《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 3 (Unicode)
Advertisement
သူ့စိတ်ကြိုက်ဆော့ကစားခဲ့ပြီးမှဘာမှမဖြစ်ခဲ့သလိုမျက်နှာပေးနှင့်ကားမောင်းနေသောရှိုင်းကိုမဟာစိတ်တိုမိသည်။စိတ်ထဲမှာမကျေနပ်ခြင်းများစွာနှင့်မျိုသိပ်ထားရသော်လည်းအခုကသူ့ကားပေါ်မှာမို့ငြိမ်နေရသည်။သူကတော့အေးဆေးစွာကားမောင်းနေသည်။
သြော်.....အတော်မျက်နှာပြောင်တိုက်တဲ့မိန်းမပါလားဟုတွေးမိသည်။
"ဟိတ် ဘာတွေစဉ်းစားနေတာလဲ"
ကားမောင်းနေရာကနေစောင်းပြီးမေးလာသောကြောင့်မဟာလန့်သွားမိသည်။ပြီးတော့ဘာမှမဖြစ်သလိုပြန်ပြင်လိုက်သည်။
"ဘာမှမစဉ်းစားပါဘူး၊ကျွန်မကိုအိမ်ပြန်ပို့ပေးမှာမဟုတ်လား"
"အိမ်လား ဆောရီးကွာ တို့အခုတော့မပို့ပေးနိုင်သေးဘူး၊မင်းအိမ်ကတို့သွားရမဲ့နေရာနဲ့တောင်နဲ့မြောက်ဆိုတော့မင်းကိုတို့ကိစ္စပြီးမှပြန်ပို့နိုင်မယ်ထင်တယ်"
"ဘာရယ် "
ဒါတော့တော်တော်လွန်သွားပြီမဟုတ်လား။လူတစ်ကိုယ်လုံးလည်းသူပြုသလိုနုခဲ့ရပြီးပြီ။အခုကျတော့လည်းသူ့ကိုစောင့်ရမည်ဆိုပါလား။ဘယ်လိုတောင်လူကိုအနိုင်ယူချင်နေတာလား။
"ဘာလဲမကျေနပ်ဘူးလား"
"ကျေနပ်စရာလား"
"မင်းမကျေနပ်တာကျေနပ်တာကတို့အတွက်အရေးမကြီးပါဘူး မဟာမေတ္တာ၊အရေးကြီးတာကတို့ကတို့အစီအစဉ်ကိုပြောပြရုံပဲ"
"ရှင်ကဘယ်လိုမိန်းမမျိုးလဲဒီရှိုင်းနား၊ကျွန်မတော့ရှင့်လိုမိန်းမမျိုးတစ်ခါမှမမြင်ဖူးဘူး"
"တို့လား"
အလှဆုံးအပြုံး၊အလှဆုံးမျက်နှာထားတွေနဲ့ပြောနေသော်လည်းသူ့အလှဆိုတာမဟာ့ဒေါသတွေအောက်မှာကြည့်ချင်စရာမရှိ။မဲ့တာလား၊ရွဲ့တာလားလဲမသဲကွဲ။သေချာတာကစိတ်မအောင်ဘူး။
"မင်းတို့ကို အဓိပ္ပါယ်ဖွင့်မနေနဲ့၊မင်းတို့ရဲ့စည်းအောက်မှာပဲနေနိုင်အောင်ကြိုးစားစမ်းပါ"
"ဘာလို့ကျွန်မကရှင့်စည်းအောက်မှာနေရမှာလဲ"
"မင်းကိုတို့ပိုင်သွားပြီလေ"
"ရူးမနေနဲ့"
