《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She (Episode 19 )
Advertisement
မနက်ခင်းရဲ့ ရောင်နီဉီးထွက်ချိန်မှာ အောင်စစ်မှူး လစ်ဟာနေတဲ့ အိပ်ရာကြောင့် ဘီလူးသဘတ်စီးသလို မျက်လုံးအစုံပြူးလျက် နိုးထလာသည်။ မုကို ထရှာမည်အလုပ် ဝမ်းဗိုက်ကြွက်သားပေါ်က လေးလံတာကြောင့် စောင်ကိုဖယ်ကြည့်မိသည်။သူ၏ ဗိုက်ကို ခေါင်းအုံးလုပ်ခါ ပုစွန်ထုပ်လေးလိုကွေးနေတဲ့ မုကြောင့် တလောကလိုပိုင်သွားသလို ပြုံးမိပြန်သည်။ဗိုက်ပေါ်အိပ်နေသည်မှာ ပါးလေးပင် အစ်ထွက်နေသည်။ထိုကလေးမက မချစ်ပဲမနေနိုင်အောင် ပြုစားထားလေသလား။
" Hotpot. ...zzzz စားချင်တယ် မမရဲ့Hotpotလေး"
" အိပ်နေတာတောင် ယောင်လို့ပါလား "
ဗိုက်ပေါ်က သူမကို ပေါင်ပေါ်ပွေ့တင်ပြီး ထိုင်လိုက်တော့သည်။ယောင်နေတဲ့ မုအား အနမ်းဖြင့်နိုးလိုက်တော့သည်။ ဆံနွယ်မှ နဖူး နှာတံလေးမှတဆင့် နှုတ်ခမ်းနုနုအား နမ်းရှိုက်လိုက်တော့ ကိုယ်လေး အနည်းငယ်လှုပ်လာသည်။နိုးတော့မနိုးသေးပေ။ အောင်စစ်မှူးလည်း မုကို ခေါင်းအုံပေါ် ယွယွလေးတင်ပေးပြီး အခန်းထဲမှ ထွက်လာခဲ့၏ ။ အချိန်ကိုကြည့်လိုက်တော့ မနက်ကိုးနာရီ ဖြစ်နေပြီမို့ ကိုလင်းအား ဖုန်းဆက်ပြီး စီစဉ်ခိုင်းရတော့သည်။
" ကိုလင်း......Sapက ကျွင်းကျင်တဲ့ ဝန်ထမ်း 5ယောက်ရယ်Make up ဆရာ 3ယောက် Hair designer 2ယောက်ပြီးတော့ ဝက်စုံစမ်းဝတ်ဖို့ ဝန်ထမ်းတွေကို ငါအိမ်နေ့လည်အရောက် ပို့ပေး အကုန် အမျိုးသမီးပဲ ဖြစ်ရမယ်နော် "
" ဟုတ်ကဲ့...ဆရာ ပွဲကို သရဖီရောလာမှာ ဘယ်လို စီစဉ်လိုက်ရမလဲ "
" သူကိုတော့ငါ အလုပ်ရှိလို့.....နောက်ကျမယ်လို် ပြောပြီး တစ်ယောက်ထဲ...လွတ်လိုက် "
" အားလုံးကို အဆင်ပြေအောင် စီစဉ်လိုက်ပါ့မယ် "
" ငါမင်းကို ယုံတယ် အဲ့တာဆိုဒါပဲ "
နေတောင်မြင့်နေပြီကို အခန်းထဲက မျောက်မလေးက မထသေးတာကြောင့် အစားနှင့်နိုးဖို့ စီစဉ်လိုက်သည်။ Foodpanda ကနေ မနက်စာတွေမှာလိုက်တာသိဖို့ ဘယ်သူကိုမှ စားစရာမပြင်ဘူးတာတောင် သူအတွက်တော့ သေချာပြင်ပြီး စောင့်နေမိသည်။မှန်းထားသည့်အတိုင်းပင် မျောက်မလေးက နှာတရှုံရှုံဖြင့် ဆင်းလာပါသည်။
" Morning.... ဉီး "
" Morning "
" OMG! !! မနက်စားက တကယ်ကို ရှယ်ပဲ ပေါက်စီ အသားပေါင်း ခေါက်ဆွဲဆီချက် Pucci cakeတွေရော အမယ်လေး ငါအသဲလေးတွေ စားရတော့မယ် "
" မု....မျက်နှာသစ်ပြီးပြီလား "
" ဟီး..ဟီး မသစ်လို့မရဘူးလား "
" မရဘူး "
" မေမေလဲ အမြဲအဲ့လိုပြောပေမဲ့ မုသုံးနေကျနည်းအတိုင်းသုံးရင်...မေမေတောင် ပျော့သွားတာ လာထား မုမုရဲ့ super power ကွ "
မုသူမ အမေကို လုပ်နေကျအတိုင်း အောင်စစ်မှူး ပါးကို ဆွဲညစ်ပြီး အတင်းနမ်းပြစ်လိုက်တော့ ရင့်မာပြီး ထုရင်တောင်မကွဲအက်တဲ့ နှလုံးသားကြီးဆီမှ စည်သံများမြည်ဟီးလာသည်။အနားလာ ဇွတ်နမ်းပြီး ထသွားတဲ့ မုကို ပေါင်ပေါ်အတင်းထိုင်ခိုင်း လိုက်၏ ။
" မျောက်မလေး...... နမ်းပြီးဘယ်ပြေးဖို့လဲ "
" မနက်စားစာမို့ "
" မထရဘူး...ကိုယ်ပေါ်မှာပဲ စားရမယ် "
" အဲ့လိုလုပ်လဲ မုကတော့ စားမှာပဲ "
" အဲ့တာဆို..... မု ပြဿနာပြီးပြီလာ ပြီးရင် ဒီညကိုယ် မုကိုပြန်စားမယ် "
နားကိုကပ်ပြီး ဆွဲဆောင်နေတဲ့ စကားလုံးရဲ့ လေယူလေသိမ်းဟာ မုရဲ့ နှားနှင့်ပါးကို မီးလာဟက်သလိုပင်။ပါးစပ်ထဲမှ စားထားသမျှတောင် သီကုန်သည်။တိတ်ဆိတ်ပြီး စားပဲစားနေပုံထောက်ရင် မုရဲ့ပြဿနာ မရှိတော့ဘူးဆိုတာ သေချာသွားပြီ။
