《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 8 (Uni)
Advertisement
ဖုန်း screen ပေါ်မှာပေါ်နေသောနံပါတ်လေးကိုကြည့်ပြီးရှိုင်းကတောက်ခေါက်နေတာအကြိမ်ကြိမ်အခါခါရယ်ပါ။နေဖုန်းနံပါတ်ကိုမမြင်ရသော်လည်းဘယ်သူဆက်တယ်ဆိုတာသိလိုက်ပါပြီ။နေ့မှာဘေးနားကနေထိုင်လိုက်လာရသော်လည်းရင်တထိတ်ထိတ်နှင့်ဖြစ်လာသည်။
သူ့ဒေါသကနေရာရွေးတာမဟုတ်။တော်ကြာကားမောင်းနေရင်းတွေ့တဲ့အရာတစ်ခုခုကိုဝင်တိုက်လိုက်မှာစိုးရိမ်မိသည်။စိတ်ထဲမှာရသမျှဘုရားစာတွေရွတ်နေမိသည်။မသိမသာခိုးကြည့်လိုက်တော့အောက်နှုတ်ခမ်းကိုဖိကိုက်ထားသည်ကိုတွေ့လိုက်ရသည်။
"ရှိုင်း__"
"ပြော"
ငေါက်ဆတ်ဆတ်နှင့်ဖြေလာသဖြင့်နေ့မှာအသက်ပင်ဝဝမရှုရဲ။နေတစ်ခုခုပြောမည်ကြံတုန်းနေ့ဆီဖုန်းဝင်လာသည်။ဖုန်းနံပါတ်ကိုကြည့်ပြီးနေ့မှာလန့်သွားမိသည်။
ရှိုင်းဆီဆက်မရ၍နေ့ဆီဆက်ခြင်းဖြစ်သည်။နေဖုန်းကိုကြည့်ပြီးအကြာကြီးစဉ်းစားနေသဖြင့်ရှိုင်းကလှည့်လာသည်။
"ဘယ်သူ့ဖုန်းလဲ"
"ဟင်"
နေကြောင်အအဖြစ်သွားသည်။ရုတ်တရက်ဘာပြောရမည်မသိသဖြင့်ဖုန်းကိုအနောက်ကိုဖွက်လိုက်သည်။ဒါကိုရှိုင်းကမြင်ဟန်တူသည်။
"စက်ပိတ်ထားလိုက်"
"မ မဟုတ်__"
"နှစ်ခါမပြောဘူး "
နေလည်းသက်ပြင်းလေးချပြီးဖုန်းကိုစက်ပိတ်ပစ်လိုက်ရသည်။တော်ကြာဖုန်းအသစ်ရနေမှဖြင့်ဒုက္ခ။
"နေ ဒီနေ့အိမ်မပြန်ရဘူးနော် "
"ရှိုင်းကလဲ"
"နေ အိမ်ကိုဖုန်းဆက်လိုက်"
"ဒီနေ့က__"
"တို့ဆက်ရမလား၊နေကိုယ်တိုင်ဆက်မလားပြော"
"ဒီနေ့ကမေမေကမိသားစုစုံစုံလင်လင်နဲ့ညစာစားချင်လို့ပါတဲ့ဆို၊နေကလည်း___"
"သိတယ်လေ အဲ့ဒါကြောင့်မသွားခိုင်းတာ"
"ရှိုင်း"
"နေရပ်ဝန်း မင်းမဆက်ရင်တို့ဆက်မှာနော်"
"အင်းပါ အင်းပါ ကောင်းပြီ ကောင်းပြီ နေဆက်လိုက်မယ်၊နေဒီနေ့အိမ်မပြန်ဘူး ရှိုင်းကျေနပ်ပြီလား"
"အင်း ဒါပေါ့ ကျေနပ်တာပေါ့ "
ပြုံးတာလိုလိုမဲ့တာလိုလိုမျက်နှာအမူအရာနှင့်နေ့ကိုလုပ်ပြနေသောရှိုင်းကိုကြည့်ပြီးနေ့ရင်ထဲမှာဝမ်းနည်းရသည်။
"ဒါပေမဲ့ တို့အိမ်မှာညစာစားကြတာပေါ့ နေရယ် ဆုလေးရယ် တို့ရယ် "
"အင်း"
"တစ်ခုသတိရလို့ ဟိုကလေးမလေးလေ မဟာမေတ္တာကိုရောခေါ်လိုက်ရင်ကောင်းမလား ၊သူကတစ်မျိုးပဲထူးခြားတယ်၊ပြီးတော့နေနဲ့မတူတဲ့အချက်သူ့ဆီရှိတယ် နေ့ဆီကမရတာတွေအားလုံး သူ့ဆီကလွယ်လွယ်ကူကူရတယ်သိလားတို့အဲ့ဒါကိုကြိုက်တယ်"
