《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 12 (Uni)
Advertisement
"ရှိုင်း"
ကွန်ပျူတာတစ်လုံးနှင့်အလုပ်ရှုပ်နေသောရှိုင်းကိုနေစိတ်မရှည်တော့။သူ့အလုပ်ကိုပဲအာရုံစိုက်ပြီးအခုချိန်ထိနေ့ကိုစကားတစ်ခွန်းတစ်ပဒမှမဟ။ရှိုင်းဟာအမြဲအာရုံကိုတခုတည်းထားတတ်သူမဟုတ်လား။သို့သော် နေ ထိုင်နေရသည်မှာတစ်နာရီတောင်ပြည့်တော့မည်ထင်သည်။ နေစကားပြောတိုင်းလဲတုံ့ပြန်မှုမရှိ။ Profitတွေထိုင်တွက်နေတာက နေ့ကိုမရှိဘူးဟုထင်သည့်အတိုင်း။
သူအလုပ်များနေရင်လဲ နေက အပြင်သွားစရာရှိသည်မို့ သွားလိုက်ချင်သည်။ သို့သော် ထိုသို့သွားပြန်မယ်ဆိုလည်းမဟုတ်။
အခုတော့နေ့ကိုလည်းဂရုမစိုက်။ သွားမယ်ဆိုပြန်တော့လည်းမဟုတ်။
" ရှိုင်း နည်းနည်းလွန်နေပြီလို့မထင်ဘူးလား နေထိုင်နေတာတစ်နာရီပြည့်တော့မယ်"
ရှိုင်းထံမှတုံ့ပြန်သံထွက်မလာ။ရှိုင်းရဲ့ဂရုမစိုက်တတ်တဲ့အကျင့်တွေကိုနေဘာကြောင့်သည်းခံနေရသလဲမပြောတတ်တော့။တစ်ခါတစ်လေစိတ်ပေါက်ပေါက်နဲ့ သူနဲ့ဝေးရာကိုသွားလိုက်ချင်ပြီဖြစ်သည်။ သို့သော် နေ့မှာ.....။
"နေအရေးကြီးတဲ့ကိစ္စသွားစရာရှိသေးတယ် ရှိုင်း လဲအခုပြီးသေးတာမှမဟုတ်တာ "
နေစိတ်မရှည်သည့်အတွက် ပိုက်ဆံအိတ်ကိုကိုင်ကာထမည်ပြုလိုက်သည်။
"နေရပ်ဝန်း"
အလုပ်လုပ်နေရာကမျက်လုံးပင့်ကြည့်လာသောရှိုင်းရယ်ပါ။ သို့သော် နေ့ရင်ထဲမှာ မျိုသိပ်ထားရသည့်ဒေါသကြောင့် ရှိုင်း ပြောတာကိုမကြားဟန်ပြုပြီးထရပ်လိုက်သည်။
"နေ ဘာအချိုးချိုးနေတာလဲ"
တံခါးဖွင့်ဖို့ပြင်နေသောနေ့လက်တွေ တုံ့သွားမိသည်။ ရှိုင်းသည်နေရာကဝုန်းကနဲထပြီး နေ့ဆီရောက်လာသည်။နေ့ရင်ထဲမှာဖြစ်နေသောဒေါသတွေကိုဝုန်းဒိုင်းကြဲပစ်ချင်သည်။သို့သော် မျိုသိပ်တတ်သည့်သဘာဝအတိုင်း......။
"ဘာအချိုးချိုးနေလို့လဲ"
"နေ အခုတို့ကိုဂရုမစိုက်ဘူးဆိုတဲ့အချိုးချိုးပြနေတာပဲလေ"
"အဲ့ဒီတော့"
နေကဘာမှမဖြစ်သလိုပင်အေးအေးဆေးဆေးပြန်ပြောလိုက်သည်။ထိုအမူအရာကရှိုင်းကိုဒေါသပိုထွက်စေသည်ထင်ပါရဲ့။
"နေ့ကိုတို့ကသွားခိုင်းသေးလို့လား"
"ရှိုင်း....."
