《သူပိုင်တဲ့အရာ ၊ သူပိုင္တဲ့အရာ (Uni+Zaw)》Part 1 ( Unicode)
Advertisement
မဟာတစ်ယောက်အတန်းနောက်ကျမည်စိုးသဖြင့်ရေးကြီးသုတ်ပျာနှင့် ကျောင်းဝင်းထဲပြေးမတတ်လာခဲ့သည်။ဘာရယ်တော့မဟုတ်ဒီနေ့ကျောင်းစတက်တဲ့နေ့ဆိုတော့ရှေ့ဆုံးထိုင်ခုံမရမှာစိုးသည့်အတွက်ရယ်ကြောင့်ပါ။ဟိုးငယ်ငယ်မူလတန်းအရွယ်ကတည်းကပါလာတဲ့အကျင့်ကအခုတက္ကသိုလ်ရောက်လာသည့်တိုင်အောင်ဖျောက်ပစ်၍မရသေး။
ဒါတောင် ပြည့်ပြည့်နဲ့မြတ်ကိုရှေ့ပြေးအဖြစ်လွှတ်လိုက်ပြီးသားပါ။H1(first year honours) ပင်ရောက်နေပြီဖြစ်သော်လည်းစာကြိုးစားတဲ့ မဟာ အတွက်တော့ရှေ့ဆုံးနေရာမှာခုံရဖို့ကအရေးကြီးသည်။ထို့ကြောင့်ဟိုနှစ်ကောင်ကို "နင်တို့အရင်သွားနှင့် ရှေ့ဆုံးခုံရအောင်ဦးထား" ဟူ၍ ကြိုလွှတ်ထားခြင်းပင်။
မဟာလက်ထဲမှာဗလာစာအုပ်တစ်အုပ်နှင့်ဖုန်းတစ်လုံးပါသည်။ဘေးလွယ်အိတ်ကိုလွယ်ထားသော်လည်းလွယ်အိတ်ကမိတ်ကပ်ဘူး၊နှုတ်ခမ်းနီ၊ပိုက်ဆံအိတ်သာဆန့်သည့်အတွက်စာအုပ်တစ်အုပ်နှင့်ဖုန်းကိုတော့လက်ကကိုင်ခဲ့ရသည်။
မဟာတစ်ယောက်တိုင်ခြောက်လုံးကလှေကားထစ်တွေပေါ်အမြန်ပြေးတက်လိုက်သည်။Main Building ရှေ့မှာ Selfile ဆွဲချင်သော်လည်းဟိုနှစ်ယောက်ကိုစိတ်မချသဖြင့်အမြန်ပြေးဝင်လိုက်သည်။မဟာကလည်းကိုယ့်အတွေးနှင့်ကိုယ် Main Building ထဲအဝင်-
"ဘုတ် "
"ဟာ "
ထောင့်နားကနေကပ်ပြီးဝင်သွားသောမဟာနှင့်ထောင့်နားကနေထွက်လာသောလူတစ်ယောက်နှင့်မဟာတိုက်မိသွားသည်။မိန်းကလေးတစ်ယောက်ဟုဆိုလျှင်ပိုမှန်မည်။တိုက်မိသွားတယ်ဆိုပေမဲ့သူ့ရဲ့ပစ္စည်းကတော့တစ်ခုမှကျသွားသည်မဟုတ်ဘဲကိုယ့်ရဲ့ဖုန်းလေးနဲ့စာအုပ်လေးသာကျသွားရသည်။
"လမ်းကိုကြည့်လာမှပေါ့မိန်းကလေး"
ဘာ။သူပဲဟိုဖက်လှည့်ပြီးထွက်လာပြီးတော့များငါ့ကိုကြည့်လာမှပေါ့တဲ့လား။မဟာစိတ်တိုတိုနှင့်ကျသွားသောဖုန်းနှင့်စာအုပ်ကိုကောက်မည်ကြံတုန်းထိုမိန်းကလေး၏မျက်နှာကိုဆတ်ခနဲမော့ကြည့်လိုက်သည်။
မဟာရုတ်တရက်ငေးမိသွားရသည်မှာအမှန်ပင်။ချောလိုက်တာ။ဘာမှအပြစ်ပြောစရာမရှိအောင်ကိုလှရက်လွန်းသည့်မိန်းကလေး။အရပ်ကလည်းအနည်းဆုံး ၅ ပေ ၇ လောက်ရှိမည်ထင်သည်။မဟာအရပ်ကတော့ ၅ ပေ ၂ မို့သူ့ထက်အတော်ပုနေတာကအတော်ဆိုးသည်။ သို့သော်မျက်နှာကတော့သွေးအေးအေးနှင့်ခံစားချက်မဲ့သယောင်။