နေ့မှာရင်ထဲမှာအသက်ရှုလို့ပင်မဝဖြစ်လာသည်။ကလေးမလေးကိုရှိုင်းဘယ်လိုနည်းတွေသုံးပြီးအနိုင်ကျင့်ခဲ့လေသလဲဆိုပြီးရင်ထဲမှာသူ့အတွက်စိတ်မကောင်းဖြစ်ပြီးသနားသွားသည်။
ဒီအရွယ်ဆိုတာစိတ်လှုပ်ရှားလွယ်၊စိတ်ကစားလွယ်တဲ့အရွယ်မဟုတ်လား၊ရှိုင်းရဲ့စိတ်ကိုနေအသိဆုံးမို့ကလေးမလေးအတွက်တွေးပြီးရင်ထဲမကောင်းမိ။
"ရှိုင်းရယ်___ကလေးကမိကောင်းဖခင်သားသမီးလေးပါ၊ကလေးကိုအဲ့လိုတွေမလုပ်ပါနဲ့"
"တို့ကဘာလုပ်လို့လဲနေရဲ့"
"နေ့ဘဝကိုရှိုင်းအပိုင်ရနေပြီပဲ အပြစ်မရှိတဲ့ကလေးလေးကိုတော့ဒုက္ခမပေးပါနဲ့လား သူ့ဘဝလေးနဲ့သူပျော်နေပါစေလား"
ရှိုင်းရဲ့မျက်ခုံးနှစ်ဖက်ကအပေါ်ပင့်တက်သွားပြန်သည်။ပြီးတော့ evil smile ပြုံးပြုံးနေသည်ကိုနေတွေ့လိုက်ရသည်။
"တို့သူ့ကိုမြင်ကတည်းကတို့ကအပိုင်တွက်ခဲ့ပြီးသား၊တို့ကိုအကန်စကားတွေနဲ့ချည်းတုံ့ပြန်ကတည်းကတို့ရဲ့ list ထဲသူ့ကိုထည့်လိုက်တာ"
"ရှိုင်းရာနေ့ကိုဘယ်လောက်ပဲအနိုင်ယူယူနေကရှိုင်းရဲ့အနိုင်ကိုခံရမဲ့သူမို့ နေဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ ဟိုကလေးကဖြူဖြူစင်စင်လေး သူ့ခမျာဘာမှသိရှာမှာမဟုတ်ဘူး နေ့ကိုဒီလောက်ရှိုင်းစိတ်တိုင်းကျအနိုင်ယူနေတာတောင်မကျေနပ်သေးဘူးလား"
"Oh!!ဘာဆိုင်လို့လဲ နေကနေ သူကသူ ပြီးတော့နေ့ဆီကတို့လိုချင်တာမှမရတာ"
"ရှိုင်း "
"Omm ပြောလေ"
"ကလေးကိုလွှတ်ပေးလိုက်ပါ"
"နေကသူ့ဖက်နာပေးနေရအောင်နေနဲ့သူနဲ့ကဘာမို့လဲ"
မြားဦးကလှည့်လာပြန်ပြီ။ရှိုင်းဆိုတဲ့အမျိုးဟာရစ်တဲ့နေရာမှာနှစ်ယောက်မရှိအောင်ရစ်နိုင်တဲ့သူ။သူဖြစ်ချင်တာကိုမရရအောင်လုပ်တတ်တဲ့လူ။
အခုလည်းဟိုကလေးဖက်ကကာပေးတော့မြားဦးလှည့်ပြန်သည်။
"ဘာရမှာလဲ လူတိုင်းကိုရှိုင်းလိုမှတ်နေတာလား"
နေစိတ်ပေါက်ပေါက်နှင့်ပြောချလိုက်တော့ရှိုင်းမျက်နှာကအနည်းငယ်မာသွားသည်။
"နေ___မဟာမေတ္တာဖက်ကလိုက်ပြောတာလဲတို့မကြိုက်ဘူး၊မဟာမေတ္တာကတို့အပိုင်ပဲ၊ပြီးတော့တစ်ခါတည်းလည်းမှတ်ထား__ နေရပ်ဝန်း ကို ဒီရှိုင်းနားကဘယ်သူ့လက်ထဲမှအပါခံမှာမဟုတ်ဘူး၊အဲ့လိုဖြစ်လာတဲ့တစ်နေ့က နေသေရမဲ့နေ့ပဲ အဲ့ဒါကိုနေ့ခေါင်းထဲမှာမြဲမြဲမှတ်ထား၊နေ့ရင်ထဲနှလုံးသားထဲဦးနှောက်ထဲမှာမြဲမြဲမှတ်ထား၊နေ့ဘဝတွေအချိန်တွေအားလုံး တို့အနားမှာပဲကုန်ဆုံးရမှာ အဲ့ဒါနေသိလား"
