《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 9 )
Advertisement
မနက်ခင်းရဲ့ နေမင်းကြီးကတောင် ဒီနေ့တွင် မုလောက် ဝီတိရမကောင်းနိုင်။မီးဖိုချောင်ထဲမှာ ကြော်လှော်သံတွေနဲ့ အေပရွန်လေး စည်းကာ သီချင်းလေး ညည်းရင်းသူမကတော့ ဟင်းတွေချက်ပြုတ်နေသည်။စေတနာတွေက အခြားသောနေ့များထက်ပိုကာ သူငယ်ချင်းမများကိုပင် breakfastတောင် စီစဉ်ပေးထား၏ ။
" အားလုံးထုပ်ပိုးပြီးပြီဆိုတော့.....Ig မှာ postတင်ရမယ် ဘယ်လို caption ရေးရင် ကောင်းမလဲ....ဒီလိုလေးဆို အဆင်ပြေပြီ အခုမှသတိရတယ် ဒီနေ့စောစောသွားရမှာကို "
မနေ့က Company ကလူတွေနဲ့ မိတ်ဆက်ပေးဖို့ အတွင်းရေးမှူးကိုလင်း စောလာဖို့မှာထားတာ ခုမှသတိရသည်။ရုံးသွားဖို့ ပြင်ဆင်ရင်း မု အနက်ရောင် shirt လေးကို ဒူးပေါ်ဂျင်းစကတ်လေးနဲ့ ဝတ်ဖို့ ပြင်လိုက်သည်။make upကိုလည်း natural ဆန်ဆန်လေးပြင်ကာ နှုတ်ခမ်းကို မက်မွန်းရောင် lip stick လေးဖြင့် တန်ဆာဆင်လိုက်သည်။ဆံပင်ကလည်း အလိမ့်လေးတွေမို့ မုရိုးရိုးရှင်ရှင်း အလယ်ခဲွဲပြီး ဖွားလျားပဲ ချလိုက်သည်။ဒီနေ့တော့ အိမ်ကနေစောထွက်သူက မုပါ။
" ကောင်မတို့ရေ....စောစောထတဲ့ ဌက်က ပိုဗိုက်ဝတာမို့ ငါတော့ သွားပြီး "
" သွား...သွား နင်ရဲ့ old schoolကြီးကို နင်ပဲဗိုက်ဝအောင်စား "
မုလည်းစိတ်တွေ အရမ်းကြည်လင်နေတာမို့ စကားနိုင်မလုတော့ပဲ ထွက်လာလိုက်သည်။ခါတိုင်းလို နောက်မကျတော့ မုဒီနေ့ကားဂိတ်ကို အလောတကြီးသွားစရာမလို့တော့ပါ။ကားပေါ်မှာ နားကြပ်လေးတပ်ပြီး သီချင်းအေးအေးလေး တစ်ပုဒ်ကို မုနားဆင်ခဲ့တယ်။သီချင်းလေးထဲကလို မုလည်းရိုးရှင်းတဲ့ အချစ်ကို ပိုင်ဆိုင်ချင်မိသည်။
ရုံးရောက်တော့ ဉီးကိုမတွေ့မိပါ။ခါတိုင်းဆို အတွင်းရေးမှူးကိုလင်းရောက်လျှင် ဉီးပါရောက်တတ်သည်။ဒီနေ့တော့ မု ပထမဆုံးတွေချင်တဲ့ လူကို မတွေ့ရတော့ နည်းနည်းစိတ်ပျက်မိသည်။အတွင်းရေးမှူးကိုလင်း မိတ်ဆက်ပေးနေတာကိုတောင် မု အာရုံမစိုက်နိုင်ပါ။
" မုဒြာ....ကျွန်တော်ပြောတာကို ကြားရဲ့လား "
" ဟုတ်...ဟုတ်ကြားပါတယ် ကိုလင်း "
" မုဒြာကို ကျွန်မတို့က သူဌေးရဲ့တူမထင်နေတာ "
" မဟုတ်ပါဘူး.....မုက အကူပါ အမျိုးမတော်ပါဘူး မုကို ခိုင်းစရာရှိရင်လည်း ခိုင်းကြပါနော် အလုပ်သင်လိုမျိုးပေါ့ "
" မုဒြာက သူဌေးရဲ့ ကိုယ်ရေးကိုယ်တာအကူမို့ အားလုံးစောင့်ရှောက်ပေးကြပါအုံး "
" ကိုလင်းရယ်...စိတ်ချပါ သူဌေးက သူဘေးထားတယ်ဆိုထဲက ကျွန်မတို့ သိပါတယ် သူနဲ့ စေ့စပ်...."