"မဟုတ်ဘူး မဟာမေတ္တာ၊မင်းတို့ကိုရူးနေလို့ဆိုတဲ့စကားကိုတော်တော်ပြောတယ်နော်၊အဲ့ဒီအရူးကိုမင်းတမ်းတနေရလိမ့်မယ်"
"အံ့မယ် ဝေးသေး၊ကျွန်မရဲ့အဘိဓာန်ကိုလှန်ကြည့်လိုက်အုံး ဒီရှိုင်းနား၊အနားကပ်လာသမျှယောက်ျားတိုင်းကိုတောင်ချေခဲ့တာ၊ရှင့်လိုမိန်းမတစ်ယောက်ကိုတမ်းတစရာလား"
"ဒါပေါ့ မင်းတမ်းတရမှာပေါ့၊ဒါပေမဲ့တစ်ခုဝန်ခံစရာတော့ရှိတယ်၊တို့တွေ့ဖူးတဲ့မိန်းကလေးတွေထဲမှာမင်းကတို့ကိုအစော်ကားဆုံးပဲ"
ရယ်ပြီးပြောလိုက်တာလား၊မဲ့ပြီးပြောလိုက်တာလားမသိ။
တောက်!။ဒေါသဖြစ်စရာကောင်းလိုက်လေခြင်း။
"ရှင့်ကိုစော်ကားတဲ့ကျွန်မကိုဒီအတိုင်းထားလိုက်ပါလား"
"နိုးနိုးနိုး တို့ကခက်ခဲတာမှကြိုက်တာ ၊မင်းကတို့နဲ့တွေ့လိုက်တာကမင်းအတွက်ကံဆိုးမှုလားတော့မသိဘူး မင်းကိုတို့အပိုင်ရမှဖြစ်မယ်"
"တောက်! ရူးတယ်လို့ပြောရင်လဲဘဝင်ကမြင့်အုံးမယ်"
မဟာဒေါသထွက်နေတုန်းရှိုင်းကအဆောက်အဦးတစ်ခုထဲဝင်လိုက်သည်။အဆောက်အဦးရှေ့မှာကားရပ်လိုက်သည်။ရှိုင်းကခါးပတ်ကိုဖြုတ်ကာဆင်းသည်မို့မဟာလည်းဆင်းလာခဲ့ရသည်။အဆောက်အဦးကိုမော့ကြည့်လိုက်တော့ အောင်မြင့်မိုရ် စိန်ရွှေရတနာဆိုင်ဆိုပြီးတွေ့ရသည်။
ရှိုင်းဝင်သွားရာနောက်ကိုတကောက်ကောက်လိုက်လာခဲ့ရသည်။အဆောက်အဦးကငါးထပ်ဆိုတော့ Lift ဖြင့်တက်လာခဲ့သည်။အပေါ်ဆုံးထပ်ရောက်တော့အခန်းတစ်ခန်းထဲဝင်သွားသဖြင့်မဟာလည်းလိုက်လာခဲ့ရသည်။
အခန်းထဲဝင်ဝင်ချင်းရေမွှေးနံကထောင်းကနဲ။ရှိုင်းအနောက်ကိုလိုက်နေရသော်လည်းစကားကတစ်ခွန်းမှမပြော။
"Hello!Lady"
ရှိုင်းအသံကြောင့်မဟာခေါင်းထောင်ကြည့်လိုက်တော့ဆိုဖာကိုကျောပေးကာထိုင်နေသောမိန်းမတစ်ဦး။ရှိုင်းရဲ့အသံကြောင့်အရှေ့ကိုလှည့်လာတော့မဟာမှာအသက်ရှုရပ်သွားမတတ်။
Oh!God!။လှလိုက်တာ။ရှိုင်းလှတယ်ဆိုတာထိုအမျိုးသမီးကိုမမီ။ရှိုင်းရဲ့အလှမှာတောင်မဟာနှစ်မြုပ်မိသွားသေးတာ။ဒီအမျိူးသမီးကရှိုင်းထက်လှသည်။
