《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 17 ( Uni)
Advertisement
Bright college ရှေ့မှာဖွင့်ထားသောပင်လယ်စာဆိုင်ကကောင်းသည်ဆို၍မြတ်က လာခေါ်သဖြင့်မဟာနှင့်ပြည့်ပြည့်လိုက်လာခဲ့သည်။ ပြီးတော့ပြည့်ပြည့်က သူကျွေးမယ်ဟုဆိုသဖြင့်မဟာတို့လည်းပျော်ပျော်ကြီးလိုက်လာခဲ့သည်။
" ဟဲ့ မှာကြနော် ငါကျွေးပါ့မယ်"
"အမလေးတို့တော့ထီပေါက်တာပဲ"
ပြည့်ပြည့်ရဲ့စကားကြောင့် အားလုံးကဝိုင်းရယ်ကြသည်။
"စားပါ ငါ့သူငယ်ချင်းလေးအသည်းကွဲနေတယ်မဟုတ်လား"
မြတ်စကားကြောင့်မဟာပြုံးလိုက်မိသေးသည်။ စိတ်ထဲမှာရုတ်တရက်ဝမ်းနည်းသွားတာတော့အမှန်။ တစ်ခါတစ်လေ ဒီအတိုင်းလေးပဲသူတို့နှစ်ယောက်ပျော်ရွှင်နေတာကိုထိုင်ကြည့်သွားရမှာလားဟုတွေးမိသည်။တကယ်တမ်းတွေးကြည့်တော့ မဖြစ်နိုင်။ ဘယ်လိုလုပ်ကြည့်နေနိုင်မှာလဲနော်။
ထိုစဉ် မဟာနဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်နေသောပြည့်ပြည့်က မဟာ့ကိုမျက်စလှမ်းပစ်ပြသည်။
"အနောက်မှာ ဟဲ့ မနဲ့လူကြီးတစ်ယောက်"
မဟာရုတ်တရက်လှည့်ကြည့်လိုက်သည်။ထိုင်ရန်နေရာယူနေသောရှိုင်းနဲ့လူကြီးတစ်ယောက်။ ရှိုင်းကမထိုင်ရသေးသည်မို့ထိုလူကြီးကဘယ်သူမှန်းမသိသေး။ ရှိုင်းထိုင်လိုက်မှမဟာအံ့ဩသွားသည်။ မှတ်မိပါပြီ။
ဟိုတစ်ခါကဒယ်ဒီ့ကိုလိုက်ပို့သောလူကြီး။ ရှိုင်းတို့နဲ့ခဏခဏပြဿနာဖြစ်သောလူကြီးပင်ဖြစ်သည်။
အခုတော့ဘယ်လိုလုပ်ရှိုင်းကနှစ်ယောက်သားလာတွေ့နေရသလဲ။
မဟာနားစွင့်နေလိုက်သည်။
" ရှိုင်းနား အခုချိန်ထိဒေါသတွေကိုမလျှော့သေးဘူးလား"
" ဒေါသတဲ့လား ဟားဟား သမီးကိုအခုလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ"
မဟာနားမလည်။ သူတို့ကဘာတွေလဲ ။မြတ်နဲ့ပြည့်ပြည့်ကလည်း ဘာတွေလဲဟူသောမျက်နှာပေးနဲ့ မျက်စပစ်ပြကြသည်။ သို့သော် တိတ်တိတ်လေးပြန်နားထောင်နေကြသည်။
"ရှိုင်းနား သမီးထင်တာတွေလိုမဟုတ်ပါဘူး သမီးရယ်"
"တော်ပါတော့ ဒယ်ဒီရယ် အဲ့ဒီဒဏ်တွေကိုခံစားခဲ့ရတာသမီးကိုယ်တိုင်ပါ"
ဟင်။ ဒယ်ဒီဆိုပါလား။ ဘယ်လိုလုပ် ရှိုင်းမှာ....။
