《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 4 (Unicode)
Advertisement
ဆုဆုကိုဖုန်းဝယ်ပေးဖို့အပြင်ထွက်လာတော့ဖုန်းဆိုင်ဘေးနားကစားသောက်ဆိုင်မှာသူ့သူငယ်ချင်းနှစ်ယောက်နှင့်အတူထိုင်နေသောမဟာမေတ္တာကိုဖျတ်ကနဲတွေ့လိုက်ရသည်။ရှိုင်းကဆုဆုရဲ့ပခုံးကိုဖက်ပြီးဆိုင်ထဲဝင်လာခဲ့သည်။ဆုဆုနဲ့ရှိုင်းကညီအစ်မတွေဆိုပေမဲ့ဆုဆုရဲ့အရပ်ကရှိုင်းရဲ့ရင်ဘတ်လောက်သာရှိသည်။ဘယ်နေရာမှမတူတဲ့တစ်အူထုံဆင်းညီအစ်မမဟုတ်လား။
ဖုန်းဆိုင်ထဲဝင်ရင်းတစ်ခါလောက်စောင်းကြည့်လိုက်ပြန်သေးသည်။
ဖုန်းဆိုင်ထဲရောက်တော့အရောင်ဝန်ထမ်းကောင်မလေးပြသောဖုန်းတွေကိုဆုဆုကတစ်လုံးပြီးတစ်လုံးကြည့်နေသဖြင့်တော်တော်နှင့်မပြီး။
"ဆုဆု ကြာနေပြီနော်"
"ဟုတ် ခဏလေးပါ "
ခဏလေးပါ သာဆိုတယ် ၁၅မိနစ်လောက်ကြာသေးသည်။သူကြိုက်တာတွေ့တော့ ရှိုင်းကပိုက်ဆံရှင်းပေးလိုက်ပြီးဆိုင်ထဲကနေထွက်လာခဲ့သည်။
လှမ်းကြည့်လိုက်တော့ရှိသေးသည်မို့ဆုဆုလက်ကိုဆွဲကာဆိုင်ထဲဝင်လာလိုက်သည်။ဆုဆုကကြောင်တောင်တောင်ဖြစ်သွားသည်။
"မမ ဘယ်သွားမလို့လဲ "
"ညနေစာသွားစားမလို့လေ ....ဆုဆုနဲ့မမအပြင်မှာမစားရတာကြာပြီမဟုတ်လား"
"ဟာ....တကယ်လား ၊ ဟီး 😁ပျော်လိုက်တာ ဆုကမမကိုမပြောရဲလို့သာ အိမ်မှာချည်းစားနေရတာငြီးငွေ့လာပြီ😁"
ကလေးတစ်ယောက်လိုချစ်စဖွယ်အမူအရာလေးတွေနဲ့ပြောနေသောဆုဆုကိုကြည့်ပြီးရှိုင်းကခေါင်းလေးကိုအသာဖွလိုက်သည်။
ဒါကိုမြင်လိုက်သူကတော့မဟာရယ်လေ။ရှိုင်းဆိုင်ထဲစဝင်လာကတည်းကမြင်လိုက်ပါသည်။သို့သော်ဘေးနားမှာက မနေ့ကလိုများဖြစ်နေမလားဟုတွေးကာခေါင်းကိုငုံ့ထားလိုက်သည်။
တော်ကြာရောက်လာမှဖြင့်ဒုက္ခ။
ငုံ့ပြီးစားနေသောမဟာ့ကိုကြည့်ပြီး မြတ်နှင့်ပြည့်ပြည့်ကဘာဖြစ်နေတာလဲဟူသောအကြည့်ဖြင့်ကြည့်နေကြသည်။
"ဟဲ့နင်ဘာဖြစ်နေတာလဲ"
မြတ်ကမေးငေါ့ပြောနေတုန်းပြည့်ပြည့်ကအနောက်ကိုလှည့်ကြည့်လိုက်သည်။မဟာတို့ဆီတည့်တည့်လာနေသောရှိုင်းကိုတွေ့သွားသဖြင့်-
"ဟာ မ "
ပြည့်ပြည့်ကရုတ်တရက်အံသြသွားသော်လည်း မဟာမှာတော့သူ့မျက်နှာကိုမြင်တိုင်းရှက်မိသည်။ပြီးတော့ဒေါသထွက်သည်။မဟာ့အဖြစ်ကိုမသိကြတဲ့နှစ်ယောက်ကတော့ထိုင်ခုံတွေပင်ဆွဲယူပြီးထိုင်ခိုင်းကြသေးသည်။လာတာကနှစ်ယောက်မို့ထိုင်ခုံနှစ်ခုံဆွဲပေးကြသည်။ရှိုင်းကဝင်ထိုင်ပေမဲ့ဘေးနားကကောင်မလေးကအူကြောင်ကြောင်ရပ်နေသဖြင့်-
"ဆုလေးထိုင်လေ၊မမအသိတွေပါ"