ရှိုင်းနဲ့ပတ်သက်တဲ့လူတွေတိုင်းကဘာလို့ဒီလောက်ချောနေရသလဲမသိ။ဖြောင့်စင်းသောနှာတံ၊နှင်းဆီဖူးလိုရဲရဲစိုစိုနှုတ်ခမ်းလေး၊နဖူးပြေပြေလေး၊ကော့ဖြူးနေသောမျက်တောင်လေး၊အဖုအပိမ့်ကင်းသောဝင်းမွတ်သည့်မျက်နှာလေး။အို......တစ်ခုချင်းပြောပြရလျှင်ကုန်မှာမဟုတ်။
ဥမ္မာဒန္တီရဲ့အလှကိုဦးရွှန်းဖွဲ့တုန်းကအဖွဲ့ကိုသွားသတိရမိသည်။နာတျသျှတ္တရကျမ်းလာမိန်းမလှတို့ရဲ့ကောင်းခြင်းငါးဖြာဖြစ်တဲ့အရွယ်၏ကောင်းခြင်း၊အရိုး၏ကောင်းခြင်း၊ခြေသည်းလက်သည်း၏ကောင်းခြင်း၊
ကောင်းခြင်း၊အသား၏ကောင်းခြင်း၊အရေ၏ကောင်းခြင်းတွေထိုအမျိုးသမီးမှာပိုင်ဆိုင်ထားသည်။သတိလက်လွတ်ကြည့်မိတာမဆန်းဘူးထင်ပါရဲ့။
"ရှိုင်း.....ကြာလိုက်တာကွာ"
"ဆောရီးဘေဘီ စိတ်မဆိုးနဲ့"
ရှိုင်းကထိုအမျိုးသမီး၏နှုတ်ခမ်းကိုငုံ့နမ်းလိုက်သည်မို့မဟာမှာပါးစပ်အဟောင်းသားဖြစ်သွားသည်။ထိုအမျိုးသမီးကလည်းရှိုင်းလည်ပင်းကိုပြန်ဖက်တွယ်ကာပြန်ပြီးအနမ်းပေးနေသည်မှာရပ်နေတဲ့မဟာကိုသတိမရကြတဲ့အတိုင်း။
ရှိုင်းကိုမဟာလုံးဝနားမလည်နိုင်တော့။မဟာ့မှာဘာလုပ်ရတော့မယ်မှန်းမသိ မျက်နှာကြီးပူထူလာသည်။ခဏကြာတော့မျက်နှာချင်းခွာလိုက်ကြသည်။
"ရှိုင်းကိုလွမ်းပါတယ်၊နေမရှိတဲ့ရက်တွေမှာရှိုင်းကိုနေလုံးဝစိတ်မချဘူးသိလား"
" ဟိုးထား.....ဟိုးထား စကားလုံးတွေကိုဒီမှာတင်ရပ်ထား နေရပ်ဝန်း၊ နေ့ကိုမိတ်ဆက်ပေးရအုံးမယ်"
ရှိုင်းရဲ့မျက်လုံးတွေကကြောက်သလိုလိုပုံစံနှင့်ရပ်နေသောမဟာ့ဆီရောက်လာသည်။သူတို့နှစ်ယောက်ထိုင်ခုံမှာထိုင်ပြီးမဟာ့မှာမတ်တပ်ရပ်လျက်။ပြီးတော့မဟာ့ကိုစေ့စေ့ကြည့်နေကြသေးသည်။
"သူကဘယ်သူလဲရှိုင်း"
"သူငယ်ချင်းရဲ့တပည့်လေးပါ၊ နေ့ကိုပြောလည်းသိမှာမဟုတ်ဘူး နာမည်က မဟာမေတ္တာတဲ့"
"ရှိုင်း ဘာတွေလျှောက်လုပ်နေတာလဲ"
ရှိုင်းကိုဒေါသတကြီးနဲ့ပြောလိုက်သဖြင့်မဟာမှာလန့်သွားမိသည်။ရှိုင်းကတော့ပခုံးနှစ်ဖက်ကိုတွန့်ပြသည်။နေဆိုသူကမဟာ့ကိုကြည့်ကာ-
