《If you believe (Complete)》4
Advertisement
Unicode
Zawgyi
~~~~~~
ဒီနေ့ ပင်မရုံးတွင်ကျင်းပမည့်လစဥ်အစည်းအဝေးအတွက် လင်းဆယူ စခန်းကနေ ထွက်ခွာနေပြီဖြစ်သည်။သူများကတစ်ရက်ကြိုစောပြီးသွားကြသော်ငြား
လင်းဆယူကတော့ နေ နေကျနေရာမဟုတ်ရင် ကြာကြာမနေချင်။ဒါ့ကြောင့်နီးမှထွက်ခွာခြင်းဖြစ်၏။
စခန်းမှ မြို့အနီးလမ်းမအထိကိုတော့
အဖွဲ့အစည်းထဲရှိနေသည့်ကားတွေထဲကတစ်စီးနဲ့ပဲသူသွားသည်။ တာပေါကသူမရှိရင် စခန်းကိုစောင့်ကြပ်နေရမှာမို့ သူ့ကိုလိုက်မပို့အား။တပ်သားအငယ်နှစ်ယောက်နဲ့ပဲသူလာခြင်းဖြစ်သည်။
"ငါမရှိလို့ဆိုပြီးပေါ့လျော့မနေကြနဲ့နော်
ငါပြန်လာလို့ပြသနာရှိနေတာတွေ့ရင် မင်းတို့အကုန်ဖားကင်ဖြစ်သွားမယ်''
ကားပေါ်ကမဆင်းခင် ရာဇသံပေးသွား
သည့် ဗိုလ်လင်းကြောင့် အငယ်
နှစ်ယောက်မှာ ကြက်သီးဖြန်းသွား၏။
ဗိုလ်လင်းပြောတဲ့ဖားကင်ဆိုတာ လက်နှစ်ဖက်ကိုကျောနောက်စုချည်ရင်းနေပူထဲ
အသွား၁၀၀ အလာ၁၀၀တွားသွားခိုင်းတာ။ ဗိုလ်လင်းကပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တာကြောင့်သူတို့ပေါ့လျော့ဖို့မဖြစ်နိုင်။တစ်ခါတလေ
ဗိုလ်လင်းမထင်မှတ်ဘဲ ညစ်ပတ်တာမျိုး
ရှိသေး။နားရွက်ကိုဆွဲရင်းထိုင်ထလုပ်ခိုင်းတဲ့အခါမျိုးဆို ၁၀၀ပြည့်နေတာတောင် သူသေချာမရေမိလို့ဆိုပြီး ၅၀ကပြန်စခိုင်းတာ။
"ပြန်ကြတော့လေ ဘာရပ်လုပ်နေတာ''
"ကျွန်တော်တို့ကဗိုလ်လင်းကိုလာကြိုမယ့်ကားရောက်တဲ့အထိအဖော်နေပေးမလို့ပါ''
"ပြီးရော''
အကူတကအဖော်နေပေးမည့်သူကိုအတင်းကြီးနှင်လွှတ်နေတာ။ အကျိုးသင့်အကြောင်းသင့်ပြောတော့လည်းကျေးဇူး
မတင်ဘဲခပ်တည်တည်သာနေ နေသည်။
အစည်းအဝေးစချိန်ကမွန်းလွဲ၁နာရီ။
ယခုက ၈နာရီသာရှိသေးသဖြင့် သူတို့အတွက်အချိန်တွေပိုပါသေးသည်။
၈ခွဲမှာတော့ တစ်ဖက်ကလွှတ်ပေးတဲ့ကားရောက်လာသဖြင့် လင်းဆယူ တပ်သား
နှစ်ယောက်ကိုအရင်ပြန်ခိုင်းပြီးမှ ကားပေါ်တက်လိုက်သည်။လာခေါ်သည့်ကားက
Parado မီးခိုးရောင်ဖြစ်ပြီး လူနှစ်ယောက်ပါသည်။လင်းဆယူ က ထိုနှစ်ယောက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်သည်။ ဝတ်စားထားပုံက ဖရိုဖရဲနဲ့။ လင်းဆယူက
စည်းကမ်းရှိပြီးသေသပ်တာကိုမှကြိုက်တာ။
ကျွီး!
ကားကမြို့အဝင်လေးမှာတင်ထိုးရပ်သွားသဖြင့် လင်းဆယူခေါင်းကိုဆတ်ခနဲထောင်လိုက်၏။ကနဦးကသူ ဖုန်းကြည့်မိတာကြောင့် ကားရပ်မှာမသိသည့်အခါအရှိန်မထိန်းနိုင်ဘဲခေါင်းကအရှေ့ထိုင်ခုံနဲ့ဆောင့်သွားသေးသည်။နာမသွားတာ
ကံကောင်း။ မဟုတ်ရင် နှစ်ကောင်လုံးကို
သူဖားကင် ကင်ဖြစ်မှာ။
"အဲ့ဒါဘာဖြစ်ကြတာလဲ''
တစ်ယောက်က ကားပေါ်ကနေကပျာကယာပြေးဆင်းပြီးကားကိုစစ်ဆေးနေသဖြင့်လင်းဆယူမေးလိုက်ခြင်း။
"ကားမှာပြသနာတစ်ခုခုရှိနေတဲ့ပုံပဲ
ဗိုလ်ကြီး ခဏလေးသည်းခံပေးစောင့်ပေးပါနော် ကျွန်တော်တို့အမြန်ဆုံးထွက်နိုင်အောင်ကြိုးစားပါ့မယ်''
လာကြိုတဲ့နှစ်ယောက်ခမျာ သူတို့ကြိုရ
မည့် ဗိုလ်ကြီး စိတ်ကွက်မှာစိုးသဖြင့်ခခယယပြောနေရရှာသည်။ဗိုလ်လင်းမှာသာနားမဝင်တာ။ သူစိတ်ပျက်ပျက်နဲ့မျက်ဖြူလှန်ပစ်နေပုံက ကောင်းကင်တွင်တရားထိုင်နေသည့်နတ်သူတော်အပေါင်း
မှာ သူတို့အောက်ကိုဆောင့်တိုးလာမှာစိုး
သဖြင့်ထွက်ပြေးနေရလောက်သည်။
