《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 25 )
Advertisement
သားရဲကောင်ဆီမှ ဘယ်လောက်ပြေးပြေး သွေးနံ့ခံလိုက်သည့်အလား မု အောင်စစ်မှူးထံမှ မလွတ်မြောက်ခဲ့။သူစိတ်ရှိသလို အကြမ်းနည်းသုံးပြီး ရှာရင် မည်ဆိုပါက မြန်မြန်တွေ့နိုင်ပေမဲ့ မုမို့လို့ သူအလျော့ပေးထားခဲ့သည်။အခုတော့ သူမကိုယ်တိုင်လာအဖမ်းခံမည့်နည်းကို အောင်စစ်မှူး တွေ့ခဲ့ပြီ။အနက်ရောင် ကတီပါSofarပေါ်တွင် ဆေးပြင်းလိပ်လက်ကြားညက်၍ ဝိုင်ခွက်ဘေးချပြီး သေနတ်တစ်လတ်ကို ကြည့်ရင်း အောင်စစ်မှူး ကိုလင်းပြောသမျှကို မျှော်လင့်တကြီးနားထောင်နေခဲ့သည်။
" ဆရာ မုဒြာ...ထွက်မပြေးခင် နောက်ဆုံးတွေ့ခဲ့တဲ့လူတွေက သရဖီနဲ့ ကောင်လေးတစ်ယောက်ပါ "
" တောက်...! ငါထင်တဲ့အတိုင်းပဲ အဲ့မြွေဟောက်မ မွှေလိုက်ပြန်ပြီ ပြစမ်းပါအုံး မုနဲ့တွေ့ခဲ့တဲ့ ကောင်ကို "
" ဒီမှာပါ ဆရာ "
ကိုလင်း အောင်စစ်မှူးလက်ထဲသို့ ပုံအချို့ကမ်းပေးလိုက်၏ ။ပုံကိုကြည့်ပြီး အောင်စစ်မှူး လက်ထဲမှ ဆေးပြင်းလိပ်အား အားဖြင့်ဖိချေ၍ ပုံတွေကို အဝေးသို့ လွင့်ပစ်ပြီး ကျန်လက်တစ်ဖက်ထဲမှ သေနတ်ဖြင့် ရှေ့တွင်ရပ်နေသော လူသုံးယောက်၏ ခြေထောက်များကို ဆက်တိုက်ပစ်ခါ ဒေါသဖြေခဲ့သည်။မုကို ကြည့်ရင်းတောင် အသားတွေဆွဲစုပ်ပစ်ချင်သည်ကို စိုင်းဝေကတော့ ဖက်ပြီး ခေါင်းလေးတောင် ပုတ်ပေးထားသည့်ပုံကို တွေ့လိုက်ရသည်မို့ မျက်လုံးထဲတွင်လူသတ်ချင်တာပဲ သိတော့သည်။
" ထွက်သွားကြ....!!! အားလုံးမသေချင်ရင် ထွက်သွားကြ "
အောင်စစ်မှူးရဲ့ ဒေါသတကြီး ဟိန်းဟောက်သံကြောင့် ဒဏ်ရာရနေသော သူများကလည်း ကိုယ်ခြေထောက်ကိုထိန်းပြီး ခြေသုတ်တင်ပြေးကြသည်။ဆက်နေပါက အသက်ကိုပါရန်ရှာနိုင်တာကြောင့်ပင်။ ကိုလင်းကတော့ နာမည်တပ်မပြောမချင် မသွားရလောက်သည်အထိ ယုံကြည်ရသူဖြစ်သည်။
" ဆရာ... ကျွန်တော် ဘယ်လိုစီစဉ်ပေးရမလဲ "
" သူနေတဲ့ နေရာမှာ မုကိုတွေ့လား "
" အဲ့လို့တော့ မတွေ့မိဘူး သူတို့နှစ်ယောက်တွေ့ပြီးထဲက မုကို မတွေ့တော့တာ "
" အဲ့ခွေးမသားကို ငါဆီဖမ်းခေါ်လာခဲ့ "
