《If you believe (Complete)》14
Advertisement
Unicode
Zawgyi
~~~~~~
နှစ်ဦးလုံးအတွက်ထာဝရအမှတ်တရဖြစ်တဲ့လယ်ကွင်းနဲ့
ကုက္ကိုပင်အောက်ကို လင်းဆယူနှင့်ဥက္ကာနှစ်ယောက်လုံးရောက်ချလာသည်။ လူသောက မလှမ်းမကမ်းရပ်ထားသော ကားပေါ်တွင်ရှိနေရင်း လင်းဆယူကိုစောင့်နေသည်။
လင်းဆယူကတော့ ဥက္ကာနှင့် ကုက္ကိုပင်အောက်ရောက်နေသည်။ လသာသဖြင့် အနီးနားတွင်မီးမရှိလည်း တစ်ဦးကိုတစ်ဦးမှုန်ဝါးဝါးတော့မြင်နေရပါသည်။ ဥက္ကာသည် အလာတုန်းကနဲ့မဆိုင်အောင် ခက်ထန်သောမျက်နှာထား
နှင့် လင်းဆယူကို စိုက်ကြည့်လာသည်။
"ယူ ဘာလို့ကျွန်တော့်ကိုလာရှာတာလဲ အခန့်မသင့်ရင်
ယူအပစ်ခံရနိုင်တယ် ယူ့အထက်လူကြီးတွေသိသွားရင် လည်း ယူပြဿနာတက်နိုင်တယ် ယူဘာလို့မိုက်မဲနေရတာလဲ''
ဥက္ကာအသံတွင်ဒေါသပါနေသည်။ သူလင်းဆယူကိုစိတ်ပူခြင်းဖြစ်သည်။
"မင်းဘာလို့ငါ့ဖုန်းကိုမကိုင်တာလဲ''
လင်းဆယူက ဥက္ကာနှင့်ဆန့်ကျင်ဘက် သူအခဲမကျေသေးသည့် ကိစ္စကိုပဲတန်းပြောသည်။ ဥက္ကာဖုန်းကတခြားလူလက်ထဲရောက်နေတာကို လင်းဆယူနည်းနည်းမှဘဝင်
မကျပါ။
"ကျွန်တော်အားလုံးနဲ့အဆက်အသွယ်မလုပ်တော့ဖို့ဆုံးဖြတ်ထားတယ်ယူ ယူလည်းပေါ့ ကျွန်တော်နဲ့
မဆက်သွယ်သင့်တော့ဘူး''
လင်းဆယူ၏မျက်လုံးတွေသိသိသာသာကျဥ်းမြောင်းလာသည်။ ဥက္ကာစကားက သူစိတ်ကူးထားတဲ့အိပ်မက်နဲ့တခြားစီ။ နှစ်ယောက်အတူတူရင်ဆိုင်မယ့်အစား ဥက္ကာက ဆန့်ကျင်ဘက်လမ်းကိုရွေးချယ်သွားသည်။
"မင်းအဲ့လိုပြောတာငါမကြိုက်ဘူးနော်ဥက္ကာ ရင်ဆိုင်မယ့်အစား လွယ်လွယ်နဲ့လက်လျှော့မယ်ပေါ့ မင်းဦးနှောက်က
ဒီလောက်ပဲတွေးတတ်တာလား!''
ဥက္ကာ သည် ချစ်တဲ့သူဆီက စိတ်ဆိုးဆိုးနဲ့ပိတ်အော်ခံရသော်လည်း မျက်နှာတစ်ချက်မျှမပျက်။ လင်းဆယူကို ပြုံးပြုံးလေးနဲ့သာကြည့်နေ၏။
"ယူအခုလိုပြောတော့ကျွန်တော်ဝမ်းသာချင်တယ်
ယူကျွန်တော့်ကိုတကယ်ချစ်နေတာမလို့ ဒါပေမဲ့ ကျွန်တော်အရမ်းနာကျင်တယ်ယူ ယူကျွန်တော့်ကိုမချစ်ခဲ့သင့်ဘူး ကျွန်တော်လည်းယူ့ကိုမလိုက်ခဲ့သင့်ဘူး''
လင်းဆယူသည် ပြုံးသော်လည်း စကားပြောရာတွင်နာကျင်မှုတွေကိုဖုံးကွယ်ထားမှန်းသိသာနေသော ဥက္ကာမျက်နှာကို ကြည့်ရင်း မျက်ရည်ဝိုင်းလာသည်။လင်းဆယူစိတ်ပူနေတာတွေအမှန်တကယ်ဖြစ်လာနေပြီ။ဥက္ကာသည်
ဘဝကိုလွယ်လွယ်နဲ့အလျှော့ပေးနေသည်။
"ဥက္ကာ..''
"ကျွန်တော်တို့ဒီလောက်နဲ့ရပ်လိုက်ရအောင်ယူ ဒီလောက်နဲ့လမ်းခွဲပြီး ယူကဘဝကိုကောင်းကောင်းမွန်မွန်နဲ့ဆက်လက်ရှင်သန်ပါ ''
ဥက္ကာသည်လင်းဆယူကိုစကားတစ်ချက်မှပြောခွင့်မပေးချေ။ သူ့ချည်းတရစပ်ပြောနေပြီး လင်းဆယူကို
ကျောပေးကာပြောင်းရပ်သည်။ ဥက္ကာ၏အသံသည်
တဖြည်းဖြည်းနဲ့တုန်ယင်လာသည်။ ဥက္ကာငိုနေခြင်းဖြစ်သည်။
"ငါကကောင်းကောင်းမွန်မွန်ရှင်သန်ရမယ်ဆိုရင် မင်းကရော''
လင်းဆယူသည် ဥက္ကာပြောလိုသည့်စကား၏အနက်အဓိပ္ပါယ်ကိုနားမလည်ရလောက်အောင်
တုံးအနေသူမဟုတ်။ ထက်မြက်ပြီးပါးနပ်သူမို့ ဥက္ကာပြောလိုသည်ကို လင်းဆယူကောင်းစွာသိနေပါသည်။
ထို့ကြောင့် ဥက္ကာအားတမင်မေးနေသည့်လင်းဆယူ၏
အသံသည် စိုးထိတ်မှုတို့ကြီးစိုးနေမှန်းသိသာအောင်
တုန်ယင်နေသည်။
ချစ်တဲ့သူငိုသံကြားသည့်အခါ ဥက္ကာသည် ကျောခိုင်းရာမှတဖြည်းဖြည်းပြန်လှည့်လာသည်။ဥက္ကာသည် သူ့အားမျက်ရည်အဝိုင်းသားနှင့်ကြည့်နေသောလင်းဆယူ၏
လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်လိုက်ပြီးနှုတ်ခမ်းတွင်တေ့လျက်အနမ်းခြွေသည်။ ဥက္ကာ၏မျက်ရည်စက်တို့ကြောင့် လင်းဆယူလက်နှစ်ဖက်မှာ စတင်ရွှဲလာနေသည်။
"တောင်းပန်ပါတယ်ယူ ကျွန်တော့်ကိုသူရဲဘောကြောင်တယ်ပြောပြော ကျွန်တော်သေခြင်းတရားကိုပဲရွေးချယ်ပါရစေ''
"ဥက္ကာ!''