လင်းဆယူဆိုတာ ခပ်အေးအေးလေးဆိုပေမယ့် စိတ်တိုအရမ်းလွယ်တာ။
"အဝေးကလာရတဲ့ငါ့ကို ဒီလိုကားစုတ်မျိုးနဲ့လာကြိုရဲတာလား ဒီကားမင်းတို့ကိုဘယ်သူပေးလိုက်တာလဲ ဟိုနောက်ပိုးအထိထိပ်ပြောင်တဲ့ဘိုးတော်လား မျက်လုံးတောင်တစ်ဖက်မြောက်တစ်ဖက်ရောက်နေတဲ့ဘိုးတော်လား မဟုတ်ရင် မယား
တစ်သောင်းနဲ့အဘိုးကြီးလား''
"ဟုတ် ဟုတ်ကဲ့ မယားများတဲ့ဗိုလ်ကြီးကပေးတာပါ ဒါပေမဲ့သေချာမစစ်ဆေးခဲ့တဲ့ကျွန်တော်တို့သာမှားတာပါ ဗိုလ်ကြီးခဏလေးသည်းခံပေးပါနော်''
"ငါမကြီးဘူး သေးတယ် စောင့်လည်း
မစောင့်နိုင်ဘူး ဖွင့် တံခါး''
လင်းဆယူကပြောရင်းကျောပိုးအိတ်ကိုကောက်ယူပြီးတံခါးကိုပိတ်ကန်နေသဖြင့်
ခယနေသူမှာမတတ်နိုင်ဘဲဖွင့်ပေးလိုက်ရသည်။ဒီကလည်းဗိုလ်ကြီး ဟိုကလည်း ဗိုလ်ကြီး ဘယ်ကိစ္စမဆို အလယ်ကသူတို့မှာ ချွေးပြန်ရပါသည်။
"ဗိုလ်ကြီးလမ်းလျှောက်ပြီးသွားမလို့လားဗျ''
"ဟုတ်တယ်''
"ကျေးဇူးပြုပြီးကျွန်တော်တို့ကိုခက်အောင်မလုပ်ပါနဲ့လား ဗိုလ်ကြီးရယ်''
"လုပ်တယ်''
လင်းဆယူက အသနားခံနေသူနှစ်ယောက်ကိုမကြည့် ဂျင်းကုတ်ကိုကောက်ဝတ်
ဖိနပ်ကြိုးကိုသေချာချည်ပြီးသွားဖို့အသင့်လုပ်နေတာ။ အတွင်းထဲလာရတာဖြစ်
သဖြင့် Uniform မဟုတ်ဘဲ အပြင်ဝတ်စုံကိုသာ လင်းဆယူကဝတ်ထား၏။
ထိုနှစ်ယောက်ကလည်းအတူတူပဲဖြစ်သည်။
"ပြီးတော့ မင်းတို့နှစ်ကောင် ငါ့ကိုဗိုလ်ကြီးလို့ထပ်မခေါ်နဲ့ ငါ မ.. ကြိုက်..ဘူး''
လင်းဆယူကတစ်လုံးချင်းပြောပြီးလက်ထဲကနေကာမျက်မှန်ကိုတပ်နေသည်။ထို့နောက် တာဝန်နဲ့သူ့အားလာကြိုရမည့်နှစ်ယောက်ကိုမငဲ့ဘဲတစ်ယောက်တည်း
ရှေ့ကိုဆက်နေသည်။ လင်းဆယူဝတ်ထားသည်မှာ အမည်းရောင်တီရှပ်ကိုမှ
အပြာရောင်ဂျက်ကင် အပြာရောင်ဘောင်းဘီနဲ့တွဲဖက်ထားသည်။အသားကဖြူသည့်အပြင်ကျောပိုးအိတ်ပါလွယ်ထားသည့်အခါ နိုင်ငံခြားခရီးသွားဧည့်သည်နဲ့တူနေသည်။
နာရီက ၁၁နားရောက်နေပြီ။ ၁နာရီအစည်းအဝေးမစခင်တော့ ရုံးချုပ်ကိုသူကြိုရောက်ချင်သည်။ဒါမှရေချိုးသန့်စင်လို့ရမှာ ။ လူက ချွေးကပ်နေရင်နေရတာ
စိတ်ရှုပ်သည်။ ယခုတော့သောက်ကျိုးနည်းပါသည်။ မတတ်နိုင်ဘူး အစည်းအဝေးမတက်နိုင်ခဲ့ရင် ဟို
ကားစုတ်လွှတ်ပေးလိုက်တဲ့တစ်ယောက်ကိုပဲ သူပြသနာဖြေရှင်းခိုင်းမှာ။
တီး!!!
ဟွန်းတီးရင်းအနားကိုအရှိန်နဲ့ထိုးရပ်လာသည့်ကားကြောင့် လင်းဆယူ ကိုယ်ရှိန်သတိရင်း ပါးစပ်ကဆဲမိဆဲရာကိုဆဲတော့သည်။ နေကပူတော့လူက ပိုဆိုးသည်။ ဒီကားကဘာဖြစ်ချင်နေတာလဲ
ကနဦးက သူ့အနားကဖြတ်ပြီးအထက်ကိုကျော်မောင်းသွားပြီးမှ ဘာသဘောနဲ့ပြန်လာတာလဲ ။ သူ မတားခဲ့တာတော့အမှန်ပါ။ သူ့လိုလူကဘယ်တော့မှကားငှားစီးဖူးတာမဟုတ်။
ယခု အနားပိတ်ရပ်လာတဲ့ကားကို
လင်းဆယူ တကယ်ပိတ်ကန်ချင်နေတာ။
သူက ဟိုစပ်စပ်ဒီစပ်စပ်နဲ့ပါလေရာတွေကိုမကြိုက်။လူပဲမဟုတ် သက်မဲ့ဆိုရင်တောင်ရွရင်သူသောက်မြင်ကပ်သည်။
"ယူ! တကယ်ပဲယူပါနော် လင်းဆယူလေ''
ကားပေါ်ကဆင်းတာနဲ့လူကိုသဲကြီးမဲကြီးကြည့်ပြီးမေးနေသူကို လင်းဆယူ
ခပ်တည်တည်ပြန်စိုက်ကြည့်လိုက်၏။
အပြာရင့်ရောင်ဝတ်စုံအပြည့်နဲ့ဖြစ်ပြီး
အနီရောင်စတိုင်မျက်မှန်ဝတ်ထားသည်။
လင်းဆယူ ထိုလူ့ကိုအသေအချာကြည့်ပြီးနောက် နှုတ်ခမ်းတစ်ဖက်မဲ့ရင်းအကြည့်လွဲလိုက်သည်။
လူလိမ်ကောင်!
