《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 15 ( Uni)

Advertisement

မင်္ဂလာဧည့်ခံပွဲ

မဟာတို့ဝိုင်းကဆူညံပွက်လောရိုက်နေကြသည်။ တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြနှင့် မင်္ဂလာဧည့်ခံပွဲကိုလာရောက်ချီးမြှင့်တာနဲ့မတူဘဲ ပါတီလုပ်နေသည့်အလားဖြစ်နေသည်။ ကိုယ့်တီချယ်ရဲ့မင်္ဂလာဆောင်ဆိုတော့လည်း မဖြစ်မနေကို လာရောက်ပြီးငတ်ကြီးကျကြတာရယ်ပါ။

မဟာ့စိတ်ထဲ ရှိုင်းလာမယ်လို့ထင်မိသည်။ ဒါဆိုမမနေကရော လာမှာလားမသိ။

မဟာ့မျက်ဝန်းတွေကထွက်ပေါက်ဝင်ပေါက်ဖက်သို့ရောက်ရောက်သွားသည်။

‌" ဟေ့ တို့တွေနောက်တစ်ပွဲထပ်မှာကြအုံးစို့"

"အေး လက်ခံတယ်"

သူတို့ဘာသာထောက်ခံကြပြောကြပြီး နောက်ကစားပွဲထိုးလေးထံ ဒင်ဆမ်းနောက်တစ်ပွဲထပ်မှာကြသေးသည်။ မင်္ဂလာဆောင်ကိုလာတာ ဘူဖေးလာစားကြတယ်မှတ်နေလားမသိ။

"ဟဲ့ ဟိုးမှာကြည့်ကြစမ်းလှလိုက်တာ ပန်းနုရောင်ဝတ်ထားတဲ့အစ်မကပိုလှတယ် ဝင်ပေါက်မှာ တွဲလာနေတဲ့ဥစ္စာ "

အဖွဲ့ထဲကတစ်ယောက်ကထ‌အော်သဖြင့်မဟာအသံလာရာဖက်သို့လှည့်ကြည့်လိုက်သည်။ မဟာထင်ထားတဲ့တိုင်းပါပဲ။ ဒါပေမဲ့ ထူးခြားတာက မမနေကရှိုင်းရဲ့လက်ကိုချိတ်ပြီးဝင်လာတာများပျော်လို့ရွှင်လို့။

"ဟယ် မရှိုင်းပဲ"

မြတ်နဲ့ပြည့်ပြည့်ကထအော်ပြီး မဟာ့လက်မောင်းကိုလှမ်းရိုက်သည်။

"ဟဲ့ သွားနှုတ်ဆက်ရအောင် မဟာ"

မဟာစိတ်ထဲဘာလို့မှန်းမသိ။ ဝမ်းနည်းသလို အားငယ်သလို သိမ်ငယ်သလို။ပြီးတော့ ရင်ဘတ်ထဲမှာတစ်ခုခုကိုဆုံးရှုံးလိုက်ရသလိုပါပဲ။

"မဟာ လာပါထ သွားနှုတ်ဆက်ရအောင်"

မဟာ့လက်မောင်းကိုရိုက်ကာအတင်းပြောနေကြပေမဲ့ မဟာမသွားချင်။ သို့သော် သွားလဲသွားချင်ပါသည်။

"ထပါမဟာရဲ့"

မဟာစိတ်သိပ်မပါပုံနှင့်ထလာခဲ့သည်။ မဟာတို့ဝိုင်းနဲ့ ၅ ဝိုင်းကျော်မှာထိုင်နေကြသော မမနေနဲ့ရှိုင်း။ ရှိုင်းက အနက်ရောင်စတိုင်ပင်ဘောင်းဘီအရှည်နဲ့ အဖြူရောင်စတစ်ကော်လံအင်္ကျီကိုဝတ်ထားသည်။ ဆံပင်တွေကိုခပ်မြှောက်မြှောက်စုချည်ထားသည်။ ရှိုင်းသည်အင်မတန်ကြွေစရာကောင်းပါသည်။ မမနေကတော့ ပန်းနုရောင် ဇာအနားသတ်လေးတွေပါသော ဂါဝန်လေးကိုဝတ်ထားသဖြင့်ထိုင်းမင်းသမီးလေးနှယ်လှပလွန်းလှသည်။ မဟာရင်‌တွေတုန်လာသည်။