"ဟိုး.... နေရပ်ဝန်း.... ဒီရှိုင်းနားက ကိုယ့်ကိုမထီမဲ့မြင်ပြုတာကိုအမုန်းဆုံးပဲဆိုတာ အခြားလူထက်နေကပိုသိမယ်ထင်တယ်"
နေပြောလိုက်ချင်သည့်စကားတို့ကိုမျိုသိပ်လိုက်သည်။ဒေါသသည်ဆိုးကျိုးကိုသာဖြစ်စေသည်မဟုတ်လား။နေ့ရဲ့ဒေါသအလျောက်ပြုမူမိရင် နေ့အမှားပဲဖြစ်မယ်မဟုတ်လား။
"ရှိုင်းကိုမထီမဲ့မြင်ပြုတာမကြိုက်ရင် နေ့ကိုလဲ မထီမဲ့မြင်မပြုနဲ့ပေါ့ ရှိုင်း ကိုယ်ချင်းစာပေါ့"
နေလေသံအေးအေးနှင့်ပင်ပြောလိုက်သည်။ ရှိုင်း၏မျက်နှာသည် ရုတ်တရက်နီရဲလာသည်။ ရှိုင်း၏လက်တို့ကနေ့ပခုံးကိုတင်းတင်းကြပ်ကြပ်လာကိုင်ပြီးနေ့ကိုစူးစူးရဲရဲကြည့်သည်။
"နေရပ်ဝန်း..... တို့ကိုသေချာကြည့် ကိုယ်ချင်းစာတရားဆိုတာသာ လူတိုင်းအပေါ်ထားခဲ့ရင် ဒါမှမဟုတ် လူတိုင်းကကိုယ်ချင်းစာတရားထားတတ်ခဲ့ရင် ဒီရှိုင်းနားက အခုဆို သိပ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းနေရမှာပဲ အသက်အရွယ်နဲ့မလိုက်အောင်ရင့်ကျက်ပြနေရတာတွေလဲ ရှိတော့မှာမဟုတ်ဘူး .…...ကိုယ်ချင်းစာတရားဟုတ်လား ဒီရှိုင်းနားကိုဘယ်သူမှကိုယ်ချင်းမစာခဲ့ဘူး"
နေမျက်လွှာချထားလိုက်သည်။ကျလုဆဲဆဲမျက်ရည်တွေကို ထိန်းနေရသည်ကမလွယ်။ မျက်ရည်တစက်ကပေါက်ကနဲကျသွားသည်။ရှိုင်းဟာဘယ်သောအခါမှ .....။
"အဲ့တာတွေက ကံစီမံရာအတိုင်းဖြစ်ခဲ့တာပဲလေ တမင်သက်သက်ဖန်တီးခဲ့တာတွေမှမဟုတ်တာ"
"ကံစီမံရာ ဟုတ်လား ကံဆိုတာဘာလဲ လူတွေက သူတို့လုပ်ခဲ့တဲ့အရာတွေကို ကံ ကလုပ်တာလို့ပြောတတ်ကြတာလား၊ တချို့ကံတွေက တမင်သက်သက်လုပ်ယူခဲ့တာနေမှာနော်အာ့ဆို"
"ရှိုင်း"
ပြောပြောဆိုဆို နေ့လက်ဝါးကရှိုင်းပါးပေါ်ရောက်သွားသည်။ နေ မရည်ရွယ်ပါဘဲ နေ့လက်ကရှိုင်းရဲ့ပါးနုနုလေးကိုရိုက်လိုက်မိသည်။ ရှိုင်းသည် တဖက်သို့လည်သွားသောသူ့ပါးသူပြန်စမ်းရင်း နေ့ကိုအငြိုးတကြီးလှည့်ကြည့်သည်။ထို့နောက် လက်တွေကိုပြန်ပြီးလေပေါ်မြှောက်လိုက်သည်။
"ငါ.….."
