《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 7 ( uni)
Advertisement
"ဖြေရှင်းချက်လိုချင်တယ်"
"နေပြောပြီးပြီပဲ___ရှိုင်းမှမယုံတာကို"
ရှိုင်းရဲ့မျက်ခုံးနှစ်ဖက်ကအပေါ်ကိုတက်သွားပြန်သည်။အရှုံးပေးထားရက်နဲ့ခဏခဏအနိုင်လိုချင်သူကိုဘယ်လိုဖြေသိမ့်ပေးရမလဲမသိ။နေ့ဘဝရဲ့နုပျိုမှုတွေ၊လွတ်လပ်မှုတွေအားလုံးအပ်နှံထားတာတောင်မကျေနပ်သေးဘူးတဲ့လား။
နေရင်ထဲမှာသက်ပြင်းသေးသေးလေးခိုးချမိသည်။
"သူတို့နဲ့မှမဟုတ်ဘူး ဘယ်ယောက်ျားနဲ့မှမယုံဘူး ရှင်းလား၊ပြီးတော့ဒီနေ့ကစပြီးတစိမ်းယောက်ျားဆိုရင်မျက်လုံးနဲ့တောင်စောင်းမကြည့်နဲ့ တို့မကြိုက်ဘူး "
"မဟုတ်သေးဘူးရှိုင်းရယ် နေ ဘာလုပ်နေလို့လဲ၊ရှိုင်းစိတ်တိုင်းကျနေနေတာပဲ၊နေ့ဖက်ကဘာများအမှားလုပ်မိနေလို့လဲ ရှိုင်းကြိုးဆွဲရာကနေရတာပဲမဟုတ်လား"
ရှိုင်းမျက်နှာတစ်ချက်ပျက်သွားသော်လည်းမျက်နှာထားကပြန်တင်းသွားသည်။ရှိုင်းကထိုင်နေရာကနေနေ့ကိုမော့ကြည့်လာသည်။နေကမတ်တပ်ရပ်နေရာကနေထွက်သွားမည်ကြံလိုက်တော့နေ့လက်ကိုလှမ်းဆွဲလိုက်သဖြင့်ခန္ဓာကိုယ်ကယိုင်ပြီးရှိုင်းပေါင်ပေါ်ကျသွားသည်။ရှိုင်းကခြေကလိမ်ချိတ်ထားရာကပြန်ပြင်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရောက်လာသောနေ့မျက်နှာလှလှလေးကိုအငမ်းမရစိုက်ကြည့်နေသည်။
"နေရပ်ဝန်းလိုအရမ်းလှတဲ့မိန်းကလေးကတို့အပိုင်ဖြစ်နေတာသိပ်ကြည်နူးစရာကောင်းတာပဲ "
ပြောရင်းနေ့ပါးကိုလာနမ်းသဖြင့်နေကမျက်နှာကိုတစ်ဖက်ကိုလှည့်လိုက်သည်။သူ့အနမ်းကလူကိုမြတ်နိုးလို့နမ်းတဲ့အနမ်းမှမဟုတ်တာ။
"နေ အဲ့လိုလုပ်တာတို့မကြိုက်ဘူး"
နေကဘာမှပြန်မပြောမိ။လွှဲထားသောမျက်နှာကိုလည်းပြန်မတည့်မိ။တစ်ခါတစ်လေကိုယ့်ဖက်ကပေးဆပ်နေရတာတွေကတော်တော်များနေပြီဟုခံစားလာမိသည်။
"နေ ဒီနေ့နေသိပ်မကောင်းချင်ဘူးပြီးတော့ မေမေကလည်းဒီနေ့စောစောပြန်လာဖို့မှာလိုက်တယ်"
