《If you believe (Complete)》7
Advertisement
Unicode
Zawgyi
~~~~~
"ကိုဥက္ကာခင်ဗျာ ကိုဥက္ကာ''
သူ့ရှိရာအလောတကြီးနဲ့ပြေးလာနေသော
ကိုယ်ရံတော်ကို ဥက္ကာမျက်မှောင်ကြုတ်လျက်သားနှင့်ကြည့်နေသည်။သူအခု
စိုက်ခင်းပတ်ပတ်လည်ကို စစ်ဆေးဖို့
တဲအိမ်ကလေးမှစတင်အောက်ကိုဆင်း
ခါစလေး။ ဦးဉာဏ်ကအဲ့သလိုရေးကြီးသုတ်ပျာအော်ခေါ်တာတွေမကြိုက်သလို ဥက္ကာလည်းဦးဉာဏ်အတိုင်းမကြိုက်။
"ဘာဖြစ်တာလဲ ငါအဲ့လိုအော်ခေါ်တာ
မကြိုက်ဘူးပြောထားတယ်မှတ်လား''
"တောင်းပန်ပါတယ်ကိုဥက္ကာ အရေးကြီးလို့ပါ''
"ဘာကိစ္စလဲ''
"ဝံပုလွေလေးပျောက်နေလို့ပါ''
"ဘာပြောတယ်!''
ဥက္ကာစိုက်ခင်းထဲပြေးဆင်းလျက်သားဖြစ်သွားသည်။အာလူးလေးပျောက်နေခြင်း။
ကိုယ့်ကိုသူ့အဖေဆိုပြီးခေါင်းထဲအပြီးတိုင်
ရိုက်ထည့်ထားတဲ့ကလေးမို့ ဘယ်သွားသွားခေါ်ရသည်။မခေါ်လျှင်မျက်ရည်ဘူးသီးတွေနဲ့ဝမ်းနည်းနေတတ်တာကြောင့်
ဥက္ကာ မထားခဲ့ရက်။
တစ်နေကုန်အနားရှိနေပြီး ညနေစောင်းမှပျောက်သွားသဖြင့် စိုးရိမ်စိတ်ကအမြင့်ဆုံးသောအပူချိန်ထက်ကျော်လွန်နေပြီ။
"K! အခုချက်ချင်းအာလူးလေးကိုရှာဖို့
ရှိသမျှလူတွေကိုမိန့်ကြားလိုက်!''
"ဟုတ်ကဲ့ ကိုဥက္ကာ ''
နေမင်းကြီးကအနောက်ဘက်ကို
တဖြည်းဖြည်းယွန်းသွားနေပြီး နောက်တစ်နာရီလောက်ဆိုဝင်တော့မည့်အချိန်ဖြစ်သည်။ စိုက်ခင်းကတောအုပ်ထဲဖြစ်သဖြင့် နေမဝင်သေးတာတောင်မှောင်ချင်ချင်ရှိနေပြီ။ cctvက မတပ်ရသေး။ အပစ်ခံထားရတဲ့စိုက်ခင်းမို့ဘာလုံခြုံရေးမှရှိ
မနေ။ ဥက္ကာ စိုက်ခင်းပတ်ပတ်လည်ကို cctvတပ်ဖို့စိတ်ကူးရုံရှိသေး cctvလိုအပ်ကြောင်း အာလူးလေးက သက်သေပြနေပြီ။
"တွေ့ကြလား!''
"မတွေ့ပါဘူး ကိုဥက္ကာ''
"တွေ့အောင်ရှာ မတွေ့မချင်းမရပ်နဲ့!''
အနီးကလူတွေကိုပါးစပ်နဲ့လှမ်းမေး
အဝေးကလူတွေကိုဖုန်းနဲ့လှမ်းမေးရင်းဖြင့်
ဥက္ကာ ဆောက်တည်ရာမရဖြစ်နေသည်။
မင်းသိုက်အပြီး နောက်အနီးဆုံးလူယုံဖြစ်တဲ့ Kက အားလုံးကိုဦးဆောင်ပေးသော်ငြား ဥက်ကာစိတျမခနြျိုငျ။
"ဟာကွာ''
ဥက္ကာ ဘောင်းဘီအိတ်ထဲကကားသော့ကိုနှိုက်ထုတ်ပြီးကားပေါ်ကိုချက်ချင်းပြေးတက်သည်။ သို့သော် သူ့လက်ထဲအသစ်ရောက်လာသည့်ဒီကနယ်ခံတစ်ယောက်က
သူ့ကားရှေ့ပိတ်ရပ်လာနေသည်။
"မင်းသေချင်လို့ ငါ့ကားရှေပိတ်ရပ်ရဲတာလား!''