"ကျွန်တော်သိတယ်ယူ ကျွန်တော်သာအဖမ်းခံလိုက်ရင်
ပြစ်ဒဏ်လျော့ပေါ့မယ် အပြစ်ဒဏ်တွေခံယူပြီးရင်
သာမန်ဘဝမှာဆက်ရှင်သန်နိုင်မယ်ဆိုတာ ဒါပေမဲ့ ကျွန်တော်ဘယ်လိုမှပျော်နိုင်မှာမဟုတ်လို့သေလမ်းကို
ပျော်ပျော်ကြီးနဲ့ရွေးချယ်ဖို့ဆုံးဖြတ်လိုက်တာပါ''
"ဥက္ကာ!''
ပါးစပ်ဖျားကသေခြင်းတရားတွေချည်းဇွတ်ပြောနေသော
ဥက္ကာကို ပိတ်အော်ရင်း လင်းဆယူ ငိုချသည်။ဥက္ကာဆီမှ
ယခုလိုကြားရတော့ အသည်းဟာ ဓားနဲ့အစိမ်းသက်သက်အမွှန်းခံရတာထက် ပိုနာကျင်နေသည်။ လင်းဆယူသည်
ငိုကြွေးရင်း ဥက္ကာရင်ဘတ်ကိုတရစပ်ပိတ်ထိုးနေသည်။
ဥက္ကာသည် ချစ်သူကပေးသည့်နာကျင်မှုကို ခေါင်းငုံ့လျက်ခံယူရင်း အသံတိတ်ငိုကြွေးနေသည်။ သူသည်
လမ်းဆုံးကိုရောက်နေသူဖြစ်သည်။သေလမ်းကို
လွယ်လွယ်ကူကူရွေးခဲ့တုန်းက သူဒီလောက်ထိမနာကျင်ခဲ့။ယခုလို ချစ်တဲ့သူက အသည်းအသန်ငိုကြွေးပြမှ
ဥက္ကာသည် ရင်ကွဲမတတ်နာကျင်ခံစားနေရသည်။
"ကျွန်တော်တကယ်ဆက်ပြီးမရှင်သန်ချင်တော့လို့ပါယူ
ကျွန်တော့်အသည်းတခြမ်းကခြစားထားလို့ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကြာပါပြီ အခုတော့နောက်တခြမ်းကိုပါ ခြတွေကူးလာနေပြီ တဖြည်းဖြည်းနဲ့အသက်ရှူရခက်လာတယ်ယူရယ် ကျွန်တော်အရမ်းနာကျင်တယ်''
ဥက္ကာသည် လင်းဆယူလက်နှစ်ဖက်ကိုနှုတ်ခမ်းတွင်တေ့လျက်သားဖြင့်ပြောရင်းငိုကြွေးနေသည်။လင်းဆယူလက်နှစ်ဖက်လုံးမှာ ရေဆေးခံရသည့်အလား။ လင်းဆယူသည်
တစ်ကိုယ်လုံးတုန်ယင်နေအောင်ငိုသော ဥက္ကာကိုပွေ့ဖက်လိုက်ပြီး ဥက္ကာပခုံးပေါ်မှေးတင်ရင်းငိုသည်။
"အဲဲ့ဒါနဲ့ငါ့ကိုတစ်ယောက်တည်းထားခဲ့မလို့လား''
လင်းဆယူသည် ဥက္ကာကိုတင်းသထက်တင်းနေအောင်ပွေ့ဖက်ရင်း ငိုသံနှင့်စကားလုံးများကိုတုန်တုန်ယင်ယင်ပြောနေသည်။
"တောင်းပန်ပါတယ် ယူ မိဘရှိရက်နဲ့အစွန့်ပစ်ခံခဲ့ရတဲ့ဘဝကိုနာကြည်းလို့ မလျှောက်သင့်မှန်းသိရက်နဲ့ရွေးချယ်မှုမရှိတဲ့ဘဝကိုစိတ်ကုန်လို့ ချစ်တဲ့သူကိုပြဿနာသာပေးနေ တဲ့ကိုယ့်ကိုယ်ကိုယ်မုန်းလို့ ''
လင်းဆယူသည် ခေါင်းတဆတ်ဆတ်ယမ်းပြီးဥက္ကာပြောသမျှကို ငြင်းဆန်နေသည်။ ရင်ကွဲမတတ်ကိုငိုကြွေးနေ
သဖြင့် စကားပြောဖို့သူစွမ်းအင်မရှိတော့ချေ။ လင်းဆယူ
ကျောပြင်သည် ဥက္ကာမျက်ရည်တို့ကြောင့်ရွှဲနေသလို
ဥက္ကာကျောပြင်သည်လည်း လင်းဆယူမျက်ရည်တို့
ကြောင့်ရွှဲနေလေသည်။
"မငိုပါနဲ့ယူရယ် ကျွန်တော်တောင်းပန်ပါတယ်''
ဥက္ကာသည် ချစ်တဲ့သူကိုအငိုတိတ်အောင်ချော့နေသော်ငြား သူကိုယ်တိုင်က ပိုပြီးငိုချနေသည်။
"ချစ်တိုင်းညားကြတာမှမဟုတ်တာယူရယ် အချိန်တန်ရင်
ယူကျွန်တော့်ကိုမေ့နိုင်မှာပါ ယူ့အပေါ်တာဝန်ယူမှုမရှိတဲ့ကျွန်တော့်ကို လုံးဝခွင့်မလွှတ်ပါနဲ့ ''
ဥက္ကာသည်ချစ်သူ့ပခုံးပေါ်ခေါင်းချပြီးအချိန်တစ်ခုအထိငိုကြွေးနေသည်။ ထို့နောက် လင်းဆယူကိုအသာတွန်းပြီးမျက်ရည်တွေကိုသုတ်နေလေသည်။ သူသည် အမှန်တကယ် သေလမ်းကိုရွေးချယ်ခဲ့ချေပြီ။
"ဦးဉာဏ်လည်းကျွန်တော့်ကြောင့်ငိုနေလောက်တယ်
