《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 5 (Uni)
Advertisement
ဖုန်းနံပါတ်လေးကိုနှိပ်ပြီးတော့အကြိမ်ကြိမ်ချပစ်နေမိသည်။ခေါ်ရကောင်းနိုးနိုးမခေါ်ရကောင်းနိုးနိုးနှင့်စိတ်ထဲမတင်မကျဖြစ်နေမိသည်။သေချာတွေးကြည့်ပြန်တော့လည်းကိုယ့်အပေါ်ဒီလိုလုပ်ထားတဲ့သူကိုကရုဏာထားနေစရာမလိုဟုတွေးမိပြန်သည်။
သို့သော်သူတို့ရဲ့ပြသနာကိုမသိဘဲကိုယ်ကအတင်းဝင်နှောက်သလိုများဖြစ်သွားသလားဟုတွေးကာစိတ်မကောင်းဖြစ်မိသည်။ထို့ကြောင့်မထူးစိတ်ပိုက်ကာဖုန်းကိုခေါ်ဖို့ဆုံးဖြတ်ချက်ချလိုက်သည်။
"တူ တူ တူ တူ "
ဖုန်းဝင်ပေမဲ့တော်တော်နှင့်မကိုင်။မဟာလည်းဖုန်းကိုအဆက်မပြတ်ခေါ်လိုက်သည်။ခဏကြာတော့မဟာ့ဖုန်းလေးတုန်ကနဲဖြစ်သွားသည်။ထို့နောက်ကြည်လင်ပြတ်သားသောအသံတစ်ခုကိုကြားလိုက်ရသည်၊
"ဟဲလို"
"ရှိုင်း .....ကျွန်မပါ မဟာ"
"တို့သိတယ်"
"ရှိုင်းကျွန်မကိုစိတ်ဆိုးနေသေးလား"
အသံတိတ်သွားသည်မို့မဟာသက်ပြင်းလေးချမိပြန်သည်။
ဒီမိန်းမအပေါ်ကိုယ်ကဘာလို့ချည်းရှုံးနေရတာလဲဟုလည်းအတွေးဝင်မိသည်။
"မင်းကအဲ့ဒါသိချင်လို့တို့ဆီဖုန်းဆက်တာလား"
"မဟုတ်ပါဘူး ရှိုင်းရယ်မဟာလည်း ဘာရယ်မဟုတ်ဘူး ဆုလေးကိုသနားလို့ပြောလိုက်တာပါ မဟာဘာမှမသိဘဲဝင်ပြောသလိုဖြစ်သွားလို့တောင်းပန်တာပါ"
"ရတယ် မလိုဘူး"
မဟာစိတ်ထဲမကောင်းဖြစ်သွားပြန်သည်။တကယ်တမ်းဒီမိန်းမကိုစိတ်ဆင်းရဲအောင်လုပ်လိုက်ရလျှင် မဟာပျော်နေမိမှာပဲမဟုတ်လား။သို့သော်ဒီလိုမျိုးအဖြစ်နဲ့တော့မဟုတ်သဖြင့်ရှိုင်းအပေါ်အားနာမိသည်။
"ရှိုင်း ကျွန်မအပေါ်စိတ်ဆိုးနေတာလား"
"ဘယ်သူပြောလဲ"
ဘယ်သူပြောလဲလို့မေးစရာမလိုအောင်သိသာနေလို့ပေါ့ဟုပြောလိုက်ချင်သည်။သို့သော်.....။
"စိတ်ထဲထင်လို့ပါ"
"အဲ့ဒါကမင်းစိတ်ထဲထင်တာလေ၊တို့ကပြောတာမှမဟုတ်တာ"
"ရှိုင်း....ရှင်ဟာလေ စကားကိုသိပ်ပြီးကတ်သီးကတ်သပ်ပြောတတ်တာပဲ ကျွန်မကတောင်းပန်နေတာကို"
"တောင်းပန်တယ်!!"
