《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 9 ( uni)
Advertisement
"ဟဲ့ နင်ဘာဖြစ်နေတာလဲ"
"အေးလေးတစ်နေ့လုံးငူငူငိုင်ငိုင်နဲ့ဘာဖြစ်နေတာလဲ မင်းခန့်အကြောင်းများစဉ်းစားနေသလား"
မြတ်နဲ့ပြည့်ပြည့်တို့တစ်ယောက်တစ်ခွန်းထင်ရာပြောနေကြသဖြင့်မဟာအတွေးတွေကိုရပ်လိုက်သည်။တကယ်တမ်းကျတော့ကိုယ့်ဘာသာတောင်ဘာအကြောင်းစဉ်းစားနေမှန်းသေချာမသိ။ရောက်တတ်ရာရာတွေးနေမိခြင်းရယ်ပါ။
ဒါကိုအမျိုးမျိုးထင်ကြေးပေးနေကြတာကသူတို့နှစ်ယောက်ရယ်လေ။
"နင်တို့ဟာလေ ပြောလိုက်ရင်တလွဲကြီးပဲ၊ဘာတွေမှန်းမသိဘူး"
"မသိဘူးလေဟယ်နင်ကပြတင်းပေါက်ဖက်ကြီးလှည့်ပြီးငေးနေတာကိုး"
"အဲ့တာဆိုဘာအကြောင်းစဉ်းစားနေသလဲမှန်မှန်ပြောစမ်း"
မဟာ့မျက်နှာကိုတည့်တည့်ကြည့်ကာမေးနေသောမြတ်ကြောင့်မဟာရယ်မိသည်။
"ငါ့ဘာသာတောင်ဘာအကြောင်းမှန်းမသိပါဘူးဆို"
"ဟဲ့ဒါနဲ့နင်မင်းခန့်ကြီးကိုအဖြေပြန်မပေးတော့ဘူးလား"
ပြည့်ပြည့်စကားကြောင့်မဟာတစ်ချက်ငိုင်သွားမိသည်။မင်းခန့်အကြောင်းစဉ်းစားမိတော့သူမဟာ့ကိုလိုက်လာတာသုံးနှစ်တောင်ရှိလာပြီပဲ။အရင်ကသူ့ကိုပြန်မကြိုက်တဲ့အကြောင်းက second year မှာအမှတ်ကောင်းမှ Honours တန်းဝင်နိုင်မယ်ဆိုတဲ့အတွေးကြောင့်ရည်းစားမထားခဲ့ခြင်းဖြစ်သည်။အခုကျတော့ရော။
အခုမဟာဖြစ်ချင်သလို first year honours ကျောင်းသူကြီးဖြစ်နေလေပြီ။အခုမင်းခန့်ကိုပြန်ကြိုက်လို့ရနေပြီ။မင်းခန့်ဆိုတာတခြားကောင်လေးတွေလိုဟော့ဟော့ရမ်းရမ်းလည်းမဟုတ် လိမ္မာရေးခြားရှိတဲ့သူ။စာတော်သလားဆိုတော့လည်း honours တန်းဝင်တာတောင် roll no 2နှင့်ဝင်တဲ့သူ။
မိဘအသိုင်းအဝိုင်းကြည့်ပြန်တော့လည်းငြင်းစရာမရှိ။
သူ့ကိုအဖြေပြန်ပေးဖို့အချိန်တန်ပြီမဟုတ်လား။သို့သော်မဟာ့စိတ်ထဲမှာတစ်စုံတစ်ယောက်ကိုမျှော်လင့်နေမိသည်။
သူကဘယ်သူလဲဆိုတာမဟာကိုယ်တိုင်လည်းမသိ။မဟာ့စိတ်ထဲတစ်ခုခုကိုထမ်းထားရသလိုလေးလံရလာရသည်။