နေ့နားထင်ကိုလက်ညိုးနှင့်ထိုးကာပြောနေသောရှိုင်းကြောင့်နေငိုချင်သော်လည်းမငိုမိ။ရင်ထဲမှာဝမ်းနည်းစိတ်တွေကတော့အလိပ်လိုက်တက်လာသည်။
လောကကြီးဆိုတာ give and take အမြဲယှဉ်တွဲနေခြင်းမဟုတ်လား။တစ်ခုလိုချင်ရင်တော့တစ်ခုကိုပေးဆပ်ရမှာပေါ့။သို့သော် နေကပေးဆပ်နေရသော်လည်းအခုချိန်ထိနေဘာတစ်ခုမှပြန်မရသေးတာတော့သေချာပါသည်။
ရှိုင်းကကားကို Bright College ရှေ့ရပ်လိုက်သည်။
ထိုင်ခုံမှာထိုင်စောင့်နေသောဆုလေးကိုတွေ့လိုက်ရသဖြင့်ကားရပ်ရပ်ချင်းနေကအရင်ဆင်းလိုက်သည်။
ဆုလေးကနေ့ကိုမြင်တော့ပြေးလာသည်။
"မမနေ"
"ဖြေးဖြေးလာပါဆုလေးရဲ့ တကတည်းကလေးကျနေတာပဲ"
"ဒီနေ့ဘယ်သူမှမလာတာသေချာတယ်နော်"
ရှိုင်းရဲ့အမေးကြောင့်ဆုလေးကတစ်ချက်ငိုင်သွားသော်လည်းချက်ချင်းပြန်ပြုံးသည်။
"ဟင့်အင်းမမ မလာပါဘူး ဆုကမမစကားနားထောင်ပါတယ်"
"အင်း ပြီးရော အဲ့ဒါဆို သွားမယ်"
ဆုလေးကနေ့ခါးကိုဖက်ကာလိုက်လာသည်။ရှိုင်းကိုချွဲမရတော့နေ့ကိုအမြဲချွဲနေကြ။
"မမနေ "
"ရှင့် "
"မမနေ"
"ရှင့်"
"မမနေလို့"
"ဆုဆုဘာဖြစ်နေတာလဲ "
ရှိုင်းရဲ့အသံဆတ်ဆတ်ကြောင့်မျက်နှာလေးငယ်သွားရှာသည်။
"ရှိုင်းကလည်းကလေးကို ခေါ်ပါစေ ဆုလေး မမနေကဒီနေ့ဆုလေးနဲ့အိပ်မှာသိလား"
"ဟာ တကယ်လား "
"အင်းပေါ့"
"Yayyy!!! အဲ့လိုနေ့တိုင်းလာအိပ်ရင်ကောင်းမှာပဲ😞"
ဆုလေးရဲ့စကားကိုနေရယ်မိသလား၊ခေါင်းညိမ့်မိသလား၊ခေါင်းခါမိသလား မပြောတတ်။
သေချာတာတစ်ခုကသွေးတွေဆောင့်တက်သွားသည်။
>>>>>>>>>>>>>>>>>>>
ရှိုင်းကညနေစာအတူစားရအောင်ဆိုသဖြင့်သာလာခဲ့ရသည်။ရင်ထဲမှာတော့တုန်နေသည်။ရှိုင်းကိုကြောက်တာလား၊မမနေကိုကြောက်တာလားမပြောတတ်။ရှိုင်းနဲ့မမနေဟိုတစ်ခါကလိုပြသနာဖြစ်ကြမှာစိုးလို့ရင်တုန်တာလည်းဖြစ်နိုင်သည်။
"တီ တီ တီ "
ဆိုင်ကယ်ဟွန်းကိုတီးလိုက်သဖြင့်အိမ်ထဲကနေတစ်ယောက်ထွက်လာသည်။သေချာကြည့်လိုက်တော့မမနေ။
ဒူးအထိဖုံးသောနီညိုရောင်ဂါဝန်ကိုယ်ကျပ်ကိုဝတ်ထားပြီးဆံပင်တွေကိုမြောက်မြောက်စည်းထားပုံကဆယ်ကျော်သက်လေးအလား။လမ်းလျှောက်လာတိုင်းဆံနွယ်လေးတွေလွှင့်သွားတတ်ပုံကမဟာ့ကိုငေးမောစေသည်။