ဥက္ကာကားထဲကနေလှမ်းအော်နေသည်။ထိုအခါ ကားရှေ့ကတစ်ယောက်သည် သက်ပြင်းရှိုက်ရင်း ကားနံဘေးရောက်လာသည်။
"ကိုဥက္ကာသိမှာပါ ဒီလိုနေရာမှာရှေ့မကြည့်နောက်မကြည့်ဘဲလုပ်ရင် သွားရမှာကသင်္ချိုင်းကုန်းကိုပါ ကိုဥက္ကာ စိတ်အေးအေးထားစေချင်တယ် ''
"စိတ်အေးအေးထားစေချင်တယ်! သားတစ်ယောက်လုံးပျောက်နေတာတောင်မှလား ဘာခွေးစကားတွေလာပြောနေတာလဲဟမ်!''
"ဒါပေမဲ့ကိုဥက္ကာအရင်စိတ်ကိုတည်ငြိမ်အောင်လုပ်သင့်ပါတယ် ဒီနယ်မှာ ကိုဥက္ကာက သူစိမ်းပါဖြစ်သလိုသွားရင်သံသယဝင်ခံရနိုင်တယ် အခုတလော ဟိုဘက်ကကောင်တွေဒီဘက်ကိုပိုပြီးလှုပ်လှုပ်ရှားရှားရှိနေတယ် အဲ့ဒါကြောင့်ပိုပြီးသတိထားရမှာပါ''
"ကွာ!''
ဥက္ကာအားမလိုအားမရနဲ့ကားဂီယာကိုပိတ်ထိုးနေသည်။ ပထမဆုံးနေ့မှာတင်ပြသနာကစီးကြိုးနေပါ့လား!
"အပြင်ကကျွန်တော့်အသိတွေကိုလှမ်းအကြောင်းကြားထားပါတယ် ကလေးကို
သူတို့တွေ့ခဲ့ရင်ကျွန်တော်တို့ထံအကြောင်းကြားလာမှာပါ
လူယုံကဘယ်လိုပဲကောင်းတဲ့ဘက်ကပြောနေပါပါစေ ဥက္ကာဘယ်လိုမှစိတ်မချနိုင်ပါ။ မျက်လုံးကိုတင်းတင်းမှိတ်ချရင်း အသက်ကိုပြင်းပြင်းရှုထုတ်လိုက်မိသည်။
ထိုအခိုက်အတန့် တစ်စုံတစ်ယောက်ကိုသတိရသွားသဖြင့် ဥက္ကာ မျက်လုံးကိုချက်ချင်းပြန်ဖွင့်ပြီး အင်္ကျီအိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်သည်။
ယူ! ဟုတ်တယ် ယူက ဒီနယ်မှာကြီးပြင်းလာခဲ့တာ ဒီနယ်မှာငယ်ကတည်းကနေထိုင်လာခဲ့တာ။ အဆက်အသွယ်များစွာရှိနိုင်သလို အာလူးလေးကိုအမြန်ဆုံးရှာတွေ့နိုင်အောင် ကူညီပေးလောက်သည်။
နံပါတ်တွေထဲက ၁ ကိုဥက္ကာဖိနှိပ်လိုက်သည်နှင့် လင်းဆယူကိုအလိုလိုခေါ်ဆိုသလိုဖြစ်သွားသည်။ လင်းဆယူကသူ့အတွက်နံပါတ်တစ်ဖြစ်နေတာ။ နေရာတိုင်း လင်းဆယူဟာသူ့အတွက်ပထမဆုံးဦးစားပေးပဲ။ ဦးဉာဏ်ကိုတောင်
လင်းဆယူလို နေရာတိုင်းနံပါတ်တစ်
ဦးစားပေးအဖြစ်သူမသတ်မှတ်ဖူးသေး။
တူ~တူ
ဖုန်းကဝင်ပေမယ့်တစ်ဖက်ကမကိုင်။
အလုပ်ရှုပ်နေလို့များလား! မိမိနံပါတ်ကို
Blockမထားတာနဲ့တင် ဥက္ကာတကယ်ကိုကျေးဇူးတင်နေပြီ။ ပထမတစ်ခေါက်ခေါ်တုန်းကဆို ယူကအလုပ်ရှုပ်နေခဲ့တာ။
ဒီတစ်ခေါက်လည်းအလုပ်ရှုပ်ပြန်လို့များလား!