" တခုခုသောက်အုံး.... ဒီလောက်သီနေတာကို ဘာသောက်မလဲ "
" အဟွတ်...ဟွတ်... Milk Cream မပါတာလေး "
" နို့သောက်ထားကမှာပေါ့ အားရှိအောင် "
" မုန့်တွေ ဝယ်ထားပြီး....မစားစေချင်ဘူးလား လူကို မစားနိုင်အောင် "
" အဲ့တာတောင်.... မကျွေးဖို့ စီစဉ်ထားပေမဲ့ ညက အင်ကျီလှန်ကြည့်တော့... အရိုးပျိုင်းပျိုင်းကြနေလို့ ကျွေးတာ "
" ဘာ...ဘာကြီး! !!! မု ကို ဉီး လူကြီးလူကောင်း မပီသဘူး "
" အဲ့လို...မဟုတ်ရပါဘူး ဝတ်စုံတော်မတောင် စစ်ဆေးတာ"
" လူလိမ်ကြီး "
( တင်းဒေါင်.....တင်း....ဒေါင် )
" ရတယ်....စားနေ ကိုယ်သွားဖွင့်လိုက်မယ် "
မု စားနေတဲ့ လက်ထဲက ပေါက်စီပင် လွတ်ကျလောက်အောင် အောင်စစ်မှူးကတော့ အထူးဆန်းတွေ လုပ်ချလိုက်သည်။အိမ်ထဲဝင်လာတဲ့ အလှပြင် ဝန်ထမ်းအမျိုးသမီးများက အိမ်ထဲ့ရောက်တာနဲ့ မုကို 90လောက် ကုန်းကာ တရိုတသေနှုတ်ဆက်ကြသည်။မု အောင်စစ်မှူးကို လက်ကဆွဲပြီး ထောင့်တနေရာ ခေါ်မေးတော့ လုပ်ချင်ရာလုပ်ပြီး အောင်နိုင်သူလို ပြုံးပြနေလေသည်။
" ဉီး..ဘာတွေလုပ် ထားတာလဲ "
" ပွဲအတွက်လေ ကိုယ်ရဲ့ မျောက်မလေးကို မိဖုရားအဖြစ်ပြောင်းပေးဖို့ "
" ပြောတော့...အရေးမကြီးဘူးဆို "
" ကိုယ်တွက် အရေးမကြီးပေမဲ့ မုကတော့ မတူဘူး တော်ပြီ....မမေးနဲ့တော့ အခုမပြင်ရင် မမှီတော့ဘူး "
်" ဉီး...မု မပြင်ချင် "
" အာလုံးပဲ မုကို အကောင်းဆုံးပြင်ပေးရမယ် တခုခုလွဲတာနဲ့ မင်းတို့ စာအိတ်ကိုင်ပြီး မပြန်ချင်ရင်ပေါ့ "
" ဟုတ်ကဲ့ပါ သူဌေး "
" မု အလှပြင်ပြီး စောင့်နေနော်...ကိုယ်ညနေလာခေါ်မယ် "
" ဉီးက ဘယ်သွားမို့လဲ "
" ကိုယ်လဲ သွားပြင်ဆင်ရမယ်လေ "
ဉီးထွက်သွားတာနဲ့ အားလုံးက မုကို အရုပ်တရုပ်လို့ စိတ်တိုင်းကျ ပြင်ဆင်ခြယ်သကြ၏ ။မုကတော့ သူတို့ပြုသမျှ နုနေရတော့သည်။ဝိုင်းပြင်နေကျလို့ စိတ်ရှုပ်ရပေမဲ့ စိတ်ထဲမှာလဲ ဒါမုလိုချင်တဲ့ အချစ်မျိူးမှ မဟုတ်တာလို့ တွေးမိပြန်သည်။အချိန်တော်ကြာ အလှစီခြယ်ပြီးတော့မှ မု ကိုယ်လုံးပေါ် မှန်ရှေ့တွင်ရပ်ကာ ကြည့်နေမိသည်။ဒါငါမှ ဟုတ်ရဲ့လားပေါ့။
Advertisement
အဖြူရောင် ပိုးသားအိအိ ဂါဝန်လက်တကြိုးက မုရဲ့ ပခုံးသေးသေးလေးနှင့် လိုက်ဖက်နေသည်။အရပ်ရှည်တာကြောင့် ဂါဝန်ကိုယ်ကျပ်အရှည် ဝတ်ထားတာသည်မှာ Red Carpet လျှောက်မည့် မင်းသမီးလိုပင်။အောင်စစ်မှူးလို လူကြီးတယောက်နှင့် ပွဲတတ်ရမည်မို့ လူကြီးဆန်အောင် ဆံပင်ကို အောက်ခြေအနိမ့်လေး ထုံးပြီး အလယ်ခွဲ ဆုံမိတ်အလိမ့်လေးကို ရှေ့ချကာ ကြာပန်းပုံ ကျောက်စိမ်းဆံထိုးလေးဖြင့် ဆင်မြန်းပေးထားသည်။ ဂါဝန်လက်တလုံးလေးရဲ့ ကြိုးမှာလည်း အဖိုးတန် ပရင်းကျောက်ကြိုးလေးပင်။ရိုးရှင်တဲ့ အဖြူထည် ဝတ်စုံလေးကိုမှ တန်ဖိုးကြီးရတနာများနှင့် တန်ဆာဆင်ထားတော့ တကယ်ကို ငွေနှင်းစက်ရောင် ငန်းဖြူမလေးလိုသာ......။
နောက်ကျောမှ သူမရဲ့ ပခုံးနုနုလေးကို လာရောက်နမ်းရှိုက်မှုကြောင့် မုန်ထဲကိုကြည့်လိုက်ခါမှ တကယ်ကို နတ်ဘုရားတစ်ပါးလို ခန့်ညားနေသည့်မှာ အောင်စစ်မှူးရဲ့ မွေးရာပါ လက်နက်သာဖြစ်ချေသည်။ဇာမဏီငှက်ရဲ့ အတောင်ပံတွေလို ဖျန့်ကားနေတဲ့ မျက်ခုံး ဝဲကယက်လို လူကို ဖမ်းစားနိုင်တဲ့ မျက်ဝန်း ချွန်မြတဲ့ နှာတံနှင့် အဆိပ်တခွက်လို သေစေနိုင်တဲ့ ပြင်းရှတဲ့ နှင်းဆီဖူးရောင် နှုတ်ခမ်းတို့ကိုကြည့်ရင်း။ထိုသူက ငါပိုင်ဆိုဖို့ရော ထိုက်တန်ရဲ့လားလို့တွေးမိသည်။
" မုရယ်....လှလိုက်တာ လှလွန်းလို့ အခန်းထဲ သော့ခတ်သိမ်းထားချင်တယ်..မု..မု ဘာတွေ အဲလောက်စိုက်ကြည့်နေတာလဲ "
