《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 14 )
Advertisement
မိန်းကလေးများကို အနားအကပ်မခံသည့် သွေးအေးရက်စက်တဲ့ ကျားရိုင်းကြီး အောင်စစ်မှူးတော့ မုရှေ့တွင် ပူစီကြောင်လေးလိုပင် ချွဲနွဲကာ အမူရာတွေပိုနေတော့သည်။မုပင်အောင်စစ်မှူးအား ြကည့်ရင်း ပါးစပ်အဟောင်းသားဖြစ်ရသည်။
" ဉီးကို...မုပြောပြီးပြီလေ နေမကောင်းဖြစ်နေလို့မခေါ်တာလို့ ဆေးသောက်ဖို့ကလည်း အစားမရှိ ချက်ဖို့ကြည့်တော့လဲ ဘာမှမရှိလို့ ဒီနားကMarketလေးတင် သွားမှာကို "
" မုက....တစ်ယောက်ထဲ ကိုယ်ချစ်သူကိုထားပြီး shopping ထွက်ချင်လို့လား "
" ဉီးရယ်....မု ဆိုးဖို့လဲ...ထားပါအုံး "
နောက်ဆုံးတော့မုကပဲ ကိုယ်ထက်ကြီးတဲ့ ကလေးဆိုးကြီးကို အလျော့ပေးလိုက်ရ၏ ။
" ဒါမဲ့ ဉီး.....Markတပ်ခဲ့ရမယ် "
" ကိုယ်ရုပ်ကို သူများတွေကို မကြည့်စေချင်ဘူးလား စိတ်ချပါ ......ကိုယ့်ရဲ့ အစိတ်ပိုင်းအားလုံးက မုအတွက် "
" နေမကောင်းဖြစ်နေလို့ တပ်ခိုင်းတာ "
မုနဲ့ အောင်စစ်မှူးလည်း ကားဖြင့် စျေးဝယ်ရန် Marketကိုထွက်လာခဲ့ကြသည်။ လမ်းတလျှောက် အောင်စစ်မှူး ကတော့ မုလက်လေးကို ကိုင်ရင်းလက်တဖက်ထဲဖြင့်သာ ကားကိုမောင်းနေသည်။မုကတော့ သူမခေါင်းထဲတွင် ဝယ်စရာ စာရင်းများကိုသာ တွက်ချက်နေမိသည်။
Market ထဲရောက်တော့ ဉီးကို စျေးခြင်းလှည်းတွန်းခိုင်းပြီး မုကတော့ လိုအပ်တာတွေကို ကောက်ထည့်လိုက်သည်။မုသူမပခုံးလေးလာတာမို့ မော့ကြည်လိုက်မိရာ။ ကလေးလိုမျက်နှာလေးလုပ်ပြကာ မုပခုံးပေါ်မှီရင်း လက်မောင်းကိုလာချိတ်တဲ့ ဉီးမျက်နှာကြောင့် မု ငါတွဲနေတာ မောင်လေးလားလိုတောင်တွေးမိသည်။
" ကိုယ်...ခေါင်းမူးလာလို့ "
" ပြောသားပဲ နေမကောင်းရင်မလိုက်ခဲ့ပါနဲ့လို့.....ဉီးရဲ့ အရင်တုန်းက တည်ကြည်မှုတွေ ဘယ်များရောက်သွားတာပါလိမ့် "
" မု....နုလုံးသားဆီကိုလေ "
" သက်သေပြနေတာတွေ ရပ်ပါတော့ ကလေးလိုချွဲတာ... ဉီးနဲ့ မလိုက်ဘူး "
" တွေ့လား....သူများယောကျာ်းတွေများ ရှင်နဲ့ကွာပါ "
" အစပိုင်းမို့ပါနောက်ပိုင်း...ငြီးငွေ့သွားကြမှာတွေ "
