲကနေ ထွက်ရင်..."
" သေမှ ထွက်လို့ရမှာ သိတယ် မုကိုတော့ စိတ်မပင်ပန်းစေချင်ဘူး အခုတောင် သူ မနည်းရင့်ကျက်တဲ့ပုံနဲ့ လက်ခံပေးပေမဲ့ ကျွန်တော် သိတယ် သူအဆင်မပြေဘူးဆိုတာ အဲ့တာကြောင့် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် တောင်းဆိုပါတယ် အဖေ ကျွန်တော်မုနဲ့အတူ သာမန်ဘဝလေးမှာ နေချင်တယ် အရင်တုန်းက အဲ့လို လိုချင်တာတွေမရှိပေမဲ့ အခုတော့ သူအတွက်ပဲဖြစ်ဖြစ် လိုချင်မိတယ် "
ဉီးဒီပ သူအား ယောင်လို့တောင် အဖေလို့ မခေါ်ခဲ့သော သားဆီမှ အဖေဆိုသော ခေါ်ဝေါ်မှုကြောင့် မယုံကြည်နိုင်ခဲ့။သူစိမ်းတွေထက်တောင် ပိုစိမ်းကြ၍ ဒီနေ့လိုမျိုး ပြေပြေလည်လည် စကားပြောဆိုချင်လဲမရှိ။အမြဲ အိမ်ပြန်လာတိုင်း သောင်းကျန်းတတ်သော သားတော်မောင်ဆီမှ ပြောလာတဲ့ စကားတွေကြောင့် ဉီးဒီပ ရင်ထဲ ပီတီတွေ တပွေ့တပိုက်ဖြင့်...။
" ထွက်လို့တော့ မရဘူး ဒါပေမဲ့ ဖြုတ်ချမယ် မင်းကို"
" ဗျာ "
" မင်းကို ခေါင်းဆောင်နေရာကနေ ဖြုတ်ချမယ် အချိန်တော့ နည်းနည်း စောင့်ရမယ် "
" ရပါတယ် ဒါဆို ပြန်ခွင့်ပြုပါအုံး "
" ခဏလေး...မင်းနာမည်က မင်းအမေကိုယ်တိုင်ပေးထားတာ လောကဓံစစ်ပွဲတွေကို အောင်နိုင်တဲ့သူဖြစ်အောင်လို့တဲ့ သူမင်းကို မချစ်တာမဟုတ်ဘူး မဖော်ပြခဲ့ရုံလေးပဲ "
အောင်စစ်မှူး ဖခင်ဖြစ်သူရဲ့စကားကို ဘာမှပြန်မပြောပဲ ထွက်လာခဲ့သည်။ရင်ထဲမှာတော့ သူမိဘတွေအပေါ် အားနာနေတာအမှန်။သူလိုသားမျိုးက အမြဲဆိုးသွမ်းခဲ့တာမို့။ကားပေါ်ရောက်တာနဲ့ မုက အရမ်းသိချင်နေတာမို့ မဝံမရဲ စကားဆိုခဲ့သည်။
" ဘာတွေ ပြောခဲ့တာလဲ မုစည်းကျော်သလို ဖြစ်သွားမှာဆိုးလို့ မမေးချင်ပေမဲ့ တကယ်သိချင်လို့ပါ "
" မုတောင်းဆိုထားတဲ့ဟာလေ "
" အဖေကရော ဘာပြောလဲဟင် "
" အချိန်တော့ကြာမယ်တဲ့ "
" Wow... တကယ်လား အမှန်တော့လေ မုက ဉီးကို ရန်များတာတွေမလုပ်စေချင်လို့ပါ "
" ကိုယ်သိတာပေါ့ "
( ဂွီ.. ဂွီ ..ဂွီ..)