တူ~တူ
ဥက္ကာဖုန်းကိုနောက်ထပ်တစ်ခေါက်ထပ်ခေါ်ခြင်း။ဒီတစ်ခါလည်းတစ်ဖက်က
မကိုင်ပြန်။ ၃ကြိမ်တိတိခေါ်လိုက်သည့်အခါမှ တစ်ဖက်ကကိုင်လိုက်သဖြင့်ဖုန်းဟာတစ်ချက်ထတုန်လာသည်။
"Hello ယူ''
တစ်ဖက်ကဖုန်းချသွားမှာစိုးသဖြင့်
ဥက္ကာ လောလောနဲ့အသံပေးရသည်။
အသံမကြားရသော်လည်း ဖုန်းကိုင်ပေးတာကြောင့် ဥက္ကာပျော်နေခဲ့ပါပြီ။
"ကျွန်တော်ပါယူ ကျွန်တော်ယူ့ကိုအရေးတကြီးအကူညီတောင်းစရာလေးရှိလို့ တောင်းလို့ရတယ်မလားယူ''
ဘဝမှာပထမဆုံးခခယယနဲ့ဆက်ဆံနေရသူပဲ။ သူစိတ်ကွက်မှာသေမတတ်ကြောက်နေတာကြောင့် စကားကိုချိုချိုသာသာနှင့်
ဘုရင့်အားခစားနေရသလို အတ္တတို့မာနတို့ကိုအကုန်ချိုးနှိမ်ထားရင်းခယရပါသည်။
"Hello ယူ''
"Daddyလား အာလူးလေးအခုဦးဦးဆီရောက်နေတာDaddyရဲ့''
လင်းဆယူအစား အပူတပြင်းရှာနေရတဲ့
အာလူးလေးရဲ့အသံကထွက်လာနေသည်။
ဥက္ကာဆွံ့အသွားသလို စိတ်လည်းအေးသွားပြီးပျော်သွားသည်။မြတ်နိုးရတဲ့လူသားနှစ်ယောက်ရုတ်တရက်ဆုံတွေ့သွားတာက သူ့ကိုအတိုင်းမသိအောင်ဘဲပျော်စေပါသည်။
"အာလူးလေး ဦးဦးဆီကိုဘယ်လိုလုပ်ရောက်သွားရတာလဲ Daddy ကိုပြော''
ယူ ဘက်ကဆိတ်နေသဖြင့်စကားမပြောချင်ဘူးလို့ဘဲမှတ်ယူရင်း အာလူးလေးနဲ့စကားပြောဖို့သာဆုံးဖြတ်လိုက်တော့သည်။
"အာလူး လိပ်ပြာလေးနောက်ပြေးလိုက်ရင်း လမ်းပျောက်သွားတာDaddy အာ့နဲ့
အာလူးငိုပါလေရော အဲ့မှာဦးဦးကပေါ်လာတာ ခ်ခ် ''
"သဘောကျနေတယ်ပေါ့ ''
"ဒါပေါ့ ဦးဦးကလေအရမ်းလှတာသိလား
အာလူးလေးကြီးလာရင်ဦးဦးကိုယူမှာ''
"မယူရဘူးလို့Daddyပြောထားတယ်နော်''
"သိဘူး ယူမှာ''
"အာလူးလေး''
"မရဘူး ယူမှာ ''
အာလူးလေးကဘယ်လိုပဲပြောပြော ယူမှာ
ပဲ ထပ်နေတော့ဥက္ကာအသည်းယားကျိကျိဖြစ်လာ၏။အနားသာရှိပါက နားရွက်ကိုဆွဲလိမ်မိမလား မပြောနိုင်။အဝေးရောက်တော့အစွမ်းပြနေတာ။
"အာလူးလေးကိုDaddyလာခေါ်မယ်လေ
ဘယ်မှာရှိနေလဲသာDaddyကိုပြော''
ကလေးကိုအနားပြန်ခေါ်ချင်တာကတစ်ဝက် ယူကိုတွေ့ချင်တာကတစ်ဝက်ဖြစ်နေသည့်အခါ ဥက္ကာယခုကားစက်ကိုနှိုးဖို့အသင့်ဖြစ်နေသည်။နှစ်ယောက်လုံးရဲ့တည်နေရာကိုမသိရသေးလို့သာခက်နေတာ။
"မင်း ကလေး ဒီညငါ့ဆီမှာပဲအိပ်လိမ့်မယ်
မနက်ရောက်မှပြန်ပို့လိုက်မယ် မင်းစိတ်
မချရင်တော့ အခုလာပို့လိုက်မယ်''
လွမ်းနေခဲ့ရပြီးအမြဲကြားယောင်နေခဲ့ရ
သည့်အသံကိုဥက္ကာယခုတဝကြီးကြားလိုက်ရသည်။ အတိုင်းမသိအောင်ကျေနပ်ပါသည်။ လင်းဆယူဘက်ကပုံမှန်ပြောနေသော်ငြား ဥက္ကာအတွက်နက်ရှိုင်းနေအောင်ခံစားရသည်။
သူယခုနေလင်းဆယူကိုပြေးတွေ့ချင်သည်။ တွေ့ရဖို့ သွားလိုက်ရင်ဖြစ်ဖြစ်
ကလေးကိုလာပို့ခိုင်းရင်ဖြစ်ဖြစ် လုပ်လိုက်တယ်ထား သူ့ဘက်က လင်းဆယူကို
မယုံကြည်လို့ကလေးကိုပြန်ခေါ်တာဆိုပြီးဖြစ်နေမှာ။ ဒီလိုတော့သူမလုပ်ပါ။ ယူကိုသူနည်းနည်းမှအထိအခိုက်မရှိစေလိုပါ။
"ယူ့သဘောပါ အာလူးလေးလည်းအဆင်ပြေတာပေါ့ ''
လင်းဆယူတိတ်နေသည်။သူက အင်း တစ်လုံးကိုတောင်ပြန်ပြောဖို့ဝန်လေးနေ
သည့် လေကိုတန်ဖိုးထားနေသူဖြစ်သည်။
ဖုန်းကိုချသွားတာကြောင့်လည်း ဥက္ကာ
ကျသွားသောဖုန်းကိုကြည့်ရင်းခပ်ရေးရေးလေးပြုံးသည်။
ယူ မပြောင်းလဲသေးပါလား!