ဒါပေမဲ့လည်း ကျွန်တော့်အတွက်အမျှဝေပေးမှာပါ
ကျွန်တော်သေတဲ့အချိန်ကျွန်တော့်အလောင်းဘယ်လိုဘယ်ပုံဖြစ်မယ်မသိပေမယ့် အမျှဝေပေးမယ့်သူရှိတာကိုတွေးမိရင်ကျေနပ်ပါတယ် ''
ဥက္ကာသည် လင်းဆယူကိုထပ်မံမျက်နှာလွှဲပြီးပြောနေခြင်းဖြစ်သည်။ သူ လင်းဆယူကိုလုံးဝမကြည့်တော့ချေ။
ကြည့်မိပါက ငိုကြွေးနေတဲ့ယူကြောင့် သူဘာမှပြောထွက်နိုင်တော့မှာမဟုတ်။
"ယူလည်းကျွန်တော့်ကိုတစ်ခုကူညီပေးပါယူ ချီတက်တဲ့နေ့မှာ ကျွန်တော့်ကိုတွေ့ရင် ခေါင်းကိုပဲတန်းပစ်ဖို့ ယူ့လူ အားလုံးကိုပြောပေးပါ ကျွန်တော်ထပ်ပြီးမနာကျင်ချင်တော့ဘူး ငယ်ငယ်ကတည်းကနာကျင်ခဲ့ရတာ သေဆုံးတဲ့အချိန် ဘာနာကျင်မှုမှမခံစားရဘဲ သေချင်တယ်''
ဥက္ကာ၏မျက်ရည်ပြည့်လျှံနေသောမျက်ဝန်းတို့သည်
အသက်မဲ့နေသော မျက်ဝန်းအဖြစ်သို့ ရာနှုန်းပြည့်ပြောင်းသွားနေသည်။ ဒီဘဝကိုသူဘယ်လောက်မုန်းတီးနေမှန်း
အသက်မဲ့နေတဲ့သူမျက်ဝန်းက သက်သေပြနေသည်။
ဥက္ကာသည်ဘဝကိုလုံးလုံးလက်မြောက်အရှုံးပေးသွားသူမို့ စကားလုံးတိုင်းကို ပြတ်ပြတ်သားသားနဲ့ပြောဆိုနိုင်သည်။
ချစ်တဲ့သူကိုကယ်တင်ချင်သည့်လင်းဆယူမှာတော့
တစ်စစီပြိုလဲနေပြီ။ ထွက်သွားထက်ကျန်ရစ်သူကပိုနာကျင်ရတယ်ဟုသည့်စကားသည် အတပ်မှန်ပေသည်။
ဥက္ကာသည် ထွက်သွားဖို့ကိုခပ်ပြတ်ပြတ်ရွေးချယ်သွားချိန်
လင်းဆယူသည် မြေပေါ်ဒူးထောက်ကာငိုကြွေးလျက်သားဖြစ်သွားသည်။
"တောင်းပန်ပါတယ်ယူရယ်''
ဥက္ကာသည်တောင်းပန်စကားသာထပ်ခါတလဲလဲပြောရင်း
လင်းဆယူရှေ့ဒူးထောက်ချသည်။ ဥက္ကာသည် လင်းဆယူညာခြေဖမိုးအားအနမ်းတစ်ချက်ခြွေပြီး လင်းဆယူဖိနပ်ကကြိုးတွေကိုသေချာချည်ပေးနေသည်။
"ကျွန်တော့်ကြောင့်ယူဘာမှအဖြစ်မခံပါနဲ့ယူ အရင်လို
ကျော်ကြားတဲ့ဗိုလ်လင်းအတိုင်းပဲဆက်လက်နေသွားပါ
ယူ့အလုပ်ကဂုဏ်ယူစရာပါ ကျွန်တော်ဘယ်ဘဝရောက်ရောက် ယူ့ကိုအမြဲလေးစားသွားမှာပါ''
ဥက္ကာသည် လင်းဆယူဖိနပ်ပေါ်နဖူးမှောက်ရင်းပြောနေသည်။သစ္စာဆိုတာဆိုရင်လည်းမှန်လိမ့်မည်။
"ကျွန်တော့်လူတွေကလက်နက်မချဘူးတဲ့ အားလုံးကဝိုင်းပြီးပုန်ကန်ကြတော့ကျွန်တော်လည်းရွေးချယ်စရာမရှိဘူး''
ဥက္ကာသည် လင်းဆယူရှေ့ခေါင်းငုံ့ကာ စကားကို နာနာကျင်ကျင်နဲ့အသက်မပါဘဲပြောနေသည်။
လင်းဆယူကတော့ မျက်တောင်တစ်ချက်မှမခတ်ဘဲ
ဥက္ကာကိုငေးနေသည်။အတ္တကြီးလိုက်တာဆိုပြီးဥက္ကာကို
သူမပြောဝံ့။ လင်းဆယူသည်ဥက္ကာအတိုင်းမငိုတော့သော်ငြား မျက်တောင်မွေးတို့မှာတော့မျက်ရည်စက်တွေရှိနေသေးသည်။
ဥက္ကာကထသွားလို့ကားပေါ်တက်သွားသည့်တိုင်
လင်းဆယူသည် တုတ်တုတ်မျှမလှုပ်။ ဥက္ကာကားထွက်သွားမှ လင်းဆယူသည် ဥက္ကာနမ်းရှိုက်သွားသောသူ့ညာဘက်ခြေမဖိုးကို ဖြည်းဖြည်းသာသာငုံ့ကြည့်သည်။
လင်းဆယူမျက်ရည်တစ်စက်သည်လည်း ဥက္ကာနမ်းရှိုက်သွားသောနေရာပေါ် လှိမ့်ဆင်းလာသည်။
လင်းဆယူ ကားဆီကိုပြန်လာသည့်အခါမှာတော့ လူသော
