《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 23 )
Advertisement
မျက်စိရှေ့က လူနှစ်ယောက်ကြောင့် ရင်ထဲတွင် ဖော်ပြစရာခံစားချက်များ မရှိ။ ဒေါသထွက်သင့်လာ မထွက်သင့်လာလဲ မသိတော့ပြီ။သင်းသန့်နှင့် ပြောတုန်းက မဖြစ်နိုင်ဘူးလို့ တွေးထားသည်မှာ အခုတော့ တကယ်လက်တွေ့များလား။ ဉီးကို အံ့ြ သစေချင်လို့ လာခဲ့သည့်မှာ အခုတော့ မုကိုတိုင်ပင် အံြ သနေရတော့သည်။မဖြစ်ပါစေနဲ့လို့ တတွတ်တွတ်ရွတ်ရင်း မေးခဲ့မိပြန်သည်။
" ဉီးနဲ့...ရှင်က ဘယ်လိုပတ်သတ်နေတာလဲ "
" သရဖီ မင်းဖြေရဲ ဖြေကြည့် "
" ကိုယ်ရယ် ကလေးကမေးနေတာကို ဖြေပေးရမှာပေါ့ "
သရဖီ အောင်စစ်မှူးပေါင်ပေါ်မှ ထပြီး မု၏ မျက်နှာကို စေ့စေ့ကြည့်ကာ ပြောလိုက်သော စကားလုံးများက....
" ငါက မင်းကို ပြန်မေးရမှာ အောင်စစ်မှူးနဲ့ ဘယ်လိုပတ်သတ်နေတာလဲ ကလေးမ "
" မု..မုက "
" မင်းမဖြေနဲ့...ငါဖြေပေးမယ် ငါကသူနဲ့ စေ့ စပ် ထား တဲ့ သ တိုး သ မီး ဒီအတောတွင်း သူဘေးမှာ ပျော်တော်ဆက် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပေမဲ့ အခုတော့ မလိုတော့ဘူး"
ပြောချင်ရာပြောပြီး အောင်စစ်မှူး ဒေါသကို သိတာမို့ သူရန်မရှာခင် သရဖီ ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။မုကတော့ စကားများရဲ့ထိုးနှက်မှုကြောင့် ထိုးနေရာမှ မရွေ့နိုင်။သူမကိုယ် သူမလည်း လူမှုရေးဖောက်ပြန်သူလို့ သတ်မှတ်ခဲ့မိသည်။အသက်မဲ့နေသော မုရဲ့မျက်နှာကြောင့် အောင်စစ်မှူးလည်း ဘယ်ကစရှင်းပြရမလဲ မသိတော့။
" ပျော်ရဲ့လား...မုကို ကလေးဆိုပြီး ဉီးတို့ ကစားပွဲမှာ လက်နက်အဖြစ်သုံးခဲ့ကြလို့ ပျော်ရဲ့လား... ဉီး "
" မမေးဘူးလား ဘာလို့လဲလို့ မုမေးသင့်တယ်လေ "
" မသိချင်ဘူး စကားလှလှလေးတွေနဲ့ အသနားခံမဲ့ အကြောင်းတွေကို လုံးဝမသိချင်ဘူး "
" မု! !! မုကိုယ်ကို ထုရိုက်ပြီးပဲဖြစ်ဖြစ် ပြောလိုက်ပါ အဲ့လိုကြီး တင်းမခံထားပါနဲ့ အားလုံးရှင်းပြမှာမို့ စိတ်ငြိမ်အောင်ထားပြီးနားထောင်ပေးပါ...မု ရယ် "
