《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 6 )
Advertisement
ဖုန်းထဲမှ အမိန့်ပေးသံကြောင့်လား သူမရဲ့ မလုံတဲ့စိတ်ကြောင့်လားမသိ မု လက်တွေ တဆက္ဆက္တုန္ကာ နီညိုရောင်မျက်ဝန်းတို့်မှ မျက်ရည်များကျလာတော့သည်။ပြဿနာရှာပြီးတိုင်း အိမ်ကိုလွမ်းတာ မုရဲ့ အကျင့်ပင်။ဒီတခါ သူမရှာလိုက်တဲ့ ပြကနာက ပိုက်ဆံဆိုတော့ပိုဆိုးသည်။
" ဒါဒါရေ.....ငါ ......ငါ ဘယ်လိုလုပ်ရမလဲ ငါတော့ ဒုက္ခရောက်တော့မယ်ထင်တယ် အဟင့် ...ဟင့် "
" ငိုပြီး...မပြောနဲ့ သေချာပြော ဟိုဘက်အခန်းက နှစ်ကောင်လည်း ခဏလာကြပါအုံး ဒီမှာ မုမု ဘာဖြစ်မှန်း မသိဘူး "
" ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲမုမု "
အမြဲတစေ ပြဿနာရှာတတ်သော်လည်း ဘယ်သောအခါမှ မငိုတတ် စိတ်ညစ်ရင်တောင် ပြုံးတုံးတုံးပုံစံလေးဖြင့် ဖြေရှင်းတတ်ပြီး စကားသွတ်ကာ အဖွဲ့ထဲတွင် လူမကြောက်တတ်သော မုတစ်ယောက် ကြောက်နေသည်မှာ သူငယ်ချင်းများအဖို့ အလွန်စိတ်ပူပန်စေခဲ့သည်။သွေးသွားမတော်စပ်ကြပေမဲ့ ညီမတွေလို ကောင်းကောင်းနားလည်ကာ ဘာမှမမေးတော့ဘဲ ငိုနေသော မုကိုသာ ဝိုင်းဖက်၍ နှစ့်သိမ်ပေးကြသည်။အားလုံးရဲ့ပွေ့ဖက်နှစ်သိမ့်ပေးမှုတွေကြောင့် မုကြောက်စိတ်နည်းနည်းလျော့သွားသည်။
" ငါ....နင်တို့ကို အားလုံးပြောပြမယ် "
ဖြစ်ခဲ့သမျှကို အကြောင်းစုံပြောလိုက်တော့.....
" မုမု....နင်ဘယ်လိုတောင် ပြဿနာ ရှာခဲ့တာလား "
" နင်အဲ့လူကို လျော်ကြေး အတိကျမေးလိုက် ငါအိမ်ကတောင်းပေးမယ် "
်" နင် ကိစ္စကို နင်ကပါ လိုက်ပူပေးမနေပါနဲ့ "
သင်းသန့်ဟာ လူချမ်းသာ အသိုင်းဝိုင်းက သမီးဖြစ်သော်လည်း ဆယ်တန်းကျတာကို အကြောင်းပြုပြီး အမြဲနိုမ့်ချနေရသည်ကို မုကောင်းကောင်းသိ၏ ။ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် သူငယ်ချင်းကိုတော့ မျက်နှာမငယ်စေချင်။
" ဘာမှ ကြောက်မနေနဲ့ ငါတို့ရှိတယ် နင်ကို အထိမခံဘူး "
အမြဲ စကားနိုင်တဲ့ ဒီဒီကတောင် အခုလို အားပေးနေမှတော့ မုကြောက်စိတ်တွေ သိပ်မရှိတော့။ဒါဒါကတော့ မုဖုန်းကို သေချာကြည့်ရင်း ဘာမှဝင်မပြော။
" မုမု.... နင်ကသူနင်ကို ထောင်ချမှာ ကြောက်နေတာလား "
" နင်ကလည်း အဲ့လောက်တော့မဟုတ်ပေမဲ့ သူငါကို ရောင်းစားမှာတို့ဘာတို့ပေါ့ဟ သူမမျက်လုံးမမြင်ရတော့ ငါမျက်ကြည်လွှာတောင်းရင် ဘယ်လိုလုပ်မလဲ "
" လာအုံး...အနားလာခဲ့ "
ဒါဒါက လက်ရက်ခေါ်တာကြောင့် မုလည်း ခေါင်းလေးတိုးသွားခဲ့သည်။