" မဟုတ်ပါဘူး မု နေရာထိုင်ရာ ခက်နေရုံပါ "
" ကိုယ်..သိပါတယ် ဒါမဲ့ ကိုယ်အသိုင်းကလူတွေကို ပြချင်လို့ပါ ကိုယ်မှာ သတိုးသမီးရှိနေပြီဆိုတာ လာပါ မျောက်မလေးရယ် ဖိနပ်စီးပြီး သွားကြရအောင် "
" ဒေါက်ဖိနပ်ကြီး...မုသိပ်မစီးတတ်ဘူး "
" ကိုယ်ရှိတယ် ကိုယ်ကိုပဲ ယုံလိုက်ပါနော် "
မု ဘာစကားမှ ပြောချင်ခဲ့။လူတွေက ပြောကြတယ် အချစ်ဉီးက လွဲတတ်တယ်တဲ့ မု ဉီးနဲ့တော့ အဲ့လိုမဖြစ်ချင်ပေမဲ့ တခါတလေ ဉီးရဲ့ ကြင်နာမှုတွေကို အကျဉ်းသားရဲ့ ကြိုးကွင်းတွေလို မုကို ရုန်းမရအောင် ချုပ်နှောင်နေတယ်လို ခံစားရတယ်။သည်းခံမှုတွေရဲ့ အဆုံးသတ်မှာ ဉီးဆီကနေ မုကို ဆွဲထားနိုင်မဲ့ ဖြေရှင်းချက်မျိုး လိုချင်မိတယ်။
°°°°°°°°°°
" သရဖီ....အရမ်းလှနေပါလား ခင်ပွန်းလောင်းရဲ့ မွေးနေ့ပွဲမို့ထင်တယ် အောင်စစ်မှူးရော "
" ကိုယ်က အလုပ်များနေလို့တဲ့ သရဖီကို ကြိုဖုန်းဆက်ထားတယ် "
" ဒီည လက်ထပ်ပွဲအကြောင်း ကြောငြာကြမယ်ထင်တယ် "
" သရဖီတို့ တိုင်ပင်နေတုန်းပါ "
တကယ်လဲ သရီဖီရဲ့ အလှဟာ ပပဝတီလိုပင် ဆွဲဆောင်မှုရှိလှတဲ့ သူမအား အနီရင့်ရောင် ပွဲတက်ဝတ်စုံက ထောက်ပံပေးထားသည်။ကျောပြင်တခုလုံး အတိုင်းသာပြထားသည်မို့ ယောကျာ်းတိုင်း တပ်မက်စရာကောင်းလှသည်။ထိုသို့ ဝင့်ထည်နေတဲ့ သူမရဲ့ မာနတွေဟာ အခုတော့ကျရှုံးကုန်ပြီ။
" ဟယ်....အောင်စစ်မှူးက သရဖီကို မခေါ်ပဲ တခြားတယောက်နဲ့ ပွဲတတ်လာတယ် "
" တကယ်ပါကွာ ကျားအိုကြီးကတော့ ဘယ်က ကြွေရုပ်လေးကို ဆွဲလာလဲ မသိဘူးကွာ "
" ဒီအသိုင်းဝိုင်းထဲမှာ သရဖီလို လူကို ယှဉ်နိုင်လောက်တဲ့ထိ သူလေးကလဲ လှသား "
တီးတိုးပြောသံတွေရဲ့ အဆုံးသတ်မှာ အောင်စစ်မှူး လက်ကိုတွဲကာ ဂါဝန်လေးမရင်း ခြေလှမ်းကြွကြွလေး လှမ်းလာတဲ့ မုကြောင့် သရဖီ တယောက် မေးရိုးပြုတ်ထွက်မတတ် အံကြိတ်ခဲနေရသည်။မုကတော့ တောင်ဝင်အိမ်တော်ကြီးလို ခမ်းနာပြီး ဖန်သားဒီဇိုင်းတွေဖြင့်အနုစိပ်ထားသော မီးဆိုင်များ ရှည်လျားတဲ့ ပြတင်းပေါက်များကို ကာထားသောခန်းစီးလိုက်ကာများ သူမတသက်နဲ့တကိုယ် မကြုံဖူးသော အိမ်တော်ကြီးကိုကြည့်ရင်း ပခုံးလေးပင်ကျုံဝင်မိသည်။အထက်တန်စား လူတချို့ရဲ့ အကြည့်များကလည်း သူမကို ခြိမ်းခြောက်နေသလိုပင်။သူမရဲ့ထိန့်လန့်မှုကြောင့် လက်ကလေးများနှင့် အောင်စစ်မှူး အင်ကျီစကို တင်းနေအောင် ဆုပ်ကိုင်ထားမိတော့သည်။
" မု...စိတ်ကိုအရမ်းကြီးတင်းမထားနဲ့ သူတို့ကို ပိုးမွှားတွေလိုပဲ သဘောထားလိုက် "
" ဟုတ်.. မုဒီမှာကြာကြာမနေချင်ဘူးလို့ ပြောရင် ဉီးစိတ်ဆိုးမှာလား "
" မဆိုးပါဘူးဗျာ...ကိုယ်ကလဲ မုကို ကြည့်နေတဲ့ မျက်လုံးတွေကြောင့် မြန်မြန်ပြန်ချင်လှပြီ "
" Hi. ..ဖြတ်ပြောရာတာ စိတ်မကောင်းပေမဲ့ မင်းရဲ့ ကောင်လေးကို ပြန်ပေးလို်ရမလား Oh ! Sorry အရင်မိတ်ဆက်ရမှာပေါ့ တို့က သရဖီပါ အောင်စစ်မှူးရဲ့ "
" လုပ်ငန်း ပါတနာပါ "
" နန်းမုဒြာပါ "
သရဖီဆိုတဲ့ နာမည်ကြာမှ မု သင်းသန့်ပြောတာကို သတိရသွားသည်။တိုက်ဆိုင်တာပဲလား လွဲမှားနေတာလားတော့ မသိပေမဲ့ သံသယစက်ဝိုင်းကတော့ မုစိတ်ထဲ စတင်လည်ပတ်နေတော့သည်။သူတို့နှစ်ယောက်ရဲ့ စကားပြောပုံကိုကြည့်ပြီး မုကို စိန်ခေါ်နေသည်ဟု ခံစားမိ၏ ။
" သရဖီ...မင်း ဘာလာလုပ်တာလဲ "
" ကိုယ့် မှားလို့ သရဖီက အဖေခေါ်ခိုင်းထားလို့လာတာပါ "
" မုကိုယ်ခဏ လိုက်သွားမှာမို့ ကိုလင်းနဲ့ စောင့်နေနော် "
" ရပါတယ် မုကိုစိတ်နပူပါနဲ့ "