" ဟုတ်ကဲ့... ဆရာ "
" မင်းလဲ ထွက်သွားလိုက်တော့ "
ကိုလင်းထွက်သွားတာနဲ့ အောင်စစ်မှူး ရှေ့က မုန်စားပွဲပေါ်သို့ လက်သီးဖြင့် အားကုန်ထိုးလိုက်တော့သည်။ဆင်ပြောင်ငါးဆီးအားဖြင့် ထိုးလိုက်တာကြောင့် မုန်စားပွဲ ပင် အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားသည်။လက်ခေါက်တင်ထားသည့် ကြွက်သားအဖုများဖြင့် ထုဆစ်ပုံဖော်ထားသော လက်မောင်းအားများကြောင့် လက်ချောင်းများပင် သွေးများစီးကျလာသည်။ပျောက်ပြဲစုတ်ပြတ်သွားသော နာကျင်မှုသည် မုနှင့် ခွဲခွာရသော နာကျင်မှုလောက်ကိုတော့ မယှဉ်နိုင်ခဲ့ ။ယောကျာ်းရင့်မာကြီးဖြစ်တာတောင် အခုတော့ မုကြောင့် ကိုယ်ငိုကျွေးနေမိပြီ။ပျော်ရွှင်ရယ်မောခြင်းတို့မရှိသော နှလုံးသားဟာ သူမရှေ့တွင်တော့ လွတ်လပ်စွာ ရယ်မောခဲ့ဖူးသည်။ ဒါတွေဟာ မုကိုလိမ်တဲ့အပြစ်တွေဆိုရင် ကိုယ်ခံယူပါ့မယ် ။အပြစ်တွေအားလုံးကို ခံယူမှာမို့ မုကတော့ ကိုယ်ဆီပြန်လာမှရမယ် ။
" မု...မင်းကိုယ့်ကို လိမ်တယ် ...မင်းလိမ်တယ် မုသာ ကိုယ့်ဆီပြန်လာမယ်ဆို မင်းမိသားစုကို သတ်ရမယ်ဆိုလဲ ကိုယ်သတ်မှာ အားလုံးကို သတ်ပြစ်မှာ မင်းကို ရဖို့.. "
°°°°°°°°°°
စိုင်းဝေမှာ ကျောင်းပြီးရင် မိခင်ဖြစ်သူ၏ Hotel လုပ်ငန်းကို ဆက်ဆံရမည်ဖြစ်တာကြောင့် မြန်မာနိုင်ငံပြန်လာစဉ်မှာတောင် Hotel ဆိုင်ရာ စီးပွားရေးအခြေနေတွေကို အသိတွေမှတဆင့် သင်ယူလေ့လာနေသေးသည်။အခုလဲ အသိတစ်ဉီး၏ Hotelတွင် အောက်ခြေအလုပ်သင် ဝင်လုပ်နေ၏ ။ထိုသို့မလုပ်လဲ ငွေကြေးကိစ္စ ပူစရာမလိုပေမဲ့ မုကို အိမ်တွင် စိတ်အေးအေးနေနိုင်အောင် အပြင်ထွက်ရင်း အလုပ်လုပ်ရန် စီစဉ်ခဲ့သည်။သူအိမ်မှာနေရင်လည်း မုက အတင်းလုပ်ယူ ပြုံးပြီး သူအပြင်ထွက်သွားမှ ကြိတ်ခံစားတတ်တာကြောင့်လဲပါသည်။တစ်လလုံး ချော့တလဲ ခြောက်တလဲ မေးသောလည်း မုနှုတ်ကတော့ အင်ဂတေနှင့် ပိတ်ထားသည့်အလား ဘာမှမပြော။မေးပါများတော့လဲ မနေစေချင်ဘူး ထင်မည်ဆိုးရင် ဇွတ်မမေးရဲ။အခုလဲအလုပ်ဆင်းချိန် အိမ်ပြန်မည်အလုပ် မုဆီမှမခေါ်စဖူး ဖုန်းခေါ်လာသည်မို့ ဝမ်းသာအားရ ကောက်ကိုင်မိသည်။