" အင့်ဟယ် "
" ဒါဒါ နင်ဘာလို့ ခေါင်းခေါက်တာလဲ "
" ကြည့်ကြည့်.....နင်ကိုချိန်းတာကလည်း ညနေဘက် လူစည်တဲ့ cafe "
" ဟမ် ....အဲ့လိုလား ဒါဆိုလည်း အစ်မတော်ရယ် ကျွန်မကို ရှေ့နေလောင်းတစ်ယောက်အနေနဲ့ အကြုံပေးပါအုံး "
ဒါဒါမှာ Lawမေဂျာရဲ့ တတိယနှစ် ကျောင်းသူဖြစ်သည်။ပန်းချီဆရာ ဖြစ်ချင်သော်လည်း ဝင်ငွေမသေချာတဲ့ အလုပ်မို့ ညီမဖြစ်သူ ဝါသနာကိုသာ ဉီးစားပေး၍ ရှေ့နေ့လုပ်ရန် ဆုံးဖြတ်ခဲ့သည်။အေးဆေးတည်ငြိမ်သော သူမနှင့် ရှေ့နေအလုပ်ကလည်း လိုက်ဖက်လှသည်။
" သွားတွေ့လိုက်.... သွားတွေ့ပြီး သေချာတောင်းပန်လိုက် ပြီးရင် အရစ်ကျဆပ်ဖို့ ညှိကြည့် မရရင်တော့ ပဲထမင်းသွားစားလိုက် "
" ဟဲ့...ဖြစ်ပါ့မလား "
" မသွားရင်သာ ပိုဆိုးမှာ.... အစထဲက နင်ကို ဖမ်းချင်ရင် တရားရုံက ဆင့်ခေါ်စာရောက်မှာပေါ့ "
" ဟုတ်တယ်...ဒီနေ့ပိတ်ရက်ဆိုတော့ ငါနဲ့ဒီဒီလည်း လိုက်ခဲ့မယ် မလှမ်းမကမ်းကနေ ကြည့်နေမယ် "
" ဒါဒါကရော "
" ငါမမက ဒီနေ့ အိမ်ရှင်နဲ့ သွားတွေ့ရမယ် "
" အိမ်ရှင်ကလည်း အရင်ကလို ဘဏ်ကနေ မလွှဲပဲ ငွေသားပဲ လာပေးခိုင်းလို့ ပြီးတာနဲ့ ငါလည်းနင်တို့ဆီတန်းလာမယ် "
" နောက်ဆုံးတော့ ငါရဲ့ ချစ်လေးတွေကြောင့် အားတွေရှိလာပြီ "
အရမ်းဝမ်နည်းနေခဲ့ ပေမဲ့လည်း သူငယ်ချင်းတွေရဲ့ နွေးထွေးမှုက ဖော်မပြနိုင် ရင်ပူနေတဲ့သူက အရိပ်ကောင်းတဲ့ သစ်ပင်ကြီးအောက်ကို ရောက်သွားသလို ခံစားချက်မျိုးပင်။
ညနေသုံးနာရီလောက် ရောက်တော့ မုတို့သူငယ်ချင်း တသိုက် ချိန်းထာသော High Cafeရှေ့ရောက်ခဲ့ပြီ။ မုကအရှေ့မှ ဝင်သွားကာ ဒီဒီနှင့် သင်းသန့်တို့မှာ မသိသလို ဟန်ဆောင်ရင်း နောက်မှလိုက်ခဲ့ကြသည်။
ဆိုင်ထဲဝင်လိုက်တာနဲ့ အောင်စစ်မှူးရဲ့ တည်နေရာကို ရှာစပင်မလို့ ဆိုင်တွင်းမိန်းကလေးများရဲ့ မျက်လုံးက ညွှန်ပြပေးနေသည်။ဆင်စွယ်ရောင် အသားရည်ဖြင့် ခြေတံရှည်များကို ချိတ်ထိုင်ကာ ဝတ်စုံအကျနဝတ်ထားကာ မျက်မှန်အမဲတပ်ထားသော သူကြောင့် အခြားမိန်ကလေးများနည်းတူ မုလည်း ရင်ခလေး လှတ်ခနဲ ဖြစ်ခဲ့ရသည်။
ခပ်သွတ်သွတ်လေး သူထိုင်နေတဲ့ ဝိုင်းကို မုသွားလိုက်သည်။ သူကတော့ မျက်မမြင်တယောက်မို့ ဘယ်ကိုကြည့်နေမှန်းမသိ။
" ဉီး...ဉီးလေးကို မုတကယ် တောင်းပန်ပါတယ်နော် တကယ် အဲ့လိုလုပ်မို့လည်း မရည်ရွယ်ခဲ့တာ အမှန်ပါ "