" မု ဗိုက်ကမဟုတ်ဘူးနော် "
" ခုမှပဲ သတိရတယ် ကိုယ့်မျောက်မလေးကို အစားကျွေးရမဲ့အချိိန် ရောက်ပြီဆိုတာ "
" အဲ့တာဆို မုပြောတဲ့ ဆိုင်ကိုမောင်း "
မုပြောတဲ့ ဆိုင်ကိုသွားတော့ မြို့ထဲမှာပေမဲ့ ဖြတ်ရသော လမ်းကြားပေါင်းလဲ မနည်း ဘယ်ညာကွေ့ရပါများလို့ ခေါင်းတောင်မူးလာသည်။နောက်ဆုံးတော့ ချောင်ကြပြီး အပြင်ဆင်သိပ် မသားနားတဲ့ ဉီးလော့ပန် တရုတ်အစားစာဆိုင်သို့ ရောက်လာခဲ့သည်။ဆိုင်ထဲတွင်လည်း လူတစ်ယောက်မှမရှိ စုတ်ချာချာဆိုင်ကြောင့် အောင်စစ်မှူး ဆိုင်ထဲ သိပ်မဝင်ချင်ခဲ့။ပေကပ်ကပ်နဲ့ ကားနားကမခွာသည်မို့ မုအတင်းလက်ဆွဲ၍ ဆိုင်ထဲခေါ်သွား၏ ။
" ဝေ့... မုမု လာပီ့ပေါ့ "
" ဉီးလော့ပန် နေကောင်းတယ်နော် "
" ကောင်း၏ ကောင်း၏ "
ဆိုင်ထဲက တရုတ်လူမျိုးလူကြီးမှာ မုနှင့်အတော်ရင်းနှီးပုံရသည်။ဝင်တာနဲ့ ဆွေမျိုးတွေတွေ့သလို ။
" ဉီးထိုင်လေ "
" မုကိုယ်တို့.... "
" ဉီးလော့ပန် မှာနေကျအတိုင်းပဲ "
" မုဆိုင်က မသန့်ဘူး တခြားဆိုင်သွားရအောင် "
" ဉီးသေချာကြည့် ဉီးလော့ပန် ပုံစံကို ဆံပင်ကိုလဲ အပြောင်သိမ်းပြီး ခေါင်းဆောင်းလဲ ဆောင်းထားတယ် အေပရွှန်မှာလဲ ဆီကွတ်တွေ မစွန်းနေဘူး လက်သည်းကလဲ သန့်နေတာပဲ အဲ့တာကြောင့် သူချက်တာတွေက မသန့်ရှင်းဘူးလို့ မဆိုလိုနိုင်ဘူးလေ မုက စားဖိုမှူးရဲ့ သမီးဆိုတော့ သိတယ် "
" ဒါဆို ဘာလို့ ဆိုင်မှာ လူမရှိရတာလဲ "
" အဲ့ဒါက ...ဉီးလော့ပန်က အမေအိုကြီးကို လုပ်ကျွေးနေတဲ့ လူပျိုကြီးလေ အမွေဆိုင်အိမ်မှာ ဆိုင်လေးဖွင့်ထားပေမဲ့ လမ်းမကျပဲ ပြင်ဆင်စရိတ်ကလဲမတတ်နိုင်တော့ လူတွေက အမြင်နဲ့ ဆုံးဖြတ်ပြီး မလာကြဘူး "
" မုကရော...ဘယ်လိုသိတာလဲ "
" မုတို့ လေးယောက် ရန်ကုန်စရောက်တုန်းက အိမ်လိုက်ရှာရင်း မိုးရွာတော့ ဉီးလော့ပန်ဆိုင်မှ မိုးဝင်ခိုခဲ့တာ လေးယောက်လုံးဗိုက်ဆာနေပေမဲ့ အိမ်ကပို့လိုက်တဲ့ ပိုက်ဆံကိုလဲ ချွေတာနေရတယ် ဒါနဲ့ ဉီးလော့ပန်က မုတို့ကို သနားတယ်ဆိုပြီး အလကားကျွေးလိုက်တယ်လေ အဲ့တုန်းက သူဆိုင်တောင် စျေးဉီးမပေါက်သေးဘူး နောက်ပိုင်းကျတော့ စေတနာလဲကောင်း လက်ရာလဲကောင်းတာမို့ ခဏခဏလာစားကြတာ "
Advertisement
" မုမုရပြီနော် လိုတာစိရင်လဲ ပြောနော့ "
" ဟုတ်ကဲ့ပါ "
" ဒါနိ ချစ်သူလား "
" Aww. ..ဉီးလော့ပန်ကို ကြွားရအုံးမယ် မုချစ်သူလေ ချောတယ်မလား "
" ချောပ့ မောင်ရင်ရော တီရုတ်လူမျိုးပဲလား "
" အစစ်တော့မဟုတ်ပါဘူး အမေက တရုတ် အဖေကချင်းလူမျိုးပါ "
" မုမုကတော့ တောင့်တောင့် ဖြောင့်ဖြောင့်ကိုရထားတာပဲ စားကြအုံး လော့ပန်ရှောင်ပေးမယ် "
" ဉီးလော့ပန်ကတော့ စပြီ "
" ဉီးကတကယ်ပဲ ချင်းနဲ့ တရုတ်စပ်တာလား မုတောင်မသိဘူး အဲ့တာမို့ စွန်းချောနေတာကို "
