《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 15 ( Uni)
Advertisement
မင်္ဂလာဧည့်ခံပွဲ
မဟာတို့ဝိုင်းကဆူညံပွက်လောရိုက်နေကြသည်။ တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြနှင့် မင်္ဂလာဧည့်ခံပွဲကိုလာရောက်ချီးမြှင့်တာနဲ့မတူဘဲ ပါတီလုပ်နေသည့်အလားဖြစ်နေသည်။ ကိုယ့်တီချယ်ရဲ့မင်္ဂလာဆောင်ဆိုတော့လည်း မဖြစ်မနေကို လာရောက်ပြီးငတ်ကြီးကျကြတာရယ်ပါ။
မဟာ့စိတ်ထဲ ရှိုင်းလာမယ်လို့ထင်မိသည်။ ဒါဆိုမမနေကရော လာမှာလားမသိ။
မဟာ့မျက်ဝန်းတွေကထွက်ပေါက်ဝင်ပေါက်ဖက်သို့ရောက်ရောက်သွားသည်။
" ဟေ့ တို့တွေနောက်တစ်ပွဲထပ်မှာကြအုံးစို့"
"အေး လက်ခံတယ်"
သူတို့ဘာသာထောက်ခံကြပြောကြပြီး နောက်ကစားပွဲထိုးလေးထံ ဒင်ဆမ်းနောက်တစ်ပွဲထပ်မှာကြသေးသည်။ မင်္ဂလာဆောင်ကိုလာတာ ဘူဖေးလာစားကြတယ်မှတ်နေလားမသိ။
"ဟဲ့ ဟိုးမှာကြည့်ကြစမ်းလှလိုက်တာ ပန်းနုရောင်ဝတ်ထားတဲ့အစ်မကပိုလှတယ် ဝင်ပေါက်မှာ တွဲလာနေတဲ့ဥစ္စာ "
အဖွဲ့ထဲကတစ်ယောက်ကထအော်သဖြင့်မဟာအသံလာရာဖက်သို့လှည့်ကြည့်လိုက်သည်။ မဟာထင်ထားတဲ့တိုင်းပါပဲ။ ဒါပေမဲ့ ထူးခြားတာက မမနေကရှိုင်းရဲ့လက်ကိုချိတ်ပြီးဝင်လာတာများပျော်လို့ရွှင်လို့။
"ဟယ် မရှိုင်းပဲ"
မြတ်နဲ့ပြည့်ပြည့်ကထအော်ပြီး မဟာ့လက်မောင်းကိုလှမ်းရိုက်သည်။
"ဟဲ့ သွားနှုတ်ဆက်ရအောင် မဟာ"
မဟာစိတ်ထဲဘာလို့မှန်းမသိ။ ဝမ်းနည်းသလို အားငယ်သလို သိမ်ငယ်သလို။ပြီးတော့ ရင်ဘတ်ထဲမှာတစ်ခုခုကိုဆုံးရှုံးလိုက်ရသလိုပါပဲ။
"မဟာ လာပါထ သွားနှုတ်ဆက်ရအောင်"
မဟာ့လက်မောင်းကိုရိုက်ကာအတင်းပြောနေကြပေမဲ့ မဟာမသွားချင်။ သို့သော် သွားလဲသွားချင်ပါသည်။
"ထပါမဟာရဲ့"
မဟာစိတ်သိပ်မပါပုံနှင့်ထလာခဲ့သည်။ မဟာတို့ဝိုင်းနဲ့ ၅ ဝိုင်းကျော်မှာထိုင်နေကြသော မမနေနဲ့ရှိုင်း။ ရှိုင်းက အနက်ရောင်စတိုင်ပင်ဘောင်းဘီအရှည်နဲ့ အဖြူရောင်စတစ်ကော်လံအင်္ကျီကိုဝတ်ထားသည်။ ဆံပင်တွေကိုခပ်မြှောက်မြှောက်စုချည်ထားသည်။ ရှိုင်းသည်အင်မတန်ကြွေစရာကောင်းပါသည်။ မမနေကတော့ ပန်းနုရောင် ဇာအနားသတ်လေးတွေပါသော ဂါဝန်လေးကိုဝတ်ထားသဖြင့်ထိုင်းမင်းသမီးလေးနှယ်လှပလွန်းလှသည်။ မဟာရင်တွေတုန်လာသည်။
"မ"
မြတ်က ခေါ်လိုက်သဖြင့်ရှိုင်းကလှည့်ကြည့်လာသည်။ မဟာတို့ကိုမြင်မြင်ချင်း ရှိုင်းမျက်နှာက ပြုံးသွားသည်။
" ဟယ် ကလေးတို့ မင်္ဂလာဆောင်လာကြတာလား"
" ဟုတ်တယ်မ "
ရှိုင်းက မြတ်တို့နှစ်ယောက်ကိုဦးစွာနှုတ်ဆက်ပြီးမှ မဟာ့ကိုမြင်သည်။ သို့သော်ရှိုင်းပုံစံကသာမန်ပါပဲ။ ဘာမှမဖြစ်ခဲ့သည့်နှယ်။မဟာ့ကိုလဲသာမန်ပဲပြုံးပြပါသည်။ မမနေကမဟာ့ကိုမြင်တော့...