မုသူမစိတ်ကိုသူမ အတင်းဖိထားရင်း နာကျင်မှုကို မျက်ရည်နှင့်တောင် ပုံဖော်မပြခဲ့။မြိုသိမ်ထားတာများပါက ပိုနာကျင်ရတာမို့ အောင်စစ်မှူး သူကို အပြစ်တင်ပြီး ငိုယိုမေးစေချင်သောလည်း မုကတော့ တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းကို ကိုက်ရင်း မျက်နှာသာလွဲထားခဲ့သည်။မုလဲ စိတ်တွေအရမ်းရှုပ်နေ၍ ထိုနေရာကို ကျောခိုင်းသွားရန် ဆုံးဖြတ်လိုက်ကာ တံခါးဆီသို့ ကျောခိုင်းလှည့်ထွက်သွား၏ ။
အောင်စစ်မှူးလည်း နောက်ကနေ သူမလက်အား အတင်းကျပ်ဆွဲကာ Sofarပေါ်သို့ အတင်းပစ်ချလိုက်သည်။မုလည်း အတင်းဇွတ်ရုန်းပေမဲ့ သူမလက်နှစ်ဖက်အား လက်တစ်ဖက်ထဲဖြင့် အပေါ်သို့ မြှောက်ကာ ထိန်းချုပ်ထားလိုက်၏ ။မုကတော့ တခါမှမကြည့်ဖူးသည့် စိတ်ပျက်သောအကြည့်များနှင့်သာ။ထိုအကြည့်တို့က သူ၏ရင်ကို တဆစ်ဆစ်နာကျင်စေသည်။
" ဒါဘာလုပ်တာလဲ အခုချက်ချင်း မုကို လွတ်ပေး "
" မုမင်းမှာ...ကိုယ်ကို ကျောခိုင်းခဲ့တာက လဲွဲပြီး ကျန်တာ ရွေးချယ်လို့ရတယ် "
" ဘာလဲ မုကိုလဲ ဉီးအမေလိုမျိုး နောက်မယားငယ်တော်ချင်လို့လား "
" မု...မင်း! !! ဒီစကားကို ငါမင်းမို့လို ခွင့်လွတ်တာနော် ကိုယ်ကို မေးပြီး ရှင်းပြခိုင်းပေါ့ ဟိုမိန်းမစကားကိုပဲ နားထောင်ပြီး ကိုယ်ရှင်းပြတာကြတော့ ဘာလို့လဲ "
" လွတ်ပေး.... ဉီးအနားမှ ခဏလေးတောင် မနေချင်တော့တာမို့ လွတ်ပေးပါ "
" မု မင်းသိလား ငါနှလုံးသားက အလွယ်တကူ ပေးမဝင်သလို အသာတကြီးလဲ လွတ်မပေးတတ်ဘူး "
အမြဲ မုအပေါ် ကြင်နာယုယခဲ့သမျှ အခုတော့ သူမကို ကြမ်းတမ်းမိတော့သည်။ဒီကိစ္စလေးသိတာတောင် သွေးပျက်နေတဲ့ မုအား တောင်းပန်မှုထပ် မိုက်ရှုးရဲဆန်မှုကိုသာ သုံးရတော့မည်။Sofarပေါ်တွင် လဲနေသော မုပေါ်သို့ သူရဲ့ အင်အားကြီးသော Bodyဖြင့် အုပ်မိုးလိုက်သည်။မျက်နှာနားသို့ ကပ်လာသော တခါမှမရဖူးသည့် ဆေးပြင်းလိပ်နံကြောင့် မု နှာခေါင်းရှုံလိုက်သည်။မုရဲ့ မျက်နှာထားကြောင့် အောင်စစ်မှူး မျက်မှောင်တချက်ကြုံကာ သူမငြင်းဆန်သော အနမ်းများကို မရမကပေးတော့သည်။နှုတ်ခမ်းအား အလွတ်မပေးပဲ နမ်းရုံဖြင့် မတင်းတိမ်နိုင်သေး ပူနွေးသော လျှာဖျှားတို့က မု