" မယု....စကားကျွံရင် နှုတ်ရခက်တယ်နော် "
ကိုလင်းရဲ့ သတိပေးမှုကြောင့် မန်နေဂျာ မယုလည်း စကားမဆက်ရဲတော့။သူမရဲ့စားပွဲခုံကိုသာ ပြေးပြီးအလုပ်ဆက်လုပ်နေတော့သည်။အခြားသူများကလည်း Itပညာရှင်တွေမို့ မိတ်ဆက်ပေးပြီးတာနဲ့ မုကိုသိပ်အာရုံမထားကြ သူတို့ computer ကိုသာ အာကုံစိုက်နေကြ၏ ။ မုကတော့ နောက်မှဝင်တဲ့သူမို့ ဘာမှသေချာနားမလည်းပါ။မုလည်း ဉီးမရောက်သေးတော့ ကိုလင်းကိုပဲ အရင် Lunch boxပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။
" ကိုလင်း...မုပေးစရာရှိတယ် "
" ဘာများလဲ မုဒြာရဲ့ "
" ကိုလင်းရယ်....မုမုလို့ပဲ ခေါ်ပါ ဒီမှာ လာဘ်ထိုးမုန့် ဉီးကို သေချာဂရုစိုက်ပေးပါဖို့ Lunch box နဲ့လာဘ်ထိုးတာ "
" မုမပြောလဲ ကိုလင်းက ဆရာကိုအမြဲ စောင့်ရှောက်မှာပါ "
ကိုလင်းကလည်း မုကအနာဂတ်မှာ သူ့ဆရာကတော် ဖြစ်လာမဲ့သူမို့် ညီမလေးတစ်ယောက်လို ရင်းရင်းနှီးနှီးရှိသည်။ ပြုံးရယ်ရင်း မုလက်ထဲက ဘူးကိုယူလိုက်တာနဲ့ တပြိုင်နက်.......
" ကိုလင်း....!!!!! "
ဂူထဲမှ ခြေင်သေ့တစ်ကောင်ရဲ့ ဟိန်းဟောက်သံနှင့်အတူ အောင်စစ်မှူး တစ်ယောက်ရောက်လာခဲ့သည်။အောင်စစ်မှူးရဲ့ ခေါ်သံကြောင့် မုပင်ကိုယ်လေး တွန့်သွားခဲ့သည်။ခါတိုင်းလို အနောက်တိုင်းဝတ်စုံအပြည့်မဝတ်မဲ လည်ပြည့်ဆွယ်တာ အနက်ရောင်ကို လည်သားcoatထပ်ကာ လျှာထိုးဉီးထုပ်အမဲဖြင့် All Blackဝတ်ဆင်ထားသော အောင်စစ်မှူးမှာ ခါတိုင်းထပ် လူငယ်ဆန်ကာ ဆွဲဆောင်မှုရှိနေခဲ့သည်။
ထိုသို့ ဝတ်စားထားသည်မှာလည်း မနက်လေးနာရီလောက်ထဲက ပြင်သစ်သို့ ပို့မည့် လက်နက်များအား ကိုယ်တိုင် ဆိပ်ကမ်းထိ သွားစစ်ခြင်းကြောင့်ပင်။မနက်ထဲက ပင်ပန်းနေသမျှကို မုရဲ့ ပုံကိုကြည့်ရင်း အမောဖြေရန် စဉ်းစားမိသောလည်း သူမရဲ့ Ig postက ပို၍ပင် ခေါင်းစားစေခဲ့သည်။Captionက 'အကောင်းဆုံးလူအတွက် အကောင်းဆုံး နေ့လည်စာ ' ဖြစ်ကာ Lunch boxပုံကို တင်ထားတာကြောင့်ဖြစ်သည်။ရုံးလာစဉ် တလျှောက်လုံး Lunch box က သူမအတွက်လို့ တွေးထားပေမဲ့ ထိုဘူးကို ပိုင်ဆိုင်သူက ကိုလင်းမှန်းသိသောအခါ အောင်စစ်မှူး တစ်ယောက် ဒေါသကုံမာန်ဘီလူးတောင် လက်မြောက်အရှုံးပေးရလောက်အောင် ဒေါသမီး ဟုန်းဟုန်းတောက်လောင်နေ၏
