《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 23 (Unicode)
Advertisement
" တီ တီ တီ "
လက်ကိုင်ဖုန်းမှအသံမြည်နေသဖြင့် ရှိုင်း ဖုန်းကိုဖွင့်ကြည့်လိုက်သည်။ တခြားသူမဟုတ်တော့။ ဒယ်ဒီ့ဆီကပင်ဖြစ်သည်။
"ဟဲလို ဒယ်ဒီ"
"သမီးရေ ... ရှိုင်း သမီးနေ သတိရလာပြီ သိလား "
"ဟင် ဟုတ်လား "
ရှိုင်းထမင်းစားနေရင်းနှင့်ပင်အပျော်လုံးကြီးဆို့သွားသည်။ ထမင်းကိုတောင် ဆက်စားနိုင်စွမ်းမရှိတော့ဘဲ
" ဟုတ်ကဲ့ ဒယ်ဒီ.... သမီး အခု လာခဲ့မယ်နော် သူသမီးကိုရော မေးသေးလား"
ဒယ်ဒီ့ဖက်ကအသံဆိတ်သွားသည်။ နေသည် သေချာပေါက်တော့ သူသတိရလာလျှင် ရှိုင်းကို မေးမည်ဟုထင်ထားခဲ့သည်။ သို့သော် ဒယ်ဒီနှုတ်ဆိတ်နေခြင်းအတွက် ရှိုင်းရင်တွေခုန်လာသည်။ ဘာလို့လဲ !!!!
"သူကထူးဆန်းနေတယ်သမီးရယ်....သမီးလည်းလာမယ်ပြောတော့ သမီးကိုသူမသိသလိုပဲ ထင်ကျော်ဇောကိုတော့သူမှတ်မိတယ်၊ သူစနေတာလည်းနေမှာပါ သမီးလာခဲ့နော်"
" ဟုတ်!"
ရှိုင်းရဲ့လက်တွေချက်ချင်းပင်ပျော့ခွေသွားသလိုခံစားလိုက်ရသည်။ မဖြစ်နိုင်ပါဘူး ဟူသောအတွေးများကသာ ခေါင်းထဲမှာ လာရောက်ကြီးစိုးနေသည်။
သို့သော် ရှိုင်းကိုမေ့များသွားခဲ့လျှင်ဆိုသောအတွေးကလည်း ရင်ဘတ်တွေကိုဗြောင်းဆန်သွားစေသည်။
ဒါဟာအပြစ်ဒဏ်လားလို့လည်း ကိုယ့်ကိုယ်ကိုယ်သံသယဝင်မိသည်။ ထို့ကြောင့် ထမင်းစားခန်းထဲမှ ထလာခဲ့သည်။
"အန်တီမိုးရေ.... သမီးမစားတော့ဘူး"
ရှိုင်းအပေါ်ထပ်ကိုတက်လာခဲ့သည်။ ရင်ထဲမှာတော့ အကြောက်တရားတွေကိုမောင်းထုတ်ဖို့ ဘုရားရှင်ကိုတိုင်တည်နေမိသည်။
လူတို့ရဲ့အကြောက်တရားကို ဘာသာရေးတွေကပဲ ဖြေဖျောက်မှုပေးနိုင်တယ်လို့ ကိုယ့်ဘာသာတွေးမိသည့်အတွက် မှတ်မိလေသမျှသော ဘုရားစာတို့ရွတ်ဖတ်နေမိသည်။
ဒါဟာအစွမ်းကုန်ကြောက်ရွံ့ခြင်းရဲ့သင်္ကေတ။
>>>>>>>>>
"ရှိုင်းက ဘယ်သူလဲ မေမေရဲ့"
နေရဲ့နှုတ်ထွက်စကားကြောင့်အားလုံးကတိတ်ဆိတ်သွားကြသည်။ ကာယကံရှင် ရှိုင်းရဲ့နှုတ်ခမ်းလေးတို့ကမလှုပ်တလှုပ်ဖြစ်နေသည်။ ပတ်တီးအဖြူတို့အုပ်ထားသော နေ့ရဲ့မျက်ဝန်းဆီ လှမ်းကြည့်ရင်း တစ်ခုခုကို ဆုတောင်းနေမိသည်။
နေ စနေတာဖြစ်ပါစေ ဆိုတဲ့ဆုတောင်းထင်ပါရဲ့။
