《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 16 (uni)

Advertisement

"မဟာ"

အချိန်တော်တော်ကြာငိုနေသောမဟာ့ကို မြတ်နဲ့ပြည့်ပြည့်ကပြောစရာစကားမရှိတော့။မေးလို့လည်းမရ။ ငိုနေပြီးရင်းသာငိုနေပြန်သည်။ ပြည့်ပြည့်က မဟာ့ကျောလေးကိုပွတ်သပ်ပေးနေသည်။ ဘာကိစ္စမှန်းမသိပေမဲ့ မဟာတော်တော်ခံစားနေရလို့ဆိုတာနားလည်ပါသည်။ မဟာဆိုတာတော်ရုံငိုတတ်သည်မဟုတ်ဘဲ စိတ်မာပြီးပျော်ပျော်နေတတ်တဲ့ကောင်မလေးမဟုတ်လား။အခုတော့ ရှိုက်ကြီးတင်ငိုနေသတဲ့လား။

"ငါရူးနေပြီလားမသိဘူးဟာ"

ရှိုက်ကြီးတင်ငိုနေရာမှရုတ်တရက်စကားထပြောလာသောမဟာရယ်ပါ။

"မဟာ နင်ပြောပြလို့ရရင်ငါတို့ကိုပြောပြပါလား နင်ဘာဖြစ်နေတယ်ဆိုတာငါတို့ဝိုင်းစဉ်းစားပေးလို့ရတာပေါ့"

ပြည့်ပြည့်ရဲ့စကားကိုမြတ်ကထောက်ခံတဲ့အနေနဲ့ခေါင်းငြိမ့်သည်။မဟာကငိုတာခဏရပ်ပြီး

" ငါလေ မိန်းမတစ်ယောက်ကိုချစ်နေမိတယ်ဆိုရင်နင်တို့ယုံကြမှာလား"

"မိန်းမတစ်ယောက်ကို?"

မြတ်ကနားမလည်သလိုမျက်နှာပေးနဲ့ပြည့်ပြည့်ကိုကြည့်သည်။ မဟာကဘယ်အချိန်များမိန်းမတစ်ယောက်ကိုချစ်မိသွားသလဲ။

ပြီးတော့မဟာက မိန်းမတစ်ယောက်ကိုချစ်မဲ့လူလား။

" နင်တကယ်ပြောနေတာလားမဟာရယ်"

"မြတ်ရယ် မဟုတ်ဘူးဆိုရင်ငါငိုနေပါ့မလားသူငယ်ချင်းရယ် အချစ်ကငါ့ကိုရူးသွပ်စေပြီလားမသိပါဘူး"

မြတ်ကငိုပြီးလာဖက်တော့မြတ်ကလည်းမဟာ့ကိုပြန်ဖက်ထားပေးလိုက်သည်။

" ဟုတ်ပြီ မဟာ အဲ့ဒီသူကဘယ်သူလဲ ဘယ်ကလဲ ငါတို့တောင်မသိတဲ့အတောအတွင်းမှာ နင်ကသူ့ကိုဘယ်အချိန်မှာတွေ့ပြီးချစ်လိုက်တာလဲ ၊ ပြီးတော့ နင်ကမင်းခန့်နဲ့တွဲနေတာလို့ပဲငါတို့ကလက်ခံထားတာလေ"

ပြည့်ပြည့်ရဲ့စကားအဆုံးမှာမဟာကရင်ထဲကလှိုက်တက်လာသောဝမ်းနည်းမှုတွေနဲ့အတူငိုချလိုက်ပြန်သည်။