မဟာသူ့ကိုကြည့်ပြီးနည်းနည်းရှိန်းတိမ်းတိမ်းဖြစ်သွားသည်။ပြောမည့်စကားသံတို့ကလည်ချောင်းဝမှာတစ်ဆို့နေသည်။
သူကတော့ပြောပါဆိုသည့်ဟန်ဖြင့်လက်ကိုပိုက်လျက်မဟာ့ကိုကြည့်နေသည်။ပါးစပ်ကလည်းပီကေဝါးနေဟန်တူပါရဲ့။တမြုံ့မြုံ့နဲ့။မဟာစိတ်ကိုတင်းလိုက်ပြီး။
"ရှင်ကမှားတာလေ.....ဒီကကိုယ့်လမ်းကိုယ်လျှောက်နေတာ
ရှင် ...ရှင်ကသာဒီကိုဝင်တိုက်သာ"
"သြော်"
မျက်ခုံးတဖက်ကပင့်သက်သွားသည်။ဘာပုံစံလဲဟ။မဟာပြောနေတဲ့စကားကိုလှောင်နေသလိုခံစားရသည်။အညိုရောင်ဆံနွယ်ခွေခွေလေးတွေကသူမမျက်နှာ၏အလှတရားတို့ကိုပိုမိုဖော်ပြပေးနေသယောင်။သို့သော်လူပုံစံကတော့မာနခဲ။
"မင်းနာမည်ဘယ်လိုခေါ်လဲ"
What!!!!Ah ha နာမည်မေးတဲ့မျက်နှာပေးတဲ့။မဟာပါးစပ်ကနေလေတစ်ချက်မှုတ်လိုက်ပြီးမခံမရပ်နိုင်ဖြစ်ကာအနှီမိန်းမလှကိုမချိတင်ကဲပြုံးပြီးပြန်ကြည့်လိုက်သည်။
"ဆောရီးပဲတွေ့သမျှလူကိုနာမည်ပြောတတ်တဲ့အထဲမဟာဆိုတဲ့မိန်းမမပါဘူး"
"မဟာ"
"အဲလေ .....ယောင်လို့ မဟုတ်ဘူး၊မဟာမဟုတ်ဘူး"
သေလိုက်စမ်းမဟာမေတ္တာ။ ဒီမိန်းမရှေ့မှာအပြတ်အသတ်ချေမယ်လို့ကြံထားကာမှလွှတ်ခနဲထွက်လာသောဒီပါးစပ်ကိုသာပိတ်ရိုက်လိုက်ချင်သည်။အနှီမိန်းမကတော့မပြုံးချင်ပြုံးချင်နဲ့မဲ့ပြုံးလေးတစ်ချက်ပြုံးကာပါးစပ်ကတလှုပ်လှုပ်ပြန်ဖြစ်သွားသည်။
မဟာရှက်ရှက်နှင့်ကျသွားသောဖုန်းနှင့်စာအုပ်ကိုဆတ်ကနဲကောက်ယူပြီးဒေါက်ဖိနပ်ကိုတခွပ်ခွပ် အသံမြည်အောင်လျှောက်လာခဲ့သည်။ကျောက်ပြားတွေခင်းထားတာမို့ဒေါက်ဖိနပ်နှင့်တခွပ်ခွပ်လုပ်ရသည်မှာကြောက်တော့ကြောက်စရာပင်။မတော်၍များချော်ကျခဲ့သည်ရှိသော် မတွေးဝံ့စရာ။သို့သော်ထိုမိန်းမကိုပညာပြချင်သဖြင့်ထိန်းပြီးလာခဲ့သည်။
အဟင်း.....ဟင်းဒီလောက်ဆိုရင်ဒီမိန်းမငါ့ကိုလှည့်ကြည့်နေမှာပဲ။ကောင်းတယ် ကြည့်နေ။မဟာကိုယ့်အတွေးနဲ့ကိုယ်ပြုံးရင်းအနှီမိန်းမလှကိုချေမိုးတွေရွာလိုက်ရသဖြင့်ကြည်နူးနေသည်။ အနောက်ပေါက်လှေကားထစ်နားရောက်တော့ထိုမိန်းမမကြည့်နေလောက်တော့ဘူးဟုထင်သဖြင့်အသာလေးလှည့်ကြည့်လိုက်သည်။