က ကားနောက်တန်းတွင်ကွေးကွေးလေးအိပ်ပျော်နေသည်။လင်းဆယူသည် လူသောကိုမနိုးတော့ဘဲ သူကိုယ်တိုင်ကားမောင်းလေသည်။ လင်းဆယူသည်ပုံမှန်ထက်တည်ငြိမ်နေသည်။ သူပုံစံသည် တစ်ခုခုလုပ်ဖို့သေချာတဲ့အစီစဥ်ရှိနေပုံရသည်။
လင်းဆယူသည် စိုက်ခင်းကိုစောင့်ကြည့်ဖို့ယာယီဆောက်လိုက်သည့် ချုံပုတ်ထဲက တဲဆီတွေကိုကားတန်းမောင်းနေသည်။လျှို့ဝှက်တဲတွေအများကြီးရှိနေပေမယ့်
လင်းဆယူ ဦးတည်ရာသည် အဲလာ၏တဲဖြစ်သည်။
အချိန်က ည၁၂နာရီကျော်နေသော်ငြား အဲလာက မအိပ်သေး။ ကားသံကြားသည်နှင့်ချက်ချင်းခေါင်းထောင်လာသည်။
Advertisement
"ကိစ္စပြီးသွားပြီလား ''
"ဒီနေ့ကစပြီး လူသောကိုမင်းလက်ထဲအပ်ခဲ့မယ် အဲလာ
ကလေးကတစ်ခုခုဖြစ်ရင်ပြောတာမဟုတ်တော့မင်းအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်မှရမယ် ''
လင်းဆယူသည် အဲလာကိုစကားပြောခွင့်မပေး။သူပဲပြောပြီး အဲလာကိုကားအနားခေါ်နေသည်။ အဲလာသည်လည်း
ကြောင်တောင်တောင်နှင့်လင်းဆယူခိုင်းသမျှကို တစ်ခု
မကျန်လိုက်လုပ်သည်။ လင်းဆယူသဘောအတိုင်း
အိပ်ပျော်နေသော လူသောကိုအသာမချီပြီးတဲထဲကို
ညင်ညင်သာသာ ခေါ်သွားရသည်။ လူသောက ကလေးသာသာမို့ အဲလာအတွက်ပေါ့ပေါ့ပါးပါးလေးသာဖြစ်၏။
"မင်းသေချာဂရုစိုက်လိမ့်မယ်လို့ယုံကြည်တယ် အဲလာ''
လင်းဆယူကပြောပြီးကားပေါ်တက်ကာထွက်သွားနေသည်။ ယခုထိဘာမှမစဥ်းစားန်ိုင်သေးသည့်အဲလာကမူ
ခေါင်းကုတ်လျက်သားနှင့် ထွက်သွားသောကားကို
တစ်လှည့် အိပ်နေသော လူသောကိုတစ်လှည့်ကြည့်နေသည်။ မတွေးနိုင်တော့တဲ့အဆုံး အဲလာသည်
သူ့ဒူးခေါင်းအောက်ဖုံးသည့် ယူနီဖောင်းကုတ်ရှည်ကို
ချွတ်ပြီး ကွေးကွေးလေးအိပ်နေသော လူသောအပေါ်
အသာအယာလွှမ်းခြုံပေးသည်။
"ဒီလိုဂရုစိုက်ခိုင်းတာလား ကွာ ချမ်းရတဲ့ကြား
လင်းဆရူးကတစ်မျိုး''
အဲလာက လင်းဆယူကိုမကျေမနပ်နဲ့တစ်ယောက်တည်း
ပွစိပွစိပြောရင်း တဲပေါ်ပြန်တက်ကာ လူသောနံဘေးဝင်လှဲနေသည်။တဲက၃ညတာအတွက်သာမို့ သေးသေးနဲ့
ကျဥ်းကျဥ်းလေး။ တစ်ယောက်အိပ်လေးကို၂ယောက်ဖြစ်သွားသည့်အခါ အဲလာမှာအိပ်နေတဲ့ကလေး ပြုတ်မကျရအောင် အသေအချာရင်ခွင်ထဲသွင်းပြီးဖက်ထားနေရသည်။
"ကောင်းရော မွေးစားသားရလိုက်သလိုပဲ
မိုးလင်းရင်မင်းကိုမင်းပထွေးဆီပြန်ပို့ပစ်မယ် ''
အဲလာသည် လင်းဆယူပြောသွားသောအဓိပ္ပါယ်ကိုယခုထိသဘောမပေါက်သေး။ဒါ့ကြောင့်မိုးလင်းပါက လူသောကို လင်းဆယူဆီပြန်ပို့ဖို့တစ်ချိန်လုံးကျုံးဝါးနေတော့သည်။
~~~~~
နှလုံးသားကအစိတ်စိတ်အပိုင်းပိုင်းကြေမွသွားသလို
ဒဏ်ရာတစ်ပုံကြီးနဲ့လင်းဆယူသည် သူ့တပ်ရင်းကိုပြန်ရောက်လာနေသည်။ မနက်၂နာရီဆိုပေမယ့်တပ်သားတချို့ကချက်ပြုတ်ဖို့ထနှင့်နေပြီ။ တာပေါကလည်း ထနေပြီး စခန်းထဲသူ့အသံတွေချည်းဖြစ်သည်။
လင်းဆယူသည်ပြန်ရောက်သည်နှင့် သူ့တဲထဲသာအရင်ဝင်ပြီးရှိရှိသမျှပစ္စည်းတွေကိုအကုန်သိမ်းနေသည်။
လင်းဆယူသည် ပစ္စည်းတချို့ကိုသူ့အိတ်ထဲထည့်နေပြီး
တချို့ကိုတော့ တစ်စုံတစ်ယောက်ထံလက်ဆင့်ကမ်းဖို့
စနစ်တကျသိမ်းဆည်းနေသည်။ ပြီးနောက် လင်းဆယူ သည် တာပေါကိုဆင့်ခေါ်လေသည်။
"တာပေါ!''
