《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 5 (Zaw)
Advertisement
ဖုန်းနံပါတ်လေးကိုနှိပ်ပြီးတော့အကြိမ်ကြိမ်ချပစ်နေမိသည်။ခေါ်ရကောင်းနိုးနိုးမခေါ်ရကောင်းနိုးနိုးနှင့်စိတ်ထဲမတင်မကျဖြစ်နေမိသည်။သေချာတွေးကြည့်ပြန်တော့လည်းကိုယ့်အပေါ်ဒီလိုလုပ်ထားတဲ့သူကိုကရုဏာထားနေစရာမလိုဟုတွေးမိပြန်သည်။
သို့သော်သူတို့ရဲ့ပြသနာကိုမသိဘဲကိုယ်ကအတင်းဝင်နှောက်သလိုများဖြစ်သွားသလားဟုတွေးကာစိတ်မကောင်းဖြစ်မိသည်။ထို့ကြောင့်မထူးစိတ်ပိုက်ကာဖုန်းကိုခေါ်ဖို့ဆုံးဖြတ်ချက်ချလိုက်သည်။
"တူ တူ တူ တူ "
ဖုန်းဝင်ပေမဲ့တော်တော်နှင့်မကိုင်။မဟာလည်းဖုန်းကိုအဆက်မပြတ်ခေါ်လိုက်သည်။ခဏကြာတော့မဟာ့ဖုန်းလေးတုန်ကနဲဖြစ်သွားသည်။ထို့နောက်ကြည်လင်ပြတ်သားသောအသံတစ်ခုကိုကြားလိုက်ရသည်၊
"ဟဲလို"
"ရှိုင်း ___ကျွန်မပါ မဟာ"
"တို့သိတယ်"
"ရှိုင်းကျွန်မကိုစိတ်ဆိုးနေသေးလား"
အသံတိတ်သွားသည်မို့မဟာသက်ပြင်းလေးချမိပြန်သည်။
ဒီမိန်းမအပေါ်ကိုယ်ကဘာလို့ချည်းရှုံးနေရတာလဲဟုလည်းအတွေးဝင်မိသည်။
"မင်းကအဲ့ဒါသိချင်လို့တို့ဆီဖုန်းဆက်တာလား"
"မဟုတ်ပါဘူး ရှိုင်းရယ်___မဟာလည်း ဘာရယ်မဟုတ်ဘူး ဆုလေးကိုသနားလို့ပြောလိုက်တာပါ မဟာဘာမှမသိဘဲဝင်ပြောသလိုဖြစ်သွားလို့တောင်းပန်တာပါ"
"ရတယ် မလိုဘူး"
မဟာစိတ်ထဲမကောင်းဖြစ်သွားပြန်သည်။တကယ်တမ်းဒီမိန်းမကိုစိတ်ဆင်းရဲအောင်လုပ်လိုက်ရလျှင် မဟာပျော်နေမိမှာပဲမဟုတ်လား။သို့သော်ဒီလိုမျိုးအဖြစ်နဲ့တော့မဟုတ်သဖြင့်ရှိုင်းအပေါ်အားနာမိသည်။
"ရှိုင်း ကျွန်မအပေါ်စိတ်ဆိုးနေတာလား"
"ဘယ်သူပြောလဲ"
ဘယ်သူပြောလဲလို့မေးစရာမလိုအောင်သိသာနေလို့ပေါ့ဟုပြောလိုက်ချင်သည်။သို့သော်___။
"စိတ်ထဲထင်လို့ပါ"
"အဲ့ဒါကမင်းစိတ်ထဲထင်တာလေ၊တို့ကပြောတာမှမဟုတ်တာ"
"ရှိုင်း___ရှင်ဟာလေ စကားကိုသိပ်ပြီးကတ်သီးကတ်သပ်ပြောတတ်တာပဲ ကျွန်မကတောင်းပန်နေတာကို"
"တောင်းပန်တယ်!!"