" မမေးပဲနဲ့ ကိုယ်ရည်းစား ဘာလူမျိုးလဲတောင် မုကစိတ်မဝင်စားဘူး "
" ဘာလူမျိုးပဲ ဖြစ်ဖြစ် မုချစ်တယ်လေ "
" လူကို စကားတွေနဲ့ချုပ်နေတယ် "
" လာပါဉီးရယ် စားကြမယ် "
ဉီးလော့ပန်မှာ မုပြောသလို ဟင်းချက်ကောင်းသည်။အစက စားဖို့ မသတီပေမဲ့ မုခွံကျွေးတာကို စားကြည့်လိုက်တော့ လျှာခံတွင်းအား မြိန်ရှက်စေသည်။အခေါက်ကင်ကို သီးစုံနှင့်ကော်ရည်ဖြင့် ပြန်နှပ်ထားကာ ဝက်စွပ်ပြုတ်မှာလဲ အရိုးပင်ကိုက်စရာမလိုအောင် နှုးအိလှသည်။ဝက်ခေါင်းသုပ်ကိုလည်း ချဉ်စပ်သုပ်ထားတာကြောင့် စားကောင်းသည်။အရင်ထဲက လမ်းဘေးစားဆို အနံတောင်မခံသည့်ကိုတောင် မုကြောင့် ထိုအစားစာများကို ကြိုက်လာမိသည်။မုကတော့ မျက်စိရှေ့က ရည်းစားကိုတောင် မကြည့်နိုင်လောက်သည်အထိ အစားပေါ်တွင် နစ်မြောလျက်။တမြုပ်မြုပ် ဝါးနေသော နှုတ်ခမ်းလေးနှင့် ပလုပ်ပလောင်း စားနေတာမို့ ဖောင်းတတ်လာသော ပါးအိအိလေးတွေကို ကြည့်ရင်း ချစ်စရာကောင်းလွန်းလို့ ဒီလူကြီးက မုအလှအောက်မှာ ဒူးထောက်ရပြန်သည်။
" စားကောင်းတယ်မလား ဉီး "
" အင်း...ကောင်းပေမဲ့ ဝက်တွေချည်းမှာထားတာ မအီဘူးလား "
" မအီပါဘူး ဝက်က မုအချစ်ဆုံးလေ "
" ဘာဖြစ်လို့ "
" စားကောင်းလို့လေ "
သူပြောချင်ရာပြောပြီး လခြမ်းလေးလို ကွေးညွှန့်နေသော နှုတ်ခမ်းလေးကို ကြည့်လိုက်တော့ ထောင့်စွန်းမှာကပ်နေသော ထမင်းစေ့လေးကို ပြေးမြင်မိသည်။
" မု ထမင်းစေ့ကပ်နေတယ် "
" ဟုတ်လား မုကို Tissue လေး တစ်ချက်ယူပေး "
တိုးကပ်လာတဲ့ မျက်နှာနှင့် နှုတ်ခမ်းအား စားစရာသဖွယ် လာလျှက်သော လျာဖျားကြောင့် မုကိုယ်လေးပင် အနည်းငယ် ယိမ်းသွား၏ ။ကပ်နေသော ထမင်းကို Tissue ပင်မလို အောင်စစ်မှူး လျှာဖျားလေးဖြင့် ဖယ်ရှားပေးလိုက်သည်။
" ဉီးဘာလုပ်တာလဲ ထမင်းစားနေတာကို "
" မုပဲ Tissue ဆို ထမင်းစေ့ဖယ်မလို့မလား ကိုယ်က ကြားက ကူညီပေးတာကို တကယ်ပဲ "
" အရမ်းတော်ပါတယ် ရှင်ကြီးသိပ်တော်တယ် "
ဆိုင်မှအပြန် စိုင်းဝေအိမ်၌ မုအထုပ်ပိုးတွေပြန်ယူပြီး တိုက်ခန်းရှေ့ပြန်လိုက်ပို့ပေးလိုက်သည်။ အိမ်မှာအတူလာနေဖို့ ပြောပေမဲ့ မုက အတင်းငြင်းတာမို့ သူမအလိုကိုလိုက်ရပြန်သည်။
" ဉီးရေ ByeBye ပါနော် "
" Love You မု "
ကားကို ကျောပေးပြီးထွက်သွားသော သူမနောက်ကျောလေးကို ကြည့်လို်ပင်မဆုံးသေး မုက ကားမှန်နား ပြန်ပြေးလာသည်မို့ ကားမှန်ချ၍ ခေါင်းလေးထွက်ကြည့်မိသည်။မုရဲ့ နှုတ်ဖျားမှ အနမ်းချိုချိုတို့က ဝင်တိုးလာသည်မို့ ကိုယ်ကို ဆန့်ပြီး သူမရဲ့ နှုတ်ခမ်းကို ပြန်လည် နမ်းရှိုက်ခဲ့သည်။ခုလိုအခိုက်တန့်လေးမှ ကိုယ်မုကို ပြောနိုင်တဲ့ တစ်ခွန်းတည်းသော စကားလေးက....