ခုံမှာတောင် မထိုင်နိုင်ပဲ သူခိုးတစ်ယောက်လို မလုံတဲ့စိတ်ဖြင့် ခါးလေးကိုင်းကာ တောင်းပန်နေသော မုကို ကြည့်ပြီး ဘာမှမပြောနိုင် ချစ်စရာကောင်းလွန်းလို့ သဲ့သဲ့လေးသာ ပြုံးနေမိတော့သည်။
" ထိုင်...ထိုင်ပြီး ပြောကြမယ် "
" ဟုတ် ....ဟုတ် ကဲ့ "
" ဘာသောက်မလဲ မု "
" ရေ...ရေ..ပဲပေးပါ "
" စားပွဲထိုး... ဒီကို ရေအေး တစ်ခွက်ချပေးပါ "
Advertisement
မုတစ်ယောက် ကြောက်နေတာ သေချာပါသည်။ အသံများပြင်တုန်ကာ လက်နှစ်ဖက်ကိုလည်း ကျစ်နေအောင် ဆုတ်ထားသည်။မုရဲ့ ကြောက်စိတ်ကို ဖြေဖျောက်ပေးဖို့ သူဘယ်သူဘယ်ဝါဆိုတာကို ပြောဖို့ လိုလာပြီဖြစ်တဲ့အတွက် နာမည်ကဒ်လေးကို ခုံမုာချလိုက်သည်။ လှမ်းပေးလို့ကလည်းမရ မျက်မမြင်လို့ သတိထားနေရတာလည်းပါသည်။
" ကိုယ့် နာမည်ကဒ် "
" Golden It company ရဲ့ ဒါရိုက်တာ ဉီးအောင်စစ်မှူး "
" ဟုတ်တယ် ဒါဆို တစ်ယောက်နဲ့တစ်ယောက် သိပြီဆိုတော့ ကြယ်သီး ကိစ္စရှင်းကြတာပေါ့ "
" ရှင် !!!! ဟုတ် ဟုတ်ကဲ့ "
ကြောက်စိတ် သိပ်မရှိတော့ပေမဲ့ ယုန်လေးလို တုန်နေတာတော့ မပျောက်သေး ။
" လျော်ကြေးကို ကိုယ်ပိုက်ဆံမလိုဘူး မုလို့ပဲ ခေါ်မယ်နော် ရလား "
" ရ...ရပါတယ် ဒါနဲ့ ပိုက်ဆံမလိုဘူး ဆိုတော့ ဘာများ ... "
" အဖော်လုပ်ပေးရမယ် "
" ဘယ်လို အဖော်မျိုးလဲ! !!!! "
ကိုယ်အဲ့လိုပြောလို့ မျက်လုံးအဝိုင်းသားနဲ့ ပါးစပ်တောင်မစိနိုင်ဘဲ အံြ သတဲ့ မိန်းကလေးက မင်းတစ်ယောက်ပဲရှိသေးတယ်။မင်းက ကိုယ်တွေ့ဖူးသမျှထဲမှာ အထူးခြားဆုံးနဲ့ ကိုယ့်နှလုံးသားကို နွေးထွေးစေတဲ့ တစ်ဉီးတည်းသောသူပါ ။
" လွန်ခဲ့တဲ့ သုံးလလောက်က accident ဖြစ်ပြီး ကိုယ်အခုလိုဖြစ်သွားတာ ကူပေးတဲ့သူကလည်း အလုပ်ထွက်သွားလို့ မျက်ကြည်လွှာ မခွဲရသေးခင်ထိ မင်းကို အကူအဖြစ်ခေါ်ထာမို့ လစာလည်း ပေးမှာပါ "
စိတ်ရင်းနဲ့ ပြောနေသောလည်း လှပစွာ စီရင်ထားသည့် မုသားများသာ။ အယုံလွယ်ပြီး သနားကြင်နာတတ်တဲ့ မုကတော့ သူမကို ရုန်းလို့ မရနိုင်တဲ့ ကြိုးများစတင် ချည်နှောင်နေပြီကို သတိမထားမိခဲ့။
" အဲ့လိုလား.... တော်သေးတာပေါ့ ကြိုးကြိုးစားစား လုပ်ပါမယ် ဉီး ဒါနဲ့လေ အလုပ်ချိန်က "
" ပိတ်ရက်တော့ လာစရာမလိုဘူး တပတ်ကိုသုံးရက်က ငါရုံးမှာလုပ်ရမယ် နှစ်ရက်ကတော့ ညဘက် "
" ညဆို ၁၀နာရီလောက်ပဲ ဆိုရင်ရလား "
" ဒီမှာစာချုပ် ဖတ်ပြီးလစာကို ကြိုက်သလောက်ထည့်လိုက်"
" လစာကတော့ နှစ်သိန်းလောက် ဆိုရပြီ အိမ်ကအသုံးစရိတ်ပေးနေကျဆိုတော့ သိပ်မလိုဘူး မုကတော့ အတော်ကို ကံကောင်းနေတာပဲ "
