《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 18 (Uni)
Advertisement
"ဒယ်ဒီ"
စာရင်းတွေလုပ်နေသောဒယ်ဒီ့အနားသို့မဟာဝင်ထိုင်လိုက်သည်။ ဒယ်ဒီကမဟာ့ကိုချက်ချင်းမကြည့်သေးဘဲ ခဏကြာမှပြန်ကြည့်သည်။
" အင်းသမီး"
"ဒယ်ဒီ သမီးမေးစရာရှိတယ်"
" အင်းမေးလေ သမီးရဲ့ဘာများလဲထူးထူးဆန်းဆန်း"
ဒယ်ဒီကသူ့စာရင်းဇယားတွေကိုခဏရပ်ပြီးမဟာပြောတဲ့စကားကိုစိတ်ဝင်တစားနားထိုင်နေသည်။
" ဟိုလေ ဒယ်ဒီဟိုတခေါက်ကဒယ်ဒီ့ကိုလိုက်ပို့တဲ့အန်ကယ်လ်ကြီးလေ"
"ဘယ်သူလဲ သမီးရဲ့"
"ဟိုတလောကလေ ဒယ်ဒီအရက်နည်းနည်းသောက်လို့ဆိုပြီးပြန်လိုက်ပို့တာလေ"
"ဪ ကိုဒီလင်းကိုပြောတာလား"
"ဟုတ်တယ်ဒယ်ဒီ အဲ့ဒီအန်ကယ်လ်ကြီး"
"ဘာလို့လဲသမီးရဲ့ ကိုဒီအကြောင်းသမီးကဘာလို့သိချင်တာလဲ"
"သူကသမီးသူငယ်ချင်းတစ်ယောက်ရဲ့အဖေဆိုလား အဲ့ဒါဟုတ်မဟုတ်သိချင်လို့"
"ကိုဒီရဲ့သမီးက သမီးမိတ်ဆွေလား မဖြစ်နိုင်တာသမီးရယ် ကိုဒီရဲ့သမီးက သမီးနဲ့ရွယ်တူမှမဟုတ်တာပြီးတော့ အဲ့ကောင်မလေးနဲ့သမီးနဲ့သိတယ်ဆိုရင်တောင် ဒယ်ဒီကသမီးနဲ့မပတ်သက်စေချင်ဘူး
သူတို့ကဘာတွေမှန်းမသိဘူး"
"ဘာလို့လဲ ဒယ်ဒီရဲ့"
"သူတို့ကအိမ်တွင်းရေးအရှုပ်အရှင်းတွေသိပ်များတယ်သမီးရဲ့ ကိုဒီကလည်း အိမ်ထောင်နှစ်ဆက်ရှိတယ် ၊ အဲ့တာကလည်း သူတို့ကိစ္စပါသမီးရယ် သူများအိမ်တွင်းရေးဆိုတာပြောလို့မှမကောင်းတာ သူ့သမီးနဲ့တော့ မပတ်သက်စေချင်ဘူးသမီးရယ်၊ သူ့သမီးက ကိုဒီရဲ့မယားပါသမီးနဲ့တောင် ဟိုလိုလိုဒီလိုလိုနဲ့ အဲ့ကောင်မလေးကလည်း ကိုဒီကိုတောင်အဖေလို့သတ်မှတ်တာမဟုတ်ဘူး"
"ဘယ်လို မယားပါသမီးဟုတ်လားဒယ်ဒီ"
မဟာခေါင်းတွေရှုပ်ထွေးသွားရသည်။ မယားပါသမီးဆိုတာဘယ်သူလဲ။ မမနေလား?။ မဖြစ်နိုင်။
မမနေကဘယ်လိုလုပ် ။ ဟာ.......မဖြစ်နိုင်ပါဘူး။
"ဒယ်ဒီ မယားပါသမီးဆိုတာက နေရပ်ဝန်းကိုပြောတာလား"