"ဘာကြောင့်"
ဂရုမစိုက်သလိုမျက်နှာပေးနှင့်ပေးနေသဖြင့်ပြန်ပြောရမည့်စကားတို့ကလည်ချောင်းဝမှာတစ်ဆို့လာသည်။သို့သော် ဒီနေ့နေ့စိတ်တွေရှုပ်ထွေးသဖြင့်ရှိုင်းနဲ့ဝေးရာကိုသာထွက်သွားချင်မိသည်။
"အိမ်မှာညနေစာစားကြရအောင်လို့တဲ့"
"မပြန်ရဘူး"
"ရှိုင်း"
နေဆတ်ကနဲထလိုက်သည်။ရှိုင်းကဂရုမစိုက်သလိုမျက်နှာပေးနှင့်နေ့မျက်နှာကိုမေ့ကြည့်လာသည်။နေထွက်သွားဖို့ကြံသော်လည်းရှိုင်းအကျင့်ကိုနေအသိဆုံးမို့ရှိုင်းအရှေ့မှာထိုင်ချလိုက်သည်။
"နေ တောင်းပန်ပါတယ် ရှိုင်းရယ်___နေအခုပြန်ပါရစေ၊ကျေးဇူးပြု၍"
"ဟားဟားဟားဟား ဒီရှိုင်းနားကစကားကိုနှစ်ခါမပြောတတ်ဘူး မှန်းစမ်း နေရပ်ဝန်းစိတ်ညစ်နေတဲ့မျက်နှာလေး"
ပြောနေရင်းနေ့မေးဖျားကိုကိုင်ကာမေးလိုက်သေးသည်။နေ့ကိုဘာလို့များဒီလောက်တောင်ဖိအားတွေပေးနေသလဲနားမလည်။သူ့စိတ်ကြိုက်နေ့ဘဝကိုခြယ်လှယ်နေတာတောင်မကျေနပ်သေးတော့နေလည်းဝမ်းနည်းလာသည်။
ထို့ကြောင့်မျက်ရည်တွေစီးကျလာသည်။ရှိုင်းကနေ့မျက်ရည်တွေကိုမြင်တော့တစ်ချက်ငိုင်သွားသော်လည်းအလျှော့မပေးတတ်သည့်အကျင့်အတိုင်းမရယ်ချင်ရယ်ချင်နှင့်ရယ်လိုက်ပြန်သည်။
"တို့အရှေ့မှာမငိုပြနဲ့နေ၊တို့ကငိုတာမကြိုက်ဘူး မင်းငိုပြလို့လဲတို့ဆုံးဖြတ်ချက်ကပြင်မှာမဟုတ်ဘူး၊မင်းကိုတို့ပိုင်တယ် ၊အဲ့ဒီတော့မင်းဒီနေ့ အိမ်မပြန်ရဘူး၊ဒီလမ်းကိုမင်းကိုယ်တိုင်ရွေးခဲ့တာပဲ တို့ကမင်းကိုslave အဖြစ်နေခိုင်းနေတာမှမဟုတ်တာ ၊ဒီရှိုင်းနားရဲ့မိန်းကလေးနေရပ်ဝန်းအဖြစ်နေခိုင်းနေတာ"
သူဘာတွေလုပ်နေသလဲသူ့ဘာသာတောင်သိပုံမရသောရှိုင်းကိုနေအထွန့်မတက်ချင်တော့။ပြောရင်လဲရမှာမဟုတ်တော့မဲ့အတူတူသူ့ဆန္ဒအတိုင်းသာဖြစ်ဖို့သဘောတူလိုက်ရသည်။
"ကောင်းပြီလေ ရှိုင်း မသွားစေချင်ရင်နေမသွားဘူး"
"Wow!! That is my girl!"