မင်းကတော့ ကံကောင်းတယ်လို့ပြောနေပေမဲ့ ကိုယ်နဲ့တွေ့တာ မင်းအတွက် ကံကောင်းမှုလား ကံဆိုးမှုလား တကယ်မသိတော့ဘူး....။
ကလေးတယောက်လို အပြစ်ကင်းစွာ ပြုံးပြီး လက်မှတ်ထိုးနေသော မုကိုကြည့်ရင်း ရင်ထဲ လုံးဝအေးချမ်းခဲ့ပြီ။
" ဒါဆို ပြန်လိုက်ပါ့အုံးမယ်နော် ဉီး မနက်ဖြန်ကျရင် အလုပ်ချိန် အတိကျလာပြီး တာဝန်ထမ်းဆောင်ပါမယ် "
" Ok ပါဗျာ "
မုလည်း ပြောချင်ရာပြောပြီး လှည့်ထွက်သွားလိုက်သည်။ ခြေလှမ်း နှစ်လှမ်းလောက် လှမ်းပြီးခါမှ အဖော်မပါဘဲ ဉီးဘယ်လိုပြန်မလဲလို့ တွေးပူခဲ့မိသည်။မုလည်းပြန်လှည့်ကာ သူရဲ့ Coatအင်ကျီစကို ဆွဲလိုက်သည်။
" ဉီးတစ်ယောက်ထဲမို့ မုလိုက်ပို့မယ် ဘာနဲ့ပြန်မှာလဲ "
" ကားနဲ့ "
" အဲ့တာဆို ကားဆီလိုက်ပို့ ပေးမယ်နော် "
" လက်မောင်းကိုဆွဲ မဟုတ်ရင် မုထပ်လျော်ပေးချင်လို့လား "
" အဲ့တာဆို ဆွဲမယ်နော် မကြိုက်လောက်ဘူး ထင်လို့ "
အမှန်တကယ်တော့ မိန်းမတွေလာထိပါက သေလောက်အောင်မုန်းသူ ဖြစ်သည်။ နာကျင်မှုနဲ့ ဝမ်းနည်းအားငယ်မှုတွေသာ ပေးခဲ့တဲ့ မိခင်ကြောင့်လည်းပါသည်။ သို့သော် ထိုထဲတွင် မုကတော့မပါ ။
လိုက်စောင့်ပေးတဲ့ ဒီဒီနဲ့သင်းသန့်တောင် အောင်စစ်မှူး ကို တဲွဲပြီး ခေါ်သွားသော မုရဲ့ အပြောင်းလဲမြန်တဲ့ အခြေနေကို မယုံကြည့်နိုင်ခဲ့။ကားထဲထိလိုက်ပို့ပြီးမှ မုလည်းစိတ်အေးရတော့သည်။
" ဉီးရေ ByeBye ပါနော် "
လက်ကလေးဝှေ့ယမ်းပြီး နှုတ်ဆက်နေသောမုအား အောင်စစ်မှူး ပြုံး၍ သူမမျက်နှာလေးကို အတိုင်းသားကို မြင်နေရသောလည်း သိဟန်သိပ်မပြခဲ့ပေ။အောင်စစ်မှူးကို နှုတ်ဆက်ပြီးတာနဲ့ မုလည်း ဆိုင်ထဲက ဒီဒီနဲ့ သင်းသန့် ဆီကို တန်းသွားခဲ့သည်။
" ဆရာ တန်းပြန်တော့မလား "
" ငါလုပ်စရာ ဘာတွေကျန်သေးလဲ "
" လက်နက်စီစစ်ဖို့နဲ့ ညကြရင်တော့ ဉီးရန်နိုင်နဲ့ တွေ့ဖို့ရှိပါတယ် "
" သရဖီဆီကို Gucci က အိတ်ပို့ပေးလိုက် ခါတိုင်းလို ငါပို့တယ်လို့ပြောလိုက် အဲ့တာမှ ညကြရင် သူအဖေကို ငါအတွက်ကာပေးလိမ့်မယ် "
" ဟုတ်ကဲ့...ဆရာ "
စကားပြောနေစဉ်တလျှောက်လုံး silent လုပ်ထားတာတောင် နှောင့်ယှက်နေသည့် ဖုန်းမှာ တူတော်မောင် မဟာရဲ့ ဖုန်းပင်။ဖုန်းကိုင်လိုက်တာနဲ့ အဖွားကြီးတစ်ယောက်လို မရပ်မနား ပွားနေတာကြောင့် ဖုန်းကို နားနှင့်ပင် မကပ်နိုင်။
်" လေးလေးအောင် cardြပန်ဖွင့်ပေးပါတော့ အခုဆို black card king မဟာက ဆော်လေးနဲ့ တောင်ကွဲမလို ဖြစ်နေပြီ "