"ဘယ်သိမလဲသမီးရယ် နာမည်တော့၊ တကယ်တော့ ကိုဒီကသနားဖို့ကောင်းပါတယ် သမီးဖြစ်သူကအဖေလို့မသတ်မှတ်ဘူးလေ"
"ဒါတော့ သူ့အပြစ်လဲပါမှာပေါ့ဒယ်ဒီရယ်"
ဒယ်ဒီကဘာမှဆက်မပြော။ မဟာဒယ်ဒီ့စကားတွေကြားပြီးတစ်ညလုံးအိပ်မရ။ မမနေဟာ ရှိုင်းအဖေနောက်အိမ်ထောင်ရဲ့မယားပါသမီးလား။ ရှိုင်းဟာမိန်းကလေးတွေနဲ့သိပ်ပတ်သက်လေ့ရှိတာကိုမတွေ့ရ။ ဒါဆိုမဟာ့ကိုကျဘာလို့ပတ်သက်ခဲ့တာလဲ။ မဟာ့ကိုချစ်လို့သာ ပတ်သက်ခဲ့တာမဟုတ်လား။
ထိုအတွေးတွေတွေးပြီးနောက် ကိုယ့်ကိုယ်ကိုယ်ပြန်ရှက်နေရသည်။ သို့သော် ဖြစ်စေချင်နေတာကအမှန်။
ရှိုင်းနဲ့ဟိုလိုလိုဒီလိုလိုဆိုတာမမနေတစ်ယောက်သာရှိသည်မဟုတ်လား။ သူ့ဒယ်ဒီကိုကျအသေမုန်းပြီးသူ့ဒယ်ဒီရဲ့မိန်းမရဲ့သမီးကိုကျဘာလို့ပတ်သက်နေရတာလဲ။ မဟာမေးကြည့်ချင်သည်။
မဟာအတွေးတွေနဲ့လွန့်လူးနေသည်။ မနက်ဖြန်ကျရင်တော့ရှိုင်းကိုသွားတွေ့ချင်ပါသည်။
အကြောင်းပြချက်။
မဟာ့မှာအကြောင်းပြချက်မရှိ။ လွန်းလို့သွားတွေ့သည်လို့ဖြေရမှာလား၊ သတိရလို့လား ကိစ္စရှိလို့လား။ ဒါမှမဟုတ် ဘာလို့လို့ပြောရမှာလဲ။
မဟာ ဖုန်းလေးကိုကိုင်လိုက်ပြီး မမနေနဲ့ ရှိုင်းရဲ့ နံပါတ်တွေကိုတစ်လှည့်စီကြည့်နေလိုက်သည်။
ရှိုင်းရဲ့နံပါတ်လေးကိုနှိပ်လိုက်သည်။
၁:၀၀ နာရီထိုးနေပြီဖြစ်သဖြင့် ရှိုင်းအိပ်မောကျနေပြီထင်သည်။ ဖုန်းကိုမကိုင်။
" သတိရတယ်ရှိုင်း"
မက်ဆေ့ကိုရေးပြီးကာမှပြန်ဖျက်လိုက်ရသည်။မဖြစ်သေးပါဘူး။
မနက်ဖြန်အမြန်ရောက်ချင်ပါသည်။
ဒီညတော့ မဟာအတွေးတွေနှင့် လွန့်လွန်းလူးလျက်အိပ်မပျော်နိုင်ဖြစ်ရတော့သည်။
××××××××
၁၈
ရှိုင်းတို့ခြံကြီးသည်ကားဒီနေ့တိတ်ဆိတ်နေသည်ထင်ရသည်။ ဒီနေ့ရှိုင်းရဲ့အလုပ်ပိတ်ရက်ဆိုတာမဟာသိသည်။မဟာခြံအရှေ့မှာရပ်ကြည့်နေစဉ် အိမ်ထဲကနေထွက်လာသော ဆုလေးကိုတွေ့လိုက်ရသည်။
