《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 11( Uni)
Advertisement
ချိုမြိန်သောနှုတ်ခမ်းတစ်စုံကိုထိတွေ့ခွင့်ရပြီးတဲ့နောက်နှလုံးသားကထိုချိုမြိန်မှုတို့ကိုသာထပ်မံတောင့်တနေမိသည်။ခံစားမှုတို့ကပြင်းရှရှနိုင်ပေမဲ့ထိုခံစားမှုတို့ကတပ်မက်ဖွယ်ကောင်းလှသည်။ပြန်တွေးမိတိုင်းရင်ခုန်သံတွေကအသစ်တစ်ဖန်ပြန်လည်မွေးဖွားနေလေပြန်သည်။
မျက်လုံးထဲမှာမျက်နှာလှလှလေးကကွက်ကနြဲမင်ယောင်မိပြန်သည်။ထို့အတူမဟာ့ကိုအမြဲလိုလိုမနူးညံ့တတ်သောရှိုင်းရဲ့မျက်နှာလေးကိုလည်းမြင်ယောင်မိပြန်သည်။
ဘယ်အချိန်ကြည့်ကြည့် smart ဖြစ်နေသောရှိုင်းရဲ့ပုံစံကလည်းမျက်လုံးထဲမြင်ယောင်နေမိသည်။အမှန်အတိုင်းဝန်ခံရလျှင်ရှိုင်းကိုရူးသွပ်မိသည်။ထို့အတူမမနေရဲ့အလှအပမှာနစ်မျောမိပြန်သည်။
မဖြစ်ချင်ပါ။ဤအခြေအနေကိုမဟာမုန်းလွန်းလှသည်။မဟာမေတ္တာဟာမိန်းမနှစ်ယောက်ရဲ့လွှမ်းမိုးမှုအောက်မှာရှင်သန်နေရခြင်းဆိုတဲ့ခံစားမှုကြီးကိုလည်းမလိုချင်ပြန်။
အကြိမ်ကြိမ်လွှတ်ချဖို့ကြိုးစားပြန်သော်လည်းသူ့အလိုလိုရောက်ရှိလာသောဒီခံစားမှုတို့ကိုမဟာမည်သို့ဖျောက်ပစ်ရမည်မသိ။
မင်းခန့်ကိုမဟာစိတ်ကူးယဉ်ကြည့်သည်။မင်းခန့်နဲ့တစ်အိုးတစ်အိမ်ထူထောင်ရန်စိတ်ကူးယဉ်ကြည့်သည်။မင်းခန့်ရဲ့လက်ကိုတွဲပြီးသာရေးနာရေးအစစအရာရာအတူတူသွားကြည့်သည်။ကလေးသေးသေးလေးတွေမွေးကြည့်မိသည်။
မဆိုးပါဘူး။စိတ်ကူးထဲမှာနေကြည့်လို့ရသားပဲ။သို့သော်မမနေရဲ့မျက်နှာကိုတွေးကြည့်မိပြန်သည်။မင်းခန့်လက်ကိုတွဲထားစဉ်မှာ မမနေနဲ့တွေ့ခဲ့လျှင်____။
အဲ့လိုဆိုမဟာဘယ်လိုများခံစားရမလဲမတွေးတတ်။
ထို့အတူရှိုင်းနဲ့တွေ့ခဲ့လျှင်ရောမဟာဘယ်လိုခံစားရပြန်မည်လဲမတွေးတတ်ပြန်။သေချာတာကဝမ်းနည်းနေမိမည်။တသသဖြစ်နေမိမည်။နောင်တရနေလိမ့်မည်ထင်သည်။
သို့မဟုတ်ပါဘဲ မမနေနဲ့ရှိုင်းကိုအတူတွဲတွေ့ရပြန်လျှင်ရော ဟုတွေးမိပြန်သည်။
မျက်လုံးထဲမှာသူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေကထင်ဟပ်လာသည်။တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည်ကြည်နူးနူးကြည့်နေကြမည့်သူတို့နှစ်ယောက်။
ဟင့်အင်း။
မဟာမျက်လုံးတို့ကိုမှိတ်ပြီးခေါင်းကိုတွင်တွင်ခါယမ်းမိသည်။မဖြစ်စေချင်ဘူး။ဒါဆိုမဟာကဘယ်သူ့ကိုနှမျောနေမိသလဲ။
ရှိုင်းကိုလား။
ဟုတ်တယ်ရှိုင်းကိုလဲနှမျောသည်။
မမနေကိုလား။
ဟုတ်တယ် မမနေကိုလဲနှမျောသည်။
ဒါဆိုမဟာကဘာများဖြစ်နေတာလဲ။မဟာကဘယ်လိုလူမျိုးများလဲ။