နှုတ်ခမ်းထဲထိ ဝင်ရောက်ကာ သူစိတ်တိုင်းကျ လျှာဖျားတို့အား စုပ်ယူနေတော့သည်။ရုံးခန်းထဲတွင်လဲ ရမက်နံသင်းသော အနမ်းသံများ အပြည့်။သူကိုယ်အောက်တွင် မုကတော့ ရုန်းကန်တွန့်ထိုးနေ၏ ။သူမကိုယ်တွင့် စွတ်ထားသော လာဗင်ဒါပန်းရေမွှေးနံ့သင်းသင်းလေးကလဲ နားခေါင်းထဲတို့ဝင်လာသည်။အချိန်နေရာကိုတောင် မရွေးနိုင်တော့သည်အထိ သူမကိုယ်ကို တက်မက်မှုက ပြင်းထန်လာတော့သည်။
ခါတိုင်းနှင့်မတူသော ထိတွေ့မှုတွေကြောင့် မုရဲ့နှလုံးသားထဲကနေ လှိုက်လှဲစွာဖြင့် မျက်ရည်များ ဆင်းသက်လာ၏ ။သူမရဲ့ တုန်ရီပြီး ချွေးထွက်နေသော လက်တို့တွင် လက်ငါးချောင်းရာက ထင်းနေတာကြောင့် လက်လွတ်ပေးလိုက်သည်။ထိုသို့ လွတ်ပေးလိုက်ခြင်းက အောင်စစ်မှူးအတွက် မဟာအမှားဖြစ်လာခဲ့သည်။
" ဉီး...အတင်းဆက်လုပ်နေမယ်ဆိုရင် ဒီအခန်းထဲမှာ မုသွေးတွေ ပြည့်သွားလိ်မ့်မယ်နော် "
" မု..မု အဲ့လို တဇွတ်ထိုးမလုပ်ပါနဲ့ "
အောင်စစ်မှူး သူအလိုရှိရာကိုသာ မဲနေသည်မို့ လက်လွတ်ပေးချိန် မုစားပွဲပေါ်က ဖောင်တိန်လှမ်းယူတာကို မတွေ့လိုက်။မင်ဖြည့်ပြီး ရေးရသော ဖော်တိန်ဖြစ်တာကြောင့် ထိပ်ရဲ့ ချွန်ထက်မှုမှာ ပြောစရာမလို ။ဖောင်တိန်အား သူမလည်ပင်းသို့ ပြန်ထိုးကာ ခြိမ်းခြောက်လိုက်သည်။တဇွတ်ထိုးဆန်သော လုပ်ရက်အား မုခြိမ်းခြောက်မှုဖြင့် တားဆီးလိုက်သည်။ လူတကာရဲ့ သွေးတွေပြည့်လျှံရင်တောင် မတုန်လှုပ်တဲ့ အောင်စစ်မှူးမှာ အခုတော့ အရှုးမီးဝိုင်းသလိုပင်။သူမအနားကနေ အမြန်ခွာပြီး ရပ်ဖို့ကိုသာ တောင်းဆိုနေမိသည်။နာကျင်မှုတွေကို လက်ထဲက ဖောင်ထိန်ဆီ အားထည့်ကာ လည်ပင်းတွင် သွေးစို့နေတာကိုတောင် ရင်ထဲကနာကျင်မှုလောက် မပြင်းထန်ခဲ့။အမြဲအပြုံးသရဖူဆောင်းထာသော သူမဟာအခုတော့ ကိုယ်ကြောင့် ငိုကျွေးနေရပြီ။
" ဒါလား..ဉီး ရှင်းပြမယ်ဆိုတာ ဒီလိုမျိုး အတင်းအနိုင်ကျင့်တဲ့ပုံစံမျိုးကိုပြောတာလား မုကို လေးစားမှုလေးတောင် မထားပေးဘူး "
Advertisement
" မဟုတ်ဘူး...အဲ့လို မဟုတ်ဘူး "
" ဟားဟား ဟား မုကို အရှုးလို ကစားနေကြတာပေါ့ ဟမ် "
