《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 10(uni)
Advertisement
🍂🌿🍃စန္ဒာဆိုတဲ့လမင်းကြီးနဲ့သူရိန်နေမင်းကြီးကဘာလို့များကောင်းကင်ကြီးပေါ်မှာအတူရှင်သန်နေကြတာလဲသိချင်မိပါရဲ့။
နေ့ဖက်မှာသာတဲ့နေတဲ့ညဖက်မှာသာတဲ့လ မတူတဲ့ဖြစ်စဉ်နှစ်ရပ်မှာသူတို့ရှင်သန်ကြပေမဲ့ကောင်းကင်ကြီးတစ်ခုတည်းမှာပဲမဟုတ်လား။
မမှိန့်တမှိန် ဓူဝံကြယ်လေးရဲ့တည်ရှိနေမှုကိုတော့သူတို့သတိထားမိကြမယ်မထင်။
သေချာပါတယ် ကြယ်တာရာဆိုတဲ့ ဖြစ်တည်မှုသေးသေးလေးကို လမင်းကြီးနဲ့ နေမင်းကြီး စောင်းငဲ့ကြည့်မယ်ဆိုရင်
ဟောဒီစကြဝဠာကြီးကို ရေးချစရာစက္ကူ အဖြစ်သုံးပြီး မေယုဆိုတဲ့မြင့်မိုရ်တောင်ကြီးကို စုတ်တံအဖြစ်သုံးလိုက်ချင်ပါရဲ့။
မင်ရေအဖြစ် ကျယ်ပြောလှတဲ့သမုဒ္ဒရာ ရေကိုအသုံးပြုပြီးကြယ်တာရာလေးရဲ့ဖြစ်တည်မှုကို ရေးချပြလိုက်ချင်ပါရဲ့။
"ကြယ်တာရာမှာလည်းအလင်းမှိန်မှိန်လေးနဲ့ပါလို့"🍂🍃🌿
"မမ မဟာကဆုတို့နဲ့လိုက်ရတာပျော်ရဲ့လား"
ဆုလေးရဲ့စကားကြောင့်မဟာပြုံးလိုက်မိသည်။ပါးဖောင်းဖောင်းလေးနဲ့အပြစ်ကင်းလှသည့်မျက်နှာလေးကမြင်သူတကာကိုချစ်ခင်စေသည်။မျက်လုံးဝိုင်းဝိုင်းလေးတွေကဖြူစင်မှုကိုဖော်ညွှန်းနေသည်။
မမနေကလည်းမဟာ့ကိုလှည့်ကြည့်လာသည်။
"ဟုတ်တယ် ကလေး ပျော်ရဲ့လား"
"ပျော်တာပေါ့ ဆုလေးနဲ့ရော ၊မမနေနဲ့ရောအတူလိုက်ခဲ့ရတာ မပျော်ဘဲနေပါ့မလား"
"မသိပါဘူး တို့ကမပျော်မှာစိုးနေတာ ကလေးတစ်ယောက်ထဲလိုက်လာခဲ့တာကိုး"
"ဘယ်ကသာ မဟာကပျော်နေတာမမနေရဲ့"
တကယ်တော့ဒီစကားတွေပြောနေရတာမဟာ့ရင်ထဲမှာမရိုးသားပါ။ဆုလေးမျက်နှာကိုရောမမနေမျက်နှာကိုပါစေ့စေ့မကြည့်ရဲဘဲခေါင်းလေးမသိမသာငုံ့ပြီးပြောလိုက်သည်။
မမနေကမဟာ့ပုံစံကိုကြည့်ပြီးရယ်ချင်နေသည်ထင်သည်။
"ကလေး ဘာဖြစ်နေတာလဲ အနေရခက်နေတာလား မမနေကိုလား ဆုလေးကိုလား"
အင်း ခက်ပြီ။အနေရခက်တာမဟုတ်ဘူးကိုယ့်စိတ်ကိုကိုယ်ပြန်ပြီးချိုးနှိမ်နေတာဟုတိုးတိုးလေးပြောနေမိသေးသည်။
