《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 14 (uni)
Advertisement
ရှိုင်းတစ်ယောက်ဂနာမငြိမ်ဖြစ်နေတာကြည့်ပြီး မဟာမျက်စိနောက်နေသည်။ ရှိုင်းသည်ဖုန်းကိုထုတ်လိုက် ပိတ်လိုက်၊ တစ်ချက်တစ်ချက် တောက်ခေါက်လိုက်နဲ့ ဘေးကကြည့်နေရတာ အတော်ကြည့်ရဆိုးနေသည်။
တကယ်ဆို မဟာ့ကိုဖုန်းဆက်ပြီး သူ့ဆိုင်ကိုအရေးကြီးလို့ခဏလာပေးပါဆိုလို့မဟာရောက်လာရတာလေ။ အခုတော့မဟာ့ကိုအဖက်လည်းမလုပ်သူ့ဘာသာထိုင်လိုက်ထလိုက်ဖြစ်နေသည်။မဟာမနေနိုင်တော့ဘဲ
" ရှိုင်း မဟာရောက်နေတာ မိနစ်၂၀ လောက်ရှိပြီ မဟာ့ကိုအခုထိဘာတစ်ခွန်းမှမဟသေးဘူးနော်"
မဟာကစိတ်ပေါက်ပေါက်နဲ့ပြောချလိုက်တော့ ရှိုင်း မျက်ခုံးတစ်ဖက်ပင့်တက်သွားပြီး မဟာ့ကိုလှည့်ကြည့်လာသည်။
"ဟာ မဟာက ဘယ်လိုရောက်လာတာလဲ"
Shit။ သေလိုက်ပါတော့ မဟာမေတ္တာရယ်။ သူ့ဘာသာခေါ်ပြီးဘယ်လိုရောက်နေတာလဲဆိုတော့ မဟာတော်တော်စိတ်ပေါက်လာသည်။
"ရှိုင်း လူကိုစော်ကားတာတွေတော်တော်များနေပြီနော် ဒီတစ်ခါနောက်ဆုံးဖြစ်မှာပါဆိုတဲ့အတွေးတွေနဲ့ ရှိုင်းကိုသည်းခံခဲ့တာများနေပြီ အခုလည်းမဟာ့ကိုသိက္ခာချနေသလိုပဲ"
ရှိုင်းသည်မဟာပြောတာကိုလဲနားမဝင်သည့်နှယ် သူ့ဘာသာသူ့ဖုန်းကိုသာအာရုံရောက်နေသည်။
တောက်။
ဘယ်လောက်တောင်မုန်းစရာကောင်းလဲမိန်းမလဲ။
"ရှိုင်း မဟာပြန်တော့မယ်"
ရှိုင်းကမကြားသလိုပင်။ မဟာဒေါသသံနှင့် အော်ဟစ်လိုက်သည်။
"ဒီရှိုင်းနား"
"မဟာမေတ္တာ Please တို့ကိုအာရုံမနောက်ပါနဲ့လား ကျေးဇူးပြုပြီးတောင်းဆိုတာပါ"
ဘာရယ်။ အာရုံနောက်တယ်တဲ့လား။ မဟာနှုတ်ခမ်းကို ကိုက်ကာမဲ့လိုက်သည်။ မဟာကိုကျောပေးလျက်ရပ်နေသော ရှိုင်းရဲ့လက်မောင်းကို ဒေါသတကြီးဆွဲလှည့်ကာမျက်နှာချင်းဆိုင်အောင်လုပ်လိုက်သည်။ ရှိုင်းရဲ့လက်တစ်ဖက်သည် ဒေါသတကြီးနဲ့ အပေါ်မြှောက်တက်သွားသည်။
"ဟာ..... မင်း"
"ရှိုင်းဘာလုပ်တာလဲ"
ရုတ်တရက်တံခါးပွင့်သွားပြီး မမနေကိုမြင်လိုက်ရသည်။ မမနေက ပြေးလာပြီး ကြောက်ရွံ့နေသော မဟာ့ကိုယ်လေးက်ုဖက်ထားပေးသည်။ မဟာ့ခေါင်းလေးက မမနေရဲ့ရင်ခွင်ထဲရောက်နေသည်။
ရှိုင်းသည် သူ့လက်ကိုပြန်ချလိုက်ပြီး သတိဝင်လာသည့်နှယ်။
"ဆောရီးမဟာ တို့တောင်းပန်တယ်"
"နေ...... တို့နဲ့စရင်းရှင်းစရာရှိတယ် သူ့ကိုလွှတ်လိုက်တော့"
" ရှိုင်းနောက်မှပြောလို့မရဘူးလား အခုကလေးကို အိမ်ပြန်ပို့ပေးအုံး"
"နေ....... တို့ဘယ်လောက်စိတ်တိုနေသလဲနေသိတယ်နော် သူ့ကိုဖက်ထားတာ နေလွှတ်လိုက်"
နေကပြဿနာမဖြစ်ချင်၍လွှတ်လိုက်သည်။
"ဟုတ်ပြီ.…... ဒါပေမဲ့ သူ့ကိုပြန်ပို့လိုက်အုံး"
"သူ့ဘာသာလာတာတို့ခေါ်တာမှမဟုတ်"
"ဘာရယ်... ဒေါ်ဒီရှိုင်းနား ရှင်....."