လင်းဆယူအသံပေးလိုက်သည်နှင့်တာပေါကချက်ချင်းပြေးလာသည်။
"ဗိုက်ဆာပြီလားဗိုလ်လင်း ထမင်းပြင်ပေးလိုက်ရမလား
အကုန်ကျက်နေပြီ''
လင်းဆယူဘာဆိုဘာမှမစားသေးတာရက်နဲ့ချီပြီဆိုတာကိုတာပေါလည်းသိနေသည်။ထို့ကြောင့် စားစေချင်သဖြင့်
တာပေါတမင်မေးလိုက်ခြင်းဖြစ်သည်။လင်းဆယူကမူ
ခေါင်းဖြည်းဖြည်းယမ်းပြီး သူသိမ်းဆည်းထားတဲ့ပစ္စည်းတွေကိုတာပေါလက်ထဲထည့်ပေးနေသည်။
"တစ်သက်လုံးနောက်လိုက်ပဲလုပ်မနေဘဲခေါင်းဆောင်လည်းလုပ်ပါတာပေါ မင်းကအရည်ချင်းရှိတယ် အဲ့ဒါကြောင့်အထက်ကနေရာပေးလာရင်ထပ်မငြင်းနဲ့တော့ ''
"ဗိုလ်လင်းဘာဖြစ်နေတာလဲ ဘာလို့ဒါတွေကိုရုတ်တရက်ထပြောနေရတာလဲ''
တာပေါက အံ့သြသဖြင့်လင်းဆယူကိုအကြောင်သားနဲ့
ကြည့်ပြီးပြောနေသည်။ လင်းဆယူကတော့ သူ့
9 mamaကို စိုက်ကြည့်နေသည်။ လင်းဆယူအကြည့်များသည်အသက်မဲ့နေပြီး စိတ်ဓာတ်လုံးလုံးကျနေသည်။
"ငါလက်နက်စကိုင်တဲ့နေ့ကဘယ်လိုကျိန်ခဲ့သလဲမင်းသိတယ်မဟုတ်လားတာပေါ''
"သိတယ် ဗိုလ်လင်းချစ်တဲ့သူကိုဗိုလ်လင်းလက်နဲ့ပြန်သတ်တဲ့နေ့ဗိုလ်လင်းရဲ့သေနေ့ပဲ ဟုတ်တယ်မလား''
တာပေါက သူသိသည့်အရာကို မတွန့်မဆုတ်ဘဲသွက်သွက်လက်လက်ထပြောသည်။
"တကယ်လို့များအဲ့လိုဖြစ်လာခဲ့ရင် မင်းက တပ်သားတွေကိုဆက်ပြီးဦးဆောင်ပါ ''
လင်းဆယူ၏နောက်ထပ်ထွက်ကျလာသောစကားကြောင့်
တာပေါနှာရှုံ့သွားသည်။
"ဗိုလ်လင်းဘာတွေပြောနေတာလဲ ဘယ်သူကကိုယ်ချစ်တဲ့သူကို ပြန်သတ်မှာလဲ ဆေးကြောင်တဲ့သူတွေကပဲလုပ်လိမ့်မယ် ဗိုလ်လင်းကဆေးစွဲနေလို့လား''
လက်နက်ကိုင်ဆောင်သူတို့မကြိုက်သည့်အရာတစ်ခုမှာ
နိမိတ်မရှိတဲ့စကားတွေပြောခြင်းဖြစ်သည်။ဒါ့ကြောင့်
တာပေါသည် သူ့ထက်ရာထူးကြီးသည့်လင်းဆယူကိုပင်စိတ်ပေါက်ပေါက်နဲဲ့ပြန်အော်နေသည်။ လင်းဆယူ၏
စကားများသည် လင်းဆယူအပေါ်သက်ရောက်လာနိုင်ဖို့များသည့်အနာဂတ်၏ကြိုတင်နိမိတ်ဖြစ်နိုင်ပေသည်။
"တကယ်လို့များအဲ့လိုဖြစ်လာခဲ့ရင်ပြောတာပါ မင်း
သန်သန်မာမာနဲ့တပ်သားတွေကိုဆက်ပြီးဦးဆောင်နိုင်ရမယ်''
လင်းဆယူသည် နိမိတ်မရှိသည့်စကားတွေသာဆက်ပြောနေသည်။တာပေါကမူ လင်းဆယူကိုစွေကြည့်နေသည်။
လင်းဆယူသာ ငယ်ပါက တာပေါရိုက်သတ်လို့သေနေလောက်ပြီ။
"အဲ့လိုစကားတွေပြောတာမကြိုက်ပါဘူးဆို ဗိုလ်လင်းနော်!''
တာပေါကစိတ်ပေါက်ပေါက်နဲ့လင်းဆယူကိုပိတ်အော်ပြန်သည်။ ထိုအခါ လင်းဆယူ၏ပြုမူမှုကြောင့် တာပေါ
ဇက်ပုသွားသည်။လင်းဆယူက ပြုံးပြီးတာပေါခေါင်းကို
ခပ်ဖွဖွပုတ်နေခြင်းဖြစ်သည်။
"ငါအိမ်ခဏပြန်ဦးမယ် ''
"အိမ်! ဒီလောက်ရှုပ်ထွေးနေတာကိုဗိုလ်လင်းကဘယ်လိုလုပ်ပြီး...''
တာပေါစကားဆုံးအောင်မပြောလိုက်ရချေ။ လင်းဆယူက ကားပေါ်တက်ကာ ထွက်ခွာသွားနေပြီ။ တာပေါ ခါးထောက်ရင်းနဲ့သာ ငူငူကြီးကြာနေခဲ့ရသည်။
မနက်၉နာရီသို့ရှိလာသည်။မနက်၄နာရီကတည်းကထွက်သွားသည့်ဗိုလ်လင်းထံမှဘာသတင်းမှမကြားရသဖြင့်
တာပေါစိတ်ပူစပြုလာနေပြီ။ သူသိတဲ့ဗိုလ်လင်းဆိုတာ
ဘယ်သွားသွားစက်ဖွင့်ပြီးအမြဲနားစွင့်သည်။ယခုက
ဘာအသံမှမကြားရ။
တာပေါသည် စခန်းကိုတပ်သားတွေဆီခဏအပ်ထားပြီး
စခန်းဘေးကတောင်ကုန်းလေးပေါ်ကိုအမြန်ပြေးတက်နေသည်။သူ့ရည်ရွယ်ချက်မှာ လင်းဆယူအိမ်ကိုဖုန်းခေါ်ဖို့သာဖြစ်သည်။ လင်းဆယူအိမ်တွင် ဂြိုလ်တုဖုန်းရှိနေသည်။ ထို့ကြောင့် ဖုန်းလိုင်းမမိဘူးဆိုတာဘယ်သောအခါမှမရှိ။
တာပေါဖုန်းခေါ်လိုက်သည့်အခါ တစ်ဖက်ကချက်ချင်းတန်းကိုင်လာသည်။
"ဟယ်လို ''
"တာပေါပါမာမီ ဗိုလ်လင်းရှိလားဗျ''
အသံကရင်းနှီးနေတဲ့ဗိုလ်လင်းမေမေ့အသံဆိုတာသေချာနေသည်မို့ တာပေါသွက်သွက်လက်လက်နဲ့လိုရင်းကိုသာတန်းမေးလိုက်၏။
"ဗိုလ်လင်းခုနကသူ့ပါပါးနဲ့ရှိနေသေးတယ် အခုက
သူ့ပါးဒို့ဆီသွားမယ်ဆိုပြီး ခုနလေးတင်ထွက်သွားတာ''
"အော်..''
