《If you believe (Complete)》13
Advertisement
Unicode
Zawgyi
~~~~~~
"မင်းဘာလို့ဒီလိုလုပ်ရတာလဲ တာပေါ!''
စခန်းပြန်ရောက်ရောက်ချင်းအငေါက်ခံလိုက်သဖြင့်
တာပေါမျက်နှာရှုံ့ခနဲ့။ဗိုလ်လင်းက တာပေါသူ့ဆီအင်အားအလုံးအရင်းနဲ့ပြေးသွားတာကိုပြောနေခြင်း။
"ဗိုလ်လင်းကိုဟိုဘိန်းစားအုပ်စိုးကအန္တရာယ်ပြုလိမ့်မယ်ဆိုပြီးဖုန်းရလို့ပြေးသွားတာလေ ''
"အဲ့ဒါနဲ့ယုံတာပဲလား မင်းမှာဦးနှောက်မရှိဘူးလား''
ထပ်ပြီး အငေါက်ခံရပြန်သဖြင့်တာပေါမှာဝါးနေသည့်
ငှက်ပျောသီးတောင်ပြန်ထွက်ချင်သလို။သူ့မှာစိတ်ပူလို့
အမောတကောနဲ့လိုက်သွားရသေး။ဒါကိုကျေးဇူးမတင်ဘဲဖင်လှန်ပြနေရတယ်လို့ တာပေါတို့ပါးစပ်ယားလာအောင်ဆွနေတာပဲ။
"ပြောကြေးဆို ဗိုလ်လင်းလည်းမှားတာပဲလေ ဘာလို့အပြင်ကိုခဏခဏထွက်နေရတာလဲ ထွက်ရင်လည်းဘာလို့သေနတ်ယူမသွားရတာလဲ ဟိုဘိန်းစားတွေဗိုလ်လင်းအကြောင်းစုံစမ်းနေတာ ဗိုလ်လင်းသိတာပဲ ''
"မင်းအခုငါ့ကိုရန်ထောင်နေတာလားတာပေါ!''
ဗိုလ်လင်းကအော်ရင်းအနားကိုတိုးကပ်လာသဖြင့်
တာပေါ ဘေးကိုအမြန်တိုးလိုက်ရ၏။
"ခံပြင်းလို့ပါ ရေချိုးချိန်မှာသတင်းရရချင်းပြေးသွားရတာ အောက်ခံလေးတောင်ဝတ်မသွားလိုက်ရလို့
အငယ်ကောင်ကအလယ်မှာတန်းလန်းကြီး ''
တာပေါကပြောကာ သူ့ဘောင်းဘီအောက်သူပြန်ငုံ့ကြည့်နေသည်။ လင်းဆယူစိတ်ပျက်ပျက်နဲ့မျက်လုံးလှန်ပြီး
တာပေါဖုန်းကိုဆွဲယူလိုက်၏။
"မင်းကိုဆက်တာဒီနံပါတ်လား''
လင်းဆယူက တာပေါဖုန်းခေါ်ဆိုမှုမှတ်တမ်းထဲက
ထိပ်ဆုံးတစ်ခုကိုရည်ရွယ်ကာပြောခြင်း။ တာပေါခေါင်းညိတ်သည့်အခါ လင်းဆယူထိုနံပါတ်ကိုချက်ချင်းကူးယူလိုက်သည်။
"ကျည်က ၄နာရီကနေလာတာ ''
ဥက္ကာကိုပစ်လိုက်တဲ့ကျည်က တာပေါတို့ဆီကလာတာမဟုတ်တာကိုတော့ လင်းဆယူကောင်းကောင်းသိသည်။
ဒီလောကထဲကျင်လည်ခဲ့တာကြာပြီဖြစ်သည့်အခါ အရပ်တိုင်းကိုခန့်မှန်းနိုင်နေပြီ။ လင်းဆယူတို့မှာပစ်မိန့်မရရင်
အပြစ်သားကိုပြစ်ခွင့်မရှိ။အဖမ်းမခံလို့ထွက်ပြေးရင်လည်း မပြေးနိုင်အောင် ခြေထောက်ကိုပဲပစ်ရသည်။ လက်မောင်းကိုပစ်တာက လင်းဆယူတို့ထုံးစံမဟုတ်။
"မင်းဘယ်သူလဲငါရအောင်ဖမ်းပြမယ်''
လင်းဆယူကတာပေါကိုလိမ်ညာဆက်သွယ်သည့်နံပါတ်ကိုကြည့်ရင်းကျုံးဝါးခြင်း။ ထို့နောက် စခန်းတွင်လူတိုးလာတာသတိထားမိသွားသဖြင့် လင်းဆယူ မျက်လုံးဝှေ့ကာ ကစားလိုက်၏။
"အဲလာတို့လေ ညွှန်ချုပ်ကပို့လိုက်တာ ပြန်ရောက်တာကြာပြီကိုအခုမှသိတာလား နမော်နမဲ့နဲ့ကျွန်တော်တို့
ဗိုလ်လင်းမဟုတ်တော့သလိုဘဲ''
တာပေါက သတိနည်းပါးနေသည့်လင်းဆယူကို
မကျေမနပ်နဲ့ ပြောရင်း လင်းဆယူကိုမျက်နှာမဲ့နေသည်။ဂိတ်အဝင်မှာတောင် အဲလာလူတွေရှိနေတာကို မမြင်ရ
သလား။ အဲလာလူတွေသာရန်သူဆိုရင် ဗိုလ်လင်းတို့
ဘယ်လိုနှစ်ပါးသွားမလဲသိချင်စမ်းသည်။
ထိုစဥ် နှစ်ဦးလုံးရှိရာဆီလျှောက်လာသောတစ်စုံတစ်ယောက်က တာပေါရော လင်းဆယူပါ ခါးထောက်ရင်းခပ်ချေချေဆီးကြိုလိုက်သည်။
"ဟိုင်း morningဗိုလ်လင်း''