ဆုလေးနဲ့တွေ့ရင်ခဏခဏရန်ရှာတတ်တာ သူ့ဒယ်ဒီဖြစ်နေခြင်းကြောင့်လား။
မဟာခေါင်းရှုပ်သွားရသည်။ဘာတွေလဲ ဆိုတာနားမလည်နိုင်ဖြစ်သွားသည်။
" တော်ပြီဒယ်ဒီ ဒယ်ဒီ့စိတ်နဲ့ဆုံးသွားခဲ့ရတဲ့ မာမီ့ကိုလည်းအားနာသောအားဖြင့် ဆုလေးမွေးကင်းစမှာတောင် အိမ်မကပ်နိုင်တဲ့အပြစ်တွေကိုအားနာသောအားဖြင့် သမီးတို့နဲ့ဝေးဝေးနေပါ အခု ဒယ်ဒီသိပ်လိုချင်ခဲ့တဲ့ဘဝမျိုးနဲ့ ဒယ်ဒီသိပ်ချစ်တဲ့မိန်းမနဲ့ အတူတူနေနေရပြီမဟုတ်လား သမီးတို့နဲ့လာမပတ်သက်ပါနဲ့တော့"
" ရှိုင်းနား"
ရှိုင်းသည်ထိုင်နေရာမှထပြီးအပြင်ထွက်သွားလေသည်။ ထိုလူကြီးသည်ငိုင်ပြီးကျန်နေခဲ့သည်။ ရှိုင်းဘဝကသနားစရာပါလားဟုတွေးမိသည်။
ရှိုင်းထွက်သွားသဖြင့် လမ်းမကြီးဖက်သို့စောင်းကြည့်လိုက်သည်။
မှန်ကနေမြင်နေရသော လမ်းမကြီးပေါ်ကအမျိုးသမီးကို မဟာဆွေးဆွေးလေးငေးနေမိသည်။ မျက်ရည်တွေကိုသုတ်နေဟန်တူပါသည်။ လမ်းကူးနေစဉ်လက်တစ်ဖက်က မျက်နှာကိုပွတ်နေတာမြင်ရသည်။
" ဟဲ့ မရှိုင်းက အဖေရှိတာလား ငါတို့က မိဘမဲ့အောက်မေ့နေတာ"
" အေး ငါတို့ရောပဲ"
မဟာတောင်ရှိုင်းဘာဆိုတာမသိခဲ့ရတာ။ သူတို့ကသိပါ့မလား။
သနားလိုက်တာရှိုင်းရယ်။
ပြီးတော့ထွေးပွေ့ထားချင်လိုက်တာ။
မဟာမေတ္တာမှာအဲ့လိုအခွင့်အရေးသာရှိခဲ့ရင် ရှိုင်းရဲ့မျက်ရည်တွေကိုသုတ်ပေးချင်တယ်။
မဟာထိုင်ရာမှထပြီးဆိုင်အပြင်ဖက်ကိုထွက်လိုက်သည်။
"မဟာ ဟဲ့ဘယ်သွားမလို့လဲ"
အားလုံးဝိုင်းအော်နေတာကိုမျက်ကွယ်ပြုပြီးမဟာပြေးထွက်လာခဲ့သည်။ ထို့နောက်လမ်းတစ်ဖက်ကိုကူးလိုက်ပြီး Bright College ရှေ့မှာရပ်ထားသော ကားပေါ်မှာထိုင်ငိုနေတာတွေ့လိုက်သည်။ မဟာ ကားတံခါးခေါက်လိုက်တော့ ရှိုင်းသည်ငုံ့နေရာမှခေါင်းမတ်လာပြီးမျက်ရည်တွေကိုခပ်မြန်မြန်သုတ်လိုက်သည်။
ပြီးတော့ကားမှန်ကိုချကာ ဘာလဲဟူသောပုံစံဖြင့်မေးငေါ့ပြစည်။
" ရှိုင်း"
"မဟာမတ်ေတာ ဘာလဲ"
မဟာရုတ်တရက်ဘာပြောရမည်မသိဖြစ်သွားသည်။ ရှိုင်း၏မျက်လုံးတို့သည် နီရဲနေသည်။
" မဟာက ဒီနားလာတာ ရှိုင်းကားကိုတွေ့လိုက်လို့"
မဟာမုသားတချို့ကိုသုံးလိုက်သည်။သို့သော ရှိုင်း၏မျက်နှာသည်ဘယ်လိုမှပြောင်းလဲမသွား။