"ဟုတ်တယ်လေ"
"ကောင်းပြီလေ____မင်းတောင်းပန်ချင်တယ်ဆိုရင်တို့စိတ်ကျေနပ်အောင်တော့မင်းလုပ်ပေးရမယ်"
အင်း။ပြောလိုက်မိပြီးမှရင်ထဲထိတ်ကနဲဖြစ်သွားမိသည်။ကျေးဇူးရှင်ကဘာတွေများလုပ်ခိုင်းမလို့လဲမသိဟုတွေးကာလှုပ်ရှားနေသောရင်ကိုတချက်ဖိလိုက်သည်။
"အင်း ဘာလုပ်ပေးရမှာလဲ ကျွန်မက"
"Oh! No! No ! တို့ကအဲ့လိုမျိုးကြိုပြောရတာဝါသနာမပါဘူး ဒါပေမဲ့ မင်းပြောခဲ့တဲ့အရာအတွက်တော့မင်းတာဝန်ယူရမယ်နော် မဟာမေတ္တာ"
"အင်းပါ___"
"Ok လေ အဲ့ဒါဆိုတို့ဖုန်းချပြီ"
"ဟုတ်ကဲ့ Good Night"
မဟာဖုန်းကိုချလိုက်သည်။အခုမှညရှစ်နာရီသာထိုးသေးသည်မို့အောက်ထပ်ကိုဆင်းလာခဲ့သည်။အောက်ထပ်မှာမေမေကTV ကြည့်နေသည်မို့မေမေ့အနားကပ်လာခဲ့သည်။
"သမီး ထူးထူးခြားခြားဒီနေ့အောက်ကိုဆင်းလို့ပါလား၊ခါတိုင်းဆိုအခန်းထဲအောင်းပြီးဖုန်းကလိနေတဲ့လူကများ"
"မေမေကလည်းသမီးကအဲ့ဒါကြီးပဲတသမတ်တည်းလုပ်နေရတော့မှာလား အဲ့ဒါဆို"
"မဟုတ်ပါဘူးအေ___ဒီနေ့ကထူးခြားနေလို့ပါ"
မေမေကရယ်ရယ်မောမောနှင့်ပြောပေမဲ့မဟာကမေမေ့ကိုမျက်စောင်းခုတ်လိုက်မိသည်။
"မျက်စောင်းကြီးခုတ်ပြန်ပြီ"
"မေမေကသမီးကိုပြောနေတာကိုး😒"
"အင်းပါ ဟုတ်ပါပြီမပြောတော့ပါဘူး"
"ဒါနဲ့ဒယ်ဒီမပြန်လာသေးဘူးလား"
"သူဘယ်တုန်းကဒီအချိန်ပြန်ရောက်ဖူးလို့လဲ"
ပြောနေရင်းအသံကတိမ်ဝင်သွားသဖြင့်မဟာလည်းဝမ်းနည်းသွားမိသည်။တစ်ရက်မှာ၂၄နာရီရှိလျှင်ဒယ်ဒီကအိမ်မှာ၂၁နာရီလောက်မရှိ။ရှိပြန်လျှင်လည်းတစ်မျိုးပြီးတစ်မျိုးမေမေ့ကိုပြသနာရှာနေတတ်သည်မို့ဒယ်ဒီအိမ်မှာမရှိတာကလည်းတစ်မျိုးစိတ်ချမ်းသာရသည်။
တစ်ခါတစ်လေကျတော့လည်းကိုယ့်မိသားစုရယ်လို့နွေးနွေးထွေးထွေးနေချင်မိသော်လည်း မဟာငယ်ငယ်ကတည်းကမနွေးထွေးခဲ့သောကမ္ဘာကအခုမှပြန်ပြီးနွေးထွေးဖို့မလွယ်တော့။
နေသားကျနေတဲ့နေရာမှာသာနေလိုက်ခြင်းကမဟာ့ကိုပိုပြီးစိတ်သက်သာရာရစေသည်မဟုတ်လား။
"တီ တီ တီ တီ"
"တီ တီ တီ တီ "
အိမ်ရှေ့မှာကားဟွန်းတီးသံကြားသဖြင့်ဒယ်ဒီပြန်လာပြီဟုမဟာထင်လိုက်သည်။မဟာကတံခါးသွားဖွင့်မယ်လုပ်တော့မေမေကတားပြီးသူထသွားသည်။
"သမီးမသွားနဲ့မေမေသွားမယ်"