" Hello...ဝေဝေ နင်ပြန်လာတော့မှာလား "
" အေး ငါခဏနေ ပြန်လာတော့မယ် "
" အဲ့တာဆို သုံးထပ်သားနဲ့ ပင်လယ်စာ နည်းနည်း ဝယ်ခဲ့ "
" ငါနားကြားများမှားနေတာလား "
" နင် Hotpot မစားချင်ရင် မဝယ်ခဲ့နဲ့ "
" ဝယ်ခဲ့မှာပေါ့ဟ... တခြားဘာမှာအုံးမလဲ "
" အဲ့တာပဲလိုတယ် ကျန်တာအကုန်ရှိတယ် "
" အေး..ငါမြန်မြန်ပြန်လာခဲ့မယ် "
" ငတ်ချင်တော့လဲ မြန်မြန်ပြန်လာပေါ့ "
" ဟားဟား အခုမှပဲ ငါကို ဆူငြောက်တဲ့ ဆရာမကြီးပုံပြန်ပေါ်လာတော့တယ် "
" ဟားတိုက်မနေနဲ့ ဂရုစိုက်ပြန်လားအုံး "
" ဟုတ်ကဲ့ပါ အစ်မ "
သူမစိတ်တည်ငြိမ် စပြုလာပြီမို့လား မသိ။အရင်လို ပြတင်းပေါက်ကိုကြည့်ရင်းလဲ သိမ်မငေးတော့။ဟင်းမချက်တာတောင် အတော်ကြာပြီကို အခုသူကို Hotpot လုပ်ကျွေးမယ်လို့ ပြောပုံထောက်ရင် စိတ်အခြေနေပြန်ကောင်းလာပြီလို့ သတ်မှတ်မိသည်။စိုင်းဝေလဲ သူမအမှာတော်ပါးလိုက်သည့်အတိုင်း ဝယ်ဖို့ Market ဘက်ထွက်လာခဲ့သည်။လမ်းခုလတ်တစ်နေရာရောက်တော့ အနက်ရောင်ကားတစ်စီးရှေ့လာ ပိတ်ရပ်တာမို့ အနည်းငယ် ကြောင်သွား၏ ။ကားထဲမှ လူကောင်ခပ်ထွားထွား လူနှစ်ယောက်မှ စိုင်းဝေရှေ့လာရပ်ကြသည်။
" ကျွန်တော်တို့နဲ့ အသာတကြီးလိုက်ခဲ့ပေးပါ "
" ငါက ဘာကိစ္စလိုက်ရမှာလဲ "
" ကျွန်တော်တို့ ခေါင်းဆောင်က နန်းမုဒြာ အကြောင်းမေးချင်လို့ပါတဲ့ "
" အောင်စစ်မှူးလား "
" ဟုတ်ပါတယ် "
" ငါကလဲ အဲ့ဘိုးတော်နဲ့တွေ့ချင်နေတာ လိုက်ခဲ့မယ် "
စိုင်းဝေလည်း အကောင်းခေါ်တယ်မှတ်၍ မုအကြောင်းရှင်းချင်တာနဲ့ လိုက်သွားခဲ့သည်။ကားပေါ်ရောက်တာနဲ့ စိုင်းတွေခေါင်းကို အမဲရောင်ခေါင်းစွတ်ဖြင့် အုပ်လိုက်သည့်မို့ အတင်းကုန်းရုန်းတော့သည်။ကားထွက်သွားသည်ကို သိသောလည်း ဘယ်ကိုမောင်းနေမှန်းမသိ။ဘေးနားက လူနှစ်ယောက်ကလည်း လက်ကိုအတင်းချုပ်ထား၏ ။