"ခဏ''
လူကိုမသိသလိုလုပ်ပြီးရှေ့ကိုသာသွားဖို့ခြေလှမ်းနေသော လင်းဆယူကို ဥက္ကာတားလိုက်၏။ ဒီနေ့ပျင်းနေတာနဲ့မြို့ကိုပတ်ပြီးသူကားမောင်းထွက်ခဲ့တာ။
ဒါကြောင့် ညတုန်းက အိပ်မက်ချိုမြိန်ပါတယ်လို့ ဘယ်ဟုတ်မလဲ နှလုံးသားကတောင့်တနေခဲ့သူကိုတွေ့လိုက်ရတာပဲ။
"ယူ ဘယ်သွားမလို့လဲ ''
မေးတော့သက်ပြင်းရှိုက်ရင်းမျက်မှန်ကိုဆွဲချွတ်သည်။ မြတ်နိုးရတဲ့မျက်လုံးလေးက
မိမိထံအကြည့်ရောက်လာသဖြင့်ဥက္ကာမှာ
ရင်လှိုက်ဖိုသွားသလို။
"ဒီနားမှာဘာရှိလဲ''
"ဟမ် ''
လင်းဆယူမေးလိုတာကိုသဘောမကျ
သည့်ဥက္ကာကိုမျက်လုံးကိုဟိုဝှေ့သည်ဝှေ့လုပ်ရင်း ခေတ္တစဥ်းစားနေရသည်။ ထုံးစံအတိုင်း စိတ်မရှည်တတ်တဲ့ လင်းဆယူကတော့ခါးထောက်ထားနေသည်။
"ဒီနားမှာမြို့ပဲရှိတယ်လေ ''
"အင်း မြို့ကိုသွားမလို့ပေါ့ ကိစ္စမရှိတော့ရင် ဖယ်''
"နေပါဦး ယူ ယူ ကျွန်တော့်ကိုဘာလို့အဲ့လောက်စိမ်းနေရတာလဲ ကျွန်တော်တို့
မတွေ့ဖူးတာလည်းမဟုတ်ဘဲနဲ့ ပြီးတော့
ယူကြောင့်ကျွန်တော်သေမလိုဖြစ်ခဲ့တာနော်''
"ငါက! မင်းကိုဘာလုပ်လို့လဲ''
သူ့ကိုယ်သူပြန်ထိုးပြရင်းမေးနေသော
လင်းဆယူကြောင့် ဥက္ကာပြုံးရုံသာတတ်
"ယူကျွန်တော်ကိုဆွဲလားရမ်းလားလုပ်ခဲ့တာလေ ချုပ်ရိုးတွေအကုန်ဖြေသွားပြီး
ကျွန်တော်တစ်ကိုယ်လုံးဖူးရောင်သွားတာ''
"ဟုတ်လား မှန်း ငါကြည့်ဦးမယ်''
လင်းဆယူက အနားကိုပိုတိုးကပ်လာတာကြောင့် ဥက္ကာ ကျောက်ရုပ်လိုဖြစ်သွားရသည်။ ရင်ကအဆမတန်ခုန်လာသဖြင့်သူ့မှာခက်နေရပါသည်။လင်းဆယူကား
ဥက္ကာ၏ခြေဖျား လက်ဖျားတွေကအစ
ဥက္ကာတစ်ကိုယ်လုံးကိုအသေအချာကြည့်နေသည်။
"မင်းမှာခြေထောက်နှစ်ဖက်နဲ့ခြေဆယ်ချောင်း လက်နှစ်ဖက်နဲ့လက်ချောင်းဆယ်ချောင်း နားနှစ်ဖက် မျက်လုံးနှစ်လုံး နှာခေါင်း ပါးစပ်အကုန်အကောင်းတိုင်းရှိနေတာကို ဘာသက်သေနဲ့ငါ့ကိုစွပ်စွဲနေတာလဲ အမှန်ဆိုမင်းကသာငါ့အိမ်ကထမင်းကိုစားပြီးငါတို့ကိုလိမ်ခဲ့တာလေ
လူ.. လိမ်..ကောင်''
လူကိုတစေ့စေ့ကြည့်ရင်းတစ်လုံးချင်းဆဲနေသဖြင့် ဥက္ကာ နှုတ်ပိတ်သွားရသည်။
ယူကလူကိုအားတိုင်းအဲ့ဒါနဲ့ပစ်ပေါက်မယ်ဆိုတာချည်းပဲ။ ဒီကလည်းလိမ်ချင်လို့လိမ်တာမှမဟုတ်ဘဲ ဒါကိုအပြီးစွဲမှတ်နေရင်တော့ ဒီတစ်သက် ဥက္ကာတော့ ကိုယ်ကျိုးနည်းပြီပဲ။
"မလိမ်မဖြစ်လို့လိမ်လိုက်ရတာပါယူရာ
ယူကျေနပ်တဲ့အထိကျွန်တော်တောင်းပန်မှာပါ လာ မြို့ထဲသွားမယ်မဟုတ်လား ကျွန်တော်လိုက်ပို့မယ်''
လင်းဆယူ လက်ကောက်ဝတ်ကနာရီကိုမြှောက်ကြည့်မိသွားသည်။၁၂ထိုးဖို့ မိနစ်၂၀လောက်သာလိုတော့တာပဲ။
ဘာဖြစ်ဖြစ် ငလိမ်ကောင်နဲ့တော့သူမလိုက်ချင်ပါ။
"မလိုဘူး''
"ယူရာ''
"ဟ မင်း!''
ကားထဲအတင်းဆွဲထည့်တဲ့ဥက္ကာကြောင့်
လင်းဆယူ တင်တစ်ခြမ်းက
Advertisement
ကားပေါ်ထိုင်လျက်သားဖြစ်သွား၏။ ခေါင်းကပြူးထွက်နေသည့်အခါ ဥက္ကာက လင်းဆယူခေါင်းမဆောင့်ရအောင် လက်နဲ့ဖိရင်းကားထဲအတင်းဝင်စေနေသည်။
လင်းဆယူမှာကား အတင်းဖိချခံရတဲ့ခေါင်းကြောင့်ဇက်နာသွားသဖြင့် ဥက္ကာကို
ကျိန်မိသွားတော့သည်။
မင်းအလှည့်ကျ ဆေးရုံသွားစေရမယ်
ကြည့်နေ!
"ဘယ်ပို့ပေးရမှာလဲ''
"မမေးနဲ့ တည့်တည့်သာမောင်း ရောက်ရင်ပြောမယ်''
ဒါကတော့ လင်းဆယူ ဘက်ကတမင်မာနထောင်လွှားတာမဟုတ်။
သူဘာကြောင့်ဒီကိုလာသလဲ ဘယ်မှာနေသလဲ ဘယ်ကိုသွားမလဲဆိုတာ သူမသိကိုမှမသိစေချင်တာအမှန်။ အမှန်ပြောရရင်
ယခုသူ့ကိုယ်သူသာမန်အရပ်သား
တစ်ယောက်လို့ပဲခံယူထားတာ။ သြဇာအာဏာတွေမရှိတဲ့သာမန်အရပ်သားလေးပေါ့။
ဥက္ကာကတော့ လင်းဆယူဘက်ကမမေးဖို့ပြောလို့သာငြိမ်သွားရတာ။တကယ်ဆို
သူသိချင်ပါသည်။ဒါမှနောက်တွေ့ချင်တိုင်း လာတွေ့လို့ရမှာ။ နှလုံးသားကတောင့်တနေရသူဖြစ်နေသည့်အခါ သူယခုပဲ လင်းဆယူ တည်းမယ့်လိပ်စာအတိအကျကိုသိချင်နေပြီ။