" ဆုလေးကိုလာကြိုတာလား"
"အင်း"
"မမနေရော"
"နေက နေသိပ်မကောင်းလို့ "
"ဟုတ်လားဘာဖြစ်တာလဲရှိုင်းရဲ့"
နေမကောင်းဘူးဆိုတော့မဟာစိုးရိမ်စိတ်ဝင်သွားသည်။ သို့သော် ရှိုင်းကဘာမှလဲထပ်မပြောပါ။
ခဏကြာတော့ဆုလေးထွက်လာသည်။ ဆုလေးက မဟာကိုမြင်တော့ပြုံးပြသည်။
" ဟာ မမ ကားပေါ်တက်လေ"
ရှိုင်းကဘာမှမပြောပါ။ မဟာလည်းမကောင်းတတ်သဖြင့် ဆုလေးကိုပြုံးပြလိုက်သည်။
"မမက ဒီနားကိုလာတာ တော်ပြီဆုလေးရဲ့"
" ဪ ဟုတ်"
ဆုလေးကကားပေါ်တက်သွားတော့မဟာကလက်ပြလိုက်သည်။
" မဟာမေတ္တာတို့သွားမယ်နော်"
"အင်း ကောင်းကောင်းသွားနော်"
ရှိုင်းကခေါင်းငြိမ့်ပြပြီးထွက်သွားသည်။ မဟာ့ရင်ထဲမှာဝမ်းနည်းစိတ်တို့လှိုက်တက်လာသည်။ သို့သော်မငိုမိအောင်ထိန်းထားလိုက်သည်။
" မဟာ့မှာငိုခွင့်မှမရှိတာပဲ"။
×××××××××
"ရှိုင်း"
နေဘာပြောရမည်မသိတော့ဘဲဖြစ်နေသည်။ နှစ်သိမ့်ရမလား ၊ ဒါမှမဟုတ် ဒီအတိုင်းပဲထားရမလား မဝေခွဲနိုင်တော့။ ရှိုက်ကြီးတင်ငိုနေသောရှိုင်း၏ရှိုက်သံက နေ့ရင်တွေကိုဆူးနှင့်ထိုးနေသည့်နှယ်။
ရှိုင်းအတွက်ရော၊ ကိုယ့်အတွက်ရော။
"ရှိုင်း ကျေးဇူးပြုပြီးမငိုလို့မရဘူးလား နေ့ကိုရောနည်းနည်းလေးမှအားမနာဘူးလား နေတော့ရှိုင်းကိုအားနာတယ် "
ရှိုင်းကဘာမှမပြော။ နေတို့နှစ်ယောက်ဟာရန်သူတွေလား၊ ဒါမှမဟုတ် ဟန်ဆောင်နေရတဲ့ချစ်သူတွေလား။
ရန်သူဖြစ်လျှင်တော့ ရန်သူစစ်စစ်သာဖြစ်ပေလိမ့်မည်။ ဒါမှမဟုတ် ရန်သူစစ်လွန်း၍မိတ်ဆွေဖွဲ့ထားရခြင်းလဲဖြစ်ပေလိမ့်မည်။
"နေ ...... တို့စိတ်တွေအရမ်းရှုပ်ထွေးနေတယ်သိလား ၊ တစ်ခါတစ်လေ နေ့ကိုတို့မကြည့်ချင်လောက်အောင်မုန်းတယ် တစ်ခါတစ်လေ မစွန့်လွှတ်နိုင်တဲ့ ကိုယ့်ကိုယ့်ကိုယ်ကပိုမုန်းရပြန်တယ်၊ ဒယ်ဒီကဆက်သွယ်ဖို့ကြိုးစားလာရင် တို့စိတ်တွေပြန်သတိရလာတယ် အဲ့ဒီအခါ တို့ဘာလုပ်ရမှန်းမသိဖြစ်ဖြစ်လာတယ်"
"ဒါဆို ရှိုင်းကနေ့ကိုစွန့်လွှတ်မှာလား"
ရှိုင်းအသံတွေကတိမ်ဝင်သွားသည်။ ပြီးတော့ နေ့မျက်နှာလေးကိုတယုတယကိုင်လိုက်သည်။
"နေရယ်......"