"ဒေါက် ဒေါက် "
"ဝင်ခဲ့"
တံခါးပွင့်သွားတော့ရှိုင်းရဲ့နှုတ်ခမ်းတွေကနေ့နှုတ်ခမ်းတွေဆီအတင်းအဓမ္မလာနမ်းနေသည်။ဒါကရှိုင်းရဲ့အကျင့်။နေ့ကိုသူ့ဝန်ထမ်းတွေအရှေ့မှာပင်မချန် သူပိုင်တယ်ဆိုတာပြချင်တာမဟုတ်လား။
ဝန်ထမ်းကောင်မလေးကထထွက်သွားရတော့မလိုရပ်နေရတော့မလိုဖြစ်နေတာကိုနေမြင်ရသည်။နေ့မှာအသက်ရှူပင်ကြပ်လာရသည်။အတော်ကြာမှလွှတ်ပေးပြီး သူမဟုတ်သလိုကောင်မလေးကိုတစ်ချက်ပြန်ကြည့်သည်။
နေ့မှာမျက်နှာပူသော်လည်းဘာမှပြန်မပြောမိ။
"ပြော ဘာကိစ္စ"
"ကြော်ညာရိုက်ဖို့ကိစ္စအတွက်အောက်ထပ်မှာဦးအောင်မင်းရောက်နေတယ် မမ"
"သြော် အေးဟုတ်ပြီလေ တို့ဆင်းလာခဲ့မယ်"
"ဟုတ်မမ"
ကောင်မလေးကခါးလေးညွတ်ပြီးထွက်သွားတော့ရှိုင်းကနေ့မျက်နှာကိုသေချာကြည့်သည်။
"တို့အခန်းတံခါးသော့ပိတ်ခဲ့မယ်"
"ဘာလဲ နေထွက်ပြေးမှာစိုးလို့လား"
"ဒါပေါ့"
"ကြံကြီးစည်ရာရှိုင်းရယ်"
"Ok တို့သွားမယ် "
ထပြီးနေ့ပါးပြင်ကိုနမ်းကာထွက်သွားလေသည်။အခန်းတံခါးကိုသော့ပိတ်သံကြားသဖြင့်နေ့မှာမျက်မှောင်ကြုတ်မိသည်။ဒီအခန်းထဲမှာနေရမဲ့အဖြစ်ကိုတွေးပြီးပျင်းနေမိသည်။
"📲📲📲📲📲📲📲📲📲📲
နေဆိုဖာပေါ်အိပ်မည်ကြံတုန်းရှိုင်းရဲ့ဖုန်းကမြည်လာလေသည်။နေလည်းဖုန်းကိုကြည့်လိုက်သည်။
"Mahar Myittar"ဆိုပဲ။
နေ့ကိုမြင်မြင်ချင်းနေ့ကစိုက်ကြည့်နေတဲ့ကောင်မလေး၊နေ့အတွက်ရှိုင်းကိုအသနားခံခဲ့သည့်ကောင်မလေးကိုဖျတ်ကနဲမြင်ယောင်လိုက်သည်။
ရှိုင်းကိုစွဲလန်းနေပုံရသောထိုကောင်မလေးအဖြစ်ကိုတွေးပြီးရင်ထဲမှာသနားမိသည်။ဖြစ်နိုင်လျှင်ကိုယ့်ညီမအရွယ်လေးမို့စိတ်မကစားစေချင်မိ။
နေဖုန်းက Answer ခလုတ်လေးကိုနှိပ်လိုက်သည်။
"ဟဲလို ရှိုင်း မမနေကိုဘာမှမလုပ်ဘူးမလားဟင်"
နေမျက်မှောင်ကြုတ်မိသည်။ဘာလဲ။သူဖုန်းဆက်တာနေ့ကိုစိတ်ပူလို့လားဟုတွေးရင်းနားမလည်ဖြစ်ရသည်။
"သမီး"
"ဟင် မမနေလားဟင်"