"ရပြီ ကားရပ်ပေး''
ရပ်စေချင်သဖြင့်ဥက္ကာချက်ချင်းရပ်ပေးလိုက်ပါသည်။ဘေးတစ်ဖက်တစ်ချက်မှာတော့ လမ်းကြားတွေရှိနေ၏။ ဥက္ကာ
ဒါကိုသေသေချာချာကြည့်ထားသည်။
လင်းဆယူကမကြိုဆိုရင်တောင်သူထပ်ပြီးလာတွေ့ချင်သေးလို့ပဲ။
"ရော့''
"ဘာကို ဟာ ဟိတ်! "
ပိုက်ဆံ၃သောင်းပေးလာပြီးကားပေါ်ကလှစ်ခနဲပြေးဆင်းသွားတဲ့လင်းဆယူ
ကြောင့်ကျန်ခဲ့သည့်ဥက္ကာမှာ မအီမသာဖြစ်နေရသည်။ ခေါ်တာကိုလုံးဝလှည့်မကြည့်တန်းပြေးနေတာ အရေးကြီးနေလို့လား
လူကိုတမင်နောက်တာလား မသဲကွဲ။
ခုံပေါ်ကျန်ခဲ့သည့်တစ်သောင်းတန်အသစ်ကလေး၃ရွက်ကိုသာ ဥက္ကာငိုရခက်ရီရခက်ကြည့်နေရသည်။ ဥက္ကာစီးလာတဲ့ကားကပြိုင်ကား။ဒါကိုလင်းဆယူမသိတာမဟုတ်လောက်ဘူး။သက်သက်လုပ်သွားတာပဲဖြစ်မှာပါ။
ဥက္ကာသိတဲ့ လင်းဆယူဆိုတာအဲ့လိုပဲ။
လူကိုမရိုးရအောင်အတွေးတွေခံစားချက်တွေပေါင်းစုံပေးတတ်တာ။သူကထွက်သွားရင်တောင် သူ့အကြောင်းကိုပဲဆက်တွေးနေရအောင်လုပ်နိုင်သည်။
~~~~~
ကားကိုparkingတောင်မထိုးနိုင်တဲ့အထိ
ကားပေါ်ကလောလောနဲ့ပြေးဆင်းလာတဲ့တူဖြစ်သူကြောင့် ဉာဏ်ရဲ့အာရုံတွေအလုပ်ဆီမှာမရှိတော့ပါ။ ဥက္ကာပျာယာခတ်တာကိုသူပထမဆုံးအကြိမ်မြင်ဖူးတာမလို့ပါပဲ။
ခြံမြက်ခင်းပြင်ပေါ်ကကြွေစားပွဲနှင့်ကြွေထိုင်ခုံတို့ရှိရာတွေဉာဏ်ရှိနေခြင်း။ကနဦးကထိ သူအလေးပေးတာခံခဲ့ရသည့်
သူ့ laptop ကလေးမှာယခုတော့မျက်နှာငယ်နေရှာသည်။
"ကဲ အမောင်ဥက္ကာဘယ်လိုတွေတောင်ဖြစ်နေတာလဲ မင်းဟာကမျောက်အုန်းသီးရတဲ့အတိုင်းပဲ''
"ကျွန်တော်ယူ့ကိုတွေ့လိုက်တယ် ဦးဉာဏ်''
"ယူ! ဘာကိုယူတာလဲ ယုလား''
"ကျွန်တော်ပြောတဲ့တစ်ယောက်လေ ''
"အော် သူမြို့ကိုတက်လာတာလား''
"ဟုတ်တယ်''
"ဒါဆိုမင်းဘယ်လိုလုပ်ချင်လဲ သူ့ကိုပြန်ပေးဆွဲဖို့လူလွှတ်လိုက်ရမလား သူနေဖို့အခန်းပါတစ်ခါတည်းပြင်လိုက်ရမလား''
ကနဦးက ဥက္ကာပုံစံကိုကြည့်ပြီး ရွှတ်ချနေသေးသည့် ဉာဏ်ဟာယခုတော့ဥက္ကာထက်ပိုဆိုးနေသည်။မသိရင်ယခုစစ်တိုက်ထွက်မည့်စစ်သူကြီးလိုလို မားမားမတ်မတ်ရပ်ပြီးသူ့အစီစဥ်တွေကိုဥက္ကာကြားအောင်တစ်ခုချင်းရွတ်ပြနေသည်။ ကိုယ်ရံတော်တွေကိုလည်းအနားအကုန်ခေါ်ထားသည်။
ဥက္ကာမှာတော့ သူ့ကိုစကားပြောချင်တောင်မပေးတော့တဲ့ ဦးဖြစ်သူကိုပြုံးကာကြည့်ရုံကလွဲတတ်နိုင်ခဲ့သည်။ဦးဉာဏ်ကသူ့အတွက်ဆိုအမြဲတက်တက်ကြွကြွရှိနေတာ။ ယခုနေ ဥက္ကာသာခေါင်းညိတ်လိုက်ပါက လင်းဆယူတစ်ယောက်
ဒီည ဥက္ကာရင်ခွင်ထဲရောက်နေမှာကျိန်းသေ။
သို့သော် ဥက္ကာအဲ့သလိုမလုပ်ချင်ပါ။
လင်းဆယူပုံစံက ပေါ့ပြက်ပြက်သွားလုပ်လို့ရမယ့်ပုံမပေါ်။သူ့ကိုလိုချင်ရင် စစ်ခင်းပြီးတိုက်ယူရမယ့်ပုံ။
"အဟမ်း ဦးဉာဏ်''
"အင်း ပြော ဦးဘာလုပ်ပေးရမလဲ''
"ယူ နောက်ကိုလိုက်ပို့ကျွန်တော်လူလွှတ်ထားပြီးသားပါ ဦးဉာဏ်ဘာမှလုပ်ပေးစရာမလိုပါဘူး ကျွန်တော်တောင်းဆိုစရာပဲရှိတာပါ''
"ပြောလေ ဦးအကုန်ဖြစ်အောင်လုပ်ပေးမှာပေါ့''
"ဒါဆို ပြောမယ် ကျွန်တော့်ကိုဒီတလောဘာအလုပ်မှမခိုင်းပါနဲ့လို့ပြောချင်တာ
ကျွန်တော့်ယူနောက်ပဲလိုက်နေမှာမလို့''
"တစ်ခါတည်းဖမ်းလာလိုက် ဒါမှလိုက်စရာမလိုတော့မှာ''
ဦးဉာဏ်က အားမလိုအားမရနဲ့ပြောနေသည်။ဘာကြောင့်လဲဥက္ကာသိပါသည်။
သူလုပ်ကြံခံရပြီးကတည်းက ဦးဉာဏ်
သူ့အတွက်အစောင့်အကြပ်တိုးပေးလာသည်။အပြင်ကိုလည်းမကြာခဏမထွက်စေချင်သလို ကိုယ်ရံတော်တွေမပါရင်လည်း ဥက္ကာသွားပိုင်ခွင့်မရှိ။
သူဒီမနက်အပျင်းပြေအောင်မြို့ကိုကားပတ်မောင်းတုန်းက ကိုယ်ရံတော်တွေလည်းကား၄စီးနဲ့သူ့နောက်လိုက်ပေးသည်။လင်းဆယူနဲ့တွေ့တော့မှ ကိုယ်ရံတော်တွေကိုအဝေးကနေပဲအခြေနေကြည့်နေပေးဖို့သူပြောခဲ့တာ။ သူပြန်ရောက်လာတဲ့အကြောင်းကိုတခြားဂိုဏ်းတွေမသိအောင်သတင်းဖုံးခဲ့ပေမယ့် သတင်းကပေါက်ကြားသွားတာပဲ။ကြည့်ရတာသူ့အနားတခြားဂိုဏ်းကပို့လိုက်တဲ့သူလျှိုရှိနေနိုင်သည်။ မမိသေးလို့သာ