~~~~~
စောင်အထူခြုံထားသဖြင့်ခေါင်းတစ်လုံးသာပေါ်တော့သည့်ပုခက်ပေါ်က ကလေးကို လင်းဆယူ ငုတ်တုတ်လေးထိုင်ကြည့်နေသည်။ကလေးကား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ အမှောင်ထုကြီး ကြီးစိုးပြီး
လေတဖြူးဖြူးနဲ့ လရောင်ဖြာသည့်ကောင်းကင်အောက်ရှိနေရခြင်းသည်
တစ်စုံတစ်ဦးကိုနက်နက်ရှိုင်းရှိုင်းလွမ်းစေနေသည်။
လင်းဆယူသည်တဲ၏တိုင်တစ်တိုင်အောက်ငုတ်တုတ်ထိုင်လျက်ဖြင့်တိုင်ကိုမှီထားနေသည်။ထောင်ထားသောဒူးတစ်ဖက်ပေါ်လက်ရင်း ပြေးလွှားနေသောအာရုံများကိုစုစည်းနေသည်။ကလေးကို
စတွေ့တဲ့အချိန်ဆီအာရုံတွေကပြန်ရောက်နေသည်။
အမဲလိုက်မုဆိုးတစ်ယောက်ကတောလိုက်ရင်း ဘိန်းခင်းတွေ့ခဲ့ကြောင်း မနက်ကလာရောက်တင်ပြသည်။ တင်ပြချက်ရပြီး
နှစ်နာရီလောက်ကြာသည့်အခါ လင်းဆယူ
တပ်သားငယ်နှစ်ယောက်နှင့်
အမဲလိုက်မုဆိုးပြောသည့် တောအုပ်ကိုသွားရောက်ခဲ့သည်။အနေအထားကိုအရင်အကဲခတ်ထားရုံသက်သက်မို့ လူဦးရေနည်းနည်းနဲ့ပဲ အဝေးကနေ သူတို့အကဲခတ်ခဲ့သည်။ထိုစဥ်ကလေးငိုသံကြားလိုက်ရ
သဖြင့် လင်းဆယူလိုက်ရှာခဲ့သည်။ကလေးက တောအုပ်ထဲက သစ်ပင်ကြီး
တစ်ပင်အောက်ငုတ်တုတ်လေးထိုင်ရင်းငိုနေရှာတာ။
လူကိုတွေ့တာနဲ့ဦးဦးဆိုပြီးချက်ချင်းပြေးဖက်လာတာကြောင့် လင်းဆယူ ခဏကြောင်အသွားရသေးသည်။ ပြောရရင် ဥက္ကာဆီကဖုန်းဝင်လာပြီးနောက်မှအရာရာကိုသူနားလည်သွားတာ။သည်ကလေး
လင်းဆယူ ကို သိတာဟာ လင်းဆယူ
ပုံတွေကိုသူ့Daddyဆီကခဏခဏမြင်နေရလို့သိတာတဲ့။ ဘယ်လိုဖြစ်လို့တောအုပ်ထဲရောက်နေသလဲဆိုတာကိုတော့သူမမေးမိ။
"ဗိုလ်လင်း သိန်းငှက်လေးတွေရောက်လာပါပြီ''
တာပေါက ကလေးအိပ်နေတာကိုအလိုက်တသိဖြင့် လင်းဆယူကိုလက်တို့ရင်းပြောသည်။လင်းဆယူက ခေါင်းညိတ်ပြီး
အခုလေးတင် အထက်ကမှာထားတဲ့ပစ္စည်းတွေကိုကြားခံစခန်းမှတပ်သား
နှစ်ယောက်က ဆိုင်ကယ်နှင့်လာပို့ပေးသွားသည်။ မနက်အစောကြီးရလိုတယ်ပြောခဲ့တာကြောင့် ဒီည၁၀နာရီရောက်ချလာတာ။
Advertisement
မနက်ဆိုနှင်းတွေကျတတ်လို့သူတို့မလာချင်တာ လင်းဆယူကိုယ်ချင်းစာပါ၏။
"သိမ်းငှက်နှစ်ကောင်နဲ့ငှက်လေးကောင်မှတ်လား''
"ဟုတ်တယ် ဗိုလ်လင်း''
သိန်းငှက်(ပုံရိုက်ယူလို့ရသည့်ဒရုန်းကြီး)