စနိုက်ပါကိုပခုံးပေါ်ထမ်းရင်းလင်းဆယူအနားလျှောက်လာသည့် အဲလာကထုံးစံအတိုင်း ပြောင်ချော်ချော်နဲ့စပြောင်နေ၏။ လင်းဆယူမျက်လုံးကျဥ်းသွားသည်။
မွန်းလွဲကျော်လို့ညနေစောင်းတော့မည့်အချိန်ကို။
"ဘာကိုmorningလဲ ညနေဖြင့်စောင်းတော့မယ်''
"မသိဘူး အခုမှအိပ်ရာထလို့ morningပဲ''
ခပ်တည်တည်နဲ့ထပ်ပြောနေတဲ့အဲလာကိုလင်းဆယူမငြင်းခုန်တော့။ အဲလာက လင်းဆယူနဲ့အတူ ကျောင်းတက်ခဲ့ရုံမကတာဝန်လည်းအတူထမ်းဆောင်နေတဲ့လင်းဆယူသူငယ်ချင်း။ လင်းဆယူလောက်နာမည်မကြီးပေမယ့်
သူလည်းခေါင်းဆောင်တစ်ယောက်ပဲ။ အခွက်ပြောင်တဲ့နေရာမှာတာပေါနဲ့ထပ်တူ။
တာပေါနဲ့လည်း စိတ်တူကိုယ်တူရှိလိုက်တာမှအမေတစ်ဦးတည်းကမွေးလာတဲ့အမြွှာတွေအတိုင်း။
"မင်းဘယ်လိုလုပ်ရောက်လာတာလဲ အဲလာ''
"ခြေထောက်နဲ့လာတာလေ အမေကအတောင်ပံပါထည့်ပြီးမွေးမပေးတော့ မွေးပေးထားတဲ့ခြေထောက်နှစ်ဖက်နဲ့လာလိုက်တာ ဟော့ဒီလို ဘယ်ညာ ဘယ်ညာ''
အခွက်ပြောင်တာကတော်ရုံမက။ ခြေထောက်ကိုလှမ်းပြီး
ရုပ်တည်နဲ့ဘယ်ညာလျှောက်ပြနေသေးတော့လင်းဆယူလက်ယားလာသည်။
"မင်းကောင်းကောင်းပြောလို့မရဘူးလား အဲလာ''
"ဗဟိုတပ်မှာ ညွှန်ချုပ်ရောက်နေတယ် သွားတွေ့လိုက်
စိတ်ဝင်စားစရာတွေမင်းကြားရမယ်''
ပါးဒို့ရောက်နေတဲ့အကြောင်းသိရသည့်အခါ လင်းဆယူ
လွှင့်ပြယ်နေတဲ့အတွေးတွေကိုပြန်စုစည်းလိုက်သည်။
ပါးဒို့ကမလာမဖြစ်အရေးကြီးကိစ္စမှသာ နေရာကဆင်းလာတာ။ယခုလိုကိုယ်တိုင်ရောက်နေပုံအရ အရေးကြီးကိစ္စပေါ်လာပြန်ပုံပဲ။ အဲလာနဲ့ဒရုန်းတပ်က၅ယောက်ကိုပို့လိုက်ကတည်းက လင်းဆယူကိုကူညီဖို့ဆိုတာသေချာနေပြီးသား။
လင်းဆယူ ယူနီဖောင်းကိုအမြန်ပြေးဝတ်လိုက်သည်။
ပါးဒို့ကသူ့ဆီလာရင် ယူနီဖောင်းထားမှပိုသဘောကျတာ။
သေနတ်အပြင်အကုန်စုံလင်နေအောင်ပြင်ဆင်ပြီးသည့်အခါ လင်းဆယူ လူသောကိုခေါ်ပြီးစခန်းမှအမြန်ထွက်ခွာလိုက်၏။
ပါးဒို့ယခုရောက်နေတဲ့ဗဟိုတပ်ရုံးကိုရောက်ဖို့အချိန်က
၂နာရီကျော်ကျော်ကြာသည်။သွားတဲ့လမ်းတစ်လျှောက်
လင်းဆယူ စက်ကိုအမြဲဖွင့်ထား၏။ ကိစ္စတစ်ခုခုများဖြစ်ပါကချက်ချင်းသိရအောင်ဖြစ်သည်။
"ဗိုက်ဆာရင်ပြော လူသော''
"ဟုတ် ဗိုလ်လင်း''
အသွားလမ်းတွင် ဆိုင်များမျိုးစုံရှိကြသည်။သို့သော် စျေးတွေကတော့ မြေပြန့်ကစျေးတွေထက်သုံးလေးဆပိုနေ၏။ လင်းဆယူအဖို့ ယခုဖြစ်နေတဲ့ကိစ္စကြောင့်ထမင်းစားချင်စိတ်မရှိ။ တပ်သားတွေကိုဂရုတစိုက်ရှိတတ်တဲ့အကျင့်အတိုင်း ယခုလူသောဘက်ကို လင်းဆယူ
ငဲ့ကြည့်ခြင်းဖြစ်သည်။
"ကျွန်တော် ဂိတ်မှာစောင့်နေမယ်နော် ဗိုလ်လင်း''
ကလေးတိုင်းကအကြီးတွေကိုကြောက်တတ်သည်။
ဒါ့ကြောင့် လူသောက ပါးဒို့နဲ့တွေ့ရမှာကိုကြောက်နေပြီး
ဂိတ်၌သာနေခဲ့လိုကြောင်းပြောခြင်းဖြစ်၏။
"ရောက်နေတာကိုဝင်မနှုတ်ဆက်ရင်အလေးမထားရာရောက်တယ်လူသော ပြီးတော့ လေးစားရတာ ကြောက်ရတာမဟုတ်ဘူး အပြစ်မလုပ်ထားဘဲနဲ့တော့ဘယ်သူမှအလကားနေဆူမှာမဟုတ်ဘူး ဆူတယ်ဆိုတာကလည်း
ကောင်းဖို့ပဲ နားလည်လား''
"ဟုတ် ဗိုလ်လင်း''
ဗိုလ်လင်းကအကျိုးသင့်အကြောင်းသင့်ပြောပြသည့်အခါ