"မ"

မြတ်က ခေါ်လိုက်သဖြင့်ရှိုင်းကလှည့်ကြည့်လာသည်။ မဟာတို့ကိုမြင်မြင်ချင်း ရှိုင်းမျက်နှာက ပြုံးသွားသည်။

" ဟယ် ကလေးတို့ မင်္ဂလာဆောင်လာကြတာလား"

" ဟုတ်တယ်မ "

ရှိုင်းက မြတ်တို့နှစ်ယောက်ကိုဦးစွာနှုတ်ဆက်ပြီးမှ မဟာ့ကိုမြင်သည်။ သို့သော်ရှိုင်းပုံစံကသာမန်ပါပဲ။ ဘာမှမဖြစ်ခဲ့သည့်နှယ်။မဟာ့ကိုလဲသာမန်ပဲပြုံးပြပါသည်။ မမနေကမဟာ့ကိုမြင်တော့...

" အယ် မဟာတို့ပဲ"

" နေ သူတို့က သူဇာရဲ့တပည့်တွေ"

"ဪ ဟုတ်လား ကလေးတွေကချစ်စရာကောင်းလိုက်တာ"

" ဟာ မမကပိုချောတာပါ"

အားလုံးစကားလက်ဆုံကျနေကြပေမဲ့မဟာပြောချင်စိတ်မရှိ။ နေရဲ့မျက်နှာသည်ခါတိုင်းထက်ပိုမိုပြုံးနေသယောင်။ ရှိုင်းနဲ့အတူရှိနေရရင်ကိုမမနေကပျော်နေတာပဲလားဟင်။ ထိုစဉ်

"ရှိုင်း......"

"......."

"ဟာ...."

အာမေဍိတ်အသံတွေဆူညံသွားသည်။ အားလုံးကလည်းကြောင်လျက်သားဖြစ်သွားကြသည်။ ကြောင်ဆိုမဟာရဲ့လုပ်ရပ်ကလည်းအားလုံးကိုကြောင်အသွားစေသည်။ စားပွဲထိုးလေးက လိမ္မော််ရည်ခွက်ကိုလင်ပန်းပေါ်တင်ကာမြှောက်လျက်သားနဲ့ ဘေးချင်းကပ်လျက်ဝိုင်းကို မုန့်ချနေစဉ် လင်ဗန်းကအနည်းငယ်စောင်းသွားသည်။ ဒါကိုမြင်လိုက်သောမဟာက လိမ္မော်ရည်တွေ ရှိုင်းကိုယ်ပေါ် လောင်းချတော့မည်စိုးသဖြင့်ဇတ်ကနဲ ပြေးကာ ခွက်ကိုယူလိုက်သည့်အတွက် စားပွဲထိုးလေးကအလှည့်နှင့်မဟာ့ကိုတိုက်မိကာ လိမ္မော်ရည်တွေမဟာ့ကိုယ်ပေါ်လောင်းချကုန်သည်။

"တောင်းပန်ပါတယ်ခင်ဗျ"

မဟာကမျက်စိမျက်နှာပျက်သွားသော်လည်း

"အို.... ရတယ်ကိစ္စမရှိဘူး"

" ဟယ် ကလေးအင်္ကျီမှာပေကုန်ပြီ လာလာ Toilet သွားရအောင်"

မမနေကထိုင်ရာကနေထလာပြီး မဟာ့လက်ကိုဆွဲကာ ခေါ်သွားသဖြင့်မဟာလဲရှက်ရှက်နဲ့လိုက်လာခဲ့ရသည်။ သန့်စင်ခန်းရောက်တော့

" ကလေးရယ်.... ဘာလို့အဲ့လိုကြီးလုပ်ရတာလဲကွယ်"