ကျယ်လောက်စွာ ရယ်မိနေပေမဲ့ နှလုံးသားကတော့ တစတစနဲ့ ကြေမွနေခဲ့ပြီ။
" သရဖီနဲ့ စေ့စပ်ခဲ့တာက အကြောင်းပြချက်တစ်ခုကြောင့် ကိုယ်တို့ဆက်ဆံရေးကလဲ မုတွေးထားသလိုမဟုတ်ဘူး အဲဒါကြောင့်မို့ လက်ထဲက ဖောင်ထိန်ကို ချထားလိုက်တော့နော် "
" အဲ့အကြောင်းပြချက်ကို မလိမ်ပဲ မုကို ပြောပြနိုင်လား "
" ကိုယ်က...ကိုယ် "
အောင်စစ်မှူး သူအကြောင်းမှန်ကိုတော့ ပြောပြရန် အစီစဉ်မရှိ။
" မပြောနိုင်ဘူးမလား... အမြဲ လျို့ဝှက်ထားတာသိပေမဲ့ မုမမေးခဲ့ဘူး နာကျင်မှာဆိုးလို့ မမေးလဲမမေးရဲခဲ့ဘူး ဝမ်းနည်းစရာတွေ ဖြစ်နေမှာဆို့လို့ အဲ့တာကို ငတုံးလို့ တွေးနေတာလား "
" ကိုယ်ပြောရင်ရော မုက လက်ခံပေးမှာလား "
" အရင်ကဆိုရင်တော့ မုလက်ခံလိုက်မယ် အခုတော့ မုတို့ ရှေ့ဆက်ဖို့ အကြောင်းကို ပြန်စဉ်းစားကြတာပေါ့ "
" ကိုယ်သဘောတူတယ်... မုစိတ်အဆင့်သင့်ဖြစ်တဲ့နေ့ကျရင် ကိုယ်ကိုလာတွေ့ပါ ကိုယ်စောင့်နေမယ်...အဲ့တာကြောင့်မို့ အခုတော့ လက်ထဲကဟာကို ချထားလိုက်ပါတော့ "
သူမကသာ မသိတာ လည်ပင်းကို ထိုးစိတ်ထားသည့်မှာ သွေးများပင် ထွက်ကာ သူပေးထားသော လည်ဆွဲလေးမှာတောင် သွေးပေနေသည်မို့ အောင်စစ်မှူး မျက်ရည်များပင် ဝဲလာတော့သည်။နှစ်ယောက်စလုံး အရမ်းချစ်ကြသည်မို့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း အရမ်းလည်း နာကျင်နေရသည်။မုလဲ လက်ထဲမှ ဖောင်တိန်ကို လွတ်ချပြီး အောင်စစ်မှူးရဲ့ မြင်ကွင်းအောက်ကနေ ထွက်ခွာသွားခဲ့သည်။ သူမရဲ့ နောက်ကျောကိုကြည့်ရင်း ရုံးခန်းထဲမှ ရှိသမျှ အရာအားလုံးကို ဖျက်ဆီးရိုက်ခွဲ၍ ဝန်ထမ်းများပင် ချောင်းမကြည့်ရဲကြချေ။
အပြန်လမ်းတွင် မုလည်း ငိုပွဲဆင်နေခဲ့သည်။ကားဂိတ်မှာထဲက ငိုခဲ့သည်မှာ ကားပေါ်ရောက်တဲ့ထိမတိတ်။ဘေးကလူများကပင် ကွက်ကြည့်ကွတ်ကြည့် လုပ်နေကြသည်။အိမ်ရောက်တော့ သူငယ်ချင်းမများမရောက်ကြသေးတာမို့ မုကံကောင်းသွားသည်။သူတို့ရှိရင် မုအကြောင်းမေးပြီး ဝိုင်းပူပေးကြတာမျိုး မုမလိုချင်။ရေချိုးခန်းထဲဝင်ပြီး ရေချိုးရင်းနဲ့တောင် မုငိုကျွေးမိပြန်သည်။အရမ်းချစ်မိခဲ့သော ထိုအမျိုးသားဟာ သက်ဆိုင်သူရှိနေတာတောင် သူမလက်မလွတ်နိုင်တာက ပိုခံစားရခက်စေသည်။အချစ်ဆိုတဲ့ အရာဟာ သိပ်ကြောက်ဖို့ကောင်းတယ်လို့သာ တွေးမိသည်။ငိုပါများလို့လားမသိ မျက်လုံးများကြိမ်းကာ မူးဝေလာသောခေါင်းတို့က အမှောင်ထုဆီသို့ ခေါ်ဆောင်သွားသည်။