🍁🍁 Nobody else can't understand🍁🍁
how much
🍁🍁 I love you 🍁🍁
Episode 28 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
Taxi ရပ္လိုက္တာနဲ႕ မ်က္စိတဆုံးအိမ္လွမ္းမျမင္ရေလာက္ေအာင္ က်ယ္ေသာ ၿခံဝန္းႀကီးကို ၾကည့္ရင္း မိမိပုံကို သူေတာင္းစားလိုေတာင္ သတ္မွတ္မိ၏ ။အိမ္ေတာ္ႀကီးအား ဝန္းရံထားေသာ အဝန္းအကာမ်ားမွာလဲ ျမင့္မားလြန္းလို႔ ေမာ့ၾကည့္ပါက ဇပ္ပင္ႀကိိုးမတတ္။လူေခၚ ေခါင္းေလာင္းကို နိုပ္လိုက္တာနဲ႕ ၿခံဝန္းဂိတ္တံခါးမွာ Auto Systemျဖင့္ ပြင့္လာသည္မို႔ စိတ္ေတာင္အနည္းငယ္ လႈပ္ရွားမိလာသည္။ၿခံက်ယ္သေလာက္ လူကေတာ့ လုံးဝမရွိ။အိမ္သို႔သြားေသာ လမ္းပင္ ကားႏွစ္စီးၿပိဳင္ေမာင္းလို႔ရၿပီး မိနစ္20ေလာက္ေလွ်ာက္မွ အိမ္ေရွ႕သို႔ ေရာက္ေတာ့သည္။
ေရွ႕တြင္ လူလုံးဝမေတြ႕ခဲ့ေသာလည္း အိမ္ေတာ္ေရွ႕မွာေတာ့ အေစာင့္မ်ားအျပည့္။အေရာင္ခပ္မွိုင္းမွိုင္းႏွင့္ ဘီစီ20ခန့္က ဉေရာပကသလစ္ဘုရားေက်ာင္းပုံစံ မွီညမ္းတည္ေဆာက္ထားသည့္မို႔ အိမ္ေတာ္ႀကီး၏ ခမ္းနားမႈကေတာ့ ေျပာစရာပင္မလို။မုကို ျမင္တာႏွင့္ အေစာင့္တစ္ေယာက္ ေသခ်ာလမ္းျပေခၚသြားေတာ့သည္။အိမ္ျပင္ ခန္းမမႈကေတာ့ အိမ္တြင္းကို မယွဥ္နိုင္ခဲ့။အိမ္အတြင္း၌ ၾကမ္းခင္မ်ားမွာ မွန္လို ၾကည္လင္၍ ေပၚတူကီဗိသုကာလက္ရာမ်ား ပြန္းလုံးေလွကားရွည္ႀကီးမ်ားႏွင့္ တည္ေဆာက္ထားသည္။အျပင္တြင္ အေရာင္မွိုင္းသေလာက္ အိမ္ထဲမွာေတာ့ အရာအားလုံးဟာ ေ႐ႊေရာင္ ဖိန္းဖိန္းေတာက္လ်က္။ဉီး ခ်မ္းသာတာကို မုသိေပမဲ့ ဒီေလာက္ထိေတာ့ မထင္ထားခဲ့။ ခ်မ္းသာမႈသုခမွ အတိုင္းထက္အလြန္ျဖစ္ေနတာမို႔ မုသိမ့္ငယ္စိတ္ေလးေတာ့ ဝင္လာမိ၏ ။ သို႔ေသာ္ အသက္ျပင္းျပင္း တခ်က္ရႉၿပီး အေစာင့္ေခၚရာေနာက္သို႔ လိုက္ပါလာခဲ့သည္။
နန္းပလင္ကဲ့သို႔ တင့္တယ္ေသာ ထိုင္ခုံႀကီးတြင္ ဉီးဒီပ မုအလာကို ဆီးႀကိဳေနေလသည္။မုထိုင္ခုံတြင္ ဝင္ထိုင္ရင္း ဉီးဒီပမ်က္ႏွာကိုၾကည္လိုက္တာနဲ႕ သူမကို အျမင္မၾကည္မွန္း ရိပ္စားမိသည္။
" သက္ေသာင့္သက္သာ ထိုင္ပါကေလးမ...ငါက ေအာင္စစ္မႉး အေဖ ဉီးဒီပပါ "
" ဟုတ္ကဲ့ပါ ဉီးေလ မုက နန္းမုျဒာပါ ဉီးေအာင္စစ္မႉးရဲ႕ ခ်စ္သူပါ "
" အိုးဟို႔...မင္းက ငါသားနာမည္တပ္ၿပီးေတာင္ မိတ္ဆက္ရဲေနၿပီပဲ "
" ဉီးရဲ႕ ခ်စ္သူမို႔ ခ်စ္သူလို႔ မိတ္ဆက္တာ ဘာအမွားပါသြားလို႔လဲ ဉီးေလး "
" ဒီေခတ္ကေလးေတြ ကေတာ့ အေတာ္ကို အတင္းရဲက်တာပဲ "
" အတင့္ရဲထာထက္ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈပိုရွိတာပါ ဉီးေလး "