" ကိုလင်း....မင်း...ငါရုံးခန်းထဲ လာခဲ့... မု ဆော့လ်ဝဲဖိုင်တွေကို 10ထပ်က HRဌာနကို သွားပို့လိုက် "
စကားလုံးတိုင်းကို နားထင်သွေးကြောများထောင်ကာ အံကျိတ်ခဲရင်း ပြောနေတော့သည်။ကိုလင်းကတော့ အခြေနေကို သဘောပေါက်သောလည်း ပြန်လည်ရှင်းပြခြင်း အလျင်းမရှိ။အောင်စစ်မှူးက သေဆိုသေ ရှင်ဆိုရှင် အမိန့်ပေးတိုင်း နာခံတဲ့ လူမို့ပင်ဖြစ်သည်။မုကတော့ ဘာမှသိနားမလည်ပဲ ဝန်ထမ်းတစ်ယောက်ဆီက ဖိုင်ကို ယူကာထွက်သွားခဲ့သည်။မုထွက်သွားမှပဲ အောင်စစ်မှူးလည်း သူရဲ့ သိုးရေကို ချွတ်ကာ ရုံးခန်းထဲမှာ စိတ်ကြိုက် သောင်းကျန်းတော့သည်။
" ကိုလင်း....မင်း သခင်ရဲ့ ပန်းကို လှန်ရင်း ဘာဖြစ်တတ်လဲသိလား "
" ကျွန်တော် ရှင်းပြရင်ရော ဆရာကယုံပါ့မလား "
" လုံးဝပဲ....ငါက ကျွန်ပြန်သတ်တာခံမဲ့ သခင်မဟုတ်ဘူး ငါပိုင်တာကို လုဖို့တွေးရုံနဲ့တင် အဲ့လူရဲ့ အတွေးကို ငရဲရောက်မှ နောင်တရအောင်လုပ်ပြစ်မှာ မင်းမှာငါခေါ်သလို မုလို့ ခေါ်ပိုင်ခွင့်လည်း မရှိဘူး "
အောင်စစ်မှူးရဲ့ ဒေါသကတော့ အပြောနဲ့ပင် မပြီးပဲ အနားရှိ ကြွေထည်အိုးကို လက်တဖက်ထဲနှင့် ကိုင်မြှောက်ကာ ကိုလင်းဆီ ပစ်ပေါက်လိုက်သည်။ကိုလင်းကလည်း ငယ်စဉ်ထဲက သူကျွေးတာစား သူပေးတဲ့ ပညာကိုယူရင်း ဒီအခြေနေထိရောက်ခဲ့သူမို့ သူပြုသမျှခံ၏ ။ သူဟာ အရိုင်းဆန်ပေမဲ့ ယုတ်မာတတ်သော သခင်မဟုတ်တာကြောင့်လည်းပါကာ သူ့ငယ်ဘဝနာကျည်းမှုတွေရဲ့မျက်မြင်သက်သေ တစ်ယောက်မို့ အပြစ်မယူခဲ့ပါ။အချိန်ကိုက်တာလား တွေ့ဖို့ကံပါတာလားတော့မသိ မုကတော့ ဖိုင်လွဲနေလို့ လာပြန်အယူ ရုံးခန်းထဲက ကျကွဲသံကြောင့် အောင်စစ်မှူးများ ထိခိုက်မိသလားအထင်ဖြင့် တံခါးတောင် မခေါက်နိုင်ပဲ ရောက်လာခဲ့သည်။သူမအထင်နဲ့ လွဲနေပေမဲ့လည်းပေါ့။
Advertisement
" ဉီး...ဘာဖြစ်တာလဲ ကျကွဲသံကြားလို့ မုစိတ်ပူတာနဲ့ .....