တွေးရင်းစိတ်ရှုပ်လာသဖြင့်အိပ်နေရာကနေအောက်ထပ်ကိုဆင်းလာခဲ့သည်။မေမေကအိပ်နေပြီထင်သည်။လက်ကလက်ပတ်နာရီကိုကြည့်လိုက်တော့၁၂နာရီထိုးနေလေပြီ။အောက်ထပ်ကဧည့်ခန်းထဲမှာထိုင်ပြီးTV ကိုဖွင့်လိုက်သည်။စိတ်ကရောက်တတ်ရာရာမို့TV ကဘာပြနေမှန်းပင်သတိမထားမိ။
"ချပ် "
တံခါးဖွင့်သံကြားလိုက်ရသဖြင့်အနောက်ကိုလှည့်ကြည့်လိုက်သည်။ဒယ်ဒီပြန်လာခြင်းပင်ဖြစ်သည်။မျက်နှာချင်းမဆိုင်ရတာကြာပြီဖြစ်သောဒယ်ဒီ့မျက်နှာကိုဒီနေ့တော့ထူးထူးခြားခြားတွေ့လိုက်ရသည်။ဒယ်ဒီကမဟာ့ကိုမြင်တော့အံသြသွားသည်။
"သမီးမအိပ်သေးဘူးလား"
ရေမွှေးနံ့ကနှာခေါင်းထဲစူးကနဲဝင်လာသည်။အရွယ်နဲ့မလိုက်အောင်နုပျိုလွန်းနေသောဒယ်ဒီ့ပုံစံက လေးဆယ့်နှစ်နှစ်ဟုပင်မထင်ရပေ။
"အိပ်မပျော်လို့ဒယ်ဒီ၊ဒယ်ဒီကအခုမှပြန်လာတာလား"
"အင်း ဟုတ်တယ် ဒယ်ဒီ့မိတ်ဆွေနဲ့ညစာစားပြီးပြန်လာတာ"
"သြော်"
"သြော်"ဆိုတာကလွဲ၍ဆက်ပြီးမဆိုချင်တော့။ထိုမိတ်ဆွေဆိုတာယောက်ျားလားမိန်းမလားလဲမမေးချင်တော့။ဒီအချိန်ကြီးညစာစားတယ်ဆိုတဲ့ဒယ်ဒီ့ဖြေရှင်းချက်ကိုနားထောင်နေတဲ့လူက၁၀နှစ်အရွယ်ကလေးမှမဟုတ်တာ။ဒယ်ဒီသတိမထားမိတာလားလည်းမသိ။
"သမီးအိပ်တော့လေ"
"ရတယ် သမီးမအိပ်ချင်သေးလို့"
"အင်း___အဲ့ဒါဆိုဒယ်ဒီအိပ်တော့မယ်နော် Good Night သမီး"
"ဟုတ်ကဲ့ဒယ်ဒီ"
ထွက်ခွာသွားသောဒယ်ဒီ့ကျောပြင်ကိုကြည့်ကာမဟာ့စိတ်ထဲဘာမှမရှိတော့သလိုဟာလာဟင်းလင်းကြီးဖြစ်သွားသည်။ဘာမှမခံစားနဲ့။
မဟာမေတ္တာဟာဒီလိုဘဝတွေကိုနေသားကျလာတာကြာပြီမဟုတ်လား။
ဝဲတက်လာသောမျက်ရည်စတွေကိုမကျလာအောင်မျက်တောင်နဲ့အသာအယာပုတ်ခတ်ပုတ်ခတ်လုပ်ပစ်လိုက်သည်။
အိမ်ပေါ်ကိုပြန်မတက်ချင်သဖြင့်ဆိုဖာပေါ်မှာလဲလျောင်းလိုက်သည်။ဘာကိုဝမ်းနည်းနေမိမှန်းမသိဝမ်းနည်းနေသဖြင့်မျက်လုံးတို့ကိုပိတ်ထားမိသည်။
အိပ်ပျော်လိုက်ချင်ပါသည်။ဒါမှနာကျင်မှုတွေကပျောက်သွားမည်မဟုတ်လား။
>>>>>>>>>>>>>>>>>>
"သမီးဒီနေ့ရောအိမ်ပြန်အိပ်မှာမလားဟင်"
အိမ်ထဲကနေအထွက်မေမေ့စကားကြောင့်နေ့ခြေလှမ်းတွေရပ်သွားမိသည်။သက်ပြင်းလေးမေမေမသိအောင်ခိုးချမိပြီးအနောက်ကိုပြန်လှည့်ကြည့်လိုက်သည်။မျက်နှာငယ်လေးနှင့်နေ့ကိုကြည့်နေသောမေမေ့ကိုမြင်တော့နေသနားမိပြန်သည်။သို့သော်___
"နေ ပြန်မလာတော့ဘူးမေမေ ၊မေမေသာပျော်အောင်နေပါ၊နေကဘယ်သွားတာလဲမဟုတ်"
"အခုတလော သမီးကအလုပ်မှာချည်းပဲအိပ်နေသလားလို့လေ၊အဲ့လိုဆိုတော့မေမေ့ကိုယ်ကိုယ်ကိုယ်အမှားလုပ်မိသလိုခံစားရလို့"