"သမီးကလည်းကွယ် အဲ့လိုမစပါနဲ့လား၊ ရှိုင်းကိုဘာလို့သမီးမသိရမှာလဲ သမီးသိတယ်လေ"
နေ့မေမေကနေ့ရဲ့လက်ကလေးတစ်ဖက်ကိုကိုင်ပြီး ညင်သာစွာပြောပြနေစည်။ ဒယ်ဒီကတော့ ရှိုင်းကိုစိတ်မကောင်းသည့်မျက်ဝန်းတို့ဖြင့်ကြည့်နေလေသည်။
"သမီး နေသိပ်မကောင်းသေးလို့ ထင်ပါတယ် ကြာရင်မှတ်မိမှာပါ"
" သမီးနေလို့ကောင်းပါတယ် မေမေ.... သမီး မေမေ့ကိုလဲသိတယ် အန်ကယ်လ်ဒီ့ကိုလည်းသိတယ် သမီးချစ်သူကိုလည်းမှတ်မိတယ်၊ သမီးတို့လက်ထပ်ဖို့ ပြင်ဆင်နေတာတွေကိုလည်း မှတ်မိတယ်၊ သမီးတို့လက်ထပ်ခါနီးမှာ ဒီလိုဖြစ်တဲ့အတွက် သမီးစိတ်မကောင်းပါဘူး ကျော်ဇောကိုလည်း သမီးအရမ်းအားနာတယ်"
ထင်ကျော်ဇောကရှိုင်းကိုလှမ်းကြည့်သည်။ ရှိုင်းက နေ့ ကိုသာစိုက်ကြည့်နေမိသည်။ ဒီလောက် နှစ်တွေကြာတာတောင် ထင်ကျော်ဇောနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေက မနေ့တစ်နေ့ကလိုပဲရှိနေတာလား နေ ရယ်လို့ ရင်နာနာနဲ့တွေးမိသည်။
ရှိုင်းမျက်ရည်တွေပေါက်ပေါက်ကျသည်။ ဒယ်ဒီရော၊ နေ့မေမေရော ကျော်ဇောရော
ရှိုင်းကို လှမ်းကြည့်နေကြသည်။
"ဆရာဝန်လာတယ်"
ဒယ်ဒီရဲ့ပြောစကားကြောင့် အားလုံးနေ့အနားကခွာလိုက်ကြသည်။
" နေရပ်ဝန်း မျက်လုံးကကိုက်သလား၊ နာနေသေးသလား၊ ခေါင်းကရော"
"မနာပါဘူးဆရာ"
"တစ်ခုခုကိုသတိမရတာမျိုး၊ မမှတ်မိတာမျိုးရော ရှိလား"
"ကျွန်မအကုန်လုံးကိုမှတ်မိပါတယ်ဆရာ"
"ဟုတ်ကဲ့ပါ ပတ်တီးကတော့ နှစ်ပတ်လောက်နေမှဖြေလို့ရမယ် ဒီကြားထဲ ရေလုံးဝထိလို့မရပါဘူးနော် .... ဆေးရုံကတော့ဒီနေ့ဆင်းလို့ရပါပြီ"
"ဟုတ်ကဲ့ပါဆရာ"
နေသည်လူကောင်းပကတိတစ်ယောက်လိုပင်ဆရာဝန်မေးသမျှတိုင်းကိုဖြေသွားခဲ့သည်။ နေ ဟာအားလုံးကိုမှတ်မိပါရက်နဲ့ရှိုင်းကိုမှ မေ့ရက်လေခြင်းဆိုတဲ့အသိကရင်တစ်ခုလုံးကို နာကြင်ကြေမွစေသည်။
" သမီးနေ..... သမီး အန်ကယ်လ်ဒီ့မှာ သမီးရှိတာ သိတယ်မလား"
"ဟုတ်ကဲ့သိပါတယ်မေမေရဲ့ သမီးကို နေမကောင်းဘူးထင်နေတာလား"
"အန်ကယ်လ်ဒီရဲ့သမီးနှစ်ယောက်ရဲ့နာမည်ကိုရော"
"ဒီဆုအလင်္ကာနဲ့ဒီရှိုင်းနားလေ"
ရှိုင်းရဲ့နှလုံးခုန်နှုန်းတွေမြင့်လာသည်။ နေ့ကိုကြည့်ရင်းနှင့်ပင်အာခေါင်တွေခြောက်ကပ်လာသည်။ နေ ဆက်ပြောမည့်စကားတို့ကိုနားထောင်နေရင်း....