မဟာကြောက်နေမိတာကမင်းခန်ကိုအဖြေပြန်ပေးရမှာကိုမဟုတ်ပါ။မင်းခန့်ကိုအဖြေပြန်ပေးပြီးလျှင်ခြားသွားမည့်စည်းတွေကိုပင်ဖြစ်သည်။
ထိုသူဟာဘယ်သူလဲဆိုတာကိုမဟာမသိချင်ပါ။သိရမှာကိုလည်းကြောက်မိသည်။လောကကြီးမှာကိုယ့်အပေါ်အလေးမထားတဲ့သူကိုစိတ်ပါနေမိခြင်းကဘယ်လောက်တောင်ပင်ပန်းတဲ့အရာလည်းဆိုတာမဟာကိုယ်တိုင်ပဲသိသည်။
ဟင့်အင်း။ဒီအတိုင်းလေးပဲရှိပါစေတော့ဟုသာထကြွလာသောခံစားချက်တွေကိုချိုးနှိမ်လိုက်ရပြန်သည်။
"မဟာ နင်မင်းခန့်နဲ့တွဲလိုက်ပါဟာ"
"အေးဟုတ်တယ် မင်းခန့်လည်းနင့်ကိုချစ်တာပဲ၊နင်လည်းချစ်လာမှာပါ ၊ငါအာမခံတယ်"
မဟာပြုံးလိုက်မိသည်။မြတ်ရဲ့စကားကြောင့် Carol ဇာတ်ကားထဲက Carol ပြောတဲ့စကားလေးကိုသွားသတိရမိသည်။ ကိုယ်တိုင်က straight ဟုခံယူထားသောကြောင့် Yuri ဇာတ်ကားတွေလည်းမကြည့်ခဲ့မိ။သို့သော် Carol ကားကိုတော့ ပျင်းသည်ရှိသည်နှင့်ကြိတ်မှိတ်ပြီးကြည့်ခဲ့ဖူးသည်။
Carol ဆိုတဲ့ Tachi အမျိုးသမီးတစ်ယောက်ကအသိုင်းအဝိုင်းရဲ့တွန်းအားကြောင့် ယောက်ျားတစ်ယောက်နှင့်အိမ်ထောင်ကျပြီးကလေးတစ်ယောက်ရခဲ့သော်လည်းတစ်နေ့မှာ သူ့ထက်အများကြီးငယ်တဲ့ Neko ကောင်မလေးကိုတွေ့ပြီးချစ်မိသွားခဲ့သည်။
နောက်ဆုံးသူ့ယောက်ျားကသူ့ကိုမထားသွားအောင် ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်ပြီးရုံးမှာတရားရင်ဆိုင်ကြသည်။
Carol က သူ့ကလေးကိုအင်မတန်ချစ်သော်လည်းနောက်ဆုံးမှာတရားသူကြီးတွေကိုပြောလိုက်တာက"ကျွန်မကကလေးကိုထိန်းသိမ်းခွင့်နေရာယူပြီးကျွန်မယောက်ျားနဲ့ပြန်ပေါင်းခဲ့မယ်ဆိုရင်တောင် ကျွန်မကိုယ်ကျွန်မဘာဆိုတာမေ့လို့ရမှာမဟုတ်ဘူးတဲ့ "။
သူ့စကားလေးကမဟာနဲ့တစ်ချိန်မှာပတ်သက်ဆက်နွယ်လာလိမ့်မယ်လို့လုံးလုံးလျားလျားမထင်ထားမိခဲ့ချေ။
အခုမင်းခန့်ကိုအဖြေပေးဖို့စဉ်းစားတော့ ကိုယ့်ကိုယ်ကိုယ်ဘာဆိုတဲ့အဖြေကဦးနှောက်ထဲမှာလာနှိပ်စက်သည်။
မဖြစ်ပါရစေနဲ့။မဟာမေတ္တာဟာ ယောက်ျားတစ်ယောက်နဲ့အိမ်ထောင်တစ်ခုကိုထူထောင်မဲ့သာမန်မိန်းမတစ်ယောက်သာဖြစ်လိုက်ချင်ပါသည်။
"မဟာ"