ရှိုင်းပြောမှကောင်မလေးကဝင်ထိုင်ရှာသည်။ကောင်မလေးကမဟာတို့ဖက်မကြည့်ဘဲဖုန်းဘူးကိုသာအားရပါးရဖွင့်ကြည့်နေသည်။
"တို့ကကလေးတို့ကိုတွေ့လို့ဝင်လာတာ"
"ဟုတ်လား....ညီမလေးတို့ကမကိုမတွေ့လိုက်မိဘူးဆိုင်ထဲဝင်လာမှတွေ့တာ ဆောရီးမ"
"အင်း ရပါတယ်.....စားလို့ပြီးကြပြီလား မဝသေးရင်ထပ်မှာကြနော် တို့ရှင်းပေးမှာ "
"ဟာ....တကယ်"
မြတ်နှင့်ပြည့်ပြည့်စကားဖောက်နေကြပေမဲ့မဟာကတော့ယောင်လို့ပင်စကားမပြောမိ။သူတို့ကတော့ရှိုင်းအကြောင်းဘာမှမှမသိကြတာကိုး။ကိုယ့်သူငယ်ချင်းကိုဘယ်လိုလုပ်ခဲ့တယ်ဆိုတာမှန်းသိရင်ဒီလိုစားနိုင်ကြအုံးမလားမသိ😫။
ရှိုင်းကမဟာ့ဆီတစ်ချက်ဝေ့ကြည့်ပြီးဘေးကကောင်မလေးရဲ့ပခုံးကိုသွားဖက်ပြန်သည်။
"ဆုဆု....ဖုန်းကြီးပဲကြည့်မနေနဲ့၊ဘာစားမှာလဲခုနကတော့စားချင်တယ်ဆို"
မေးနေပုံကတကယ့်ကိုကြင်ကြင်နာနာယုယုယယလေးရယ်ပါ။မေးနေရင်းခေါင်းလေးကိုလည်းဖွဖွလေးပုတ်သေးသည်။
ရှင်ကဘယ်လိုတောင်လားဒီရှိုင်းနားရယ်ဟုစိတ်ထဲအမြင်ကတ်မိသေးသည်။
"ကလေးတို့ကိုမိတ်ဆက်ပေးရအုံးမယ်"
အင်း!လာပြီ။မိတ်ဆက်ပေးရအုံးမယ်ဆိုပြီးဟိုကောင်မလေးရဲ့ပါးကိုဖွဖွလေးဆွဲညစ်လိုက်သည်။ချစ်ဖွယ်သောအကြည့်လေးတွေနဲ့ရွှန်းရွှန်းစားစားကြည့်နေသေးသည်။ပြည့်ပြည့်နဲ့မြတ်ကစိတ်ဝင်တစားနားထောင်ဟန်ဖြစ်နေသော်လည်းမဟာကတော့ဂရုမစိုက်သလိုသာလုပ်နေလိုက်သည်။
"ဒါကတို့ရဲ့တစ်ဦးတည်းသောညီမလေးပါ ဒီဆုအလင်္ကာတဲ့ ဆုလေး မမတို့ကိုနှုတ်ဆက်လိုက်လေ"
ဟိုက်😩။သေရောပဲ။ကိုယ့်မှာဟိုထင်ဒီထင်ထင်နေတာသူ့ညီမတဲ့လား။စိတ်ထဲကနေရောအားနာသွားရသည်။ရုပ်ကတော့လုံးဝကိုမတူတာ။ ဒီဆုအလင်္ကာကပါးဖောင်းဖောင်းလေးနဲ့ရယ်လိုက်ရင်သွားတက်လေးနဲ့တကယ့်ကလေးလေးပင်။
သူ့အစ်မပြောလိုက်တော့မတ်တပ်ရပ်ပြီးမဟာတို့အားလုံးကိုကြည့်ကာပြုံးပြပြီးနှုတ်ဆက်လေသည်။အရုပ်မလေးအတိုင်းပင်။
"ဟုတ် ဒီဆုအလင်္ကာလို့ခေါ်ပါတယ်"
"မရဲ့ညီမလေးကချစ်စရာလေးပဲ"
ပြည့်ပြည့်နဲ့မြတ်ပြောတာကိုမဟာလည်းလက်ခံပါသည်။ထို့ကြောင့်သူ့အစ်မကိုမကြည်သော်လည်းသွားတက်လေးနဲ့ပြုံးနေသောကလေးမလေးကိုခေါင်းညိမ့်ပြီးရယ်ပြလိုက်သည်။
"သိပ်မမြောက်ကြနဲ့ကလေးတို့ရဲ့၊သူကအမြှောက်သိပ်ကြိုက်တယ်"
"ဟာ မမကလည်း "
ရှက်ကိုးရှက်ကန်းနဲ့ပြောနေပုံလေးကိုကြည့်ပြီးမဟာတို့အားလုံးအူတွေယားနေကြသည်။ချစ်စရာကောင်းလိုက်တာ၊အရုပ်ကလေးအတိုင်းပင်။
"ဆုလေးရယ်နေတာကြည့်ပြီးပါးတွေဆွဲညစ်ပစ်ချင်တာ"