" ငါ မလုပ်လဲ မင်းကဘယ်တော့မှ ခြေငြိမ်မဲ့ကောင် မဟုတ်ဘူး ငါကိုခေါင်းဆက်စားမယ်ဆိုရင် လူလွတ်ပြီး တီးခိုင်းလိုက်မယ် "
ဉီးလေးဖြစ်သူ အောင်စစ်မှူးမှာ ပြောရင်အတည် လုပ်တတ်သူမို့ မဟာ အထွန့်မတတ်ရဲ။အဖေထပ်တောင် ဉီးလေးကို ပိုကြောက်ရတာကြောင့်လည်းပါသည်။
Advertisement
" လမ်းခွဲမယ် ဂရေ့ "
" ဘာလို့လဲ "
" မတွဲချင်တော့ဘူး အသစ်ရှာတော့မယ် "
မဟာရဲ့ပေါ့ပျက်ပျက် စကားကြောင့် ထိုမိန်ကလေး အလွန်ပင် ဒေါသထွက်သွားသည်။အစထဲက မဟာက Play boyမှန်းသိသော်လည်း ထိပ်တန်းသူဌေးစာရင်းဝင်မို့ သူမအပိုင်ကြံခဲ့သည်။ သူကိုယ်အကြိမ်ပေါင်းများစွာ ပုံအပ်ပြီးခါမှ အနည်းဆုံးလျော်ကြေးလောက်တော့ ရမည် ထင်ထားတာကြောင့်လည်းပါသည်။
ထိုအခြေနေကို ဘေးမှ ဖြတ်သွားသော ဒါဒါပင် စိတ်ပျက်၍ နှာခေါင်းရှုံမိသည်။ နောက်မိနစ် အနည်းငယ်ကြာရင် ဖြစ်လာမည့် အနာဂတ်ကို သူမကြိုမြင်မိတာကြောင့်လည်းပါသည်။
နေ့စဉ်ရှင်သန်နေရသော ဘဝတွင် အထူးခြားဆုံးအရာမှာ ကံတရားနဲ့ ဖူးစာပင် ဘယ်သူမှ ကြိုတင်မသိမြင်နိုင်သလို ရှောင်လွှဲလို့လည်း မရပေ။ဒါဒါကလည်း သူမဘဝတွင် သူမအရမ်းမုန်းတဲ့ မိန်းမရှုပ်တဲ့ သူနဲ့မှ ကံတရားဖန်လာမည်ကို ကြိုမသိခဲ့......။
Episode 7 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" လာအုံး...အနားလာခဲ့ "
" အင့်ဟယ် "
" ကြည့်ကြည့်.....နင်ကိုချိန်းတာကလည်း ညနေဘက် လည်စည်တဲ့ cafe "
" ဟဲ့...ဖြစ်ပါ့မလား "
" ဒါဒါကရေ "
" ဟုတ် ....ဟုတ် ကဲ့ "
" ဘာသောက်မလဲ မု "
" ရေ...ရေ..ပဲပေးပါ "
" ကိုယ့် နာမည်ကဒ် "
" ရှင် !!!! ဟုတ် ဟုတ်ကဲ့ "
" အဖော်လုပ်ပေးရမယ် "
" ဘယ်လို အဖော်မျိုးလဲ! !!!! "
" ဒီမှာစာချုပ် ဖတ်ပြီးလစာကို ကြိုက်သလောက်ဖတ်လိုက်"
" Ok ပါဗျာ "
" ကားနဲ့ "
" ဉီးရေ ByeBye ပါနော် "
" ဆရာ တန်းပြန်တော့မလား "
" ဟုတ်ကဲ့...ဆရာ "
်" လေးလေးအောင် cardပြန်ဖွင့်ပေးပါတော့ အခုဆို black card king မဟာက ဆော်လေးနဲ့ တောင်ကွဲမလို ဖြစ်နေပြီ "
" လမ်းခွဲမယ် ဂရေ့ "
" ဘာလို့လဲ "
Episode 7 Coming Soon
Advertisement
- In Serial544 Chapters
The 3 B’s- Beauty , Brains And Bravery
Rong Xinghe with an indescribably painful past: from being thrown down a running train by her own family at 13 to getting stabbed in the heart by the one she believed to be her one true love.