"အမလေး ဗုဒ္ဓေါ"
မဟာကလှည့်အကြည့်သူ့ခန္ဓာကိုယ်နဲ့မဟာနဲ့ကထိတော့မလိုပင်ဖြစ်သွားသည်။အမှန်တော့လှည့်ကြည့်ရင်မျက်နှာချင်းဆိုင်ဖြစ်သွားမှာပေမဲ့ကိုယ်ကပုနေတော့သူ့ရင်ဘတ်နှင့်မျက်နှာကထိတော့မတတ်။
"ရှင် .....ရှင် ဘယ်လိုလုပ် ကျွန်မနောက်လိုက်လာရတာလဲ"
"ငါမင်းနောက်မလိုက်ပါဘူး ....ငါ့လမ်းငါသွားနေတာ"
ကျစ်။ဗြောင်လိမ်ဗြောင်စားနဲ့မုန်းစရာကောင်းလိုက်တာ။မလိုက်ပါဘူးပါဆိုတယ်နောက်ကထက်ကြပ်မကွာ။မသိရင် ဘော်ဒီဂတ်လိုလို။
သို့သော် ရှိစေတော့ဟု တွေးကာကိုယ့်ဘာသာပဲလျှောက်လာလိုက်သည်။
တကတည်းဘယ်လိုဟာနဲ့လာတိုးနေမှန်းမသိ။
>>>>>>>>>>>>>>>>>>>
မဟာအတန်းထဲဝင်ခါးနီးသူ့ကိုလှည့်ကြည့်လိုက်တော့မရှိတော့ပေ။
အေးဟုတ်သားပဲ၊ငါ့နောက်လိုက်လာတာမဟုတ်ဘူးပဲ။
ကိုယ့်ဘာသာရှက်ရှက်နဲ့အတန်းထဲဝင်ခဲ့သည်။
ဟောတွေ့ပါပြီ။အရှေ့ဆုံးမှာထိုင်နေသောပြည့်ပြည့်ဖြိုးနှင့်မြတ်လင်းနိုင်။မဟာသူတို့ကိုမြင်တော့ခက်သွက်သွက်လေးလျှောက်ပြီးအတန်းထဲဝင်ထိုင်လိုက်သည်။
"ဟဲ့ နှစ်ကောင် ဘာတွေတွတ်ထိုးနေကြသလဲလင်းပါအုံး"
"အမလေး ငါတို့ကိုတော့ စောစောသွားလေးဘာလေးနဲ့သူ့ကျတော့ကြည့်ပါအုံး ပထမအချိန်တောင်ကုန်တော့မယ်၊တော်သေး English စာဆရာကမလာလို့"
မြတ်၏မျက်စောင်းခုတ်ပြီးစကားနာထိုးသံကြောင့်မဟာရယ်ချင်မိသွားသည်။ပြည့်ပြည့်ကတော့
"ဒီမိန်းမအကြောင်းလဲမသိတာကျလို့မြတ်ရယ်ပြောနေသေးတယ်အမြဲအိပ်ရာကနေဖင်ထိုးမှထမယ် ၊ ပြီးရင်ရေချိုးတာက၁နာရီ မျက်နှာသစ်တာနဲ့အိမ်သာတက်တာက၁နာရီ ပြီးရင်အိမ်ကနေမထွက်ရသေးဘူး ၇၃ လမ်းပေါ်ရောက်ပြီဆိုတာမျိုးလေ"
မဟာ့ဂုဏ်သိက္ခာပုဒ်တွေကိုတစ်ခုပြီးတစ်ခုဖော်နေသောပြည့်ပြည့်ကိုကြည့်ပြီးမဟာနှုတ်ခမ်းစူလာသည်။
"နင်တို့နော်အကောင်းမှတ်လို့နားထောင်နေတာငါ့ကိုနှစ်ယောက်ပေါင်းပြီးဝိုင်းဖဲ့နေကြတယ်ငါဒီမှာဘယ်လိုဒုက္ခကြုံလာသလဲနင်တို့မသိဘူး"
သနားကမားအသံလေးနဲ့ပြောလိုက်သောကြောင့်မြတ်နှင့်ပြည့်ပြည့်တို့က "ဘာတွေလိမ်ရုပ်ဆင်အုံးမလဲမသိ"ဟူသောပုံစံဖြင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြန်၏။
"ငါလေ သိလား....လမ်းမှာ..."