မြတ်ရဲ့စကားကြောင့်အားလုံးဝိုင်းရယ်မိကြသည်။
သြော်....သူတို့ညီအစ်မကလည်းမျက်နှာမြင်ချစ်ခင်ပါစေဟူသောဆုနဲ့များပြည့်စုံလေသလားဟုတွေးမိသေးသည်။သူ့အစ်မကိုဖယ်ပြီးဆုဆုလေးကိုတော့မဟာလည်းချစ်ခင်မိသည်။
"ဆုလေးကအသက်ဘယ်လောက်ရှိပြီလဲဟင်"
"၁၇ပါ"
"သြော်.....ဆယ်တန်းအောင်ထားတာလား"
"ပထမနှစ် civil ပါမမ Bright College မှာပါ"
"သြော်..."
သူတို့အချင်းချင်းစကားကောင်းနေကြတာကိုဘေးနားကနေကြည်ကြည်နူးနူးနဲ့ကြည့်နေတာကရှိုင်းရယ်လေ။
မဟာကတော့ရှိုင်းမျက်နှာကိုခိုးခိုးကြည့်မိသေးသည်။တစ်ခါတစ်လေအကြည့်ချင်းဆုံရင်မသိသလိုလုပ်သွားတတ်သေးသည်။တော်တော်မျက်နှာပြောင်တိုက်တဲ့မိန်းမဟုမှတ်ချက်ချမိသည်။
ခဏကြာတော့ စားပွဲထိုးလေးကိုခေါ်ပြီးသူ့ညီမစားချင်တာတွေမှာပေးနေလေသည်။
သူ့ရဲ့အပြုအမူတိုင်းကဆွဲဆောင်မှုရှိတယ်ဆိုတာတော့မဟာလက်ခံပါသည်။သူဘာပဲလုပ်နေလုပ်နေကြည့်လိုက်ချင်သည်။မသိသလိုနေပြီးခိုးကြည့်ရသည်ကလည်းအတော်ဆိုးသည်။
ဆုလေးနဲ့ဟိုနှစ်ယောက်စကားကောင်းနေကြသလိုမဟာ့မှာလည်းရှိုင်းကိုခိုးခိုးကြည့်ရတာအမော။ပြည့်ပြည့်နဲ့မြတ်ရဲ့စကားတွေကိုသဘောကျစွာရယ်နေသောဆုလေးကရုတ်တရက်ရယ်သံတိတ်သွားသဖြင့်အားလုံးအံ့သြသွားပြီးဘာဖြစ်သွားတာလဲဟူ၍ ဆုလေးကိုကြည့်လိုက်စဉ်တံခါးပေါက်ကနေဝင်လာသောအမျိုးသားတစ်ယောက်ကိုကြည့်နေတာတွေ့လိုက်ရသည်။
ရှိုင်းကလည်းဆုလေးကြည့်နေရာကိုကြည့်လိုက်တော့ရုတ်တရက်မျက်နှာကတင်းသွားသည်ကိုတွေ့လိုက်ရသဖြင့်ထိုအမျိုးသားနဲ့ဆုလေးရဲ့ကြားမှာပတ်သက်မှုတစ်ခုခုရှိရမည်ဆိုတာကိုမဟာကောက် ချက်ချမိသည်။
အသားဖြူဖြူထောင်ထောင်မောင်းမောင်းနဲ့မဟာ့အထင် အသက်၃၅လောက်ပဲရှိအုံးမည်ထင်သည်။တကယ့်ကိုမင်းသားတစ်ယောက်ရဲ့ပုံစံပင်။ရှိုင်းကတော့ထိုသူကိုမြင်တော့မျက်နှာလွှဲပစ်သည်။
"ဆုဆု.....ဘာလို့ကြည့်နေတာလဲ "
အသံမာမာနဲ့ဟောက်လိုက်သဖြင့်ရုတ်တရက်အကြည့်လွှဲပြီးခေါင်းလေးငုံ့သွားရှာသည်။ထိုအမျိုးသားကမြင်ဟန်တူသည်။လာမည်ပြုပြီးမှရှိုင်းကိုကြည့်ပြီးမျက်နှာငယ်လေးနဲ့နောက်ပြန်လှည့်သွားရှာသည်။မဟာမှာသူတို့ရဲ့ပုံစံတွေကိုအကဲဖြတ်နေမိသည်။
ကလေးမလေးရဲ့မျက်နှာကပျက်ယွင်းနေရှာသည်။
"ဆုဆု.....မျက်နှာကဘာဖြစ်နေတာလဲ၊ဘာလို့မျက်နှာကအဲ့လိုဖြစ်သွားရတာလဲ ၊တော်တော်နှုတ်ဆက်ချင်နေတာလားပြောစမ်း!!! ဟမ်!!"
"ကလေးကိုဘာလို့အဲ့လောက်ငေါက်နေရတာလဲဒီရှိုင်းနား၊ကလေးကိုအပြစ်မရှိမရှာ"