" ဒီေလာက္ေတာင္ ယုံၾကည္မႈရွိမွေတာ့ ရွင္းရွင္းပဲ ေျပာမယ္ ဘာလိုခ်င္တာလဲ ေငြလား လုပ္ပိုင္ခြင့္လား "
" ဉီးေလး ဘာလို႔ဒီလိုေျပာလဲဆိုတာ မုနားမလည္ေပမဲ့ မုအတြက္ အဲ့တာေတြမလိုပါဘူး လူတိုင္းမွာ ေငွရော လုပ္ပိုင္ခြင့္ေရာ ရွိၿပီးသားမို႔ပါ "
" ဘယ္လို "
" ဟုတ္ပါတယ္... ဆင္းရဲရဲ ခ်မ္းသာသာ ေငြတစ္ရာရွိရင္လဲ ေငြရွိတာပဲေလ ၿပီးေတာ့ ကိုယ္ဘဝရဲ႕ ဆုံးျဖတ္ခ်က္တိုင္းကလဲ ကိုယ့္လုပ္ပိုင္ခြင့္ပဲေလ "
မုရဲ႕ ေပါ့ပါးစြာ ပညာသားပါပါျဖင့္ ေျပာလိုက္ေသာ စကားေၾကာင့္ ဉီးဒီပစိတ္ထဲမွာေတာ့ ႀကိတ္အမွတ္ေပးေနမိသည္။
" ကေလးမ မင္းက ငါတို႔ မိသားစုအေၾကာင္းကို ဘယ္ေလာက္သိလို႔လဲ "
" သိထားပါတယ္ လက္နက္ေမွာင္ခိုဂိုဏ္း မိသားစုဆိုတာ "
" ဟင္...မင္း...မင္း သိထားတာေတာင္ "
" သိထားေပမဲ့ လက္မေလ်ာ့နိုင္ခဲ့ဘူး အငယ္ႏွောင္းတစ္ေယာက္ျဖစ္ကမယ္ဆိုရင္ေတာင္ မု ဉီးကို ခ်စ္လို႔ ေ႐ြးခ်ယ္အုံးမွာ မုေၾကာင့္ ဉီးေပ်ာ္႐ႊင္ရတယ္ဆိုရင္ ဘာမွမလိုေတာ့ပါဘူး အဲ့တာေၾကာင့္မို႔ ဉီးေလးသားကို မုဆီေပးပါေနာ္ "
" အေဖလို႔ ေခါ်ငါကို "
" ရွင္! !! "
" ငါသားကိုလိုခ်င္ရင္ အေဖလို႔ေခၚ "
" ဟမ္..ခ်က္ခ်င္းႀကီးလား ဉီးေလး "
တကယ္ေတာ့ ဉီးဒီပမွာ သူမိသားစုဝင္ျဖစ္မဲ့ မုအား စမ္းသပ္႐ုံသပ္သပ္သာ။သူရဲ႕ အလုပ္ေၾကာင့္ ခ်စ္ရေသာမိန္းမရဲ႕ ေသဆုံးမႈကိုလဲ ႀကဳံခဲ့ရၿပီး သားအႀကီး ဝံသ၏ ဇနီးမွာလဲ မဟာကိုေမြးၿပီး ေလ်ာ္ေၾကးေတာင္းကာ စြန့္ပစ္ခဲ့သည္မို႔ ငယ္ဘဝထဲက နာက်င္ခဲ့ရေသာ ေအာင္စစ္မႉးကိုေတာ့ ထိုသို႔မျဖစ္ေစလို။သရဖီလို ကပ္ပါးေကာင္ကိုပဲ ျဖစ္ျဖစ္ အနားမွထားခဲ့သည္။အခုေတာ့ သူသားထိုမိန္းကေလးအား မည္သို႔ေသာအေၾကာင္းေၾကာင့္ ခ်စ္သည္ကို သိခဲ့ရသည္။တကယ္ကို ထူးျခားတဲ့ မိန္းကေလးမို႔ ဉီးဒီပ သမီးေလးလို သတ္မွတ္မိေတာ့သည္။
" ဟုတ္တယ္ အခုကစၿပီး သမီးက ဉီးေခြၽးမျဖစ္သြားၿပီ "
" ဒါ...ဒါေပမဲ့ေလ "
" ေစ့စပ္ထားတဲ့ ျပႆနာကို ရွင္းေပးမွာမို႔ စိတ္မပူနဲ႕ အေဖသားကိုသာ ဂ႐ုစိုက္ေပးပါ ေခြၽးမေလး "
" ဟုတ္...ဟုတ္ကဲ့ပါ အ..အေဖ မုဉီးကို ဖ်ာေပၚလိပ္ ထိမ္ေပါတင္ထားမွာပါ မုေၾကာင့္ ဉီးဒူးနဲ႕ မ်က္ရည္မသုတ္ေစရပါဘူး ဉီးကို ကမ္ဘာေပၚမွာ အေကာင္းဆုံး သတိုးသား ျဖစ္ေအာင္မု ႀကိဳးစားမွာပါ "
" ေနာက္ဆုံးေတာ့ ငါဆုေတာင္းျပည့္ၿပီထင္တယ္ "
( ဒိုင္း..ဒိုင္း ဒိုင္)
အိမ္ေတာ္ေရွ႕တြင္ ေသနတ္သံ တဒိုင္းဒိုင္းျဖင့္ ေအာင္စစ္မႉးကေတာ့ ကိုယ့္အိမ္ကိုယ္ အႏုၾကမ္းျပန္စီးေနေတာ့သည္။သားရဲတြင္းသို႔ သြားေသာ သူခ်စ္သူေလးအား ဒုကၡေပးမည္ဆိုး၍ ဖခင္ကိုေတာင္ ေသနတ်ဖြင့် ခ်ိန္ၿပီး အိမ္ထဲဝင္လာသည္မို႔ မုပင္ အံအားသင့္သြားခဲ့သည္။