လူသောက ခေါင်းဖွဖွညိတ်သည်။ ရင်တုန်နေဦးမယ်ဆိုတာကိုတော့ လင်းဆယူ သိပါသည်။
ဗဟိုတပ်ရုံးကိုရောက်သည့်အခါမှာတော့ လူသောက
ယူနီဖောင်းကိုသေချာပြင်ဝတ်ပြီး လင်းဆယူနောက်
သတ္တိရှိရှိနဲ့လိုက်သွားနေသည်။
"ပါးဒို့''
"အော ဖိုးလင်း''
လင်းဆယူရောက်သည်နှင့် ပါးဒို့ကိုအလေးပြုသည်။
လူသောကလည်းသွက်သွက်လက်လက်နဲ့ ညွှန်ချုပ်ကိုအလေးပြု၏။
"ကလေးကအသစ်ထင်တယ်''
ပါးဒို့က လူသောကိုကြည့်ရင်းပြုံးပြုံးလေးနဲ့ပြောနေသည်။
"ဟုတ် ဝင်လာတာတစ်နှစ်ပဲရှိပါသေးတယ်''
လင်းဆယူက လူသောကိုယ်စားဖြေသည်။ ထို့နောက်
သူ လူသောကိုလှည့်ကြည့်ပြီးခေါင်းညိတ်ပြလိုက်သည်။
သဘောပေါက်သည့်လူသောကား လင်းဆယူကိုအရိုအသေပေးပြီး အပြင်ထွက်သွားပေးသည်။
လင်းဆယူသည် လူသောထွက်သွားသည်နှင့်စကားဝိုင်းကိုချက်ချင်းစလေသည်။
"ပါးဒို့ ဘာလို့အဲလာနဲ့ဒရုန်းတပ်ကလူတွေကိုကျွန်တော့်ဆီလာခိုင်းရတာလဲ''
"မင်းထောက်လှမ်းထားတဲ့ဘိန်းခင်းလေ အဲ့ဘိန်းခင်းပိုင်ရှင်ကို အသေရရအရှင်ရရကိုင်တွယ်နိုင်မှဖြစ်မယ်''
လင်းဆယူရင်ထိတ်သွားသည်။သို့သော်သူကဟန်ဆောင်ကောင်းသည်။ တစ်ခုခုဖြစ်နေရင်တောင်ဖြစ်နေမှန်းမသိသာတာကြောင့် ပါးဒို့ကသူ့ကိုသံသယမဝင်။
"အရင်ကလည်းအဲ့လိုကိုင်တွယ်ခဲ့တာပဲလေ အခု
တစ်ခေါက်လည်းအတူတူပဲမဟုတ်လား''
"ဒီတစ်ခေါက်ကအခြေနေကွာတယ် သူ့နဲ့အတူလက်တွဲတဲ့လူတွေကို ထိုင်းဘက်ကဖမ်းမိသွားလို့ပဲ ပါဝင်သူအားလုံးကိုသူတို့ဘက်ကတစ်ယောက်မကျန်လိုက်ဖမ်းနေတာ
ငါတို့ဘက်ကလူတွေသူတို့ဆီထပ်မဝင်အောင် ငါတို့
အပြည့်အဝကိုင်တွယ်ရမှာ ပြီးတော့ အဲ့ဘိန်းခင်းကငါတို့ပိုင်နက်ထဲမှာလေ ငါတို့ပိုင်နက်ထဲကမဟုတ်ရင်တစ်မျိုးပေါ့ အခုက ငါတို့မလုပ်နိုင်ရင် အားလုံးကဝိုင်းပြီးအပြစ်ပြောလိမ့်မယ်''
ပါးဒို့စကားကိုအဆုံးထိနားထောင်ပြီးနောက် လင်းဆယူ
လည်ဇလုတ်တစ်ချက်လှုပ်သွားသည်။
"ဒါဆို သူတို့သိတယ်ပေါ့ ဒီကလူဘယ်သူလဲဆိုတာ''
"အင်း ပြီးရင် သူတို့အကျင့်အတိုင်းသတင်းထဲဖွလိမ့်မယ်
ဒီည သတင်းထဲပါလောက်တယ် ဖိုးလင်းစောင့်ကြည့်လေ
မဟုတ်လည်းအခုကြည့်မလား အဲ့ကလေးကို''
ကလေးဆိုပြီးသုံးနှုန်းတည်းက လူငယ်ကိုပြောလိုမှန်း
လင်းဆယူသိသည်။ ခံစားရတာတွေမကောင်းနေပါသော်လည်း လင်းဆယူခေါင်းညိတ်ပြလိုက်၏။ ကြည့်ပြီး
လျှင်ဘယ်သူဘယ်ဝါဆိုတာသိရမှာမို့ အရှုံးမရှိပါလေ။
ပါးဒို့ကလည်း အံဆွဲထဲကဓာတ်ပုံတစ်ပုံကိုထုတ်ပေးသည်။ ပြီးနောက် အရင်မပေးဘဲပါးဒို့ကပုံကိုစိုက်ကြည့်ရင်းပင့်သက်ရှိုက်သည်။
"ကလေးကဖိုးလင်းနဲ့ရွယ်တူပဲ ဒီလောက်ထိလမ်းမှားကို
မရောက်သင့်ဘူး ဆုံးမပေးမယ့်မိဘပဲမရှိတာလား
ကလေးကပဲဆိုးတာလား ပုံစံကတော့ပြောရင်နားထောင်
မယ့်ပုံပါပဲ''
ပါးဒို့က တစ်ယောက်တည်းစိတ်ကျေနပ်အောင်ပြောပြီးမှပုံကိုလင်းဆယူလက်ထဲလွှဲပေးသည်။လင်းဆယူသည်
တွန့်ဆုတ်မနေဘဲ ပုံကိုချက်ချင်းကြည့်သည်။တစ်ပြိုက်နက်မှာပဲ လင်းဆယူရဲ့မျက်တောင်က
ပုတ်ခတ်ခတ်ဖြစ်သွားသလို လည်ဇလုတ်ကလည်းထပ်မံလှုပ်ရှားလာသည်။
ပုံထဲကလူက နှစ်ယောက်မရှိတဲ့ သူ့ရဲ့ဥက္ကာစံ!