မဟာ့အင်္ကျီကိုရေတွေနဲ့သန့်စင်ပေးနေရင်း နှုတ်ကတတွတ်တွတ်ပြောနေတဲ့မမနေရယ်ပါ။ မဟာကဘာမှပြန်မပြောမိ။

" မဟာ အင်္ကျီချွတ်လိုက်ပါလား စက်နဲ့တစ်နေရာချင်းစီ တို့အခြောက်ခံပေးမယ် က‌လေးက toilet ထဲခဏဝင်နေလိုက်လေ အင်္ကျီခြောက်မှထွက်လာလိုက် နော်"

မမနေသည်လူကြီးလူကောင်းတစ်ယောက်ဆန်လွန်းလှသည်။ မဟာ့ကိုတစ်ခုချင်းအသေးစိတ်စိတ်ရှည်ရှည်နဲ့လုပ်ပေးနေသည်မှာ မိခင်တစ်ယောက်နှယ်။

" ဟုတ်ကဲ့ "

မဟာက Toilet ထဲအရင်ဝင်သွားပြီး အင်္ကျီကိုချွတ်လိုက်ကာ အပေါ်ကနေလှမ်းပေးလိုက်သည်။မမနေက မဟာ့အင်္ကျီကိုလက်အခြောက်ခံစက်ပေါ်အခြောက်ခံနေသံကြားရသည်။

ခဏကြာတော့ မဟာ့ကိုအပေါ်ကနေအင်္ကျီလေးလှမ်းပေးသည်။

" မဟာ ကလေး အင်္ကျီရပြီ"

"ဟုတ်မမနေ"

မဟာအင်္ကျီကိုလှမ်းယူကာဝတ်လိုက်ပြီး Toilet ထဲကနေထွက်လာခဲ့သည်။ ထိုစဉ် ရှိုင်း လာနေတာကိုမဟာတွေ့လိုက်သည်။ မဟာမမနေကိုလှမ်းဖက်လိုက်သည်။ ပြီးမှ ပခုံးပေါ်မျက်နှာအပ်ကာငိုပစ်လိုက်သည်။ မမနေကကြောင်ပြီး ပြန်ပြီးဖက်ရမလိုမဖက်ရမလိုဖြစ်နေစဉ်

"နေ...."

ရှိုင်းအသံ။ ရှိုင်းရောက်လာသည်။

"နေ ဘာဖြစ်နေတာလဲ"

" ကလေးကဝမ်းနည်းသွားလို့နေမယ်ရှိုင်းရယ်"

ကောင်းသည်ဆိုးသည်မပြောဘဲမျက်နှာကြီးနီမြန်းလာသည်။ မဟာကကိုယ်ချင်းခွာလိုက်ပြီး မျက်ရည်တွေကိုသုတ်ကာ ဒီအတိုင်းပြန်ထွက်လာခဲ့လိုက်သည်။

လူတွေကကိုယ်ချစ်တဲ့လူ‌ရဲ့စိတ်ထဲမှာ ကိုယ့်ကိုအမှတ်ရနေတာမျိုးကိုလိုချင်ကြတယ်တဲ့။

ကိုယ်သိပ်ချစ်တဲ့လူကကိုယ့်ကိုမချစ်တဲ့အခါကိုယ့်ကိုသတိထားမိစေချင်ကြတယ်တဲ့။

အချစ်နဲ့မဖြစ်နိုင်တော့ရင် အမုန်းနဲ့ပဲဖြစ်ဖြစ် အမှတ်ရနေစေချင်တတ်ကြတယ်တဲ့။

ဒါကြောင့်ခွင့်လွှတ်ပါ ချစ်သော........