" ငါသူ့ကိုအရမ်းချစ်နေမိပြီထင်တယ်၊ အစကငါသတိမထားမိဘူး ဒါပေမဲ့ သူ့ကိုတခြားတစ်ယောက်နဲ့တွဲလျက်တွေ့တာဆိုရင်တောင် ငါအရမ်းသဝန်တယ်၊ သူတခြားတစ်ယောက်နဲ့အတူရှိတိုင်း ငါ့ရင်ထဲကိုဆူးနဲ့ထိုးစိုက်နေသလိုပဲ တဆစ်ဆစ်နဲ့နာတယ် ငါ ....ငါ ကသူ့ကိုမရနိုင်ဘူးဆိုတာသိပါတယ်ဟာ"

မဟာကငိုနေပြန်သည်။ အချစ်ဆိုတာဘာတဲ့များလဲ။မဟာ့အဖြစ်ကဘာနဲ့တူနေသည်မသိ။ မစခင်ကတည်းက အဆုံးကိုသိနေတဲ့ဇာတ်လမ်းတစ်ပုဒ်မှာ ဗီလိန်အဖြစ်ဝင်ကနေရသလို။ဒါမှမဟုတ် ကိုယ့်အတွက်နေရာမရှိတဲ့အရပ်တစ်ခုမှာခိုလှုံခွင့်လိုချင်နေသည့်လူတစ်ယောက်လို။

အချစ်ဆိုတာဘာလဲ။ ငေးကြည့်နေရခြင်းတွေလား။

လွယ်လိုက်တာ ငေးကြည့်နေရခြင်းတဲ့။ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို မပိုင်ဆိုင်ရဘဲငေးကြည့်နေရတာကိုလူတိုင်းလုပ်နိုင်မယ်ထင်လို့လား။ မပိုင်ဆိုင်ရလည်းဖြစ်တယ်လို့ဘယ်သူတွေကများ ပြောခဲ့ကြသလဲကွယ်။ ဟင့်အင်း မဟာပိုင်ဆိုင်ချင်တယ်။

ရင်ဘတ်ထဲမှာရုတ်တရက်လှစ်ဟာသွားတဲ့ခံစားချက်တွေက ဘယ်လောက်တောင်ဆိုးလိုက်သလဲ ကိုယ်တိုင်သာအသိဆုံးပါပဲ။ တချို့ပန်းတွေကို ငေးကြည့်နေရခြင်းနဲ့သာသူ့အလှတွေကိုခံစားနိုင်ပေမဲ့ အချစ်ဆိုတာအလှကြည့်‌နေရမဲ့ပန်းတစ်ပွင့်မဟုတ်တော့လိုချင်တယ်၊ပြီးတော့ ယုယုယယနမ်းရှိုက်ချင်တယ်။

အခုကမဟာ့မှာအဲ့လိုအခွင့်အရေးတွေရှိသေးလို့လား။

ရပ်ကြည့်နေရမှာလား။ ဒါမှမဟုတ်ဆက်သွားလိုက်ရမှာလားမဟာမသိ။

"ငါသိပ်ချစ်တဲ့လူမှာ ချစ်ရတဲ့လူရှိတယ်၊ သူက အဲ့ဒီမိန်းမကိုသိပ်ချစ်တယ် ၊ သူချစ်တဲ့မိန်းမကိုအရေးပေးတိုင်း သူ့ကိုမနာလိုသလို သူချစ်တဲ့မိန်းမကိုလည်း သူ့အနားမရှိနေစေချင်ဘူး ။ အို...ဖြစ်နိုင်ရင် သူ့ကိုတစ်ယောက်ထဲနေစေချင်နေတာ"

"သေချာလို့လားမဟာရယ် သူ့မှာချစ်သူရှိတယ်ဆိုတာ"

"၉၉ ရာခိုင်နှုန်းလောက်ကိုသေချာပါတယ်ဟာ"