" အယ် မဟာတို့ပဲ"
" နေ သူတို့က သူဇာရဲ့တပည့်တွေ"
"ဪ ဟုတ်လား ကလေးတွေကချစ်စရာကောင်းလိုက်တာ"
" ဟာ မမကပိုချောတာပါ"
အားလုံးစကားလက်ဆုံကျနေကြပေမဲ့မဟာပြောချင်စိတ်မရှိ။ နေရဲ့မျက်နှာသည်ခါတိုင်းထက်ပိုမိုပြုံးနေသယောင်။ ရှိုင်းနဲ့အတူရှိနေရရင်ကိုမမနေကပျော်နေတာပဲလားဟင်။ ထိုစဉ်
"ရှိုင်း......"
"......."
"ဟာ...."
အာမေဍိတ်အသံတွေဆူညံသွားသည်။ အားလုံးကလည်းကြောင်လျက်သားဖြစ်သွားကြသည်။ ကြောင်ဆိုမဟာရဲ့လုပ်ရပ်ကလည်းအားလုံးကိုကြောင်အသွားစေသည်။ စားပွဲထိုးလေးက လိမ္မော််ရည်ခွက်ကိုလင်ပန်းပေါ်တင်ကာမြှောက်လျက်သားနဲ့ ဘေးချင်းကပ်လျက်ဝိုင်းကို မုန့်ချနေစဉ် လင်ဗန်းကအနည်းငယ်စောင်းသွားသည်။ ဒါကိုမြင်လိုက်သောမဟာက လိမ္မော်ရည်တွေ ရှိုင်းကိုယ်ပေါ် လောင်းချတော့မည်စိုးသဖြင့်ဇတ်ကနဲ ပြေးကာ ခွက်ကိုယူလိုက်သည့်အတွက် စားပွဲထိုးလေးကအလှည့်နှင့်မဟာ့ကိုတိုက်မိကာ လိမ္မော်ရည်တွေမဟာ့ကိုယ်ပေါ်လောင်းချကုန်သည်။
"တောင်းပန်ပါတယ်ခင်ဗျ"
မဟာကမျက်စိမျက်နှာပျက်သွားသော်လည်း
"အို.... ရတယ်ကိစ္စမရှိဘူး"
" ဟယ် ကလေးအင်္ကျီမှာပေကုန်ပြီ လာလာ Toilet သွားရအောင်"
မမနေကထိုင်ရာကနေထလာပြီး မဟာ့လက်ကိုဆွဲကာ ခေါ်သွားသဖြင့်မဟာလဲရှက်ရှက်နဲ့လိုက်လာခဲ့ရသည်။ သန့်စင်ခန်းရောက်တော့
" ကလေးရယ်.... ဘာလို့အဲ့လိုကြီးလုပ်ရတာလဲကွယ်"
မဟာ့အင်္ကျီကိုရေတွေနဲ့သန့်စင်ပေးနေရင်း နှုတ်ကတတွတ်တွတ်ပြောနေတဲ့မမနေရယ်ပါ။ မဟာကဘာမှပြန်မပြောမိ။
" မဟာ အင်္ကျီချွတ်လိုက်ပါလား စက်နဲ့တစ်နေရာချင်းစီ တို့အခြောက်ခံပေးမယ် ကလေးက toilet ထဲခဏဝင်နေလိုက်လေ အင်္ကျီခြောက်မှထွက်လာလိုက် နော်"
မမနေသည်လူကြီးလူကောင်းတစ်ယောက်ဆန်လွန်းလှသည်။ မဟာ့ကိုတစ်ခုချင်းအသေးစိတ်စိတ်ရှည်ရှည်နဲ့လုပ်ပေးနေသည်မှာ မိခင်တစ်ယောက်နှယ်။
" ဟုတ်ကဲ့ "
မဟာက Toilet ထဲအရင်ဝင်သွားပြီး အင်္ကျီကိုချွတ်လိုက်ကာ အပေါ်ကနေလှမ်းပေးလိုက်သည်။မမနေက မဟာ့အင်္ကျီကိုလက်အခြောက်ခံစက်ပေါ်အခြောက်ခံနေသံကြားရသည်။
ခဏကြာတော့ မဟာ့ကိုအပေါ်ကနေအင်္ကျီလေးလှမ်းပေးသည်။
" မဟာ ကလေး အင်္ကျီရပြီ"
"ဟုတ်မမနေ"
မဟာအင်္ကျီကိုလှမ်းယူကာဝတ်လိုက်ပြီး Toilet ထဲကနေထွက်လာခဲ့သည်။ ထိုစဉ် ရှိုင်း လာနေတာကိုမဟာတွေ့လိုက်သည်။ မဟာမမနေကိုလှမ်းဖက်လိုက်သည်။ ပြီးမှ ပခုံးပေါ်မျက်နှာအပ်ကာငိုပစ်လိုက်သည်။ မမနေကကြောင်ပြီး ပြန်ပြီးဖက်ရမလိုမဖက်ရမလိုဖြစ်နေစဉ်
"နေ...."