"အင်း ဟုတ်တယ် ရှိုင်းကအောက်ခဏဆင်းသွားလို့"
"ဆောရီးမမနေ မဟာကလေ ရှိုင်းမမနေကိုနှိပ်စက်နေမလားလို့တွေးပြီးစိတ်ပူလို့ဖုန်းဆက်လိုက်တာ"
"သြော်__အင်းစိတ်ပူပေးလို့ကျေးဇူးပါသမီး"
"မမနေ "
"ရှင်"
"မဟာ့ကိုသမီးသမီးနဲ့မခေါ်ပါနဲ့လား😞မဟာလို့ခေါ်ရင်လဲတစ်မျိုးပေါ့ သမီးလို့ခေါ်လိုက်ရင်ပြောစရာစကားတွေကုန်သွားသလိုပဲ၊မမနေအပေါ်လေးစားရမယ်ဆိုတာကြီးတွေးတွေးမိလာလို့"
"အဟား တို့ကတို့ထက်အများကြီးငယ်လို့သမီးလို့ခေါ်မိတာပါကွာ၊တို့ကအိမ်ကအိမ်ဖော်ကောင်မ လေးတို့အောက်၂နှစ်လောက်ငယ်တာတောင်သမီးလို့ခေါ်တာအကျင့်ပါနေလို့"
နေရယ်ရင်းပြောနေမိသည်။ဘယ့်နှယ်သူ့ကိုသမီးခေါ်တာမကြိုက်ဘူးဆိုလားပဲ။ဘယ်လိုကလေးမလေးလဲမသိ။
"မမနေကအခုဘယ်မှာလဲ ရှိုင်းအိမ်မှာလား"
"မဟုတ်ဘူး သမီး အဲလေ ကလေး "
"ဟာ အဲ့တာပိုဆိုးသွားပြီ😒"
"အဲ့ဒါဆို ဘယ်လိုခေါ်ရမှာလဲရှင်😞"
"မသိတော့ဘူး မမနေကြိုက်သလိုပဲခေါ်တော့"
"အဲ့တာဆိုကလေးပဲခေါ်တော့မယ် 😝😁"
"😒😒😒😒😒😒😒"
"တို့ကအခုရှိုင်းရဲ့ဆိုင်မှာ ဟိုတစ်ခါကလေးရောက်ဖူးတယ်လေ"
"မမနေကရှိုင်းဆီပဲအမြဲလာနေရတာလား"
"ဘာလို့အဲ့လိုမေးတာလဲ"
"ဟို မမနေမကြိုက်လို့လား😞မမနေမကြိုက်ရင်မမေးဘူးလို့သဘောထားလိုက်ပါ"
နေကဘာမှမပြောရသေးသူချည်းဇွတ်ပြောပြီးသူ့ဘာသာအထင်တွေဇွတ်ပေးနေသောကလေးမရယ်လေ။
"တို့လည်းဘာမှမပြောရသေးပါလားကွာ၊မဆိုးဘူးသိလား တို့ကပျင်းနေတာမင်းဖုန်းဆက်တာအပျင်းကိုပြေရော"
"ပျင်းနေတာ"
"အင်း ရှိုင်းကဘယ်မှမသွားရဘူးဆိုပြီးအခန်းသော့ပိတ်သွားလို့တို့ပျင်းနေတာ"
"ရှိုင်းကသော့ပိတ်သွားတယ်"
"အင်း"
"ရှိုင်းကမမနေကိုတအားနိုင်တာပဲလား၊ရှိုင်းကိုမဟာပြောကြည့်ပေးမယ်လေ မမနေကိုမနိုင်စားဖို့"
နေရယ်ချင်သော်လည်းမရယ်ရက်။သို့သော်ဒီကလေးကိုတော့ရှိုင်းနဲ့မပတ်သက်စေချင်။
"ကလေးမှာရည်းစားရှိလား"
"ရည်းစား?"