" ဉီးဒီပ ခင္ဗ်ား... ဒါဘာလုပ္တာလဲ မုမေၾကာက္နဲ႕ေနာ္ ကိုယ္လာၿပီ "
" ေအာင္စစ္မႉး မင္းဘယ္လိုျဖစ္လာတာလဲ "
" မု ဘာမွမျဖစ္ဘူး ဉီးရဲ႕ ကိုယ့္မ်က္ႏွာလဲ ျပန္ၾကည့္အုံး မ်က္ႏွာမသစ္လာဘူးလား "
မုရဲ႕ ၿပဳံးစိစိရယ္ရင္း ေျပာလိုက္ေသာ စကားေၾကာင့္ အနီးရွိ မုန္ကိုၾကည့္လိုက္ေတာ့မွ မနက္ကမုေစာနိုးၿပီး ေလွ်ာက္ေဆာ့ထားေသာ အရာမ်ားက မ်က္ႏွာအျပည့္။ဆံပင္ကို ၾကက္ေတာင္ႏွစ္ဖက္ခြဲစီးေပးထားၿပီး မ်က္လုံးကိုလဲ ေဆာ့ပန္ျဖင့္ ဝိုင္းထားကာ ႏႈတ္ခမ္းတြင္လဲ မႈတ္ဆိတ္ေမႊး ေလွ်ာက္ဆြဲထားတာမို႔ ေအာင်စစ်မှူးပုံမှာ ႐ြာဘုရားပြဲက အရႈးႀကီးအတိုင္း။ျမင္ခဲလွေသာ သူသားပုံကို ဉီးဒီပၾကည့္ရင္း ၿပဳံးေနမိသည္။
" မု ေလွ်ာက္ေဆာ့ထားတာလား "
" ဒီကိုလာ...မု Tissue အစိုနဲ႕သုတ္ေပးမယ္ "
မု မ်က္ႏွာသုံးေပးေနသည္ကို ေအာင္စစ္မႉး ေခါင္းေလးငုံၿပီး ၿငိမ္ခံေနသည္မွာ ဉီးဒီပအား စိတ္ခ်မ္းသာေစခဲ့သည္။သူသားတြင္ အခုလို အျပဳမူမ်ိဳးရွိသည္ကို မသိခဲ့တာေၾကာင့္လဲပါသည္။
" မု ေပ်ာက္သြားလို႔ ဘယ္ေလာက္ရင္ပူသြားရလဲ သိလား "
" စာေရးေပးခဲ့တယ္ေလ...ကေလးလား အဲ့ေလာက္ ျဖစ္ေနရေအာင္ "
" အဲ့တာ ခင္ဗ်ားေၾကာင့္ က်ဳပ္ခ်စ္သူကို ဘာလို႔ေခၚတာလဲ"
" အမယ္...ဉီးေအာင္စစ္မႉး အေဖကို ဘယ္လို ေျပာလိုက္တာလဲ အခုခ်က္ခ်င္း ျပန္ျပင္ေျပာ "
" အား..အ့ မုနာတယ္ ကိုယ္ကလဲ မင္းထက္အသက္အမ်ားႀကီးႀကီးတယ္ေနာ္ "
ေအာင်စစ်မှူး ကေလးတစ္ေယာက္လို မုဆီမွာ နား႐ြတ္အဆြဲခံကာ အျပစ္ေပးခံရေနရ၏ ။
" သိတယ္ သိတာမို႔ လူႀကီးဆန္ဆန္ေနပါ အေဖကိုလဲ ရိုေသအုံး "
" အေဖ? "
" အေဖက မုတို႔က သေဘာတူတယ္တဲ့ ေစ့စပ္ထားတာကိုလဲ ဖ်က္ေပးမယ္တဲ့ "
" တကယ္ႀကီးလား "
" မင္းေၾကာင့္ မဟုတ္ဘူး ငါ့ေခြၽးမေလးေၾကာင့္ "
" ဉီးဒီပ ေျပာင္းလဲခ်က္ကလဲ ျမန္တာ "
" ေျပာျပန္ၿပီ "
" ကိုယ္မေျပာေတာ့ပါဘူးေနာ္ အဲ့တာေၾကာင့္မို႔ ကားထဲမွာ ခဏသြားေစာင့္ေနပါလား ကိုယ္ေဆြးႏြေး စရာေလးရွိလို႔ "
မုရဲ႕ ပခုံးေလးေပၚ လက္တင္ၿပီး ဆံပင္ေလးေနာက္ သိမ္းေပးရင္း အေဖလုပ္သူကိုေတာင္ မျမင္နိုင္ခဲ့။
" အဲ့တာဆို မုသြားေတာ့မယ္... ႏွစ္ေယာက္သား ေအးေဆးေျပာၾကပါေနာ္ အေဖသမီးသြားလိုက္ပါအုံးမယ္ "
" မၾကာမၾကာလာခဲ့ပါ "
" ဟုတ္ကဲ့ "
" ဘာေဆြးႏြေးခ်င္တာလဲ ငါသေဘာတူထားၿပီးၿပီေလ "
" ကြၽန္ေတာ္ ဂိုဏ္းထဲကေန ထြက္ခ်င္တယ္ "
" ဘာ! !! ဂိုဏ္းထဲကေန ထြက္ရင္..."