"တော်ပါပြီအေ .....ငါတို့ကနင့်အကြောင်းဘာမှမမေးဘူးဟုတ်ပြီလား၊လိမ်ရုပ်တွေတစ်ခုပြီးတစ်ခုဆင်ပြီးငါတို့ကိုသူနောက်ကျရတဲ့အကြောင်းရင်းကိုဖြေရှင်းအုံးမယ်တော်ပြီ နားညီးတယ်"
မှတ်ကရော။ပြည့်ပြည့်ကတော့ပြောပြီးဟိုဖက်လှည့်သွားသည်။ဒီတော့မြတ်ကိုကြည့်လိုက်တော့မြတ်ကလည်းသူ့စာအုပ်ကိုကြည့်နေသည်။
"အေး...နင်တို့ငါ့စကားကိုမယုံလဲနေကြအခုလောလောဆယ်တော့ဗိုက်ဆာနေပြီအိမ်ကပါမှမစားလာရသေးဘူး RC သွားရအောင်" (RC-Recreation Centre)
"အစောကြီးရှိသေးတာကို ကန်တင်းပဲသွားရအောင်"
"မစားချင်ပါဘူးအဲ့မှာ RC မှာပဲသွားစားမယ်"
"အေး ပြီးရော ပြီးရော"
"Yayyyy!!!ဒါမှငါ့သူငယ်ချင်းတွေကွ"
"ဖားပြန်ပြီ ဖားမ"
>>>>>>>>>>>>>>>>>>>>
RC ရောက်တော့ စိမ်းလဲ့လဲ့ကနေကြေးအိုး၃ပွဲမှာလိုက်ကြသည်။သွားမှာတာကမဟာမို့မဟာအကြိုက်မှာခဲ့ခြင်းပင်။မဟာတို့ကစိမ်းလဲ့လဲ့ဆိုင်ရှေ့ကဝိုင်းတွေထိုင်လိုက်ကြသည်။မသိမ်းရသေးသောအကျန်များရှိနေသဖြင့်ကလေးမလေးကိုခေါ်မည်ပြုစဉ် အနောက်ကနေမဟာ့ဆံနွယ်လေးကိုလှမ်းပြီးနမ်းရှိုက်လိုက်တာကိုခံစားလိုက်ရသည်။မဟာကတော့အနောက်ကနေနမ်းရှုံ့လိုက်ခြင်းခံလိုက်ရသည့်အတွက်မည်သူမည်ဝါနမ်းလိုက်သည်ဆိုတာကိုမမြင်ရသေးပေမဲ့မြတ်နှင့်ပြည့်ပြည့်ကတော့ပါးစပ်အဟောင်းသားနှင့်ကြည့်နေကြသည်။မဟာလည်းဘယ်သူလဲဟူသည့်သိချင်စိတ်ဖြင့်လှည့်ကြည့်လိုက်တော့ ထိုအမျိုးသမီး။
"ရှင် .....ရှင်ဘာလို့ကျွန်မဆံပင်ကိုနမ်းတာလဲ"
မြတ်နှင့်ပြည့်ပြည့်တို့ကတော့ကြောင်နေဆဲပင်။ပြီးတော့လှပလွန်းသည့်ထိုအမျိုးသမီးကိုမြင်သည့်အတွက်လည်းငေးကြည့်နေမိကြသည်။လှလိုက်တာဆိုတာပြောစရာမရှိ။ထိုအမျိုးသမီးကမဟာ၏ပြောသံကိုဂရုမစိုက်သလိုလုပ်ကာမဟာ၏ဆံနွယ်လေးများကိုပင်ဆော့ကစားနေသေးသည်။
"မင်းကကိုယ့်အပိုင်ကိုခိုးယူလို့မင်းကိုအပြစ်ပေးတာ"ဟုနားနားတိုတိုးလေးကပ်ကာမဟာတို့နှင့်ရှေ့မျက်နှာချင်းဆိုင်ခုံတွေလာထိုင်သည်။မျက်နှာပြောင်တိုက်ချက်ကတော့ကမ်းကုန်ပါရောလား
"ကဲကလေးတို့ မင်းတို့နာမည်လေးတွေတို့ကိုမိတ်ဆက်ပေးအုံးလေ"
သူကခြေကလိမ်ချိတ်ကာဟန်ပါပါမေးလိုက်သည်။မြတ်နှင့်ပြည့်ပြည့်တို့မျက်နှာကမှိုရသလိုပြုံးရွှင်သွားသည်။သြော်...ဒီမိန်းမကိုတွေ့ရတာကို ဘာလို့သူတို့ရည်းစားတွေ့ရသလိုပျော်နေကြပါလိမ့်။ဘယ်လောက်ဘုကလန့်မိန်းမမျိုးမှန်းသိရင်
"ညီမလေးနာမည်က ပြည့်ပြည်ဖြိုးပါအစ်မ"
"ညီမလေးနာမည်ကမြတ်လင်းနိုင်ပါအစ်မ"
မဟာ့အလှည့်ရောက်တော့မဟာကမသိသလိုလုပ်နေသည်။မြတ်ကတံတောင်နှင့်လှမ်းတွတ်သော်လည်းမသိချင်ယောင်သာဆောင်နေသည်။