ကိုလင်း ခေါင်းမှာလည်း သွေးတွေနဲ့ !!!! "
" ကျွန်တော် ဘာမှမဖြစ်ပါဘူး ကြွေအိုးစင်ပေါ်တင်ရင်း ကျသွားတာ "
ကိုလင်း အလိမ်ကောင်းသွားသည်။သူရပ်နေတာ စင်နမှာမို့ မုလည်း သိပ်သံသရမဝင်ခဲ့။အောင်စစ်မှူးကတော့ ခုံပေါ်ကနေ တုပ်တုပ်မှ မလှုပ်။
" မုနဲ့ ဆေးရုံသွားမယ်လေ ....ဟိုလေ ဉီး "
" ရတယ်....ကိုယ်ပဲ ခေါ်သွားလိုက်မယ် "
" ရပါ့မလား ဉီးက "
" ကိုယ့်ဝန်ထမ်းကို ကိုယ်ဂရုစိုက်ရမှာပဲလေ "
" အဲ့တာဆို...ဂရုစိုက်သွားကြပါနော် ဒါနဲ့လေး ဉီး ဆေးရုံက ပြန်လာရင် Company ခေါင်းမိုးထပ်ကို သွားရအောင်နော် မုစောင့်နေမယ် "
" ကိုယ်....ပြီးတာနဲ့ တန်းပြန်လာခဲ့မယ် "
ကိုလင်းလည်း အခုမှပဲ စိတ်သက်သာရာ ရတော့သည်။မုရဲ့ စကားကြောင့် အောင်စစ်မှူးလည်း သဘောပေါက်သင့်သလောက် ပေါက်သွားသည်။ကိုလင်းကလည်း ခေါင်းနှစ်ချက်လောက် ချုပ်လိုက်ရပေမဲ့လည်း ဒဏ်ရာသိပ်မများပေ။
" ဆရာ....အခုတော့ စိတ်ကြည်သွားပြီ မလား "
" နည်းနည်း မင်းလည်း ငါစိတ်ကို သိသားနဲ့ "
" ဆရာ...မတောင်းပန်တတ်တာသိပေမဲ့ ကျွန်တော်ကို လျော်ကြေးအနေနဲ့ ခွင့်တပတ်လောက်ပေးပါ "
" မင်းမရှိရင်...ငါဘယ်သူ့သွားအားကိုးရမလဲ "
" မရီးရှိတယ်လေ....ဆရာ ကျွန်တော်မရှိတာအကြောင်းပြပြီး နီးစပ်အောင်လုပ်ပေါ့ "
" ငါမင်းကို....လစာတိုးပေးတော့မယ် ဒါနဲ့ ဒီနေ့ နေ့လည်စားစာချိန် Company ခေါင်မိုးထပ်ကို ဝန်ထမ်းတွေမလာစေနဲ့ "
" စိတ်ချပါ.....ဆရာ "
°°°°°°°°°
ဉီးပြန်မလာသေးလို့ ရုံးကလူတွေကို ဟိုဟာဒီဟာကူပေးနေရင်း မုကတော့ တမျှော်မျှော်ဖြစ်နေတော့သည်။မကြာပါဘူး ဉီးပြန်ရောက်လာသည်။ကိုလင်းကတော့ ခေါင်းမှာ ပတ်တီးကြီးဖြင့်။
" ဉီးပြန်လာပြီးလား....ကိုလင်းရော သက်သာရဲ့လား "
" သက်သာပါတယ် "
" မုသွားမယ်လေ "
မုမေ့နေမှာဆိုတာနဲ့ ကျွန်တော်ပဲ သွားဖို့အရင် စခဲ့သည်။သူမကတော့ ကျွန်တော်မမြင်တာမို့ ထမင်းဖူးကို ပြေးယူပြီး လာတွဲခေါ်သည်။