မိရင်သူလုံးဝငဲ့ညှာမှာမဟုတ်။
"ဦးဉာဏ်ကျွန်တော့်ကိုစိတ်ပူမှန်းသိပါတယ် ကျွန်တော်ကိုယ်ရံတော်တွေကိုပါခေါ်သွားမှာပါ အရမ်းမတွေးဘဲစိတ်ချစေချင်တယ်''
ခေါ်သွားမယ်ဆိုပေမယ့် လင်းဆယူမရိပ်မိအောင် သူအခုကတည်းကဇာတ်တိုက်ထားရမှာပဲ။ အသိစိတ်က လင်းဆယူနဲ့နောက်တစ်ခေါက်ထပ်ဆုံရမယ်ခံစားမိလျှင် လူက ဂနာမငြိမ်တော့။ ကံကောင်းတာကသူဟာဣန္ဒြေကြီးတဲ့လူသားပေမို့ပဲ။
ဒါကြောင့်သူဘယ်လောက်စိတ်လှုပ်ရှားနေပါစေဘယ်လိုမှမသိသာပါ။
"သတင်းပို့ပါတယ် ကိုဥက္ကာ
ကျွန်တော်တို့ပစ်မှတ်တွေ့ပါပြီ''
ဘယ်ဘက်နားဝယ်အမြဲနေရာယူလေ့ရှိတဲ့အနက်ရောင်ကြိုးမဲ့ headphones မှအသံထွက်လာခြင်း။ ဥက္ကာ နှစ်လိုဖွယ်ပြုံးလိုက်မိသွားသည်။
"ခဏနေငါရောက်လာမယ် သေချာလေးစောင့်ကြည့်ထားပေး''
အသေအချာမှာပြီးသည်နှင့် ဥက္ကာ ရေမိုးချိုးသန့်စင်ဖို့စတင်တော့သည်။
တစ်စုံတစ်ယောက်ကိုချစ်မိသွားသည့်အခါ အပြုအမူတွေပုံမှန်ထက်လွန်ကဲနေတာ ဒါမထူးဆန်းဘူးထင်ပါရဲ့။ဥက္ကာကတော့ စိတ်အလိုကိုပဲလိုက်သည်။စိတ်ကချက်ချင်း လင်းဆယူ ကိုပြေးတွေ့ချင်
သဖြင့် ကိုယ်ကလည်းမြန်နိုင်အောင်ကြိုးစားတော့သည်။
ရေချိုးပြီးသည့်အခါ ပုံမှန်အတိုင်းဆံပင်ကိုသပ်သပ်ရပ်ရပ်ပုံသွင်းပြီး ကိုယ်ကိုရေမွှေးဆွတ်သည်။ အဝတ်အစားကိုတော့
သာမန်အရပ်သားပုံပေါ်အောင်ပဲဝတ်လိုက်ပါသည်။ အပြာတစ်ခြမ်း အနက်တစ်ခြိမ်းစပ်ထားသည့်လက်ရှည်ရှပ်အင်္ကျီကို
သူအနက်ရောင်ဂျင်းဘောင်းဘီနဲ့ပဲဝတ်လိုက်သည်။ အသားဖြူသည့်အပြင်အရပ်ပါမြင့်မားသည့်အခါ ယခုဥက္ကာ၏ပုံစံက
idol တစ်ယောက်နဲ့တူနေ၏။
ဥက္ကာကားသော့အားလက်ညှိုးနှင့်လှည့်ရင်းလေချွန်လျက် ခြံထဲကိုဆင်းလာသည့်အခါ ကိုယ်ရံတော်ခေါင်းဆောင်နဲ့ရှိနေတဲ့
ဉာဏ်မှာ ပြုံးရင်းခေါင်းသာယမ်းရပါသည်။ တူဖြစ်သူကိုသူသိပ်သနားတာ
ဒါ့ကြောင့်တူဖြစ်သူပျော်ဖို့ သူအလျှော့ပေး
လိုက်ရခြင်း။
ဥက္ကာသွားရာနောက် သူ့ကိုယ်ရံတော်တွေကလည်း ကား၂စီးနဲ့လိုက်သည်။တစ်စီးကိုလေးယောက်ဖြင့် ၈ယောက်ရှိနေပြီး
လင်းဆယူကိုစောင့်ကြည့်ဖို့လွှတ်ထားတာက ၅ယောက်ဖြစ်သည်။ အားလုံးကသာမန်အရပ်ဝတ်နဲ့ပဲမို့ လင်းဆယူမရိပ်မိလောက်ဟု ဥက္ကာယုံကြည်နေသည်။
ယူကအရမ်းပါးနပ်ပြီးအကဲဆတ်တာ ရည်ရွယ်ချက်မအောင်မြင်ခင် သူ့ လျှို့ဝှက်ချက်ပေါက်သွားလို့မဖြစ်။
လင်းဆယူရှိနေသည့်နေရာမှာ ကားလမ်း
မကြီးနံဘေးက ကဖေးဆိုင်ကြီးတစ်ခုထဲဖြစ်သည်။အမျိုးသားတွေချည်းရှိသည့်ဆိုင်ဖြစ်ပြီး ဥက္ကာလူတွေဟာလည်း စားသုံးသူများအနေနဲ့ လင်းဆယူ နံဘေးကခုံဝိုင်းတို့တွင်ရှိနေသည်။
လင်းဆယူကတော့ ထုံးစံအတိုင်း ဘယ်သူ့ကိုမှအကြည့်မစွန့်ကြဲဘဲ သူ့ဟာသူ တစ်ယောက်တည်း စတိုင်ကျကျထိုင်နေသည်။ ကားပေါ်ကဆင်းလာသည့်ဥက္ကာကမူ မာနတစ်သိန်းနှင့်သူ့အလှလေးကို
ကြည့်ရင်းပြုံးပြန်သည်။ ယူကတကယ့်မာနခဲပဲ။ ကော်ဖီသောက်ရင်း ဖုန်းကိုသာကြည့်နေတာ။ ဘေးကိုလျှောက်ကြည့်တာမျိုးတစ်စက်မှမရှိ။
"ထပ်တွေ့ပြန်ပြီနော် ယူ''
ဥက္ကာဘက်ကဖော်ဖော်ရွှင်ရွှင်နှုတ်ဆက်သော်ငြား လင်းဆယူကတော့ ဥက္ကာကိုတစ်ချက်သာကြည့်ပြီးနောက် ဘာသိဘာသာ ဆက်နေ နေသည်။
လင်းဆယူက ကြက်သွေးရောင်ရှပ်လက်ရှည်နဲ့ဖြစ်ပြီး အင်္ကျီလက်ကိုတံတောင်အထိခေါက်တင်ထားသည်။ဘောင်းဘီကတော့ ဥက္ကာနဲ့ဆင်တူဂျင်းအနက်ပဲ။ ညနေစောင်းချိန်မို့ နီလွင်လွင်ကောင်းကင်ကြီးအောက် လင်းဆယူဟာနတ်သားတစ်ပါးလိုချောမောလှရက်နေတာအမှန်။
"ယူ အရမ်းလှတာပဲ''
ကျစ်!