"ဒါဆိုကျွန်တော်ပြန်ပါတော့မယ် ပါးဒို့''
လင်းဆယူရုတ်ခြည်းပြန်ဖို့ပြောနေသော်ငြား ပါးဒို့က
မအံ့သြ။ ကိစ္စပြီးရင်ချက်ချင်းပြန်တတ်တဲ့သူ့အကျင့်ကိုပါးဒို့ကကောင်းကောင်းသိနေတာမလို့။
"ပြန်မယ်ဆိုပြန်လေ ဒါက ဟိုကလေးကိုပေးလိုက်''
ပါးဒို့က လူသောအတွက်မုန့်ဖိုး ဘတ်ငွေ၂ထောင်
ပေးလာသဖြင့် လင်းဆယူ ယူသွားပေးလိုက်၏။
~~~~
လင်းဆယူသည် စခန်းကိုပြန်ရောက်သည်နှင့် ဘယ်သူ့ကိုမှစကားမပြောဘဲဆိတ်နေသည်။ အဲလာနှင့်တာပေါက
လူသောဆီစကားနှိုက်သော်ငြား လူသောရဲ့အဖြေကတော့
သူတို့နဲ့ထပ်တူပင်။'တိတ်နေတာပဲသိတယ် ဘာကြောင့်လဲတော့ငါလည်းမသိဘူး'တဲ့လေ။
Advertisement
"ဗိုလ်လင်းကအခုမှမဟုတ်ဘူး ပြီးခဲ့တဲ့နှစ်ရက်တည်းကတိတ်နေတာ တစ်ခုခုဖြစ်နေတာတော့သေချာတယ်''
တာပေါက မေးစေ့ကိုလက်မနဲ့ပွတ်ရင်း တစ်ခုခုကိုတွေး
လျက်ပြောနေသည်။
"အဲ့ဒါထားကွာ ငါတို့ကိုဟိုနယ်စပ်ကအဘိုးကြီးဘယ်လိုပြောခဲ့သလဲပြောပြမယ် ''
အဲလာကတခြားကိစ္စတစ်ခုနှင့်ဖြတ်ပြောသည့်အခါ
တာပေါ၏အာရုံဟာ လင်းဆယူဆီမှထွက်ခွာသွား၏။
လူသောမှာကားနားထောင်ရမလိုလိုထွက်သွားရမလိုလို
ထွက်သွားချင်ပေမယ့် အငယ်မို့ အပြစ်ပြောခံရဦးမည်။
မတတ်နိုင်တဲ့အဆုံး တာပေါတို့နှစ်ယောက်ဘေးမှာပဲ
သူမှင်သေပြီးရှိနေလိုက်သည်။
"မင်းတို့ဆီကအရှုပ်ထုပ်တွေငါတို့ဆီထပ်မဝင်လာစေနဲ့တဲ့
အိုးဟို ပါးစပ်ကောင်းနေလိုက်တာ သူပြောတဲ့ပုံစံက
သူ့နိုင်ငံသားတွေအကျင့်ပျက်တာငါတို့နိုင်ငံသားကြောင့်ဖြစ်နေသလိုလိုနဲ့ တကယ်တမ်းအဲ့ဆေးအမှုတွေမြန်မာက
သုံးယောက်ပဲပါတာ ကျန်တာကသူ့လူမျိုးတွေချည်းပဲကို''
"ထုံးစံပါပဲ မိဘတွေရဲ့အတ္တပေါ့ သူတို့ကလေးအကျင့်ပျက်ရင် သူများကလေးနဲ့ပေါင်းလို့ဖြစ်တာပဲစွပ်စွဲကြတာ
သူတို့ကလေးဘက်ကမှားတယ်ဆိုရင်လည်း အမှားကိုဖုံးပြီးသူများကလေးကိုအပြစ်ပုံချတာ ဒါလူချမ်းသားတွေရဲ့ထုံးစံပဲ မအံ့သြတော့ပါဘူး''
တာပေါနဲ့အဲလာက ကြုံရဆုံရတာတွေကိုတစ်ယောက်တစ်ခွန်း ဝေဖန်ပြောကြရင်း မျက်နှာတို့ထက် စိတ်ပျက်မှုတွေအပြည့်ပေါ်လွင်နေ၏။
တာပေါနဲ့အဲလာဆီကနားထောင့်သင့်သလောက်နားထောင်ပြီးသည့်လူသောကတော့ စားဖိုဆောင်ဘဲတန်းသွားနေသည်။ သူကသေနတ်ကိုဘေးတွင်လွယ်ရင်း ပန်းကန်တစ်ချပ်ယူကာ ထမင်းဟင်းတွေစုံနေအောင်ထည့်နေသည်။
"ဗိုက်ဆာလို့လား လူသော''
အဖော်တစ်ယောက်ကမေးသည့်အခါ လူသောခေါင်းအသာယမ်းပြသည်။
"ဗိုလ်လင်းအတွက်''
လူသောဆီမှအဖြေကြားရသည့်အခါ အနီးနားတွင်ရှိနေ
သည့်တပ်သားအချို့မျက်နှာပျက်ကုန်သည်။ဗိုလ်လင်းထမင်းမစားတာ နှစ်ရက်မျှရှိနေပြီ။ သူတို့မှာလည်း
ခေါင်းဆောင်ကဆူရင်ဆူလို့ဆိုပြီးအတင်းတုပ်ပေမယ့်
တကယ်တမ်းခေါင်းဆောင်ယခုလိုဖြစ်နေသည့်အခါ
သူတို့မပျော်နိုင်။
"ဘာစားချင်လဲပါမေးလိုက် ငါတို့ချက်ချင်းလုပ်လိုက်မယ်''
"အင်း ''
ဗိုလ်လင်းတဲရှေ့ကိုရောက်သည့်အခါ လူသောကအထဲကိုအရင်ချောင်းကြည့်ပြီးမှဝင်သည်။ ဗိုလ်လင်းကဝါးတိုင်ကိုမှီလျက်ထိုင်ရင်း ထောင်ထားသောဒူးတစ်ဖက်ပေါ်လက်တင်ပြီးမျက်လုံးမှိတ်ကာနေ နေသည်။ လူသောအထင်မမှားဘူးဆို ဗိုလ်လင်းအသံတိတ်ငိုနေတာသေချာပါသည်။
"ကျွန်တော် ထမင်းယူလာပေးတယ် ဗိုလ်လင်း''
"ငါမဆာဘူး ပြန်ယူသွား''
ဗိုလ်လင်းကချက်ချင်းငြင်းပစ်တော့ လူသောမျက်နှာငယ်လေးနဲ့ဖြစ်သွားသည်။ ဝမ်းနည်းလာသလို မျက်လွှာကိုချရင်း ဗိုလ်လင်းအနားပိုတိုးနေသည်။
"ဒါပေမဲ့ ဗိုလ်လင်းဘာမှမစားတာနှစ်ရက်ရှိပြီလေ
စားလိုက်ပါနော်''
"ငါမဆာဘူးပြောနေတယ် ပြန်ယူသွားတော့''
ဗိုလ်လင်းကမျက်လုံးတစ်ချက်မှမဖွင့် အသံတိုးလျလျလေးနဲ့မောပန်းသလိုပြောနေသဖြင့် လူသောသက်ပြင်းချပြီးပြန်ထွက်လာလိုက်ရသည်။
"ဗိုလ်လင်းရှိလား လူသော''