မဟာကဆွေ့ဆွေ့ခုန်သွားသည်။နေက နားမလည်နိုင်စွာကြည့်နေသည်။ သို့သော် ကောင်းသည်ဆိုးသည်မပြောဘဲ
" ကလေး ဒီကိုဘာနဲ့လာခဲ့တာလဲ"
" ကားငှားလာခဲ့တာမမနေ"
မမနေကရှိုင်းဖက်လှည့်ပြီး
"ရှိုင်း ...... ကားစီစဉ်ပေးလိုက်လေ သူပြန်ဖို့"
ရှိုင်းရဲ့မှုန်သုန်နေသောမျက်နှာထားက စားတော့မည့်ဝါးတော့မည့်နှယ်။ ဖုန်းထုတ်ပြီးကားပြင်ထားရန် မှာကြားပြီးမှ
"အောက်မှာအဆင်သင့်လုပ်ထားပြီ"
ထိုစကားကြားကြားချင်းမဟာကသူ့ပိုက်ဆံအိတ်ကိုကိုင်ကာချက်ချင်းလှည့်ထွက်သွားသည်။ နေ.....တားလိုက်ချိန်တောင်မရလိုက်။
ရှိုင်းကခါးထောက်ပြီး မျက်နှာကရှုံ့မဲ့နေသည်။ ပြီးမှနေ့ဖက်လှည့်ကာ
" နေ....... မင်းဖုန်းထုတ်လိုက်စမ်း ပြီးတော့ ကြည့်လိုက်စမ်း"
နေသက်ပြင်းချလိုက်သည်။ နေတွေ့ပါသည်။ ဖုန်းခေါ်ထားတာ အခါ၅၀ ကျော်နေပြီဆိုတာ မကိုင်ချင်လို့ပစ်ထားလိုက်ခြင်းရယ်ပါ။ မနက်က ရှိုင်းဆီလာခါနီးမေမေက ရုတ်တရက်ခေါင်းမူးသည်ဟုဆို
သဖြင့် ဆေးခန်းလိုက်ပို့ပေးနေရ၍ ရှိုင်းဆီချိန်းထားသည့်အချိန်မှာရောက်မလာနိုင်။
ဖုန်းတွေတဂွမ်ဂွမ်ဆက်နေတာများဖုန်းကိုပင်အသံပိတ်ထားရသည်။သူဆက်တာကိုင်နေရင်ရစ်နေတာနဲ့ကိုနေစိတ်ညစ်နေရမယ်မဟုတ်လား။ရှိုင်းရစ်နေတာနဲ့ကိုနေစိတ်ညစ်နေရမယ်မဟုတ်လား။ ထို့ကြောင့် မကိုင်ဘဲပစ်ထားလိုက်ခြင်းရယ်ပါ။
" တွေ့တယ် တမင်မကိုင်တာ"
"နေရပ်ဝန်း"
ရှိုင်းရဲ့အော်သံက ကျယ်လောင်နေသော်လည်းနေက မသိချင်ဟန်ဆောင်နေလိုက်သည်။ရှိုင်းဟာတစ်နေ့ထက်တစ်နေ့ နေနဲ့ပတ်သက်ရင်အနိုင်လိုချင်စိတ်တွေသိပ်များနေပြီမဟုတ်လား။
ရှိုင်းက နေ့ရဲ့ပခုံးနှစ်ဖက်ကိုခပ်ကြမ်းကြမ်းလာဆွဲကိုင်ပြီး
"ပြောစမ်း...... မင်းဘယ်ကောင်နဲ့သွားတွေ့နေတာလဲ ငါမင်းကိုသတ်မှာလို့ပြောထားပြီးသားနော်"
ရှိုင်းသည်ရုပ်လေးနဲ့မှမလိုက်၊ ထွက်သမျှစကားတိုင်းက ယောက်ျားလေးတစ်ယောက်နှယ် ရင့်သီးလွန်းနေသည်။ နေစကားမများချင်၍ ဘာမှမပြောဘဲ တိတ်ဆိတ်နေလိုက်သည်။
" နေရပ်ဝန်း မင်းအဲ့ကောင်တွေကိုဘယ်သူ့ခွင့်ပြုချက်နဲ့သွားတွေ့တာလဲ"
"ရှိုင်း......ထစ်ကနဲရှိ သူတို့ကိုအပြစ်မြင်နေရအောင် သူတို့ကရောအချိန်ပြည့် နေ့ဆီလာနေတာမို့လား ရှိုင်းဟာလေ.....ကျစ်"
"အဲ့တာဆိုဘာလို့တို့ဖုန်းကိုမကိုင်တာလဲဖြေလေ"
"ကြိုက်တာထင်တော့ရှိုင်းရာ နေမဖြေချင်တော့ဘူး အခုအရမ်းလဲပင်ပန်းနေတယ် နေအိပ်ချင်တယ်"
"မအိပ်ရဘူး ငါမေးတာမဖြေမချင်းမအိပ်ရဘူး"
ထိုစဉ်နေ့ဖုန်းကမြည်လာသည်။ နေကကိုင်မလို့ရှိသေး ရှိုင်းကဆတ်ကနဲဆွဲကိုင်ပြီး ဖြေသည်။
တဖက်ကဘယ်သူဆိုတာနေမသိပေမဲ့
"ဒီမှာကျော်စွာ ငါနေရပ်ဝန်းမဟုတ်ဘူး .....ဒီရှိုင်းနား။ နေရပ်ဝန်းဆီဖုန်းမဆက်နဲ့တို့မကြိုက်ဘူး ။ အဆက်အသွယ်လဲမလုပ်နဲ့"