Company က အထပ်20ကျော် အဆောက်ဉီးဖြစ်တာမို့ ခေါင်မိုးထပ်တွင် ပန်းခြံလုပ်ထားပြီး မြက်ခင်းများ ပန်းများစိုက်ထားတာမို့ တကယ်မိုးပေါ်က ပန်းခြံလေးလို စိတ်ကူးယဉ်ဆန်လှသည်။ခါတိုင်းနေ့များတွင် လူစည်သောလည်း ဒီနေ့တော့ သူဌေးရဲ့ ရာဇသံကြောင့် မည်သူမှမလာရဲ။သစ်သားခုံတန်းရှည်များထားကာ အရိပ်ရအောင် ခရေပင်တွေလည်းစိုက်ထားတာမို့ တကယ်ကို အုံအုံဆိုင်းဆိုင်းဖြင့် နှစ်မြို့ဖွယ်ကောင်းတဲ့ တောအုပ်ငယ်လေးလိုပင်။မုဒီနေရာလေးကို မယုရဲ့ သတင်းပေးမှုကြောင့် သိခဲ့ခြင်းဖြစ်သည်။
ဉီးကို ခုံတန်းလေးမှာ ထိုင်ခိုင်းပြီး ထမင်းဘူးလေး ဘေးချကာ မု လတ်ဆက်တဲ့လေးတွေကို တဝကြီး ရှုရှိုက်မိသည်။ကိုလင်းဖို့ တခါသုံးဘူးနဲ့ ထည့်ပေးပင်မဲ့ ဉီးအတွက်ကိုတော့ အနွေးဘူးဖြင့် သေချာထုတ်ပိုးခဲ့သည်။အအေးပါ ပြင်ဆင်ခဲ့တာမို့ မု ရတနာထုတ်လို့ ရင်မှာပိုက်သယ်လာခဲ့သည်။
" ဉီး....တွေ့လား ဘယ်ဘောက်လှလိုက်လဲ "
" ကိုယ်မှ မတွေ့ရတာ မုရဲ့ "
" ဟုတ်သား...အဲ့တာဆို မုအခု ပတ်ဝန်းကျင် ပုံစံကို ပြောပြမယ် ဉီးစိတ်နဲ့ ပုံဖော်ကြည့် "
" Omm. ..ကိုယ်ပုံဖော်ကြည့်မယ် "
မျက်လုံးလေးမှိတ်ပြီး မုပြောတာကို နားထောင်ဖို့ ပြင်နေတဲ့ ဉီးရဲ့မျက်နှာက တကယ့်ကလေးလေးလိုပါ။ခါတိုင်းလို ဆံပင် အပြောင်မသိမ်းထားလို့ လူငယ်လေးတစ်ယောက်လို။လေတိုက်တိုင်း နဖူးထပ်မှာ ဝဲနေတဲ့ ဉီးရဲ့ ဆံနွယ်လေးတွေက မိန်းကလေးတွေထက်တောင် နှုးညံ့၏ ။ခေါင်းလေး အနည်းငယ် မော့ထားတာမို့ နှာတံချွန်ချွန်လေးက ပိုပေါ်နေသည်။ထိုအချိန် မု နှလုံးသားလေးက စည်းချက်ညီစွာ လှုပ်ရှားနေခဲ့သည်။မုကိုယ်ကိုကိုယ့် ပြန်မေးခွန်းထုတ်မိသည်။ မုဉီးကိုများ ချစ်မိနေပြီးလား...... ။
" မု...ပြောလေ ဘာလို့ အသံတိတ်နေတာလဲ "
" မ...မဟုတ်ပါဘူး မုပြောမယ်နော် ကောင်းကင်မှာက တိမ်တွေက လှိုင်းလေးတွေလိုမျိုးဖြစ်နေပြီးတော့ နေရောင်ကလည်း ဖြာကျနေတယ် လေအေးလေးတွေကလည်း မျက်နှာကို လာထိနေသလို ဉီး.....ခံစားမိလား "
" ကိုယ်ခံစားမိတယ် သေချာပေါက် မေ့မရတဲ့ ခံစားမှုမျိုး "