ရှိုင်းအသံ။ ရှိုင်းရောက်လာသည်။
"နေ ဘာဖြစ်နေတာလဲ"
" ကလေးကဝမ်းနည်းသွားလို့နေမယ်ရှိုင်းရယ်"
ကောင်းသည်ဆိုးသည်မပြောဘဲမျက်နှာကြီးနီမြန်းလာသည်။ မဟာကကိုယ်ချင်းခွာလိုက်ပြီး မျက်ရည်တွေကိုသုတ်ကာ ဒီအတိုင်းပြန်ထွက်လာခဲ့လိုက်သည်။
လူတွေကကိုယ်ချစ်တဲ့လူရဲ့စိတ်ထဲမှာ ကိုယ့်ကိုအမှတ်ရနေတာမျိုးကိုလိုချင်ကြတယ်တဲ့။
ကိုယ်သိပ်ချစ်တဲ့လူကကိုယ့်ကိုမချစ်တဲ့အခါကိုယ့်ကိုသတိထားမိစေချင်ကြတယ်တဲ့။
အချစ်နဲ့မဖြစ်နိုင်တော့ရင် အမုန်းနဲ့ပဲဖြစ်ဖြစ် အမှတ်ရနေစေချင်တတ်ကြတယ်တဲ့။
ဒါကြောင့်ခွင့်လွှတ်ပါ ချစ်သော........
××××××××××
"တောက် ခွေးကောင် "
ရှိုင်းရဲ့ဆဲသံကြောင့်နေရယ်လိုက်မိသည်။ မင်္ဂလာဆောင်ကပြန်ရောက်ကတည်းကစိတ်တိုနေသည့်ရှိုင်းရယ်ပါ။ ဒါကိုပဲသူ့မှာတစ်ချိန်လုံးတိုလို့မပြီးတော့။ အကြောင်းကတော့ မင်္ဂလာဆောင်ကအပြန်ကားပါကင်မှာ နေ့ကိုကြိုက်ခဲ့ဖူးသော ဝဏ္ဏနဲ့တွေ့ပြီး ဝဏ္ဏက နေ့ကိုအရမ်းလှတာပဲဟု ချီးမွမ်းထောပနာပြုသွား၍ပင်ဖြစ်သည်။
"ရှိုင်းရယ် ကလေးကလားနဲ့ ဟိုကဒီအတိုင်းနှုတ်ဆက်သွားတာကို"
"မဟုတ်ဘူး အဲ့ကောင် တဏှာရှုးပြီးနှုတ်ဆက်သွားတာ တို့သိတယ်"
ရှိုင်းသည်ထိုင်လိုက်ထလိုက်ဖြစ်နေသည်။ နေကထသွားပြီး အနောက်ကနေ ခပ်ချွဲချွဲလေး သိုင်းဖက်လိုက်ပြီး
" တော်ပါတော့ကွာ သူတို့ဘာသာဘယ်လောက်ကြိုက်ကြိုက် နေမကြိုက်ခဲ့တာ ရှိုင်းအသိပဲကို ဘာလို့သဝန်တွေလိုက်တိုနေတာလဲ နေ့အကြောင်း ရှိုင်းအသိဆုံးပဲကို"
ရှိုင်းကသူ့ခါးကိုသိုင်းဖက်ထားသောနေ့ရဲ့လက်တွေကိုဆုပ်ကိုင်လိုက်ပြီး လက်ကလေးတွေကို ဆော့ကစားနေသည်။ ပြီးမှ တစ်ခုခုကိုသတိရဟန်ဖြင့်
" မဟာမတ်ေတာလေ"
"အင်း...."