ဘေးကဖြတ်ပြီး အတင်းပြောသွားသော လင်မယားနှစ်ယောက်ကြောင့် အောင်စစ်မှူးမျက်နှာမှာ ချွဲနေရာမှ ရုတ်တရက်တည်သွားပြီး ထိုလင်မယားဘေးနားမှ အမှီလိုက်တော့သည်။မုလက်ကိုဆွဲကာ ဘေးမှ ဖြတ်၍ မိန်းမကြီးတစ်ယောက်လို စောင်းမြောင်းပြောလိုက်သေးသည်။
" ကိုယ့်မိန်းမလေးရေ..... ဒီလောက်နှစ်တွေကြာတာတောင် မင်းကို ဘယ်တော့မှ မငြီးငွေ့သွားတာဘာကြောင့်လဲသိလား....ကိုယ့်babyလေးက အခြားအိမ်ထောင်သည်မိန်းမတွေထက် ပိုလှလို့ "
" ဉီးရယ်....တော်ပါတော့ မုရှက်သေတော့မယ် "
ရွဲ့ပြောခံလိုက်ရသော လင်မယားနှစ်ယောက်ကတော့ တကယ်ကို ပြောစရာစကားမရှိတော့ပြီ။မုလည်း အိမ်ရောက်သည်အထိ အောင်စစ်မှူးမျက်နှာနှင့် အသံကိုတုကာ လှောင်ပြောနေမိသည်။
" ရီလို့မဝသေးဘူးလား....လမ်းထဲကရီလာတာ အခုထိမပြီးနိုင်တော့ဘူး "
" မုမရီတော့ဘူး....ဟင်းချက်နေမှာမို့ ထိုင်စောင့်နေနော် "
မီးဖိုချောင်ခန်းထဲတွင် သူအတွက်ချက်ပြုတ်ပေးနေသော မုကိုကြည့်ရင်း သူရင်ထဲတွင် ပီတိဖြစ်နေတော့သည်။တစ်စုံတစ်ယောက်ဆီက အချစ်ခံရတာက ဒီလိုပါလားဟုလည်း ခံစားမိ၏ ။သူမရဲ့ အချစ်တွေကို ပြောင်လိမ်ပြီး အတင်းလုပ်ယူနေတဲ့ ကိုယ့်ကိုကိုယ်လည်း ရှက်မိသည်။ သို့သော်လည်း သူမရဲ့ အချစ်ကို ခဏတာလေးပဲ ဖြစ်ဖြစ် ခံယူချင်ပြန်သည်။
" ဉီးသိလား....မုမေမေက ပြောထားတယ် ယောကျာ်းတစ်ယောက်ကို ဘယ်လောက်ပဲချစ်ချစ် ကိုယ်ဘက်ကစပြီး ဖွင့်မပြောရဘူးတဲ့ တန်ဖိုးကျတယ်တဲ့ ဉီးရော ဘယ်လိုထင်လဲဟင် "
" မုက.....ကိုယ်နဲ့ မထိုက်တန်လောက်တဲ့ထိ တန်ဖိုးကြီးပါတယ် "
အောင်စစ်မှူးရဲ့ စကားနောက်ကွယ်က များစွာသော ဆိုလိုရင်းတွေကို မုမတွေးမိခဲ့။သူမကတော့ မီးဖိုချောင်ထဲတွင် ဟင်းချက်မပျက်ခဲ့ပေ။ဆန်ပြုတ်ကို ပင်လယ်စာဖြင့် ပြုတ်ပြီး နောက်ရက် စားလို့ရအောင်ပါ မုကအကုန်ချက်ပေးနေတော့သည်။စားဖိုမှူးရဲ့ သမီးမို့လားမသိ မုဟင်းချက်လက်ရာတိုင်းကို အောင်စစ်မှူးမကြိုက်သည့် လက်ရာမရှိ။ သူမဟင်းချက်နေတုန်း ဆိုဖာပေါ်တွင်ခဏ လှဲကာ အောင်စစ်မှူး အိပ်ပျော်သွားခဲ့သည်။
အိပ်နေတဲ့ မျက်နှာပေါ်အား လက်သေးသေးလေးတွေရဲ့ ထိတွေ့မှုက လူ့ရဲ့ အသည်းကို လာစွပေးနေလေသည်။လက်သေးသေးလေးရဲ့ ရွေ့လျားမှုက နဖူး မျက်လုံး နှာခေါင်း နှုတ်ခမ်း မျက်နှာနေရာလပ်မကျန်အောင် စ လာရောက်ထိတွေ့နေတော့သည်။မျက်လုံးများ ဖွင့်လိုက်ပါက နှာခေါင်းလေးရှုံကာဖြင့် သူမနှုတ်ဖျားမှာ အမိန့်တော်တွေ တသီကြီးချခဲ့တော့သည်။