အချိန်အတန်ကြာတော်မှ ကားရပ်သွားသည်ကို သတိထားမိလိုက်သည်။မမြင်ရသောလည်း ဆွဲခေါ်ရာနောက်သို့ ပေကပ်ကပ်ဖြင့်လိုက်လာခဲ့ရသည်။ စိုင်းဝေ ခြေသလုံးအား ဖြတ်ကန်ခံလိုက်ရတာကြောင့် ဒူးထောက်လျက် အနေထားဖြစ်သွားခါမှ ခေါင်းစွတ်ကို ဖယ်ပေးလိုက်သည်။ကွန်တိန်နာ Boxလို အခန်းထဲဠ် မီးရောင်ဖျဖျအောက်တွင် ထိုင်နေသော အမျိုးသားတစ်ယောက်ကိုသာ ဝိုးတဝါးဖြင်ရ၏ ။ မျက်စိရှေ့တွင် Psychoအပြုံးများဖြင့် သေနတ်ကို လှည့်ရင်း ကြည့်နေသော အောင်စစ်မှူးကြောင့် စိုင်းဝေ အံြ သရသများ ခံစားလာရသည်။အခုမှပဲ မုထွက်ပြေးရသော အကြောင်းကိုလဲ နားလည်သွားတော့သည်။
Advertisement
" ခင်ဗျား... ဒါဘာလုပ်တာလဲ "
" ငါမင်းနဲ့ သာကြောင်းမာကြောင်းပြောဖို့ စောက်ချိန်မရှိဘူး ငါမေးတာပဲဖြေ မုဘယ်မှာလဲ "
" မပြောဘူး ခင်ဗျားလို မကောင်းတဲ့လူဆီ မုကိုပြန်မထည့်ပေးနိုင်ဘူး "
" ဒီ ခွေးသူတောင်းစားကတော့ စောက်ကျောလာတင်းပြနေတယ် "
အောင်စစ်မှူး မုဘယ်မှာရှိလဲသိတဲ့ တစ်ယောက်ထဲသောသူက စိုင်းဝေဖြစ်နေတာကို သိတော့ ဒေါသတွေရဲ့ အတိုင်းတာဟာ မီးတောင်ချောရည်လို ပွတ်ပွတ်ဆူနေတော့သည်။ကိုယ် အချစ်ရဆုံးမိန်းကလေးမှာ ပြိုင်ဖက်ယောကျာ်းဆီရောက်နေခြင်းမှာ သူကိုစိန်ခေါ်နေသလို။လက်အိတ်အမဲစွတ်ထားသော လက်သီးတို့က စိုင်းဝေ၏ မျက်နှာအနှံ့နေရာယူသွားခဲ့သည်။ ထိုမျှသာမက ခြေထောက်ဖြင့်လည်း ကိုယ်တစ်ခုလုံးကို နေရာမလပ် ဆောင့်ကန်လိုက်သည်မို့ စိုင်းဝေ ပါးစပ်ထဲမှ သွေးများပင် အန်ထွက်လာသည်။ရိုက်နှက်ခံရသောလဲ အချစ်ဆုံးရှုံးထားတာမို့ စိုင်းဝေ ယောကျာ်းမာနကိုတော့မလျော့ခဲ့။ သွေးများပြည့်နေသော နှုတ်ခမ်းတို့မှ အောင်နိုင်သူအပြုံးကို ဖော်ပြခဲ့သည်။
" ပြောစမ်း...မုဘယ်မှာလဲလို့ ပြောစမ်းပါ ခွေးကောင်ရဲ့! !!! ငါကိုပြောလို့ "
" ဟားဟား ဟားဟာ ဟား သနားစရာပဲ ခင်ဗျားကတကယ်ကို အရှုးကြီးမဲ ဟားဟားဟား...အခုမှပဲ သိတော့တယ် ခင်ဗျားကိုဘာလို့ တွဲ့ခဲ့လဲဆိုတာ "
်" တောက်! !! "
" ခင်ဗျားက သနားဖို့ကောင်းလို့လေ... မုကလဲွဲပြီး ချစ်ပေးမဲ့လူမရှိလောက်အောင် သနားစရာကောင်းနေလို့လေ "
" ဟုတ်တယ် ငါလို အရှုးကြီးက မုရဲ့ အချစ်ကိုရော သူမရဲ့ ကိုယ်တခုလုံးကိုရော အပိုင်ရပြီးတဲ့ ယောကျာ်းလေ... မင်းလို ကောက်ရိုးပံုစောင့်တဲ့ ခွေးထက်တော့သာတယ် "