"ဒါဆိုသမီး ရှိုင်းကိုသိတကယ်"
"မေမေပြောတဲ့ရှိုင်းက ဒီရှိုင်းနားကိုပြောတာလား မေမေရဲ့၊ သူ့ကိုသိတယ်လေ ဒါပေမဲ့သူက သမီးကိုဆိုရင်အရမ်းမုန်းတော့ မေမေတို့လဲ သူ့ကိုပြောမယ်မထင်ဘူးပေါ့"
ရှိုင်းတစ်ကိုယ်လုံးပျော့ခွေသွားပြီးအပြင်ဖက်ကိုထွက်လာခဲ့သည်။ မျက်လုံးထဲမှာဘာမှမြင်တော့။ ဆေးရုံဝင်းထဲ လူတွေကသွားလာလှုပ်ရှားနေကြသလား မလှုပ်ရှားနေကြသလား ရှိုင်းမသိတော့။
"ဒီရှိုင်းနား!!!!"
ရှိုင်းရဲ့ခြေလှမ်းတွေရပ်တန့်သွားသည်။
ရှိုင်းအနောက်ကိုလှည့်ကြည့်လိုက်တော့ ထင်ကျော်ဇောရယ်ပါ။
ရှိုင်းသူ့အရှေ့မှာလဲဟန်မဆောင်နိုင်တော့ဘဲ ငိုနေမိသည်။
"ဘာလဲကျော်ဇော"
"ငါနင်နဲ့ခဏလောက်စကားပြောလို့ရမလား"
ရှိုင်းကမျက်ရည်တို့ကိုသုတ်လိုက်သည်။ ပြီးမှ ထင်ကျော်ဇောဖက်လှည့်လိုက်သည်။
"နင်ဘာပြောချင်လို့လဲ ကျော်ဇောရဲ့.... ငါ့ကိုဟားချင်လို့လား၊ ငါနင့်ကိုရှုံးတယ်ဆိုပြီး နင်ပြောမလို့လား"
"နင်ကသိပ်ကိုတယူသန်တာပဲ ဒီရှိုင်းနားရယ်၊ အေး နင်အခုခံစားနေရသလို ငါလည်းတစ်ချိန်က အလူးအလဲခံစားခဲ့ရဖူးတယ်နင့်ကြောင့် နင်နာမှနင်ခံစားရမှန်းသိတာ"
"အေး ဘာလဲအခုက ငါဝဋ်လည်နေပြီလို့ နင်ပြောချင်တာလား "
"ကျွတ် !!! နင်ကအတော်ခေါင်းကြောမာပြီး ပြောရခက်တဲ့မိန်းမပဲ"
" အေး အဲ့ဒီတော့ နင်ဘာဖြစ်ချင်လို့လဲ"
" ဘာဖြစ်ချင်သလဲဆိုတော့ ငါ့ကောင်မလေးကို ငါပြုစုခွင့်ရချင်တယ်ဟာ၊ နင် ၆ နှစ်လောက် အနားကပ်မခံခဲ့တဲ့သူက ငါ့ဘဝရဲ့အချစ်ဦးဟ အချစ်ဦး ၊ အချစ်ဦးဆိုတာ မြေးဦးရရင်တောင် မေ့နိုင်တဲ့အမျိုးမဟုတ်ဘူးလေ၊ နင့်ရဲ့အတ္တတွေကြောင့် စတေးခံခဲ့ရတာ ငါ့နှလုံးသားတစ်ခုလုံးဟ ၊ သူကငါ့ဘဝရဲ့အချစ်ဦးဆိုတာနင်မှမသိဘဲ"
ရှိုင်းလက်သီးတွေကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ ထင်ကျော်ဇောကိုကြည့်ရင်းခံစားလာရတဲ့ခံစားချက်ကိုမထိန်းချုပ်နိုင်စွာပင် သူ့ရဲ့လည်ပင်းအင်္ကျီစကို ဒေါသတကြီးဆုပ်ကိုင်လိုက်သည်။
"နင့်အတွက် နေ ကအချစ်ဦးဆိုရင်ငါ့အတွက်လည်းနေကအချစ်ဦးပဲ အဲ့တာနင်မြဲမြဲမှတ်ထား"
ကျော်ဇောကရှိုင်းရဲ့လက်ကိုဆွဲဖယ်ချသည်။
"အေး ငါတို့ကြားကိုနင်ကဝင်ရှုပ်တာလေ နင့်မှာတခြားလူကိုအချစ်ဦးတော်စရာရှိတယ် ၊ ငါဒီနှစ်တွေအတွင်းဘယ်လောက်ခံစားခဲ့ရသလဲ နင်သိလား၊ အနားလေးကပ်ခွင့်တောင်မရခဲ့ဘူး သူကနင်ရှိနေတဲ့စိတ်၊ နင့်ကိုကြောက်တဲ့စိတ်ကြောင့် ငါ့ကိုဘယ်တော့မှအတွေ့မခံခဲ့ဘူး နင်ကတအားယုတ်မာတယ် ဒီရှိုင်းနား"
ရှိုင်းရင်တွေစစ်ကနဲနာကျင်သွားသည်။ ယုတ်မာတယ်၊ ကိုယ်ကသိပ်ယုတ်မာတယ်တဲ့လား ၊ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆို။
တကယ်ကရှိတယ်တဲ့လား။ မချစ်တဲ့စိတ်နဲ့အစပြုခဲ့တာမှန်ပေမဲ့ ချစ်တဲ့စိတ်နဲ့ ရှေ့ဆက်လျှောက်ခဲ့တာလေ.....
ဒါတွေဟာအတ္တတဲ့လား။
ရှိုင်းမျက်လုံးတွေဝေဝါးလာပြီး အားမရှိတော့သလိုခံစားလာရသဖြင့်ဘေးကနံရံကိုမီလိုက်သည်။
"ဟင် ရှိုင်း!!!!!"
ရှိုင်းဆီအလောတကြီးပြေးလာသူကတော့ မဟာဆိုတာကို ရှိုင်းမျက်ဝန်းတွေထဲမှာဝိုးတဝါးမြင်နေရတော့သည်။ ထို့နောက် ဘာမှမမြင်ရတော့။ မှောင်မည်းတိတ်ဆိတ်သော အိပ်စက်ခြင်းဆီသို့သာ ရောက်ရှိသွားတော့သည်။
Advertisement
- In Serial36 Chapters
Thirst of the Heart (COMPLETE)