ရှိုင်းရဲ့လက်တွေနေ့ပါးပေါ်ရောက်လာတော့မည်ဟူသည့်အသိဖြင့်မျက်လုံးမှိတ်ထားလိုက်သော်လည်း နေထင်ထားသလို ရှိုင်းရဲ့ လက်တွေ နေ့ထံရောက်မလာခဲ့ပါ။ ရှိုင်းသည် နံရံကိုဒေါသတကြီးလှမ်းထိုးသည်။
ရှိုင်းသည် သူဝတ်ဆင်ထားသောဝတ်စားဆင်ယင်ပုံနှင့်မလိုက်ဖက်စွာပင်ဒေါသထွက်နေပုံကယောက်ျားတစ်ယောက်ကဲ့သို့ဖြစ်နေသည်။ ကြည်ပြာရောင် အောက်ခံအင်္ကျီပေါ်မှာ နီညိုရောင် အပေါ်ထပ်ကုပ်အင်္ကျီကိုထပ်ဝတ်ထားပြီး ခဲရောင်ဒူးနားအပွင့်များပါသော လုံချည်ကိုဝတ်ဆင်ထားသောသူ့ပုံစံက မသိရင် အလွန်နူးညံ့သောမိန်းမသားတစ်ယောက်ပုံစံပက်ဖြစ်သည်။ အညိုရောင်ဆိုးထားသော ဆံနွယ်ခွေတွေကိုခပ်မြောက်မြောက်စည်းနှောင်ထားသည်က ဒေါသထွက်နေသာသူ့ပုံစံနှင့် လျားလျားမှမလိုက်ဖက်။
"သွားတော့ နေရပ်ဝန်း တို့အခန်းထဲကထွက်သွား"
လေသံဖျော့ဖျော့နှင့်ပြောနေသော ရှိုင်းကိုနေလှမ်းကြည့်တော့ မျက်ဝန်းမှာမျက်ရည်တွေရွှဲနေသည်။ မျက်ဝန်းအိမ်မှ မျက်ရည်စက်တွေက တပေါက်တပေါက်ကျလာနေသဖြင့် နေ့မြင်မှာစိုး၍ထင့်။ တဖက်ကိုလှည့်သွားပြန်သည်။
ရှိုင်းမျက်ရည်ကိုမြင်တော့နေ့ရင်ထဲ ဝမ်းနည်းလာသည်။ နေနှင့်ဆန့်ကျင်ဖက်သို့လှည့်ထားသော ရှိုင်းရဲ့နောက်ကျောကိုသိုင်းဖက်လိုက်သည်။
"ရှိုင်းရယ်.….."
ရှိုင်းကနေ့လက်တွေကိုဖြုတ်ချလိုက်သည်။
"နေ.….. ကျေးဇူးပြု၍ တို့တစ်ယောက်ထဲနေချင်တယ် ထွက်သွားပေးပါ"
ရှိုင်းထံမှဒီလိုစကားကိုပထမဆုံးအကြိမ်ကြားဖူးသည်မို့နေအံ့ဩသွားသည်။သို့သော်ဘာမှထပ်ပြောချင်စိတ်မရှိသဖြင့် ထွက်လာခဲ့သည်။ ရင်ထဲမှာတော့လေးလံနေသည်။
*******************
မဟာ့စိတ်တွေလေးလံထိုင်းမှိုင်းနေသည်။ဒီနေ့အတန်းတက်ချင်စိတ်လည်းမရှိသဖြင့် အပြင်ထွက်လာခဲ့မိသည်။မြတ်တို့ကအတန်းမပျက်ချင်ဟုဆိုသဖြင့်မဟာတစ်ယောက်ထဲထွက်လာခဲ့သည်။မင်းခန့်ကိုလည်းမခေါ်ချင်သဖြင့်ကိုယ့်ဘာသာတစ်ယောက်ထဲအေးဆေးထွက်လာခဲ့သည်။စိတ်ပြေလက်ပျောက် Z Net မှာထိုင်ပြီး ကော်ဖီအေးတခွက်သောက်ကာစာအုပ်ထိုင်ဖတ်နေမိသည်။Z Netက စာအုပ်မျိုးစုံရှိသည်မို့မဟာသဘောကျသည်။
မဟာက ဟိုးမားရေးဖွဲ့ခဲ့တဲ့ အိလိယက် ကဗျာကြီးအကြောင်းစဉ်းစားနေမိသည်။ ဟိုးမားက လောကမှာအရာအားလုံးထက်ကြီးကျယ်သောအရာနှစ်ခုရှိတယ်တဲ့။တစ်ခုအချစ်၊တစ်ခုကစစ်တဲ့။