"မေမေရယ် နေကမေမေပျော်တာပဲအမြဲမြင်ချင်တဲ့လူဆိုတာသိရဲ့သားနဲ့နေ့ကိုစကားနာထိုးပြန်ပြီ အလုပ်ကိစ္စနဲ့ပါဆိုမေမေကလည်း"
"အင်းပါ အဲ့ဒါဆိုလဲ"
"မေမေသာစိတ်ချမ်းသာအောင်အမြဲနေ၊အဲ့ဒါဆိုနေကအမြဲပျော်ပြီးသားပဲ"
"ဟုတ်ပါပြီရှင်"
"အဲ့ဒါဆိုနေသွားပြီမေမေ"
"အေးအေး"
"နေမေမေ့ကိုကျောခိုင်းကာထွက်လာခဲ့သည်။ရှိုင်းဆီမှာနေအိပ်တယ်ဆိုတာမေမေသိရင်ဘယ်လိုများတုံ့ပြန်မည်လဲ၊ရှိုင်းရဲ့အလိုကျနေနေနေရတယ်ဆိုတာများသိရင်မေမေစိတ်မကောင်းဖြစ်သွားမလားဟုတွေးမိသေးသည်။
သို့သော် နေမပြောသရွေ့မေမေသိမှာမဟုတ်ဟုတွေးပြီးရှိုင်းဆီကိုလာခဲ့သည်။
ရှိုင်းတို့အိမ်ရောက်တော့နံနက်စာပြင်နေသောအန်တီမိုးနဲ့တန်းတိုးသည်။နေ့ကိုမြင်တော့ပြုံးပြလေသည်။
"ဒီနေ့ကအစောကြီးပဲ သမီး"
"စောရမှာပေါ့အန်တီမိုးရယ်___အန်တီမိုးရဲ့မင်းသမီးအကြောင်းလဲသိရဲ့သားနဲ့"
နေကမျက်စောင်းထိုးပြီးလှမ်းပြောတော့အန်တီမိုးကတခစ်ခစ်နဲ့ရယ်လေသည်။
"ရှိုင်းထပြီလား"
"ရှိုင်းတော့မထသေးဘူး ဆုလေးတော့ထပြီးအခန်းထဲပြန်ဝင်သွားတယ်"
"ဟုတ်လား အဲ့ဒါဆို သမီးသွားနိုးလိုက်အုံးမယ်"
"အေး အေး သမီး၊ သမီးနှိုးမှပဲသူထမှာသွားနှိုးလိုက်ပါအုံး"
နေကလက်ကိုင်အိတ်ကိုချကာအပေါ်ထပ်ကိုတက်လာခဲ့သည်။ရှိုင်းရဲ့အခန်းတံခါးကိုအသာလှည့်ဖွင့်ပြီးရှိုင်းအိပ်နေသောကုတင်ဆီခြေသံဖွပြီးလှမ်းလာခဲ့သည်။
"ရှိုင်း"
အသံတိုးတိုးလေးနှင့်ခေါ်ပြီးကုတင်စွန်းမှာတင်ပါးလွှဲထိုင်လိုက်သည်။
"ရှိုင်း ထတော့လေ နေတောင်ရောက်ပြီ"
ရှိုင်းရဲ့မျက်လုံးနှစ်ဖက်ကဖြည်းဖြည်းချင်းပွင့်လာသည်။နေ့ကုမြင်တော့နှုတ်ခမ်းတစ်စုံကသူ့အလိုလိုကွေးညွတ်သွားသည်။
ပါးတစ်ဖက်ကိုလက်ညိုးနှင့်ထိုးပြနေသဖြင့်နေမျက်စောင်းထိုးလိုက်မိသည်။
"မျက်နှာမသစ်သေးဘဲနဲ့တော့မနမ်းချင်ပါဘူး Ort Ort တွေ😒"
"တကယ်မနမ်းဘူးပေါ့"
"ဟင့်အင်း"
"ရတယ်လေ"
ပြောပြောဆိုဆိုနေ့ခါးကိုလှမ်းဖက်ကာအိပ်ရာပေါ်လှဲချသဖြင့်နှစ်ယောက်သားအိပ်ရာထက်မှာထွေးလုံးရစ်ပတ်ဖြစ်သွားရသည်။
"ရှိုင်း___ဘာလုပ်နေတာလဲ မျက်နှာမသစ်ဘာမသစ်နဲ့"
"နေက Kiss မှမပေးတာကို"
"မျက်နှာမသစ်သေးတာကိုရွံတယ်😒"
"အဲ့တာဆိုနမ်းတယ်"
နေ့ပါးပေါ်အနမ်းတစ်ပွင့်ခြွေလိုက်သောရှိုင်းကြောင့်မျက်စောင်းထိုးမိသေးသည်။တစ်ခါတစ်လေသူ့လောက်ကလေးဆန်တာလဲသူပဲရှိသည်။တစ်ခါတစ်လေသူ့လောက်ဒေါသကြီးတာလဲသူပဲရှိသည်။
"ချစ်လား"
နေ့နားနားကပ်ပြောသဖြင့်နေကရှိုင်းနဲ့မျက်နှာချင်းဆိုင်လှည့်လိုက်သည်။မျက်နှာချင်းဆိုင်နေသဖြင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိသည်။နူးညံ့သောအိပ်ရာ၏အထိအတွေ့ကြောင့်ရှိုင်းကမျက်လုံးလေးကိုခဏမှိတ်ပြီးနေ့ပါးလေးကိုလက်နဲ့ဆွဲညှစ်သည်။