အဟင်းဟင်း ။မဟာရဲ့အချေကိုခံလိုက်စမ်း။
"တို့ကိုရင်းရင်းနှီးနှီးနဲ့ မ လို့ပဲခေါ်ပါ...."
"ဟယ်"
နှစ်ယောက်သားပျော်နေလိုက်ကြတာပြောမနေနှင့်။ဒီမိန်းမကိုဘာလို့အဲ့လောက်သည်းသည်းလှုပ်နေကြတာလဲ။
"အင်း.....ကလေးတို့နဲ့မိတ်ဖြစ်ဆွေဖြစ်ဒီဝိုင်းကို မ ရှင်းပါရစေ၊ကလေးတို့ကြိုက်တာမှာစားနော် ၊ မှတပါး ဟို တစ်ယောက်"
ဘာ။ငါ့ကိုပြောတာပေါ့လေ။ငါ့ကိုကလွဲလို့ကျန်တဲ့လူကိုရှင်းမယ်ဆိုတဲ့သဘောပေါ့လေ။မဟာစိတ်ပေါက်ပေါက်နှင့်ထိုမိန်းမကိုဘုကြည့်ကြည့်လိုက်တော့မဟာ့ကိုစူးစူးရဲရဲပြန်စိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။ဘာကြောင့်မှန်းမသိ။ထိုအကြည့်တွေမှာဆွဲငင်အားတွေပါနေသည်။မဟာပြောမည့်စကားတို့ကလည်ချောင်းဝတွင်ဆို့နေပြန်သည်။
" ဟဲ့ နင်တို့နှစ်ကောင် ငတ်လှချည်လား ငါ ထသွားမှာနော် အဲ့ဒါဆိုရင်"
"နင်ကဘာဖြစ်နေတာလဲမဟာမေတ္တာဒီက မ ကိုလဲအားနာအုံးလေ သူကနင့်ကိုဘာလုပ်နေလို့လဲ "
"အေးလေ ဟုတ်ပ"
သြော်တော်တော်ကောင်းသည့်သူငယ်ချင်းတွေပါလား။
"သြော် သူ့နာမည်ကမဟာမေတ္တာတဲ့လား၊နာမည်နဲ့လူနဲ့တော့သိပ်မလိုက်သလိုပဲ၊ကလေးတို့ကသဘောထားကြီးပြီးသူကသဘောထားမပြည့်ဝသလိုပဲ"
"ဘာ ရှင်နော် စော်ကားတာတွေအတော်များနေပြီ၊ဟဲ့နှစ်ကောင်ငါထပြန်မှာနော် မပြန်ရဲဘူးမထင်နဲ့ RC နဲ့ဌာနများနီးနီးလေးကို"
"နင်ပြန်ချင်ပြန်ငါတို့တော့မပြန်ဘူး မ နဲ့စကားပြောအုံးမယ်၊ မ ကသဘောကောင်း ရုပ်ချော"
" အဟား....မ ကတော့မြောက်သွားပြီကွာ ကလေးတို့ကသိပ်ပြီးစကားတတ်တာပဲ"
"ဟင်!!!! တကယ်"
နှစ်ယောက်လုံးပြိုင်တူအော်လိုက်ကြသည်ကဒေါသထွက်စရာကောင်းလှသည်။ထသွားပြန်လျှင်လည်းမနက်ကဘာမှမစားရသေးတာမို့ဗိုက်ကဆာနေပြန်သည်။အစောကြီးထွက်ခဲ့သော်လည်း ၃၅လမ်းမှာတစ်ခါ၊၃၇မှာတစ်ခါ မီးပွိုင့်ဆက်တိုက်မိလိုက်တော့စောစောမရောက်နိုင်။
ချေချင်သော်လည်းအောင့်သက်သက်နဲ့ငြိမ်ခံနေရသည်။
"ဒါနဲ့ကလေးတို့က ဘယ် year တွေလဲ"
"H1ပါမ"
"ဟယ် စာတော်ကြသားပဲ၊မ ဆိုရင်ရိုးရိုးဘွဲ့ပဲရတာ A hee ပြောနေရင်းတောင်ရှက်လာပြီ"
"ညီမလေးတို့လဲကံကောင်းသွားလို့ပါ မရယ်၊ ဒီအတိုင်းပါသွားတာ"
"ဘယ်ဟုတ်မလဲ စာကြိုးစားလို့ပေါ့"
ပြည့်ပြည့်နှင့်မြတ်တစ်ယောက်တစ်လှည့်စီဖြစ်ပျက်နေပုံကိုကြည့်ပြီးကြားထဲကနေဒေါသထွက်နေသူကတော့မဟာရယ်လေ။
မဟာသူတို့သုံးယောက်စကားကောင်းနေတာကိုမမြင်ချင်သဖြင့် Mokkata Hotpot ဆိုင်ဖက်ကြည့်လိုက်တော့ဘေးလှေကားကနေတက်လာသော Teacher ခင်သူဇာကိုတွေ့လိုက်သဖြင့်လှစ်ခနဲပျော်သွားသည်။