*Mature content and sexual references*Yasmin grew up with everything she wanted, two loving parents, nice house, great clothes and good friends. So the last thing she expected was to be sold to the highest bidder by her parents.Running from the family she trusted, Yasmin finds her heart thirsting for the guy who saves her from death not knowing he thirst for her blood.Can Yasmin make this work, or will the past get in the way of her future.#1 in cage (2022)#1 in Heat (2020)#1 in sexscenes (2021)#2 in supernatural (2021)#2 in vampire (2021)#3 in mates (2021)
8 329 - In Serial12 Chapters
Gravitate - Liam Stewart
The Darkest Minds love story for Liam Stewart , based off the movie.Emma is ready to be free from the camps, from the League and most importantly anyone who is going to use her for her powers. 'I'm not here to help them, I need to get away from them.' - Emma 'You are safe with us. We won't use you.' - Liam 'I hated it. I hated myself. I was 15 I shouldn't know how to kill someone wearing bullet-proof vests!' - Emma'You know I don't get you.' - LiamHIGHEST RANKS:#3 Liam Stewart#14 Telekinesis#65 Lily Collins#171 Powers#171 Blue#423 Powers#1 Chubs
8 91 - In Serial21 Chapters
Choosing His Luna (bxb)
This is a story I have published on Inkitt and I thought I'd post it on here too since I've started to update it again. 😅 I hope to continue to do so although the updates will probably be only once or twice a month.The chapters are a little shorter than what I normally post on Wattpad but I hope you enjoy them all the same.‐-----------------------------The fateful day had finally arrived, the one which I had been preparing for since birth, one which my parents had been preparing for since I'd been conceived. Well, that wasn't exactly true, my parents had been preparing, and I on the other hand had been mostly unwilling with the whole affair. See I was a werewolf, my whole family was, or pack if you will. It was tradition for all those of marriageable age to gather on the strongest werewolf pack in the world, to try and impress the next Alpha to be, the most powerful werewolf in the world. It was a major honour to be chosen by the Alpha, for the individual and their whole pack. So here I was, packing a bag for the journey and time I would be spending at the strongest pack in the world, which was called the Stentorian Pack and was located deep in the mountains surrounded by forest. My parents thought I had a chance, they'd told me what to eat, how to act, and how to look all my life, needless to say, it had gotten old pretty quick. All the lack of control I'd had over my life had boiled down to this day, it had all been for this day. I had to be the most attractive, smartest, and likeable... you get the idea, and I couldn't help but feel inadequate.