ဆုလေးကမဟာ့ကိုမြင်တော့ ပြေးလာပြီးတံခါးလာဖွင့်ပေးသည်။
" ဟာမမ"
" ဆုလေး မမရှိလား"
" ဟုတ် ရှိတယ် လာလေမမ"
ဆုလေးကတံခါးဖွင့်ပေးတော့မဟာဝင်လာခဲ့သည်။ အိမ်ထဲရောက်တော့ရှိုင်းကိုမတွေ့ရ။
"ဆုလေးမမကဘယ်မှာလဲ"
"မမကအပေါ်ထပ်မှာမမရဲ့ မမတက်သွားလိုက်ပါလား မမကသူ့အခန်းကိုဘယ်သူမှတံခါးခေါက်တာမကြိုက်ဘူး၊ မမမဟာကိုတော့မမစိတ်မဆိုးလောက်ပါဘူး"
"တကယ်လား"
"အင်း မဆိုးလောက်ပါဘူး ဆုက ခြံထဲပန်းသွားခူးမလို့ "
"ဪ အင်း သွားလေ"
ဆုလေးထွက်သွားတော့မဟာလှိုက်ကနဲဝမ်းသာသွားသည်။ မဟာခေါက်ရင်တော့စိတ်မဆိုးလောက်ဘူးဆိုပါလား။
မဟာအပေါ်ထပ်ကိုတစ်လှမ်းချင်းတက်လာခဲ့သည်။ ရှိုင်းရဲ့အခန်းရှေ့ရောက်တော့အခန်းတံခါးလေးကိုအသာဖွင့်လိုက်သည်။
ဟင်။
မဟာမျက်လုံးပြူးသွားသည်။ ပျော်ရွှင်နေခဲ့ပါသော၊ စိတ်ကူးယဉ်ခဲ့ပါသောစိတ်တို့ကဘယ်ပျောက်သွားသည်မသိ။မြင်လိုက်ရတဲ့မြင်ကွင်းတွေကို ရင်ဝကိုဆောင့်ကန်လိုက်သည့်နှယ်။
ကုတင်ပေါ်မှာမမနေနှင့်ရှိုင်းရယ်ပါ။ ခန္ဓာယ်ကိုယ်အပေါ်ပိုင်းက ဗလာကျင်းဖြစ်နေသောမမနေကိုဖက်ထားသောရှိုင်း။
"ဟင် ရှင်တို့"
မဟာ့ကိုမြင်တော့ကြောင်သွားကြသည်။ မဟာကမျက်ဝန်းအိမ်ကနေမျက်ရည်တွေပေါက်ပေါက်ကျလာသည်။ စိတ်ကတော့ သူတို့နဲ့အဝေးဆုံးကိုထွက်ပြေးသွားနှင့်နေပြီးဖြစ်သည်။ သို့သော်လူကတော့။
" မဟာမေတ္တာ မင်းကွာ တောက် သူများအခန်းထဲဝင်ရင်တံခါးခေါက်ရမယ်ဆိုတာမသိဘူးလား"
ရှိုင်းကမမနေကိုကာထားပြီးတီရှပ်လေးကိုယူပေးသည်။ ရှိုင်းရယ်။
ရှိုင်းကကုတင်ပေါ်ကဆင်းလာပြီး မဟာ့ဆီလာတော့ မဟာရှက်ရှက်နှင့်ဘာလုပ်မိသည်မသိ။
ဟင်။
မဟာသိလိုက်စဉ်မှာရှိုင်းရဲ့ပါးကိုမဟာရိုက်နှင့်ပြီးဖြစ်နေသည်။ မမနေကကုတင်ပေါ်ကနေပြေးဆင်းလာပြီး ရှိုင်းအရှေ့မှာလာရပ်သည်။
"မဟာမေတ္တာမင်း...."