မမနေဟာဘာလို့ဒီလောက်တောင်လှရသလဲမပြောတတ်။
မမနေကိုကြည့်ပြီးဘာကိုနှမျောမှန်းမသိနှမျောနေမိသည်ကအမှန်ပင်။မမနေကမဟာ့ကိုမြင်တော့ပြုံးပြီးခြံတံခါးကိုဖွင့်ပေးသည်။
"လာ ကလေး "
"မမနေ အရမ်းလှတာပဲ ဒီနေ့"
"ခါတိုင်းနေ့ကမလှလို့လား"
"မဟုတ်ပါဘူး ခါတိုင်းလည်းအမြဲတမ်းလှပါတယ်မမနေက"
"အမြောက်ကောင်းလှချည်လားကလေးရဲ့ မဟုတ်လည်းကျွေးမှာပါ"
"လုပ်ပြီ မမနေကတော့ မဟာကတကယ်ပြောတာပါ ဒါနဲ့ရှိုင်းရော__"
"ရှိုင်းအထဲမှာရှိပါတယ် ဒါနဲ့ကလေးကအိမ်ပြန်အိပ်မှာမလား"
မဟာ့မျက်နှာကကွက်ကနဲပျက်သွားသည်။မဟာ့ကိုဒီအိမ်မှာအိပ်မှာအဲ့လောက်တောင်စိုးရိမ်နေသလားမသိ။ရှိုင်းကိုလုယူမှာအတော်စိုးရိမ်နေပုံရသည်။
စိတ်ချပါမမနေရေ___။မမနေလိုဒီရှိုင်းနားအနှိပ်စက်တော့မခံဘူး မဟာမေတ္တာတို့က ဟု စိတ်ထဲမကျေမနပ်ပြောမိသေးသည်။
"ပြန်အိပ်မှာပါ"
"သြော် အင်း ကောင်းတယ်၊ သွားမယ်အထဲသွားရအောင်"
"ဟုတ်ကဲ့"
ဆိုင်ကယ်ကိုတွန်းပြီးမမနေအနောက်လိုက်လာခဲ့သည်။အနောက်နေသေချာကြည့်မိတော့မှမမနေရဲ့ခါးလေးကအင်မတန်ကိုသေးသေးသွယ်သွယ်လေး။ဟိုတစ်ခါရှိုင်းအတင်းဆွဲဖက်တုန်းကနာမှာပဲဟုမဆီမဆိုင်တွေးမိသေးသည်။မမနေရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတပ်မက်စရာတွေချည်း။ဘယ်နေရာကြည့်ကြည့်စိတ်ချမ်းသာစေသည်😛။
ဒီလောက်လှတဲ့မမနေကိုရထားတာတောင်ရှိုင်းကဘာလို့နှိပ်စက်နေသလဲမသိ။ပြီးတော့မဟာ့ကိုလည်းသူ့စရင်းထဲထည့်ချင်သေးသည်။မဟာဆိုတာမမနေနဲ့ယှဉ်လိုက်လျှင်ဆီနဲ့ရေ။
"ဟာ မဟာမတျတော လာ လာ"
မဟာ့ကိုမြင်တော့ဖန်ခွက်တွေချနေရာကနေလှမ်းကြည့်သည်။ဟင်းတွေက အတော်စုံသည်။ပုစွန်အစိမ်းသုတ်၊ကြက်ချိုချဉ်၊ဝက်သားနီချက်၊ပုစွန်ထုပ်ဆီပြန်ချက်၊ဝက်နံရိုးကြော်၊ငါးကင် ၊အစိမ်းကြော်တွေရော (ကိုယ်ကြိုက်တာတွေရေးထားတာ😛) တုံယမ်းဟင်းရည် ရောအစုံပင်။
သူတို့ဘာပျော်ပွဲရှိလို့ကျွေးသည်တော့မသိ။မဟာကတော့ခွေးဘုရားပွဲတွေ့သလိုပင်😂။
"ဆုလေး မမ ကိုနှုတ်ဆက်လိုက်အုံးလေ"
ရှိုင်းကပြောတော့ထိုင်ခုံမှာထိုင်နေသောဆုလေးကိုမဟာ့ကိုပြုံးပြလာသည်။
"Good Evening မမ "
"အင်း ဆုလေး"
"နေ ရေခဲသတ္တာထဲက vodka ပုလင်းလေးယူခဲ့ပေး"
"ဘာလုပ်ဖို့တုန်း"
"သောက်ဖို့လေ"