"သမီး လာ ထိုင်လေဘာလို့ရပ်နေရတာလဲ"
ငင့်။ခေါ်လိုက်ပုံကမဟာ့ကိုတကယ့်ကိုသူငယ်နှပ် စားလေးအတိုင်း။အေးလေတီချယ်ခင်သူဇာတောင်သမီးလို့ခေါ်သေးတာပဲ။မဟာလည်းရှိုင်းအနားဝင်ထိုင်လိုက်သည်။ရှိုင်းရဲ့လက်တွေကမဟာ့ပခုံးပေါ်ရောက်လာသည်။
"ရှိုင်း မိတ်ဆက်ပေးတယ်ဆိုကတည်းကနေသိသင့်ပြီပေါ့"
"ရှိုင်း....တခြားသူဆိုရင်နေမပြောဘူး၊ဘာမှမသိသေးတဲ့ကလေးကိုတော့ဇယားတွေထဲမထည့်ချင်စမ်းပါနဲ့"
ဘုရားရေ။ဘာတွေလဲ ။ကြားရတဲ့စကားတွေကကြက်သီးပင်ထချင်လာသည်။
"သမီးအသက်ဘယ်လောက်လဲ"
"၁၉ပါမမ"
"ငယ်ငယ်လေးရှိသေးတာပဲ၊ရှိုင်း.....ကလေးကိုတော့လွှတ်ပေးလိုက်ပါ နေတောင်းပန်ပါတယ်"
"မရတော့ဘူးနေရဲ့"
"ဟင်! ဧကန္တ နင်!"
"ဟုတ်တယ်"
ရှိုင်းတော့ဘယ်လိုနေတယ်မသိ။မဟာကတော့ရှက်လွန်း၍မျက်နှာကြီးနီမြန်းလာသည်။
"ရှိုင်း ကျေးဇူးပြု၍ ဒီလိုတွေမလုပ်လို့မရဘူးလား"
"အဲ့ဒါဆို နေလည်းကျေးဇူးပြု၍ မတားမြစ်လို့မရဘူးလား တော်ပြီဟာ၊ စိတ်ညစ်တယ် ဒီနေ့ဒီမှာပဲနေတော့မယ်"
"ကလေးကိုပြန်ပို့ပေးအုံးလေ"
"နေ ပို့ပေးလိုက်လေ"
နှုတ်ခမ်းတစ်ဖက်ကိုမဲ့ကာပြောလိုက်ပုံကခံရသူကိုဘယ်လောက်တောင်နာကျင်စေလဲဆိုတာခံရသူသာသိသည်။မဟာမှာဒီရှိုင်းနားကိုသတ်ပစ်ချင်လောက်အောင်မုန်းမိသည်။မဟာ့ကိုဘယ်လိုသတ်မှတ်နေသလဲမသိပေမဲ့သေချာတာတစ်ခုကနောက်ကိုသူ့ဆီမရောက်ဖြစ်အောင်ဆင်ခြင်ရမည်ဟူသောအတွေးတစ်ခု။
ထိုနေ့ကမဟာ မှာ နေရပ်ဝန်းနှင့်ပြန်ခဲ့ရသည်။
ကြယ်ရောင်ပျောက်သောလမိုက်ညတွေကဲ့သို့ပင်××××။
>>>>>>>>>>>>>>>>
ရှိုင်းအိမ်ပြန်ရောက်ရောက်ချင်းဒေါက်ဖိနပ်ကိုချွတ်ကာအိမ်ထဲဝင်လာခဲ့သည်။အိမ်ထဲဝင်ဝင်ချင်းဖုန်းပြောနေသောဒီဆုအလင်္ကာကိုတွေ့လိုက်ရသည်။ရှိုင်းကအနားကပ်သွားလိုက်သည်။ရှိုင်းကိုမြင်တော့လန့်ပြီးဖုန်းကိုအနောက်ဖွက်လိုက်သည်။
"ဘယ်သူနဲ့ဖုန်းပြောနေတာလဲ ဆုဆု"
"ရှင်!!"