" ခင်ဗျားကြီး !!! တော်တော်မိုက်ရိုင်းတာပဲ "
စိုင်းဝေ မုရဲ့အပျိုရည်ကို အောင်စစ်မှူး ရပြီတာကို သိသွားတာကြောင့် မျက်စိရှေ့ကသူအား သတ်ပစ်ချင်နေတော့သည်။ အောင်စစ်မှူး၏ မျက်နှာအား မနည်းထပြီး ပြေးထိုးလိုက်၏ ။အောင်စစ်မှူးကလည်း အလျော့မပေး နှစ်ယောက်သား သတ်ပုတ်ထိုးနှက်ကြတော့သည်။ဘေးတွင်ရပ်နေသော တပည့်များကလဲ ခေါင်းဆောင်းအမိန့်မပေးမချင်း ဝင်မဆွဲကြ။ဘယ်လိုပဲ ယှဉ်ယှဉ် စိုင်းဝေဟာ အမြဲ လေ့ကျင့်တိုက်ခိုက်နေသော အောင်စစ်မှူးကိုတော့ မနိုင်ခဲ့ ။အောင်စစ်မှူး အပေါ်စီးမှ သူအားမရပ်မနားထိုးသတ်နေသည်မို့ အသက်ပင် မြော့မြော့ ကျန်တော့၏ ။
" ဆရာ..ဆရာ ရပ်လိုက်ကာတော့ သူကိုသတ်လို့်မရဘူး မုရှိတဲ့နေရာကိုလဲ ကျွန်တော်သိရပါပြီ "
" ဘာ...တကယ်လား "
" ဟုတ်ပါတယ် ဆရာ သူပါသေသွားရင် မုဆရာအပေါ် အမြင်ပိုဆိုးသွားလိမ့်မယ် "
" အဲ့တာဆို ဒီခွေးကောင်ကို မင်းကြည့်စီစဉ်လိုက် "
ကိုလင်းအချိန်မှီ ဝင်တားသည်မို့ အောင်စစ်မှူး လက်မလွန်ခဲ့ ။ယောကျာ်းနှစ်ယောက်ရဲ့ ပြင်းထန်သော အချစ်တိုက်ပွဲအကြောင်းကို မုကတော့ ဘာမှမသိခဲ့။ညနေ 4နာရီလောက်ထဲမှ ဖုန်းဆက်ထားသည်မှာ အခုထိမရောက်သေးတာမို့ စိတ်ပူနေတော့သည်။
" တော်တော်ကြားတဲ့... ဝေဝေစုတ် စိတ်ကောင်းဝင်တုန်းချက်ပေးဖို့ကို "
(တင့်တင်း ~~~တင်းတင့်တင့် ~~~တင်းတင့်)
" Hello... ဝေဝေ ကိုးနာရီတောင်ထိုးနေပြီ နင်ပြောတော့ စောစော ပြန်လာမယ်ဆို "
" Hello လူနာစိုင်းဝေ အိမ်ကလား မသိဘူးရှင့် "
" လူနာ !! "
" ဟုတ်ပါတယ် ကျွန်မတို့ HP Hospital မှာ ဒဏ်ရာတွေနဲ့ ရောက်နေလို့ အုပ်ထိန်းသူဆို လာခဲ့ပေးပါရှင့် "
" ဟုတ်ကဲ့ ကျွန်မအခုလာခဲ့ပါမယ် "
မုလဲ စိုင်းဝေအကြောင်းကြားတာနဲ့ စိုးရိမ်တကြီး ဆေးရုံသို့ ပြေးသွားခဲ့သည်။ထိုသို ထွက်သွားမှုကြောင့် အောင်စစ်မှူး လူတွေနှင့် ကတ်သီလေး လွဲသွားခဲ့သည်။မုလည်း ဆေးရုံရောက်တာနဲ့ စိုင်းဝေအတွက် ဖောင်ဖြည့် ဆေးဖိုးရှင်းရင်း မည်သူမည်ဝါ လုပ်သည်ကို မတွေးနိုင်။လူနာ ကုတင်ဘေးမှာ ထိုင်၍ သွေးအေးတော့မှာ သူမစိတ်ထဲ အတွင်းဝင်လာခဲ့သည်။ဉီးလုပ်တာများလားပေါ့...။