မြတ်ကသက်ပြင်းချလိုက်သည်။ ပြီးမှ မဟာ့လက်ကိုဆုပ်ကိုင်ပြီး

" ၉၉ ဆိုတာ ရာနှုန်းပြည့်မှမဟုတ်သေးတာမဟာရယ် ၁ ရာခိုင်နှုန်းကျန်နေသေးတယ် ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်ဆိုတာရှိနေသရွေ့နင်မရှုံးသေးဘူး အချစ်ဆိုတာကံတရားလိုပါပဲ ၊ ဖူးစာဆိုတာ ဦးရာတဲ့ နင်ဦးရင်နင့်ဖူးစာပေါ့ ငေးကြည့်မနေပါနဲ့သူငယ်ချင်းရယ် ကြိုးစားလိုက်ပါ နင့်မှာကြိုးစားခွင့်ရှိပါတယ် နင်က မိန်းကလေးချင်းကြိုက်တဲ့လူဆိုရင်တောင် နင့်ဖက်မှာ ငါတို့အမြဲရှိနေမယ်"

မဟာငိုနေတာကိုရပ်လိုက်ပြီးအဝေးတစ်နေရာကိုလှမ်းငေးလိုက်သည်။

ကြယ်တွေကိုရေတွက်မိခဲ့ရင် မဖြစ်နိုင်ပါဘူးလို့လူတွေတွေးမိကြသလိုမျိုးခံစားချက်နဲ့ အချစ်ဆိုတာမျိုးက နှလုံးသားကဝန်ခံလိုက်မိပုံရယ်လေ။

မဝန်ခံချင်ခဲ့ပါဘူး။ ချစ်နေမိပြီဆိုတာကိုယ့်ကိုယ်ကိုယ်ရိပ်မိပေမဲ့ ဖုံးကွယ်ထားပြီးသာနေမည်ဟုဆုံးဖြတ်ခဲ့တယ်မဟုတ်လား။

ကိုယ်ချစ်တဲ့လူကိုကိုယ်မပိုင်ဆိုင်ရမှာသေချာသလောက်ဖြစ်နေတော့ သူများပိုင်ဆိုင်သွားမှာမျိုးလည်း မလိုလား။ မဟာ့စိတ်ထဲမှာတစ်ခါမှ မဝင်ဖူးသောအတွေးစိတ်တွေဝင်လာပြန်သည်။

သို့သော် အချစ်တစ်ခုအတွက်နဲ့မတွေးသင့်ဟု ပြန်တွေးနေမိသည်။

ဒါပေမဲ့ လုပ်ပြီးခဲ့ပြီလား လုပ်ချင်နေတာလား မဟာမသိ။ ဖြစ်နိုင်ရင် မဟာချစ်တဲ့သူရဲ့အနားမှာ သူချစ်တဲ့လူကိုရှိမနေစေချင်တာကတော့မဟာ့အတ္တရယ်ပါ။

ဖြစ်နိုင်လျှင် သူချစ်တဲ့မိန်းမကိုသာ မဟာသူ့အနားက အမြဲဆွဲခေါ်ပြီး သူတို့ကိုဝေးနေစေချင်မိ၏။

သို့သော် ထိုမကောင်းတဲ့အတွေးမျိုးအတွက်ပင် ကိုယ့်ကိုယ်ကိုယ်အတော်ရှက်နေရပြန်သည်။

မဟာငိုချင်တာပဲသိတယ်။

×××××××××××

"တီ တီ တီ တီ"

ရှိုင်းရဲ့ဖုန်းကမြည်နေသဖြင့်နေကစားပွဲပေါ်ကနေလှမ်းယူပေးလိုက်သည်။ ရှိုင်းကတော့ ကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေသည်။နေကဘယ်သူဘယ်ဝါဆက်တယ်ရယ်လို့ရှိုင်းဖုန်းကိုမစစ်ကြည့်‌တော့ဘဲပေးလိုက်သည်။ရှိုင်းကလည်း ဖုန်းကိုအာရုံမရသလိုဟန်ဖြင့်လှမ်းယူပြီး

" ဟဲလိုပြောပါ"

" ......."

" ဒယ်ဒီ!!!!!"