°°°°°°°°°°
" မုမု...သတိရပြီလား "
" ကောင်မရယ် ကိုယ်ကိုလဲ ပြန်ကြည့်အုံး အရိုးခြောက်ကတောင် အမေခေါ်ရလောက်တယ် အခုလဲ ရေချိုးခန်းထဲမှာ မေ့နေတာ ငါတို့အချိန်မှီဆေးရုံ ခေါ်လာလို့ပေါ့ "
" ဒီဒီ ဆရာဝန်က ဘာပြောလဲ "
" စိ်တ်ဖိစီးမှုများပြီး အာဟာရပျက်လို့ ဖြစ်တာတဲ့ အခုသွင်းထားတဲ့ဆေးကုန်ရင် ပြန်လို့ရပြီတဲ့ "
မုမနေ့က ရေချိုးခန်းထဲမှာနေရင်း နောက်ပိုင်း ဘာမှမသိတော့။အခုမှ အိပ်ရာကနိုးသလို မျက်လုံးဖွင့်လိုက်တာနဲ့ ဆေးပိုက်တန်းလန်းနဲ့ ဟိုသုံးယောက်ကိုမြင်မှ မုမေ့လဲပြီး ဆေးရုံရောက်နေမှန်း သိခဲ့ရသည်။
" နင်တို့ငါကြောင့်နဲ့ အလုပ်ပိုကုန်ပြီ "
" ငါပြောပါတယ် ဝတ်စုံပြင်ရင်တောင် အစားမှန်မှန်စားပါလို့ နင်ကို ငါပြန်လာမှပဲ ဆက်ဆူတော့မယ် အခုကျောင်းနောက်ကျနေလို့ Bye "
" မမလဲ သင်းသန့်နဲ့ လိုက်သွားတော့လေ အလုပ်ရှိတယ်မလား ဒီဒီ...မုမု ဆေးရုံဆင်းဖို့ကူပေးလိုက်မယ်"
" အဲ့လိုလုပ်လို့ရလား ဒါဆိုသွားပြီးနော် "
" ကောင်းကောင်းသွားကြအုံး "
မု သူငယ်ချင်းကောင်းတွေရထားတာပါ။ညနေလောက်ထဲက မုကို ဆေးရုံတင်ပြီး လူနာဆောင်မှာမထားပဲ ရှိတဲ့ပိုင်ဆံလေးတွေစုပြီး အခန်းငှားပေးကြသည်။တညလုံး ဆေးရုံစောင့်ထားသည်ကို သူတို့မျက်ကွင်းညှိလေးများက သက်သေပြနေသည်။အခုလည်း စိတ်တပူတပင်နဲ့ မုကို စိုးရိမ်ပေးနေကြသေးသည်။ခုလည်း ဒီဒီမက ဆေးသွင်းပြီးတာနဲ့ ဆေးရုံဆင်းဖို့ အားလုံးသူကပဲ လုပ်ပေးသည်။ဆေးရုံအပေါက်ဝရှေ့ရောက်တော့ ဒီဒီ ဖုန်းက ခဏခဏမြည်နေသည်ကို မုသတိထားမိလိုက်သည်။
" ဒီဒီ "
" အေးပြောလေ "
" နင်ချိန်းထားတာရှိတယ်မလား "
" မရှိပါဘူးဟ "
" ငါကိုယ်ဘာသာကိုယ်ပြန်လိုက်မယ်...ခုလည်း သက်သာနေပြီကို လူမာမာလို မဆက်ဆံပါနဲ့ "
" အဲ့တာဆို ငါသွားလို့ရလား "
" ရပါ့ သွား "