"မမ မဟာ ဆုကိုတော့ဘာမှအားမနာပါနဲ့နော် ဆု ကမမ ကိုခင်ပါတယ်"
"အင်းပါဆုလေးရဲ့ မမကလည်းဆုလေးကိုသိပ်ချစ်၊ ဆုလေးက ချစ်ဖို့ကောင်းတာကို"
"မမမဟာ မြောက်ပြောနေပြန်ပြီ"
"တကယ်ပြောတာပါ မယုံရင်မမနေကိုမေးကြည့်"
မဟာကမမနေကိုမေးငေါ့ပြလိုက်သဖြင့်မမနေကနှုတ်ခမ်းလေးကွေးရုံသာပြုံးလေသည်။
လှလိုက်တာ။
နေရပ်ဝန်းဆိုတဲ့အမျိုးသမီးဟာမဟာ့မျက်လုံးထဲမှာတော့ဘယ်နားကကြည့်ကြည့်လှနေသည်သာ။ချစ်တဲ့မျက်စိနဲ့ကြည့်နေ၍လားမသိ။
"ဟုတ်တာပေါ့ ဆုလေးကသိပ်ကိုချစ်ဖို့ကောင်း"
"yayyy!!!! ပျော်ပြီလေ မမတို့နှစ်ယောက်ကသိပ်ကိုချစ်ဖို့ကောင်းတာပဲ"
"အချွဲလေး"
မမနေကဆုလေးရဲ့ပါးဖောင်းဖောင်းလေးကိုမနာအောင်ဆွဲညစ်လိုက်သဖြင့်မဟာပင်ပြုံးမိသေးသည်။
"မမနေ Rollar Coaster စီးရအောင် ဆု စီးချင်တယ်"
"ဟာ မမနေကြောက်တယ် မစီးပါနဲ့ ရေမိကျောင်းပဲစီး"
"ဟင့်အင်း rollar coaster ပဲစီးမှာ မရဘူး"
မမနေရဲ့လက်ကိုကိုင်ကာပူဆာနေသောဆုလေးကြောင့်rollar coaster ကိုမော့ကြည့်လိုက်သည်။အမှန်အတိုင်းပြောရရင်မဟာကစွန့်စားရတဲ့အရာတွေကိုကြိုက်နှစ်သက်သည်မဟုတ်လား။
ပင်လယ်ဓားပြတို့ဘာတို့ဆိုလဲမဟာကသိပ်ကိုကြိုက်သည်။ရဟတ်ကိုလည်းကြိုက်သည်။မဟာကစိတ်လှုပ်ရှားရတဲ့အရာအားလုံးကိုကြိုက်နှစ်သက်သည်။
"မမနဲ့စီးမယ်ဆုလေး"
"ဟယ် မမ မဟာက rollar coaster စီးရတာကြိုက်လား မမနေကဘယ်တော့မှမစီးဘူး သူမစီးတော့ဘယ်တော့မှမစီးရဘူး"
"ဆုလေးကလည်း မမမဟာကစီးမယ်ဆို မမနေကိုမခေါ်နဲ့တော့ မမနေကကြောက်ပါတယ်ဆို"
"ဟာ မရဘူးကွာ မမနေရောစီးမှ နို့မို့ဆို ဆု ငိုမှာနော်"
နှုတ်ခမ်းကိုစူကာခြေဆောင့်ပြီးပြောနေသဖြင့်မမနေကသက်ပြင်းချနေသည်။မမနေဆိုတဲ့သူဟာသူတို့ညီအစ်မနှစ်ယောက်အပေါ်အတော်စိတ်ရှည်တာပဲဟုတွေးမိသေးသည်။
ရှိုင်းနဲ့ပတ်သက်ရင်လည်းရှိုင်းဘာတွေပဲလုပ်လုပ်သည်းခံနိုင်သည်မို့မဟာလည်းအံသြမိသည်။အံသြမိသလို မနာလိုလည်းဖြစ်မိသည်။