ငှက်(အလျင်အမြန်နှင့်ရန်သူနယ်မြေကိုသွားရောက်စစ်ဆေးနိုင်တဲ့ဒရုန်းငယ်)
ဒရုန်းဟာ ဗျူဟာအောင်နိုင်ရေးအတွက်အလွန်အရေးပါ၏။ လင်းဆယူသည်
ဒရုန်းတွေကိုသေချာစစ်ဆေးနေသည်။
"မနက်ဖြန်မင်းဦးဆောင်ပြီးဟိုစိုက်ခင်းကိုထောက်လှမ်းလိုက် ငါကလေးကိုပို့ပြီးပြန်လာမှဆက်စီစဥ်လိုက်မယ်''
"ဟုတ် ဗိုလ်လင်း''
အချိန်က ၁၁ခွဲကျော်နေသည်။ လင်းဆယူ
အိပ်ချင်စိတ်မရှိလည်း အိပ်ဖို့ကြိုးစားနေသည်။ သူက ပုခက်ပေါ်လက်နှစ်ဖက်ကို
ခေါင်းအောက်အုံးလျက်လဲလျောင်းရင်း
သူ့နံဘေးပုခက်ထဲကအာလူးလေးကို
ကြည့်နေသည်။ လင်းဆယူက ဉာဏ်ပါး
သည့်လူသားဖြစ်သည်။ထို့ကြောင့်
အာလူးလေးဟာ ဥက္ကာသားအရင်းမဟုတ်မှန်း လူယုံတစ်ဦးဦးနှင့်သက်ဆိုင်နေမှန်းတပ်အပ်ခန့်မှန်းနိုင်သည်။
~~~~~
မနက်၇နာရီ လင်းဆယူအပြင်အရပ်သားဝတ်စုံနှင့်ဖြစ်နေပြီး အာလူးလေးကိုပြန်ပို့ဖို့ပြင်နေသည်။ အာလူးလေးက မနက်အစောကြီးထရသော်ငြား
တက်တက်ကြွကြွဖြစ်နေသည်။လင်းဆယူလုပ်သမျှကိုထိုင်ကြည့်ရင်းတစ်ချက်
တစ်ချက် ထ ထသန်းသည်။
"အာလူးလေး Daddyဆီရောက်မှပဲ ထမင်းစားနော် ''
"ဟုတ် ဦးဦး''
လင်းဆယူ ဒီကလေးကိုအံ့သြမိတာအမှန်
ဒီကလေးကသူကလွဲတခြားဘယ်သူ့ကိုမှ
မကြည့်။တာပေါကမုန့်ပေးတာတောင်
လှည့်မကြည့်။ သူ့ကိုသာတစိမ့်စိမ့်ထိုင်
ကြည့်နေသည်။တစ်မျိုးလည်းသိတတ်သည်။ မြင်သမျှတွေ့သမျှကိုစပ်စုတာမျိုး
မေးမြန်းတာမျိုးမလုပ်။
"လာ အာလူးလေးကားပေါ်တက်မယ်''
"ဦးဦးချီ''
နှုတ်ခမ်းလေးထော်ပြီးလက်ဆန့်ပေးလာတဲ့ကလေးကို လင်းဆယူအသည်း
တယားယားနှင့်ပွေ့ချီလိုက်၏။ဒီကလေးကသူ့ကိုမြင်ဖူးနေကျလူအတိုင်း အတော်ကပ်တာ။ လမ်းတစ်ဝက်ရောက်သည့်အခါ
ဥက္ကာကိုလာရမည့်နေရာ သူပို့ပေးလိုက်၏။ သူ့စခန်းမှာက ဖုန်းလိုင်းမမိ။
မနေ့က ဥက္ကာနဲ့ကလေးစကားပြောတဲ့အချိန်ဟာ လင်းဆယူစခန်းထဲရှိနေတာမဟုတ်။
မြို့အစွန်ကားလမ်းမကြီးဘေးက စားသောက်ဆိုင်ကြီးတစ်ခုတွင် ဥက္ကာကိုသူချိန်းလိုက်ခြင်း။အဝေးပြေးကားဂိတ်နဲ့နီးနီးကပ်ကပ်ဖြစ်သဖြင့် ရှာရလွယ်သည်။
တစ်နာရီနီးပါးကြာသောအခါ ချိန်းထား
သည့်ဆိုင်ကိုသူရောက်သွားသည်။ဥက္ကာက
ကြိုရောက်နေပြီဖြစ်ရာ ဆိုင်အပြင်တွင်
ခါးထောက်လျက်ရပ်ရင်းသူတို့ကိုစောင့်ကြိုနေ၏။
"ယူ''
". .!''