" Aww ငါမေ့သွားတာပဲ နင်မှာ Daddy ကြီးရှိနေတာကို သူခေါ်လို့လဲ ရသားပဲ "
ဒီဒီစကားကို မု အပြုံးနဲ့သာ တုံ့ပြန်ခဲ့သည်။သူမ အခုလိုဖြစ်တာသာ ဉီးသိပါက ချက်ချင်းရောက်လာမှာပေမဲ့ မုကတော့ မသိစေချင်။Taxiငှားပြီး ပြန်ဖို့လုပ်နေတုန်း အမည်မသိဖုန်းcall တစ်ခုဝင်လာခဲ့သည်။
" Hello "
" နန်းမုဒြာဖုန်း မသိဘူး "
" ဟုတ်ပါတယ်...ဘယ်သူများလဲ မသိဘူးရှင့် "
" တို့ပါ သရဖီ "
" ကျွန်မဖုန်းနံပါတ်ကို ဘယ်ကနေရတာလဲ "
" အဲ့တာ အရေးကြီးလို့လားကလေးမ... မင်းလိုချင်တဲ့ အကြောင်းပြချက်ကို တို့ပေးနိုင်တယ်ဆိုရင်ရော "
" ရှင် ကျွန်မ ဉီးနဲ့ပြောတဲ့ အကြောင်းတွေကို ဘယ်လိုသိနေရတာလဲ "
" နံရံတိုင်းမှာ နားတွေရှိတယ် မင်းလိုကလေးတွေ နားမလည်နိုင်ပါဘူး မင်းသိချင်ရင်လာခဲ့ မသိချင်ရင် မလာနဲ့ "
" ကျွန်မလာမှာပါ ပြီးတော့ ရှင်ကိုလဲ ရှင်းရှင်းလင်းလင်း သိစေချင်တာရှိတယ် "
" ကောင်းပြီလေ... ငါပို့လိုက်တဲ့အတိုင်း လာခဲ့ "
အမှန်တော့ အောင်စစ်မှူး မနေ့ညက သရဖီ ကွန်ဒိုထိသွားခဲ့သည်။တံခါးဖွင့်တာနဲ့ သူမကို ဆံပင်မွေးစောင့်ဆွဲကာ မျက်နှာအား လက်သီးဖြင့်ထိုးလိုက်သည်။မုနာကြည်းစွာ ကြည့်လိုက်သည့် အကြည့် သူမရဲ့လည်ပင်းကို ထိခိုက်စေမှု ဝမ်းနည်းငိုကြွေးစွာ မေးခဲ့သော သူမရဲ့ နာကျင်မှုပုံရိုပ်တွေကို ပြန်မြင်ယောင်၍ သရဖီအား တရွတ်တိုက်ဆွဲကာ အထပ်မြင့်တိုက်တန်းပေါ်မှ တွန်းချဖို့အထိ လုပ်ခဲ့သည်။မုကို သူကိုယ်တိုင်တောင် မထိရက်မကိုင်ရက်သည်အထိ ချစ်တာကို သရဖီဆိုသော မိန်းမက သူမအားနာကျင်အောင် လုပ်သည်ဟုမှတ်ယူကာ အောင်စစ်မှူး ထိုးနှက်ရိုက်ပုတ်ပြီး သတ်ဖို့ လုပ်ခဲ့သည်။သို့်သော် ကိုလင်း၏ ဝင်ရောက်တားဆီးမှုကြောင့် အသက်မသေခဲ့။သရဖီလဲ သူမအတွက်လမ်းဆုံးရောက်နေသည်မို့ မုကို အောင်စစ်မှူးအကြောင်း အကုန်ပြောပြီး မစားရတဲ့ အမဲသဲနဲ့ ပတ်ဖို့သာ လုပ်ခဲ့သည်။
Advertisement
ဆိုင်ထဲဝင်လိုက်တာနဲ့ မျက်မှန်အမဲတပ်ကာ Mark တပ်ထားသော သရဖီကိုတွေ့လိုက်ရသည်။ခါတိုင်းဆို အပေါ်မလုံရင် အောက်မလုံဝတ်တတ်သော သရဖီက ဒီနေ့တော့ သူမကိုယ်သူမ အလုံထုပ်ထား၏ ။ ထိုင်ခုံတွင် ဝင်ထိုင်ကာ နှလုံးသားတစုံအတွက် မိန်းမနှစ်ဉီး စစ်ခင်းနေရသည်။