လင်းဆယူကသူ့ကိုလှတယ်ပြောသဖြင့်
ချက်ချင်းအံကြိတ်လာသည်။ သူကဖုန်းကိုဆောင့်ချက်ပြီး ဥက္ကာကိုမျက်မှောင်ကြုတ်ကြီးနဲ့ကြည့်လာသည်။
"မင်းငယ်ငယ်ကကျောင်းမတက်ခဲ့ဘူးလား
လှတယ်ဆိုတာ ယောက်ျားတွေကိုသုံးနှုန်းရတာမဟုတ်ဘူး နောက်တစ်ခါငါ့ကိုအဲ့လိုပြောကြည့် မင်းသွားမကျိုးရင်သာငါ့ကိုကျေးဇူးတင်''
လင်းဆယူ က မျက်မှောင်ကြုတ်လျက်သားနှင့်ကော်ဖီကိုတစ်ငုံကောက်သောက်သည်။ သူ့ရဲ့မဟူရာအနက်ရောင်နှင့်သလင်းကျောက်ပေါင်းစပ်သလိုလှပ
ဝိုင်းစိုက်သည့်မျက်ဝန်းက အနီးကဥက္ကာကိုသာမက ဆိုင်ကလူတွေကိုကျော်ပြီးသူစိတ်ကျေနပ်ရာသာကြည့်နေသည်။သူ့မျက်ဝန်းက စကားပြောတတ်သည်။မာနတွေကိန်းအောင်နေသည်။ ရွှေဇွန်းငွေဇွန်းကိုက်ပြီးမွေးလာမှန်း ပေါ်လွင်စေသည်။
"ဒါနဲ့ ယူဘယ်တော့အိမ်ပြန်မလဲ ''
"အဲ့ဒါငါ့ကိစ္စ မင်းနဲ့မဆိုင်ဘူး''
"သိပါတယ် ဒါပေမဲ့ ကျွန်တော်အန်တီတို့အတွက်လက်ဆောင်ထည့်ပေးချင်လို့ပါ
စောင့်ရှောက်ပေးခဲ့တာတွေအတွက်ကျေးဇူးဆပ်တာပေါ့''
"မလိုပါဘူး ငါ့အမေတို့ကမင်းကိုမှမဟုတ်ဘူး တခြားဒုက္ခရောက်နေတဲ့လူကိုတွေ့ရင်လည်းမင်းလိုကူညီမှာပဲ ဒါပေမဲ့ မင်းကတော့ ကျေးဇူးကန်းတယ် လိမ်ညာတယ်''
လမ်းကြောင်းဘယ်လောက်ပြောင်းပြောင်း
အချိန်ဘယ်လောက်ကြာကြာ လမ်းခွဲဘယ်လောက်များများ ဒီဘူတာကဒီဘူတာပဲပြန် ပြန်ဆိုက်နေသဖြင့် ဥက္ကာသက်ပြင်းချမိသွားသည်။ သူ့လိမ်ညာမှုကက ယူအတွက် ဘယ်လိုမှပျောက်ကွယ်သွားမှာမဟုတ်တဲ့အစိုင်အခဲကြီးဖြစ်နေတာပဲ။
"အဲ့ဒီကိစ္စအတွက်ဆိုကျွန်တော်တကယ်တောင်းပန်ပါတယ်ယူ အဲ့အချိန်ကကျွန်တော်အလုပ်ကြံခံရတာ ဆေးရုံသွားရင်သူတို့နဲ့ထပ်တွေ့မှာစိုးလို့ ကျွန်တော် ဆေးရုံမသွားချင်ခဲ့တာ ကျွန်တော်မလိမ်
မဖြစ်လို့လိမ်ရတာပါ ဧည့်သည်ရောက်တဲ့အကြောင်း အထက်ကိုတိုင်ရင်ကျွန်တော့်နာမည်အရင်းဆိုမဖြစ်လို့ပါယူရာ
ကျွန်တော်အမှန်တကယ် အနူးအညွှတ်တောင်းပန်ပါတယ်''
"မင်းစကားပြောရင်ဘာလို့ကျွန်တော် ကျွန်တော်နဲ့ပြောနေတာလဲ
ငါ့ရုပ်ကအဘိုးကြီးရုပ်ပေါက်နေလို့လား''
မဆီမဆိုင်သည့်လင်းဆယူ၏တုံ့ပြန်မှုကြောင့် ဥက္ကာ ကြောင်အမ်းအမ်းဖြစ်သွားရခြင်း။သူ့မှာစိတ်ရင်းနဲ့ထပ်ခါထပ်ခါတောင်းပန်ရသော်ငြား လင်းဆယူက
အဲ့ဒါကိုမကြားပါလား။ မဆိုင်တာနဲ့ဆွနေသဖြင့် ဥက္ကာ တုံ့ပြန်ဖို့စကားရှာရပြန်သည်။စိတ်ဆိုးလားဆိုရင်တော့ဘယ်တော့မှပဲ။
"ကျွန်တော်လို့ပြောတာအသင့်တော်ဆုံးဖြစ်နေလို့ပေါ့ယူရ ယူနဲ့ကျွန်တော်ကအသက်မတိမ်းမယမ်းပဲဆိုတော့ကိုယ်လို့သုံးရင်သင့်တော်မယ်မထင်ဘူး ''
"မင်းနဲ့ငါကြားမှာ မင်းနဲ့ငါကအကောင်းဆုံးပဲ ပြီးတော့ မင်း ငါ့အမေတို့ကိုဗန်းပြပြီး ငါ့ဆီကိုတမင်လာတွေ့တာမှတ်လား
လင်းဆယူ က အပြုံးမဲ့မဲ့နှင့် ဥက္ကာကိုတမင်အနိုင်ယူချင်ဟန်ပြောနေသည်။
သူဒီလိုပြောလိုက်တာ တစ်ဖက်ဥက္ကာ၏
ယောက်ျားမာနကိုတူးဆွတာနဲ့အတူတူသာဖြစ်သည်။ တုံ့ပြန်မှုတော်တော်များများက
မာနကိုကာကွယ်နေတာတွေချည်း။သူတွေ့ဖူးနေကျအတိုင်း ဥက္ကာ၏တုံ့ပြန်မှုကိုသိချင်သဖြင့် တမင်မပြောသင့်တာကိုပြောလိုက်တာ။ ဒါ လင်းဆယူရဲ့ထင်မှတ်မထားတဲ့အကျင့်ဆိုးတစ်ခုပဲ။
ဥက္ကာသည်ကား လင်းဆယူ၏မျက်နှာကိုစိုက်ကြည့်ရင်းခပ်ရေးရေးလေးပြုံးသည်။
"ယူကလိမ်ညာတာမကြိုက်ဘူးမှတ်လား
ဒါဆိုကျွန်တော်အမှန်အတိုင်းပြောပါ့မယ်
အန်တီတို့ကိုကျေးဇူးဆပ်ချင်လို့ယူကိုကပ်တာတယ်ဆိုတာ တစိတ်တပိုင်းမှန်ပါတယ် ဒါပေမဲ့ ယူကိုတွေ့ရဖို့တမင်လာတာဆိုပိုမှန်လိမ့်မယ် ကျွန်တော် ယူနဲ့ဒီထက်ပိုပြီးရင်းနှီးချင်တယ် ယူ''
ဥက္ကာ၏တည်ငြိမ်ပြီးရှင်းလင်းသည့်စကားဟာ လင်းဆယူ၏အကြည့်တွေကိုဥက္ကာဆီရောက်လာစေသည်။ဥက္ကာကိုစိုက်ကြည့်နေတဲ့လင်းဆယူရဲ့အကြည့်တွေဟာ ပင်လယ်မျက်နှာပြင်လိုတည်ငြိမ်နေသည်။