ဒီတစ်ခါတော့မဟာမနေနိုင်တော့။ဆုလေးကဘာမှလုပ်တာလဲမဟုတ်ဘဲဆိုင်ကြီးမှာငေါက်လားငမ်းလားနဲ့ဆိုတော့မျက်ရည်လေးဝဲနေရှာသည်။မဟာ့အသံကြားတော့ စုတ်တစ်ချပ်သပ်ပြီးမျက်နှာလွှဲသွားသည်။ပြည့်ပြည့်နဲ့မြတ်ကတော့နားမလည်နိုင်ဖြစ်နေကြသည်။
"ပြုံးနေလေခုနကလို ငါမကြိုက်ဘူးလို့ပြောထားနော်ဆုလေး၊အဲ့မျက်နှာကိုချက်ချင်းပြင်"
"ဟာ....ရှင်ဘယ်လိုဖြစ်နေတာလဲရှိုင်း၊ဝမ်းနည်းသွားတဲ့မျက်နှာကိုရှင်ဆိုရင်ရော ချက်ချင်းပြင်နိုင်လား"
ရှိုင်းရဲ့မျက်နှာကတင်းသည်ထက်တင်းလာသည်။မဟာကဂရုမစိုက်။ဆုလေးကခေါင်းငုံ့နေသဖြင့်မျက်ရည်လေးတစ်ပေါက်ကျသွားတာကိုမဟာမြင်လိုက်ရသည်။အေးလေဒီလောက်တောင်လူကြားထဲငေါက်နေမှတော့ဝမ်းနည်းရှာမှာပေါ့။
မြတ်နဲ့ပြည့်ပြည့်တို့ကရှိုင်းရဲ့မျက်နှာပုံစံကိုကြည့်ပြီးမဟာ့ကိုမပြောနှင့်ဟူသောမျက်နှာပေးဖြင့်လုပ်ပြကြသော်လည်းမဟာကဂရုမစိုက်။
ရှိုင်းကမဟာ့မျက်နှာကိုစူးစူးရဲရဲကြည့်ပြီးနေရာမှဆတ်ကနဲထလိုက်သဖြင့်အားလုံးအံသြသွားကြသည်။ပြီးတော့ပိုက်ဆံအိတ်ထဲကဘယ်နှစ်ရွက်မှန်းမသိသောသောင်းတန်တွေထုတ်ပြီးစားပွဲပေါ်ချကာ ဆုလေးရဲ့လက်ကိုအတင်းဆွဲကာထသွားလေသည်။
"ရှိုင်း"
မဟာအော်လိုက်သော်လည်းရှိုင်းကဂရုမစိုက်စွာထသွားသည်။အနောက်ကနေယက်ကန်ယက်ကန်ပါသွားရှာသောဆုလေးကိုကြည့်ပြီးအားလုံးစိတ်မကောင်းဖြစ်နေကြသည်။
မဟာတို့ရဲ့နှစ်ဝိုင်းကျော်မှာထိုင်နေသောထိုအမျိုးသားရဲ့အကြည့်တွေကလည်းရှိုင်းတို့ဆီကပ်ပါသွားသည်။ဝမ်းနည်းနေသောမျက်ဝန်းတွေနဲ့ကြည့်နေရှာသည်။
ရှင်ကဘယ်လိုလူမျိုးလဲဒီရှိုင်းနားရယ်။
>>>>>>>>>>>>>>>
အန်တီမိုးဖုန်းဆက်သဖြင့်နေ့မှာရှိုင်းဆီအပြေးလာခဲ့ရသည်။ရှိုင်းအိမ်မှာသောင်းကျန်းနေသည်ဟုဆိုသဖြင့်အိမ်ထဲမြန်မြန်ဝင်လာခဲ့သည်။အိမ်ထဲဝင်ဝင်ချင်းအန်တီမိုးနဲ့တွေ့သဖြင့် ဘာဖြစ်တာလဲ ဟူသောပုံစံဖြင့်မေးငေါ့ပြတော့ထုံးစံအတိုင်းဟုပြန်ပြောလေသည်။နေကသက်ပြင်းချနေတုန်း-
"ငါမေးနေတယ်လေ တော်တော်တွေ့ချင်နေတာလားလို့"
အပေါ်ထပ်ကနေအော်သံအကျယ်ကြီးကြားလိုက်ရသဖြင့်လန့်ဖျတ်မိသည်။ဆုလေးဘယ်လောက်တောင်ကြောက်နေရှာမလဲဟုတွေးပြီးအပေါ်ထပ်ကိုအမြန်ပြေးတက်လာခဲ့သည်။
ဆုလေးရဲ့အခန်းထဲရောက်တော့ ပစ္စည်းတွေဖွာလန်ကြဲနေတာတွေ့လိုက်ရသည်။ကုတင်ပေါ်မှာတရှုံ့ရှုံ့ငိုနေရှာသောဆုလေးကိုအော်ဟစ်နေသဖြင့်နေ့မှာမြန်မြန်ပြေးပြီးဆုလေးကိုဖက်ထားပေးရသည်။