" မင်းကြည့်ရတာ ပြောစရာရှိတဲ့ပုံပဲ "
" ရှိတာပေါ့...ကျွန်မ ဉီးကို လုံးဝလက်မလွတ်ပေးဘူး စေ့စပ်ထားတယ်ဆိုရင်တောင် ကျွန်မ ဉီးကို ချစ်တယ် "
" အမယ်လေး...တကယ်ကို အချစ်ကိုရှုးမိုက်နေတဲ့ ကလေးမလေးပဲ မင်းကချစ်နေရုံနဲ့ ငါနေရာကို ဝင်နိုင်မယ်ထင်နေတာလား "
" အခုမှပဲသိတော့တယ်...ရှင်ဘာလို့ ဉီးဆီကနေအချစ်ကို မရလဲဆိုတာ ငွေကြေးနဲ့ ဂုဏ်ပုဒ်ကို မက်နေတဲ့ မိန်းမကလဲ ကျွန်မလို အချစ်ခံရတဲ့နေရာမျိုး ဝင်နိုင်မယ်ထင်လား "
" ငါမင်းကို အခုပြမဲ့ဟာကို မြင်ရင် မင်းသူကို ဆက်ချစ်နိုင်ပါအုံးမလား "
" ရှင်...ဘာကို ဆိုလိုတာလဲ "
" မင်း ဒါကိုတွေ့ပြီရင် သူဘေးမှာ ငါလို မိန်းမကပဲ ရှိနေနိုင်မယ်ဆိုတာကို လက်ခံသွားလိုက်မယ် "
Episode 24 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" သရဖီ မင်းဖြေရဲ့ ဖြေကြည့် "
" မု..မုက "
" မုမင်းမှာ...ကိုယ်ကို ကျောခိုင်းခဲ့တာက လှဲပွီး ကျန်တာ ရွေးချယ်လို့ရတယ် "
" ဉီး...အတင်းဆက်လုပ်နေမယ်ဆိုရင် ဒီအခန်းထဲမှာ မုသွေးတွေ ပြည့်သွားလိမ့်မယ်နော် "
ကျယ်လောက်စွာ ရယ်မိနေပေမဲ့ နှလုံးသားကတော့ တစတစနဲ့ ကွှေမှနခေဲ့ပွီ။
" ကိုယ်က...ကိုယ် "
" မုမု...သတိရပြီလား "
" ဒီဒီ ဆရာဝန်က ဘာပြောလဲ "
" စိတ်ဖိစီးမှုများပြီး အာဟာရပျက်လို့ ဖြစ်တာတဲ့ အခုသွင်းထားတဲ့ဆေးကုန်ရင် ပြန်လို့ရပြီတဲ့ "
" ဒီဒီ "
" အေးပြောလေ "
" မရှိပါဘူးဟ "
" ရပါ့ သွား "
" Hello "
" တို့ပါ သရဖီ "
Advertisement
- In Serial67 Chapters
I Fell For My Nemesis
Cake artist by day, villain by night! Avery West is a woman on a mission to take down the conglomerate run by the man that killed her father. The problem? She might be in love with Mercury, the dashing hero trying to stop her. Juggling her feelings and her goal is no cakewalk but she is determined that her revenge will be sweet!