" မုမု...နင်..နင် ဘယ်လို ရောက်လာတာလဲ "
" သက်သာရဲ့လား ဝေဝေ...ငါလည်း ဆေးရုံက ဖုန်းဆက်မှ သိတာ "
" ငါက သက်သာပါတယ် "
" မလိမ်နဲ့ နံရိုးနှစ်ချောင်းတောင်ကြိုးသွားတာ သက်သာစရာလား နင်ကိုဘယ်သူလုပ်တာလဲ "
" ဒီတိုင်း ရန်ဖြစ်ကြတာပါ "
" ဝေဝေ နင်နဲ့ငါက သွားမပေါက်ခင် ဘဝထဲက သိလာတာ နင်ဘယ်တုန်းက ရန်ဖြစ်ဖူးလို့လဲ မြန်မာနိုင်ငံမှာလဲ သိပ်မနေတာကို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
" ငါအိပ်ချင်နေပြီ နင်လည်းပြန်တော့ "
" ဉီးလုပ်တာမလား...ငါရည်းစား..ဉီးအောင်စစ်မှူး "
" ငါနင်ကို မေးချင်တယ်...မုမု နင်သူအကြောင်းကို သိပြီပြီးမလား "
" သူလုပ်တာဟုတ်နေတာပဲ ဉီးတော်တော်... "
" ချစ်နေသေးတယ်မလား လူဆိုးမှန်းသိတာတောင် "
" ငါ..ငါနဲ့ ပတ်သက်တဲ့လူတွေကို အဲ့လိုလုပ်တာတော့ လွန်သွားပြီ ငါသွားတွေ့... "
" မုမု နင်ငါမေးတာကျတော့မဖြေပဲ သူကိုပဲ သွားတွေ့ချင်နေတာလား "
" ငါ.ငါ...တောင်းပန်ပါတယ် ဝေဝေရယ်...နင်ကို ဒီလိုလုပ်တာတောင် ငါသူကို မမုန်းနိုင်ဘူး ငါဉီးကို ချစ်နေသေးတယ် အဟင့်....ဟင့်...အင့် "
" မငိုနဲ့...သွားတွေ့လိုက် သွားတွေ့ပြီး နင့်စိတ်အတိုင်း ဆုံးဖြတ်လိုက် "
စိုင်းဝေစကားဆုံးတာနဲ့ မု ငိုပြီးဆေးရုံခန်းထဲမှ ပြေးထွက်သွားခဲ့သည်။တခါတရံ ကိုယ်အရမ်းချစ်တဲ့လူရဲ့ အချစ်အတွက် ကိုယ်ရဲ့ နှလုံးသား စတေးခံပေးရတာမျိုးလဲ ရှိတတ်သည်။ကြင်နာမှုတွေ ပေးသောငှားလည်း သူမမြမင်နိုင်ရင် လက်လွတ်ပေးရသလိုမျိုးပေါ့။မုလဲ စိုင်းဝေကို ထိခိုက်အောင်လုပ်တာမို့ မကျေနပ်လို့ သွားတွေ့မယ်ဆိုပေမဲ့ ရင်ထဲမှာတော့ ဉီးမျက်နှာကို တွေ့ချင်မိသည်။မိုးများရွာနေသည့်ကြားကနေ မုတစ်ယောက်ကတော့ အောင်စစ်မှူး အိမ်ရှေ့ကို ရောက်အောင်လာခဲ့ပြီ ။
Advertisement
" ဉီးအောင်စစ်မှူး... ဉီးအောင်စစ်မှူး ဒီမှာ တံခါးတစ်ချက်ဖွင့်ပါအုံး... ဉီးအောင်စစ်မှူး.. "