သူတို့နှစ်ဉီသားထွက်သွားတော့ မုမှာ နောက်ကျောပြင်လေးကိုသာ ကြည့်ရင်း လိုက်ဖက်လိုက်ကြတာဟု တွေးမိပြန်သည်။မုကတော့ လူချမ်းသာတွေရဲ့ ပွဲမှာတကယ်ကို စာသူငယ်လိုသာနေနေရသည်။ရုတ်တရက် ကိုလင်းအနားရောက်လာတော့မှ မုတိုင်ပင်ထားတဲ့ ကိစ္စကို သတိရသွားသည်။
" ကိုလင်း...မုယူခိုင်းတာရော အဆင်သင့်ဖြစ်ပြီလား "
" ယူပြီသွားပါပြီ မုဒြာ "
" အိမ်ကိုရော "
" ပြင်ဆင်ထားပါတယ် "
" တော်သေးတာပေါ့.... မုက စိုးရိမ်နေတာ ကျေးဇူးပါ ကိုလင်းရယ် "
" နန်းမုဒြာလား "
" ဟုတ်ပါတယ် ဘယ်သူများ "
" မှတ်ဉာဏ်ကလဲ မကောင်းလိုက်တာ ကိုမဟာလေ အိမ်ပိုင်ရှင် "
" Arrr. ..ဟုတ်ပ မုမေ့တတ်လိုက်တာ "
" အစ်ကိုဉီးလေးနဲ့ အတူလာတာဆို "
" ဟုတ်ပါတယ်...မုတို့ "
" ချစ်သူတွေ ဖြစ်သွားပြီမလား "
" ဘယ်လိုသိတာလဲ "
" အစ်ကိုက ဉီးလေးအကြောင်းကောင်းကောင်းသိတာပေါ့... အဲ့တာတွေထားလိုက်ပါ ဒေါ်လေးလို သဘောထားပြီး မေးပါရစေ "
" ဘာလဲ.. တူလေး သွဲ့ဒါအကြောင်းလား "
Advertisement
" ဘယ်လိုသိတာလဲ "
" မုလဲ အစ်ကိုလိုပဲလေ....ကိုယ်သူငယ်ချင်း အကြောင်းကောင်းကောင်း သိတာပေါ့ "
မု မဟာနာမည်ကို ဒါဒါဆီကနေ ကြားရသည်မှာ နားရည်ပင်ဝနေသည်။ကောင်းကြောင်းတော့ မဟုတ်မကောင်း ကြောင်းတွေကြီးသာ များသည်။
" သူက အစ်ကိုအကြောင်းတွေ ပြောပြတယ်ပေါ့ "
" ဟားဟား... ဟား အပျော်မစောပါနဲ့ မကောင်းကြောင်းတွေပါ အလုပ်မရှိအကိုင်မရှိတဲ့ ဒါမဲ့ မု အစ်ကိုကို ကြိုသတိပေးချင်တယ်...တွဲဖူးတဲ့ လူတွေထဲ ထည့်မယ်ဆိုရင်တော့ မမေးပါနဲ့ "
" မသေချာပင်မဲ့ သွဲ့ဒါနဲ့တွေရင် ကိုယ်ကိုရှက်မိတယ် ဘယ်မိန်းမမှကိုမှ အဲ့လိုမရှက်ဖူးဘူး "
" Baby Kid's Cafe ကိုသွားလိုက်ပါ သူအဲ့မှာ အချိန်ပိုင်းလုပ်တယ် မုနဲ့ စကားလာပြောပေးလို့ ပြောပြတာ "
" မဟာ...မင်း ဘယ်သူကို လာရောနေတာလဲ "
ဉီးလေးလုပ်သူရဲ့ ကြိမ်းမောင်းသံကြောင့် မဟာ ကျောပင် တချက်ကော့ကာ မုကို နှုတ်ဆက်ပြီး ပြေးသွားတော့သည်။
" မဟာနဲ့ သိနေတာလား သူက ကိုယ့်တူလေ "
" သိတယ် အိမ်ပိုင်ရှင် ဖြစ်တဲ့အပြင် မုသူငယ်ချင်းကို ပိုးနေတာလေ"
" အဲ့ကောင်ကို မယုံခိုင်းနဲ့ "
" ဉီးကို မသရဖီ ခေါ်တာဘာကြောင့်လဲ "
" ဘာမှ အထွေထူးမဟုတ်ပါဘူး "
တကယ်တော့ လက်ထပ်ဖို့ကြောငြာမည်ကို အောင်စစ်မှူး သောင်းကျန်းလာခြင်းဖြစ်သည်။ သရဖီအဖေရဲ့ လက်နက်ခိုးထုတ်မှု သက်သေကိုပြခါ ဒီတခါလည်း သူလက်ထပ်ရန် နောက်ဆုတ်နိုင်ခဲ့သည်။ဘယ်အချိန်ပေါ်မလဲ မသိသည့် ရင်ဝယ်ပိုက်ထားသည့်အပူမီးကိုတော့ မုကို မပြောရဲသေးပါ။
" မုကိုယ်နဲ့..... ပွဲထဲသွားကရအောင် "
" မု မ...မ ကတတ်ဘူး "
လက်ကို အတင်းဆွဲခေါ်သွားသည်မို့ မုလည်း မကချင်ကချင်ဖြင့် ပါလာခဲ့ရသည်။ ငြိမ့်ညောင်းတဲ့ သံစဉ်ကြား စုံတွဲတိုင်း အပေးယူမျှစွာ ကနေပေမဲ့ မုကတော့ ဉီးခြေထောက်ကို အကြိမ်ကြိမ်တက်နင်းရင်း ကနေရသည်။
" မုမကတော့ဘူး ကြာရင် ဉီးခြေထောက်စုတ်တော့မယ် "
" ဖိနပ်ချွတ်လိုက် "
" ဟမ် "
အောင်စစ်မှူးစကား နားထောင်ပြီး မုလည်း ဖိနပ်ကို ချွတ်လိုက်သည်။အောင်စစ်မှူး မျက်စတချက်ပြစ်လိုက်တာနဲ့ စားပွဲထိုးလည်း မုလက်ထဲက ဖိနပ်ကိုလာကိုင်ပေး၏ ။
" ကိုယ်ခြေထောက်ပေါ်တတ် "
" ဉီးရဲ့ မိချောင်းသားရေ ဖိနပ်အကောင်းစားကြီးကို နင်းခိုင်းနေတာလား "
" ကိုယ်ပြောသလိုလုပ်ပါ "