တာပေါဘာမှဆက်မပြောနိုင်တော့။ဗိုလ်လင်းသည်
အမှန်တကယ်ကို သူစိုးရိမ်သည့်အတိုင်းဖြစ်နေလေသည်။
"ဒါနဲ့တာပေါ မာမီသတင်းမှာတွေ့လိုက်တယ် ဥက္ကာစံဆိုတဲ့ကလေးလေ မာမီတို့နယ်မြေကိုရောက်နေတယ်ဆို
တာပေါတို့လည်းသူ့ကိုဖမ်းဖို့တာဝန်ကျနေတယ်ဆို''
"ဟုတ်တယ် မာမီ ဘာဖြစ်လို့လဲ ''
"စိတ်မသက်မသာဖြစ်တယ်တာပေါရယ် ကလေးကမိဘတွေဆီကစွန့်ပစ်ခံရတာလေ ဘယ်လောက်တောင်စိတ်ဒဏ်ရာရနေလိုက်မလဲ တကယ်ဆိုမိဘတွေတာဝန်မကျေလို့ ကလေးကအခုလိုဖြစ်ရတာ''
"မာမီကသူ့ကိုသိနေတာလား''
တာပေါတကယ်အံ့သြသွားသည်။ဗိုလ်လင်းမေမေ၏
စကားတွေအရဆို ဥက္ကာစံဆိုတဲ့တစ်ယောက်ကိုရင်းရင်းနှီးနှီးသိနေဟန်ပေါ်သည်။ဒါ့အပြင်သိသိသာသာလည်းကာကွယ်ပေးနေသည်။
"သူကဒဏ်ရာရပြီးမာမီ့အိမ်မှာနှစ်ပတ်ကျော်နေသွားတဲ့ကလေးလေ သားအရင်းလိုပွေ့ဖက်ထားချင်တဲ့ကရုဏာသက်ဖွယ်ကလေးလေး သားဗိုလ်လင်းကတော့သူ့ကိုလွှတ်ပေးမယ့်ပုံမပေါ်ဘူး မာမီကတော့ ညှာတာပေးစေချင်တယ် သူလည်းဒီလိုဘယ်ဖြစ်ချင်ပါ့မလဲ''
တာပေါ ဘာမှခွန်းတုံ့မပြန်တော့ဘဲဆိတ်နေသည်။သူသည် ပါးစပ်မြန်ပြီးအာချောင်သော်လည်း စေ့စေ့စပ်စပ်တွေးတတ်ဆင်ခြင်တတ်တဲ့ဦးနှောက်တော့ရှိသည်။
တာပေါသည် ဗိုလ်လင်းမေမေဆီကသိခဲ့ရတဲ့အမှန်တရားကိုအသေအချာအလေးနက်ထားပြီး တစ်ခုချင်းကအစတွေးနေသည်။ ထို့နောက်တွင် သေချာဖို့၈၀ရာခိုင်နှုန်းရှိတဲ့
အဖြေတစ်ခုကိုတာပေါရလိုက်လေသည်။
ဗိုလ်လင်းသည် သူ့အိမ်တွင်နှစ်ပတ်ကျော်နေသွားသည့်
ဥက္ကာစံနှင့်လျှို့ဝှက်ပတ်သက်မှုရှိကိုရှိရမည်။ ဗိုလ်လင်းယခုလိုဖြစ်နေတာက မကြာမီဇာတ်သိမ်းရောက်တော့မည့်
ဥက္ကာစံနှင့်ဆက်နွယ်မှုရှိနေနိုင်သည်။
သည်လိုတွေးမိသည့်နောက်မှာတော့ တာပေါသည်လေးလံသောသက်ပြင်းကိုချနေသည်။
"အဲ့တစ်ယောက်က ကရုဏာသက်ဖို့ကောင်းတယ်ဆိုတာ
သေချာရဲ့လား မာမီ ''
တာပေါကသူထပ်ပြီးသေချာချင်တဲ့အဖြေအတွက် မေးခွန်းကိုချက်ချင်းကောက်မေးနေသည်။
"မျက်ဝန်းကအထီးကျန်နေတာသေချာတယ် မာမီတို့
မိသားစုစုံစုံလင်လင်ထမင်းစားနေတာကိုကြည့်ပြီးငိုနေကတည်းကမာမီရိပ်မိခဲ့တာ အဖျားကြီးတဲ့တစ်လျှောက်ကလည်း မာမီ့ကိုဖက်ပြီးငိုနေတာ အမေဖြစ်သူကိုလွမ်းနေလို့ဖြစ်မယ်''
ဗိုလ်လင်းမာမီဆီကကြားခဲ့သမျှတွေကို တာပေါယုံကြည်သည်။ထို့ကြောင့်လည်း ဥက္ကာစံဆိုတဲ့တစ်ယောက်အတွက်
တာပေါစိတ်မကောင်းဖြစ်မိလာသည်။
"တကယ်ဆိုဒီလိုတရားမဝင်တဲ့စီးပွားရေးတွေကိုလုပ်နေသူတွေတစ်ပုံကြီးပါ စုံစမ်းခံရလို့ပြစ်ဒဏ်စီရင်ခံထားတဲ့သူတွေရှိသလို သေသွားတာတောင်ဒီလိုစီးပွားတွေလုပ်နေမှန်းပေါ်မသွားတဲ့သူတွေလည်းရှိတယ် သူကတော့ပြောရရင်ကံဆိုးတဲ့အထဲကပေါ့ ပြေးပေါက်မရှိတော့အောင်ကို
တစ်ခါတည်းဖြစ်သွားတာ သူ့ကံတရားလို့ပဲသတ်မှတ်ရမှာပေါ့ မာမီ''
"အင်း သူကအရမ်းကိုကံဆိုးတဲ့ကလေးပဲ မိဘဆီကစွန့်ပစ်ခံရတော့ငယ်ငယ်ကတည်းကစိတ်ဒဏ်ရာတွေနဲ့ရှင်သန်ခဲ့ရလောက်တယ် ယခုလည်းနေရင်းထိုင်ရင်းနာမည်ကြီးသွားတာ သူ့ဘဝကို သူအတော်စိတ်ပျက်နေလောက်တယ် ဘာဖြစ်ဖြစ် မာမီကတော့သူ့ကိုအပြစ်
မမြင်ဘူး တကယ်လို့ သူကျဆုံးသွားတယ်ဆိုရင် သူ့အလောင်းကိုမာမီဆီသယ်လာပေးပါ မာမီသူ့ကိုကောင်းကောင်းမွန်မွန်သဂြိုလ်ပေးချင်တယ် ''
ဗိုလ်လင်းမာမီကပြောရင်းဝမ်းနည်းလာနေမှန်းသိသာအောင်အသံတွေတိမ်ဝင်သွားသလို နားထောင်နေသည့်
တာပေါလည်း ဝမ်းနည်းလာသလိုခံစားရသည်။ ဥက္ကာစံကိုပဲသူသနားတာလား စိတ်နဲ့ကိုယ်မကပ်ဘဲ အသက်မဲ့နေတဲ့ဗိုလ်လင်းကိုပဲသူသနားတာလား မသဲကွဲ။ ယခုနေ
အရာအားလုံးဟာ ဇဝေဇဝါတွေချည်း။
"ကျွန်တော်အဲ့တစ်ယောက်အလောင်းကိုတွေ့ခဲ့ရင် သေချာပေါက်မာမီဆီပို့ပေးပါမယ် ဒါဆိုကျွန်တော်ဖုန်းချလိုက်ပါတော့မယ်''
ဗိုလ်လင်းမာမီကို ကတိတစ်ခုပေးလိုက်ပြီးနောက်
တာပေါဖုန်းကိုချလိုက်၏။ သူစိမ်းတစ်ယောက်အတွက်ဝမ်းနည်းတာမျိုး တာပေါမဖြစ်ဖူးခဲ့။ သေချာတာတော့
တာပေါသနားနေတာဟာ ဥက္ကာလုံးဝမဟုတ်ပါချေ။
သေချာပေါက် ဗိုလ်လင်းသာဖြစ်လိမ့်မည်။
ဗိုလ်လင်းသာဥက္ကာစံနဲ့နက်ရှိုင်းတဲ့ပတ်သက်မှုရှိနေပါက
ယခုနေ အရူးတစ်ပိုင်းလိုပူလောင်နေလိမ့်မည်။ဗိုလ်လင်းသည် သူချစ်တဲ့သူကိုသူ့လက်နဲ့အဆုံးစီရင်ရနိုင်သည်။
တာပေါစခန်းကိုပြန်ဆင်းလာသည့်အခါတပ်သားတွေထံကသတင်းထူးကြားလိုက်ရပြန်သည်။ ဗိုလ်လင်းက