မဟာလည်းဘာမှမပြောဘဲထိုင်နေလိုက်သည်။ဒယ်ဒီကမေမေမလာလျှင်လည်းမလာရကောင်းလားဟုပြသနာရှာအုံးမည်မဟုတ်လား။ထို့ကြောင့်မေမေသွားတာပဲကောင်းသည်ဟုတွေးလိုက်သည်။
ခဏကြာတော့ခြေသံကြားသဖြင့်လှည့်ကြည့်လိုက်မိသည်။
အိမ်ထဲဝင်လာသူကဒယ်ဒီမဟုတ်။
မဟာ့မျက်လုံးတွေအမြင်များမှားသလားဟုပွတ်သပ်ကြည့်မိသေးသည်။ဟင့်အင်း ။မျက်လုံးကလည်းအကောင်းကြီးရှိသေးသည်မဟုတ်လား။
ဒါဆိုသူဘာလာလုပ်။အမယ် မခန့်ပုံကမဟာ့ဆီတည့်တည့်လာလိုက်သေးသည်။
"မဟာ မင်းကိုလာခေါ်တာ တို့အိမ်မှာအိပ်မယ်ပြောထားပြီးမှရောက်မလာလို့လာခေါ်ရတာ"
"ရှင်"
"သူကတစ်ခါတစ်လေအဲ့ဒီလိုပဲသမီးရေ___အမေ့ကလည်းအင်မတန်ကောင်းတာသိလား အခုလည်းသူပြောခဲ့တာကိုသူမေ့နေပြီထင်တယ်"
"ဟုတ်တယ် အန်တီရေ___မေ့နေသေးတာ၊သမီးမှာညကြီးမိုးချုပ်သူရောက်မလာသေးလို့လိုက်လာခဲ့ရတာ၊ဒါနဲ့ အန်တီစိတ်ချနော် သမီးကမိကောင်းဖခင်သားသမီးပါ၊အိမ်မှာမွေးနေ့ပွဲရှိလို့သာသူ့ကိုညအိပ်ဖို့ခေါ်တာ၊မဲ့တစ်ပေါက်မစွန်းစေရပါဘူး"
အမလေး မဲ့တစ်ပေါက်တော့မစွန်းပါဘူး။ငါနှော်ပြောလိုက်ရမကောင်းရှိတော့မယ်။တော်တော်မျက်နှာပြောင်တိုက်တဲ့မိန်းမ။ခုနကသူပြောတုန်းကသူ့အိမ်လိုက်အိပ်ရမယ်ဆိုတာမှမသိခဲ့တာ။ဒီလိုမှန်းသာသိရင်ဆယ်ခါပြန်ငြင်းမိမှာပဲ။
သို့သော်မဟာမလိုက်ဘူးလို့ငြင်းလိုက်လျှင်သူနည်းလမ်းမျိုးစုံသုံးမယ်ဆိုတာကြိုသိနေသည်။အ,ချင်ယောင်ဆောင်လိုက်ရသည်။
"သြော်____ဟုတ်သားပဲသမီးမေ့နေတာ၊ဒါပေမဲ့မေမေစိတ်မချရင်သမီးမသွားပါဘူး"
"သမီးကလည်းမေမေစိတ်ချပါတယ်၊ငါ့သမီးကိုလည်းမေမေယုံတယ် သမီးသူငယ်ချင်းရဲ့ပုံစံကလည်းမြင်တာနဲ့ယုံရမဲ့လူဆိုတာမေမေသိပါတယ် သမီးသွားပါ၊အိမ်မှာနေရင်တောင်သမီးစိတ်ဆင်းရဲစရာတွေကြုံရအုံးမယ် ၊သူငယ်ချင်းတွေနဲ့ပျော်ပျော်နေခဲ့ကြားလား"
မေမေတို့များသဘောကောင်းလိုက်တဲ့ဖြစ်ခြင်း😒။နဂိုကတည်းကမဟာ့ကိုအိမ်ကိစ္စမေ့ပြီးသူငယ်ချင်းတွေနဲ့သာပျော်ပျော်ရွှင်ရွှင်နေစေချင်တဲ့သူမို့သူကတောင်ပိုပြီးသွားခိုင်းနေသေး။
"ကောင်းကောင်းပျော်ခဲ့သိလား အိမ်ကိုခေါင်းထဲမထည့်နဲ့၊ သမီးလေးလည်းသူ့ကိုဂရုစိုက်ပေးပါအုံးနော်"
"သြော် စိတ်ချပါအန်တီ အဲ့ဒါဆိုသွားရအောင် မဟာအဝတ်အစားမလဲနဲ့တော့"
"အင်း "