Teacher ခင်သူဇာက Tutor ပေါက်စ Tutorial စောင့်ရတဲ့ Teacher ဆိုတော့မဟာလည်းနေရာမှထပြီး Teacher ဆီသွားလိုက်သည်။မဟာ teacher ဆီသွားနေတုန်း ထိုအမျိုးသမီးကလှည့်ပြီး teacher ကိုလက်ပြလိုက်တာတွေ့သဖြင့် teacher ကလည်းပြန်ပြပြီးလျှောက်လာနေသည်။
ငင့်ဘာတွေလား။ Air coolar နားရောက်တော့ မဟာ့ကိုမြင်သွားသည်။
"ဟယ်သမီးတို့ကအတန်းမရှိဘူးလား"
"Hee ဗိုက်ဆာလို့ teacher ၊ teacher ကရောဘယ်ကိုလာတာလဲ"
"Teacher သူငယ်ချင်းကိုလာတွေ့တာလေ၊ဟိုးမှာ ပြည့်ပြည့်ဖြိုးတို့နဲ့ထိုင်နေတဲ့တစ်ယောက်လေ"
Shit!!။အဲ့မိန်းမနဲ့လွတ်ကိုမလွတ်နိင်ဘူး။မဟာလည်းအောင့်သက်သက်နဲ့ teacher နဲ့လာခဲ့ရသည်။teacher က ထိုအမျိုးသမီးကိုမြင်တော့-
"ရှိုင်း......နင်ကလည်းကျောင်းပိတ်ရက်မှတွေ့ရအောင်လို့ပြောတာကို"
အဟက်။နာမည်ကြီးကလည်းရှိုင်းဆိုပါလား။ယောက်ျားနာမည်ကြီး။
"ထိုင်ပါအုံးနင်ကလဲ"
"ဟာ teacher"
ပြည့်ပြည့်နဲ့မြတ်ဆိုတဲ့မိန်းမနှစ်ကောင်များteacher အနားလာမှသတိထားမိတဲ့အဖြစ်။မပြောလိုက်ချင်ဘူး။
"ငါအချိန်သိပ်မရဘူးနော်၊ဌာနမှာစာတမ်းဖတ်ပွဲလည်းရှိတယ်"
"အမယ်လေးဆရာမပေါက်စရယ် အစောကြီးရှိပါသေးတယ်၊ဒါနဲ့ငါမေးစရာရှိသေးတယ်"
"အင်း.......မေးလေ"
"ဒီတစ်ယောက်ကနင်တို့မေဂျာကလား"
မဟာ့ကိုမေးငေါ့ကာပြသဖြင့်မဟာမှာရုတ်တရက်မို့ကြောင်အမ်းသွားသည်။
"ဟုတ်တယ်လေ ဘာလို့"
"ဆုံးမစကားလေးခြွေလိုက်ပါအုံး နည်းနည်းအပိုးမကျိုးဘူး"
"နင်ကလဲကလေးကို"
မဟာမှာနှုတ်ခမ်းကိုက်မိလျက်သားဖြစ်သွားသည်။အင်း!စိတ်လျှော့စိတ်လျှော့သူက teacher သူငယ်ချင်း။
ကြေးအိုးသုံးပွဲရောက်လာတော့မဟာတို့တစ်ယောက်တစ်ပွဲယူလိုက်ကြသည်။ထိုအမျိုးသမီးရှိနေခြင်းကိုမဟာသဘောမကျ။ဖြစ်နိုင်လျှင်ထသွားလိုက်ချင်သည်။
သူတို့တွေတတွတ်တွတ်တွတ်ထိုးနေကြပေမဲ့မဟာမှာမျက်မှောင်ကြီးကြုတ်ပြီးသာကြေးအိုးကိုငုံ့သောက်နေမိသည်။
ခဏကြာတော့ Teacher ကအားလုံးကိုနှုတ်ဆက်ပြီးထသွားသည်။ပြည့်ပြည့်နဲ့မြတ်ကလည်း Toilet ဝင်ချင်သည်ဆိုပြီးထွက်သွားကြသည်။မဟာနဲ့ထိုအမျိုးသမီးနှင့်သာကျန်ခဲ့သည်။အားလုံးထသွားတော့မဟာ့ကိုထိုအမျိုးသမီးကစူးစူးရဲရဲကြည့်သည်။
"မင်းကိုသဘောကျတယ် မဟာမေတ္တာ"
"ဘာရယ်! ရှင်ကကျွန်မကိုသဘောကျတယ် ! Ha ha ပဲရမယ်"
မဟာ့စကားကြောင့်သူကဟက်ဟက်ပက်ပက်ရယ်ပြန်သည်။ကြည့်!အဲ့ဒါတွေသဘောမကျတာ။လူကိုလှောင်သလိုလိုနဲ့။