" အဲ့ကလေးမကအခုတလောတစ်မျိုးပဲသိလား"
ရှိုင်းသည် မဟာနဲ့ပတ်သက်လာလျှင်အရင်ကပေါ့ပေါ့ပါးပါးပဲသဘောထားခဲ့တာနေအသိပင်။ အခုရှိုင်းကသတိထားမိသယောင်ပြောနေသဖြင့် နေ ပင်အံ့ဩသွားသည်။
"ဘာလို့လဲ ရှိုင်းရဲ့ သူကကလေးသာသာပါ"
" မသိဘူးနေ သူနဲ့ပတ်သက်ပြီး တို့စိတ်ထဲမကောင်းတဲ့အရိပ်အယောင်တွေခံစားနေရတယ် ဘာလို့မှန်းတို့မသိဘူး အခုနောက်ပိုင်း သူနဲ့ပတ်သက်ရမှာတို့လန့်လာသလိုပဲ"
" ရှိုင်းနော် သူများသားသမီးကို အဲ့လိုမပြောပါနဲ့ သူ့ကိုစပြီးဖျက်လိုဖျက်စီးလုပ်ခဲ့တာဘယ်သူလဲ"
နေကပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း ရှိုင်းကသက်ပြင်းတစ်ချက်ချကာ နေ့လက်ကိုဖြုတ်ပြီး မျက်နှာချင်းဆိုင်လာသည်။ ရှိုင်းရဲ့မျက်နှာသည်တစ်ခုခုကိုစိုးရိမ်နေသည့်နှယ်။ နေထိုမျက်နှာလေးကိုအငမ်းမရကြည့်လိုက်သည်။ဒီလိုမျက်နှာထားမျိုးမတွေ့ရတာဘယ်လောက်တောင်ကြာခဲ့ပြီလဲ။
နေက ရှိုင်းရဲ့မျက်နှာလေးကိုကိုင်ကာ
" ရှိုင်းရယ် စိတ်ပူတတ်တဲ့ရှိုင်းကိုနေပြန်ရှာတွေ့ပြီပေါ့နော် အရင်ကလိုနူးညံ့တတ်တဲ့ရှိုင်းကိုနေပြန်ရှာတွေ့ပြီပေါ့နော်"
ရှိုင်းကဘာမှမပြောဘဲနေ့မျက်ဝန်းတွေကိုစိုက်ကြည့်နေသည်။
" နေ....တို့မှားသွားတယ်သိလား"
"ဘာကိုလဲ"
"မဟာမေတ္တာကိုတို့ဘာကြောင့်ဆွဲခေါ်ခဲ့မိမှန်းကိုမသိဘူး"
"အခုမှနောင်တရနေတာလား နေအရင်ကတည်းက တားသားပဲ ကလေးကိုဖျက်လိုဖျက်ဆီးနဲ့"
" မဟုတ်ဘူးနေရယ် အရင်ကနေ့ကိုအရမ်းအရွဲ့တိုက်ချင်နေတဲ့စိတ်ကြီးပဲကြီးစိုးနေတော့ မှားတာမှန်တာတွေမစဉ်းစားချင်ဘူးဖြစ်နေတာ ၊ အခုတို့စိတ်ထဲဘာဖြစ်နေမှန်းမသိဘူး မဟာမေတ္တာနဲ့မပတ်သက်ချင်တော့ဘူးဖြစ်နေတယ် ပြီးတော့ စိတ်ထဲမှာလည်းမပျော်ဘူး"
"ရှိုင်းစိတ်ထင်နေတာပါရှိုင်းရယ် ဘာမှမဖြစ်ဘူး အနားယူလိုက်တော့သိလား"
" အင်း"
" နေလည်းပြန်နားလိုက်အုံးမယ် "
နေကရှိုင်းရဲ့နဖူးလေးကိုနမ်းပြီးထွက်လာခဲ့သည်။ အိမ်ကိုပင်တည့်တည့်မတ်မတ်ပြန်လာခဲ့သည်။နေ့စိတ်ထဲမှာရှိုင်းစကားကြောင့်အနည်းငယ်ရှုပ်ထွေးသွားတာတော့အမှန်ပါ။
နေလည်းရေမိုးချိုးပြီးနားရန်အိမ်ထဲဝင်ခဲ့သည်။
အိမ်ထဲဝင်ဝင်ချင်း အန်ကယ်လ်ဒီနှင့်ဆုံသည်။
အန်ကယ်ဒီက နေ့ကိုမြင်တော့
" သမီး ဒီနေ့ပြန်လာတာစောလှချည်လား"
" ဟုတ်တယ်အန်ကယ်လ်ဒီ စောစောနားချင်လို့"
အန်ကယ်လ်ဒီ့ပုံစံက အပြင်ထွက်မည့်ပုံစံဖြစ်နေသည်။
" သမီးနေ ရှိုင်းနားရောအဆင်ပြေရဲ့လား ဆုလေးရော အန်ကယ်လ်အခုတလော ရှိုင်းနားကိုသတိတွေရနေတာဆုလေးကိုလည်းသိပ်တွေ့ချင်တယ်"
" ဟုတ်ကဲ့အဆင်ပြေပါတယ်အန်ကယ်လ် ဘာမှစိတ်မပူပါနဲ့ ဒါနဲ့အန်ကယ်လ်ဒီကဘယ်သွားမလို့လဲ "
" သမီးအမေနဲ့အပြင်သွားကြမလို့ အန်ကယ်လ်တို့ကိုညစာစားမစောင့်နဲ့နော်အပြင်မှာစားခဲ့မှာ"
"ဟုတ်ကဲ့ပါအန်ကယ်လ်ဒီ"
"ဟာ သမီး"
စကားပြောနေစဉ်မေမေထွက်လာသည်။ မေမေ့ပုံစံကလန်းဆန်းတက်ကြွနေသည်။ မေမေထိုသို့လန်းဆန်းတက်ကြွနေတာကိုပဲ နေမြင်ချင်ပါသည် ။
" သမီးမေမေတို့အပြင်သွားအုံးမယ်နော်"
" ဟုတ်ကဲ့မေမေ အေးအေးဆေးဆေးနေခဲ့ကြနော်"
မေမေတို့ထွက်သွားကြတော့နေအိမ်ထဲဝင်လာခဲ့သည်။ မေမေတို့ပျော်နေကြတာပဲ နေမြင်ချင်ပါသည်။
Advertisement
- In Serial165 Chapters
Craving Temptation: Love Of A Vampire
What do you get when you put four Vampires, one Angel, a Hybrid and two Vampire Hunters together? A bunch of misfits that make up the ultimate team to the fight for peace between all realms of both human and other creatures.