လင်းဆယူကားပေါ်ကဆင်းရုံရှိသေး
တစ်စုံတစ်ယောက်ကသူ့လေအဟုန်နှင့်ရောက်လာပြီးသူ့ကိုဆွဲဖက်နေသဖြင့်
လင်းဆယူတောင့်တောင့်ကြီးဖြစ်နေ၏။
ဒီကောင် လူတွေရှိနေတာကိုရှက်ရကောင်းမှန်းမသိပါလား။ ကားထဲရှိနေသေးသည့်
အာလူးလေးက မျက်နှာ မှုန်ကုပ်နေ၏။
"Daddy! Daddyလူမှားနေပြီ အာလူးလေးကဒီမှာ''
အာလူးလေးက ကားမှန်ကနေခေါင်းပြူးထွက်ပြီးလှမ်းခေါ်နေသည်။ ဥက္ကာကား
ကလေးကိုပြုံးပြရုံသာပြုံးပြပြီးလင်းဆယူကိုတော့ဖက်ထားဆဲဖြစ်သည်။ လင်းဆယူ
သက်ပြင်းရှိုက်ရင်းဥက္ကာကိုတွန်းထုတ်လိုက်သည်။
"မင်းရူးနေပြီလား မင်း သားကိုလည်းအရေးလုပ်''
ဥက္ကာကခပ်ရေးရေးလေးပြုံးသည်။
လင်းဆယူဘက်ကမျက်မှောင်ကြုတ်လျက်သားနှင့်ပြောသော်ငြား ဥက္ကာကတော့သူ့ကိုဆူတယ်လို့ပဲမှတ်ယူ၏။
"ကျွန်တော်ယူ့ကိုလွမ်းနေခဲ့တာ စက္ကန့်တိုင်းအချိန်တိုင်းယူ့ကိုတွေ့ချင်တာ ယူအသံကိုထပ်ကြားရဖို့ ၁၈၂နာရီစောင့်ခဲ့ရတာ
ယူ့ကိုထပ်တွေ့ရဖို့ ၁၉၆နာရီတောင်ကြာခဲ့တာ''
"မင်း! အချိန်တွေကိုထိုင်မှတ်နေတာလား''
လင်းဆယူကအံ့အံ့သြသြမေးသဖြင့် ဥက္ကာ
ပြုံးရင်း လင်းဆယူလက်တစ်ဖက်ကိုဆုပ်ကိုင်လာသည်။
"ဟုတ်တယ် ကျွန်တော်ထိုင်မှတ်နေခဲ့တာ
ကျွန်တော်တော့ယူကြောင့်နဲ့ဆေးရုံရောက်တော့မှာပဲ ယူ ''
"ငါကဘာဖြစ်လို့!''
"ချစ်လို့ ကျွန်တော်ယူ့ကိုချစ်လွန်းလို့''
လင်းဆယူဥက္ကာပါးစပ်ကိုလက်တစ်ဖက်နဲ့အလျင်အမြန်အုပ်လိုက်သည်။ တော်သေးလို့ဆိုင်ထဲကလူတွေမကြားရတာ။
အာလူးလေးကတော့ကြားသွားပုံ မျက်လုံးပြူးသွားနေ၏။ ဥက္ကာအသံက
လိုအပ်တဲ့ limitထက်ပိုကျယ်နေတာ။
"စောက်ရူး! မင်းကလေးကြည့်နေတာမမြင်ဘူးလား''
"မမြင်ဘူး ယူကိုပဲကွက်မြင်နေလို့''
ဥက္ကာကသူ့ပါးစပ်ကိုအုပ်ထားသော
လင်းဆယူလက်ကိုယုယုယယဆုပ်ကိုင်လိုက်ရင်း အပြုံးတစ်ဝက်နဲ့ပြောသည်။
လင်းဆယူကမူ သူ့လက်ကိုပြန်ဆွဲပြီးအာလူးလေးကိုကားထဲကပွေ့ချီလိုက်သည်။
"ဟွန့် Daddyမကောင်းဘူး အာလူးလေး
ဦးဦးကိုလုစရာလား''
"အောင်မယ် Daddyယူပါနော်''
"မရဘူး ဦးဦးကိုအာလူးလေးယူမှာ''
"ပေးမယူပါဘူး ''
ဥက္ကာက အာလူးလေးကိုပွေ့ချီထားသော
လင်းဆယူအနားလျှောက်လိုက်ပြီး
လင်းဆယူပခုံးတစ်ဖက်ကိုဆွဲဖက်နေသည်။
"ယူဒီနေ့အရမ်းလှနေတယ်''
လင်းဆယူက တစ်ကိုယ်လုံးဂျင်းအနက်ကိုဝတ်ထားသည်။ မျက်နှာနှင့်အသားအရောင်ကအခံလေးဖြစ်နေတော့ဘာဝတ်ဝတ်ကြည့်နေပြီးသားဖြစ်သွားတာ။
"မင်းပထွေးကိုလှတယ်သွားပြော ရော့
မင်းကလေး''
လင်းဆယူကသူ့ကိုလှတယ်ပြောရင်လုံးဝမကြိုက်။လက်ထဲကအာလူးလေးကိုချက်ချင်းဥက္ကာဆီပြန်ထည့်ပေးနေသည်။အရာဝတ္ထုသာဆိုသူဆောင့်အောင့်ပြီးပစ်ထည့်မှာ။ကလေးဖြစ်နေလို့သာသူစိတ်ထိန်းထားတာ။