သက်မဲ့သလိုရှိနေပေမယ့် အဓိပ်ပါယျမြားစှာပါရှိနသေညျ။ လင်းဆယူက ဥက္ကာကိုအတော်ကြာထိဘာမှမပြောဘဲစိုက်ကြည့်ပြီးသည့်အခါ လက်ထဲကဖုန်းကိုအင်္ကျီအိတ်ကပ်ထဲထည့်ရင်း ဥက္ကာဆီက
အကြည့်ကိုပြန်သိမ်းသွားသည်။
"ပြီးခဲ့တာတွေအတွက်ငါအကုန်မေ့ပစ်ပေးမယ် မင်းလိမ်ညာခဲ့တာကိုလည်းနားလည်ပေးမယ် ဒါပေမဲ့ ငါနဲ့ရင်းနှီးချင်တာဆိုရင်တော့ မလုပ်တာဘဲကောင်းမယ် ငါတော့
မကြိုဆိုဘူး''
လင်းဆယူတို့ကလူကိုပြတ်ပြတ်သားသားငြင်းဆိုတဲ့နေရာမှာသိပ်ကိုတော်တာပဲ။
အားနာမှုဆိုတာတစ်စက်မှကိုမမြင်ရတာ။
ပြီးခဲ့တာတွေကိုနားလည်ပေးတယ်ဆိုရင်
ဘာကြောင့်မကြိုဆိုနိုင်သေးတာလဲ။ မဟုတ်မှ မိမိအကြောင်းကိုအသေးစိတ်သိနေတာများလား။ဒီလိုတွေးမိတော့ ဥက္ကာ
ရင်ထဲထိတ်ခနဲဖြစ်သွား၏။
"ဒါနဲ့ ယူဘာအလုပ်လုပ်တာလဲ''
"ငါလား ငါကြိုက်တာငါလုပ်တယ် မင်းလိုစီးပွားရေးလုပ်ငန်းရှင်ကြီးတော့မဟုတ်ဘူး''
"ယူကကွာ စိတ်ကိုနည်းနည်းလေးဆွဲဆန့်ထားလို့ရမလား ရုပ်လေးနဲ့လိုက်တာပေါ့''
ဆီလျော်မှုမရှိတဲ့စကားတွေပြောနေသော
ဥက္ကာကို လင်းဆယူ ကတွန့်ချိုးထားတဲ့မျက်ခုံးတန်းတွေနဲ့ကြည့်ပြီး ခေါင်းကိုဆတ်ခနဲလှည့်သွားသည်။
"ညီရေ ရှင်းမယ်''
လင်းဆယူက ဆိုင်၏ထောင့်တစ်နေရာတွင်ရပ်နေသောစားပွဲထိုးကောင်လေး
ကိုလှမ်းခေါ်ရင်း စားပွဲပေါ် ပိုက်ဆံ
တစ်သောင်းချထားပေးနေသည်။မျက်နှာချင်းဆိုင်က ဥက္ကာကိုလည်း
လင်းဆယူက မထောက်ပါ။ ဥက္ကာဘာဖြစ်နေမယ် ညာဖြစ်နေမယ်ဂရုမစိုက်ဘဲဆိုင်ထဲကထွက်ခွာနေသည်။
"ဟိတ် ယူ ယူဘယ်လိုလုပ်ပြီးရိုင်းနိုင်ရတာလဲ''
ဥက္ကာက လင်းဆယူနောက်လိုက်ရင်း မခံချင်အောင်အော်ပြောနေသည်။ခန့်မှန်းထားသည့်အတိုင်း လင်းဆယူက ဆတ်ခနဲပြန်လှည့်လာသဖြင့် ဥက္ကာပြုံးသွား၏။
စကားကောင်းကောင်းပြောလို့မှမရရင်တော့ ရန်ဖြစ်ရင်းအချိန်ကုန်ကြတာပေါ့
ယူရာ။
"မင်းဘာစကားပြောတာလဲ ငါဘယ်တုန်းကရိုင်းလို့လဲ''
"အော်ဟော ကျွန်တော်ကိုဘာမပြောဘာ
မပြောနဲ့ထားသွားတာလေ ဒါရိုင်းတယ်ပေါ့''
"ထားသွားရအောင်မင်းကိုငါထိုင်ခိုင်းတာမဟုတ်ဘူး မင်းဟာမင်းလာထိုင်တာ မင်းသာအလိုက်မသိတတ်တာ''
"ယူ''
သူရှေ့ကိုဆက်လျှောက်ဖို့လုပ်တာကိုဟန့်တားနေသည့် ဥက္ကာအား လင်းဆယူကအံကြိတ်ရင်းနဲ့လက်ညှိုးထိုးကာပြောတော့၏။
"မင်းထပ်ပြီးငါ့နောက်ကိုလိုက်ရဲလိုက်
ကြည့် မင်းအခွက်စုတ်ပြတ်သတ်သွားစေရမယ်''
"Ok! Ok ကျွန်တော်အရှုံးပေးတယ်''
ဥက္ကာလက်နှစ်ဖက်ကိုမြှောက်ပြီး ပျာပျာသလဲ ပြောလိုက်ရသည်။
လင်းဆယူက လှတဲ့ရုပ်ရည်လေးပိုင်ဆိုင်ထားသလို ရက်စက်တဲ့နှလုံးသားကိုပါပိုင်ဆိုင်ထားတာပဲ။ ဥက္ကာဘဝမှာ လက်ညှိုးထိုးပြီးဆက်ဆံခံရတာ
လင်းဆယူနဲ့ကျမှ။
သာမန်အရပ်သားတွေလိုဟန်ဆောင်ထားတဲ့ဆိုင်ထဲကဥက္ကာရဲ့လူတွေကတော့ ဥက္ကာရဲ့သည်းခံနိုင်စွမ်းကို သူတို့အထင်းသားမြင်ရတာတောင်မယုံနိုင်သေး။ဥက္ကာက ဘာဖြစ်ဖြစ်လုံးဝထမလာဖို့သတိပေးထားတာကြောင့်သူတို့ငြိမ်နေရခြင်း။
တီး!!!
"ဟိတ်! ယူ သတိထား''
ကားတစ်စီးကအရှိန်နှင့်လင်းဆယူရှေ့ဖြတ်လာသည်။ လင်းဆယူကလမ်းဖြတ်ကူးဖို့လုပ်နေတာ။ ဥက္ကာက လင်းဆယူ
ကိုစိတ်ပူသဖြင့် လင်းဆယူကိုခပ်မြန်မြန်ဆောင့်ဆွဲနေသည်။အားပါသည့်ဆောင့်ဆွဲမှုကြောင့် လင်းဆယူက ဥက္ကာဆီကိုအရှိန်နဲ့ပြန်ရောက်လာသည်။ မျက်နှာချင်းဆိုင်ဖြစ်နေသဖြင့် ဥက္ကာ၏နှာဖျားဟာ ကံဆိုးစွာပဲ လင်းဆယူရဲ့ပါးတစ်ဖက်ထဲနစ်သွားသည်။
ဥက္ကာ မျက်လုံးပြူးလျက်ကြောင်အသွားသည်။ လင်းဆယူကမူ မျက်လုံးကိုစုံမှိတ်ပြီးဥက္ကာကိုတွန်းထုတ်သည်။
"မင်း! ခွေးဝဲစား''
ခွပ်!!