" ထပြီး....ဆန်ပြုတ်သောက် ပြီးရင်သောက်ရမဲ့ ဆေးတွေ အချိန်နဲ့ရေးပေးခဲ့တယ် နောက်ရက်အတွက် ဟင်းတွေလုပ်ထားခဲ့တယ် ထမင်းအိုးတည်နည်းကို ပန်းကန်စင်ပေါ်မှာကပ်ပေးထားတဲ့ အတိုင်းချက်စား OK "
" မု...ကိုယ် "
" လိုက်ပို့ဖို့....မစဉ်းစားနဲ့ နားလိုက်တော့ "
" ကိုယ်...ထမင်းစားပွဲမှာ တစ်ယောက်ထဲမစားချင်ဘူး အဲ့တာကြောင့် ကိုယ် ထမင်းသိပ်မစားတာ "
မျက်နှာလေးငယ်ကာ ထမင်းဝိုင်းမှာ တစ်ယောက်ထဲထိုင်ခဲ့ရသော နေ့ရက်တွေဟာ အောင်စစ်မှူးအတွက်တော့ ခြောက်ခြားစရာပင်။အထီးကျန်ဆန်လှတဲ့ တစ်ယောက်ထဲ စားရတဲ့ ထမင်းဝိုင်းကို သူကြောက်မှန်းမုလည်း သိ၏ ။
" အဲ့တာဆို.... မု ဉီးစားပြီးမှာပဲ ပြန်တော့မယ် ဆန်ပြုတ်ထည့်ပေးမှာမို့....လာထိုင်ပါနော် "
" Omm မမမုပြောတဲ့အတိုင်း နားထောင်ပါ့မယ် "
" စားကြည့် ဘယ်လိုလဲ "
Advertisement
" တမျိုးကြီးပဲ "
" ဟုတ်လို့လား....ပြည်ကြီးငါး ထည့်ထားလို့နေမယ် ပေးအုံး...မုသောက်ကြည့်မယ် "
" သောက်ကြည့် "
" ကောင်းပါတယ်....ဘာမှမ..."
မုကို စကားပင်ဆုံးအောင်ပေးမပြော မုပါးစပ်ထဲမှ ဆန်ပြုတ်ကို အောင်စစ်မှူး သူနှုတ်ခမ်းဖြင့် သိမ်းယူလိုက်သည်။
" အခုမှ.... ကောင်းသွားတာ "
" တော်ပြီ နောက်တခါဉီးမကောင်းဘူး ပြောရင်မယုံတော့ဘူး "
အောင်စစ်မှူး စားနေတာကို မုမေးလေးထောက်ပြီး ကြည့်နေမိသည်။ သုံးလေးလုတ်လောက်စားပြီးခါမှ အောင်စစ်မှူး ခေါင်းကိုငုံကာ ဘာစကားမှ မပြောတော့ မုစိတ်ပူမိသည်။
" ဉီး ဘာဖြစ်လို့လဲ "
" ကိုယ်....တခါမှ ဒီလို ပြုစုပေးတဲ့သူမရှိလို့ နေသားမကျရုံပါ အားလုံးက နေမကောင်းဖြစ်တိုင်း ဆေးရုံပဲပို့ပြီး အခုလို နွေးနွေးထွေးထွေးပြုစုပေးတာ မခံခဲ့ရတော့....ကိုယ် "
ပါးပေါ်မှာ မျက်ရည်လေးရွဲဲပြီး မျက်ဝန်းများလည်း နီနေတဲ့ ဉီးကိုကြည့်ရင်း မုသနားမိသည်။ဉီးကို ချစ်တာလည်း မုသနားတာ တဝက်ပါတယ်ဆို ဝန်ခံပါတယ်။ခုံပေါ်မှ ထကာ မုလည်း အောင်စစ်မှူးခေါင်းလေးကို ဖက်ပြီး လက်လေးဖြင့် ပုတ်ပေးရင်း သူမှာ မုရှိသေးတယ်ဆိုတာကို နားလည်စေချင်မိသည်။