"အင်း ချစ်သူပေါ့"
"လိုက်နေတဲ့လူတော့ရှိတယ်"
"ကလေးကပြန်မကြိုက်ဘူးလား"
"ဒီလိုပါပဲစဉ်းစားနေဆဲပေါ့"
"အဲ့ဒါဆိုကလေးအမြန်စဉ်းစားပေးလိုက်ပါလား၊အပြစ်မရှိတဲ့ကလေးဘဝကိုရှိုင်းအညွန့်ချိုးလိုက်မှာတို့မမြင်ရက်ဘူး"
နေကတကယ့်စေတနာအမှန်နှင့်ပြောခြင်းဖြစ်သော်လည်းသူ့စိတ်ထဲဘယ်လိုထင်သွားသည်မသိ။
"မဟုတ်ဘူးနော် မမနေ မမနေအထင်မလွှဲပါနဲ့ ရှိုင်းနဲ့မဟာကရိုးရိုးသားသားခင်တာပါ၊မဟာကြောင့်ရှိုင်းနဲ့မမနေတစ်ယောက်ကိုတစ်ယောက်အထင်လွှဲစရာမလိုဘူး"
"ဟိတ် တို့ကမင်းကိုအထင်လွှဲလို့ပြောနေတာမဟုတ်ဘူး၊ရှိုင်းနဲ့ဝေးဝေးနေစေချင်တာကမင်းကိုတို့ကသဝန်တိုလို့ပြောနေတာမဟုတ်ဘူး မင်းကိုသနားလို့ပြောနေတာ"
နေ့အသံကအနည်းငယ်မာသွားသယောင်ရှိသည်။ထို့ကြောင့်တစ်ဖက်ကတော်တော်နှင့်အသံပြန်မလာ။
"ဟိတ် တို့ပြောတာကြားလား"
"ဟုတ်ကဲ့ ကြားတယ်မမနေ"
"ကြားရင်လဲအဖက်လေးဘာလေးလုပ်ပါအုံး"
"လုပ်ပါတယ်မမနေရဲ့"
"အတန်းချိန်မရှိဘူးလား ကလေးက"
"ဟုတ်___ရှိတယ်မမနေ အခုကျောင်းမှာ"
"သြော် အဲ့ဒါဆို တို့ဖုန်းချလိုက်တော့မယ်လေ"
"အင်း ___ဒါနဲ့မမနေဖုန်းနံပါတ်လေးရောမဟာ့ကိုပေးပါအုံး"
နေကဖုန်းနံပါတ်တချို့ကိုရွတ်ပြလိုက်သည်။ပြီးတော့ဖုန်းကိုချလိုက်ပြီးအိပ်ရာပေါ်မှာပြန်အိပ်နေလိုက်သည်။
>>>>>>>>>>>>>>>>>>>>
ပြည့်ပြည့်ရဲ့အမေကပြည့်ပြည့်ညီမလေးကိုသွားကြိုဖို့ဖုန်းဆက်သဖြင့်ပြည့်ပြည့်က မဟာ့ကိုရော မြတ်ကိုပါချောဆွဲလာသည်။ ပြည့်ပြည့်ညီမလေးက Bright College မှာတက်သဖြင့်မဟာတို့သုံးယောက် Bright College ရှေ့မှာစောင့်နေကြသည်။
"ဟဲ့ ဟိုလေ နင့်အဆက်ကြီးကတစ်မျိုးပဲနော်"
မဟာမှာရုတ်တရက်မြတ်ပြောလိုက်သောစကားကိုနားမလည်။ဘယ်သူဆိုတာစဉ်းစားမရသဖြင့်ပြန်မေးယူရသည်။
"ဘယ်သူလဲဟ"
"ဒီရှိုင်းနားလေ"
"ဘာငါ့အဆက်လဲ နင်တို့ပဲသူ့တွေ့ရင်တ မ မ နဲု့ဖစ်နေကြပြီး"
"သူ့ပုံစံကမိုက်တာကိုးဟဲ့😝"
"သေပါ့လား သူ့ထက်မိုက်တာပေါလွန်းလို့"
မဟာ့မျက်စိထဲနေရပ်ဝန်းမျက်နှာလေးကကွက်ကနဲထင်လာသည်။နေရပ်ဝန်းကပိုချောသည်မဟုတ်လား။
"ဟဲ့ ဟိုမှာဆုလေးမဟုတ်လား"
ပြည့်ပြည့်ကလှမ်းပြောသဖြင့်မဟာလည်းကြည့်လိုက်မိသည်။ဟိုးအရင်ကရှိုင်းနဲ့ပြသနာဖြစ်တဲ့လူကြီးနှင့်ဖြစ်သည်။ထိုလူကဆုလေးကိုဖက်ပြီးပါးလေးကိုနမ်းနေသဖြင့်သုံးယောက်သားမျက်လုံးပြူးသွားရသည်။