"ရှိုင်း.....တော်ပါတော့၊ကလေးလည်းတအားကြောက်နေပြီ"
"နေ ဘယ်လိုရောက်လာတာလဲ အန်တီမိုးဖုန်းဆက်တာလား"
ဟုတ်တယ်လို့ပြောလိုက်လျှင်အမှုကတိုးအုံးမှာမို့ခေါင်းခါလိုက်ရသည်။နေ့ရင်ခွင်ထဲမှာခေါင်းဝင်လျှိုပြီးငိုနေရှာသောဆုလေးရဲ့ခေါင်းလေးကိုအသာပွတ်ပေးနေလိုက်သည်။
ရှိုင်းကဆုလေးရဲ့စားပွဲပေါ်ကဓာတ်ပုံတွေအားလုံးအားရပါးရဆုတ်ဖြဲနေသည်။နေလည်းကြည့်မနေနိုင်တော့သဖြင့်-
"ရှိုင်းရယ်တော်ပါတော့ ကျေးဇူးပြု၍၊ဒီလောက်လုပ်တာတောင်အားမရသေးဘူးလား"
"နေ ဘာမှမသိဘဲအပြစ်မတင်နဲ့၊ဒီနေ့လေ ဘယ်သူနဲ့တွေ့ခဲ့တယ်ထင်လဲ"
ဒီလောက်ဆိုရိပ်မိပြီမို့ သိတယ်သိတယ်ဟုခေါင်းငြိမ့်ပြရသည်။ဒါကိုတောင်တောက်ကခေါက်လိုက်သေးသည်။
"တွေ့တာကိုအပြစ်မတင်ဘူး၊ဆုဆုရဲ့မျက်နှာဘာဖြစ်သွားတယ်ထင်လဲ"
"အင်းပါ အင်းပါ တော်ပါတော့ "
"မတော်နိုင်ဘူး ဒီဆုအလင်္ကာ၊ငါမကြိုက်ဘူးလို့ပြောထားရဲ့အသားနဲ့နင်ဘာလို့ဒီလိုချည်းဖြစ်နေရတာလဲပြောစမ်း"
နေ့ရင်ခွင်ထဲကဆွဲထုတ်ပြီးပခုံးနှစ်ဖက်ကိုကိုင်ကာဆွဲယမ်းနေသဖြင့်နေ့မှာ ထိုင်ရာမှထပြီးရှိုင်းလက်တွေကိုဆွဲဖယ်ရသေးသည်။
နဂိုကတည်းကဆုလေးကကြောက်တတ်ပါတယ်ဆိုအခုတော့တုန်ရီနေသည်။
"ရှိုင်း ကလေးကိုမဆူပါနဲ့တော့ကျေးဇူးပြု၍"
"ဒီမှာနေ....တို့ကရောဆူချင်လို့ဆူနေတယ်များထင်နေသလား၊တို့ရင်ထဲကခံစားချက်တွေလောလောလတ်လတ်ကြီးဖြစ်နေသေးတယ်အခုထိ အဲ့ဒါနေအသိဆုံးပဲမဟုတ်လား"
"အင်းပါ....နေနားလည်ပါတယ်၊ဒါပေမဲ့ဆုလေးဖက်ကကြည့်တော့လည်း သူ့ရဲ့...."
"ဟိုး!!!!အဲ့စကားလုံးကိုလုံးဝမထွက်နဲ့၊ဒီဆုအလင်္ကာမှာဒီရှိုင်းနားတစ်ယောက်ထဲရှိတယ်၊နောက်တစ်ခါအဲ့လိုဖြစ်ရင် ငါလုံးဝခွင့်မလွှတ်ဘူးနော် ဆုဆု"
"ဟုတ် ဟုတ်ကဲ့"
"ရှိုင်းကလည်းကွာ ဆုလေးကဘာအပြစ်ကြီးလုပ်တာလည်းမဟုတ်ဘဲ၊မျက်နှာထားလောက်ကတော့ဘယ်သူမဆိုပျက်မှာပဲ၊ရှိုင်းလိုသူကအသည်းမာတဲ့သူမှမဟုတ်တာ"
"အို....မာရမယ်၊ရှိုင်းတို့ဘဝကိုပျက်စီးသွားအောင်လုပ်တဲ့သူကိုဆုလေးလည်းတမ်းတစရာမလိုဘူး အိုကွာ ရှုပ်တယ် ဆုလေးကိုဒီမှာမထားဘူး US ကိုသွားခိုင်းမယ်"
"ရှင်"
"ဟာ....ရှိုင်းအဲ့လိုတော့မလုပ်နဲ့လေ "
"မဟုတ်ဘူး ဒီမှာနေရင်သူဆက်သွယ်ဖို့ကြိုးစားနေအုံးမှာပဲ"
"ရှိုင်းရယ်အဲ့လောက်တောင်လုပ်ဖို့လိုလို့လား"
ဆုလေးမှာတော့ရှိုင်းစကားကြားကြားပြီးချင်းကုတင်ပေါ်ထိုင်ချတာခေါင်းခါပြီးငိုနေရှာသည်။သနားစရာကလေး။