အထွက်တွင်တိုးသော တာပေါရဲ့အမေးကိုလူသောခေါင်းညိတ်ပြလိုက်သည်။ တာပေါကချက်ချင်းဝင်သည်။
ဗိုလ်လင်းကလည်း ကနဦးကပုံစံကိုပြင်ပြီးပုံမှန်အတိုင်းတာပေါကိုကြိုနေ၏။
"ဘာကိစ္စလဲ''
"ဟိုကောင်တွေထွက်ပြေးလို့မရအောင်လမ်းပိတ်ရဦးမယ်လေ ညွှန်ချုပ်ကချက်ချင်းလုပ်ပါတဲ့ ''
"ပါးဒို့က? ငါ့ကိုဘာမှမပြောပါလား''
"ဗိုလ်လင်းစက်ပိတ်ထားတယ်မဟုတ်လား ''
တာပေါပြောမှလင်းဆယူသည် သူ့ဖြစ်အင်ကိုသူနားလည်သွားသည်။ သူစိတ်နဲ့ကိုယ်လုံးဝမကပ်ဘူးဘဲ။ အချိန်က
ညမှောင်နေပြီဖြစ်သော်လည်း အမိန့်ကိုလွန်ဆန်ခွင့်သူတို့မှာမရှိ။ ချက်ချင်းဆိုချက်ချင်းလုပ်ရမှာမို့ လင်းဆယူ
အသင့်ပြင်လိုက်ရသည်။
သို့သော် ခက်တာက ကိုယ်သွားတိုင်းစိတ်ကမပါ။ အရင်ကများဆို တစ်ရေးနိုးလည်း မိုးသောက်လည်း တက်တက်ကြွကြွသွားတတ်တဲ့သူက ယခုတော့ လေးတိလေးကန်နဲ့ခြေလှမ်းတွေမှားချင်ချင်။
ကားနားရောက်သည့်အခါ ကားပေါ်တက်တော့မယ့်
တာပေါကို လင်းဆယူကအမြန်လှမ်းဆွဲနေသည်။တာပေါလည်းကြောင်တောင်တောင်နဲ့လှည့်ကြည့်သည်။
"ဘာဖြစ်လို့လဲ ဗိုလ်လင်း ''
"မင်းစခန်းမှာနေခဲ့တာပေါ ငါအဲလာတို့ကိုခေါ်သွားလိုက်မယ် ''
"ဗိုလ်လင်းတခြားသွားစရာရှိသေးလို့လား''
နေခဲ့ခိုင်းကတည်းက အပြင်သွားစရာရှိသဖြင့် စခန်းကိုစောင့်ရှောက်ခိုင်းတာမှန်း တာပေါက တန်းသိသည်။
လင်းဆယူကခေါင်းညိတ်ပြတော့တာပေါကစောဒက
မတက်ဘဲ နေခဲ့၏။
တာပေါအစား အဲလာကိုခေါ်သွားသည့်အခါ အဲလာလူတွေကပါ ပါလာနေသဖြင့် လင်းဆယူအတွက် အများကြီးသက်သာသည်။ အဲလာက အကုန်ကြီးကြပ်ပေးသည်။ အထက်ကညွှန်ကြားသည့်အတိုင်း အသွားမလာလုပ်နိုင်တဲ့လမ်းမှန်သမျှကို တပ်သားတွေချပြီးပိတ်ထားသည်။ ထောက်လှမ်းထားတဲ့စိုက်ခင်းပတ်ပတ်လည်တွင်လည်း တပ်သားတွေအပြည့်ချထားသည်။
ရည်ရွယ်ချက်မှာ စိုက်ခင်းကလူတွေလက်နက်ချပြီးကိုယ်တိုင်လာရောက်အဖမ်းခံဖို့ပင်။ နောက်၃ရက်အတွင်း
ကိစ္စတွေပြီးမှဖြစ်သည့်အခါ အထက်ကလည်းလုံလောက်တဲ့စစ်ကူတွေလွှတ်ပေးထားသည်။
"ကျွန်တော့်ကိုခိုင်းစရာရှိလား ဗိုလ်လင်း''
အနားနားတွင်အချိန်ပြည့်ရှိနေသည့် လူသောကအသံပေးမှ ရောက်တတ်ရာရာငေးနေသည့် လင်းဆယူက မျက်တောင်ခတ်လာသည်။ သူက နာရီကိုမြှောက်ကြည့်သည်။နာရီလက်တံကြီးမှာ၈ကိုညွှန်ပြနေသည်။
လင်းဆယူသည် သက်ပြင်းကိုလေးလေးလံလံချပြီး
လူသောကို လှည့်ကြည့်သည်။
"အဲလာကိုသွားပြော ငါသွားစရာရှိတယ်လို့ မင်းလည်းလိုက်ခဲ့ရမယ်''
"ဟုတ် ဗိုလ်လင်း''
လူသောက အဲလာဆီအလျင်အမြန်ပြေးသွားသည်။
လင်းဆယူကမူ ကားပေါ်တက်ထိုင်ပြီး မှန်ချထားသော
ကားပြတင်းတွင်လက်တင်ကာနားထင်ထောက်ရင်း မျက်လုံးမှိတ်ထားနေသည်။
ပြန်ရောက်လာတဲ့လူသောသည်လည်း ခေါင်းဆောင်
ဖြစ်သူအဆင်မပြေတာသိတော့အလိုက်သိလေးဆိတ်နေ၏။
"ချောင်းစပ်ကလယ်ကွင်းကိုမောင်း''
လင်းဆယူအသံပေးမှ လူသောသည်ခေါင်းကိုရိုရိုသေသေညိတ်ပြီး ကားစက်နှိုးသည်။ ထို့နောက် ဆန့်ကျင်ဘက်တွင်ခေါင်းလှည့်ထားသော ကားကိုကွေ့ပြီး ပြောသည့်နေရာကိုလူသောကတန်းမောင်းသည်။ အမှောင်တွေဖုံးလွှမ်းနေသဖြင့် လူသောကမျက်လုံးကိုသေချာအာရုံစိုက်ထားနေသည်။
"ဗိုလ်လင်းလုပ်ချင်တာတစ်ခုခုရှိနေလို့လား''
ဗိုလ်လင်းက တစ်နေရာကို ဖုန်းအဆက်မပြတ်ခေါ်နေတာကြောင့် လူသောမေးလိုက်ခြင်း။ မေးရခြင်းက တာပေါတို့လိုတမင်စပ်စုဖို့ ဝေဖန်ဖို့မဟုတ်။ လိုအပ်ရင်ကူညီပေးဖို့
အကြောင်းတရားကိုသိချင်ခြင်းသာဖြစ်သည်။
လင်းဆယူကမူ လူသောအမေးကိုကြားသော်လည်း
ချက်ချင်းအဖြေပြန်မပေးနိုင်။သူက ဖုန်းကိုပဲအာရုံစိုက်နေသည်။ ဘယ်လိုခေါ်ခေါ်ကိုင်သူမရှိသည့်နောက်မှာတော့ လင်းဆယူသည် ပင့်သက်ရှိုက်ပြီး ဖုန်းကိုတွေတွေလေးငေးနေတော့သည်။
"ငါ သူ့ကိုဘယ်သူမှရှာမတွေ့တဲ့နေရာတစ်ခုမှာဖွက်ထားချင်တယ် လူသော''