အောင့်သက်သက်နဲ့လိုက်လာခဲ့ရသည်။ဘယ်လောက်တောင်ဥာဏ်များသလဲဆိုတာလိုက်၍ပင်မမီ။မလိုက်ဘူးလို့ငြင်းပြန်လျှင်မဟာနဲ့သူ့ရဲ့ကိစ္စကြီးနဲ့ချုပ်ကိုင်နေလျှင်ဒုက္ခ။ဒီမိန်းမကယုံရတာမဟုတ်။သူလုပ်ချင်တာရှိရင်လုပ်မဲ့အမျိုး။
"ဟိတ်!! ဘာတွေစဉ်းစားနေတာလဲ"
"ရှိုင်း ရှင်ကကျွန်မကိုဘာလို့ဒီလိုတွေလုပ်ရတာလဲဟင်"
"တို့ဘာလုပ်လို့လဲ"
"အခုလိုတွေလုပ်နေတာကိုပြောတာ"
"မင်းကိုတို့ပြောပြီးသားပဲ မင်းကတို့ရဲ့ကောင်မလေးလို့"
"ကောင်မလေးဆိုရအောင်ရှင်ကမိန်းကလေးလေ"
"A Hak!! သိတာပေါ့ ဒါပေမဲ့ လူတစ်ယောက်ကတစ်ယောက်ကိုပိုင်ဆိုင်နေဖို့ Gender ကွဲဖို့လိုသလား၊အခုမင်းကိုတို့ပိုင်နေတာပဲ"
"ဘယ်သူပြောလဲရှင်ကကျွန်မကိုပိုင်တယ်လို့"
"တို့ပြောတယ်လေ "
"မဟုတ်ဘူး ရှိုင်း___ရှင်တွေးတာတွေကလောကနိယာမကိုဆန့်ကျင်နေပြီ၊အမှန်အတိုင်းပြောရရင်ကျွန်မမှာလိုက်နေတဲ့ကောင်လေးတွေအများကြီးရှိတာပဲ၊ကျွန်မရည်းစားထားရင်ယောက်ျားလေးတစ်ယောက်ကိုပဲတွဲဖို့စဉ်းစားမှာပေါ့၊ဘာလို့လဲဆိုတော့ကျွန်မကမိန်းကလေးမို့လေ"
"Oh!! မင်းအတွေးတွေကနည်းနည်းတော့သမရိုးကျဆန်တယ်မဟာမေတ္တာ၊တို့ကတို့စိတ်ကိုသာယာအောင်ထားနိုင်တဲ့လူကိုတို့တပ်မက်တယ်၊တို့ကမိန်းကလေးဖြစ်နေလို့အဲ့ဒီလူကယောက်ျားတစ်ယောက်ဖြစ်စရာမလိုဘူး၊လူသားတစ်ယောက်ပဲဖြစ်ဖို့လိုတယ်၊တို့လိုလူသားတစ်ယောက်ကအခြားလူသားတစ်ယောက်အပေါ်ဘာလို့ပိုင်လို့မရရမှာလဲ၊အခုတို့မင်းကိုပိုင်နေတာလဲ ၊ လောကနိယာမဆိုတာဘာလဲ ၊ယေက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ချစ်ကြတာကိုပြောတာလား"
"မဟုတ်ဘူးလေ ဒါကဟိုး ကမ္ဘာဦးအစကတည်းကသတ်မှတ်ခဲ့တဲ့အရာတစ်ခုလေ"
"အင်းအဲ့ဒါကသူတို့သတ်မှတ်ခဲ့တာလေ၊အခုကတို့သတ်မှတ်တာလေ၊တို့ဘဝမှာတို့ကဘုရင်ပဲ ၊တို့ကမိန်းကလေးတစ်ယောက်ဆိုတာမှန်တယ်၊ဒါပေမဲ့ယောက်ျားတစ်ယောက်ကိုတီတီတာတာဖွဲ့နွဲ့ပြောပြီးအဲ့ဒီယောက်ျားရဲ့အရိပ်ကိုခိုလှုံချင်တဲ့မိန်းမမဟုတ်ဘူးလေ၊အဲ့ဒါကတို့ရဲ့ဖြစ်တည်မှုပဲလေ၊အဲ့ဒါကိုတို့ကပြောင်းလဲပစ်လို့မှမရတာ၊အဲ့ဒါတို့ရူးနေလို့လည်းမဟုတ်ဘူး"
ပြိုင်ပြောရင်လည်းနိုင်မှာမဟုတ်တာမို့ပြန်မပြောဘဲငြိမ်နေလိုက်ရသည်။
"ဒါနဲ့ဆုလေးရော"
"အိမ်မှာ"
"ဆုလေးကိုနောက်ဆိုရင်လူကြားထဲမှာအဲ့လိုကြီးမငေါက်ငမ်းပါနဲ့ရှိုင်းရယ်___ကလေးကြည့်ရတာ အားငယ်တတ်တဲ့ပုံလေး"