"အဲ့ဖုန်းငါ့ကိုပေးစမ်း "
"မ မဟုတ်ဘူး မမ၊ဆု သူငယ်ချင်းနဲ့ပြောနေတာပါ၊ဆုဘယ်သူနဲ့မှမပြောပါဘူး"
"ဒီဆုအလင်္ကာ!"
ရှိုင်းရဲ့အော်သံကြောင့်ဆုကဆတ်ကနဲတုန်သွားသည်။ငယ်ငယ်ကတည်းကကြောက်ရတဲ့သူမို့လိမ်လည်းမလိမ်ရဲ။ပြလိုက်ပြန်လျှင်လည်းပြသနာတက်မည်စိုးသဖြင့် ဘာလုပ်ရမည်မသိအကြံအိုက်နေရသည်။
ရှိုင်းကလည်းဆုကိုမြင်တာနဲ့ဘာဆိုတာအကုန်သိသည်မို့ဆုလက်ထဲကဖုန်းကိုသာမျက်စောင်းထိုးနေသည်။
"ငါပြောနေတယ်နော် ဆုဆု၊နင်နာချင်လို့လား ပေးဆိုပေးစမ်း"
ရှိုင်းမျက်နှာကဒေါသကြောင့်နီလာသည်မို့ဆုကအနောက်မှာဖွက်ထားသောဖုန်းလေးကိုထုတ်ပေးလိုက်ရသည်။ဆုရဲ့ဖုန်းကိုဘယ်တော့မှ password မချရဟု အမိန့်ပေးထားသဖြင့်ဖုန်းမှာ password မရှိ၊ရှိရင်တောင်ရှိုင်းကိုအသိပေးထားရသည်။
ရှိုင်းကဖုန်း call log ကိုဖွင့်ကြည့်လိုက်တော့ထင်ထားသည့်နံပါတ်ဖြစ်နေသဖြင့် ဖုန်းကိုပေါက်ခွဲပစ်သည်။
ဆုကတဆတ်ဆတ်တုန်ပြီးခေါင်းကိုငုံ့ထားမိသည်။ရှိုင်းကဆုရဲ့ပခုံးနှစ်ဖက်ကိုအတင်းဆွဲလှုပ်ယမ်းပြီးဒေါသတကြီးပြန်ကြည့်သည်။
"ငါတို့ဘဝတစ်ခုလုံးစုတ်ပြတ်သတ်အောင်လုပ်သွားတာတောင် နင်ကစိတ်မနာနိုင်သေးဘူးလား ၊ဒီဆုအလင်္ကာ အဆက်အသွယ်မလုပ်ရဘူးလို့နင့်ကို warning ပေးပေါင်းများနေပြီနော် ဒီတစ်ခါတော့ နောက်ဆုံးအကြိမ်ဖြစ်ပါစေ၊နောက်တစ်ခါဆိုရင် လုံးဝခွင့်မလွှတ်ဘူးမှတ်"
"ဒါ ဒါပေမဲ့"
"ငါ့စကားအပေါ်မှာဆင်ခြင်တက်တာငါမကြိုက်ဘူးဆိုတာနင်သိတယ်နော် ဆု ၊နင်ဒီလိုသာဆက်လုပ်နေရင်နင့်ကိုဒီမှာမထားဘူး မြဲမြဲမှတ်ထား ကြားလား"
ဆုကကြောက်လွန်း၍တုန်နေမိသည်။သူမကြိုက်တာလုပ်မိသည်မို့ပြန်ဖြေရှင်းဖို့အင်အားမရှိ။
"ဟဲ့ ငါမေးနေတယ်လေ ကြားလားလို့"
"ဟုတ်ကဲ့"
"အေး ကြားရင်ပြီးတာပဲ၊ညနေကျရင်ဖုန်းအသစ်သွားဝယ်ပေးမယ်၊ ဆင်းကဒ်အသစ်လဲရမယ်၊ငါကလွဲပြီးဘယ်သူ့ကိုမှနံပါတ်မပေးရဘူး နင့်ဖက်ကစပြီးဆက်သွယ်တယ်ကြားလို့ကတော့ငါ့အဆိုးမဆိုနဲ့နော် ဆုဆု"
"ဟုတ်မမ"
"အေး ပြီးတာပဲ ထမင်းစားပြီးပြီလား"
"ဟင့်အင်း"
ဆုကခေါင်းခါလိုက်သည်မို့ရှိုင်းကဆုပခုံးကိုဖက်ကာထမင်းစားခန်းထဲခေါ်လာခဲ့သည်။ထမင်းစားခန်းထဲမှာစွပ်ပြုပ်အနံကထောင်းကနဲ။
အန်တီမိုးကရှိုင်းတို့ကိုမြင်တော့မျက်နှာအနည်းငယ်ပျက်ယွင်းနေသည်။ခုနကဆုဆုကိုရှိုင်းဆူထားခြင်းအတွက်ကြောင့်ရယ်ပါ။
"အန်တီမိုးထမင်းကကျက်ပြီလား"
"ကျက်တော့ကျက်ပြီ သမီးရေအရွက်လေးခပ်လိုက်အုံးမယ်"
"ဟာ.....အန်တီမိုးတို့ကအဲ့ဒီအတိုင်းပဲ အခု၆နာရီထိုးနေပြီ၊ကလေးကအခုထိထမင်းမစားရသေးဘူး၊ရှိုင်းသာမရှိရင်ဆုဆုကတော့အစာအိမ်ဖြစ်တော့မှာပဲ"
"ခဏလေးပါ သမီးရယ် ငါးမိနစ်ပဲ"
"ဆုဆု နေ့လည်ကဘာစားထားလဲ"
"လ လဖက်သုပ်"
အမှန်တော့ဘာမှမစားထားပါ။သို့သော်ဘာမှမစားထားဘူးလို့ပြောလိုက်လျှင်အန်တီမိုးအဆူခံရမည်စိုး၍ပါးစပ်ထဲရှိရာပြောလိုက်ခြင်းပင်။ဒါတောင်အပြစ်ကမလွတ်။
"လက်ဖက်တွေပဲဇွတ်စားနေတာ အဟာရမဖြစ်တာတွေ၊နောက်နေ့မစားရဘူး ကြားလား"
"ဟုတ်မမ"
"အေးပြီးရော"
အခုတော့လည်းသူမဟုတ်တဲ့အတိုင်းသူ့ညီမကိုဂရုစိုက်နေလိုက်တာ။သူသာစိတ်တိုပြီဆိုလျှင်ဆုလေးမှာနေစရာမရှိအောင်အဆူခံရတာဒေါ်မိုးမိုးဝေအသိဆုံးမဟုတ်လား။အစ်မဖြစ်သူကိုအင်မတန်ကြောက်ရှာသည့်ဆုလေးရယ်ပါ။