"ဟုတ်တယ်လေ"
"ကောင်းပြီလေ.....မင်းတောင်းပန်ချင်တယ်ဆိုရင်တို့စိတ်ကျေနပ်အောင်တော့မင်းလုပ်ပေးရမယ်"
အင်း။ပြောလိုက်မိပြီးမှရင်ထဲထိတ်ကနဲဖြစ်သွားမိသည်။ကျေးဇူးရှင်ကဘာတွေများလုပ်ခိုင်းမလို့လဲမသိဟုတွေးကာလှုပ်ရှားနေသောရင်ကိုတချက်ဖိလိုက်သည်။
"အင်း ဘာလုပ်ပေးရမှာလဲ ကျွန်မက"
"Oh! No! No ! တို့ကအဲ့လိုမျိုးကြိုပြောရတာဝါသနာမပါဘူး ဒါပေမဲ့ မင်းပြောခဲ့တဲ့အရာအတွက်တော့မင်းတာဝန်ယူရမယ်နော် မဟာမေတ္တာ"
"အင်းပါ"
"Ok လေ အဲ့ဒါဆိုတို့ဖုန်းချပြီ"
"ဟုတ်ကဲ့ Good Night"
မဟာဖုန်းကိုချလိုက်သည်။အခုမှညရှစ်နာရီသာထိုးသေးသည်မို့အောက်ထပ်ကိုဆင်းလာခဲ့သည်။အောက်ထပ်မှာမေမေကTV ကြည့်နေသည်မို့မေမေ့အနားကပ်လာခဲ့သည်။
"သမီး ထူးထူးခြားခြားဒီနေ့အောက်ကိုဆင်းလို့ပါလား၊ခါတိုင်းဆိုအခန်းထဲအောင်းပြီးဖုန်းကလိနေတဲ့လူကများ"
"မေမေကလည်းသမီးကအဲ့ဒါကြီးပဲတသမတ်တည်းလုပ်နေရတော့မှာလား အဲ့ဒါဆို"
"မဟုတ်ပါဘူးအေ....ဒီနေ့ကထူးခြားနေလို့ပါ"
မေမေကရယ်ရယ်မောမောနှင့်ပြောပေမဲ့မဟာကမေမေ့ကိုမျက်စောင်းခုတ်လိုက်မိသည်။
"မျက်စောင်းကြီးခုတ်ပြန်ပြီ"
"မေမေကသမီးကိုပြောနေတာကိုး😒"
"အင်းပါ ဟုတ်ပါပြီမပြောတော့ပါဘူး"
"ဒါနဲ့ဒယ်ဒီမပြန်လာသေးဘူးလား"
"သူဘယ်တုန်းကဒီအချိန်ပြန်ရောက်ဖူးလို့လဲ"
ပြောနေရင်းအသံကတိမ်ဝင်သွားသဖြင့်မဟာလည်းဝမ်းနည်းသွားမိသည်။တစ်ရက်မှာ၂၄နာရီရှိလျှင်ဒယ်ဒီကအိမ်မှာ၂၁နာရီလောက်မရှိ။ရှိပြန်လျှင်လည်းတစ်မျိုးပြီးတစ်မျိုးမေမေ့ကိုပြသနာရှာနေတတ်သည်မို့ဒယ်ဒီအိမ်မှာမရှိတာကလည်းတစ်မျိုးစိတ်ချမ်းသာရသည်။
တစ်ခါတစ်လေကျတော့လည်းကိုယ့်မိသားစုရယ်လို့နွေးနွေးထွေးထွေးနေချင်မိသော်လည်း မဟာငယ်ငယ်ကတည်းကမနွေးထွေးခဲ့သောကမ္ဘာကအခုမှပြန်ပြီးနွေးထွေးဖို့မလွယ်တော့။
နေသားကျနေတဲ့နေရာမှာသာနေလိုက်ခြင်းကမဟာ့ကိုပိုပြီးစိတ်သက်သာရာရစေသည်မဟုတ်လား။
"တီ တီ တီ တီ"
"တီ တီ တီ တီ "
အိမ်ရှေ့မှာကားဟွန်းတီးသံကြားသဖြင့်ဒယ်ဒီပြန်လာပြီဟုမဟာထင်လိုက်သည်။မဟာကတံခါးသွားဖွင့်မယ်လုပ်တော့မေမေကတားပြီးသူထသွားသည်။
"သမီးမသွားနဲ့မေမေသွားမယ်"