××××××××××

"တောက် ခွေးကောင် "

ရှိုင်းရဲ့ဆဲသံကြောင့်နေရယ်လိုက်မိသည်။ မင်္ဂလာဆောင်ကပြန်ရောက်ကတည်းကစိတ်တိုနေသည့်ရှိုင်းရယ်ပါ။ ဒါကိုပဲသူ့မှာတစ်ချိန်လုံးတိုလို့မပြီးတော့။ အကြောင်းကတော့ မင်္ဂလာဆောင်ကအပြန်ကားပါကင်မှာ နေ့ကိုကြိုက်ခဲ့ဖူးသော ဝဏ္ဏနဲ့တွေ့ပြီး ဝဏ္ဏက နေ့ကိုအရမ်းလှတာပဲဟု ချီးမွမ်းထောပနာပြုသွား၍ပင်ဖြစ်သည်။

"ရှိုင်းရယ် ကလေးကလားနဲ့ ဟိုကဒီအတိုင်းနှုတ်ဆက်သွားတာကို"

"မဟုတ်ဘူး အဲ့ကောင် တဏှာရှုးပြီးနှုတ်ဆက်သွားတာ တို့သိတယ်"

ရှိုင်းသည်ထိုင်လိုက်ထလိုက်ဖြစ်နေသည်။ နေကထသွားပြီး အနောက်ကနေ ခပ်ချွဲချွဲလေး သိုင်းဖက်လိုက်ပြီး

" တော်ပါတော့ကွာ သူတို့ဘာသာဘယ်လောက်ကြိုက်ကြိုက် နေမကြိုက်ခဲ့တာ ရှိုင်းအသိပဲကို ဘာလို့သဝန်တွေလိုက်တိုနေတာလဲ နေ့အကြောင်း ရှိုင်းအသိဆုံးပဲကို"

ရှိုင်းကသူ့ခါးကိုသိုင်းဖက်ထားသောနေ့ရဲ့လက်တွေကိုဆုပ်ကိုင်လိုက်ပြီး လက်ကလေးတွေကို ဆော့ကစားနေသည်။ ပြီးမှ တစ်ခုခုကိုသတိရဟန်ဖြင့်

" မဟာမတ်ေတာလေ"

"အင်း...."

" အဲ့ကလေးမကအခုတလောတစ်မျိုးပဲသိလား"

ရှိုင်းသည် မဟာနဲ့ပတ်သက်လာလျှင်အရင်ကပေါ့ပေါ့ပါးပါးပဲသဘောထားခဲ့တာနေအသိပင်။ အခုရှိုင်းကသတိထားမိသ‌ယောင်‌ပြောနေသဖြင့် နေ ပင်အံ့ဩသွားသည်။

"ဘာလို့လဲ ရှိုင်းရဲ့ သူကကလေးသာသာပါ"

" မသိဘူးနေ သူနဲ့ပတ်သက်ပြီး တို့စိတ်ထဲမကောင်းတဲ့အရိပ်အယောင်တွေခံစားနေရတယ် ဘာလို့မှန်းတို့မသိဘူး အခုနောက်ပိုင်း သူနဲ့ပတ်သက်ရမှာတို့လန့်လာသလိုပဲ"

" ရှိုင်းနော် သူများသားသမီးကို အဲ့လိုမပြောပါနဲ့ သူ့ကိုစပြီးဖျက်လိုဖျက်စီးလုပ်ခဲ့တာဘယ်သူလဲ"

နေကပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း ရှိုင်းကသက်ပြင်းတစ်ချက်ချကာ နေ့လက်ကိုဖြုတ်ပြီး မျက်နှာချင်းဆိုင်လာသည်။ ရှိုင်းရဲ့မျက်နှာသည်တစ်ခုခုကိုစိုးရိမ်နေသည့်နှယ်။ နေထိုမျက်နှာလေးကိုအငမ်းမရကြည့်လိုက်သည်။ဒီလိုမျက်နှာထားမျိုးမတွေ့ရတာဘယ်လောက်တောင်ကြာခဲ့ပြီလဲ။

နေက ရှိုင်းရဲ့မျက်နှာလေးကိုကိုင်ကာ

" ရှိုင်းရယ် စိတ်ပူတတ်တဲ့ရှိုင်းကိုနေပြန်ရှာတွေ့ပြီပေါ့နော် အရင်ကလိုနူးညံ့‌တတ်တဲ့ရှိုင်းကိုနေပြန်ရှာတွေ့ပြီပေါ့နော်"

ရှိုင်းကဘာမှမပြောဘဲနေ့မျက်ဝန်းတွေကိုစိုက်ကြည့်နေသည်။

" နေ....တို့မှားသွားတယ်သိလား"