မဟာ့အပေါ်မှာလည်းဒီလိုဆိုရင်သိပ်ကောင်းမှာပဲလို့လည်းတွေးမိသည်။
"ဆုလေးကလည်းကွာမမနေအမြင့်ကြောက်တာသိရဲ့သားနဲ့ မမနေ ကြောက်နေတာကိုမြင်ရက်တယ်ပေါ့ ပြော😒"
"ဟင် အဲ့လိုလည်းမဟုတ်ပါဘူး😞 မမနေမစီးချင်ဘူးဆိုရင် ဆုလည်းမစီးတော့ပါဘူး"
"ဆုလေးကလည်း မမမဟာနဲ့စီးပေါ့ "
"တော်ပါပြီ မမနေမှမပါတာ သွားကြရအောင် ရေခဲမုန့်စားချင်တယ်"
"အင်းပါ အင်းပါ သွားမယ်သွားမယ်"
မဟာလည်းမျက်ခုံးတစ်ချက်ပင့်လိုက်သည်။ဘယ့််နှယ်သူ့မမနေမပါတော့မစီးတော့ဘူးဆိုလား။သူများကစီးချင်နေပါတယ်ဆို။
မဟာသူတို့နောက်လိုက်လာခဲ့ရသော်လည်းrollar coaster ကိုလှည့်ကြည့်လှည့်ကြည့်နဲ့လုပ်နေမိသည်။
"ဒုတ် "
"အမေ့"
"ဟင်"
Rollar coaster ကိုလှည့်ကြည့်လှည့်ကြည့်နဲ့လုပ်လာခဲ့သဖြင့် အုတ်ခဲတွေစီထားတာကိုမသိဘဲမြေပြင်ညီအမှတ်နှင့်ခလုတ်တိုက်မိလေသည်။ခလုတ်တိုက်မိတာကအကြောင်းမဟုတ် စီးထားတာကသုံးလက်မဒေါက်မို့ယိုင်သွားပြီးမမနေလက်ကိုလှမ်းဆွဲလိုက်မိသည်။
သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးကမဟာဆွဲလိုက်သဖြင့်မဟာ့ရင်ခွင်ထဲရောက်လာသည်။
ရင်ခုန်သံတွေကဒိတ်ခနဲ။
ပြန်လွှတ်ဖို့သတိမရ။ရှန်ပူနံ့သင်းသင်းလေးကြောင့်မဟာ့နှာခေါင်းနဲ့တိုက်ရိုက်ထိတွေ့နေရသောဆံနွယ်တွေကိုနမ်းရှိုက်မိသေးသည်။
ပတ်ဝန်းကျင်သည်တိတ်ဆိတ်သွားသည်ဟုခံစားလိုက်မိသည်။
ကမ္ဘာလောကကြီးကရပ်တန့်သွားသလိုခံစားလိုက်ရပြီး လာဗင်ဒါပန်းခင်းကြီးထဲရောက်သွားသလိုလိုထင်မှတ်မိသည်။
ရင်ဘတ်ထဲကနှလုံးသားတစ်စုံရဲ့သွေးခုန်နှုန်းဟာ မိုးခြိမ်းသံတွေလိုတဂျိမ်းဂျိမ်းနဲ့။
ပတ်ဝန်းကျင်ကဘာတွေဖြစ်နေတယ်ဆိုတာမဟာမသိ။မဟာ့ရင်ထဲမှာတော့စမ်းချောင်းလေးဖြတ်ပြီးစီးဆင်းနေသလိုအေးမြနေသည်။အရိုင်းဆန်လာသောစိတ်တို့ကဘေးနားမှာဝဲလာသောရောင်စုံလိပ်ပြာလေးတစ်ကောင်ကိုဖမ်းပြီးနမ်းရှုံ့မိသေးသည်။
ရုတ်တရက်ဆောင့်တွန်းခံလိုက်ရသောခံစားမှုကြောင့်အိပ်မက်ကလန့်နိုးလာသလိုဖျတ်ကနဲဖြစ်သွားသည်။
"မဟာမေတ္တာ!!!"