"ရှိုင်းမလုပ်နဲ့"
လက်ရွယ်ထားသောရှိုင်းအရှေ့ကကာထားသောမမနေရယ်ပါ။
" ရှိုင်း ရှင်ကမကောင်းတဲ့သူ မဟာ့ကိုလဲဖျက်ဆီးခဲ့တဲ့သူ ရှင်တို့ကဘယ်လိုလူမျိုးတွေလဲ ကိုယ့်အဖေရဲ့မယားပါသမီးနဲ့များရှင်မို့လို့"
"ဘာရယ် မဟာမေတ္တာ မင်းတို့ကိုစော်ကားတာများနေပြီနော်"
"ရှိုင်းတော်တော့ နေပြောမယ်"
"မဟာ ကလေး ကလေးဘာတွေပြောနေတာလဲ ကလေးစိတ်အေးအေးထားသိလား"
မဟာကခနဲ့တဲ့တဲ့ပြုံးသည်။ဒါကိုမြင်လိုက်သောရှိုင်းက
" တို့ဘာသာဘာပဲဖြစ်ဖြစ် မင်းနဲ့ဘာဆိုင်လို့လဲမဟာမေတ္တာ မင်းကဘာလို့ဝင်ပါနေရတာလဲ"
ရှိုင်းသည်ရှက်စိတ်ကြောင့်ရော ဒေါသကြောင့်ပါမျက်နှာတစ်ခုလုံးနီရဲနေသည်။မဟာကမျက်ရည်တွေပေါက်ပေါက်စီးကျလာပြီး အရှေ့မှာရပ်နေသော နေ့ကိုကျော်ပြီး ရှိုင်းအရှေ့သွားကာ
"ဘာလို့ဝင်ပါနေရတာလဲ ဟုတ်လား ရှင်သိလား ရှိုင်း ရှင့်ကိုချစ်လို့ ရှိုင်းရဲ့ ရှင့်ကိုချစ်လို့သိလား မကောင်းတဲ့သူကြီးရဲ့"
အားလုံးကကြောင်အသွားကြသည်။ နေပင်ကြောင်အအဖြစ်သွားသည်။ ရှိုင်းကကြက်သေသေသွားပြီးနေ့ကိုလှမ်းကြည့်သည်။ နေကအကြည့်လွှဲသွားသည်။ မဟာကရှိုင်းကိုစွဲလန်းနေမှန်းရိပ်မိသော်လည်း အခုလိုကိုယ့်ချစ်သူရှေ့မှာပင် ချစ်လို့ဟု ပြောတာခံရတာကိုကြားနိုင်တဲ့မိန်းမရှိလို့လား။
"တို့မှမင်းကိုမချစ်တာမဟာမေတ္တာ"
" ရှိုင်း နေထွက်သွားပေးမယ်နော် ၊ နေခဏအိမ်ပြန်လိုက်အုံးမယ် "
" နေကဘာလို့"
"ရှိုင်း ....ပြဿနာဖြစ်လာတိုင်းရှောင်မပြေးဘူးလို့နေ့ကိုကတိပေးထားတယ်လေ ရှိုင်းကိုနေယုံတယ် ပြဿနာတိုင်းကိုခေါင်းအေးအေးနဲ့ဖြေရှင်းနိုင်မယ်လို့နေယုံတယ်"
ပြောနေရင်းထွက်သွားသောနေရယ်ပါ။ မဟာ့အဖြစ်ကဘာလုပ်လို့လုပ်ရမှန်းမသိ။ ကိုယ့်ကိုယ်ကိုယ် ဘယ်ဘဝရောက်နေသလဲဆိုတာလဲမတွေးနိုင်တော့ ။ မဟာ အိပ်မက်မက်နေတာလား။ ဟုတ်တယ် အိပ်မက်မက်နေတာ ။လန့်နိုးလိုက်စမ်းပါကျေးဇူးပြုပြီး။
"မဟာ"
အိပ်မက်ဖြစ်ပါစေ ။ သို့သော်ဆုတောင်းမပြည့်။
" မဟာဘာဖြစ်ချင်တာလဲ"
ထိုမေးခွန်းကမဟာ့တစ်ကိုယ်လုံးကိုရှက်ရွံ့သွားစေသည်။