ဒါဆို အိလိယက်ကဗျာကြီးဖြစ်ပေါ်လာတဲ့အဓိကအကြောင်းဆိုရင် ဘယ်သူ့ကိုအပြစ်တင်ရမလဲစဉ်းစားကြည့်သည်။ လောက၌ အကြောင်းရှိ၍အကျိုးဖြစ်ရသည်။ ဒါ့ကြောင့် ခေါမနတ်ဘုရား ဇူးကိုအပြစ်တင်ရမလား၊ဒါမှမဟုတ် တင်ဒဲရီးအက်စ်ရှိရက်နဲ့ ဇူးနတ်ဘုရားနဲ့ဖောက်ပြားခဲ့တဲ့ လီးဒါကိုပဲ အပြစ်တင်ရမလား။ဒါမှမဟုတ် သူ့ကိုပူဇော်ဖို့မေ့ကျန်ခဲ့လို့ ကျိန်စာတိုက်ခဲ့တဲ့ အက်ဖရာဒိုက်တီးကိုပဲ အပြစ်တင်ရမလား။ ဆိုပါတော့ ဒါတွေကအတိတ်တွေပြင်မရတဲ့အမှားတွေဆိုပါတော့။
ဒါဆို လီးဒါရဲ့သမီးအဖြစ်မွေးဖွားခဲ့သူဟယ်လင်မှာအပြစ်ရှိလား။ ဟယ်လင်က စပါတားဘုရင် မင်နလေးအက်စ်ရဲ့မိဖုရားဖြစ်နေရက်နဲ့ စပါတားနန်းတော်ကို အလည်အဖြစ်လာတဲ့ ထရိုဂျင်မင်းသားပဲရစ်နဲ့ဖောက်ပြားပြန်တယ်။ ဟယ်လင်ကလည်း ဗီဇကမသေးပါလား။ မိခင်ဖြစ်သူကလည်း ဘုရင်ရဲ့မိဖုရားဖြစ်နေပါရက်နဲ့ နတ်ဘုရင်ဇူးနဲ့ဖောက်ပြားတယ်။ သမီးဟယ်လင်က မင်နလေးအက်စ်ရဲ့မိဖုရားဖြစ်နေပါရက်နဲ့ ပဲရစ်နဲ့ဖောက်ပြားတယ်။ သူတို့နှစ်ယောက်ကြောင့် ထရွိုင်းမြို့ကြီးပျက်သုဉ်းရတယ် ၊ အာခီလီးတို့လို ဟက်တာတို့လို သူရဲကောင်းတွေကျဆုံးရတယ်။
ပြဿနာဟာ ဟယ်လင်ကြောင့်လား။ဟယ်လင်ကိုမွေးဖွားခဲ့တဲ့ လီးဒါကြောင့်ပဲလား မဆိုတတ်တော့။
မဟာရောက်တတ်ရာရာတွေးနေမိသည်။ သို့သော် မဟာ့အတွေးတွေ အထွတ်အထိပ်ရောက်နေချိန် လူတွေတဖွဲဖွဲရောက်လာကြသည်။ အသံတွေကလည်း ဆူညံနေသည့်အတွက် မဟာအာရုံတွေပျက်ပြီး စိတ်ညစ်လာသဖြင့် ချောင်ကျတဲ့ နေရာသွားမည်ဆိုပြီးထလာခဲ့သည်။ ဒီဆိုင်မှာ ဝင်လာသူကိုလဲမမြင်ရ အာရုံစူးစိုက်၍လည်းရသော ချောင်ကျသော နေရာရှိသည်။ မဟာထိုနေရာကိုသွားရန်ထလာခဲ့သည်။
ထောင့်နားကနေရာလေးမို့ မဟာမြန်မြန်လျှောက်လာခဲ့သည်။ ထိုင်ခုံဆွဲကာထိုင်မလို့ရှိသေး မမနေကိုတွေ့လိုက်သည်။
ဟင်။
မမနေ။
မမနေက မဟာထိုင်မည့်နေရာရဲ့ဟိုဖက်စားပွဲထောင့်လေးမှာထိုင်နေသည်။စားပွဲပေါ်မှာကော်ဖီ
တစ်ခွက် နှင့် လူကတော့တနေရာရာကိုငေးမောနေသည်။ မဟာကိုယ့်ကိုယ်ကိုယ်သတိမထားမိခင်မှာပင် မမနေအနားရောက်နေမိသည်။
"မမနေ"
"ဪ......ကလေး"
မမနေမျက်နှာသည်ကားသိပ်ပြီးအံ့ဩဟန်လည်းမပြပေ။ မမနေအဖို့မဟာ့လိုကောင်မလေးနဲ့တွေ့တာ ဘာများအံ့ဩစရာလိုပါ့မလဲဟုပြန်တွေးမိသည်။
"ကလေး.....ထိုင်လေ"
"ဟုတ်မမနေ"
မဟာထိုင်ခုံမှာဝင်ထိုင်လိုက်တော့မမနေကသူ့အတွေးတွေကိုပြန်ခေါ်လိုက်ဟန်တူသည်။
"မမနေ ရှိုင်းရောမပါဘူးလား"
မမနေ၏မျက်ခုံးတဖက်ကအပေါ်မြှောက်တက်သွားသည်။ မဟာကပြောစရာစကားမရှိ၍စကားစလိုက်ခြင်းဖြစ်သော်လည်း မမနေကတော့ဘယ်လိုထင်သွားသည်မသိ။