မဟာ့ကိုဒေါသတကြီးကြည့်နေသောမမနေမျက်နှာကိုမြင်လိုက်ရသဖြင့်မဟာဘာဖြစ်သွားတယ်ဆိုတာကိုစဉ်းစားမရဖြစ်သွားသည်။ဆုလေးကိုကြည့်လိုက်တော့လည်းမဟာ့ကိုအံသြသလိုကြည့်နေသည်။
ရင်ခုန်မှုနှုန်းတွေပြေလျော့သွားတော့သတိရလိုက်တာကမမနေပါးပေါ်မဟာအတင်းထိတွေ့လိုက်မိခြင်းပင်။
မဟာ့စိတ်တွေကရုတ်တရက်ရှက်ရွံ့လာပြီးမမနေကိုရင်မဆိုင်ရဲဖြစ်သွားသည်။
"မဟာ တောင်းပန်ပါတယ် မမနေ မဟာလေ__"
"မင်းတို့ကိုအပေါစားမှတ်နေသလားမဟာမေတ္တာ"
"မဟုတ်ဘူးမမနေ ၊ မဟာဒီလိုလုံးဝမဟုတ်ဘူး ဟိုလေ___"
မဟာ့ရင်ထဲမှာပြောစရာစကားတွေဆိတ်သုဉ်းကုန်သည်။ခန္ဓာကိုယ်ထဲကသွေးတွေကပူနွေးလာသည်။ရှက်ရွံ့စိတ်ကြောင့်မျက်နှာတွေကနီရဲလာသည်။
မမနေကိုဘယ်လိုဖြေရှင်းချက်ပေးရမည်လဲ။ရုတ်တရက်သတိရမိလိုက်တာကမင်းခန့်။
"မဟာ လေတကယ်တော့ မင်း__မင်းခန့်ထင်သွားလို့ပါ၊မဟာကတစ်ခါတစ်လေ စိတ် စိတ်လှုပ်ရှားလွန်းရင် နှလုံးခုန်နှုန်းတွေမြန်လာပြီးအဲ့လိုပဲစိတ်တွေထင်ယောင်ထင်မှားဖြစ်တတ်လို့၊ ပြီးတော့မမနေကမိန်းကလေးပဲကိုမဟာကဘာလို့မမနေကိုနမ်းရမှာလဲ၊နမ်းမိလို့ဆော_ ဆောရီးပါ"
ဟင့်အင်း။ယိုင်လဲမသွားနဲ့မဟာ။မင်းလုပ်နိုင်ပါတယ် မင်းဟာမိန်းမတစ်ယောက်ကိုအရူးအမူးဖြစ်မဲ့မဟာမေတ္တာမဟုတ်ဘူး။မင်းဟာ straight တစ်ယောက်။ပြောလိုက်စမ်း နေရပ်ဝန်းကိုရင်မခုန်ပါဘူးလို့၊ပြောလိုက်စမ်းဒီရှိုင်းနားကိုလွန်ဆန်နိုင်ပါတယ်လို့။
သို့သော်___ရင်ဘတ်ထဲမှာဘယ်လောက်တောင်နာကျင်သွားလဲကိုယ်တိုင်သာသိသည်။အဖျားခတ်သွားသောအသံတို့ကြောင့်မမနေများရိပ်မိမလားဟုလန့်သွားမိသေးသည်။
"ဆောရီး___တို့မှားသွားတယ်၊တို့ဆိုလိုချင်တာကဒီလိုမဟုတ်ဘူးမင်းကိုစော်ကားသလိုဖြစ်သွားရင်ဆောရီး၊လူတွေအများကြီးရှိနေတာကိုမင်းကဒီလိုအတင်းဖက်ပြီးလိုက်နမ်းနေတော့တို့လဲသိပ်ရှက်သွားတာ"
"ဆောရီးပါမမနေ "
"Ok ရတယ် ရတယ် ကလေး တို့ကပြန်တောင်းပန်ရမှာ"
ပြောလိုက်သောစကားတို့က ဘာမှမဖြစ်ဘူးဆိုတာကိုဦးတည်သော်လည်း မဟာနဲ့မမနေကြားမှာပြောစရာစကားတွေဆိတ်သုန်းကုန်သည်။
မစခင်ကသိမ်းသွားတဲ့ကိုယ့်အဖြစ်ကိုတွေးပြီးလည်းရင်ထဲမှာမကောင်းဖြစ်မိသည်။
အပြန်မှာလည်းတစ်ယောက်နဲ့တစ်ယောက်စကားတစ်ခွန်းမှမပြောဖြစ်ကြပေ။
ခွင့်လွှတ်ပါဟုတော့တိုးတိုးလေးဆိုမိသေးသည်။
>>>>>>>>>>>>>>>>>>>
"နေ__"
"ဘာလဲ"
"ဘာအချိုးချိုးတာလဲပြောစမ်း"
အိမ်ထဲဝင်ဝင်လာချင်းနေ့ကိုလှမ်းအော်သဖြင့်နေလန့်သွားမိသည်။အနက်ရောင်လုံချည်နဲ့အပြာရောင် အပေါ်ထပ်ကုတ်အင်္ကျီအပါးကိုဝတ်ထားသောရှိုင်းပုံစံကထိုင်နေတာတောင်လုံးဝ smart ဖြစ်နေသည်။
ကျောလယ်မရောက်တရောက်ဆံနွယ်ခွေတစ်ချို့ကအရှေ့ဖက်မှာဝဲကျနေသည်။နဖူးပေါ်ဖြာကျနေသောဆံနွယ်တချို့ကကပိုကရိုဖြစ်နေပြီးရှိုင်းရဲ့ပုံစံကိုအရိုင်းဆန်စေသည်။
နီညိုညိုနှုတ်ခမ်းနီတို့ဆိုးထားသောနှုတ်ခမ်းနှစ်လွှာကနေ့ကိုဒေါသဖြစ်နေသဖြင့်ဖိကိုက်ထားသည်။
နေကအပေါ်ထပ်ကိုမတက်သေးဘဲနေရာမှာပင်ရပ်နေမိသည်။
"မေးနေတယ်လေ ဘာလို့မဖြေတာလဲ"