တပ်သားသစ်လေး လူသောကိုအဲလာထံအပြီးတိုင်အပ်သွားသည်။
ဗိုလ်လင်းလုပ်သွားသမျှကိုအကုန်သိသွားသည့်နောက်
တာပေါငှက်ပျောဖက်ခင်းထားသောမြေပေါ်ဘုန်းခနဲပစ်လှဲလိုက်သည်။
"ဗိုလ်လင်းမရူးခင် ငါရူးတော့မယ်''
တကယ်ကိုဗိုလ်လင်းကြောင့်ဦးနှောက်ခြောက်လွန်းလို့
တာပေါရူးဖို့လက်တစ်ကမ်းသာလိုပါတော့သည်။
~~~~
ည၇နာရီတွင်တစ်နေကုန်ပျောက်နေသည့် လင်းဆယူသည်
သူ့တပ်ရင်းစခန်းကိုပြန်ရောက်လာသည်။တာပေါသည်
လင်းဆယူခံစားရသမျှတွေကိုသိနေသည့်အခါ သူလည်း
စိတ်မသက်သာရ။ အချစ်ကဘဝကိုဒုက္ခပေးတဲ့အရာတစ်ခုလို့ပဲ တာပေါခံစားနေရသည်။
တာပေါသည် ချောင်းစပ်တွင်ငူငူလေးထိုင်နေသော
သူ့ခေါင်းဆောင်လင်းဆယူကိုကြည့်ရင်း သက်ပြင်ခဏခဏချသည်။ လင်းဆယူသည်မျက်ကွင်းချောင်နေပြီး သိသိသာသာ ဖြူလျော့နေသည်။ တစ်နေကုန်လျှောက်သွားနေခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိနဲ့မို့ ယခုတော့ စိတ်ချသွားဟန်ရှိနေသည်။ လင်းဆယူသည်
သက်ပြင်းတစ်ချက်ချပြီး ခေါင်းကိုငုံ့ကာမျက်နှာသစ်လေသည်။
လင်းဆယူ တဲထဲပြန်ဝင်သည့်အခါ တာပေါလည်းလိုက်သွားနေသည်။
"ကိစ္စရှိလို့လား တာပေါ''
လင်းဆယူစကားမှာ သူတစ်ယောက်တည်းနေလိုကြောင်း
ပြောနေသယောင် ကိစ္စမရှိရင်ဝင်မလာနဲ့ဆိုတဲ့အဓိပ္ပါယ်ပေါက်နေသည်။တာပေါက နားလည်သဖြင့်
လင်းဆယူနံဘေးအသာအယာထိုင်ချသည်။
"တစ်ရက်ကုန်သွားပြီ ဟိုကောင်တွေတစ်ယောက်မှလာရောက်အဖမ်းမခံသေးဘူးတဲ့ သုံးရက်ပြည့်လို့မှလာရောက်အဖမ်းမခံရင် သေခြင်းတရားတွေနဲ့ရင်ဆိုင်ရမှာ
သိသိရက်နဲ့မိုက်မဲတဲ့ကောင်တွေပဲ''
တာပေါက လင်းဆယူကြားအောင်တမင်ပြောနေသည်။
လင်းဆယူကမူ ခေါင်းကိုငုံ့ကာဆိတ်နေ၏။
"မဟုတ်မှသူတို့ဘဝကိုစိတ်ကုန်လို့ဒီဘဝကလွတ်မြောက်ချင်တာများလား သူတို့နေရာကမဟုတ်တော့သူတို့ခံစားရတာတွေကိုနားလည်မပေးနိုင်ဘူး ဘာဖြစ်ဖြစ်သေခြင်းကိုရွေးလိုက်ကတည်းကဘဝကအရမ်းစိတ်ပျက်စရာကောင်းလို့ဖြစ်နေလိမ့်မယ်''
တာပေါက ဝါးတိုင်ကိုမှီကာ အပြင်ကိုငေးလျက်ပြောရင်း
ပင့်သက်ရှိုက်သည်။ လင်းဆယူသည် တာပေါစကားတွေကြောင့် ဥက္ကာ၏ဘဝကိုအရှုံးပေးရခြင်းအကြောင်း
အဖြာဖြာကိုပြန်တွေးမိသဖြင့်မျက်ရည်ဝိုင်းလာသည်။
နောက်ဆုံးတော့ သူနားလည်သွားသည်။ ဥက္ကာ၏
သေခြင်းတရားကိုရွေးလိုက်ခြင်းသည် ဘဝကိုလုံးလုံးစိတ်ကုန်သွားခြင်းကြောင့်ဖြစ်သည်။
လူတွေပြောသလိုအချစ်ဟာအရာရာကိုပြေလည်စေနိုင်တယ်ဆိုပေမယ့် တကယ်တမ်းအဘက်ဘက်ကဖိအားတွေပုံလာတဲ့အခါမှာတော့ အချစ်ကလည်းဘဝကိုမကယ်တင်နိုင်ဘူးဘဲ။
လင်းဆယူသည်ကျလာသောမျက်ရည်စက်တွေကိုအလျင်အမြန်သုတ်ပြီးတာပေါကိုမျက်နှာလွှဲနေသည်။
"မင်းဒီလိုပြောတာ ငါနဲ့ဥက္ကာအကြောင်းသိသွားလို့မဟုတ်လား တာပေါ''
"သိလို့တမင်ပြောနေတာ ဗိုလ်လင်းအဲ့တစ်ယောက်အတွက်ဆောက်တည်ရာမရဖြစ်နေတာကိုခံပြင်းလို့
ကိုယ်ချင်းမစာလို့မဟုတ်ဘူး အဲ့တစ်ယောက်အတွက်
ဗိုလ်လင်းမြတ်နိုးတဲ့အရာရာကိုစွန့်လွှတ်ဖို့ကြိုးစားနေတာတော့မဖြစ်သင့်ပါဘူး ''
တာပေါသည်ပြောရင်းလင်းဆယူမျက်နှာရှိနေသောဘက်ကိုပြောင်းထိုင်လာသည်။ သူက လင်းဆယူမျက်နှာကို
ကြည့်ရင်းပြောလိုခြင်းဖြစ်သည်။
"ကျွန်တော့်ကိုကြည့်ပါဗိုလ်လင်း
ဗိုလ်လင်းအဲ့တစ်ယောက်အတွက်နဲ့ တာဝန်ကို တပ်သားတွေကိုမိသားစုတွေကိုထားခဲ့ဖို့တွေးနေတာတွေကိုရပ်ပေးပါ ခဏတဖြုတ်သိခဲ့တဲ့လူအတွက်နဲ့အနှစ်နှစ်လလရင်းနှီးလာတဲ့အရာတွေကိုစွန့်လွှတ်တာမတန်ပါဘူး ဗိုလ်လင်းသစ္စာဆိုခဲ့လို့သစ္စာဆိုခဲ့တိုင်းဖြစ်မှာစိုးနေတာဆိုရင်တော့
စိတ်ချပါ ချက်ချင်းအကျိုးမခံစားရပါဘူး ၁၀နှစ်အထိတော့အေးဆေးပဲ ဒါကြောင့်ဗိုလ်လင်းမပီသလိုလုပ်နေတာတွေရပ်လိုက်ပါတော့ ကျွန်တော်ဗိုလ်လင်းရဲ့ဒီပုံစံကို
မကြိုက်ဘူး''
တာပေါ၏စကားတွေကိုတဖြည်းဖြည်းနဲ့ဒေါသစွက်လာသည်။ သူကလင်းဆယူလုပ်နေပုံကိုတဖြည်းဖြည်းနဲ့စိတ်ပျက်လာနေသည်။
"တကယ်လို့ဗိုလ်လင်းကိုယ့်သွေးကိုယ်ဖောက်ပြီးသစ္စာဆိုခဲ့တာဆိုရင်တော့ ကျွန်တော်သေချာတယ် အဲ့ကောင်ကို
ကျွန်တော်ဗိုလ်လင်းထက်အရင်ဦးအောင်သတ်ရလိမ့်မယ်''
တာပေါက ဗိုလ်လင်းကိုသတိပေးသလိုပြောပြီးသည့်အခါ
သေနတ်ကိုကောက်ယူပြီးအပြင်ကိုထွက်ခွာသွားသည်။