လင်းဆယူက ခေါင်းငုံ့လျက် ဖုန်းကိုငေးရက်နဲ့ပင်
တိုးလျလျနှင့် စိတ်ပင်ပန်းစွာပြောနေသည်။ လင်းဆယူသည် သူအမြဲဖမ်းယူထားတဲ့ ကမ္ဘာ့သတင်းchannel
တစ်ခုကို အသက်မဲ့နေသောမျက်ဝန်းများနှင့်အသက်မဲ့စွာကြည့်နေသည်။ သူချစ်တဲ့သူသည် ဝရမ်းထုတ်ခံထားရတဲ့
မူးယစ်ဆေးဖြန့်ဖြူးသူအဖြစ် သတင်းတစ်ခုတွင် မျက်နှာပြည့်ပြည့်စုံစုံနဲ့ပါ ထည့်သွင်းဖော်ပြခြင်းကိုခံနေရသည်။
လင်းဆယူ၏မျက်ရည်စက်တို့သည် ဖုန်းမျက်နှာပြင်ပေါ်ကိုတစ်စက်ပြီးတစ်စက်ခုန်ဆင်းလာသည်။
"ဒါကိုသူမြင်ခဲ့ရင်ခံနိုင်ရည်ရှိမှာမဟုတ်ဘူး
ငါ့ချစ်သူကအပြင်ပိုင်းသန်မာပေမယ့်စိတ်ပျော့တယ်''
လင်းဆယူသည်စကားတွေပြောနေသော်လည်း ဖုန်းကလွှဲဘာကိုမှမကြည့်။ လူသောကလည်း ခေါင်းဆောင်ဖြစ်သူကိုကြောင်တောင်တောင်နှင့်ကြည့်နေသည်။ နေလာတဲ့တစ်လျှောက် ဗိုလ်လင်းယခုလိုမျက်ရည်စီးချောင်းလိုက်ကြီးဆင်းတာ လူသောပထမဆုံးအကြိမ်မြင်ဖူးခြင်းသာ။
"ဗိုလ်လင်းဘာဖြစ်နေတာလဲမသိပေမယ့် ဗိုလ်လင်းလုပ်ချင်တာဘာမဆိုလုပ်ပါ ကျွန်တော်ကူညီဖို့အသင့်ပါပဲ''
ဗိုလ်လင်းဘာဖြစ်နေသလဲလူသောအမှန်တကယ်မသိ။
ဗိုလ်လင်းစိုက်ကြည့်နေတဲ့ဖုန်းကဆို ကမ္ဘာအရပ်ရပ်က
သတင်းတွေဖြစ်နေတာ။ ဒါကိုဗိုလ်လင်းက အသံတိတ်ကာငိုနေတော့ ဘေးကကြည့်နေသူမှာ ဦးနှောက်ခြောက်ချင်လာသလိုလို။ လုပ်ပေးနိုင်တာကကူညီဖို့သာတစ်ခုတည်းဖြစ်နေသည့်အခါ ဗိုလ်လင်းနှုတ်ခမ်းကအသံထွက်လာချိန်ကို လူသော စောင့်ရုံသာတတ်နိုင်သည်။
"တကယ်လို့သူရောက်လာခဲ့ရင် သူလက်ခံသည်ဖြစ်စေ
လက်မခံသည်ဖြစ်စေ ငါသူ့ကိုအတင်းခေါ်သွားမှာ ''
"ဒါဆိုဗိုလ်လင်းဘာဆက်လုပ်မလဲ သူဖုန်းမကိုင်တော့''
လိုအပ်သည့်တစ်ဖက်ကလက်မတွဲမှတော့ စိတ်ကူးတွေဟာ လက်တွေ့ဖြစ်မလာနိုင်တော့တာထုံးစံပင်။ လူသော
ခေါင်းဆောင်ဖြစ်သူကို ထိုင်ကြည့်ရင်းသနားလာသည်။
ဖုန်းဆက်တိုက်ခေါ်တာကိုမကိုင်သည့်တစ်ဖက်ကိုလည်း
စိတ်တိုချင်လာသည်။ ကိုယ်လေးစားရတဲ့လူကိုတစ်ဖက်ကအလေးမထားတာမြင်ရတော့ ခံပြင်းကြတာလူတိုင်းပဲထင်ပါရဲ့။
"ငါ အဲ့စိုက်ခင်းကိုသွားမယ်''
လင်းဆယူသည် ချုံတောဘက်မျက်နှာမူရင်း စိုက်ခင်းရှိရာကို ရည်မှန်းလျက်ပြောနေသည်။လူသောမှာတော့
အံ့သြသလို ထိတ်လန့်နေရသည်။ အခုဗိုလ်လင်းက
ရန်သူ့နယ်မြေထဲဝင်မယ်တဲ့လား။
"အန္တရာယ်များတယ်နော် ဗိုလ်လင်း ကျွန်တော်တို့စစ်ကူအရင်လှမ်းခေါ်ရဦးမှာလေ''
"မလိုဘူး လူသော မင်းမသွားရဲရင်နေခဲ့
ငါတစ်ယောက်တည်းသွားမယ်''
"သွားရဲတယ် သွားရဲတယ် သွားမယ် ဗိုလ်လင်း''
ခေါင်းဆောင်ကိုအန္တရာယ်တွင်းထဲတစ်ယောက်တည်းပေးမသွားနိုင်ပါ။ သေသေရှင်ရှင် ခေါင်းဆောင်ကိုကာကွယ်ပေးချင်တာကြောင့် လူသစ်လေးဖြစ်ပြီးစခန်းမှာအငယ်ဆုံးလည်းဖြစ်သည့် လူသောသည် ကားကိုချက်ချင်း
မောင်းလိုက်ပြန်သည်။ ထောက်လှမ်းထားတဲ့ စိုက်ခင်းကို
တစ်ခါမှမရောက်ဖူးသော်လည်း ပုံနှင့်တကွလမ်းကြားမှန်သမျှတွေကို သိထားပြီးသားမလို့ လူသောသည်
လင်းဆယူ ပြောစရာမလိုအောင်ပင် စိုက်ခင်းဆီကို
ပိုင်ပိုင်နိုင်နိုင်သွားနိုင်သည်။
"ငါ့ပုံတွေ့ခဲ့တဲ့တဲကိုတန်းမောင်း''
ထိုတဲဟာ ဥက္ကာတဲမှန်းလင်းဆယူသိသည်။ထို့ကြောင့်
စိုက်ခင်းအနားအရောက်တွင် လင်းဆယူက ခိုင်မှန်သောဆုံးဖြတ်ချက်တစ်ခုကိုပြတ်ပြတ်သားသားနဲ့ချလိုက်သည်။ ကားကတဲရှေ့ရောက်သွားရင်တော့ ဥက္ကာလည်း ထွက်လာမှာ ကျိန်းသေမို့။
စိုက်ခင်းမှာလည်းလုံခြုံရေးတွေရှိနေတာကြောင့်
လူသောသည် ကားမှန်တွေကိုအသေအချာအရင်တင်လိုက်သည်။အရှိန်နဲ့ဝင်လာတဲ့သူတို့ကိုတစ်ဖက်က ပစ်ခတ်နိုင်သည်။ကံကောင်းသည်မှာယူလာသည့်ကားက
ကျည်ကာနိုင်သည့်မှန်ပါသည်။သို့သော် တစ်ဖက်ကချက်ကောင်းကိုထိအောင်မပစ်နိုင်ဖို့ကသာအရေးကြီးသည်။