နေဘာပြောရမယ်မှန်းမသိ။ဆုလေးကလည်းနေ့လက်ကိုတင်းတင်းဆုပ်ထားသဖြင့်နေပင်ကြောက်စိတ်တွေဝင်လာရသည်။ရှိုင်းရဲ့မျက်ခုံးထူထူတွေကထိလုနီးပါးဖြစ်အောင်ကျုံ့သွားပြီးထိုင်နေရာမှထကာနေတို့ဆီလာနေသည်။
နေ့စိတ်ထဲရှိုင်းကိုရင်မဆိုင်ရဲစွာခေါင်းကိုမသိမသာငုံ့ထားမိသည်။
"နေ တို့မေးတာကိုဘာလို့မဖြေတာလဲပြော"
"ရှိုင်း___နေ နေတမင်ရည်ရွယ်တာမဟုတ်ပါဘူး"
"ဘာရယ် တမင်ရည်ရွယ်တာမဟုတ်ဘူး? ဟုတ်လား?"
ရှိုင်းကနဖူးပေါ်ကျနေသောဆံပင်တွေကိုအပေါ်ကိုပင့်တင်လိုက်ပြီးနေ့ကိုလူမိုက်ပုံစံဖြင့်ကြည့်သည်။ပြီးတော့ဆုလေးကိုကြည့်သည်။ဆုလေးကနေ့အနောက်ကိုကွယ်သွားလေသည်။
"ကလေးကိုမဆူပါနဲ့ နေ့အမှားပါ"
"ဟုတ်ပြီ ကိုယ့်အမှားကိုယ်သိတယ်နော်__ဆုလေးကိုမဆူဘူး ၊ဒီကိစ္စမှာဆုလေးထက် အဓိကကျတာ နေဆိုတာ တို့သိတယ် ၊ ဆုဆုအပေါ်တက်"
နေလက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ဆုလေးကမသွားသေးဘဲနေ့ကိုကြည့်နေရှာသည်။
"ဒီဆုအလင်္ကာ___စကားနဲ့ပြောနေတာမဟုတ်ဘူး အမိန့်ပေးနေတာအပေါ်တက်လို့"
"ဆုလေး အပေါ်တက်လိုက်သွား"
နေကအတင်းတင်းပို့နေသဖြင့်ဆုလေးကမျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့်ရှိုင်းကိုခိုးကြည့်သည်။
"မမ__မမနေကို ___"
"ဒီဆုအလင်္ကာ!!!! မင်း ငါ "
"ရှိုင်း"
ဆုလေးကိုလက်ရွယ်လိုက်သဖြင့်နေကရှိုင်းလက်ကိုဖမ်းချုပ်လိုက်ရသည်။
"သွားတော့ ဆုလေး"
ဆုလေးကကြောက်ကြောက်ရွံ့ရွံ့နဲ့အပေါ်တက်သွားတော့ရှိုင်းကနေကိုင်ထားသောလက်ကိုခါချသည်။ပြီးတော့နေ့လက်ကိုအတင်းဆောင့်ဆွဲကာဆိုဖာပေါ်အတင်းထိုင်ခိုင်းသည်။
"ဒီမှာနေ___အမာရွတ်ဆိုတာဆေးလိမ်းရင်တောင်အားလုံးကုန်စင်အောင်ပျောက်သွားတာမဟုတ်ဘူး အနည်းငယ်တော့ကျန်နေအုံးမှာပဲ အဲ့ဒါပျောက်ဖို့အတွက်နှစ်တွေတော်တော်ကြာတယ်ဆိုတာနေသိလား၊ဒီလိုပဲ ရင်ထဲမှာဖြစ်တည်နေတဲ့အစိုင်အခဲကြီးဟာလည်း အဲ့လိုခဏချက်ချင်းပြေလျော့သွားမှာမဟုတ်ဘူး နှစ်တွေကြာနေအုံးမှာပဲ"
"နှစ်တွေကြာအုံးမယ် ဟုတ်လား? ဘယ်နနှစ်လဲ ပြောပါအုံး ရှိုင်းရင်ထဲကအစိုင်အခဲကြီးဖြေလျော့ဖို့ဘယ်သူတွေကဘယ်လောက်တောင်စောင့်ကြရအုံးမှာလဲ"
"ပါးစပ်ပိတ်ထား"
ရှိုင်းရဲ့အော်သံကြောင့်နေ့မျက်နှာကိုရှိုင်းနဲ့ဆန့်ကျင်ဖက်လွှဲပစ်လိုက်သည်။သူ့ခံစားချက်တွေကိုနေနားလည်ပေးခဲ့သလောက်နေတို့ရဲ့ခံစားချက်ကိုကျရှိုင်းဘယ်တော့မှနားလည်ပေးမှာလဲမသိ။
"နေ ကတို့ရဲ့စိတ်ကိုအသိဆုံး ၊နားလည်ပေးနိုင်ဆုံးလို့ထင်ခဲ့တာမှားတာပါ"
"နားလည်ပါတယ် ၊ရှိုင်းကိုနားလည်လို့နေဒီလိုနေနေတာပေါ့၊ဒီလောက်နားလည်ပေးပြီးတဲ့နောက်မှာရှိုင်းဖက်ကရောနေ့ကိုဘာများနားလည်ပေးသလဲ ရှိုင်းတွေးကြည့်"
"ဘာမှတွေးကြည့်စရာမလိုဘူး တို့ခံစားခဲ့ရတာ နေ့ထက်ကိုအဆတစ်ထောင်သာတယ်၊နေအခုခံစားနေရတာထက်ကိုအဆပေါင်းများစွာသာတယ် အဲ့ဒါနေသိရဲ့လား၊အခုနေကတို့ခံစားရတာထက် အဆတစ်ရာမှာ၁လောက်ပဲခံစားနေရသေးတာ တုိ့ကနားလည်ပေးရမယ်ပေါ့"