ရှိုင်းကနေ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ စွန့်လွှတ်ရမှာလား၊ ဒါမှမဟုတ် ရင်နာမှုတွေကိုဆက်ပိုက်ပြီး ဆက်ချစ်ရမှာလား။ ဆက်ချစ်တော့ရော အခုလိုသတိမရဘဲနေနိုင်ကြမှာလား။
" ရှိုင်း ကျေးဇူးပြုပြီး မျက်နှာချင်းဆိုင်ရင်ဆိုင်လို့မရဘူးလား သူတို့ကြားဘာဖြစ်ခဲ့တာရှိုင်းလဲသေချာမသိသလို နေလဲသေချာမသိဘူး ထင်မြင်ချက်ဆိုတာအမှန်တရားမှမဟုတ်တာ နေတောင် ခွင့်လွှတ်နိုင်သေးတာပဲ"
ရှိုင်းကခေါင်းခါသည်။ပြီးမှနေ့ကိုဖက်ထားရင်းနဲ့ရှိုက်ကြီးတင်ငိုသည်။
" နေ့ဖြစ်ရပ်နဲ့တို့ဖြစ်ရပ်မတူဘူးနေ.....တို့ကတစ်ယောက်ထဲပစ်ချခံခဲ့ရတာ နေက တစ်ယောက်ထဲပစ်ချခံခဲ့ရတာမဟုတ်ဘူး တို့ဘဝတစ်လျှောက်လုံး သိပ်ရုန်းကန်ခဲ့ရတာ ခံစားရတယ်ဆိုရင်တောင် တို့ကပိုရင်နာရတယ်နေ"
" လူတွေကအတ္တသိပ်ကြီးကြတယ်ရှိုင်း ၊ ဘယ်နေရာမဆိုငါသည်သာသူတစ်ပါးထက် ပိုသောသူဖြစ်ချင်ကြတယ်..... အခုရှိုင်းကိုကြည့်ပါလား အပူမီးတွေတောင် ကိုယ့်အပူမီးကပဲပူတယ်လို့ထင်ကြတာမျိုး၊သူတစ်ပါးခံစားရတာ ငါ့လောက်မဆိုးဘူးလို့ယူဆတတ်ကြတဲ့သူတွေချည်း။ တကယ်ကရှိုင်းခံစားရသလို နေလည်းခံစားခဲ့ရတာချည်းပဲ နေ့ဖက်ကိုရောစဉ်းစားကြည့်ပေးပါအုံး၊ ရှိုင်းက နေ့အပေါ်မှာအနိုင်ယူနေခဲ့တာတောင်နေဟာရှိုင်းအနားက လုံးဝထွက်မသွားခဲ့ဘူး။ရှိုင်းကိုအပြည့်အဝမဟုတ်ရင်တောင် နေ နားလည်ပေးခဲ့တယ်။ နေရောမခံစားရဘူးလို့ရှိုင်းထင်နေတာလား၊ အမှန်တရားဆိုတာ နှစ်မျိုးရှိတယ်ရှိုင်းရဲ့။ ကိုယ့်ဖက်ကကြည့်ရင် လက်ဖမိုးပေမဲ့ သူ့ဖက်ကကြည့်ရင် လက်ဖဝါးပဲရှိုင်းရဲ့ ရှိုင်းတွေးကြည့်စမ်းပါ"
နေလည်းငိုပြီးပြောသည်။ ရှိုင်းကမတ်တပ်ရပ်လိုက်ပြီး နံရံတွေကိုလက်သီးနဲ့သွားထိုးသည်။
" ရှိုင်းမလုပ်နဲ့ အဲ့လ်ုအကျင့်တွေကိုရပ်လိုက်တော့ "
နေကရှိုင်းအနားကိုသွားလိုက်ပြီး ရှိုင်းရဲ့မျက်နှာလေးကိုလက်ဖဝါးနှစ်ဖက်လုံးနှင့်နွေးနွေးထွေးထွေးဆုပ်ကိုင်လိုက်သည်။
"ကတိပေးစမ်းပါ အချစ်ရယ် ရင်ဆိုင်မယ်လို့"
ရှိုင်းရဲ့ခေါင်းတွေကငုံ့သွားသည်။ နေ့မျက်ဝန်းတွေကိုအကြည့်လွှဲထားသည်။
" နေ့မျက်ဝန်းတွေကိုတည့်တည့်ကြည့်စမ်းပါရှိုင်းရယ်၊ ချစ်ခြင်းမေတ္တာဟာအရာရာတိုင်းကိုရင်ဆိုင်ကျော်လွှားနိုင်တယ်ဆိုတာယုံရဲ့လား၊ တကယ်လို့သာ ရင်ဆိုင်ပြီးမှ ရှိုင်းလိုချင်တဲ့အဖြေမရခဲ့ဘူးဆိုရင် နေ့ဘဝကိုလောင်းကြေးထပ်မယ်။ ရှိုင်းအနားကနေနေထွက်သွားပေးမယ်"
"နေ..."
"နေ့ကိုယုံပါအချစ်ရယ် နေ ရှိုင်းကိုသိပ်ချစ်တယ်"
နေ့နှုတ်ခမ်းတွေက ရှိုင်းနှုတ်ခမ်းတွေကိုနမ်းရှိုက်လိုက်သည်။ ချိုမြိန်သောအနမ်းတို့အောက်မှာယစ်မူးစွာပင် ရှိုင်းကလည်းပြန်နမ်းသည်။
" တို့လည်းနေ့ကိုသိပ်ချစ်တယ်"။
Advertisement
- In Serial425 Chapters
Rise
Su Xue, a woman in her mid 20s, is struggling both in paying rent and finding her path in life. Her latest stint has her trying to become a popular League of Legends streamer, though to poor results. One day, she is interrupted in the middle of a livestream by a surprise visit from her landlady. She is informed that she will be having a new roommate. The landlady’s nephew, Lin Feng, a 18 year