မဟာလည်းဘာမှမပြောဘဲထိုင်နေလိုက်သည်။ဒယ်ဒီကမေမေမလာလျှင်လည်းမလာရကောင်းလားဟုပြသနာရှာအုံးမည်မဟုတ်လား။ထို့ကြောင့်မေမေသွားတာပဲကောင်းသည်ဟုတွေးလိုက်သည်။
ခဏကြာတော့ခြေသံကြားသဖြင့်လှည့်ကြည့်လိုက်မိသည်။
အိမ်ထဲဝင်လာသူကဒယ်ဒီမဟုတ်။
မဟာ့မျက်လုံးတွေအမြင်များမှားသလားဟုပွတ်သပ်ကြည့်မိသေးသည်။ဟင့်အင်း ။မျက်လုံးကလည်းအကောင်းကြီးရှိသေးသည်မဟုတ်လား။
ဒါဆိုသူဘာလာလုပ်။အမယ် မခန့်ပုံကမဟာ့ဆီတည့်တည့်လာလိုက်သေးသည်။
"မဟာ မင်းကိုလာခေါ်တာ တို့အိမ်မှာအိပ်မယ်ပြောထားပြီးမှရောက်မလာလို့လာခေါ်ရတာ"
"ရှင်"
"သူကတစ်ခါတစ်လေအဲ့ဒီလိုပဲသမီးရေ....အမေ့ကလည်းအင်မတန်ကောင်းတာသိလား အခုလည်းသူပြောခဲ့တာကိုသူမေ့နေပြီထင်တယ်"
"ဟုတ်တယ် အန်တီရေ.....မေ့နေသေးတာ၊သမီးမှာညကြီးမိုးချုပ်သူရောက်မလာသေးလို့လိုက်လာခဲ့ရတာ၊ဒါနဲ့ အန်တီစိတ်ချနော် သမီးကမိကောင်းဖခင်သားသမီးပါ၊အိမ်မှာမွေးနေ့ပွဲရှိလို့သာသူ့ကိုညအိပ်ဖို့ခေါ်တာ၊မဲ့တစ်ပေါက်မစွန်းစေရပါဘူး"
အမလေး မဲ့တစ်ပေါက်တော့မစွန်းပါဘူး။ငါနှော်ပြောလိုက်ရမကောင်းရှိတော့မယ်။တော်တော်မျက်နှာပြောင်တိုက်တဲ့မိန်းမ။ခုနကသူပြောတုန်းကသူ့အိမ်လိုက်အိပ်ရမယ်ဆိုတာမှမသိခဲ့တာ။ဒီလိုမှန်းသာသိရင်ဆယ်ခါပြန်ငြင်းမိမှာပဲ။
သို့သော်မဟာမလိုက်ဘူးလို့ငြင်းလိုက်လျှင်သူနည်းလမ်းမျိုးစုံသုံးမယ်ဆိုတာကြိုသိနေသည်။အ,ချင်ယောင်ဆောင်လိုက်ရသည်။
"သြော်.....ဟုတ်သားပဲသမီးမေ့နေတာ၊ဒါပေမဲ့မေမေစိတ်မချရင်သမီးမသွားပါဘူး"
"သမီးကလည်းမေမေစိတ်ချပါတယ်၊ငါ့သမီးကိုလည်းမေမေယုံတယ် သမီးသူငယ်ချင်းရဲ့ပုံစံကလည်းမြင်တာနဲ့ယုံရမဲ့လူဆိုတာမေမေသိပါတယ် သမီးသွားပါ၊အိမ်မှာနေရင်တောင်သမီးစိတ်ဆင်းရဲစရာတွေကြုံရအုံးမယ် ၊သူငယ်ချင်းတွေနဲ့ပျော်ပျော်နေခဲ့ကြားလား"
မေမေတို့များသဘောကောင်းလိုက်တဲ့ဖြစ်ခြင်း😒။နဂိုကတည်းကမဟာ့ကိုအိမ်ကိစ္စမေ့ပြီးသူငယ်ချင်းတွေနဲ့သာပျော်ပျော်ရွှင်ရွှင်နေစေချင်တဲ့သူမို့သူကတောင်ပိုပြီးသွားခိုင်းနေသေး။
"ကောင်းကောင်းပျော်ခဲ့သိလား အိမ်ကိုခေါင်းထဲမထည့်နဲ့၊ သမီးလေးလည်းသူ့ကိုဂရုစိုက်ပေးပါအုံးနော်"