"အဲ့တာတွေကနေလုပ်ခဲ့တာမို့လား"
ရှိုင်းရဲ့အသံတွေကတိတ်သွားပြန်သည်။ဝေခွဲမရဖြစ်နေသောရှိုင်းရဲ့ခံစားချက်တွေကိုနေနားလည်ပါသည်။သို့သော်နေ့ဘဝနဲ့ဆုလေးရဲ့ဘဝကိုသူ့စိတ်နဲ့ချုပ်ကိုင်နေတာကျသူမမြင်ဖူးထင်ပါ့။
"တော်ပြီ နေ ___ဒီထက်ပိုပြောရင် နေ့ကိုတစ်ခုခုလုပ်မိလိမ့်မယ်၊နောက်ကိုအဲ့လူနဲ့တွေ့ရင် နေ့ကိုလုံးဝခွင့်မလွှတ်ဘူးသိထား ၊ဆုလေးကိုလည်းဒီမှာလုံးဝမထားဘူးအဲ့ဒါမြဲမြဲမှတ်ထား"
"အဲ့လိုကြီးတော့မပြောပါနဲ့ ရှိုင်းရယ်__သူက"
"တော် သူနဲ့ပတ်သက်ပြီးဖြေရှင်းတာတို့မကြိုက်တာနေသိတယ်နော်"
"ရှိုင်းရယ်__ဆုလေးကိုလည်းထောက်အုံးမှပေါ့ ဆုလေးက__"
"အဟား ဘာထောက်ရမှာလဲ ဆုလေးတောင်ဒီအရွယ်ရောက်နေပြီကိုတို့ကဘာကိုထောက်ရအုံးမှာလဲ ပြောပါအုံး "
"မဟုတ်ဘူးနေ __လူဆိုတာမှားတတ်ကြတာချည်းပဲ၊ဒါပေမဲ့အဲ့ဒီအမှားကိုသိလို့ပြင်ချင်တဲ့လူကိုတော့ရှိုင်းအခွင့်အရေးလေးပေးသင့်တယ်မဟုတ်လား"
"ဘာလဲ နေကနေ့မေမေရဲ့လှည့်ကွက်တွေထဲမှာတို့ကိုထပ်ပြီးဒူးထောက်ခိုင်းအုံးမလို့လား sorry ပါ နေ ရှိုင်းကတစ်ခါပဲအလှည့်စားခံမယ် နှစ်ခါဆိုတာမရှိရဘူး အဲ့တာကြောင့်နေလည်းတို့အနားကထွက်မသွားရဘူး"
"ရှိုင်းရဲ့အနားကနေထွက်မသွားဘူး၊ဒါပေမဲ့နေ့ကိုထွက်သွားချင်အောင်တော့ခဏခဏမလုပ်နဲ့၊ပြီးတော့နေ့ရှေ့မှာမေမေ့မကောင်းကြောင်းထပ်မပြောပါနဲ့ နေမကြိုက်ဘူး အဲ့လိုဆိုရင်___"
"အဲ့လိုဆိုရင်ဘာဖြစ်မလဲပြော?😊
"ရှိုင်း"👿
"မှတ်ထားနေ___မီးကိုရေနဲ့ဖြန်းမှငြိမ်းတာ၊နေတို့အနားကထွက်သွားတဲ့နေ့ တို့အသက်နဲ့ထပ်တူနေ့ကိုလည်းအရှင်မထားဘူး"
နေလည်းပြောလိုက်ချင်သည့်စကားတို့ကိုမြိုသိပ်ရသည်။မျက်ရည်တွေဝဲနေသောရှိုင်းရဲ့မျက်ဝန်းတွေကိုဖျတ်ကနဲမြင်လိုက်ရသည်။ဧည့်ခန်းထဲကထွက်သွားသောရှိုင်းကိုကြည့်ပြီးနေ့ရင်ထဲမှာနာကျင်ရတာရှိုင်းမှမသိဘဲ။
"တီ တီ တီ "
စားပွဲပေါ်တင်ထားသောနေ့ဖုန်းကmessage ဝင်လာသည်။လှမ်းကြည့်လိုက်တော့
"From Mahar Myittar တဲ့။
နေမဖွင့်ကြည့်တော့ဘူးဟုတွေးလိုက်သော်လည်း စိတ်ပြေလက်ပျောက်ဖွင့်ကြည့်လိုက်သည်။
"Please Forgive me "
နေဖုန်းလေးကိုပြန်ပိတ်လိုက်သည်။ခေါင်းထဲမှာနောက်ကျိနေသောကြောင့်ဆိုဖာပေါ်လှဲချလိုက်မိသည်။မှုန်ကုပ်ကုပ်မျက်နှာလေးကမျက်စိထဲကွင်းကနဲပေါ်လာသဖြင့် အာရုံကိုပြန်လွဲလိုက်ရသည်။
တော်ပါတော့။နာကျင်မှုတွေမလိုချင်လို့ပါဟုခေါင်းကိုခါယမ်းနေမိသည်။
>>>>>>>>>>>>>>>>>>>>>>>>>
Advertisement
- In Serial54 Chapters
You Have No Idea, My Dear Alpha
•••Completed•••••He pushes me against a wall, like yesterday, but this time he starts trailing small kisses along my collar bone and up my neck before whispering in my ear. "You really shouldn't talk to me like that sweetheart." I focus on not letting my trembling lips influence my voice. "Why should I listen to you?" He continues trailing kisses along my neck, "Because you're mine."