" ေသမွ ထြက္လို႔ရမွာ သိတယ် မုကိုေတာ့ စိတ္မပင္ပန္းေစခ်င္ဘူး အခုေတာင္ သူ မနည္းရင့္က်က္တဲ့ပုံနဲ႕ လက္ခံေပးေပမဲ့ ကြၽန္ေတာ္ သိတယ္ သူအဆင္မေျပဘူးဆိုတာ အဲ့တာေၾကာင့္ ပထမဆုံးနဲ႕ ေနာက္ဆုံးအႀကိမ္အျဖစ္ ေတာင္းဆိုပါတယ္ အေဖ ကြၽန္ေတာ္မုနဲ႕အတူ သာမန္ဘဝေလးမွာ ေနခ်င္တယ္ အရင္တုန္းက အဲ့လို လိုခ်င္တာေတြမရွိေပမဲ့ အခုေတာ့ သူအတြက္ပဲျဖစ္ျဖစ္ လိုခ်င္မိတယ္ "
ဉီးဒီပ သူအား ေယာင္လို႔ေတာင္ အေဖလို႔ မေခၚခဲ့ေသာ သားဆီမွ အေဖဆိုေသာ ေခၚေဝၚမႈေၾကာင့္ မယုံၾကည္နိုင္ခဲ့။သူစိမ္းေတြထက္ေတာင္ ပိုစိမ္းၾက၍ ဒီေန႕လိုမ်ိဳး ေျပေျပလည္လည္ စကားေျပာဆိုခ်င္လဲမရွိ။အၿမဲ အိမ္ျပန္လာတိုင္း ေသာင္းက်န္းတတ္ေသာ သားေတာ္ေမာင္ဆီမွ ေျပာလာတဲ့ စကားေတြေၾကာင့္ ဉီးဒီပ ရင္ထဲ ပီတီေတြ တေပြ႕တပိုက္ျဖင့္...။
" ထြက္လို႔ေတာ့ မရဘူး ဒါေပမဲ့ ျဖဳတ္ခ်မယ္ မင္းကို "
" ဗ်ာ "
" မင္းကို ေခါင္းေဆာင္ေနရာကေန ျဖဳတ္ခ်မယ္ အခ်ိန္ေတာ့ နည္းနည္း ေစာင့္ရမယ္ "
" ရပါတယ္ ဒါဆို ျပန္ခြင့္ျပဳပါအုံး "
" ခဏေလး...မင္းနာမည္က မင္းအေမကိုယ္တိုင္ေပးထားတာ ေလာကဓံစစ္ပြဲေတြကို ေအာင္နိုင္တဲ့သူျဖစ္ေအာင္လို႔တဲ့ သူမင္းကို မခ်စ္တာမဟုတ္ဘူး မေဖာ္ျပခဲ့႐ုံေလးပဲ "
ေအာင္စစ္မႉး ဖခင္ျဖစ္သူရဲ႕စကားကို ဘာမွျပန္မေျပာပဲ ထြက္လာခဲ့သည္။ရင္ထဲမွာေတာ့ သူမိဘေတြအေပၚ အားနာေနတာအမွန္။သူလိုသားမ်ိဳးက အၿမဲဆိုးသြမ္းခဲ့တာမို႔။ကားေပၚေရာက္တာနဲ႕ မုက အရမ္းသိခ်င္ေနတာမို႔ မဝံမရဲ စကားဆိုခဲ့သည္။
" ဘာေတြ ေျပာခဲ့တာလဲ မုစည္းေက်ာ္သလို ျဖစ္သြားမွာဆိုးလို႔ မေမးခ်င္ေပမဲ့ တကယ္သိခ်င္လို႔ပါ "
" မုေတာင္းဆိုထားတဲ့ဟာေလ "
" အေဖကေရာ ဘာေျပာလဲဟင္ "
" အခ်ိန္ေတာ့ၾကာမယ္တဲ့ "
" Wow... တကယ္လား အမွန္ေတာ့ေလ မုက ဉီးကို ရန္မ်ားတာေတြမလုပ္ေစခ်င္လို႔ပါ "
" ကိုယ္သိတာေပါ့ "
( ဂြီ.. ဂြီ ..ဂြီ..)