"ရှိုင်း...."
နေ........ရှိုင်းကိုတားချိန်မရလိုက်။ရှိုင်းကပြောချင်ရာပြောပြီးဖုန်းကိုချပစ်သည်။
နေ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒေါသတကြီး ဖြစ်နေသော ရှိုင်းရဲ့ပါးပြင်နုနုလေးကို လက်ဝါးလေးနဲ့ထိလိုက်သည်။ ရှိုင်းရဲ့လက်တစ်ဖက်က သူ့ပါးကိုကိုင်ထားသော နေ့လက်ကိုလာဆုပ်ကိုင် သည်။
နေ ကိုယ့်စိတ်ကိုကိုယ်လျှော့ချလိုက်သည်။ ရှိုင်းဟာ နေမလျှော့ချလျှင် အမြဲပြဿနာရှာနေမှာမဟုတ်လား။ ပြီးတော့ ရှိုင်းကြောင့်ဘယ်သူ့ကိုမှမထိခိုက်စေချင်သလို ရှိုင်းအမှားတွေဟာလည်း အမြဲနေ့ကိုဦးတည်ပြီး ဖြစ်နေအုံးမှာပဲမဟုတ်လား။
ရှိုင်းကိုလဲဘယ်လိုအမှားတွေမှထပ်မကျူးလွန်စေ
ချင်တော့ပါ။
"ရှိုင်း ...... နေ့ရဲ့အဆိုးလေး"
နေကခြေဖျားထောက်ပြီးရှိုင်းနှုတ်ခမ်းကိုနမ်းလိုက်သည်။ ရှိုင်းရဲ့ဒေါသတို့ကချက်ချင်းပြေလျော့သွားသည့်နှယ်။နေ့ကိုချက်ချင်းပြန်နမ်းပြီး ခဏကြာတော့ ရပ်လိုက်သည်။
ထို့နောက်ရှိုင်းကနေ့ကိုယ်လုံးလေးကိုစွေ့ကနဲချီလိုက်ပြီးရုံးခန်းထဲက ဆိုဖာပေါ်ချလိုက်သည်။
နေ့မျက်ဝန်းတွေကိုမှိတ်ထားလိုက်သည်။ နေ့အင်္ကျီကြယ်သီးတွေကို ဖြုတ်ချနေသောရှိုင်းရဲ့ လက်တွေကိုနေမငြင်းဆန်မိ။ ။ ရှိုင်းရဲ့အနမ်းတွေက နေ့ကိုယ်ပေါ်တစ်နေရာပြီးတစ်နေရာရွေ့လျားနေသည်။
ဒီအနမ်းတွေမှာ အမုန်းတရားတွေပါနေလား ဆိုတာတော့ ......။
************
မဟာ့စိတ်ထဲမှာနေလို့မရ။ တစ်နေ့လုံးလည်း မဟာစိတ်တွေလေးလံထိုင်းမှိုင်းနေသည်။ အခု ည ၁၂ နာရီထိုးနေတာတောင် မဟာအိပ်ချင်စိတ်နည်းနည်းလေးမှမဖြစ်။ နေ့လယ်ကအဖြစ်အပျက်အတွက် ရှိုင်းကိုစိတ်တိုပေမဲ့ မဟာကျေနပ်တာတစ်ခုက မမနေက မဟာ့ကိုကာကွယ်ပေးတာကို ကျေနပ်ပါသည်။
မဟာသူတို့ဆီကပြန်ခဲ့ရပေမဲ့ စိတ်တွေက ရှိုင်းဟာ မမနေကိုမဟာ့ကြောင့်နှိပ်စက်နေမလားလို့တွေးမိတိုင်းစိတ်မကောင်း။ မမနေကလည်း ရှိုင်းကိုဘာ ကြောင့်ဒီလောက်သည်းခံနေရသလဲမဟာနားမလည်နိုင်တော့။ ဖြစ်နိုင်လျှင် မမနေကိုရှိုင်းလက်ထဲကနေ ကယ်ထုတ်လိုက်ချင်သည်။ ရှိုင်းနှိပ်စက်နေတာတွေကိုမမနေကိုမခံစားစေချင်တော့။
ဒါပေမဲ့ မမနေနဲ့ရှိုင်းရဲ့ဆက်ဆံရေးကဘာလဲဆိုတာ မဟာမှမသိသေးတာပဲ။
မဟာအတွေးတွေနဲ့ အိပ်မပျော်နိုင်ဘဲဖြစ်နေသည်။ ထိုစဉ်ကားစက်သံကြားလိုက်သဖြင့် မဟာ့အတွေးတွေရပ်သွားသည်။ ၁၂ နာရီထိုးနေပြီမို့ မေမေလည်းအိပ်နေပြီထင်သည်။ ထို့ကြောင့် မဟာထပြီး ဒယ်ဒီ့ကိုတံခါးဖွင့်ပေးဖို့ဆင်းလာခဲ့သည်။
သော့ယူပြီးတံခါးဖွင့်ပေးတော့ ဒယ်ဒီ့ကားမဟုတ်တဲ့ကားပေါ်ကနေဒယ်ဒီဆင်းလာသည်။ ဒယ်ဒီနဲ့အတူ ကားပေါ်မှလူတစ်ယောက်လည်းဆင်းလာပြီး