"သြော် စိတ်ချပါအန်တီ အဲ့ဒါဆိုသွားရအောင် မဟာအဝတ်အစားမလဲနဲ့တော့"
"အင်း "
အောင့်သက်သက်နဲ့လိုက်လာခဲ့ရသည်။ဘယ်လောက်တောင်ဥာဏ်များသလဲဆိုတာလိုက်၍ပင်မမီ။မလိုက်ဘူးလို့ငြင်းပြန်လျှင်မဟာနဲ့သူ့ရဲ့ကိစ္စကြီးနဲ့ချုပ်ကိုင်နေလျှင်ဒုက္ခ။ဒီမိန်းမကယုံရတာမဟုတ်။သူလုပ်ချင်တာရှိရင်လုပ်မဲ့အမျိုး။
"ဟိတ်!! ဘာတွေစဉ်းစားနေတာလဲ"
"ရှိုင်း ရှင်ကကျွန်မကိုဘာလို့ဒီလိုတွေလုပ်ရတာလဲဟင်"
"တို့ဘာလုပ်လို့လဲ"
"အခုလိုတွေလုပ်နေတာကိုပြောတာ"
"မင်းကိုတို့ပြောပြီးသားပဲ မင်းကတို့ရဲ့ကောင်မလေးလို့"
"ကောင်မလေးဆိုရအောင်ရှင်ကမိန်းကလေးလေ"
"A Hak!! သိတာပေါ့ ဒါပေမဲ့ လူတစ်ယောက်ကတစ်ယောက်ကိုပိုင်ဆိုင်နေဖို့ Gender ကွဲဖို့လိုသလား၊အခုမင်းကိုတို့ပိုင်နေတာပဲ"
"ဘယ်သူပြောလဲရှင်ကကျွန်မကိုပိုင်တယ်လို့"
"တို့ပြောတယ်လေ "
"မဟုတ်ဘူး ရှိုင်း....ရှင်တွေးတာတွေကလောကနိယာမကိုဆန့်ကျင်နေပြီ၊အမှန်အတိုင်းပြောရရင်ကျွန်မမှာလိုက်နေတဲ့ကောင်လေးတွေအများကြီးရှိတာပဲ၊ကျွန်မရည်းစားထားရင်ယောက်ျားလေးတစ်ယောက်ကိုပဲတွဲဖို့စဉ်းစားမှာပေါ့၊ဘာလို့လဲဆိုတော့ကျွန်မကမိန်းကလေးမို့လေ"
"Oh!! မင်းအတွေးတွေကနည်းနည်းတော့သမရိုးကျဆန်တယ်မဟာမေတ္တာ၊တို့ကတို့စိတ်ကိုသာယာအောင်ထားနိုင်တဲ့လူကိုတို့တပ်မက်တယ်၊တို့ကမိန်းကလေးဖြစ်နေလို့အဲ့ဒီလူကယောက်ျားတစ်ယောက်ဖြစ်စရာမလိုဘူး၊လူသားတစ်ယောက်ပဲဖြစ်ဖို့လိုတယ်၊တို့လိုလူသားတစ်ယောက်ကအခြားလူသားတစ်ယောက်အပေါ်ဘာလို့ပိုင်လို့မရရမှာလဲ၊အခုတို့မင်းကိုပိုင်နေတာလဲ ၊ လောကနိယာမဆိုတာဘာလဲ ၊ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ချစ်ကြတာကိုပြောတာလား"
"မဟုတ်ဘူးလေ ဒါကဟိုး ကမ္ဘာဦးအစကတည်းကသတ်မှတ်ခဲ့တဲ့အရာတစ်ခုလေ"
"အင်းအဲ့ဒါကသူတို့သတ်မှတ်ခဲ့တာလေ၊အခုကတို့သတ်မှတ်တာလေ၊တို့ဘဝမှာတို့ကဘုရင်ပဲ တို့ကမိန်းကလေးတစ်ယောက်ဆိုတာမှန်တယ်၊ဒါပေမဲ့ယောက်ျားတစ်ယောက်ကိုတီတီတာတာဖွဲ့နွဲ့ပြောပြီးအဲ့ဒီယောက်ျားရဲ့အရိပ်ကိုခိုလှုံချင်တဲ့မိန်းမမဟုတ်ဘူးလေ၊အဲ့ဒါကတို့ရဲ့ဖြစ်တည်မှုပဲလေ၊အဲ့ဒါကိုတို့ကပြောင်းလဲပစ်လို့မှမရတာ၊အဲ့ဒါတို့ရူးနေလို့လည်းမဟုတ်ဘူး"