"မင်းကိုတို့အိမ်ကိုလာအိပ်ဖို့ခေါ်လာရတဲ့အကြောင်းကတို့ရဲ့ရှုပ်ထွေးနေတဲ့စိတ်တွေကြည်လင်အောင်လို့ပဲ၊ဘာလို့လဲတော့မသိဘူး မင်းမှာ အစွမ်းအစတစ်ခုတော့ရှိတယ်သိလား မင်းကိုယ်တိုင်သတိမထားမိလို့"
မြောက်နေပြီ။ဒီလိုပုံမှန်မဟုတ်တဲ့စကားတွေပြောလာရင်လူကခပ်လန့်လန့်ရယ်။
ရှိုင်းကကားကိုရပ်လိုက်ပြီးကားပေါ်ကဆင်းကာခြံတံခါးကိုသွားဖွင့်သည်။ပြီးမှအိမ်ထဲမောင်းဝင်လာခဲ့သည်။
အိမ်ထဲရောက်တော့ ဧည့်ခန်းထဲမှာထိုင်ပြီးစာဖတ်နေသော မိန်းမကြီးတစ်ယောက်ကိုတွေ့ရသည်။
"အန်တီမိုး ဆုဆုရော"
"သမီး အပြင်ထွက်သွားကတည်းနဲ့အောက်ကိုဆင်းမလာဘူး"
"သြော်___မဟာမေတ္တာ အပေါ်သွားရအောင်လေ"
မဟာလည်းရှိုင်းနောက်လိုက်လာခဲ့သည်။ရှိုင်းတို့အိမ်ရဲ့လှေကားတစ်လျှောက်နံရံတွေမှာဆုလေးရဲ့ပုံတွေချည်းချိတ်ထားတာကိုသတိထားမိသည်။လှေကားတစ်လျှောက်နံရံတွေမှာဆုလေးရဲ့ချစ်စရာကောင်းလှသောပုံတွေကအပြည့်နေရာယူထားသည်။
မဟာကရှိုင်းဝင်သွားသည့်အခန်းထဲလိုက်လာခဲ့တော့အခန်းထဲတရှုံ့ရှုံ့နှင့်ငိုနေသောဆုလေးကိုတွေ့သဖြင့် မဟာလည်းဆုလေးကုတင်ပေါ်မြန်မြန်သွားလိုက်သည်။
"ဟယ်! ဆုလေးငိုနေတယ် ဘာဖြစ်တာလဲ မမကိုပြောလေ"
ရှိုင်းကဘာမှမပြောဘဲအသံတိတ်နေသည်။ဆုလေးရဲ့မျက်နှာကရှိုင်းဆီမော့ကြည့်လာသည်။
"မမ ဆုတောင်းပန်ပါတယ်"
ထိုင်နေရာမှထကာရှိုင်းကိုသွားဖက်သဖြင့်မဟာလည်းအံသြသွားသည်။
"ဆုကိုဘယ်မှမသွားခိုင်းပါနဲ့နော်___မမမကြိုက်ရင်မလုပ်တော့ပါဘူး ၊ဆုမမကိုမခွဲနိုင်ဘူး"
"ရှိုင်းရယ်___ရှင်ကလည်းကလေးကိုဘယ်သွားခိုင်းမလို့လဲ ၊ဆုလေးကိုဆုလေးရဲ့မမကဘယ်မှမသွားခိုင်းဘူး သူလားသွားခိုင်းမှာဆုလေးမရှိရင်သူရူးတောင်သွားအုံးမယ်"
"တကယ်လားဟင်"
"မယုံရင်မေးကြည့်"
"အင်းပါ အင်းပါ"
"ဟာ တကယ်လား"
"အင်း"
"အမလေး ပျော်လိုက်တာ မမရာ"
ကလေးလေးတစ်ယောက်လိုထခုန်နေရှာသောဆုလေးကိုကြည့်ပြီး မဟာပင်လိုက်ပျော်နေမိသည်။
ရှိုင်းရင်ထဲကိုလည်းဖောက်ထွင်းပြီးမြင်နေရသည်မဟုတ်လား။
~~~~~~~~~~
"ဆုလေးကတို့ရဲ့အသက်ဆိုတာဘယ်လိုသိတာလဲ"
လသာဆောင်မှာထိုင်နေရင်းမဟာ့မျက်နှာကိုစေ့စေ့ကြည့်ကာမေးလာသဖြင့်မဟာလည်းပြန်ကြည့်ကာပြုံးပြလိုက်သည်။