8 173 - In Serial28 Chapters
The Nanny
Archie is a success business man and a single father of twins. He tries to spend as much time with them as possible but his work does not always allow that. The four year old kids are always the last in kindergarten when he picks them up or they are already asleep when he picks them up from his parents' house. He hires a Nanny for help and when the pretty, raven haired woman moves in, all of their lives change.
8 174 - In Serial51 Chapters
Bonded By Destiny
'Calm down Tamara, I can explain. ' My extra alert ears collected the sound waves, sending them to the brain for interpretation. I couldn't believe it! He was asking me to calm down after saying such words. 'My mind can only picture you between her legs right now, and you want me to calm down? ' The flames continued growing just as the invisible force wrenched me near him. His wide eyes met with mine as I leaned in closer to him, tiptoeing on my feet to reach just below his ear. 'The remedy for fire is fire.' My arms were convulsively grasped yet again by the inexplicable force. I failed miserably to counter the forced actions as my hands tore my blouse in an instant. 'No! ' His shout was a second late because the flames died out as my hands embedded into the cloth, pulling it apart in ferocious strength.*********-Orphaned and living as the only witch in a pack of werewolves, Tamara is hated and ridiculed despite her kindness. When the Alpha of the pack, Alpha Ryker turns out to be her mate, everything changes. Their bond is fated and sealed, and so is Tamara's role in saving the pack. Their victory depends on a prophecy and one life must be lost for others to be saved. As the pack's antagonist rises to power, she must team up with her mate despite the storms, betrayal and secrets surrounding them. Will they withstand or with the storm destroy everything they have ever known?
8 232 - In Serial89 Chapters
Blackstone Inc. (Book 1)
🖤Book 1 of the 'Blackstone' series🖤• • •🔥Highest Ranking🔥#1:-Agegap-Assistant-Boss-Daddy-Employee-Flirting-Lust-Raunchy-Submissive#2:-Employer-Kink-Princess-Sexy#4:-Degradation• • •"Well, I'm Dominic Blackstone, but you can call me Dom or Sir."• • • Dominic Blackstone is the 35-year-old CEO of Blackstone Incorporated in Dallas, Texas. He's powerful, successful, and dominant--A total Type A personality. He is good looking, could have any woman he wants, and is a billionaire. He's at the top of his game and the top of the world, literally, in his 25 story high-rise. Dominic is stoic, professional, well put together, and rarely shows emotion. Until he meets her...-----Genevieve Carlyle is a 22-year-old woman from New Orleans, Louisiana. She's in her last year of college and just wants to make a name for herself in the business world but when tragedy strikes close to home, she drops out and moves to Dallas. When circumstances see her staying, she finds a job at Blackstone Incorporated...as Dominics personal assistant. • • •Will Dominic and Genevieve be able to remain professional or will passions fly? Will Dominic's past come to snatch Genevieve away? And if so, will she give in to temptation?*At least 170,000 words*
8 523