" နောက်နေသားကျသွားမှာပါ.....မုက ဉီးကို အမြဲ ဂရုစိုက်ပြီး ချစ်ပေးမှာမို့ စိတ်အနှောင့်ယှက်မဖြစ်ပါနဲ့ အားလည်းမငယ်ပါနဲ့ မုက အမြဲ ဉီးပိုင်တဲ့ လူမို့လို့ "
မုလည်း ဉီးကို ချော့မော့ကျွေးပြီး ဆေးတိုက်လိုက်သည်။ မုပြန်မယ်လုပ်တော့ ဉီးကစိတ်မချပဲ သူပဲအတင်းလိုက်ပေးချင်နေတော့သည်။ မုလည်း ပို့ပြီးတယောက်ထဲ ကားမောင်းပြန်ရင် နေမကောင်းတာမို့ စိတ်မချ
ပါ။
" Taxi နဲ့လည်း စိတ်မချရင်.... ကိုလင်းကိုပဲ ပို့ခိုင်းလိုက်မယ် ဉီးတော့မရဘူး မုစိတ်မချဘူး ကားမောင်းတတ်တာသိပေမဲ့ နေမကောင်းတော့ နားလိုက် "
" အိမ်ပေါက်ဝထိ လိုက်ပို့မယ် "
သိပ်မကြာပါဘူး ကိုလင်းလည်း သူဆရာခေါ်တာနဲ့ ရောက်ချလာ၏ ။မုကားပေါ်တယ်မည် အလုပ် အောင်စစ်မှူးကတော့ ကြွားလုံးထုတ်လိုက်သေးသည်။
" ကိုလင်း...မင်းမရီးကို သေချာလိုက်ပို့လိုက် "
" တကယ်လား ဆရာ မုဒြာက မရီးဖြစ်သွားပြီပေါ့ "
" ကိုလင်းက အကြီးဟာကို မရီးလို့ မခေါ်ပါနဲ့ "
မုလည်း အောင်စစ်မှူးကို နှုတ်ဆက်ပြီး ကိုလင်းနဲ့ ပြန်လာခဲ့လိုက်သည်။မုလည်း ဖုန်းထဲက အောင်စစ်မှူးစားနေတဲ့ ဘေးတစောင်း သူမနှင့် selfieဆွဲထားတဲ့ပုံကို ကိုလင်းအားပြလိုက်သည်။
" ကိုလင်း.....ဉီးက ဒီလိုပုံနဲ့ဆို လူငယ်လေးအတိုင်းပဲနော် "
" မုဒြာ ဆရာကို သေချာဂကုစိုက်ပေးပါနော် ဆရာ ပထမဆုံးချစ်တဲ့ မိန်းကလေးမို့ ပျော်စေချင်တယ်....ဆရာရဲ့ မကောင်းတဲ့ အကျင့်တွေရှိရင်တောင် အနားမှာ ရှိနေပေးပါနော် ကျွန်တော်တောင်းဆိုပါတယ် "
" ရပါတယ် ကိုလင်း မုက ဉီးကို သေချာဂရုစိုက်ပေးမှာပါ "
ကိုလင်းက စကားနည်းတဲ့လူဖြစ်ပေမဲ့လည်း သူဆရာကိုတော့ အတော်စိတ်ပူရှာသည်။အတည်ပြောတတ်သူမို့ ကိုလင်းစကားတွေက အလိမ်မပါတာကို မုသိ၏ ။ဉီးရဲ့ ပထမဆုံး မိန်ကလေးဖြစ်ရာတာကိုလည်း မုပျော်မဆုံးပါ ။
မုအိမ်တွင် လူဆုံနေဖို့ ဆုတောင်းမိသည်။သူမ signal ဘဝက ကျွတ်ပြီးဆိုတာကို လော်နှင့်အော်ပြီး ကြော်ညာချင်တာလည်းပါသည်။မုဆုတောင်းပြည့်ခဲ့ပါပြီ အိမ်တွင်လူဆုံတတ်ဆုံရှိ၏ ။
" ကောင်မ....9နာရီတောင်ထိုးနေပြီ "
" ဘယ်သဝေထိုးနေတာလဲ "
အဆောင်နောက်ကျလို့ ဆူခံရနေသည့်အတိုင်း။ဒါဒါကတော့ သိပ်ဝင်မပြောပေ။
" ငါ...ငါ...ရည်းစားရသွားပြီး "