မုရဲ့ ခြေတောက်လေးနှစ်ဖက်ကို သူခြေထောက်ပေါ် တင်ကာ လက်တဖက်ကို ဆုတ်ကိုင်ပြီး တဖက်ကို သူပခုံးပေါ်တင်၍ ကခိုင်းလိုက်သည်။ဂါဝန်စကို ချလိုက်ပါက မုလည်း အောင်စစ်မှူးခြေလှမ်းအတိုင်း ကနေသလိုပင်။တကယ်တော့ မုကိုယ်ကို ခြေထောက်ဖြင့်ထိန်းကာ သူချစ်သူလေး မကတတ်လို့ စိတ်အားငယ်မည်ကို မလိုချင်လို့သာ။ဂီသ သံစဉ်တွေကြား လိုက်ပါစီးမြောရင်း ကနေတာမို့ မုမျက်နှာလေး ပြုံးရယ်လာတော့သည်။ထိုအပြုံးကို မြင်မှပဲ စိတ်သက်သာရာ ရတော့သည်။ဒီနေ့တနေ့လုံး သူမသေချာမပြုံးတာမို့ ပူပန်ခဲ့ရသမျှ အခုမှပဲ စိတ်ဒုတ်ဒုတ်ချမိသည်။
Episode 20 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
မနက္ခင္းရဲ႕ ေရာင္နီဉီးထြက္ခ်ိန္မွာ ေအာင္စစ္မႉး လစ္ဟာေနတဲ့ အိပ္ရာေၾကာင့္ ဘီလူးသဘတ္စီးသလို မ်က္လုံးအစုံျပဴးလ်က္ နိုးထလာသည္။ မုကို ထရွာမည္အလုပ္ ဝမ္းဗိုက္ႂကြက္သားေပၚက ေလးလံတာေၾကာင့္ ေစာင္ကိုဖယ္ၾကည့္မိသည္။သူ၏ ဗိုက္ကို ေခါင္းအုံးလုပ္ခါ ပုစြန္ထုပ္ေလးလိုေကြးေနတဲ့ မုေၾကာင့္ တေလာကလိုပိုင္သြားသလို ၿပဳံးမိျပန္သည္။ဗိုက္ေပၚအိပ္ေနသည္မွာ ပါးေလးပင္ အစ္ထြက္ေနသည္။ထိုကေလးမက မခ်စ္ပဲမေနနိုင္ေအာင္ ျပဳစားထားေလသလား။
" Hotpot. ...zzzz စားခ်င္တယ္ မမရဲ႕ Hotpot ေလး "
" အိပ္ေနတာေတာင္ ေယာင္လို႔ပါလား "
ဗိုက္ေပၚက သူမကို ေပါင္ေပၚေပြ႕တင္ၿပီး ထိုင္လိုက္ေတာ့သည္။ေယာင္ေနတဲ့ မုအား အနမ္းျဖင့္နိုးလိုကခေတာ့သည္။ ဆံႏြယ္မွ နဖူး ႏွာတံေလးမွတဆင့္ ႏႈတ္ခမ္းႏုႏု
အား နမ္းရွိုက္လိုက္ေတာ့ ကိုယ္ေလး အနည္းငယ္လႈပ္လာသည္။နိုးေတာ့မနိုးေသးေပ။ ေအာင္စစ္မႉးလည္း မုကို ေခါင္းအုံေပၚ ယြယြေလးတင္ေပးၿပီး အခန္းထဲမွ ထြက္လာခဲ့၏ ။ အခ်ိန္ကိုၾကည့္လိုက္ေတာ့ မနက္ကိုးနာရီ ျဖစ္ေနၿပီမို႔ ကိုလင္းအား ဖုန္းဆက္ၿပီး စီစဥ္ခိုင္းရေတာ့သည္။
" ကိုလင္း......Sapက ကြၽင္းက်င္တဲ့ ဝန္ထမ္း 5ေယာက္ရယ္
Make up ဆရာ 3ေယာက္ Hair designer 2ေယာက္ၿပီးေတာ့ ဝက္စုံစမ္းဝတ္ဖို႔ ဝန္ထမ္းေတြကို ငါအိမ္ေန႕လည္အေရာက္ ပို႔ေပး အကုန္ အမ်ိဳးသမီးပဲ ျဖစ္ရမယ္ေနာ္ "
" ဟုတ္ကဲ့...ဆရာ ပြဲကို သရဖီေရာလာမွာ ဘယ္လို စီစဥ္လိုက္ရမလဲ "
" သူကိုေတာ့ငါ အလုပ္ရွိလို႔.....ေနာက္က်မယ္လို္ ေျပာၿပီး တစ္ေယာက္ထဲ...လြတ္လိုက္ "
" အားလုံးကို အဆင္ေျပေအာင္ စီစဥ္လိုက္ပါ့မယ္ "
" ငါမင္းကို ယုံတယ္ အဲ့တာဆိုဒါပဲ "
ေနေတာင္ျမင့္ေနၿပီကို အခန္းထဲက ေမ်ာက္မေလးက မထေသးတာေၾကာင့္ အစားႏွင့္နိုးဖို႔ စီစဥ္လိုက္သည္။ Foodpanda ကေန မနက္စာေတြမွာလိုက္သိဖို႔ ဘယ္သူကိုမွ စားစရာမျပင္ဘူးတာေတာင္ သူအတြက္ေတာ့ ေသခ်ာျပင္ၿပီး ေစာင့္ေနမိသည္။မွန္းထားသည့္အတိုင္းပင္ ေမ်ာက္မေလးက ႏွာတရႈံရႈံျဖင့္ ဆင္းလာပါသည္။
" Morning.... ဉီး "
" Morning "
" OMG! !! မနက္စားက တကယ္ကို ရွယ္ပဲ ေပါက္စီ အသားေပါင္း ေခါက္ဆြဲဆီခ်က္ Pucci cakeေတြေရာ အမယ္ေလး ငါအသဲေလးေတြ စားရေတာ့မယ္ "
" မု....မ်က္ႏွာသစ္ၿပီးၿပီလား "
" ဟီး..ဟီး မသစ္လို႔မရဘူးလား "
" မရဘူး "
" ေမေမလဲ အၿမဲအဲ့လိုေျပာေပမဲ့ မုသုံးေနက်နည္းအတိုင္းသုံးရင္...ေမေမေတာင္ ေပ်ာ့သြားတာ လာထား မုမုရဲ႕ super power ကြ "
မုသူမ အေမကို လုပ္ေနက်အတိုင္း ေအာင္စစ္မႉး ပါးကို ဆြဲညစ္ၿပီး အတင္းနမ္းျပစ္လိုက္ေတာ့ ရင့္မာၿပီး ထုရင္ေတာင္မကြဲအက္တဲ့ ႏွလုံးသားႀကီးဆီမွ စည္သံမ်ားျမည္ဟီးလာသည္။အနားလာ ဇြတ္နမ္းၿပီး ထသြားတဲ့ မုကို ေပါင္ေပၚအတင္းထိုင္ခိုင္း လိုက္၏ ။
" ေမ်ာက္မေလး...... နမ္းၿပီးဘယ္ေျပးဖို႔လဲ "
" မနက္စားစာမို႔ "
" မထရဘူး...ကိုယ္ေပၚမွာပဲ စားရမယ္ "
" အဲ့လိုလုပ္လဲ မုကေတာ့ စားမွာပဲ "