ဆုလေးကလည်းပြုံးလို့ပျော်လို့။
"ဟဲ့ အဲ့လူကြီးကဘယ်သူလဲမသိဘူးနော် ဒီရှိုင်းနားကအဲ့လူကြီးကြည့်တာတောင်ဒေါသတွေထွက်နေတာကို"
"ဒေါသထွက်တာတင်မကဘူး သူ့ညီမကို US တောင်ပို့မလို့တဲ့"
"ဟုတ်လား အဲ့ဒါနဲ့များဆုလေးကဘာလို့အဲ့လူကြီးနဲ့တွေ့နေရလဲမသိဘူးနော်"
မြတ်ကပြောရင်းတစ်ခုခုကိုစဉ်းစားဟန်ဖြင့်မဟာ့ဖက်လှည့်လာသည်။မဟာလည်းဘာလဲဟူ၍မေးငေါ့ပြသည်။
"နေပါအုံး သူ့ညီမကို US ပို့မယ်ပြောတာနင်ကဘယ်လိုသိ"
"ဟင် 😩အဲ့ အဲ့ဒါကဒီလိုပဲ စကားစပ်မိရင်းပြောပြတာ"
ပြည့်ပြည့်နဲ့မြတ်ကမယုံသလိုမျက်နှာပေးနှင့်ကြည့်နေကြသည်။မဟာကတော့ဘာမှမဖြစ်သလိုဟန်ဆောင်လိုက်ပြီးဆုလေးကိုပြန်ကြည့်လိုက်သည်။
ဒီမြင်ကွင်းကို ရှိုင်းမမြင်ပါစေနှင့်ဟုဆုတောင်းနေရသည်။
ခဏကြာတော့ပြည့်ပြည့်ညီမလေးထွက်လာသဖြင့်မဟာတို့အားလုံးလည်းပြန်လာခဲ့ကြသည်။
အာရုံထဲမှာတော့ဆုလေးနဲ့ဟိုလူကြီးပြုံးလို့ပျော်လို့စကားတွေဖောင်ဖွဲ့နေကြတာကိုသာမြင်ယောင်နေမိသည်။
ဆုလေးနဲ့ဘယ်လိုများပတ်သက်ကြသလဲ။ရှိုင်းကရောထိုလူကြီးကိုဘာလို့မုန်းနေရသလဲ။
ရှိုင်းကဘယ်လိုမိန်းမမျိုးလဲ။မမနေနှင့်ရောဘယ်လိုများပတ်သက်နေကြသလဲ။
တွေးနေရင်းခေါင်းသာခြောက်လာသည်။
အဖြေကပေါ်မလာ။ထပ်မတွေးဘဲကိုယ့်ဘာသာဆိုင်ကယ်ကိုအာရုံစိုက်မောင်းလာခဲ့သည်။
Advertisement
- In Serial134 Chapters
RUYI
How can you lose something you never have? When your own mother poisons you to gain pity from others, how should you feel? Why was I, the youngest, being married off? How could I care about something that was never mine? WARNING! Viewer discretion advised: Story contains adult content that is unsuitable for children. NOTE from the writer: I'm an amateur writer so please overlook plot holes, grammar issues, or anything else a story is supposed to have. This is my original story so... as the saying goes "if you have nothing nice to say, don't say anything at all".