"ချစ်သလားလို့"
"ရှိုင်းကအရင်ဖြေရမှာ"
"တို့မဖြေချင်လို့ပေါ့"
"အဲ့တာဆိုနေလည်းမဖြေဘူး"
"တကယ်မဖြေဘူးလား"
"အင်းပေါ့"
ပြောနေရင်းရှိုင်းရဲ့လက်တွေကနေ့ကျောပြင်ကိုလာဖက်သဖြင့်နေ့မျက်နှာကိုမွေ့ရာထက်ကပ်ထားမိသည်။ရှိုင်းကထိုအရာကိုသိဟန်တူသဖြင့်ပြုံးပြီးနေ့မျက်နှာကိုအတင်းလာထိသည်။
နေကမျက်နှာကိုဖွက်လေလေသူကအတင်းလိုက်နမ်းလေလေနှင့်မွေ့ရာပေါ်မှာနှစ်ယောက်သားတခစ်ခစ်နဲ့ရယ်နေမိကြသည်။
Good Morning ပါအချစ်ရယ်ဟု နှလုံးသားထဲကတိုးတိုးလေးပြောမိသေးသည်။သူကြားမလားတော့မသိ။
>>>>>>>>>>>>>
"လူတစ်ယောက်ကလူနှစ်ယောက်ကိုတပြိုင်နက်တည်းချစ်လို့ရလား"
မဟာ့စကားကြောင့်ဟင်းရည်သောက်ရန်ပြင်နေသောမြတ်ရဲ့လက်တွေရပ်သွားသလိုထမင်းကြော်ကိုပါးစပ်ထဲထည့်ရန်ပြင်နေသောပြည့်ပြည့်ရဲ့လက်တွေလဲရပ်သွားသည်။မဟာ့စကားကအဲ့လောက်တောင်ထူးဆန်းသွားသလားမသိ။
"နင်ဘာတွေပြောနေတာလဲ ဟိုနေ့ကမှရည်းစားပူပူနွေးနွေးရထားတာကို😏"
မြတ်ရဲ့စကားကြောင့်မဟာပြုံးလိုက်မိသေးသည်။မဟာဆိုလိုတာဒါမှမဟုတ်တာကိုး😄။
"နင်ကဘယ်သူ့ကိုကြိုက်နေလို့လဲ"
ပြည့်ပြည့်ရဲ့စကားကြောင့်မဟာပြုံးနေရာမှမျက်နှာတည်လိုက်သည်။
"ဒီလိုဟာ ဥပမာပြောပြမယ်နော် ငါအခုမင်းခန့်နဲ့ကြိုက်နေတုန်းမှာငါကတခြားတစ်ယောက်ကိုချစ်မိလို့ရလား၊ဒီလိုကွာ မင်းခန့်ကိုမချစ်ဘူးလားဆိုတော့လဲမဟုတ်ဘူး၊မင်းခန့်ကိုလဲချစ်တယ်၊ တခြားတစ်ယောက်ကိုလဲချစ်ပြန်ရော အဲ့လိုပေါ့😜"
မဟာ့စကားကြောင့်မြတ်ကတစ်ခုခုကိုစဉ်းစားသလိုပြုသည်။ဝါရင့် FA ထံမှဘာများထွက်လာမလဲဟုမဟာစောင့်နေလိုက်သည်။
"နင့်စကားကြားတော့ ဆရာလကာင်္ရည်ကျော်ရဲ့ကြိုးကြာတောင်ပံခတ်သံဝတ္ထုထဲကသိန်းမိုးရဲ့စကားကိုကြားယောင်မိတယ်"
"အလင်းပြပါအုံး 😄"
"ဒီလိုလေ လတ်ငြိမ်းက နေမကောင်းလို့မေ့မလိုဖြစ်သွားတဲ့အခါမှာ ဆုံးသွားတဲ့သိန်းမိုးနဲ့အိပ်မက်ထဲမှာပြန်တွေ့တယ်လေ၊ လတ်ငြိမ်းကစုလှိုင်ကသိန်းမိုးကိုသာချစ်နေသေးတဲ့အကြောင်းပြောတော့ သိန်းမိုးက လူတစ်ယောက်က လူနှစ်ယောက်ကိုတချိန်တည်းမှာချစ်နိုင်တယ်တဲ့ ပညတ်ချက်တွေကြောင့်သာ တစ်ယောက်ထဲကိုရွေးရတာတဲ့၊ အခုနင်ပြောတဲ့စကားကလည်း သိန်းမိုးအနေနဲ့ပြောရင် ဖြစ်နိုင်ပါတယ်"
မဟာ့ရင်ထဲမှာလှိုက်ခနဲဝမ်းသာမိသွားသည်။ FA ကဒီနေရာမှာတော့အသုံးဝင်သားဟုလည်းတွေးမိသေးသည်။သို့သော်ဒီခံစားချက်တွေကိုမလိုချင်ပါဘူးဆိုဘာလို့ခေါင်းထဲထည့်မိနေသလဲဟုတွေးပြီးစိတ်မကောင်းဖြစ်သွားမိသေးသည်။