ရှိုင်းရဲ့ခပ်ဆတ်ဆတ်အသံကြောင့် နေရုတ်တရက်လန့်သွားသည်။ အန်ကယ်လ်ဖုန်းဆက်ဟန်တူပါသည်။ ရှိုင်းဘယ်လိုပေါက်ကွဲတော့မလဲဆိုတာ နေကြိုမြင်နေသည်။ နေတော့ခေါင်းကြိုကျိန်းနေသည်။

" ဒယ်ဒီ သမီးဆီဘာလို့ဖုန်းဆက်တာလဲ သမီးမကြိုက်ဘူး နောက်မဆက်နဲ့"

ပြောပြီး‌ဖုန်းကိုဆတ်ကနဲပိတ်ပစ်လိုက်သည့်ရှိုင်းရယ်ပါ။ ရှိုင်းကဖုန်းကိုပိတ်ပစ်ပြီး နေ့ဆီဒေါသတကြီးနဲ့လှည့်ကြည့်သည်။

" ဒယ်ဒီ့ကို ဖုန်းနံပါတ်နေပေးတာမလား"

နေမျက်ခုံးတွန့်သွားသည်။ နေမပေးလိုက်ရရိုးအမှန်ပါ။

" ကြံကြီးစည်ရာရှိုင်းရယ် အန်ကယ်လ်နဲ့နေဆိုတာလည်း မျက်နှာချင်းဆိုင်ချိန်တောင်ခပ်ရှားရှားရယ် ရှိုင်းလဲသိရက်နဲ့"

"ဒယ်ဒီ့ဖုန်းကိုဘလော့ပစ်မယ်"

နေသက်ပြင်းတစ်ချက်ချလိုက်သည်။ပြီးတော့ရှိုင်းထိုင်နေရာကိုသွားလိုက်ပြီးရှိုင်းဖုန်းကိုဆွဲယူနေရာကိုသွားလိုက်ပြီးရှိုင်းဖုန်းကိုဆွဲယူလိုက်သည်။

" ရှိုင်းရယ် အားလုံးကိုမေ့ပစ်လို့မရဘူးလား အခုချိန်မှာနေတို့အားလုံးပျော်ပျော်ရွှင်ရွှင်နေလို့ရနေပြီပဲကို ပြီးတော့အရာအားလုံးကလည်း သူ့အကြောင်းနဲ့သူပဲလေ "

" မရဘူးနေ တို့ကိုတရားလာမချနဲ့ ဒီဇာတ်လမ်းမှာပျော်ရွှင်စရာဇာတ်သိမ်းဆိုတာမရှိစေရဘူး"

"ရှိုင်း"

နေအသားကုန်အော်ပစ်လိုက်သည်။ ရှိုင်းရဲ့အငြိုးကြီးမှုတွေကနေ့ရင်ကိုဓားနဲ့ထိုးနေသည့်နှယ်။

" ဟုတ်ပြီ တကယ်လို့ပျော်ရွှင်စရာမဟုတ်တဲ့ဇာတ်သိမ်းဖြစ်အောင်လုပ်ပြီးတဲ့နောက်မှာ နေ့ကိုဆုံးရှုံးရမယ်ဆိုရင်ရော....."

" နေ"

ရှိုင်းရဲ့အော်သံသည်ဟိန်းသွားသည်။ မျက်နှာတွေနီမြန်းပြီးဒေါသတွေထွက်နေသည်။

" ဟာ .... သွားကွာ တောက်"

စားပွဲပေါ်ကကွန်ပျူတာကိုရိုက်ချိုးပစ်သည့်ရှိုင်းရယ်ပါ။ နေက ဘာမှမပြောဘဲမသိချင်ဟန်ဆောင်နေလိုက်သည်။ ရှိုင်းကအပြင်ဖက်သို့ထွက်သွားသည်။ နေကရှိုင်းရဲ့ကျောပြင်ကိုကြည့်ပြီး

"ပျော်ရွှင်ချင်ပြီရှိုင်းရယ်"။

    people are reading<သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click