" What Said... ဘာပြောလိုက်တယ် မနောက်နဲ့ မနောက်နဲ့ "
" ဉီးအောင်စစ်မှူး လို့တော့ မပြောနဲ့နော် နင်ရုပ်နဲ့ အဲ့လောက်အဆင်မျိုးနဲ့ မလိုက်ဘူး "
လျို့ဝှက်ချက်တိုင်းကို အကောင်းဆုံးသူငယ်ချင်းတွေကို မပြောဘဲမနေဖူးတာကြောင့် မုပြောပြလိုက်သည်။ဖြစ်ကြောင်းကုန်စင်ကို ခရေစိတွင်းကျပြောပြလိုက်တော့ ဟိုသုံးယောက်ကလည်း ခေါင်းချင်းဆိုင်ပြီး အသည်းတယားယား နားထောင်နေကြသည်။
" ကောင်မရယ်.....နင်အရင်ဘဝက နိုင်ငံကိုကယ်တဲ့ စစ်သူကြီးများဖြစ်ခဲ့သလားဟယ် စောက်ချောကြီးကို ရည်းစားတော်ရလို့....ပြီးတော့ ဟဲဟဲ Kissကလည်း ကျွမ်းသေး "
" ငါတော့ ဟိုလူကြီးကိုပဲသနားတယ် သူလိုနှာဘူးမကိုရလို့ "
" မုမု...နင်အတည်တွဲမှာလား နင်ကို မျက်မမြင်လို့တောင် လိမ်ခဲ့တာ လျှို့ဝှက်ထားတာတွေလဲ ရှိနိုင်တယ်နော် "
" ငါလည်း....အဲ့တာကိုတော့ သိပ်မမိုက်ဘူးလို့ထင်တယ် ဘယ်လောက်ပဲကြိုက်ပါစေ Relationship တခုမှာ လျှို့ဝှက်တာတွေများလွန်းရင်တော့ မကောင်းဘူးဟ "
" ဒါမဲ့ ငါတို့ငါအမြဲနင်ဘက်ကပဲ တော်ပြီ...... လျှောက်တွေးတာတွေရပ်ပြီး မုကို ဂုဏ်ပြုလိုက်ရအောင် Pizza နဲ့ Beer ဆိုရင်ရော "
မုကတော့ သူငယ်ချင်းမများရဲ့ အားပေးမှုကြောင့် ပျော်ရခက် ငိုရခက်ဖြစ်နေတော့သည်။သူမကိုယ်တိုင်ကလည်း အောင်စစ်မှူးမှာ ဖုံးကွယ်ထားတဲ့ အရာတွေရှိနေတာကို ခံစားမိတာလည်းပါ၏ ။သူမရဲ့ အတွေးများက လက်ထဲက ဖုန်းမြည်သံကိုပင် မေ့နေစေသည်။
Advertisement
" မုမုရယ်....ငါတို့က ဒီတိုင်းလျှောက်ပြောနေတာကို အဲ့လောက်မတွေးနေပါနဲ့တော့ လက်ထဲမှာ ဖုန်းလာနေတာလဲ ကိုင်လိုက်ပါအုံး "
" Aww. ..အေးအေး Hello "
" Hello မုမုရေ....ငါပြန်လာပြီ "
တဖက်ဖုန်းထဲမှ အမျိုးသားအသံကြောင့် မုလည်း အံ့အားသင့်သွားသည်။5နှစ်လောက် ဝေးသွားတဲ့သူက အခုမှ ရုတ်တရက် ဖုန်းဆက်လာတာကြောင့် မုဝမ်းသာခဲ့ပေမဲ့ အခုမှစမည့် သူမအချစ်ရေးတွင် ဝင်ရောက်ပတ်သက်လာမည်ကိုတော့ လုံးဝမမျှော်လင့်ခဲ့ချေ....။
Episode 15 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" မု....နုလုံးသားဆီကိုလေ "
" မု...ကိုယ် "
" စားကြည့် ဘယလိုလဲ "
" တမျိုးကြီးပဲ "
" သောက်ကြည့် "
" ကောင်းပါတယ်....ဘာမှမ..."