"ရှိုင်း"
"နေကလည်းစကားများလိုက်တာ"
သြော်မများလို့ရမလား။ရှိုင်းကအရက်နဲ့လုံးဝမတည့်သူမဟုတ်လား။ဆရာဝန်ကရှောင်ခိုင်းထားတာကိုအရွဲ့တိုက်နေသလားမှတ်ရတယ်။
"မယူပေးဘူး"
"နေ"
"ဘာလဲ"
"ဒါလေးယူခိုင်းတာကို ဘာဖြစ်နေတာလဲ"
တစ်ယောက်ပြောဖန်များလျှင်စကားများလာမည်ကိုကြိုသိနေသဖြင့်မဟာကပင်ကြားထဲကဝင်ဖြေပေးရသည်။
"မဟာယူပေးမယ်လေ ရှိုင်းရဲ့"
"ဟင့်အင်း နေ ပဲ ယူရမယ်"
"မယူပေးဘူးလို့ပြောပြီးပြီလေ"
"နေရပ်ဝန်း"
"ဘာလဲ"
"တွေ့မယ် နေ__"
ပြောရင်းဆိုရင်းရေခဲသေတ္တာဆီသွားကာ vodka ပုလင်းကိုဖောက်နေသောရှိုင်းရယ်လေ။vodka ပုလင်းကိုဖွင့်ဖွင့်ချင်းမော့သောက်မည်ကြံနေသောရှိုင်း။
"ရှိုင်း ဘယ်လိုဖြစ်နေတာလဲ အသက်ရှည်ရှည်မနေချင်တော့ဘူးလား"
"တို့မရှိရင် နေ့ကိုဒုက္ခပေးမဲ့လူမရှိတော့ဘူးပေါ့"
သူတို့နှစ်ယောက်ကိုကြည့်ရင်းမဟာ့ရင်ထဲမှာတစ်ခုခုကိုဆုံးရှုံးနေရသလိုခံစားလာမိသည်။ဘာတွေလဲ၊ဘာလို့ရင်ထဲမှာတစ်မျိုးကြီးဖြစ်နေရတာလဲ။
မဟာကဒုတိယလူဆိုတာကြီးကခံစားလာရသည်။ထိုခံစားချက်ကမနာလိုခြင်းလား၊ဝန်တိုခြင်းလား၊ မပြောတတ်။
ဘယ်သူ့အပေါ်ဖြစ်တည်နေသလဲ မဟာကိုယ်တိုင်လဲမသေချာ။သေချာတာတစ်ခုကရှိုင်းရဲ့မာဆတ်ဆတ်အပြုအမူတွေကိုပြေလျော့လာအောင်ပြုလုပ်ပေးနိုင်တဲ့မမနေကိုအားကျသည်။
ရှိုင်းအပေါ်သူဒီလောက်သည်းခံနိုင်တာကိုတွေးပြီးရင်ထဲမှာဝမ်းနည်းမိသည်။
ဟင့်အင်းမဟုတ်ပါစေနဲ့။မဟာကstraight ။
မိန်းမတစ်ယောက်ကိုကြိုက်မဲ့မဟာမေတ္တာမဟုတ်ဘူးဟုသာကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်လိုက်သည်။
ထိုညစာစားပွဲသည်သူတို့နှစ်ယောက်ရဲ့ရန်ပြေပွဲသက်သက်သာ။
မဟာသည်ရုပ်ရှိပြီးနာမ်မရှိသောလူကဲ့သို့ပင်။
Advertisement
- In Serial306 Chapters
The Revenge Turned To Love
Mishi Xin is a girl with a soft and kind heart who lives with her two younger twin siblings. After her parents' death, she has lost faith in other relations as her own uncle threw them out of the house. Mishi works hard to end her and her siblings' miserable life. But then she meets Xian Zhang who makes her life more miserable than ever.