"စပြီနော် ဗိုလ်လင်း ''
"အင်း''
ရန်သူ့နယ်မြေထဲဝင်လာတယ်ဆိုတာ အင်မတန်မှမိုက်မဲ
သည့်လုပ်ရပ်။လင်းဆယူကတော့ဒါတွေဂရုမစိုက်တော့။
လောလောဆယ်သူဂရုစိုက်သည့်ဂရုတည်းသောအရာမှာ
ဥက္ကာသာဖြစ်သည်။ လူသောက ကားကိုစိုက်ခင်းထဲအရှိန်နဲ့မောင်းဝင်လိုက်သည့်အခါ စိုက်ခင်းကိုစောင့်ကြပ်နေတဲ့လုံခြုံရေးတွေက ကားနောက်ပြေးလိုက်ရင်းကားကိုသေနတ်နဲ့ချိန်ထားကြသည်။
"ဘယ်သူတွေလဲ''
ဆူညံ့လွန်းတဲ့ကားသံကြောင့် ဥက္ကာရဲ့အနီးဆုံးလူယုံကိုယ်ရံတော်Kက ခါးကြားကသေနတ်ကိုထုတ်ရင်းပြေးလာသည်။ လူသောသည် တဲရှေ့ရောက်သည်နှင့် ဟွန်းကို
တရစပ်တီးသည်။ ထို့ကြောင့် တဲထဲက ဥက္ကာသည်လည်း
အမြန်ထွက်လာသည်။ ဥက္ကာထွက်လာသည့်အခါမှာတော့
သူ့ကိုယ်ရံတော်တွေက သူ့အနားအမြန်ပြေးပြီးလုံခြုံရေးယူပေးသည်။
"မလိုဘူး မင်းတို့အားလုံးသေနတ်ချတော့''
ဥက္ကာသည် ကားထဲကလူဟာ မည်သူမှန်းသိသည်နှင့်
သူ့လူတွေကိုချက်ချင်းလက်နက်ချခိုင်းသည်။ အားလုံးက
ဥက္ကာအမိန့်ကိုနာခံပါသော်လည်း Kကတော့နာမခံ။ သူက
ကားထဲကထွက်လာသည့် လင်းဆယူကို သေနတ်နဲ့ဆက်ချိန်နေသည်။ လင်းဆယူကလည်း Kကိုအေးစက်စက်နဲ့ကြည့်နေသည်။
"K! ''
ဥက္ကာက လင်းဆယူနဖူးတည့်တည့်အားသေနတ်ချိန်ထားသည့် Kကို ပိတ်အော်သည်။ ဥက္ကာKကိုအတန်တန်မှာသည်။ သူ့ချစ်သူကိုဝေဖန်တာမကြိုက်မှန်း စွပ်စွဲတာ
မကြိုက်မှန်း ။ ယခုKကတော့ သူချစ်သူကိုသေနတ်နဲ့ချိန်ထားသည်။ ဒါ ဥက္ကာကို အလွန်အမင်းအမျက်ထွက်စေသည်။
လင်းဆယူသည်ကား Kကိုအေးစက်စက်ကြည့်မြဲကြည့်နေသည်။Kမျက်ဝန်းတွေဟာ ဥက္ကာအပေါ်မရိုးသားတာပေါ်လွင်နေသည်။ လင်းဆယူခံစားမိသည်။ဒီလူသည်
ဥက္ကာနဲ့သူ့ကြားတမင်ဝင်ရှုပ်ဖို့အစီစဥ်ရှိနေသည်။K က
လက်နက်ချမှ လင်းဆယူသည် Kဆီကမျက်နှာလွဲသည်။
"ဘာလို့ဖုန်းမကိုင်လဲဥက္ကာ''
လင်းဆယူမေးတော့ ဥက္ကာက Kကိုလှည့်ကြည့်သည်။
"ဖုန်းလာရင်ငါ့ဆီယူလာခဲ့လို့ပြောထားတယ်မဟုတ်လား
K''
"တောင်းပန်ပါတယ်ကိုဥက္ကာ ကျွန်တော်ရှုပ်နေတာနဲ့သတိမထားမိလို့ပါ''
Kက ဥက္ကာရှေ့ဦးညွှတ်ရင်း အနူးအညွှတ်တောင်းပန်နေသည်။ ကနဦးကပဲ သတင်းမှာပါလာသည့်သူ့အကြောင်းကို သူတွေ့ရသည့် ဥက္ကာအတွက် လောလောဆယ်ဘာဆိုဘာမှအလေးထားချင်စိတ်မရှိ။
ထို့ကြောင့် ဥက္ကာသည် Kတောင်းပန်တာကိုအလွယ်တကူပဲလက်ခံနေသည်။
လင်းဆယူကတော့ မျက်မှောင်ကုပ်သွားသည်။ Kတမင်
မကိုင်တာမှန်းသူသိသည်။ ကိုယ့်ဖုန်းကိုယ့်အနားမထားတဲ့ဥက္ကာကိုလည်း လင်းဆယူအလိုမကျဖြစ်လာသည်။
"ငါနဲ့ခဏလိုက်ခဲ့ ဥက္ကာ''
"ဘယ်ကိုလဲ ယူ''
"အရင်နေရာပဲ''
အရင်နေရာလို့ပြောသည်နှင့် ဥက္ကာကတန်းသိကာ ခေါင်းညိတ်သည်။ လယ်ကွင်းစိမ်းနဲ့ကုက္ကိုပင်သာလျှင်
နှစ်ယောက်လုံးအတွက်အမှတ်တရလေးမို့။ ဥက္ကာက
လင်းဆယူနောက်လိုက်ဖို့တွန့်မဆုတ်ဘဲ သူ့တဲထဲပြန်ဝင်ပြီး ဖုန်းနဲ့ကားသော့ကိုသွားယူလာသည်။
"သွားလို့မဖြစ်ဘူးနော် ကိုဥက္ကာ''
Kက ဥက္ကာရှေ့အမြန်ပိတ်ရပ်ပြီးတားသည်။ Kပုံစံမှာ
ဥက္ကာသားလိုရင်သူ့ကိုအရင်သတ်သွားရမလိုလို။ ဥက္ကာကမူ ဖွဖွပြုံးရင်း Kပခုံးကိုတစ်ချက်ပုတ်သည်။
"မင်းကမသိရင်ငါ့အဖေကျနေတာပဲနော် K ငါအတန်တန်ပြောပါတယ် မင်းချစ်ဖူးမှငါ့ကိုကိုယ်ချင်းစာတတ်လာ
လိမ့်မယ်လို့ ပြန်လာမှာမို့စိတ်မပူနဲ့ ''
"ဒါဆို ကျွန်တော်လိုက်ခဲ့မယ် ကိုဥက္ကာ''
ဘယ်လိုပြောပြောရမှာမဟုတ်တော့တဲ့အဆုံး ဥက္ကာ Kကို
လိုက်ခွင့်ပေးလိုက်ရသည်။ လင်းဆယူသည်ကား Kကို
ဥက္ကာရှေ့မှာတင်ခပ်တည်တည်စိုက်ကြည့်နေသည်။
လင်းဆယူ၏အကြည့်များတွင် Kကိုအလိုကျမှုတစ်စက်မှရှိမနေပါ။
ဥက္ကာကမူ သူ့ချစ်သူစိတ်အလိုမကျတာတွေ့တော့
ချက်ချင်းဆုံးဖြတ်ချက်ကိုပြောင်းပစ်နေသည်။
"မလိုက်နဲ့တော့ K. ငါပြီးရင်လှမ်းခေါ်မှာမို့ဖုန်းသာစောင့်နေ''