"ကလေးနဲ့.…...ရှိုင်းနဲ့ကဘယ်လိုဆက်ဆံရေးလဲ၊ ကလေးကရောရှိုင်းကိုဘယ်လိုသဘောထားသလဲ"
မမနေ၏မျက်နှာသည်မဟာ့ထံမှတစ်စုံတစ်ခုထွက်ကျလာမည်ကိုစိုးရိမ်နေသည့်ပုံပင်။
မဟာ့စိတ်တွေလေးလံလာသည်။ရင်ထဲမှာ ဝမ်းနည်းစိတ်ကလှိုက်တက်လာသည်။
"ဟို.…..ရှိုင်းနဲ့မဟာကမမနေထင်သလိုမဟုတ်ပါဘူး"
အဖျားခတ်သွားသောစကားသံတို့ကိုမမနေက ရိပ်စားမိသည့်နှယ်မဟာ့ကိုစူးစူးစိုက်စိုက်ကြည့်နေသည်။
မမနေ၏လှပလွန်းသောမျက်နှာလေးကိုအကြောင်းမဲ့ငေးနေမိကာ တခုခုကိုဆုံးရှုံးလိုက်ရသလိုခံစားနေမိသည်။တကယ်တော့ မဟာနဲ့ရှိုင်း ရဲ့အကြောင်းမမနေသိသွားခဲ့ရင်မမနေဘယ်လိုတုံ့ပြန်မလဲဟုတွေးကာ စိတ်ထဲမှာလည်းလေးလံနေသည်။
မဟာ့စိတ်ထဲတခုခုလစ်ဟာသွားသလိုခံစားလိုက်ရသည်။ မမနေသိသွားခဲ့ရင် ဆိုတဲ့အသိကိုမတွေးချင်။
ရှိုင်းနဲ့မမနေကကြားက ဘယ်လိုပတ်သက်မှုလဲဆိုတာလဲသိချင်လှသည်။သို့သော်......။
"ကလေး မှာချစ်သူရှိတယ်ဆို"
"ဟုတ်"
"အင်း ကောင်းပါတယ်"
"တူ တူ တူ"
မမနေဖုန်းကအသံမြည်လာသဖြင့် မမနေကဖုန်းကိုကိုင်လိုက်သည်။ရှိုင်းဆက်တာထင်ပါရဲ့။မမနေမျက်နှာက မဟာ့ကိုတချက်ကြည့်ပြီးဖုန်းကိုဆက်ပြောနေသည်။
"အင်း ဟုတ်တယ် လာပြီဒါပဲနော်အာ့ဆို"
"ကလေး ကိုယ်သွားစရာရှိသေးလို့ကိုယ့်ကိုခွင့်ပြုအုံးနော် အပြင်မှာရှိုင်းရောက်နေတယ်ထွက်တွေ့အုံးမလား"
ရှိုင်းတဲ့လား။ရှိုင်းကမမနေပိုင်တဲ့အမျိုးသမီးမဟုတ်လား။မဟာကဘာလို့။
"တော်ပြီမမနေ ဒါဆို ကောင်းကောင်းပြန်ပါ"
"အင်း ကလေး"
ထွက်ခွာသွားသောကျောပြင်ကိုကြည့်ပြီး စိတ်ကလေဟာနယ်ထဲရောက်နေသလိုပင်။ ရှိုင်းကိုသိပ်ချစ်တဲ့မမနေနဲ့မမနေကိုသိပ်ချစ်တဲ့ရှိုင်း။
ဒါဆိုဒီနှစ်ယောက်ကြားမှာရောက်နေတဲ့ မဟာကဘာလဲ။
ကိုယ့်ဖြစ်တည်မှုကိုတွေးရင်းရှက်ရွံလာမိသည်။ ဒီနှစ်ယောက်နဲ့မပတ်သက်ဘူးဆိုတဲ့အသိ။
ဒါပေမဲ့........။
Advertisement
- In Serial8 Chapters
Predating Oleander
Curiosity, one of the most tempting sins. They say that it killed the cat, but didn't satisfaction bring it back? Kim Sora is quite an unusual individual that wears an affable mask. Lim Yunho is a rather strange person that pretends to be normal. Two persons that are anything but normal clash. What can go wrong?