8 299 - In Serial267 Chapters
Forsaken Immortals
Finding an ancient treasure was not as fortunate as one might expect. As soon as Bai Rouyun had left the grave, countless sects and hidden families set out to kill her for the sake of obtaining her treasure for themselves.
8 266 - In Serial146 Chapters
Twice Over
(A Rebirth Novel) Happy-go-lucky, sports loving artist Lily Twice, loses everything when her father dies and her mother remarries while hiding devastating secrets from her teenage daughter. The first time around, life throws her some pretty hairy curve balls, including a beautiful two-faced, white lotus step-sister, and Lily becomes - not the Cinderella of fairy tales - but the ugly step-sister in everything way but appearance. In the process of trying so hard to keep what she once held secure, she finds her picture perfect life crumbling into sand and dust and slipping through her fingers. Not only does she lose the campus prince charming to her bomb-shell step-sister, she also loses her her self-respect, everyone she holds dear, her father's business legacy and soon afterwards, she loses her life. She wakes up again in her 17 year old self going through her senior year at high school all over again, and just in time for her mother to remarry. Lily takes a good hard look at her life and realises she needs to reinvent her personal philosophies; even a few playing fields and circumvent motions in play just to have what its going to take this time around to live twice over.Part Two now being published from Chapter 101 on wards - enjoy the sweet reads!Rankings:#1 BeautifulFemaleLead - Aug 2020#1 FaceSlap - Aug 2020#1 Femalelead - Aug 2020#1 Ragstoriches - Sep 2020#1 FaceSmacking - Oct 2020 & July 2021#1 SchoolLife - Feb 2021#1 Revenge - May 2021#1 Femalelead - Aug 2021#1 Reincarnation - Nov 2021#1 Reborn - Nov 2021#1 Revenge - Dec 2021#1 SchoolLife - Mar 2022#1 RagsToRiches - Mar 2022#1 SmartFemaleLead - Apr 2022#1 FemaleLead - Aug 2022
8 152 - In Serial31 Chapters
The Bodyguard
When a rebellious daughter raised in a gangsters family run away from home, she is transported back in time to ages of Prince and Kings somehow. Hiding in the world run by men, she opts for the only position that fate allots her, Prince's Personal Bodyguard. But the handsome , casanova yet intelligent Prince doesn't know that his new bodyguard is a girl. And it doesn't help when he can't even see her face..... Girl is fearless while the Prince is a constant target for danger, for once it's the girl that becomes the protector.
8 309 - In Serial32 Chapters
dream girl ✿ hermione granger
erin mckinnon and hermione granger first met at hogwarts express on the first of september nineteen-ninety-one. they promised each other to be friends. sadly, after erin was sorted into slytherin, the two of them barely talked since. when in their fifth year dumbledore's army is established, hermione and erin get closer and closer and closer.「ootp - dh」 hermione granger x fem oc © onyxlovegood 2022start; 9th august 2022end; -
8 201 - In Serial38 Chapters
✔️I'm already YOURS | J.K
𝕯𝖊𝖘𝖎𝖗𝖊 𝖙𝖔 𝖒𝖆𝖐𝖊 𝖞𝖔𝖚 𝖒𝖎𝖓𝖊......
8 126