" မေးရက်လိုက်တာရှိုင်းရယ် ဘာဖြစ်ချင်တာလဲဆိုရင်တော့ ကိုယ့်ကိုမချစ်တဲ့လူနဲ့အတူတစ်ဘဝလုံးရှိသွားချင်တာပဲ ဟုတ်ပြီလား"
" မဟာ.... မင်းစိတ်ကစားနေတာပါကွာ၊ တို့ရဲ့အပြစ်တွေအတွက်လည်းတို့အနူးအညွှတ်တောင်းပန်ပါတယ်"
ဟင့်အင်း။မတောင်းပန်ပါနဲ့။ တောင်းပန်တယ်ဆိုတာ မဟာ့ကိုလူဆိုးမကြီးလို့ထင်သွားစေတယ်။
" မဟာ ရှိုင်းကိုချစ်တယ်"
"မဟာရယ် ကျေးဇူးပြု၍ "
ဘာတဲ့လဲရှိုင်းရယ်။ မဟာ့ကိုမချစ်ပါနဲ့လို့တောင်းပန်လိုက်တာလား။
" မဟာသိလား တို့တစ်ဘဝတစ်ခုလုံးဘယ်မိန်းမကိုမှချစ်နိုင်မှာမဟုတ်ဘူး တို့ကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နှလုံးသားတစ်ခုလုံး ဘဝတစ်ခုလုံးကို နေရပ်ဝန်းဆီအပ်နှံထားပြီးသား ရက်ရက်စက်စက်မညှာမတာပြောရရင်မဟာဆိုတာ တို့ခဏတဖြုတ်ခလုတ်တိုက်မိတဲ့ခဲလုံးလေးတစ်လုံးလိုပဲ၊ တို့ရဲ့ခလုတ်တိုက်တာတွေအတွက်ဘယ်လိုပြစ်ဒဏ်မျိုးမဆိုတို့ခံယူမယ်၊ တို့ဘာပဲပေးရပေးရပေးနိုင်တယ် အချစ်ကလွဲလို့"
မဟာကမျက်ရည်တွေပေါက်ပေါက်ကျလာသည်။ ရင်ဘတ်ထဲမှာတဆစ်ဆစ်နာကျင်လာသောခံစားချက်တွေကဘာနဲ့မှနှိုင်းလို့မရ။
" ရှိုင်းက ဆော့ကစားချင်တိုင်းဆော့ကစားပြီးပစ်ထားခဲ့ရအောင် မဟာကအရုပ်ကလေးမဟုတ်ဘူး ချစ်တတ်တယ်၊ ခံစားတတ်တယ်၊ ရှိုင်းအလိုရှိချိန်အသုံးချခဲ့ပြီးမလိုတော့မှပစ်ချခံခဲ့ရပေမဲ့ ရှိုင်းပစ်ချလိုက်တဲ့နေရာမှာ သူ့ဘာသာသူနေသားတကျရှိမနေဘဲ ဒဏ်ရာတွေပရပွနဲ့ကျန်ခဲ့ရတယ် ရှိုင်းရယ် လုပ်ရက်လိုက်တာ"
"မဟာ တို့အမှားတွေပါ မင်းတို့ကိုချစ်ပေမဲ့ တို့မင်းကိုမချစ်ခဲ့တော့ တို့အတွက်တော့မင်းဟာ ရန်သူမျိုးငါးပါးထဲကတစ်ယောက်ပဲ တို့ရက်စက်တယ်ဆိုလဲ ရက်စက်တယ်လို့သတ်မှတ်လိုက်ပါတယ် တို့ဒီလိုမှမပြောရင် မျှော်လင့်ချက်တွေ ပေးမိသလိုဖြစ်မှာစိုးလို့၊ မင်းကမင်းချစ်တဲ့တို့နဲ့အတူရှိနေချင်တယ်၊ တို့ကလည်းတို့ချစ်တဲ့နေနဲ့အတူရှိတယ်၊ အဲ့ဒါတို့မှားလား"
ဟင့်အင်းမမှားပါဘူးရှိုင်းရယ်။ အချစ်ဆိုတာကံတရားပဲလားဟင်။
" တို့တောင်းပန်ပါတယ်မဟာမေတ္တာ "
"ရှိုင်းရယ် မဟာလေ......"