"ဘာကိုလဲ"

"မဟာမေတ္တာကိုတို့ဘာကြောင့်ဆွဲခေါ်ခဲ့မိမှန်းကိုမသိဘူး"

"အခုမှနောင်တရနေတာလား နေအရင်ကတည်းက တားသားပဲ ကလေးကိုဖျက်လိုဖျက်ဆီးနဲ့"

" မဟုတ်ဘူးနေရယ် အရင်ကနေ့ကိုအရမ်းအရွဲ့တိုက်ချင်နေတဲ့စိတ်ကြီးပဲကြီးစိုးနေတော့ မှားတာမှန်တာတွေမစဉ်းစားချင်ဘူးဖြစ်နေတာ ၊ အခုတို့စိတ်ထဲဘာဖြစ်နေမှန်းမသိဘူး မဟာမေတ္တာနဲ့မပတ်သက်ချင်တော့ဘူးဖြစ်နေတယ် ပြီးတော့ စိတ်ထဲမှာလည်းမပျော်ဘူး"

"ရှိုင်းစိတ်ထင်နေတာပါရှိုင်းရယ် ဘာမှမဖြစ်ဘူး အနားယူလိုက်တော့သိလား"

" အင်း"

" နေလည်းပြန်နားလိုက်အုံးမယ် "

နေကရှိုင်းရဲ့နဖူးလေးကိုနမ်းပြီးထွက်လာခဲ့သည်။ အိမ်ကိုပင်တည့်တည့်မတ်မတ်ပြန်လာခဲ့သည်။နေ့စိတ်ထဲမှာရှိုင်းစကားကြောင့်အနည်းငယ်ရှုပ်ထွေးသွားတာတော့အမှန်ပါ။

နေလည်းရေမိုးချိုးပြီးနားရန်အိမ်ထဲဝင်ခဲ့သည်။

အိမ်ထဲဝင်ဝင်ချင်း အန်ကယ်လ်ဒီနှင့်ဆုံသည်။

အန်ကယ်ဒီက နေ့ကိုမြင်တော့

" သမီး ဒီနေ့ပြန်လာတာစောလှချည်လား"

" ဟုတ်တယ်အန်ကယ်လ်ဒီ စောစောနားချင်လို့"

အန်ကယ်လ်ဒီ့ပုံစံက အပြင်ထွက်မည့်ပုံစံဖြစ်နေသည်။

" သမီးနေ ရှိုင်းနားရောအဆင်ပြေရဲ့လား ဆုလေးရော အန်ကယ်လ်အခုတလော ရှိုင်းနားကိုသတိတွေရနေတာဆုလေးကိုလည်းသိပ်တွေ့ချင်တယ်"

" ဟုတ်ကဲ့အဆင်ပြေပါတယ်အန်ကယ်လ် ဘာမှစိတ်မပူပါနဲ့ ဒါနဲ့အန်ကယ်လ်ဒီကဘယ်သွားမလို့လဲ "

" သမီးအမေနဲ့အပြင်သွားကြမလို့ အန်ကယ်လ်တို့ကိုညစာစားမစောင့်နဲ့နော်အပြင်မှာစားခဲ့မှာ"

"ဟုတ်ကဲ့ပါအန်ကယ်လ်ဒီ"

"ဟာ သမီး"

စကားပြောနေစဉ်မေမေထွက်လာသည်။ မေမေ့ပုံစံကလန်းဆန်းတက်ကြွနေသည်။ မေမေထိုသို့လန်းဆန်းတက်ကြွနေတာကိုပဲ နေမြင်ချင်ပါသည် ။

" သမီးမေမေတို့အပြင်သွားအုံးမယ်နော်"

" ဟုတ်ကဲ့မေမေ အေးအေးဆေးဆေးနေခဲ့ကြနော်"

မေမေတို့ထွက်သွားကြတော့နေအိမ်ထဲဝင်လာခဲ့သည်။ မေမေတို့ပျော်နေကြတာပဲ ‌နေမြင်ချင်ပါသည်။

    people are reading<သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click