"မဟာ"
မဟာ့လက်မောင်းကိုလာပြီးလှုပ်နေသဖြင့်မဟာဆတ်ကနဲတုန်သွားမိသည်။အတွေးကမ္ဘာကအိပ်မက်တွေကိုပြန်ပြီး recall ပြန်လုပ်လိုက်သည်။
"ဟိုမှာ မင်းခန့်ကြီး ကျောင်းလာတယ်ဟ၊ပြောရင်းဆိုရင်းအသက်ရှည်အုံးမယ်"
မင်းခန့်ကပထမအချိန်မှာအတန်းမတက်သဖြင့်မင်းခန့်ကျောင်းမလာဖူးဟုသာမဟာတို့သိထားကြသည်။အခုတော့မဟာတို့မျက်စိရှေ့ရောက်လာနေသည်။
မင်းခန့်ကမဟာတို့ဆီလာပြီးထိုင်ခုံမှာဝင်ထိုင်လိုက်သည်။
"နင်တို့ဘာတွေစုပြီးစကားများနေကြတာလဲ"
"မဟာကနင့်ကိုအဖြေပေးမလို့တဲ့😝"
"ဟင် တကယ်"
မျက်နှာလေးဝင်းပသွားသည်ကိုမဟာမြင်လိုက်ရသဖြင့်ရယ်လည်းရယ်ချင်မိသည်။သို့သော်ရယ်လည်းမရယ်ရက်ပါချေ။
မျှော်လင့်ချက်အပြည့်ဖြင့်မဟာ့ဆီလှမ်းကြည့်နေသောမင်းခန့်ကိုကြည့်ပြီးမဟာ့ရင်ထဲမှာစိတ်လှုပ်ရှားမှုတွေဖြစ်မလာပေ။
သူငယ်ချင်းဆိုတဲ့အသိကြောင့်ရယ်လားတော့မသိ။
သို့သော် မဟာ့ရင်ထဲမှာသာမန်မိန်းကလေးဆိုတဲ့အသိကြီးကခေါင်းထဲရောက်လာပြန်သည်။မင်းခန့်ကိုသာမဟာကြိုက်လိုက်ရင် အများရဲ့အမြင်မှာလည်း ကဲ့ရဲ့စရာဖြစ်မည်မဟုတ်တော့။မဖြစ်နိုင်တဲ့အရာကိုမသိစိတ်ကမျှော်လင့်နေမိတဲ့ခံစားမှုကြီးလည်းဆိတ်သုဉ်းသွားပေလိမ့်မည်။
ဟင့်အင်း။မဟာမေတ္တာဟာ ထိုအရာကိုဘယ်တော့မှဝန်ခံမှာမဟုတ်ဘူး။ထိုအရာကိုအဓိပ္ပါယ်ဖော်မှာလည်းမဟုတ်ဘူး။
"ဟုတ်တယ် မင်းခန့် ငါနင့်ကိုချစ်တယ်"
"ဟင်!!! နင်တကယ်ပြောနေတာလားမဟာ"
"အေး တကယ်ပြောနေတာပေါ့"
"ဝမ်းသာလိုက်တာဟာ ၊ငါ့မှာနင်ငါ့ကိုအဖြေပြန်မပေးတော့ဘူးတောင်ထင်နေတာ "
"အခုပေးပြီပဲ"
"အေးပါဟာ ငါရင်ခုန်လွန်းလို့ပါအိပ်မက်တော့မဟုတ်ပါဘူးနော်"
"အမလေးဟယ် မဟာကနင့်ကိုတကယ်ပါလို့ပြောနေတာကိုတကတည်း အေးနင့်ကိုမဟာကအဖြေပြန်ပေးတဲ့အနေနဲ့ငါတို့ကို Korea Town မှာလိုက်ကျွေး😊"
ပြည့်ပြည့်မကဆေးထိုးနေသည်မို့မဟာရယ်လိုက်မိသည်။
"ဟုတ်တယ်မင်းခန့် နင် ငါတို့စားချင်တာလိုက်ကျွေး"
"အေးပါဟာ ကျွေးမှာပေါ့၊ နင်တို့ကြိုက်တဲ့ဆိုင်မှာစားသိလား "
"တကယ်!!"