ပြိုင်ပြောရင်လည်းနိုင်မှာမဟုတ်တာမို့ပြန်မပြောဘဲငြိမ်နေလိုက်ရသည်။
"ဒါနဲ့ဆုလေးရော"
"အိမ်မှာ"
"ဆုလေးကိုနောက်ဆိုရင်လူကြားထဲမှာအဲ့လိုကြီးမငေါက်ငမ်းပါနဲ့ရှိုင်းရယ်....ကလေးကြည့်ရတာ အားငယ်တတ်တဲ့ပုံလေး"
"မင်းကိုတို့အိမ်ကိုလာအိပ်ဖို့ခေါ်လာရတဲ့အကြောင်းကတို့ရဲ့ရှုပ်ထွေးနေတဲ့စိတ်တွေကြည်လင်အောင်လို့ပဲ၊ဘာလို့လဲတော့မသိဘူး မင်းမှာ အစွမ်းအစတစ်ခုတော့ရှိတယ်သိလား မင်းကိုယ်တိုင်သတိမထားမိလို့"
မြောက်နေပြီ။ဒီလိုပုံမှန်မဟုတ်တဲ့စကားတွေပြောလာရင်လူကခပ်လန့်လန့်ရယ်။
ရှိုင်းကကားကိုရပ်လိုက်ပြီးကားပေါ်ကဆင်းကာခြံတံခါးကိုသွားဖွင့်သည်။ပြီးမှအိမ်ထဲမောင်းဝင်လာခဲ့သည်။
အိမ်ထဲရောက်တော့ ဧည့်ခန်းထဲမှာထိုင်ပြီးစာဖတ်နေသော မိန်းမကြီးတစ်ယောက်ကိုတွေ့ရသည်။
"အန်တီမိုး ဆုဆုရော"
"သမီး အပြင်ထွက်သွားကတည်းနဲ့အောက်ကိုဆင်းမလာဘူး"
"သြော်.....မဟာမေတ္တာ အပေါ်သွားရအောင်လေ"
မဟာလည်းရှိုင်းနောက်လိုက်လာခဲ့သည်။ရှိုင်းတို့အိမ်ရဲ့လှေကားတစ်လျှောက်နံရံတွေမှာဆုလေးရဲ့ပုံတွေချည်းချိတ်ထားတာကိုသတိထားမိသည်။လှေကားတစ်လျှောက်နံရံတွေမှာဆုလေးရဲ့ချစ်စရာကောင်းလှသောပုံတွေကအပြည့်နေရာယူထားသည်။
မဟာကရှိုင်းဝင်သွားသည့်အခန်းထဲလိုက်လာခဲ့တော့အခန်းထဲတရှုံ့ရှုံ့နှင့်ငိုနေသောဆုလေးကိုတွေ့သဖြင့် မဟာလည်းဆုလေးကုတင်ပေါ်မြန်မြန်သွားလိုက်သည်။
"ဟယ်! ဆုလေးငိုနေတယ် ဘာဖြစ်တာလဲ မမကိုပြောလေ"
ရှိုင်းကဘာမှမပြောဘဲအသံတိတ်နေသည်။ဆုလေးရဲ့မျက်နှာကရှိုင်းဆီမော့ကြည့်လာသည်။
"မမ ဆုတောင်းပန်ပါတယ်"
ထိုင်နေရာမှထကာရှိုင်းကိုသွားဖက်သဖြင့်မဟာလည်းအံသြသွားသည်။
"ဆုကိုဘယ်မှမသွားခိုင်းပါနဲ့နော်....မမမကြိုက်ရင်မလုပ်တော့ပါဘူး ၊ဆုမမကိုမခွဲနိုင်ဘူး"
"ရှိုင်းရယ်.....ရှင်ကလည်းကလေးကိုဘယ်သွားခိုင်းမလို့လဲ ၊ဆုလေးကိုဆုလေးရဲ့မမကဘယ်မှမသွားခိုင်းဘူး သူလားသွားခိုင်းမှာဆုလေးမရှိရင်သူရူးတောင်သွားအုံးမယ်"
"တကယ်လားဟင်"
"မယုံရင်မေးကြည့်"
"အင်းပါ အင်းပါ"
"ဟာ တကယ်လား"