တာပေါ၏ခြေလှမ်းတိုင်းတို့သည် ဒေါသများပါဝင်နေသည်။
လင်းဆယူသည် ခေါင်းငိုက်စိုက်ကျပြီးအသံတိတ်ငိုကြွေးနေသည်။ တာပေါပြောလည်းသူခေါင်းငုံ့ခံဖို့သာရှိသည်။
သူ့တွင် စိတ်ဆိုးဖို့ရန်ထောင်ဖို့စွမ်းအားတွေမရှိတော့။
ရင်ဘတ်တစ်ခုလုံးဟာ ကြေမွနေသလိုအသက်တစ်ချက်ရှူလိုက်တိုင်း အသည်းခိုက်နေအောင် နာကျင်နေရသည်။
ရင်နှင့်နေအောင်ချစ်ခဲ့မိသည့်အခါ ရင်ကွဲမတတ်ခံစားနေရသည်။
Advertisement
- In Serial11 Chapters
The Skeleton King
Boy and his whole class got killed by the suicide bomber,but their soul's are summoned to a new world by the humans with the help of light god for them to be their champions/heroes.Except for our main protagonist.AN: new pls go easy on me ^^PS: I don't own the pic i just find it cool ^^
8 163 - In Serial15 Chapters
VINES
At 6:08 PM, the superhero team known as VINES will die. The building they’re in will explode. How? Why? Who would do such a thing? They wish they knew...
8 148 - In Serial6 Chapters
Paradiso
The Darkness in this world runs deep. It flows like blood in veins of the wicked; thick dark, and invisible unless cut out. I am the blade who seeks to cut it out. But yet, even I am a creature of the same darkness -Cain
8 154 - In Serial30 Chapters
The Knight Part 1: The Land of Predestined Cities
Cirin, a thirteen year old boy, is charged with defending a young prince as part of training to become a warrior. But when the prince's life is threatened, both boys are taken by Cirin's master to find refuge and eventually uncover those behind the attacks, (This book is finished, but hardly edited. I've also very nearly finished the second part, but will be focussing on Birthday.)
8 139 - In Serial38 Chapters
A Travelling Mage's Almanac
Yenna Bookbinder loves learning magic. As a teacher of the Arcane, she has helped countless students to become mages—yet the world outside her classroom beckons to her. When a band of adventurers comes through town as part of a grand expedition to parts unknown, she finds herself offered a position on the crew as the party’s mage. Leaving behind her old life for exciting days on the road, Yenna travels with new allies to uncover all manner of magical mysteries. Between uneasy alliances, ancient dark magic and a plot that threatens to swallow the expedition whole, Yenna Bookbinder’s discoveries may shape the future of magic irrevocably—but will she live to see her findings published? My first serious attempt at a novel! Based loosely on a much older work of mine, this has been a story that's been swimming around in my head for a long time. I hope you enjoy reading it as much as I enjoyed writing it! A huge shoutout to all my friends who have supported me so much through the writing, editing and panicking processes! Updates are Monday and Wednesday (~7PM UTC+0) for the foreseeable future. Cover art by Eneli Dolinšek.
8 183 - In Serial11 Chapters
boba boy | inumaki
┊❛ i'm giving you my heart ! ❜ ⌇✎ᝰ┆when y/n meets a peculiar customer who frequents the cafe she works in. he's cute, he seems okay, but he's weird -- and that's why y/n takes an interest in him anyway ;)☁ . . ⇢ *。⋆ฺ inumaki x female reader ◟⋆ฺ status :: completed ˘͈ᵕ˘͈ ✧ ˖⋆ plot/story :: inukamin ୧ *·˚ jjk :: gege akutami┆ ೃ࿔*
8 118