"ရှင်ကတခြားဟာသာကျွန်မကိုညာလို့ရရင်ရမယ် ၊ဒီကိစ္စတော့မရဘူးထင်တယ်"
"ဟုတ်တယ် ဆုလေးကတို့ရဲ့အသက်ပဲ၊တို့ရှင်သန်နေရခြင်းရဲ့တစ်စိတ်တစ်ဒေဟာဆုလေးကြောင့်ပဲ"
ကောင်းကင်ကိုကြည့်ကာဆွေးဆွေးမြေ့မြေ့ပြောနေသောရှိုင်းကိုကြည့်ပြီးသနားစိတ်ကဝင်လာရပြန်သည်။ဒီလိုကျပြန်တော့လည်းသူမဟုတ်တဲ့အတိုင်း။
မဟာလည်းကောင်းကင်ကြီးကိုမော့ကြည့်လိုက်မိသည်။စိတ်တွေပေါ့ပါးသွားသလိုခံစားမိသည်။ရုတ်တရက်ရှိုင်းရဲ့လက်ကမဟာ့လက်ကိုလာဆုပ်သဖြင့်လန့်သွားမိသည်။
ထို့နောက်မဟာ့မျက်နှာကိုစေ့စေ့ကြည့်ကာဆံနွယ်တွေကိုအသာသိမ်းနေသဖြင့်အသက်ရှုဖို့မေ့နေမိသည်။ပြီးတော့လရောင်ရဲ့အလင်းကြောင့်ပိုမိုအသက်ဝင်နေသောရှိုင်း၏မျက်နှာလှလှကိုလည်းအနီးကပ်တွေ့မြင်နေရသဖြင့်ရုန်းဖယ်ဖို့သတိမရ။
ရှိုင်းရဲ့လက်တွေကမဟာ့ပါးပြင်ပေါ်လာရောက်ထိတွေ့နေပြန်သည်။မဟာတကယ်ကိုအသက်ရှုဖို့သတိမရ။ရင်တွေတဒိတ်ဒိတ်ခုန်နေတာကြောင့်စကားပြောဖို့လည်းသတိမရ။
အရင်ကလိုဆတ်ကနဲလွှဲဖယ်ဖို့မကြိုးစားမိခြင်းကဘာကြောင့်ရယ်မသိ။
"မဟာ"
အသံတိုးတိုးလေးကမဟာ့နားထဲလာရိုက်ခတ်နေသည်။မျက်နှာချင်းနီးနေသည့်ခံစားချက်ကလူကိုလှုပ်ရှားဖို့မေ့လျော့စေသည်။နီးကပ်လှတဲ့အနေအထားကြောင့်ရှိုင်းရဲ့အသက်ရှုငွေ့လေးတွေပင်ပါးပြင်မှာလာရောက်ထိရိုက်ကျီစယ်နေကြသည်။မဟာ့လက်ဖျားတွေအေးစက်လာသည်။မဟာ့နှုတ်ခမ်းကိုတဖြည်းဖြည်းချင်းထိကပ်ရန်ကြိုးစားနေသောရှိုင်းရဲ့အကြံကိုသိသော်လည်းမရုန်းမိ။ ငြင်းဆန်ဖို့လည်းမကြိုးစားမိ။
သေချာတာတစ်ခုကရှိုင်းနဲ့နီးနီးကပ်ကပ်နေခဲ့ဖူးပေမဲ့ဒီလိုခံစားချက်ကိုတော့ဒါပထမဆုံးပင်။
ချိုမြိန်သောအနမ်းတွေမဟာ့နှုတ်ခမ်းဆီပျံသန်းလာသည်။ရှိုင်းရဲ့အသက်ရှုသံပြင်းပြင်းတွေကလည်းမဟာ့အာခေါင်တွေကိုခြောက်ကပ်လာစေသည်။
ရှိုင်းဟာမိန်းမဆိုသည့်ခံစားချက်ကိုလုံးလုံးလျား လျား သတိမရမိ။ချိုမြိန်သောအနမ်းတွေကိုသာတပ်မက်လာမိရင်းပြန်လည်တုံ့ပြန်နေမိသည်။
တစ်ချက်တစ်ချက်ထိတွေ့ကျီစယ်လာသောလေရူးများကြောင့်မဟာ့ဆံနွယ်တွေလွှင့်သွားလျှင့်မဟာ့နှုတ်ခမ်းကိုလွတ်သွားမှာစိုးသည့်အလားဆံနွယ်တွေကိုဖယ်ကာနှုတ်ခမ်းနှစ်လွှာကိုအတင်းဖိနမ်းပြန်သည်။