" တကယ်လား....မု ဉီးကို လေပေါနေတာနဲ့ ပြောဖို့မေ့နေတာ ဉီးအတွက် ထမင်းဘူးထည့်လားပေးတယ် ပုစွန်နဲ့ အပ်မှိုကို ရောကြော်ပြီး ကြက်သားကို ရှယ်ကြော်လာတယ် ပြီးတော့ ကီဝီသီးဖျော်ရည်ပါ ဖျော်ခဲ့တယ် အထူးနော် ကိုလင်းကိုတောင် မဖျော်ပေးဘူး "
" မု....အနာဂတ်မှာ မင်းချစ်တဲ့သူနဲ့ ဘယ်လို ဖြတ်သန်းချင်လဲ "
" ဟမ်....စနေတာလား မုမှာ ချစ်သူမှ မရှိတာ "
ဉီးရဲ့ မေးခွန်းကစနေတယ်လို့ ထင်ရပေမဲ့ မျက်နှာထားကလေးနက်လွန်းတော့ မုလည်းမရှောင်ပဲ လက်ရှိအနေထားလေးက ဉီးကို စိတ်ကူးယဉ်ရင်းပြောခဲ့တယ်။
" တကယ်တော့... မု ြ သစတေးလျက fashion ကျောင်း ဝင်ခွင့်ဖြေတာ အောင်ရင်တော့ ကိုယ်ပိုင် brand လေးထုတ်ချင်တယ် မရရင်တော့ အင်ကျီတွေချုပ်ပြီး ဆိုင်လေးဖွင့်ချင်တယ် "
" ကိုယ်ပြောတာချစ်သူနဲ့လေ "
" မုက အနာဂတ်ပါလို့ပြောတာလေ.....အခုမှ ဉီးမေးတာပြောမှာ "
" ဟုတ်ပါပြီ "
" မုက မိခင်ကောင်းတစ်ယောက်ဖြစ်ချင်တာ မေမေလို ချစ်တဲ့သူကို နေ့တိုင်းဟင်းချက်ကျွေးမယ် သူနဲ့တူတဲ့ ကလေးလေးမွေးပြီး သာမန်ကျပြီး ရိုးရှင်းတဲ့ ဘဝလေးလိုချင်တာ အဲ့လိုသာမန်လူမျိုးနဲ့ပဲ မုဖြတ်သန်းချင်တယ် "
Advertisement
မုရဲ့ စကားကြောင့် ကိုယ်အရမ်း သွေးပျက်ပြီး ခြောက်ခြားမိတယ်။မင်းရဲ့ နေ့စဉ်ဘဝမှာတောင် မတွေးဖူးတဲ့ ကိုယ်ရဲ့ သရုပ်မှန်က မင်းအနာဂတ်ကလူ ဖြစ်နိုင်ပါ့မလား......။
Episode 10 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" မုဒြာက သူဌေးရဲ့ ကိုယ်ရေးကိုယ်တာအကူမို့ အာလုံးစောင့်ရှောက်ပေးကြပါအုံး "
" ဘာများလဲ မုဒြာရဲ့ "
" ကိုလင်း....!!!!! "
" ကျွန်တော် ဘာမှမဖြစ်ပါဘူး ကြွေအိုးစင်ပြောတင်ရင် ကျသွားတာ "
" ရပါ့မလား ဉီးက "
" စိတ်ချပါ.....ဆရာ "
" သက်သာပါတယ် "
" မုသွားမယ်လေ "
" မ...မဟုတ်ပါဘူး မုပြောမယ်နော် ကောင်းကင်မှာက တိမ်တွေက လှိုင်းလေးတွေလိုမျိုးဖြစ်နေပြီးတော့ နေရောင်ကလည်း ဖြာကျနေတယ် လေအေးလေးတှကေလညျး မျက်နှာကို လာထိနေသလို ဉီး.....ခံစားမိလား "
" ဟုတ်ပါပြီ "
Episode 10 Coming Soon
Advertisement
- In Serial24 Chapters
How many times do I have to die? Is it really necessary?