"နေ့လည်ကအပြင်မသွားဘူးမဟုတ်လား"
"ဟုတ် ဘယ်မှမသွားဘူး"
"အေး ပြီးရော "
"ပြောပြီးပြီနော် ဖုန်းကိစ္စကိုနောက်တစ်ခါလုံးဝထပ်မကျူးလွန်နဲ့၊ငါ့အကြောင်းနင်သိတယ်နော် ဆုဆု၊ ဖုန်းနဲ့လုံးဝမဆက်သွယ်ရဘူး နောက်တစ်ခါဆိုသေဖို့သာပြင်ထား "
"ဟုတ်ကဲ့"
"ပြောလိုက်ရင်တော့ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ ပြီးရင်ငါမိတာကြီးပဲ ဒီတစ်ခါတော့နောက်ဆုံးအကြိမ်ဖြစ်ပါစေကြားလား"
"ဟုတ်"
"အန်တီမိုး ဆုဆုကိုထမင်းသေချာပြင်ပေးလိုက်အုံး ရှိုင်းသွားနားတော့မယ်"
"အေးအေးသမီး"
ထိုင်နေရာမှထသွားသောအစ်မဖြစ်သူ၏ကျောပြင်ကိုကြည့်ပြီးဆုမှာသက်ပြင်းလေးခိုးချမိသည်။အငြိုးတွေမပြေနိုင်သေးဘူးလားမမရယ်။ဆုကတော့စိတ်ပျော့လို့လားမသိ ဘာမှမခံစားရဘဲမမကတော့အခုချိန်ထိခါးခါးသီးဖြစ်နေသည်။
မမရဲ့အမုန်းတွေပြေပါတော့ဟုသာဆုတောင်းနေရသည်။
Advertisement
- In Serial99 Chapters
The Author Who Became A Villainess
Hyejin gets sucked into her own book she has written. There she became the villainess of her book who is destined to die in the hands of her own exclusive butler.Unable to escape her new life, she embraces it and decided to change her fate that she wrote, in hopes she won't get killed by her butler. It doesn't matter if her life becomes tough or messy as long as she's alive, she doesn't mind!....."Milady do you favour me or his highness more?""Of course you.""Then me or your brother?""...You?""Am I your favourite, milady?""...."Why is her butler suddenly acting this way? All she did was stop abusing him.PSA: there are some swear words in this bookThis is my own story! I did not copy from anyone. The characters are my own that I made as well. On Webnovel as well.[To be edited!]Highest ranking:#1 Butler#1 Original characters#1 Isekai#1 Anotherworld#1 Comedy#2 Female Protagonist#1 Reincarnation#1 Medieval#3 Author#2 Shoujo#7 Romance#23 Original#54 Slowburn#704 Love
8 188 - In Serial34 Chapters
The Impact of Her - Season One
Robert was the Prince of the Kingdom of Western Wind. And he had everything. The crown. The adoration of the people. The utmost respect of noblemen inside and out of their borders. But amidst all the riches and privileges given to him by birth, Robert was unhappy with his life. Shackled to an arranged marriage and struggling with his estranged father, Robert wanted more from life. But at the same time, he didn’t want to disturb the peace of everyone surrounding him. That was until she arrived.