မဟာ့ဦးနှောက်ထဲမှာရင်ခုန်ခြင်းကလွှဲ၍ဘာမှမရှိ။ဘာကိုမှသတိမရ။မဟာ့ကိုယ်လုံးလေးကိုပွေ့ချီထားသောရှိုင်း၏မျက်နှာကိုသာမြတ်နိုးစွာကြည့်နေမိသည်။
ညကိုမှောင်မိုက်ခြင်းတို့ကဝါးမြိုစပြုနေပြီဖြစ်သည်။
×××××××××
Advertisement
- In Serial311 Chapters
Two Contracts – My Lover Is A CEO
A previous affair had left him devastated.
8 616 - In Serial35 Chapters
Casual Farming 2
Jason inherits his uncle's old farmstead just outside of the town of Summer Shandy and moves there to start a new life. Unfortunately, the farm is a bit run down and overrun with monsters. But Jason isn't too worried about it, he knows with effort and a lot of hard work, he can turn the farm around and build a life for himself. *Updates When I Feel Like It
8 187 - In Serial37 Chapters
Kill Me ✔️
After getting attacked one summer night, 19-year-old Elle Russo doesn't want to be weak anymore. Deciding to get a self-defense teacher sounded easy until it ends up being the guy she hates most from her childhood. Elle is known for her sweetness, but he brings out her venom. Nico Cross is very quiet and to himself. The only time he speaks is to make sarcastic remarks or tell people to shut up. With a gaze that makes you shiver, most people choose to not speak a word to him.Hating each other and seeing each other everyday isn't a good mix. They push each others' buttons and hate nobody in the world more than they hate each other.But as time goes on, they both soon realize,Sometimes you hate something to keep yourself from loving it.----------"Why would I be scared of you?" I asked. "What are you gonna do, kill me?"He leaned forward, and I could feel his breathing against my skin. I whispered, "I think you want to kiss me."