"အေး "
"အဲ့ဒါဆိုသွားကြရအောင်အခု😊😊"
"ငင့်အခုကြီးလား"
"အေး အခုပဲသွားမယ်"
"သွားမယ်ဟာ အဲ့ဒါဆိုလဲ"
မြတ်ကအစားအသောက်နဲ့ပတ်သက်လာရင်ဘယ်တော့မှအချိန်မဆွဲတတ်သူပီပီသွားဖို့ပြင်နေလေပြီ။အပျော်လုံးဆို့နေတဲ့မင်းခန့်ကလည်းဟိုနှစ်ယောက်ရဲ့စကားကိုအကုန်လိုက်နာနေမည်သာဖြစ်သည်။
မဟာတို့လေးယောက် အတန်းလစ်ပြီး Korea Town ကိုလာခဲ့ကြသည်။မင်းခန့်ခါးကိုပထမဆုံးအကြိမ်ဖက်ပြီးဆိုင်ကယ်စီးခြင်းရယ်ပါ။
မင်းခန့်ကတော့ပြုံးလို့ပျော်လို့။
>>>>>>>>>>>>>>>>>
မပတ်သက်မိအောင်နေတော့မည်ဟုဆုံးဖြတ်လိုက်ခြင်းရဲ့နောက်ကွယ်မှာသူတို့နှစ်ယောက်စလုံးနဲ့ပတ်သက်တဲ့အရိပ်အယောင်လေးနဲ့တောင်မဟာမထိတွေ့ချင်ပါ။မဟာ့ကိုအမြဲကလေးကစားစရာအရုပ်လေးတစ်ခုလိုသတ်မှတ်ကြတဲ့ထိုပတ်ဝန်းကျင်မှာမဟာနောင်ဘယ်တော့မှမရှင်သန်မိအောင်ကြိုးစားမည်ဟုဆုံးဖြတ်ထားမိသည်။
နေရပ်ဝန်းရှိနေလျှင်မဟာ့ကိုရှိသည်ဟုမမြင်သောရှိုင်းနှင့် ရှိုင်းရှိနေလျှင်အားလုံးကိုအလျှော့ပေးနေသောနေရပ်ဝန်း ။
သူတို့နှစ်ယောက်နဲ့မဟာဘာလို့များသွားပြီးပတ်သက်ခဲ့မိပါလိမ့်ဟုတွေးပြီးနောင်တရမိသည်။
သို့သော်အခုလိုရုတ်တရက်ကြီးထိပ်တိုက်တွေ့ပြန်တော့မဟာဘာလုပ်ရမည်နည်း။
မဟာတို့လေးယောက်ဆိုင်ထဲဝင်လာခဲ့တော့မဟာတို့ဘေးနားကဝိုင်းမှာထိုင်နေသောမမနေကိုတွေ့လိုက်ရသည်။မပတ်သက်တော့ဘူးဟုဆုံးဖြတ်ထားမိသော်လည်းမမနေရဲ့မျက်နှာလှလှလေးနဲ့အပြုံးချိုချိုလေးကိုတွေ့လိုက်ရပြန်တော့တင်းထားတဲ့မဟာ့စိတ်တွေကအရည်ပျော်ကျလာသည်။
မမနေရယ်ဆုလေးရယ် ရှိုင်းမကြိုက်သောအမျိုးသားရယ်သုံးယောက်တည်းထိုင်နေကြခြင်းရယ်ပါ။
မမနေကရှိုင်းကိုတွေ့တော့ပြုံးပြသည်။ဟင့်အင်းမပြုံးပြကြပါနဲ့။ရှင်တို့နှစ်ယောက်ကမဟာ့ရင်ကိုခွဲမဲ့သူတွေ။
"ကလေး တို့ကိုမနှုတ်ဆက်တော့ဘူးလား"
ဟင့်အင်းမခေါ်နဲ့။မထူးချင်ဘူး။ကိုယ့်ဘဝကိုယ်သာယာနေကြပါရက်နဲ့မဟာ့ကိုသူတို့အပျင်းပြေအရုပ်တစ်ခုလိုဆော့ကစားခဲ့ကြသောသူတွေ။
"မဟာနင်ကလည်းဟိုမှာနှုတ်ဆက်နေတယ်လေ ဘေးမှာဆုလေးရောပါတယ် "
မြတ်ကလက်မောင်းကိုတံတောင်နှင့်လာတွတ်သဖြင့်မဟာသတိဝင်လာမိသည်။တကယ်တမ်းကျတော့လည်းမဟာ့တစ်ယောက်ထဲသာဖြစ်နေခြင်းမဟုတ်လား။တွေးကြည့်ပြန်တော့လည်းမဟာ့စိတ်ကသာအဓိကမို့စိတ်ကိုဖြေပြီးမင်းခန့်ကိုထားကာမမနေသို့ဝိုင်းကိုလာခဲ့သည်။
"မမနေတို့ကမုန့်လာစားကြတာလား၊ဆုလေးရော"
"ဟုတ်တယ် မမ "
"ရှိုင်းရောမပါဘူးလား"