8 687 - In Serial54 Chapters
Touch me like you do
"Listen you jerk, I wouldn't have even touched you if I wasn't drunk." I bit out furiously. "Even if you were the last man on earth I wouldn't go near you.""Is that so?" His voice was dangerously low."Besides I thought you were my fiancé. That was the only reason why I kissed you." I lied hoping my face didn't betray me.His eyes darkened and a muscle jumped on his jaw. He started walking towards me and I took a step back. Then another step and another until my back hit the wall. He was so close I could smell the cologne he wore.Fear trickled down my spine as I stared at his furious face. He looked as if he wanted to punch something. Or someone."What..what are you doing?" I stammered pressing my body further into the wall."Calling your bluff."His hand wrapped around my nape and pulled me against him. My eyes widened in shock as our bodies touched. Before I could say or do anything his mouth came crashing down on me.
8 211 - In Serial70 Chapters
STORM 4 | Josh Christopher
Read part 1, 2, and 3 before this one!
8 171 - In Serial14 Chapters
Shifting in Love
After a major natural disaster, the world is now in an apocalypse age. Due to the harsh environments, some humans had to adapt by becoming shifters that benefit the region they live in. Luna is a 25 year old woman, that lives in the Forest Region, who was taught in the field of medicine by her mother. But her life suddenly changes when she is forced to make a choice to marry the region's lone wolf shifter Trent, or leave her home with her recently discovered father. Once she decides her fate, Luna then has to face a new challenge. A major natural disaster is threatening the world again and it's up to Luna to use her knowledge to find away to save those she loves most.
8 268 - In Serial23 Chapters
Undertakers love (demonxshinigami)
Alyssa was a girl from the US and decided to visit her family in london when she found out her mom died and her dad was a drunk. She had no idea she would fall in love and change for the rest of her life.I DO NOT OWN BLACK BUTLER OR THE BLACK BUTLER CHARACTERS
8 186 - In Serial102 Chapters
His Flower
❝Admit it, Flower. You just can't stay away from me, can you?❞•••••Rose Adams lives a life constantly on the move. Every person, every friendship, every place: it's all been temporary.Though, life shocks her when she moves to a small town and actually grows... attached. She suddenly finds herself wanting to stay. Specifically, for the egoistic and charming boy who can't seem to stay away from her.
8 215