old boy who has just transferred over to Shanghai for his last year of high school.Though initially opposed to it, Su Xue reluctantly agrees to the arrangement. She learns that the two share a common interest—League of Legends—and that he’s really amazing at the game. Lin Feng also reveals to her he wishes to become the best professional League of Legends player in the world.The next day. Lin Feng attends his first day of school as a transfer student at High School 13. He meets Ouyang and Yang Fan, and the trio find a common passion in League of Legends. Lin Feng is then introduced to Ren Rou, the president of the esports club with a fiery personality, and Tang Bingyao, a quiet bookworm with a love for money and a surprising talent for the game.A little about Lin Feng’s past is revealed. He was a once pro player, the youngest in history and a contender for the best player in the world. Until the finals of the Season 1 World Championship. There, he lost to his arch-rival, an equally brilliant Korean youth. That was the peak of his career, and also the turning point in his life. He stepped down from his team and disappeared from competitive play altogether. Now, after a four year long hiatus, he aims to make a comebackOver the next couple of weeks, Lin Feng learns about the upcoming Shanghai 16 School Tournament, and that his school’s esports club had performed especially poorly the previous year. He agrees to coach the club’s team and help them win the first place trophy this year. And so, he starts the members of the club out on an intense training bootcamp.Meanwhile, the Season 5 League of Legends World Championship is taking place at around the same time. Tian Tian, one of Lin Feng’s former teammates and best friend, is on one of the Chinese teams playing at Worlds. After a poor showing, he is on the verge of a mental breakdown. Lin Feng witnesses everything in a viewing party with the esports club members and becomes worried.On the day of the Shanghai 16 School tournament, Lin Feng reunites with Tian Tian on the phone. He tells Tian Tian he’s going to return to the professional scene, that he’s making a new team and plans to invite him. But Tian Tian has to vow not to give up at Worlds and keep winning. Tian Tian agrees, and Lin Feng promises he’ll fight alongside him. Lin Feng then heads into his match with renewed resolve, to climb from the bottom all the way back to the top, and overcome the rival that defeated him so many years ago.