8 71 - In Serial12 Chapters
I am a Fairy that can’t cast Magic!
This novel is currently undergoing rewriting. new chapters will be released when all previous chapters are revamped to the new storyline.
8 204 - In Serial43 Chapters
Honeymoon Rivals
Two rivals. All around the world. On fake honeymoons.Poppy:All I've ever wanted to do was travel and see the world, every inch, every corner of it that I could. Everything in my life was going according to plan. Every day was summer vacation for me.Until Joshua Everett Nilsen walked into it.My co-worker, my rival, my nightmare. Everything I hate put together into one... I hate to admit it, devilishly handsome man. He's gorgeous and that only made me hate him more. As handsome as sin.But he's bossy, he's arrogant, he thinks he's always right, and now, he's my travel partner. Now, there's no escaping him because everywhere I go, I'll go with him. Josh:Escaping my past and traveling is the one thing that has kept me going so far. And finally making it and seeing the world has paid off. Everything in my life was going according to plan. Every day was summer vacation for me.Until Poppy Valentine obliterated it.My co-worker, my rival, the most annoying person I've ever met. She's everything I despise and more. With her attitude, her constant need to prove me wrong, her brighter-than-the-sun smile, and her annoyingly pretty eyes, I hated her even more.And now I'm her travel partner. It was her mess, her problem, and somehow, she pulled me down with her. Everywhere I go, she's coming with me....Travel Addict Weekly. The biggest travel magazine in the city of New York. Poppy and Josh. Josh and Poppy. The most popular writers. And the biggest rivals.When Poppy's travel partner is fired for breaking employment rules, she needs someone else to travel the world and write articles critiquing every city with her. And who would be better than the man she hates the most? Josh.It's pure attraction and intense chemistry hidden in the name of rivalry and hatred...ALL RIGHTS RESERVED
8 129 - In Serial68 Chapters
the assignment
In which a boy and a girl have a school assignment, and they learn to get along through text messages. all rights reserved 2017shoutout to @supersized-mcshizzle for winning my graphic contest!
8 544 - In Serial105 Chapters
Married to the Prince of Darkness (COMPLETED)
Amelia Hayden is busy senior at college with no time for boys, parties or fun. This all changes one Halloween night after she accidentally finds herself at the center of a cruel prank that sees her being offered up to the local legend, the Prince of Darkness, as his virginal bride. Believing the urban myth to be untrue Mia sets out to disprove it but is surprised when the Prince of Darkness turns up to claim his bride. Mia unexpectedly finds herself married to the handsome and mysterious Prince Luc. As Mia comes to terms with her new husband and martial vampire lifestyle she soon discovers that turning into a vampire has given her an unsettling ability to see the dead. When Mia starts seeing the ghost of her murdered sister-in-law, she begins a journey to uncover the truth about her murder and the dark secrets of Luc's past.#1 VampireBook one of The Vampire Court Saga
8 212 - In Serial40 Chapters
REVENGE PAWN - Taehyung ff
𝖂𝖍𝖊𝖓 𝖞𝖔𝖚 𝖇𝖊𝖌𝖎𝖓 𝖆 𝖏𝖔𝖚𝖗𝖓𝖊𝖞 𝖔𝖋 𝖗𝖊𝖛𝖊𝖓𝖌𝖊, 𝖘𝖙𝖆𝖗𝖙 𝖇𝖞 𝖉𝖎𝖌𝖌𝖎𝖓𝖌 𝖙𝖜𝖔 𝖌𝖗𝖆𝖛𝖊𝖘 : 𝖔𝖓𝖊 𝖋𝖔𝖗 𝖞𝖔𝖚𝖗 𝖊𝖓𝖊𝖒𝖞, 𝖆𝖓𝖉 𝖔𝖓𝖊 𝖋𝖔𝖗 𝖞𝖔𝖚𝖗𝖘𝖊𝖑𝖋. -𝕵𝖔𝖉𝖎 𝕻𝖎𝖈𝖔𝖚𝖑𝖙******"How could you do this to me?", She asked with tears streaming down her cheeks."You deserve to suffer for your brother's deeds", He said harshly with an evil smirk creeping across his face. •••••••••••••"I know I've hurt you bad- I was just blinded by revenge but I love you so much, Y/n. I really do, Please give me one more chance.", He pleaded."I had given you a lot of chances but you always took that as an opportunity to hurt me more, you made me your toy, pawn and whatnot. I loved you once, but I'm not making that mistake ever again." She walked away leaving him speechless.
8 85