"လိုတာပေါ့ နေရယ်၊ ဆုလေးဒီအရွယ်ထိရောက်အောင်ဒီရှိုင်းနားဆိုတဲ့ငါကတစ်ယောက်ထဲပြုစုပျိုးထောင်ခဲ့ရတာ အဲ့ဒီတုန်းကဘယ်သူမှကိုယ့်ကိုလှည့်ကြည့်ခဲ့ကြတာတောင်မဟုတ်ဘူး၊ဆုလေးနို့ဆာလို့ငိုတဲ့အချိန်တွေတိုင်း တို့ဘာလုပ်ရမယ်မှန်းမသိတဲ့အချိန်တွေကိုအခုထိသတိရနေတုန်းပဲ "
"ဒါပေမဲ့"
"တော်ပြီတို့ဆုံးဖြတ်ပြီးသွားပြီ နက်ဖြန် Visa သွားလုပ်မယ်"
ပြောပြီးထွက်သွားသောရှိုင်းကျောပြင်ကိုကြည့်ကာဆုလေးကချုံးပွဲချငိုတော့သည်။နေလည်းဘာလုပ်ရမယ်မှန်းမသိဖြစ်သွားသည်။
"တိတ်ပါဆုလေးရယ် မမကစိတ်ဆိုးတုန်းပြောတာနေမှာပါ"
"ဆုကိုမသွားခိုင်းပါနဲ့ မမနေရယ်၊ဆုမသွားချင်ဘူး မမနဲ့လည်းမခွဲနိုင်ဘူး ကျေးဇူးပြု၍မမကိုပြောပေးပါမမနေ"
"အင်း အင်းပါ ပြောပေးမယ်နော် ၊ဆုမသွားစေရဘူးစိတ်ချ"
ရှိုက်ကြီးတငင်ငိုနေရှာသောဆုလေးကိုကြည့်ပြီးနေ့မှာစိတ်မကောင်းမိ။ဆုလေးဖက်ကကြည့်တော့လည်းမှန်နေပြန်သည်။
ရှိုင်းဖက်ကကြည့်တော့လည်းမမှားသောအမှန်တရားမို့ဘယ်သူ့ဖက်လိုက်ရတော့မည်ဆိုတာမသိတော့ဘဲခေါင်းကိုသာတွင်တွင်ခါယမ်းနေမိတော့သည်။
Advertisement
- In Serial257 Chapters
Secret Wardrobe Of The Duchess
How much money must I spend for you to divorce me!? Rubika dies in a war without being able to confess her love for Arman but is instead sent back in time.A new life, she will not live in vain. But what are these new obstacles?
8 831 - In Serial8 Chapters
24 Hours My Prince
Follow the one day adventure of hilarious Alice who finds herself back in time during the time of king Beon and luckily she was to do a research on him. Handsome Beon takes her as a great one and treat her nicely, what happens when she's discovered not to be the great one ? Trouble erupts for Alice as death in the past becomes her sentence and Beon can't do anything, or can he?........
8 98 - In Serial26 Chapters
To tame an Earl (four hoydens #2)