Kကထပ်ပြီးစောဒကတက်ချင်သေးသည်။သို့သော် ဥက္ကာက ကားပေါ်ကိုတက်သွားနေပြီမို့ K အခွင့်အရေးမရတော့ချေ။ လင်းဆယူကလည်းသူအလိုလိုက်ခံရတာတောင် ကျေနပ်မနေနိုင်သေးပင်။ သူက ကားပေါ်မတက်
ခင်အထိ Kကို အေးစက်စက် စိုက်ကြည့်သွားသေးသည်။
.
Greenleaf 🌿
ဇာတ်သိမ်းပါတော့မယ်💔💔💔
_____________________________
Unicode
Zawgyi
~~~~~~
Advertisement
- In Serial17 Chapters
Conspiracyland
A hardened full-time conspiracy theorist, Jones, finds himself in a timeline where everything seems to have gone wrong. Armed with the knowledge of a veteran internet shitposter and the power of paranoia, he sets out to break the conditioning. Join our heroes as they traverse an absurd world filled with mutant lizardmen, ufos, and nefarious secret organizations.
8 255 - In Serial101 Chapters
J`nk: Refuse Refuge
Jason is an ordinary teen that one day falls asleep in class. When he wakes up he finds himself abducted and naked in a dark room with masses of other humans. Thrust into a situation he was never prepared for he must survive and become a hero to one day make it back home.
8 70 - In Serial40 Chapters
Griffon's Fury!
During one usual evening, a boy was born. As if feeling it, ancient griffon opened his eyes from slumber. The skies trembled under the visions of the fire and blood. A beat appeared inside an egg. It was the prince who will restore the Empire. The fate drums have rung. The war and change were coming! Participant of Royal Road writathon What to expect from the novel: -Genius and careful MC -Detailed worldbuilding, serving to introduce the reader to the fantasy world -Some elements from the eastern cultivation genre -A steadfast focus on MC's story and his actions in his attempts to get stronger and unlock his memory.
8 153 - In Serial14 Chapters
Wrath of the chosen (DROPPED)
Wrath of the chosen follows Jon sizlash, a forensic pathologist that is brutally murdered by some hired guns. However instead of going to whatever awaits you after death, his soul is summoned by Rignath the god of entertainment, for the purpose of saving another world while bringing joy to the gods of the multiverse. Unsurprisingly Jon gets pissed and promises two things to Rignath; 1 that he will save the world, but he will do so using his methods and 2 that when he is done Rignath owes him any one favor. DROPPED
8 194 - In Serial8 Chapters
St. Truck-kun be with us protags! Tales of the isekai regiments of another world
A collection of cheerful and lighthearted stories of the guys who got yeeted to another world and their adventures in the armies of some country in said world. Y'all know what kind of stories I write...
8 129 - In Serial102 Chapters
Path to the Moon ✓
We are all simplydoing everything we canto find our chartedpath to the moon.© Copyright 2016 by Lily White. All rights reserved.
8 207