"အာလူးလေး ဦးဦးသွားတော့မယ်နော်''
လင်းဆယူက အာလူးလေးကိုရယ်ရယ်ပြုံးပြုံးနဲ့ပြောသည်။သို့သော် ဥက္ကာကိုတော့
ခပ်တည်တည်နဲ့ကြည့်နေသည်။
"နေဦး ယူ ကျွန်တော်ယူ့ကိုအရမ်းလွမ်းနေခဲ့တာနော် ခဏလေးနဲ့ကျွန်တော့်ကိုထားခဲ့ပြန်ဦးမလို့လား''
ဥက္ကာ က လင်းဆယူလက်တစ်ဖက်ကိုဘယ်တော့မှမလွှတ်ပေးချင်သလို
ခပ်တင်းတင်းဆွဲထားနေသည်။အာလေးလျှာလေးနဲ့ပြောနေသည့်အပြင်မျက်နှာကလည်းမကောင်းဖြစ်နေ၏။
လင်းဆယူသည် သူ့လက်ကိုဆွဲထားသော
ဥက္ကာလက်ကိုတွေတွေလေးစိုက်ကြည့်သည်။ထို့နောက် ဥက္ကာမျက်နှာကို
တွေတွေလေးငေးနေသည်။
"ငါ့လက်ကိုလွှတ်''
"ယူ''
"ငါတကယ်မအားဘူးဥက္ကာ မင်းငါ့အပေါ်သေချာတယ်ဆိုရင်ဒီနေရာကိုနေ့တိုင်းလာခဲ့လေ ငါအားတဲ့နေ့မင်းဆီလာခဲ့မယ်
တစ်လမကကြာချင်ကြာနိုင်တယ် မင်းလုပ်နိုင်ရင်တော့လုပ်ပေါ့''
"ကောင်းပြီလေ ကျွန်တော်နေ့တိုင်းလာခဲ့မယ် ယူသာကတိတည်ပါစေ''
လင်းဆယူ၏နက်ရှိုင်းတဲ့အကြည့်တို့သည်
ဥက္ကာထံစုပုံရောက်နေသည်။ သူကဖြစ်သလိုသာပြောလိုက်တာ ဥက္ကာဒီလောက်လွယ်လွယ်နဲ့လက်ခံလိမ့်မည်ဟုမထင်ခဲ့။
ဥက္ကာဘက်ကချက်ချင်းလက်ခံလိုက်တာဟာသူ့ကိုတုံ့ပြန်မှုတချို့လုပ်ချင်လာအောင်နှိုးဆွနေသလိုပဲ။
"အင်း ကတိပေးတယ်
Sorry! ဒီနေ့တကယ်မအားတာ''
လင်းဆယူတကယ်မအား။ အနောက်မှာတာဝန်ကြီးကစောင့်နေတာ။ တစ်ရက်မကလို့ တစ်လလည်းကြာချင်ကြာနိုင်တယ်။
စိုက်ခင်းတစ်ခင်းကိုဝင်ရောက်သိမ်းဖို့ဆိုတာလုံးဝမလွယ်ကူ။အပြန်အလှန်ပစ်ခတ်မှုပါရှိလာရင် အချိန်တွေကပိုပြီးကြာတတ်သေးတာ။
"Daddy ရောထမင်းစားလေ''
လင်းဆယူထွက်သွားပြီးနောက် ဥက္ကာ
အာလူးလေးကိုမနက်စာကျွေးလိုက်ခြင်း။
သူကိုယ်တိုင်ကကော်ဖီနဲ့သာမို့အာလူးလေးကအားမလိုအားမရဖြစ်နေတာ။ သူ့ကိုထမင်းအတင်းခွံ့လာသဖြင့်စိတ်ကျေနပ်အောင်သူစားပေးလိုက်ပါသည်။
လင်းဆယူအကြောင်းပါးစပ်ဟမိရင်တော့
သားအဖနှစ်ယောက်စကားများရပြီပဲ။
အာလူလေးက ဦးဦးကိုယူမှာပဲ 'ဆိုပြီး
တစ်ချိန်လုံးပြောနေတာ။
Tine~Tine
အင်္ကျီအိတ်ကပ်ထဲကဖုန်းမှအသံမြည်လာခြင်း။ဖုန်းကိုထုတ်ကြည့်လိုက်တော့ Kဖြစ်နေ၏။
"ပြော K''
"ကျွန်တော်တို့အခုထောက်လှမ်းခံနေရတယ် ကိုဥက္ကာ''
"ဘာပြောတယ်''
"ဒရုန်းတွေမနည်းဘူး ကျွန်တော့်အထင်
ကိုဥက္ကာမြန်မြန်ပြန်လာပေးသင့်တယ်''
"အင်း ငါအခုပြန်လာပြီ''
ဥက္ကာဖုန်းကိုအလျင်အမြန်ချပြီး အာလူးလေးကိုပွေ့ချီလိုက်သည်။ကံကောင်းလို့
အာလူးလေးထမင်းစားပြီးသွားတာ။
မဟုတ်ရင်ခုံကထခိုင်းလို့ရမှာမဟုတ်။
အလောတကြီးနဲ့ပြန်ရမှာမို့ ဥက္ကာ
ရှင်းရမည့်ပိုက်ဆံကိုသေချာမမေးတော့ဘဲ
တစ်သောင်းတန်တစ်အုပ်ကို ဆိုင်ရှင်ထံပစ်ပေးလိုက်သည်။
.