Welcome to the world of rebirths. A boy in Japan has discovered a new power he has. He can recreate the universe at his own will. The ability allows him to discover a new life, his name completely separate from his previous mistakes. But is it really what Iro wants?
8 145 - In Serial49 Chapters
Reckless Entitlement
*COMPLETED* Fresh out of foster care Maya Scott is finally ready to live life on her own terms, she has her own apartment, a job that she loves, and three great friends she's ready to crush her senior year. Not one for attention or affection, she's content with being alone and doesn't need, or want anyone. Or at least she thought she didn't until she met Nick. With two absent parents and a mansion all to himself, Nick Ainsworth has learned to live alone. He's found solace in fixing cars and hanging out with his two best friends. Surrounded by people who are only focused on material possessions and their social status, he feared that he would never meet someone who understood him. Until he met Maya.*This is a standalone novel, but for an introduction to other characters, you may want to read East Chapel Academy first.
8 151 - In Serial62 Chapters
Me and You: The Beginning
Alex, Gina and Jamie are ordinary high school students - at least that's what they think. They are about to encounter lust, love, drama, mystery and murder at high school and they definitely aren't ready for it.
8 160 - In Serial21 Chapters
Secret lovers (Vegaspete ff)
Pete is head bodyguard of major family.Vegas is head of the minor family.Major and minor family are a kind of enemies 🤨.Pete and Vegas are in secret relationship.What will happen when both families will come to know about their relationship?Characters are from Daemi's novel but the story is mine.English is not my first language so I'll apologize for any grammatical errors.
8 131 - In Serial38 Chapters
GAMMA COLE & THE SILVER WOLF
"Hey Gamma." Alice giggles looking up to me, not even noticing that Jay has gone. Her cheeks have a pink hue to them from all the Vodka, her eyes are full of mischief as she goes to take another sip. I quickly grab the drink from her hand before it can reach her lips and throw it away into a nearby bush without a second thought. "Yeah, you're done with that, Wonderland." I grin at her as she scowls at me."Hey!" Alice protests. She gets to her feet, a little wobbly. Then stands on the log she was just sat on, so she is at my height. She puts her hands on her hips and scrunches up her eyes as if to try and get me into focus. "I'm not scared of you, Gamma! You can't just take a girls drink you know!" She slurs out as she pokes my chest now with an accusing index finger. Anyone else would be in a world of pain for talking to me like this, but all I want to do is pull her into my arms and kiss her till her lips are bruised and swollen. She's fucking adorable when drunk. Not giving a fuck if anyone's watching us or not, I step forward, crowding right into her space making her physically gulp at our proximity."I don't scare you huh?" I growl at her in a deep but quiet voice. She bites her lip, but not out of fear, she likes it when I talk to her like this. "You don't look like the big-bad-wolf to me." She whispers."What do I look like to you?" I rasp out quietly as her fingertips continue featherlight touches to my lips."I don't know...something..." She breathes, her eyes crease with both confusion and fascination.----------Labelled as having a dangerous wild wolf, Alice is left feeling isolated on her family's farm for most of her childhood. However, now she is of age, she can finally follow her dreams and compete to be on the elite enforcers squad and win the heart of long-time crush Beta Jay. That is until the packs Gamma, Cole, takes over her training and flips her life upside down. (This is a slow burn; I hope you enjoy x)
8 183 - In Serial36 Chapters
Sons, Too Mensao
Not mine. (Completed)#Credit to author and translator.Author: 冷優然Summary There is a family, under the Qi surname, living in the city. It is a strange but cosy family.A family of four composed of a mother and three sons. The most bewildering of all, the mother has a very beautiful appearance. She is thirty year old, yet still as delicate as a twenty-one.As for her three sons, respectively twenty-five, twenty-three, and eighteen year old, they are all handsome and elegant, yet the three of them are still single......"She's a princess of the demon realm who unexpectedly reborn. As a mommy with three babies, they are 25, 23, and 18 years old, all of which are not small! Are you really our mommy? The head of the household is me, of course I am your mommy! It turns out that mommy is actually a vampire! Another vampire is her big brother! Snow wolf tribe? Demon realm? It doesn't matter anyway! As long as we can live a happy life!"
8 121