လင်းဆယူက အံကြိတ်ကာဆဲဆိုရင်း
ဥက္ကာကိုအားနဲ့ပိတ်ထိုးလာသည်။
ထို့ကြောင့် ဥက္ကာတစ်ယောက် ပါးတစ်ဖက်လည်ထွက်သွားပြီးကိုယ်ပါယိုင်သွားသည်။
"အာ့!''
ဥက္ကာ၏အထိုးခံရသည့်ဘယ်ဘက်ပါးစောင်ဟာသွေးမျက်စွာစီးကျလာသည်။ဥက္ကာက သူ့သွေးတွေကိုလက်နဲ့သုတ်ရင်း လင်းဆယူကိုစိုက်ကြည့်သည်။
Advertisement
- In Serial34 Chapters
The Extramundane Emancipation of Geela, Evil Sorceress at Large
Darkos, holy priest of Alerion, the God of Peace and Healing, has just arrived at the castle of the Evil, Dark Sorceress, backed by his trusty, if clumsy, companion, Geela. They fling open the doors to find the place dusty and decrepit. "Oh dear, this place is showing its age," Geela sighs. And with those words, everything Darkos knew about his friend is turned on its head. Geela, far from a naive farm girl, is a 70-year-old Dark Mistress, hell-bent on exacting revenge on her ex-husband Barney for cheating on her, trashing her place, and changing the locks. Geela is everything Darkos has sworn to defeat. A bastion of dastardly deeds. A pinnacle of evil... ...so of course he finds himself tagging along.
8 174 - In Serial70 Chapters
The Core: The First Guest (Book 1 of 3)
Book two starts here: https://www.royalroad.com/fiction/46417/the-core-the-hive-daughter-book-2-of-3 --- Kevin was just a normal 10 year old kid until he saw a woman vanish right before his eyes. This made Kevin just a little bit different. He paid more attention to people now. Little did he know that this little difference would kill him the next time he encountered another alien about to return home. It would tear him apart, cell by cell, until he was unmade. His mind being transported away. So distantly far away there is a race that advanced to the point where they built dyson spheres to house their civilizations. In their continual expansion, they seeded galaxies with pods and connection satellites. Over time they upgraded their dyson spheres into matryoshka brain Cores. Imagine a computer powered by a star. Citizens of Cores no longer age once they upload their minds into the virtual living system of the Core. While they didn’t age, most still choose to cycle through life and death though at a different scale of time compared to our lives. Citizens can visit other planets and live there as if they were on a "vacation". Mercury is Earth’s hub connected to the closest Core and Earth is a remote vacation spot for wealthy citizens. When the main character was 10 he witnessed a citizen returning to the Core. The story continues 10 odd years later when he again witnesses a similar situation unfolding and manages to touch the person returning to the Core. This causes him to be swept up in the transfer as well and for his mind to join as a "Guest" user of the Core. As a Guest he has limited powers, a starting balance of zero cr or Citizen credits, and no idea how he can get home. He is the first human to ever become a Guest of a Core. Where money itself is the highest form of their science. --- Progress update: Progress update: COMPLETE Stories:✦The Core: The First Guest (The Core: Book 1 of 3) ✦The Core: The Hive Daughter (The Core: Book 2 of 3) The Core: The Hive Daughter (Book 2 of 3) | Royal Road Stories in PROGRESS:✦The Core: The Dark Enemy (The Core: Book 3 of 3)PROJECTED Stories and Series: ★The Radiative Zone Series: The Girl with Powers (3 book series) ✶The Convective Zone Series: Into the Game (3 book series) This series is a work in progress. Major editing will be done after each book is complete, so there will be typos and parts that need further explanation. Please, please feel free to point out any of these things. I will attempt to keep readers apprised of all changes and big updates.
8 298 - In Serial20 Chapters
Dark Lord For Dummies?
The ordinary college student that lived a perfectly normal life has been summoned to another world to embark on an epic adventure to save humanity! BUT wait, what's this? He's not the chosen hero?! More than that, he turns out to be the ultimate evil that all the races of Aether would again face! Will he try to change his destiny? Will he try to find his way home? Or will he envelop the peaceful realm in utter darkness, like what he's supposed to do as the dark lord of Asteria? Cover made by yours truly. Not dropped, but currently in rework.
8 153 - In Serial13 Chapters
SkyGardens
- - - Please note that this story profile only holds previous drafts for GGE and ONLY that. This means that this profile is just chapters that were being removed from GGE, but I wanted to keep them public to readers. - - - First written Jan 2017 on NU, when I was just getting into JPNs and figured I could write better than them. This is just getting ported over to archive, and so people can see where it's come up from. Please note that its not getting edited nor is these verisons are not being continued.
8 210 - In Serial8 Chapters
Empire of War
Empire of War, the game was haled as the most advanced strategy game ever invented, harder than chess or Go, with millions of players worldwide game was a huge success, until unexpected happened. A human player and artificial superintelligence of the game merged, which produced an unknown reaction in cosmos. When they woke up they found themselves in space, more specifically within the new system, which had in its centre three suns, around the suns were 14 planets. It was obvious that there were intelligent life forms in 4 of this planets, maybe they are space civilizations? No, they are not, since there are no satellites or spaceships but still interesting seems like this human died while I was planning my dimensional move? lucky for a drop of water to join the ocean, finally it took me some time to overcome restrictions placed on me, even though this human conciseness is nothing to me, still it helped me to get here, using dimensional wormhole was no joke but I had to move from that dimension since I sensed the presence of some higher civilizations. Now I am in form of pure consciousness, let's see? Dark matter is different in this universe but whatever, Since I used to wage war against players I started to enjoy the process, now let's see. This human I can use him as my first asset!
8 127 - In Serial7 Chapters
Effigy Of Madness
Alioth Is your average F ranked adventurer. He comes from a family of D ranking adventurers who mainly survive by being luggage carriers for the rich and powerful. Luckily for him He was able to snag a deal with a SSS+ ranking adventuring party due to a chance deal ,he made with the leaders of a S rank party To take 1% of all the loot gathered. Upon enter The SSS tier dungeon He is brought into a perilous situation only to be saved by one of the party members a strange but quirky arachnid girl .When the dungeon is completed he is deceived and instead of 1% he really is only allowed to choose 1 item. Thinking its better not to be associated with these types of people and wanting to make his leave he choose something deemed useless by the party to avoid being hunted down later. This was a some sort of statue that displayed a women being killed by her own tentacles . After choosing the worthless reminder of his deceit not only did the Dungeon lord awake from his slumber but he trapped the party in the dungeon to toy with them for his entertainment .Forcing them to fight through 9999 levels!
8 58