ဒီခံစားချက်တွေကလည်းစစ်မှန်ချင်မှပဲစစ်မှန်မှာပါလေ၊စိတ်ကစားတာလည်းဖြစ်မှာပါလေဟုတွေးပြီး လမ်းဖက်ကိုငေးလိုက်မိသည်။
မာစီးဒီးကားအနက်ရောင်ထဲသို့ဝင်သွားသော အမျိုးသားနှင့်အမျိုးသမီးကိုမဟာဖျတ်ကနဲတွေ့လိုက်ရသည်။
ထိုအမျိုးသားကိုခဏခဏမြင်ဖူးနေလို့မှတ်မိနေသော်လည်းဘေးနားကပါသွားသောအမျိူ းသမီးကိုတော့မဟာတစ်ခါမှမမြင်ဖူးပေ။သို့သော် ထိုမျက်နှာကိုရင်းနှီးသလိုလိုတော့ဖြစ်မိသေးသည်။
မဟာဆက်မတွေးတော့ဘဲအချိုရည်ကိုသာဆက်သောက်နေလိုက်သည်။
အတွေးထဲမှာတော့မမနေလားရှိုင်းလားမသိ။
>>>>>>>
Advertisement
We Met At Our Wedding ( JJK FF )
#1 in Kpopff In which Y/N and Jungkook met at each other's weddings with only one thing in common : "Both Your Partners were Nowhere To Be Found" -----" How hard it is to say I Love You ?" New BTS Jungkook Fanfiction All rights resevered
8 191Somebody To Love (#4)
Harper Collins was an orphan who spent the first seventeen years of her life in an orphanage. Life in an orphanage is not easy but she dealt with everything courageously. But an incident at the age of seventeen caused her to run away. Not wanting to look back at it ever.Time flew by, she was now working in a restaurant as a chef alongside her friend who owned the restaurant. Her boyfriend of two years, proposed her for marriage. She couldn't be anymore happy. Everything was perfect now.But that's what she thought.Her engagement broke off.Broken, she decided to forget about everything for just one night. And that's how she finds herself at a club where she bumps into her friend's brother-in-law.What harm could a one night stand do for a girl who's trying to forget everything?Untill, she finds herself pregnant with the hot, famous, billionaire, playboy, Gareth Wilbrose's child.*Sequel to my story 'Back To You' but can be read as a stand alone novel.*(In case you are wondering why the hell there's a hashtag next to the title, numbering it...go read my bio.)