8 138 - In Serial31 Chapters
World Quest
Year 3065, after billions of years , the planet earth of milky way galaxy finally dried out of its life . Several human made their new way to another planetary system for another life. Despite of the great voyage, not all of the earths people are granted of a pass. Only scientists, patriots, nobles, government officials, high ranking officials of both military, doctors and educators were prioritized and granted of a pass. Some of the people from lower society have to find their way to obtain pass from the world organization.Riots and Fights arises due to the crisis. In the end, quarter of the lower society were able to get a pass and those quarter were composed of selected couples from different races.Sad reality of life came up.Wailing and grieving resounded when the great voyage started, for not all of the earths people were given a new chance to live their new life.One of those unfortunate is jacob spinger. A teen ager who comes from the lower society. His family were only one of the numbers of casualties that the world government recorded when the global catastrophy happen. Jacob lived all by himself, supporting his daily needs working as call center agent on one of the online shopping companies of the world, Zalada. Despite of his earnings,he didnt have the chance to get a ticket to the new planet.Brought down by his miserable fate, Jacob speak out to his hearts content.jacob: I guess this is it, even the gods of heavens have forsaken me.Claimed by jacob as he made his way out from the crowd. He slowly raises his head as he watched the dark grey clouds from the sky, giving out a weary smile as tears flows on both sides of his eyes.Jacob looks very miserable, as he walks away from the sideline crying in silence. He gripped his hands tightly until his fingers dugged deeply on his palms leaking out traces of blood.An unbearable pain of dying man with out any other choices hits jacobs awareness.Not far from him were hundreds and hundreds of earth people who were crying out for help just like him.Thunder came up and lightning strike the ground near them.Even the Heavens above them cannot help it but be angry with those uncanny officials of the world, saving themselves from the great tragedy. Yet whose to blame for it, that's the reality of life.Jacob walked and walk until he reached the nearby fissure. A gigantic crack because of the dying planet. Underneath were composition of melting lava and boiling magma ready to devour the land of earth. Jacob unable to see his future on the current world, jumped out ,letting himself be free from his miserable fate. As he falls down to the great fire of the earths core, he closed his eyes and wished for a new beginning.Jacob: If heavens would grant me a second life, ill promise to make it even better, ill promise that i will live it to the fullest that everyone will acknowledge the importance of worlds nature. However, i guess its not possible, if not, i wished i live in a new world. Jacob tears floated mid air as his body falls directly down to the fire blazing inferno of the earths core.sfx: Crisp!!!Like a burned paper, jacobs body fell down.Jacob could feel the heat flowing from his body, from his skin, to his flesh, to his bones and finally down to his soul. It was a surge of unbearable pain and heat, that as much as jacob wants to shout he wasnt able to , that even if he wants to move away he wasnt able to. It was a never ending torture for jacob, a literal hell of torture.Darkness covered him up. Jacob Springer died.It is said that once a person is dead, time flows in an imaginary long period. A soul is said to be affected by it, so as once consciousness, and ofcourse memory.Jacobs memory of his past rush out to his consciousness, like he is watching a preview of his past life. He wants to correct it but he can't. He can't even talk nor move. A paralized audience watching a cinematic movie, that's what Jacob is like. For a long period of time Jacob watch the movie of his life. Until darkness once again covered him up. The second death.This time, like a paralityc person, Jacob was covered in darkness. He wants to shout but he can't. He wants to move but he cannot. Time passed, and he finally lost his consciousness in the dark.The last death.It is said that in the world of darkness there is light. In death, there is life.After a very long time of being dead in the dark, a surge of distressing call of nature, rose up on the sleeping Jacob.He wants to pee, and because of it he was able to open his eyes. Light welcomed him up, a vast universe filled with light appears right in his naked eyes.Then a strong force tapped his back and his consciousness was sent flying to the vast universe.This time, a new world appear right before his naked eyes. A world different from the dead earth that Jacob knows.Then once again Jacob felt something that had bumped into him and he felt dizzy and went asleep.Time passed by and finally Jacob Springer woke up. Unable to understand what happened Jacob springer asked.Jacob: Where am i? What happened to me? Arent I dead already.Asked by jacob. Never did he know that his wish before his death was granted by the heavens. He wants to live in a new world, and as of right now, jacob springer, a human from the future earth, was transfered in another world.Transferred to the earth of the ancient times, to the time where magic still exist, to the time where the great flood from the bible has not happened yet, to the time where in ancient bloodline of the world still exist.This is the story of the future earthling Jacob springer in the Ancient Earth.
8 168 - In Serial80 Chapters
NEVER LET ME GO ✔️ (COMPLETED)
This is a story of Aashi Verma and Rishabh Khurana. The two of them were bffs since kindergarten. But their strong friendship is tested with time.Join the tale of friendship, heartbreak, and love.....Highest Rank in Chicklit ❤️ #2 - 9th Feb #4 - 7th Feb #5 - 24th Jan
8 171 - In Serial49 Chapters
'Best Friends'
They started off as friends, then went to friends with benefits, and now feelings are in the mix.
8 70