•• Mara Banks isn't a normal teenager. She was left as a newborn baby on someones doorstep and taken in and cared by her new parents. But, something unusual happens on her thirteenth birthday. She shifts into a tiger. Now she is seventeen and she gets seen in her tiger form by some hunters, her family have no option but to move to a small town and start fresh. Little did the family know that they were now in someone's territory; werewolf territory. There her life changes when bad boy, Ryder Jackson shows up. Why does Mara get lost in his glorious green eyes and get tingles every time he touches her? All she knows is that she has to keep her secret, what will her new friends think if they find out? But what happens when these hunters won't give up? Mara needs to make her decision of letting her secret out to her friends. Because not only Mara, but Ryder will get hurt if she chooses wrong.•••Irregular occurring coarse language•••
8 198 - In Serial29 Chapters
The Cuddling Game
'The Cuddling Game is easy. Cuddle with your special someone for as long as possible. Why? To win $10K! Rules are simple. You must always be touching your partner. No separating for ANY reason. Bring any meds and items you need throughout the day to the contest. This event will take place on Saturday, May 27th and will last until there is one couple left! So if you have a special someone you want to spend an entire day in bed with, feel free to sign up for this fun contest! See you then!'Abigail Michaels wasn't too thrilled to hear about a contest dedicated to cuddling. Until she heard about the prize of $10K. When her uptight boyfriend, Jonathan Mathers, refuses to participate in such a foolish waste of time, Abby is left to dream of winning that money.Or is she?Highest Ranking:#432 in ChickLit (12/3/17)#343 in ChickLit (12 /6/17)#335 in ChickLit (12/8/17)#278 in ChickLit (12/9/17)#256 in ChickLit (12/10/17)#215 in ChickLit (12/11/17)#1 in College Romance 8/17/18
8 184 - In Serial100 Chapters
We're Just Friends (Clexa AU)