" အဲ့တာဆို..... မု ျပကနာၿပီးၿပီလာ ၿပီးရင္ ဒီညကိုယ္ မုကိုျပန္စားမယ္ "
နားကိုကပ္ၿပီး ဆြဲေဆာင္ေနတဲ့ စကားလုံးရဲ႕ ေလယူေလသိမ္းဟာ မုရဲ႕ ႏွားႏွင့္ပါးကို မီးလာဟက္သလိုပင္။ပါးစပ္ထဲမွ စားထားသမွ်ေတာင္ သီကုန္သည္။တိတ္ဆိတ္ၿပီး စားပဲစားေနပုံေထာက္ရင္ မုရဲ႕ျပႆနာ မရွိေတာ့ဘူးဆိုတာ ေသခ်ာသြားၿပီ။
" တခုခုေသာက္အုံး.... ဒီေလာက္သီေနတာကို ဘာေသာက္မလဲ "
" အဟြတ္...ဟြတ္... Milk Cream မပါတာေလး "
" နို႔ေသာက္ထားကမွာေပါ့ အားရွိေအာင္ "
" မုန့္ေတြ ဝယ္ထားၿပီး....မစားေစခ်င္ဘူးလား လူကို မစားနိုင္ေအာင္ "
" အဲ့တာေတာင္.... မေကြၽးဖို႔ စီစဥ္ထားေပမဲ့ ညက အင္က်ီလွန္ၾကည့္ေတာ့... အရိုးပ်ိဳင္းပ်ိဳင္းၾကေနလို႔ ေကြၽးတာ "
" ဘာ...ဘာႀကီး! !!! မု ကို ဉီး လူႀကီးလူေကာင္း မပီသဘူး "
" အဲ့လို...မဟုတ္ရပါဘူး ဝတ္စုံေတာ္မေတာင္ စစ္ေဆးတာ"
" လူလိမ္ႀကီး "
( တင္းေဒါင္.....တင္း....ေဒါင္ )
" ရတယ္....စားေန ကိုယ္သြားဖြင့္လိုက္မယ္ "
မု စားေနတဲ့ လက္ထဲက ေပါက္စီပင္ လြတ္က်ေလာက္ေအာင္ ေအာင္စစ္မႉးကေတာ့ အထူးဆန္းေတြ လုပ္လ်လိဳက္သည္။အိမ္ထဲဝင္လာတဲ့ အလွျပင္ ဝန္ထမ္းအမ်ိဳးသမီးမ်ားက အိမ္ထဲ့ေရာက္တာနဲ႕ မုကို 90ေလာက္ ကုန္းကာ တရိုတေသႏႈတ္ဆက္ၾကသည္။မု ေအာင္စစ္မႉးကို လက္ကဆြဲၿပီး ေထာင့္တေနရာ ေခၚေမးေတာ့ လုပ္ခ်င္ရာလုပ္ၿပီး ေအာင္နိုင္သူလို ၿပဳံးျပေနေလသည္။
" ဉီး..ဘာေတြလုပ္ ထားတာလဲ "
" ပြဲအတြက္ေလ ကိုယ္ရဲ႕ ေမ်ာက္မေလးကို မိဖုရားအျဖစ္ေျပာင္းေပးဖို႔ "
" ေျပာေတာ့...အေရးမႀကီးဘူးဆို "
" ကိုယ္တြက္ အေရးမႀကီးေပမဲ့ မုကေတာ့ မတူဘူး ေတာ္ၿပီ....မေမးနဲ႕ေတာ့ အခုမျပင္ရင္ မမွီေတာ့ဘူး "
္" ဉီး...မု မျပင္ခ်င္ "
" အာလုံးပဲ မုကို အေကာင္းဆုံးျပင္ေပးရမယ္ တခုခုလြဲတာနဲ႕ မင္းတို႔ စာအိတ္ကိုင္ၿပီး မျပန္ခ်င္ရင္ေပါ့ "
" ဟုတ္ကဲ့ပါ သူေဌး "
" မု အလွျပင္ၿပီး ေစာင့္ေနေနာ္...ကိုယ္ညေနလာေခၚမယ္ "
" ဉီးက ဘယ္သြားမို႔လဲ "
" ကိုယ္လဲ သြားျပင္ဆင္ရမယ္ေလ "
ဉီးထြက္သြားတာနဲ႕ အားလုံးက မုကို အ႐ုပ္တ႐ုပ္လို႔ စိတ္တိုင္းက် ျပင္ဆင္ျခယ္သၾက၏ ။မုကေတာ့ သူတို႔ျပဳသမွ် ႏုေနရေတာ့သည္။ဝိုင္းျပင္ေနက်လိဳ႕ စိတ္ရႈပ္ရေပမဲ့ စိတ္ထဲမွာလဲ ဒါမုလိုခ်င္တဲ့ အခ်စ္မ်ိဴးမွ မဟုတ္တာလို႔ ေတြးမိျပန္သည္။အခ်ိန္ေတာ္ၾကာ အလွစီျခယ္ၿပီးေတာ့မွ မု ကိုယ္လုံးေပၚ မွန္ေရွ႕တြင္ရပ္ကာ ၾကည့္ေနမိသည္။ဒါငါမွ ဟုတ္ရဲ႕လားေပါ့။
အျဖဴေရာင္ ပိုးသားအိအိ ဂါဝန္လက္တႀကိဳးက မုရဲ႕ ပခုံးေသးေသးေလးႏွင့္ လိုက္ဖက္ေနသည္။အရပ္ရွည္တာေၾကာင့္ ဂါဝန္ကိုယ္က်ပ္အရွည္ ဝတ္ထားတာသည္မွာ Red Carpet ေလွ်ာက္မည့္ မင္းသမီးလိုပင္။ေအာင္စစ္မႉးလို လူႀကီးတေယာက္ႏွင့္ ပြဲတတ္ရမည္မို႔ လူႀကီးဆန္ေအာင္ ဆံပင္ကို ေအာက္ေျခအနိမ့္ေလး ထုံးၿပီး အလယ္ခြဲ ဆုံမိတ္အလိမ့္ေလးကို ေရွ႕ခ်ကာ ၾကာပန္းပုံ ေက်ာက္စိမ္းဆံထိုးေလးျဖင့္ ဆင္ျမန္းေပးထားသည္။ ဂါဝန္လက္တလုံးေလးရဲ႕ ႀကိဳးမွာလည္း အဖိုးတန္ ပရင္းေက်ာက္ႀကိဳးေလးပင္။ရိုးရွင္တဲ့ အျဖဴထည္ ဝတ္စုံေလးကိုမွ တန္ဖိုးႀကီးရတနာမ်ားႏွင့္ တန္ဆာဆင္ထားေတာ့ တကယ္ကို ေငြႏွင္းစက္ေရာင္ ငန္းျဖဴမေလးလိုသာ......။
ေနာက္ေက်ာမွ သူမရဲ႕ ပခုံးႏုႏုေလးကို လာေရာက္နမ္းရွိုက္မႈေၾကာင့္ မုန္ထဲကိုၾကည့္လိုက္ခါမွ တကယ္ကို နတ္ဘုရားတစ္ပါးလို ခန့္ညားေနသည့္မွာ ေအာင္စစ္မႉးရဲ႕ ေမြးရာပါ လက္နက္သာျဖစ္ေခ်သည္။ဇာမဏီငွက္ရဲ႕ အေတာင္ပံေတြလို ဖ်န့္ကားေနတဲ့ မ်က္ခုံး ဝဲကယက္လို လူကို ဖမ္းစားနိုင္တဲ့ မ်က္ဝန္း ခြၽန္ျမတဲ့ ႏွာတံႏွင့္ အဆိပ္တခြက္လို ေသေစနိုင္တဲ့ ျပင္းရွတဲ့ ႏွင္းဆီဖူးေရာင္း ႏႈတ္ခမ္းတို႔ကိုၾကည့္ရင္း။ထိုသူက ငါပိုင္ဆိုဖို႔ေရာ ထိုက္တန္ရဲ႕လားလို႔ေတြးမိသည္။