"သမီးရေ သမီးဒယ်ဒီက နည်းနည်းသောက်လာလို့ဦးစိတ်မချလို့လိုက်ပို့ခဲ့တာ "
မဟာ့ကိုပြောနေသောထိုလူကြီးကိုမဟာမြင်ဖူးသလိုလိုရှိပေမဲ့ရုတ်တရက်စဉ်းစားမရဖြစ်နေသည်။ ဒယ်ဒီကရယ်ပြီး
"ဒယ်ဒီသောက်တာကနည်းနည်းပါသမီးရယ် ကိုဒီက စိတ်မချလို့ဆိုပြီး အတင်းလိုက်ပို့မယ်ဆိုလို့"
"ဪ ဟုတ်ကဲ့ပါ ဦးကျေးဇူးတင်ပါတယ်နော်"
ဦးလို့သာခေါ်ရပေမဲ့ အင်မတန်နုပျိုလွန်းသောလူရယ်ပါ။ မဟာထိုလူကြီးကိုမြင်ဖူးသလိုလိုရှိသည်မှာသေချာပါသည်။ သို့သော်ဘယ်သူလဲအစဖော်မရ။
"ကဲ ကိုဒီရေ ကောင်းကောင်းပြန်ဗျာ"
"ဟုတ်ကဲ့ နောက်မှတွေ့မယ်ဗျာ"
ထိုလူကြီးပြန်သွားတော့ မဟာနဲ့ဒယ်ဒီအိမ်ထဲဝင်လာခဲ့သည်။မဟာသူ့ကိုသိသည်မှာသေချာပါသည်။ ရင်းရင်းနှီးနှီးကိုသိပါသည်။
Advertisement
- In Serial42 Chapters
Lily Bouquet - A Girls Love Anthology
Lily Bouquet is a collection of different short stories with a common theme: they're all stories about love between girls. The stories might vary in themes and genre, but they're all focused on the romantic relationship between two or more girls. While some stories might be a continuation of previous ones, this will be mentioned at the start, so any story can be read by itself.
8 121 - In Serial25 Chapters
Love and Let Die (사랑해, 처리해줘)
Is it true that people, fated to be together, are tied with the red thread and will always find their way back to each other? Da In is a simple young woman - she has a stable job, good friends, and a goal she's working towards. Her life changes with the sudden return of a person she never thought she would see again, bringing in new acquaintances, painful memories, and experiences she was happy to live without.
8 120 - In Serial37 Chapters
Fifty Shades Alternative | ✔
Our faces are just inches away, his breath fanning my face. And after that, he says something, says a simple sentence that makes everything in my insides clench and yet makes me feel safe at the same time."You are not alone", he says in a firm yet soothing voice.