"အင်း"
"အမလေး ပျော်လိုက်တာ မမရာ"
ကလေးလေးတစ်ယောက်လိုထခုန်နေရှာသောဆုလေးကိုကြည့်ပြီး မဟာပင်လိုက်ပျော်နေမိသည်။
ရှိုင်းရင်ထဲကိုလည်းဖောက်ထွင်းပြီးမြင်နေရသည်မဟုတ်လား။
~~~~~~~~~~
"ဆုလေးကတို့ရဲ့အသက်ဆိုတာဘယ်လိုသိတာလဲ"
လသာဆောင်မှာထိုင်နေရင်းမဟာ့မျက်နှာကိုစေ့စေ့ကြည့်ကာမေးလာသဖြင့်မဟာလည်းပြန်ကြည့်ကာပြုံးပြလိုက်သည်။
"ရှင်ကတခြားဟာသာကျွန်မကိုညာလို့ရရင်ရမယ် ၊ဒီကိစ္စတော့မရဘူးထင်တယ်"
"ဟုတ်တယ် ဆုလေးကတို့ရဲ့အသက်ပဲ၊တို့ရှင်သန်နေရခြင်းရဲ့တစ်စိတ်တစ်ဒေဟာဆုလေးကြောင့်ပဲ"
ကောင်းကင်ကိုကြည့်ကာဆွေးဆွေးမြေ့မြေ့ပြောနေသောရှိုင်းကိုကြည့်ပြီးသနားစိတ်ကဝင်လာရပြန်သည်။ဒီလိုကျပြန်တော့လည်းသူမဟုတ်တဲ့အတိုင်း။
မဟာလည်းကောင်းကင်ကြီးကိုမော့ကြည့်လိုက်မိသည်။စိတ်တွေပေါ့ပါးသွားသလိုခံစားမိသည်။ရုတ်တရက်ရှိုင်းရဲ့လက်ကမဟာ့လက်ကိုလာဆုပ်သဖြင့်လန့်သွားမိသည်။
ထို့နောက်မဟာ့မျက်နှာကိုစေ့စေ့ကြည့်ကာဆံနွယ်တွေကိုအသာသိမ်းနေသဖြင့်အသက်ရှုဖို့မေ့နေမိသည်။ပြီးတော့လရောင်ရဲ့အလင်းကြောင့်ပိုမိုအသက်ဝင်နေသောရှိုင်း၏မျက်နှာလှလှကိုလည်းအနီးကပ်တွေ့မြင်နေရသဖြင့်ရုန်းဖယ်ဖို့သတိမရ။
ရှိုင်းရဲ့လက်တွေကမဟာ့ပါးပြင်ပေါ်လာရောက်ထိတွေ့နေပြန်သည်။မဟာတကယ်ကိုအသက်ရှုဖို့သတိမရ။ရင်တွေတဒိတ်ဒိတ်ခုန်နေတာကြောင့်စကားပြောဖို့လည်းသတိမရ။
အရင်ကလိုဆတ်ကနဲလွှဲဖယ်ဖို့မကြိုးစားမိခြင်းကဘာကြောင့်ရယ်မသိ။
"မဟာ"
အသံတိုးတိုးလေးကမဟာ့နားထဲလာရိုက်ခတ်နေသည်။မျက်နှာချင်းနီးနေသည့်ခံစားချက်ကလူကိုလှုပ်ရှားဖို့မေ့လျော့စေသည်။နီးကပ်လှတဲ့အနေအထားကြောင့်ရှိုင်းရဲ့အသက်ရှုငွေ့လေးတွေပင်ပါးပြင်မှာလာရောက်ထိရိုက်ကျီစယ်နေကြသည်။မဟာ့လက်ဖျားတွေအေးစက်လာသည်။မဟာ့နှုတ်ခမ်းကိုတဖြည်းဖြည်းချင်းထိကပ်ရန်ကြိုးစားနေသောရှိုင်းရဲ့အကြံကိုသိသော်လည်းမရုန်းမိ။ ငြင်းဆန်ဖို့လည်းမကြိုးစားမိ။
သေချာတာတစ်ခုကရှိုင်းနဲ့နီးနီးကပ်ကပ်နေခဲ့ဖူးပေမဲ့ဒီလိုခံစားချက်ကိုတော့ဒါပထမဆုံးပင်။
ချိုမြိန်သောအနမ်းတွေမဟာ့နှုတ်ခမ်းဆီပျံသန်းလာသည်။ရှိုင်းရဲ့အသက်ရှုသံပြင်းပြင်းတွေကလည်းမဟာ့အာခေါင်တွေကိုခြောက်ကပ်လာစေသည်။