" မု ဗိုက္ကမဟုတ္ဘူးေနာ္ "
" ခုမွပဲ သတိရတယ္ ကိုယ့္ေမ်ာက္မေလးကို အစားေ႐ြးခ်ိန္ေရာက္ၿပီဆိုတာ "
" အဲ့တာဆို မုေျပာတဲ့ ဆိုင္ကိုေမာင္း "
မုေျပာတဲ့ ဆိုင္ကိုသြားေတာ့ ၿမိဳ႕ထဲမွာေပမဲ့ ျဖတ္ရေသာ လမ္းၾကားေပါင္းလဲ မနည္း ဘယ္ညာေကြ႕ရပါမ်ားလို႔ ေခါင္းေတာင္မူးလာသည္။ေနာက္ဆုံးေတာ့ ေခ်ာင္ၾကၿပီး အျပင္ဆင္သိပ္ မသားနားတဲ့ ဉီးေလာ့ပန္ တ႐ုတ္အစားစာဆိုင္သို႔ ေရာက္လာခဲ့သည္။ဆိုင္ထဲတြင္လည္း လူတစ္ေယာက္မွမရွိ စုတ္ခ်ာခ်ာဆိုင္ေၾကာင့္ ေအာင်စစ်မှူး ဆိုင္ထဲ သိပ္မဝင္ခ်င္ခဲ့။ေပကပ္ကပ္နဲ႕ ကားနားကမခြာသည္မို႔ မုအတင္းလက္ဆြဲ၍ ဆိုင္ထဲေခၚသြား၏ ။
Advertisement
- In Serial240 Chapters
Completion
USA TODAY Bestselling Author Holly S Roberts likes to gloss over her exciting past as a homicide detective and make you think she sits at a computer all day writing. Nothing could be farther from the truth. You’ll find Holly in the mountains on a long hike or at the gym pounding barbells with the boys. She’s a health coach and nutritionist as well as being vegan and proving muscles come from hard work and plant-based foods. When the weather’s too cold for outdoor play, she sneaks into her dark cave and writes until her fingers ache. She’s also followed around by a hundred-pound Rottweiler with anxiety issues and constant need for affection. Each finished chapter gets a dog lick when Holly stays on course.
8 200 - In Serial167 Chapters
Everything I Never Said
❝This is the love I fail to say. One that caused him to go away, for our love was never made to stay.❞- all of the poems are mine :)#1 in Poetry 26/05/17 ! Thank you for reading♡New book 'Everything You Never Knew' is out!
8 181 - In Serial47 Chapters
Living With The Asshole
[Highest ranking : #6 in Humor]When Ashley's parents have to leave town for a few months,she is more than happy to stay with her best friend,Kayla.But after a bad fight with her,Ashley is forced to live with Amanda Woods,a friendly girl she barely even knows AND her blockhead of a brother who annoys her to no end.Will Ashley be able to get through three months of living with the asshole?
8 120 - In Serial175 Chapters
Transmigrating To The Ancient Times With Lu's Convenience
Author: Ye YilouStatus: Complete Genre: Fantasy, Romance, Slice Of Life, YaoiDescription: Lu Lin has quit his job in the big city returns to his hometown and inherits Lu's Convenience store from his parents. But on a stormy night, he finds himself transmigrating into an ancient time and space where there are Bios, and he is about to marry a Bio himself.T/N: Bio, hermaphroditic people who has manly features with a birthmark shapes like a flower, they are able to bear childrenNOTE: The story is not mine. For offline reading purposes only Translated Chinese novel to English
8 754 - In Serial44 Chapters
Little Dark Age ◆ JeonJungkook✔
"Dying was NOT on today's agenda.""Dying shouldn't be on any days agenda.""Oh, since when are you the one making the plans, huh?"❖Surviving the apocalypse is hard and all but have you tried getting along with a scythe swinging, sociopathic maniac? Yeah. THAT'S hard. Too bad that said sociopathic maniac is your only insurance of staying alive in this absolute mayhem.Highest Ranking:#2 post-apocalyptic
8 118 - In Serial41 Chapters
Love Returns (Blake/You) ✔️
Y/N Y/LN and Blake Lively come from two separate worlds. Y/N was raised on hammy downs and home cooked meals by her parents. Where as Blake was raised on Prada, Chanel, and meals cooked by the family's personal chef with her parents nowhere in sight.Everyone says opposites attract, but what about these two? Can they fall in love and manage to stay together through the storms ahead?Follow me on this journey of how two different people can fall in love. But it's up to them if they're strong enough for what's to come.Y/N is g!p (intersex)Will contain mature and sexual contentCover made by: @BrooklynMHM
8 185