မဟာကခွေကျသွားသည်။ ပြီးတော့ထိုင်နေရင်းငိုနေသည်။ရှိုင်းကဘာလုပ်ရမည်မသိဘဲကြမ်းပြင်ပေါ်ထိုင်ကာငိုနေသောမဟာ့ကိုဒူးထောက်ပြီးဖက်ထားပေးလိုက်သည်။ ပြီးတော့ခေါင်းလေးကိုသပ်ကာ
"တောင်းပန်တယ်ကလေးရယ် တကယ်တောင်းပန်တယ်"
"တီ တီ တီ "
ရှိုင်းရဲ့ဖုန်းကမြည်လာသဖြင့်ထပြီး ဖုန်းကိုင်လိုက်သည်။
"ဟဲလို "
"......"
"နေကားအက်စီးဒင့်ဖြစ်လို့ဟုတ်လား"
" ......"။
"ရှင် အခြေအနေကစိုးရိမ်ရတယ်လား"
ရှိုင်းတစ်ကိုယ်လုံးပျော့ခွေသွားသည်။ ပြီးမှရုတ်တရက်သတိရကာ အောက်ကိုပြေးဆင်းသွားသည်။ အခန်းကျဉ်းလေးထဲကျန်ခဲ့သူကမဟာရယ်ပါ။
Advertisement
- In Serial23 Chapters
The Queen's Game
As a princess who's sunk a yacht and been caught kissing popstars, Nina doesn't seem ready to ascend the throne. But when she's told to fake date Prince Felipe to fix her reputation, Nina decides to do things her own way to become queen - even if it means breaking the rules. *****There are only two reasons why Nina would come back home to Cincamarre - one, if Auntie Delia promises to stop butting into her business, two, if her father died and she was made queen. Unfortunately for her, it was the second thing that brought her home. Her aunt, the regent, says she's ill prepared for the throne, but Nina doesn't think dating Felipe, the Prince of Concordia, is a good solution, even if he's ridiculously handsome. As always, Nina wants to do things differently, and this time she's ready to learn the ropes of her new role and make it hers. But is the monarchy ready for Queen Nina?"A crazy fun and hilarious royalty romance!" - Carmen Ho @ HQ[[word count: 30,000-40,000 words]]
8 362 - In Serial15 Chapters
Master
he's my master and im his petand i broke myself for him
8 170 - In Serial8 Chapters
Ballet Boy [Ballet With The Bad Boy]
*PART OF THE BALLET WITH THE BAD BOY BOOK*We've heard the story of Eliana McCoy, but now its Leo's turn.From a lonely, abused boy to drug dealing delinquent, how did he end up being the dream dance partner?****Hello! Yes, I am back but I decided on a different approach to my book.This is all going to be about Leo's story, each chapter is his point of view from different ages so each chapter name will have his age in it so you can follow the story easier.There probably won't be much in here to do with Eliana but I might add something in near the end.Thank you so much for enjoying Ballet With The Bad Boy and I hope you enjoy this one just as much.
8 74 - In Serial35 Chapters
Scarlet Heart Ryeo~Fanfiction
*What if Go Ha Jin wasn't the only one that went back in time to Goryeo? *Y/N just a regular girl who happens to be a fan of the drama Scarlet Heart Ryeo. What happens when she finds herself actually in the past, in Goryeo? Will she change the future or try to keep everything the same? Will she fall in love along the way? I fell in love with the Drama, so I decided to write a story involving it (: *Cover Photo isn't mine. Credit to the owner**Most characters are not mine, also basing it off the story!*
8 99 - In Serial68 Chapters
the assignment
In which a boy and a girl have a school assignment, and they learn to get along through text messages. all rights reserved 2017shoutout to @supersized-mcshizzle for winning my graphic contest!
8 544 - In Serial70 Chapters
Magi : 平和 & 調和 [ Reader Insert ]
Follow (Y/N) on a adventure as the story slowly progress into a change. It will be full of harmony, happiness, hope, sadness and most of all...PEACE.[ Inspired by Renka-Senpai ][ Support me at Quotev ][ Magi belongs to the Creators ][ Ocs belong to me ][ Pictures belongs to their creators ]
8 274