" မုရယ္....လွလိုက္တာ လွလြန္းလို႔ အခန္းထဲ ေသာ့ခတ္သိမ္းထားခ်င္တယ္..မု..မု ဘာေတြ အဲေလာက္စိုက္ၾကည့္ေနတာလဲ "
" မဟုတ္ပါဘူး မု ေနရာထိုင္ရာ ခက္ေန႐ုံပါ "
" ကိုယ္..သိပါတယ္ ဒါမဲ့ ကိုယ္အသိုင္းကလူေတြကို ျပခ်င္လို႔ပါ ကိုယ္မွာ သတိုးသမီးရွိေနၿပီဆိုတာ လာပါ ေမ်ာက္မေလးရယ္ ဖိနပ္စီးၿပီး သြားၾကရေအာင္ "
" ေဒါက္ဖိနပ္ႀကီး...မုသိပ္မစီးတတ္ဘူး "
" ကိုယ္ရွိတယ္ ကိုယ္ကိုပဲ ယုံလိုက္ပါေနာ္ "
မု ဘာစကားမွ ေျပာခ်င္ခဲ့။လူေတြက ေျပာၾကတယ္ အခ်စ္ဉီးက လြဲတတ္တယ္တဲ့ မု ဉီးနဲ႕ေတာ့ အဲ့လိုမျဖစ္ခ်င္ေပမဲ့ တခါတေလ ဉီးရဲ႕ ၾကင္နာမႈေတြကို အက်ဥ္းသားရဲ႕ ႀကိဳးကြင္းေတြလို မုကို ႐ုန္းမရေအာင္ ခ်ဳပ္ႏွောင္ေနတယ္လို ခံစားရတယ္။သည္းခံမႈေတြရဲ႕ အဆုံးသတ္မွာ ဉီးဆီကေန မုကို ဆြဲထားနိုင္မဲ့ ေျဖရွင္းခ်က္မ်ိဳး လိုခ်င္မိတယ္။
" သရဖီ....အရမ္းလွေနပါလား ခင္ပြန္းေလာင္းရဲ႕ ေမြးေန႕ပြဲမို႔ထင္တယ္ ေအာင္စစ္မႉးေရာ "
" ကိုယ္က အလုပ္မ်ားေနလို႔တဲ့ သရဖီကို ႀကိဳဖုန္းဆက္ထားတယ္ "
" ဒီည လက္ထပ္ပြဲအေၾကာင္း ေၾကာျငာၾကမယ္ထင္တယ္ "
" သရဖီတို႔ တိုင္ပင္ေနတုန္းပါ "
တကယ္လဲ သရီဖီရဲ႕ အလွဟာ ပပဝတီလိုပင္ ဆြဲေဆာင္မႈရွိလွတဲ့ သူမအား အနီရင့္ေရာင္ ပြဲတက္ဝတ္စုံက ေထာက္ပံေပးထားသည္။ေက်ာျပင္တခုလုံး အတိုင္းသာျပထားသည္မို႔ ေယာက်ာ္းတိုင္း တပ္မက္စရာေကာင္းလွသည္။ထိုသို႔ ဝင့္ထည္ေနတဲ့ သူမရဲ႕ မာနေတြဟာ အခုေတာ့က်ရႈံးကုန္ၿပီ။
" ဟယ္....ေအာင္စစ္မႉးက သရဖီကို မေခၚပဲ တျခားတေယာက္နဲ႕ ပြဲတတ္လာတယ္ "
" တကယ္ပါကြာ က်ားအိုႀကီးကေတာ့ ဘယ္က ေႂကြ႐ုပ္ေလးကို ဆြဲလာလဲ မသိဘူးကြာ "
" ဒီအသိုင္းဝိုင္းထဲမွာ သရဖီလို လူကို ယွဥ္နိုင္ေလာက္တဲ့ထိ သူေလးကလဲ လွသား "
တီးတိုးေျပာသံေတြရဲ႕ အဆုံးသတ္မွာ ေအာင္စစ္မႉး လက္ကိုတြဲကာ ဂါဝန္ေလးမရင္း ေျခလွမ္းႂကြႂကြေလး လွမ္းလာတဲ့ မုေၾကာင့္ သရဖီ တေယာက္ ေမးရိုးျပဳတ္ထြက္မတတ္ အံႀကိတ္ခဲေနရသည္။မုကေတာ့ ေတာ်ဝင်အိမ်တော်ကြီးလို ခမ္းနာၿပီး ဖန္သားဒီဇိုင္းေတြျဖင့္အႏုစိပ္ထားေသာ မီးဆိုင္မ်ား ရွည္လ်ားတဲ့ ျပတင္းေပါက္မ်ားကို ကာထားေသာခန္းစီးလိုက္ကာမ်ား သူမတသက္နဲ႕တကိုယ္ မႀကဳံဖူးေသာ အိမ္ေတာ္ႀကီးကိုၾကည့္ရင္း ပခုံးေလးပင္က်ဳံဝင္မိသည္။အထက္တန္စား လူတခ်ိဳ႕ရဲ႕ အၾကည့္မ်ားကလည္း သူမကို ၿခိမ္းေျခာက္ေနသလိုပင္။သူမရဲ႕ထိန့္လန့္မႈေၾကာင့္ လက္ကေလးမ်ားႏွင့္ ေအာင္စစ္မႉး အင္က်ီစကို တင္းေနေအာင္ ဆုပ္ကိုင္ထားမိေတာ့သည္။
" မု...စိတ္ကိုအရမ္းႀကီးတင္းမထားနဲ႕ သူတို႔ကို ပိုးမႊားေတြလိုပဲ သေဘာထားလိုက္ "
" ဟုတ္.. မုဒီမွာၾကာၾကာမေနခ်င္ဘူးလို႔ ေျပာရင္ ဉီးစိတ္ဆိုးမွာလား "
" မဆိုးပါဘူးဗ်ာ...ကိုယ္ကလဲ မုကို ၾကည့္ေနတဲ့ မ်က္လုံးေတြေၾကာင့္ ျမန္ျမန္ျပန္ခ်င္လွၿပီ "
" Hi. ..ျဖတ္ေျပာရာတာ စိတ္မေကာင္းေပမဲ့ မင္းရဲ႕ ေကာင္ေလးကို ျပန္ေပးလို္ရမလား Oh ! Sorry အရင္မိတ္ဆက္ရမွာေပါ့ တို႔က သရဖီပါ ေအာင္စစ္မႉးရဲ႕ "
" လုပ္ငန္း ပါတနာပါ "
" နန္းမုျဒာပါ "
သရဖီဆိုတဲ့ နာမည္ၾကာမွ မု သင္းသန့္ေျပာတာကို သတိရသြားသည္။တိုက္ဆိုင္တာပဲလား လြဲမွားေနတာလားေတာ့ မသိေပမဲ့ သံသယစက္ဝိုင္းကေတာ့ မုစိတ္ထဲ စတင္လည္ပတ္ေနေတာ့သည္။သူတို႔ႏွစ္ေယာက္ရဲ႕ စကားေျပာပုံကိုၾကည့္ၿပီး မုကို စိန္ေခၚေနသည္ဟု ခံစားမိ၏ ။