8 77Gummy Bear
Misha Collins x ReaderIt was your first time going to a Supernatural convention but before you could even enter the building there was a change of plans.
8 61The Priestess' Affair
Theresa has it tough with her priestess training and convincing her arrogant brother to stop fighting the werewolves for his own good. To make it complicated, she has to deal with a certain werewolf king with whom she keeps crossing paths again and again. As the fates bring them closer, secrets, conspiracies and a powerful curse start to unfold. These forbidden lovers would either have to decide where their loyalty lies or pay a high price.Updates - Wednesday and FridayI don't own any illustrations in the book.
8 116Please Don't Eat Me (Hannibal Lecter x Reader)
When (y/n) is introduced to Dr. Hannibal Lecter. She unravels an emotional side to Hannibal no one has seen before. He grows very close to her. Some might even say obsessively. What happens when (y/n) discovers a darker side to Hannibal? What happens when Hannibal's infatuation with (y/n) crosses a line?
8 206Red Strings And Markers
Whatever mark you get on your skin, your soul mate gets it too.Marinette would love to draw all over herself to see who her soul mate is, but due to her alternate persona, Ladybug, her red strings of fate have tied her to Chat Noir. As Chat Noir, Adrien would love to find out who his Lady is so they could be happy both in and out of cover.But their kwami only allow them to use their markers after an Akuma attack and never throughout the day.Will the two go against their kwami's and go find each other, or will they remain in a world of ignorance?Together forever, never apart, maybe in distance, but never in heart.Includes mild strong language, sexual references and themes. August 25, 2017 ranked #161 in fanfiction!Cover done by the wonderful @Infinite_Writer01
8 161