.
Greenleaf 🌿🍀🌿
နောက်ကျသွားလို့ Double upပေးလိုက်တယ်နော်
ချစ်ရင်အသည်းတွေပေးသွား
မပေးရင်ငိုအောင်လုပ်ပစ်မှာ ဟွန့်.
______________________________________
Unicode
Zawgyi
~~~~~
"ကိုဥကၠာခင္ဗ်ာ ကိုဥကၠာ''
"ဘာကိစ္စလဲ''
"ဘာပြောတယ်!''
ဥက္ကာ မထားခဲ့ရက်။
"ဟုတ်ကဲ့ ကိုဥက္ကာ ''
"တွေ့ကြလား!''
"မတွေ့ပါဘူး ကိုဥက္ကာ''
မင်းသိုက်အပြီး နောက်အနီးဆုံးလူယုံဖြစ်တဲ့ Kက အားလုံးကိုဦးဆောင်ပေးသော်ငြား ဥက်ကာစိတျမခနျြိုငျ။
"ဟာကွာ''
"ကွာ!''
တူ~တူ
တူ~တူ
"Hello ယူ''
"Hello ယူ''
"သဘောကျနေတယ်ပေါ့ ''
"သိဘူး ယူမှာ''
"အာလူးလေး''
"မရဘူး ယူမှာ ''
Advertisement
- End2276 Chapters
Martial World
In the Divine Realm, countless legends fought over a mysterious cube. After the battle it disappeared into the void. A young man stumbles upon this mystery object, opening a whole new world to him. His name is Lin Ming, and this is his road of martial arts.
8 1145 - In Serial16 Chapters
Rise as a Demon Lordress
Just another Reincarnation story. Unforseen circumstances leads Ji Riyu to her death. When she reawakens again she's just a weak demon trash. But after encountering a strange item she learned knowledge of the world and many languages. So if I eat cores of monsters or humans, I can become stronger? The life of a trash demon that rose in ranks eventually creating an overpowered fortress of demons and the like. my profiles where that I used to post this novel.
8 87 - In Serial60 Chapters
Dream Theater
Long casted shadows danced in the background, as a man squibbled and jotted words on yellow papers. A mere novelty, remnant and ghost that was left to age away along with the forgotten theater, a man grasped for inspiration to salvage what was left of his soul. Abandoned in the squalid room, Pxan was left hauntedly in the furthest corners of insanity that bubbled in his mind. No one would listen to his plight, denouncing him and claiming his mind was not right. Even though the world left him with nothing, turning their backs to him, he knew the books would never betray him in the same fashion. Faceless pages and books yet to be read ogled puppy eyes, ready to be penned by the madman. “Pxan! Pxan! Over here! To me!” Clamored the unpublished manuscripts. Pxan’s fingers quivered nervously, thoughts of failure flooded his mind. Wanting to surrender to the pressure. “No!” He cried. “I’ve had enough of writing.” Books with eyes all stared at him, begging for the tales to be written. Their pleaful eyes were all that Pxan needed to be moved to writing again. The man sighed and raised his pen again, stroking the first letters of inspiration that bore fruit from his mind. A maddening tale of a policeman, cultists and a violent revenge… -Currently on Hiatus while writing the second volume.The first volume is up. I will take a few days to rewrite a few chapters. Afterwards, updates will proceed as usual.Current rewrite progress 17/59 chapters rewrited. This is my first real novel, any kind of criticism or feedback is appreciated. I am looking for an editor, if someone wants to help me avoid typos please contact me. The cover is a detail of Faust in His Study by Ary Scheffer, c. 1831, watercolor and gouache on paper.
8 171 - In Serial29 Chapters
Beyond Knowledge [A Fantasy Minimalistic LitRPG]
Ayla awakes in a small dust filled box, with no apparent entrance, nor exit. All that greets her is a simple book, carrying the immediate answers she needs, but with it, so many more questions. She is a last hurrah, the accumulation of someone’s life work, to go beyond the next average [Baker] or [Warrior]. Join her adventure into the unknown, beyond a simple life and her never-ending bad luck. Adventure? Discovery? This way! Getting into trouble and turmoil way above her abilities? Of course! Fantasy with minimalistic LitRPG elements!
8 242 - In Serial71 Chapters
Tidel Wave Nico Di Angelo x Reader
Completed (: Warning: this is my first work! To me, it's kinda cringe but I need to edit it. (: kinda cliche I guess.You are 15 years old and the only half-blood that Nico Di Angelo can stand. Little do they know that they have crushes on each other. This is after the second titan war and war with Gaea. This will have quest, drama, almost dying and more.I DONT OWN THESE CHARACTERS: ALL RIGHTS TO RICK RIODAN!!!!
8 111 - In Serial11 Chapters
『 why 』 han jisung
[COMPLETED]❝It's damn annoying! Leave me alone! ❞❝You changed so much Han Jisung.❞/StrayKids's Han Jisung short story.Highest rank #84 - Han /040618, #133- HanJisung /061118Completed/ 22.04.18 @Eirinrinss
8 205