8 316 - In Serial199 Chapters
❤️Danganronpa opinion ships!❤️
Hey everyone! This is my 15th & last book i published & it will be filled with all the danganronpa ships in all danganronpa games/animes! Leave your opinions & requests in comments! Feel free to share this book with your loved ones! Love you all!PS: I don't own Danganronpa, it belongs to Spike Chunsoft.
8 135 - In Serial42 Chapters
Making Up
Computer science nerd and yoga enthusiast Thea Chan never thought she would ever befriend a confident and witty D1 basketball player during her freshman year of college. They couldn't have been more opposite; Thea has always been a little shy and insecure around guys because of her strict upraising. She assumed Will would be the stereotypical jock that wouldn't even look twice her way but her perspective changes after Halloween night from a drunken and bold dare. After some time, Will begins to realize his true feelings for Thea but it's too late. How will the two navigate through their friendship together?
8 89 - In Serial21 Chapters
World of Color | Skephalo
Zak has always wondered about when he would be able to see the color of the sky, or the grass or even his mother's eyes. All his life, he's lived surrounded by shades of white, black and grey. He longed to see what the world around him truly looked like, and when that day would come.Darryl has become used to the bland world he lived in, no longer imagining what his hair color was, or the color of his dog's fur. Any mention of color in conversation made him completely close off and turn into an emotionless being. That is, until he saw the light blue sweatshirt in front of him.*Complete as of October 25, 2019*
8 417 - In Serial37 Chapters
Master's Boy (mxb)
[Book 2] Jerry McQueen was a needy bottom and proud to admit it. However, even he couldn't deal with the attention of a very persistent older man.Jerry didn't think that a man twice his age was an appropriate partner, but would his curiosity get the best of him? And what if curiosity - and, admittedly, intimacy - turned into something more?-Book 1: Professor's Pet*PS: Mature and naughty things happen within the electronic pages of this book.*Disclaimer: Why is the boy on the cover smoking? I have no clue. None of these characters smoke. It looks artsy I guess. Don't smoke, people.
8 209