" အခုမှ.... ကောင်းသွားတာ "
" ဉီး ဘာဖြစ်လို့လဲ "
ပါ။
" Taxi နဲ့လည်း စိတ်မချရင်.... ကိုလင်းကိုပဲ ပို့ခိုင်းလိုက်မယ် ဉီးတော့မရဘူး မုစိတ်မချဘူး ကားမောင်တတ်တာသိပေမဲ့ နေမကောင်းတော့ နားလိုက် "
" ဘယ်သဝေထိုးနေတာလဲ "
" ဒါမဲ့ ငါတို့ငါအမြဲနင်ဘက်ကပဲ တော်ပြီ...... လြှောကျတှေးတာတှရေပျပွီး မုကို ဂုဏ်ပြုလိုက်ရအောင် Pizza နဲ့ Beer ဆိုရင်ရော "
" Aww. ..အေးအေး Hello "
Episode 15 Coming Soon
Advertisement
- In Serial51 Chapters
Stuck With Mr. Billionaire
"Curiosity killed the kitty Miss Adams." My body stiffened. Slowly I turned around just to see Mr. Parker standing in front of me with hands in his trouser pockets. I bit my lip. I thought he would be angry but when I looked at him. His face showed no emotion. He then started walking towards me I moved back. This continued until my back hit the door. Then he placed his one hand on my side, leaning forward, close to me."What was rule number three Miss Adams." His face was extremely close to mine my breath got hitched. I couldn't answer his question why? Because I was more focused in the distance between us."I asked you something Miss Adams." He said again."T-That t-there a-are prohibited areas i-in the house where I shouldn't g-go.""It seems like you remember the rules. This room is one of those prohibited areas. So, from next time think before you put yourself into trouble."I just stared at his eyes. I was lost in those pair of sea-coloured eyes. No other guy has ever affected me this much as Mr. Parker. I get nervous around him. I don't know what this feeling is but this feeling is different. A feeling that I have never felt for anyone."Understood?" he said again.I nodded. "Yes Mr. Parker."*****************Liam Parker, 25 year old billionaire. Arrogant, handsome, ruthless, the only thing matters to him is his son and his work.Bella Adams, 24 year old simple and bubbly girl, who lives with her Nanny in an orphanage. What will happen when Bella comes as a babysitter of Liam's son? Let's find out in the story.....
8 653 - In Serial71 Chapters
Ankahee Ansunee Bateein Meri Dil Ki (Untold unheard words of my heart)
This is my another Mehrya Fan fiction , quite an emotional ones happens after Shaurya and Mehak's marriage track where she found he is responsible for her parent's death and soon after that things went haywire, stay tuned to learn more how things goes along.
8 136 - In Serial64 Chapters
Masters of Shadow and Light
Book 1 is completely posted and available to read. Masters of Shadow and Light will return for Book 2! When he begins training his body and power, eighteen-year-old Kieran finds himself facing a difficult decision. It's not whether or not he should become a Sivalshi Guardian, a protector of the peace of Sivalshi City, which rests on the back of a giant turtle floating through the ocean. No, when that choice comes, he answers it without hesitation. Kieran's choice is far more difficult than that Lucas is a handsome martial artist with the looks of a god and the ability to manipulate light itself. Kind and caring, Lucas goes above the call of duty to help Kieran with his training. Zane is a charming manager at his father's company and possesses the ability to turn to living stone. Friendly and outgoing, he gives Kieran a change of pace. The choice that Kieran will make is both simple and difficult at the same time. Which boy should he get with? Posting Schedule: Every 3 days.
8 1028 - In Serial45 Chapters
My Twin Stepbrothers (Completed)
Abby has a normal life. Loving parents two best friends on her final year in high school she couldn't be more happy. The last day of summer her parents went out for date night. Abby got a phone call in the middle of the night saying she lost her parents in a car accident. Abby doesn't know where she would go she has no other family. She didn't expect her stepdad's sons to adopt her. They only seen her once in her life when she was 5. Liam and Ethan have been put in a situation where they want to do the right thing for someone who is technically family but what they don't know is that 17 year old Abby has grown into a women of their dreams. Liam and Ethan both want her as their own so they adopt her. What will happen when Liam and Ethan start showing Abby things she never imagine in her life will she stay with them or decide other wise?
8 141 - In Serial16 Chapters
Runaway
Maya has an inexplicable feeling of dread all day Friday. It only gets worse when she finds her three stepbrothers home. She does the only thing she knows how to do. She runs, feeling them lick at her heels, with only the clothes on her back and no money. She doesn't have a lot of options. Just a roadside diner that might give her a chance to catch her breath.Hudson wasn't expecting to see an angel sitting across the diner from him late that night. Fed up with driving across the county in his rig, he's finally decided to hang up his keys. And right when he might have just found the one he wants to spend the rest of his life with, she's gone in one blinding moment. What does fate have in store for these two? Will Maya learn how to come out of her shell? Does Hudson finally get the woman of his dreams, or is he a day too early?*All parties will be of consenting age. HEA is guaranteed. Not quite an insta love but fast-paced.
8 91 - In Serial9 Chapters
Kyle
I couldn't believe what I see in the back wall of my closet. . .
8 208