" သရဖီ...မင္း ဘာလာလုပ္တာလဲ "
" ကိုယ့္ မွားလိုး သရဖီက အေဖေခၚခိုင္းထားလို႔လာတာပါ "
" မုကိုယ္ခဏ လိုက္သြားမွာမို႔ ကိုလင္းနဲ႕ ေစာင့္ေနေနာ္ "
" ရပါတယ္ မုကိုစိတ္နပူပါနဲ႕ "
သူတို႔ႏွစ္ဉီသားထြက္သြားေတာ့ မုမွာ ေနာက္ေက်ာျပင္ေလးကိုသာ ၾကည့္ရင္း လိုက္ဖက္လိုက္ၾကတာဟု ေတြးမိျပန္သည္။မုကေတာ့ လူခ်မ္းသာေတြရဲ႕ ပြဲမွာတကယ္ကို စာသူငယ္လိုသာေနေနရသည္။႐ုတ္တရက္ ကိုလင္းအနားေရာက္လာေတာ့မွ မုတိုင္ပင္ထားတဲ့ ကိစၥကို သတိရသြားသည္။
Advertisement
- In Serial238 Chapters
The Alliance Marriage Went Wrong
Whoever insult the Jerivians is insulting my fiancee and insulting my fiancee is insulting me.
8 1785 - In Serial28 Chapters
Two Broken Roads
Two families have tragically broken apart. Ben and Laura struggle to find a new path from each other's broken relationships.
8 201 - In Serial62 Chapters
OUR LOVE
It's Sierra's first day as a senior at Donvalley high. She wants her last year to be amazing and troublesome free. No fake friends. No trouble and certainly no boys. But what happens when the school player suddenly finds an interest in her?Read on to find out
8 107 - In Serial36 Chapters
The Painter's Amour
Dante is a painter. He is a young nobleman who has everything the gods can offer. He has fame, status, money and a beautiful fiancée. He has nothing to lose until he met a pianist named Julian.He felt immediate attraction, temptation and lust towards the man but never love. Betrayal is his innocence. However things will not always be the same because, suddenly one day, he falls in love and paints it for him.But what happens if someone else steals the pianist's heart?Copyright 2013 © All Rights Reserved
8 200 - In Serial37 Chapters
Fool For You (gxg) | Completed ✔️
Sam, a shy, 16 year old, closeted lesbian who has anxiety issues and abusive parents meets Avery, a soon to be Beta, who wasn't expecting to find her mate in a human girl. But when one act of kindness and tears start to turn things over, Avery realizes that she cannot keep Sam an arm's length away. Their relationship is put to a test with love and trust the only things keeping them at bay. Includes:- girlxgirl romance (duhh) - abuse and self-harm scenes - mature sexual content- werewolf stuff-----I suck at descriptions but give it a try? :)P.S This was written when I was dumb and new to writing so it's gonna be a little eh-----Completed: 5/6/2020
8 107 - In Serial34 Chapters
The Neko (boy x boy)
What happens when a neko is mated to a werewolf? Will he be able to outrun his abusive past so he can finally be happy?Boy x boy R18 Mature languageAbuse RapeSuicide mention
8 289