8 353 - In Serial37 Chapters
Boss's Order's
Working at one of New York's largest companies as personal assistant to Mr Steele, owner and CEO of Steele industries is great. I enjoy my job and get along with most of the other staff here too. Who knew that just one day could change my life? And probably not for the better either!? Being screwed over after I'd done so much left me feeling bitter, but could it lead to something even better than I could ever imagine?!
8 155 - In Serial185 Chapters
The Village Girl Who Jinxes Her Husband Is Filthy Rich
SynopsisLin Xinlan, who possessed both spatial and wood manipulation abilities, was betrayed by her boyfriend and best friend. They had drugged her and sent her to a laboratory to become a test specimen all for the sake of a month's worth of food supply. Having suffered both physical and mental torture, she chose to self-destruct, taking the lab researchers down with her! When she woke up again, she found herself in another era as a twelve-year-old girl named Lin Yuelan.When Lin Yuelan was nine years old, a Taoist who had been begging for water asserted that she would grow up to jinx her husband! Rumors spread and the assertion of her jinxing her husband turned into jinxing her parents, to her relatives, then her friends, and eventually she was said to be a jinx of the world. Her grandparents, uncles, and awful relatives were terrified of being jinxed to death, so they resolutely severed ties with nine-year-old Lin Yuelan. They removed her from the family register and made her live on her own. Her foolish father had obeyed the clan's wishes, her mother was a crying mess, and her siblings couldn't do anything to help. Being separated from the family at nine years old, she was given a shabby and shaky little hut, one paddy field, and two dry fields as severance compensation. From then on, the Lin family had nothing to do with Lin Yuelan, and Lin Yuelan became a girl with no background. She warily reached the age of twelve, but accidentally offended the village's bully. The bully's comrade eventually beat her to death, and that allowed Lin Xinlan to transmigrate onto her."I have spatial abilities, and the world will be mine! Watch as I, Lin Xinlan, command authority wherever I go, and become a supreme being!"_______________https://bonnovel.com/manga/the-village-girl-who-jinxes-her-husband-is-filthy-rich-novel/
8 880 - In Serial22 Chapters
Adam And Eve
a poetic rendition of a classic biblical-based romance story in a glimpse of poem and prose to rose the dead emotions that once happened on Eden.
8 177 - In Serial24 Chapters
I Belong to Him
" Come here."" No! I'm tired of you thinking you can control me! Leave me alone you son of a B-" before I can even finish I'm slammed into the wall with his hand around my throat."Now, now my kitten. Please don't let such dirty words out your pretty little mouth. Leave you alone? Me? You Belong To Me. You do what I say when I say it." his grip tightens around my neck with a menacing glare.My lips quiver in response as his hand moves slowly from my neck to my face then to the top of my head pushing it down."Now get on your knees. Oh, and I'm not asking because if I have to say it again. I'll make you do it my fucking self."Grayson Reeves, popular gang leader and world known mafia's son. Elliot Turner, well known pianist who keeps to himself. Now that Elliot's caught his interest there's no going back." You Belong To Me. Until The Day I Die."
8 194 - In Serial52 Chapters
Unexpectedly Married To You
- THE UNEXPECTED SERIES : BOOK I -Devastated by the sudden confession from her boyfriend, Park Edlyn decided to go to the rooftop to clear her mind. That is until she met Sim Jake, a handsome neurosurgeon who worked at her father's hospital. They both decided to get drunk and tell each other life stories. It was going so well until they both woke up sober in the same hotel room with marriage documents on the table. They realised they got married due to a drunken mistake but both of their families didn't want them to get an annulment because it would ruin their reputation. Can Edlyn and Jake live together without having the urge to kill each other?
8 118