ရှိုင်းဟာမိန်းမဆိုသည့်ခံစားချက်ကိုလုံးလုံးလျား လျား သတိမရမိ။ချိုမြိန်သောအနမ်းတွေကိုသာတပ်မက်လာမိရင်းပြန်လည်တုံ့ပြန်နေမိသည်။
တစ်ချက်တစ်ချက်ထိတွေ့ကျီစယ်လာသောလေရူးများကြောင့်မဟာ့ဆံနွယ်တွေလွှင့်သွားလျှင့်မဟာ့နှုတ်ခမ်းကိုလွတ်သွားမှာစိုးသည့်အလားဆံနွယ်တွေကိုဖယ်ကာနှုတ်ခမ်းနှစ်လွှာကိုအတင်းဖိနမ်းပြန်သည်။
မဟာ့ဦးနှောက်ထဲမှာရင်ခုန်ခြင်းကလွှဲ၍ဘာမှမရှိ။ဘာကိုမှသတိမရ။မဟာ့ကိုယ်လုံးလေးကိုပွေ့ချီထားသောရှိုင်း၏မျက်နှာကိုသာမြတ်နိုးစွာကြည့်နေမိသည်။
ညကိုမှောင်မိုက်ခြင်းတို့ကဝါးမြိုစပြုနေပြီဖြစ်သည်။
×××××××××
Advertisement
- In Serial25 Chapters
The Big Book of Yanderes
No one asked for this and I know its a bad idea to handle like 5 books at once but I honestly don't care :3. I'm afraid someone's gonna take my idea so basically this is a bunch of one-shot scenarios but they're all yandere and they're all different types (neko, shy, stalker, demon etc.). I wouldn't mind doing SOME real anime characters but I'm scared they'll all suck :). The art work is mine I'm sorry its kinda sorta really really bad but I tried! Hope you enjoy~ ;))
8 160 - In Serial41 Chapters
A Sudden Cute Baby: My Awesome President Dad
Five years ago, she got set up by her most trusted person, and her best friend died for her. Five years later, she came back with her son and met a man who extremely resembled her son… It was said that Mr. Huo, the richest man in the world, was gay… A marriage bonded her with him. "Mr. Huo, people say your wife is a loose woman." "Well, tear the mouth of the one who said that. My wife is not loose at all. Even if she is loose down there, I did it."