8 1144 - In Serial105 Chapters
Your Turn To Chase Me, Reborn For Revenge
April Jones was submissive and weak, she gave in to her stepmother and stepsisters every whim. Her father was busy with the business and had no time for her. They took everything from her even her life. She died a horrifying death, now reborn she plans to change her fate and take back all she had lost.
8 4687 - In Serial23 Chapters
The Duchess Who Sees Ghosts
Yeonhee lived as a shaman who served God since she was young.
8 213 - In Serial41 Chapters
A Sheep Among Wolves
When Leah is gifted with an abusive mate, you'd think she would give up on werewolves altogether. But a new experience opens her mind and heart to pack life. Can she thrive as a human member of a wolf pack?Or will she be in constant danger?_____________________________"My experience with your people gives me absolutely no confidence in that statement." I say cheekily and I swear the corner of his lip almost quirks up. "Understandable. I just want to understand why you, a human, were locked in a cell on wolf pack lands." He says evenly and I cross my arms over my chest, averting my gaze. "Because Alpha Asshole was supposedly my mate." I say quietly and his brow quirks in surprise."I was not expecting that." He murmurs more to himself and I can't help but bark out a laugh."Yeah. Me either."Cover made by @ViaAlyssaNicole
8 223 - In Serial24 Chapters
Professor Kim - KTH
They say 𝗟𝗢𝗩𝗘 is a beautiful feeling and Having a 𝗖𝗥𝗨𝗦𝗛 is a feeling that only we, ourselves can understand. But how will it be when a small crush on our Professor turns out to be something more.••••••••••••••••••••••••••••••••••••••••••••••••••••••••••"Shit we are stuck here , what we will do now Mr.Kim?" "It's Taehyung for you princess."He said and brought his hands near my face and placed my hairs behind my ear whispering "So what , I know you alwayswanted to be with me....Alone" He said and pulled back with a smirk. Started : 03/04/2022Finished : 23/04/2022
8 115 - In Serial50 Chapters
Survivor's Guilt
2011: It's been ten years since the sky literally came crashing down around Yael Malkah and upended her world. Now she's returned to New York to visit her ailing grandmother. With no other family, it's up to her to take care of the family business, even at the risk of her sobriety.Haustin Macauley is a firefighter struggling to come to terms with his survivor's guilt, and does whatever he can to drown out the event that still keeps him up at night, even taking reckless risks. The only thing that keeps him going is the people he saved when hell came crashing around him, the only proof he has that he isn't a complete failure.When Yael meets the man who saved her life that fateful day, she can't help but feel a connection in her grief. As Haustin and Yael grow closer, the two must find their way through the minefield of family problems and post-traumatic stress to the possibility of a life that might resemble normal again.Weekly Friday updates. Occasional Tuesday updates.
8 124