"သူမသိအောင်လာကြတာပါကွာ၊တို့ဒီမှာထိုင်ခဲ့တယ်ဆိုတဲ့အကြောင်းရှိုင်းကိုမပြောပါနဲ့နော်"
"မမနေကလည်းပြောစရာလား"
ဘေးနားကအမျိုးသားကိုရည်ညွန်းမှန်းမဟာသိပါသည်။ထိုအမျိုးသားနဲ့မမနေတို့ကဘာလို့ခိုးတွေ့ကြသလဲမဟာစဉ်းစားမရ။
"အန်ကယ် ဒါကမဟာမေတ္တာတဲ့ ၊ ရှိုင်းနဲ့လည်းသိတယ် ဆုလေးနဲ့လည်းသိတယ် နေတို့ညီမလေးတစ်ယောက်လိုပဲ"
"သြော်___တွေ့ရတာဝမ်းသာပါတယ်သမီးရယ်"
"ဟုတ်ကဲ့ပါအန်ကယ်"
လက်လှမ်းလာသဖြင့်မဟာလည်းလက်ဆွဲနှုတ်ဆက်လိုက်သည်။အန်ကယ်လို့ခေါ်ရပေမဲ့အန်ကယ်ခေါ်ရမဲ့အရွယ်ပင်မဟုတ်။အတော်နုပျိုသောလူပင်ဖြစ်သည်။ချောသည်ဆိုတာထက်ခန့်ညားသောရုပ်သွင်ရှိသည်။
ထိုလူနဲ့ဘာပတ်သက်မှုများရှိကြသလဲဟုတွေးမိသေးသည်။
"ကလေးကမုန့်လာစားတာလား"
"ဟုတ်မမနေ"
"ကလေး ဒီနေ့အားရင် တို့နဲ့ကစားကွင်းလိုက်ခဲ့လေ ၊ဆုလေးကိုလိုက်ပို့မလို့ ကလေးအားရင်လဲလိုက်ခဲ့လို့ရတယ်"
"ဟင်"
ရုတ်တရက်ရင်ထဲမှာဘယ်လိုဖြစ်သွားမှန်းမသိ။first date ဆိုတာလဲမေ့သွားသည်။မင်းခန့်လည်းမေ့သွားသည်။ပြည့်ပြည့်နဲ့မြတ်ကိုလည်းမေ့သွားသည်။ခေါင်းထဲတွေးမိတာကမမနေအနားတစ်နေကုန်နေရမယ်ဆိုတာလေး။
"မလိုက်ချင်ဘူးလား"
"ဟင့်အင်း လိုက်ချင်တယ် "
"ကလေးသူငယ်ချင်းတွေရောခေါ်ခဲ့လို့ရတယ်လေ"
"ရတယ် မမနေ သူတို့ကလိုက်မှာမဟုတ်ဘူး😀 "
"အင်း အဲ့ဒါဆိုစားပြီးရင်သွားကြတာပေါ့"
"ဟုတ်မမနေ ဒါနဲ့မမနေတို့ကပြီးပြီလား "
"တို့ကပြီးပြီ သွားကြတော့မလို့ ကလေးလာတာနဲ့တွေ့တာ ရပါတယ်ကလေးတို့မုန့်စားပြီးတဲ့အထိစောင့်ပါ့မယ်"
"ဟာ မဟုတ်တာ မဟာကမဆာဘူးမမနေရဲ့"
"တကယ်ရောဟုတ်ရဲ့လား"
"ဟုတ်တယ်မမနေရဲ့ အဲ့ဒါဆိုမဟာသွားပြောလိုက်အုံးမယ်"
"အင်း"
မဟာမင်းခန့်တို့ဆီလာပြီးဝမ်းသာအားရနှင့်မစားတော့ဘူးဆိုတဲ့အကြောင်းပြောလိုက်သည်။မမနေနဲ့ကစားကွင်းလိုက်သွားမယ်ဆိုတဲ့အကြောင်းပါထည့်ပြောလိုက်သေးသည်။
မဟာတစ်ယောက်ထဲပြောပြီးမဟာတစ်ယောက်ထဲပျာယာခတ်ကာစိတ်တွေလှုပ်ရှားနေသည်။
ပြန်ပြောမဲ့စကားတို့ကိုလည်းမစောင့်။အင်မတန်လှပသည့်အမျိုးသမီးနောက်ကောက်ကောက်ပါအောင်လိုက်သွားသောမဟာ့ကိုဝိုင်းကြည့်နေမိကြသည်။
>>>>>>>
Advertisement
- In Serial40 Chapters
teaser//jolinsky
"this isn't right sir." moaned johnson as gilinsky played with the hem of his pants."call me jack." growled gilinsky in his ear.*inspired by brooklynwritings "Bed of lies" !!!