8 439 - In Serial18 Chapters
LILLIAN ✩
Lillian Heart has been heavily trained for the responsibility to eventually conquer her father's business. Being a miracle child, the 19 year-old is the only available heir to her parents, making her the only liable option to eventually takeover.This is of course a problem with Lillian being the most timid, shy, and anxious girl one can ever meet.On a normal basis, Lillian accompanies her father on important meetings to understand how his world works. One specific meeting allows Lillian to come into contact with Klein Grey.Klein Grey unexpectedly offers her a personal assistant position in his office. Unable to decline, Lillian is obligated to say yes.-"Such a shy little girl, hm?" Mr. Grey steps directly behind me, close enough to where I can feel the heat radiating off his body."How could you handle such an important job if you could barely stand to look me in the eyes, little one?"
8 148 - In Serial46 Chapters
Till The End Of Forever
I told myselfthat I'd diebut not fall out of love with a manwho claimed to love medespite everythingLittle did I know that his love was nothing butthe end to my foreverbefore it even beganI told myselfI can never love a girl so out of my leaguemade for someone elseyet tied to me by fateWhat I didn't knowwas just a glance in her eyesAnd I'd be goneTill the end of forever||#1 in Halal as of 17th February 2021||||#2 in IslamicRomance as of 22nd March 2021||||Added to @WattpadRomanceIN's official Love After Marriage Reading List as of 12th July, 2021||
8 327 - In Serial59 Chapters
SLOW BURN
"I don't know why but every time I'm around you, all I want to do is grab you and kiss you."When Josh Andrews finds himself falling for his brother's girlfriend he puts time and distance in between to shut off whatever the hell he is feeling for her. There's nothing time can't make people forget and nothing distance can't disappear. Eight years later, he sees her again and it's as if he's back to square one. It's as if time and distance are laughing at him. He loves her skin, her smile, her hair, and most of all, her lips. They say the best things are forbidden and there's nothing more that Josh wants than to have a taste of that forbidden fruit...Natalie Garcia has been with Brad Andrews since Junior year in high school. Eight years later, she finds herself single for the first time since then. It's not easy to just forget about everything she went through with Brad...just like it hasn't been easy to forget about the time Josh kissed her the last time she saw him. Imagine thinking about a single kiss for eight years and then seeing the person that kissed you again. Natalie doesn't understand what it is about Josh that makes her skin burn with desire. Her body yearns for his touch whenever he's near. She knows it's wrong. Hooking up with your ex-boyfriend's brother has to be breaking some kind of rule but it's beginning to get harder and harder for her to fight against the fire...Josh and Natalie find themselves in a SLOW BURN romance that is wrong but feels so right at the same time...
8 233 - In Serial79 Chapters
Ruin Me
Kings Bridge Boys Book OneAfter her beloved mothers untimely death, Cara Collins, an independent, sassy, smart ass girl from Vegas is forced to go and live with her dad who she hasn't seen in 15 years. He's a teacher and housemaster at Kings Bridge Academy for boys. Enter Mitchell, Sawyer, Grey and Nico who are several of the hundreds of gorgeous, wealthy, stuck up boys Cara will now be living with. But they're determined to show her that money isn't all there is to them and that her troubled past doesn't have to be her whole story.Their friendship becomes everything as people from her past return to ruin her.Completed - 9/5/18
8 116 - In Serial38 Chapters
She's back and she's bad
Winter Del Rosá was always bullied and abused at school by her peers and looked down on It wasn't until her bestfriend ditched her to become apart of the plastics and popular kids of WestHill High and restarts to bully her using her father and others from her past to her advantage When she finally breaks she moves away only to return and finish off senior yearComing back is a changed Winter Del Rosá a stone cold female with no care for anyone unless she's close to them With her new attitude and figure, what happens when she attracts the bad boy who is rising to take his fathers place as the new mafia king
8 310