Lord Ralph Orford, the Earl of Morley is the ideal gentleman, well liked, a definite catch on the marriage mart...but as is usually the case, there was more to him than met the eye. Lady Alice Woodbury, beautiful and dazzling, has secrets too. But while Ralph has been sworn to secrecy for the nation, Alice's subterfuge is due to a more personal reason-heartbreak. Read "To tame an Earl" to find out what happens when sparks fly between these two. Will those sparks ignite into a full blown fire or will it burn out because of all their secrets? Completed.Cover by @00Athena00
8 107 - In Serial44 Chapters
Kaisi yeh yaariyan: together forever
This is my version of kaisi yeh yaariyan and I promise that it would be a good one. Manik and Nandini will together find the mystery of Nandini's past. So walk in !
8 128 - In Serial41 Chapters
FORBIDDEN ||KookV||
There was a sobbing tone in Taehyung's voice as he said, "You're crazy! I am your son!"Who would have imagined that when Jungkook heard these words, he sneered and said, "I don't have a son like you." Taehyung said with cries, "Why, am I not your son?"Jungkook said, "I do not regard you as my son." A forbidden romance between father and son. (Not blood-related)If this topic triggers you, you can skip it. Please do not report.THIS STORY DOESN'T BELONG TO ME. IT IS A KOOKV ADAPTATION OF A CHINESE BL NOVEL. ALL CREDITS GOES TO THE ORIGINAL AUTHOR AND TRANSLATOR.Author: Xī ZǐxùEnglish Translator: StormFrostHighest Ranks 1 in #father-son1 in #forcedrelationship1 in #badending6 in #controled1 in #manipulation1 in #jungkookxtaehyung2 in #KookV
8 220 - In Serial16 Chapters
Dying to Have your Baby [A Hunter Hayes pregnancy imagine + sm*ut]
A girl! Your and Hunter's first baby was going to be a girl! You two couldnt't be happier but then destiny strikes leaving you with some kind of toxic reaction to the pregnancy. Bad complications make your life hell. Luckily, Hunter's there by your side all along ...
8 328