8 201 - In Serial56 Chapters
My Muted Alpha | ✔️
"And then he breaks. An outburst of broken sobs, as my mate let out the saddest cries I've ever heard. He shook and trembled, clinging onto me for dear life. Over and over again, he collapsed in my arms." ***Rhea Grey has been traveling the world for her mate, looking aimlessly for many years with no luck. Disappointed and with little hope left, she decides to return back to her old pack and try her luck one last time. Little did Rhea know, her mate was not just an Alpha, but he had been broken beyond repair.{Book contains a PTSD topic, gender roles are switched} | Highest Rank in Werewolf #2 |Cover was made by me. ©EnchantressSkittlez All Rights Reserved.None of the images or videos shown in this book belong to me. They belong to their rightful owners. Thank you.
8 338 - In Serial35 Chapters
The Unwanted Mate I✔️
He ignored me... He broke my heart... All he wanted was an heir and I was the means to that end... He was suppose to be the one that loved me and took care of me... He was my mate... A mate that didn't love meNow I have his heir growing in me but once he gets what he always wanted I will disappear from his life forever... Well, that was the plan until he decided he wanted more than an heir .....He wanted me
8 186 - In Serial51 Chapters
Killed by My Stalker (Complete)
After being killed by my stalker, I found myself being reincarnated in a murder mystery novel I was reading right before I died.Instead of the heroine, I was reincarnated as the heroine's best friend Lilian Lemaire who dies early in the story from a serial killer who likes stalking and killing pretty young girls at night. Her death sets the beginning of a chain of murders.Victorian murder mystery!#1 - shortstory#1 - reincarnation#1 - josei#1 - obsession#2 - murder#2 - torment#4 - drama#20 - tragedy#20 - adultfiction⚠️ SMUT WARNING ⚠️TRIGGER WARNING: Torture and sexual abuse!Author note: Story is definitely not for children and includes explicit scenes >.Short chapters for easy reading 📖 Each chapter takes about 1 minute to read. Short story that you can finish in a day! Please remember to vote!Status Updated: CompletedMy first original short story! Thank you for reading.
8 278 - In Serial26 Chapters
That teacher Who Saved Me / Adopted By Gerard Way
Being abused mentally and physically but what happens when 16-year-old Laysa starts to get really close with her neighbor and art teacher Gerard Way? Is he going to save her from a toxic household?The story is NOT true!Mcr is broken up in here sadly but we never know what's going to happen.
8 90 - In Serial49 Chapters
His Mate {Alpha Hoseok} (Complete)
A Hoseok FF (JHope x Reader)Highest Ranking: #1 - btsjhope out of 22.1K books.~He moves his face closer to her neck. His mouth parts open and he aggressively licks her skin. She could feel his sharp canines on her neck. It was tempting, too tempting for him to control. "MARK HER!" his wolf said. "MARK HER! SHE'S OUR MATE!!" "Fuck!" He cursed before giving in the temptation.
8 86