"တို့နာမည်က ဒီရှိုင်းနားပါ မင်းသိထားသင့်တယ်ထင်လို့၊ဘာကြောင့်လဲဆိုတော့ မင်းကိုသဘောကျတဲ့လူရဲ့နာမည်ကိုမင်းသိထားရမယ်လေ၊ပြီးတော့ မင်းကတစ်ချိန်မှာငါနဲ့တွဲရမဲ့လူဆိုတော့"
သူ့စကားတွေကိုမဟာနားမလည်ဖြစ်လာသည်။မဟာ့မျက်နှာကိုစူးစူးရဲရဲကြည့်နေသောသူ့အကြည့်တွေကိုနားမလည်။ပြီးတော့သူဘာတွေပြောနေမှန်းလဲမသိ။
"ရှင်ဘာတွေပြောနေတာလဲ"
ထိုအမျိုးသမီးကထိုင်နေရာကနေထလာပြီးမဟာ့အနောက်မှာနေရာယူကာမဟာ့ပခုံးကိုလာကိုင်သဖြင့်ဆတ်ကနဲတုန်သွားသည်။ပြီးတော့နားနားကိုကပ်ကာ-
"ဒီရှိုင်းနားဆိုတဲ့သူကလိုချင်တာရှိရင်မရရရအောင်ယူတတ်တယ်၊အဲ့ဒါကြောင့်အခုတို့မင်းကိုလိုချင်တယ်"
မဟာမှာတောင့်တောင့်ကြီးဖြစ်ပြီးဘာမှပြန်မပြောနိုင်။ပိုင်စိုးပိုင်နင်းနိုင်လှသောအနှီအမျိုးသမီးကိုထုရိုက်ပစ်ချင်သည်။သို့သော်ကျောက်ရုပ်ကြီးလိုဖြစ်နေတာကခက်သည်။
"ဒီနေ့ကစပြီး မင်းကိုတို့ပိုင်သွားပြီ"
"ရှင်.....ရူးနေပြီလား"
"တို့လား ? မရူးပါဘူး ကဲပါတို့သွားမယ် တို့ပြောတာလေးကိုသေချာစဉ်းစားထား၊တို့ကမဖြစ်ဖြစ်အောင်လုပ်တတ်တယ်နော်၊ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ် bye bye"
မဟာ့နားရွက်လေးကိုနမ်းသွားပြီး ၁သောင်းတန်တစ်ရွက်ကိုစားပွဲထိုးကောင်မလေးကိုခေါ်ကာပိုက်ဆံပေးလိုက်သည်။သူထွက်သွားတော့မဟာ့ရင်တွေတုန်နေသည်။လူမြင်ကွင်းကြီးမှာမိန်းမတစ်ယောက်နမ်းတာခံလိုက်ရသဖြင့်ရှက်စိတ်တွေရော၊ဒေါသထွက်တာရော ဘာတွေမှန်းမသိ။
သေချာတာတစ်ခုကတစ်လောကလုံးသူ့လုပ်စာထိုင်စားနေရသလို မဟာ့ကိုပိုင်စိုးပိုင်နင်းလုပ်သွားသောထိုမိန်းမလှကိုကျိန်ဆဲနေမိသည်။လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီးနှုတ်ခမ်းကိုကိုက်လိုက်မိသည်။
"မဟာမေတ္တာကိုအထင်သေးလွန်းသွားပြီ ဒေါ်ဒီရှိုင်းနား"။
Advertisement
- In Serial15 Chapters
Baby Princess Through The Status Window
I was condemned as a villainess when I died, but I somehow returned to the past as a five-year-old.
8 303 - In Serial48 Chapters
Not Your Ordinary Day in Centralville
In a small town called Centralville, two girls with clashing personalities meet once more and an unexpected development occurs between them.
8 197 - In Serial35 Chapters
Story of Us