~*~*~*~Ana took a self pregnancy test and found out she is pregnant. She, being young & naïve confronts Christian indirectly about it and is heart broken when she finds out he doesn't want kids until a distant future.She runs away, thinking there is no way she can convince him otherwise. But after 6 years, she comes back to Seattle.The question is Why? Why did she come back all of a sudden? What will Christian think when he finds out he has a child?*Gets Better As You Read It*•Top Rank In Fanfiction: #734 on 3rd May, 2018 (based on previous ranking system)In Life: #38 on 11th May 2018.In Fifty Shades Trilogy: #1 on 11th May, 2018In Fifty Shades Fanfiction: #1 on 11th October, 2019.Start: 13th October, 2017.Finished: 22nd March, 2019.
8 132 - In Serial25 Chapters
Contract Marriage with Mr. Kim Taehyung
y/n is a poor girl who lives with her auntie and uncle. who doesn't care about her . But they need her cause they gonna use her for their business by getting her married with a bad person Mr. Kim Taehyung the biggest businessman . Taehyung is a cold person and a playboy and doesn't care about Y/n .Will Y/n ever able to change him ? Or she gonna fall in love with the monster ? What if she got pregnant but her husband doesn't know ?
8 87 - In Serial16 Chapters
More than a just a dream! (Tommyinnit x girl)
When Wilbur Soots younger sister Y/N wanders into his stream she finds that she might have feelings for a boy she just met. Does she ruin their friendship or do they actually both like each other?I hope you guys enjoy this story I worked awhile on it cause I kept losing interest but it's worth it!I love you guys and I can't respond to comments but I love reading them!!!
8 141 - In Serial44 Chapters
She's a flirt (training camp x reader)
#1 haikyuu fanfiction october 23, 2022In which y/n works at a boys volleyball training camp every summer. Her only goal, F hot boys and flirt as much as she can. Not being seen at school drives her crazy. So she will be seen atleast here if she can help it. And she wants to show these cute boys all she can. WARNING: every boy and y/n herself. Are aged up atleast 18+. There are no minor characters who will be shown sexually!!NUMBER 1 in HAIKYUU FANFICTION 10/10/22!!!!!
8 101