idk how to do descriptions basically Clarke Griffin an open bisexual 17 year old befriends Lexa Woods a 18 year old who just doesn't know anything yet lol. also i don't proofread my stuff bcuz i'm a lazy fuck so i'm sorry for any mistakes and also i'm sorry for the extremely cringey smut. i'll put a little ✨ for the smut involved chapters.~~~highest ranks~~~#1 elizataylor 9/16/21#1 alycia 10/6/21#1 clarkegriffin 10/17/21#1 clexa 10/17/21#1 lexa 10/20/21#1 the100 10/25/21#10 gxg 11/11/21#1 clarke 1/12/22
8 206 - In Serial46 Chapters
Discover Love
Amelia was working in her dream job. Good job, good pay, and good boss! Then, something changes and life takes an unexpected turn. Welcome to the unpredictable journey of Amelia.Preview********"Don't provoke me Amy" He groaned, his eyes darting towards my lips."ugh? Wha? - what did I do now?" I almost crocked as I wet my lips again."This" He swooped down to capture my lips. It was not a gentle kiss. It was hard and passionate and I couldn't do anything but be melted. My core throbbed as my hands went around his neck to clench his hair. His heat engulfed me and just when I thought my knees will give away, suddenly everything went cold."Wha-t huh?" A moment before we couldn't have enough of each other and now, he was standing away, near his huge window, staring at me."Please leave Ms. Wilson" his voice was tart. I couldn't believe we were back to the last name basis. "How dare you?" I was furious."Tone, Ms. Wilson" His lips were a thin line."Then behave, Mr. Holden" I straightened my dress and hair and turned on my heel.***************************************************************************Greetings, Thank you for giving this book a chance :) Please read, comment and hit the Star :)--Cover pic credit to squammie.wordpress.com/
8 303 - In Serial27 Chapters
Hunter's Beta (mxm)
Alpha- fearless leader stronger than any other shifter.Beta- second in command and faithful confident.Finding out that their mates proves to be less important than stopping a deadly pastime enemy emerging from the darkness to destroy their kind.
8 192 - In Serial12 Chapters
Out of Character | Darlentina
Being an actress they need to follow the script but what will happend when the adlibs was added in real life? what will happen when the script gets out of the character? Will it ruin the storyline or it will start a new beginning for a new story?
8 175