8 300 - In Serial28 Chapters
Two Broken Roads
Two families have tragically broken apart. Ben and Laura struggle to find a new path from each other's broken relationships.
8 201 - In Serial74 Chapters
The Chronicles Of The Council #1: The Sun's Tears
The parallel lives of two princesses living a millennium apart are bound together in the most unlikely of ways. Princess Aebbé of Ardam, haunted by memories of a flash of lightning and burning flesh, returns to her home amidst a seemingly hopeless war. But all is not as it seems in Raven's Peak, and the greatest danger to Ardamland may be from within. More than a millennium later Laelia Darkwood, princess of the elves, feels that she doesn't truly belong in ArBrae Forest. Her fears are solidified by a series of events that would challenge the foundations of her understanding of who she is. Khairrim Cadeyrn, the Second of the Council, protects countless secrets. As Lord of Water and Elves, he knows what happened to the dragons, what lead to the murder of the Seventh of the Council, and the dark secrets behind King Ardam's successful conquests. However, his biggest secret is the one his family, The Council, and Ligtland must never discover.How do events more than a millennium apart tie together? Why does no-one know why Aebbé of Ardam was cursed? Will Laelia unravel the mystery of the loss that is evident in Khairrim's blue eyes? ***Sometimes in order to find your path you have to get lost; sometimes you need to build the path; and sometimes your path is destined to lead you to places and people you never knew you lost.***The Chronicles of the Council - Book 1***Highest rankings:13 in #fantasy 10 April 20199 in #fantasy 6 July 201920 in #highfantasy 6 July 201916 in #fantasyadventure 6 July 2019 Featured on Wattpad's High Fantasy reading listWinner of The Disco Awards 2019
8 195 - In Serial51 Chapters
Books, Tattoos & Other Inky Things
When aspiring writer Nella has a wild night, her hook-up with the sexy and tattooed Baz turns into a wild goose chase when she realizes she lent her only handwritten copy of her first novel to him - and it's gone missing. ******Grad student Nella has always been overly cautious, but after meeting the charismatic tattoo artist Baz, she can't resist hopping into bed with him for a night of passion. The next morning, she's shocked to remember she loaned him the manuscript of her first novel, forcing them to reconnect so she can get it back. There's just one problem: Baz tells her the manuscript has gone missing. Forced to team up with Baz to investigate who took it, she soon finds herself catching feels instead of culprits. Can Nella trust the mysterious Baz, who remains guarded about his past? Will they be able to recover what was lost, and turn their tension into something more? Or is she living in a fantasy just as magical as her manuscript?2021 Wattys Winner--RomanceContent warning: This story contains mature sexual content and themes of alcohol abuse and emotionally manipulative relationships.
8 556 - In Serial36 Chapters
HIDDEN {Taekook}
Where Jungkook and Taehyung are hiding their love because no one should know that the prince is dating a simple peasant. _______________________________________-Top kook.-Bottom Tae.-Warewolf. -Royalty.~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Hope you enjoy 🙏*Ended on 16/01/2021
8 150 - In Serial8 Chapters
ROSILLA ONE-SHOTS
Annalise Villa and Beaumont Rosewood Jr took a loooong time toact on their feelings for one another. These chapters are mostlyalternate universe with some canon mixed in. Chapters withadult language or 'smut' are clearly marked.
8 180