8 290 - In Serial27 Chapters
The Feelings • Harry Styles
"I'm here, I'm yours" he said " I love you, all you have to do is let me "I stare at him, " it's not that easy , you can't just stand there and tell me to accept your love" he stares into my blue eyes Copyright 2018/2021. All rights reserved. This material may not be reproduced, displayed, modified or distributed with out express prior written permission of copyright holder, for permission, contact @addictmuke on wattpad.com
8 82 - In Serial40 Chapters
Unexpected Hope (Book 2 in the Red Valley series)
This is the second book but it can be read independently. Disowned by his family and trapped into a loveless marriage Levi Matthews thought his life is over. The one bright spot is his beautiful daughter. Then his wife dies suddenly freeing him, or so he thought. Now he's a single father fighting to keep his daughter and the only way is to remarry. Deciding that he wants a marriage in name only he places an ad for a mail order bride. Hope Saunders is from a well to do family in Savannah Georgia that has fallen on hard times due to her father's gambling. She learns that she is to be married off to pay for her father's debts. Her fiance is a cold heartless man that has already buried two healthy wives and she has no intentions of being the third. Hope decides to take control of her own fate and answers an ad for a mail order bride. But is she making the right decision? She knows nothing of the man placing the ad except that he is a widower with a little girl and he lives out west. At least she was making her own decisions and being a romantic at heart she could only hope that she would find love with this stranger.
8 130 - In Serial56 Chapters
Her Eyes Bedevil...
She wants nothing of it...Obviously, she really doesn't. Why would she, when she has everything in life? Money, business, and the luxury that life could offer but except for one, just this one - a love life. Even her family and friends keep on bugging her to date and settle down. D*mn! Love life?!?! She doesn't have anything to do with it. "Love is for the fool and I am not!", that was always her answer. Really, she had enough of it; hearing such, would make her sick. Love has left her heart wounded and made her life miserable, going through such emotional trauma for once again is hell. She's going anywhere but never in hell! ****************At 28 years old, Sarah Garcia, the formidable CEO of Pacific Loop Telecom is one of the most respected entrepreneurs in the country. The woman is not only gorgeous but also an amazing human being. Children are so dear to her, which is why she started the ChildFuSure Initiative, a foundation which aims to provide education assistance to filipino children. Amidst her lovely face and sweet smile which is only reserved for the kids, the woman's heart is carved in ice stones. No man has ever climbed the walls she built for herself, she cursed love and all the things that came with it several years ago. She needs no one as she has everything, so here is she enjoying her jet set lifestyle; because why not when she can afford it - a life free from pain and stress and purely just fun...But she got it wrong...A week after her holiday, her dad demands her presence immediately to seal a business partnership to keep up with the competitive market. And she will do everything in her power to close out the deal - the business deal that seals her fate forever, the deal that cripples her world, the moment her eyes met hers...
8 147 - In Serial47 Chapters
How to Wed A Devil
"Do you even know what will happen if this marriage doesn't happen?" he asked me."Your father's company shares will fall. Your father and brother would be bankrupt by the end of this month. And there is a good chance that he will end up in jail."I looked at him shocked."Don't look at me like that. I am not the one who insisted on this deal. Your father insisted on this so that your sister won't have any trouble with this marriage. He was sure that my family won't let this marriage happen. He made this deal so that my family cannot stop this marriage. The legal documents are already in court, so no one can stop the consequences if this marriage doesn't happen. He did it in such a way that my family can't turn their back on your sister as well as this deal gives financial support to your sister so that she doesn't have to depend on me or my family" he fumed at me."Now your sister ruined her own marriage and left everyone in this chaos. So stop your drama of being me your sister's love and so you don't want to marry me. Cut all this crap, get ready and come to the mandap if you don't want your family to pay", he commanded me and left the room. I just stood there gaping and realized that I don't have any choice other than to marry the devil.*********Best Rankings#1 in Generalfiction#1 in doctors#6 in Wattpadindia#7 in marriage#1in Headstrong#4 in Wife
8 335