ဒေါသလဲ ထွက်နေသည်မို့ လူခေါ်Bellတောင် မတီးနိုင်ခဲ့။တံခါးကို ဒုန်းတိုင်း ထုပြီးတော့သာ အော်ခေါ်နေမိသည်။လူလွတ်ပြီး စိုင်းဝေအိမ်သို့ လွတ်လိုက်သည်မှာ မတွေ့တာကြောင့် ဒေါသမီးချောင်း စီးဆင်းနေသည်ကို တံခါးရှေ့တွင် လာရပ်နေသော လွမ်းဆွတ်တမ်းတခဲ့သော မုမျက်နှာလေးက ရပ်တန့်စေခဲ့သည်။မုကတော့ ခါးသပ်မှုတွေသာပေးနေတဲ့ ပျားသကာထဲကနေ မလွတ်မြောက်နိုင်သော ပျားလေးတစ်ကောင်လိုပင် ........။
Episode 26 Coming Soom
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" ဒီမှာပါ ဆရာ "
" ဟုတ်ကဲ့... ဆရာ "
" ဟုတ်ကဲ့ပါ အစ်မ "
" ကျွန်တော်တို့နဲ့ အသားတကြီးလိုက်ခဲ့ပေးပါ "
" ေအာင်စစ်မှူးလား "
" ဟုတ်ပါတယ် "
" ခင်ဗျား... ဒါဘာလုပ်တာလဲ "
်" တောက်! !! "
" ခင်ဗျားက သနားဖို့ကောင်းလို့လေ... မုကလှဲပွီး ချစ်ပေးမဲ့လူမရှိလောက်အောင် သနားစရာကောင်းနေလို့လေ "
" ဟုတ်တယ် ငါလို အရှုးကြီးက မုရဲ့ အချစ်ကိုယ်ရော သူမရဲ့ ကိုယ်တခုလုံးကိုရော အပိုင်ရပြီးတဲ့ ယောကျာ်းလေ... မင်းလို ကောက်ရိုးပုံစောငျ့တဲ့ ခွေးထက်တော့သာတယ် "
" ဘာ...တကယ်လား "
" လူနာ !! "
" ငါက သက်သာပါတယ် "
Advertisement
- In Serial45 Chapters
It's Only Another End of the World
Fate conspires to unite Cody, a grieving man who lost all he held dear, and Suzy, an eldritch abomination from beyond the stars. Together they attempt to save humanity from yet another end of the world. They will travel beyond time and space! They will face madness, violence and greasy food! They will laugh, cry and fight for the sake of all mankind. Spoiler: Spoiler They will also fail. This story will update infrequently for the last of its run. WARNING: This story contains violence, swearing, sex, many depictions of suicide and dark subject matter. Reader discretion is advised. This story is considered NSFW.