This is a collection of short stories featuring characters from my Eastview series.Book description is in the introduction part inside. ----I will be updating this description every time I add a new story. Meanwhile, the description for each story will be written inside the book.----1. If She Knew ✔️2. Are They Dating ✔️3. One More Kiss ✍️
8 156 - In Serial22 Chapters
Adam And Eve
a poetic rendition of a classic biblical-based romance story in a glimpse of poem and prose to rose the dead emotions that once happened on Eden.
8 177 - In Serial43 Chapters
Night and Neera: A Rejected Mate Story
On the morning of her 21st birthday, Neera awakens to find her mate brand marks her as the Destined One for none other than the Alpha of her pack. She is the Alpha's Howl.Night, however, wants his girlfriend of three years and publicly rejects Neera in a brutal, horrifying manner. Neera leaves the pack, refusing to accept her lowered status and looking for a way to escape the pain of what Night did to her.When she returns to the pack lands, her world shifts, and Night suddenly finds himself having to win back his Howl. But a sinister threat forces Night to accelerate his timetable for winning Neera back.And that's when he does the unthinkable.
8 128 - In Serial21 Chapters
Dead Clinger (Zombie Reverse Harem) Book 1 Of 2
Now a fully published book on Amazon. Download a fully edited copy here:Dead Clinger: A Zombie Reverse Harem Novel https://www.amazon.co.uk/dp/B07GDMXPGB/ref=cm_sw_r_cp_apa_JaBCBb1M927M4"Where were you when the world ended?"That is the one question you will always be asked and the one answer you will always remember when you have survived a zombie apocalypse.Me?Technically, I didn't surviveBut what better way to live out an apocalypse than with three seriously hot menWarning: This book contains swearing, light medicinal drug use and mature scenes and references. Some parts of the story may also be triggers for some. Unedited 1st draft - Please feel free to comment and star :)
8 199