8 141 - In Serial31 Chapters
Noli Me Tank in a Mall
Noli Me Tangere and El Filibusterismo are important cultural works that ignited the Philippine Revolution against Spain. They are novels that exposed to the populace the abuses and the injustices of their Spanish colonial rulers, the hypocrisy of their priests, and inherent cruelty of their class structure over the powerless masses. Unfortunately, they rose up in the middle of the Spanish-American War, one which saw Spain lose most of their overseas colonies and decisively end as a World Power. The war ended in the 1898 Treaty of Paris, in which Spain also sold the Philippines to the USA for the sum of twenty million dollars. The revolutionary government was then crushed by the overwhelming military might of the United States and the Philippines turned into a territory. While the Philippines stands as the USA's greatest successes in nation-building, their early occupation left almost one-fifth of the population dead from combat and disease. Jose Rizal was executed by the Spanish long before knowing what might happen to his country. The world presented within The Noli and the El Fili is therefore stuck frozen in time, forever caught in that moment before a Revolution. Now let's see what happens to this nation if we give it the Light Novel treatment and jam the entirety of the Internet into their protagonist's skull and watch him try to fix things with his unfortunate tendency to sound like a supervillain. Updates Mondays and Fridays. Note: The Noli and El Fili have been public domain since 1946. This is completely fair game.
8 132 - In Serial67 Chapters
Lucky Peasant Woman: Raising kids and making wealth
Ater blowing up the car of her husband and his mistress. Gu Chunzhu a business entrepreneur, opened her eyes and transmigrated to Xiaohetou Village, Ming Dynasty which was not in history. Having a crippled husband, two small skinny children. A thatched house that seemed to collapse anytime and will leak when it rains. It won't be easy...Novel not mine. Translations by me. [NekoCat Translations] // Fan madeAuthor: Fish flavored pork.Originally a CN novel.Chinese title: 旺家農婦:養包子發大財Author: 魚香肉絲包Ranked #1 Ancient China - 05/25/20 #1 Dailylife - 05/28/20 #3 Novel - 06/03/20 #1 Novel - 06/14/20 #1 FemaleProtagonist - 7/17/20
8 235 - In Serial12 Chapters
Korea union is the son of nk (north Korea) and china. soviet reich is the son of ussr and nazi. In this world boys can give birth too and girls can produce sprems . this is the omega verse world. In this world there are three types of humans alpha beta and omega. alpha is the male type beta is the normal human type and omega is the female type female types means which can give birth. this is the love story between Korea union and soviet reich. soviet reich is uke and Korea union is seme this is my first time.
8 101 - In Serial19 Chapters
Taking A Risk
"Gen, I'm going to be real with you, Do I want to have sex with you? Fuck yes. You're drop-dead gorgeous and sexy as hell. And if you give me the green light right now, I'll take you to your bed and have you naked and screaming my name as I buried my dick so deep inside you that you'll be feeling be there for days," he said causing my body to instantly respond to his words.He inched closer until we were standing so close that his chest lightly brushed against mine. His woodsy scent invaded my nostrils my breathing became ragged as he leaned his head down his warm breath fanning my ear as his lips parted. I couldn't help the shiver that worked its way down my spine and the goosebumps that spread across my skin my heated skin."Hell, we might not even make it to your bed I might fuck you against the inside of this door instead," he whispered his lips lightly brushing my ear before he pulled back. He peered down at me a smirk lifting the edge of his lips telling me that this asshole knew exactly what he was doing to me.~~~~~~~~~~Genesis Van Allen was a senior in high school when tragedy struck her life leaving her broken and struggling to pick up the shattered pieces. Four years later, now a senior in college, she's no longer the girl she used to be. Spending her days either going to class, sketching new designs, watching tv, or reading. Just existing but never truly living until Brooks Heyward enters her life. Brooks Heyward is living his best life. As the star quarterback and captain of his college football team that he led to two National Championships, everyone on-campus worships him. After the girl he loved betrayed him years ago, he swore he would never put his heart on the line again. He's perfectly content to continue having a new girl in his bed every night. Until he meets Genesis. Will they both be able to shed the shackles of their past and take a risk on each other?(18+) This book will contain explicit sexual content.
8 163 - In Serial15 Chapters
A fire in my heart (httyd oc x toothless//male x male)
Strike lived a normal life, well. As normal a life as one of the few living night furies left alive could have. He was always hurt by other because of how he is. Always being attacked or ignored, or both.Until he meets toothless and his life changes forever.
8 73