《Sour Candy》part 18💔/1/
Advertisement
*Unicode*
၉ လပိုင်း ၄ ရက်နေ့။
ကောင်းကင်တခွင် တိမ်မဲတို့အံု့ဆိုင်းသည့်နေ့။
အချိန်အခါမဟုတ်ညို့တက်နေသည့် ကောင်းကင်ကြီးနှင့် လေအေးအေးတို့တိုက်ခတ်တိုးဝေးနေခြင်းကြောင့် ချမ်းစိမ့်စိမ့်။
ဝမ်းနည်းစရာကောင်းအောင်မှုိင်းပြနေသည့် ရာသီဥတုမှာ ဂျွန်တစ်ယောက် Darling လက်ဆွဲလို့ Coffee Cafe တစ်ခုသို့ရောက်လာခြင်း။ မပြုံးမရယ်မျက်နှာထားနဲ့ Darling ကဂျွန့်ကိုသာ စူးစိုက်၍ကြည့်နေသည်။ ဂျွန်ကတော့ အပြုံးရေးရေးလေးဖြင့်သာ။
တည်တန်းနေသော စိမ်းဖန့်ဖန့်မျက်ခံုးသားတေက ဂျွန့်သဘောကျရာ။ တင်းတင်းစေ့ထားသော လေးထောင့်သဏ္ဌာန်နှုတ်ခမ်းပါးမှ အနမ်းတေကို နင့်သဲစွာရရှိဖူးသလို ထိုနှုတ်ခမ်းပါးမှပဲ ရင်ကွဲအောင် ဓားတစ်ချောင်းလိုစကားလံုးတေဖြင့် ပုတ်ခတ်ခြင်းကိုခံခဲ့ဖူးသည်။ သားရဲတစ်ကောင်ရဲ့မျက်ဝန်းနဲ့ဆင်သည့် မျက်ဝန်းညိုညိုက ပုံဖော်မရတဲ့အမည်မသိခံစားချက်တေ ပါဝင်သောအကြည့်ဖြင့်ကြည့်တက်သလို ရွံ့ရှာမုန်းတီးတဲ့အကြည့်စူးတေလဲပစ်လွတ်တတ်သေးတာ။
ခပ်မြင့်မြင့်နှာတံဖျားထိပ်က မှည့်နက်လေးမှာ ဂျွန်ရူးပစ်ဖို့လံုလောက်သွားခဲ့ပြီလေ...။
မချစ်တက်တဲ့ လူသားကိုမှ မိုက်မိုက်ကန်းကန်းချစ်မိတဲ့ နှလုံးသားဟာလေ ရစရာမရှိအောင်ကို စုတ်ပြတ်သတ်ပြဲကွဲနေပြီ။ ချောရက်လှရက်သည့် အရာတေကသိပ်အန္တရာယ်များကြောင်း ဂျွန့် Darling ကသက်သေပြနေသည်ဗျ။
"ကော်ဖီသောက်ပြီးရင် ဆေးသောက်ရမှာ...ဆေးပါရဲ့လား"
ဂျွန့်အနက်ရောင်ကုတ်အရှည်အား ပြင်ဝတ်ပေးနေသည့် Darling ပံုရိပ်ကသိပ်နွေးထွေးတာပဲ။ ဂျွန်ဖြင့် ကြည်နူးလိုက်တာ
"Darling..."
"အင်း"
"မင်းကိုချစ်တယ်"
"............"
"မင်းမြင်ရဲ႕လား...ငါ့အချစ်တေကို"
ခေါင်းအသာငြိမ့်ပြီး ကြည်ကြည်လင်လင်ဖြစ်နေသောအသံလေးက လေနှင့်အတူ တိုးဝေ့လို့လာသည်။
"ကိုယ်ခံစားမိပါတယ်..."
ခံစားမိရံုလား မမြင်လေဘူးလား...။ နာကျင်ခြင်းသွေးစကပ်စွန်းနေတဲ့ အချစ်ထုထည်ကမင်းဘေး ကြီးကြီးမားမားကပ်တွယ်နေတာကိုမမြင်ဘူးလား။
တကယ်မင်းကိုအရှုံးပေးတယ္...။
"ဒီနေ့ဘာနေ့လဲသိလား...Darling"
မျက်ဝန်းထောင့်ကပ်ကာ စဥ်းစားနေပံုက သိပ်သေသပ်သော ပန်းချီကားထဲမှအမျိုးသားတစ်ဦးပမာ။
"အော်...4 ရက်နေ့လေ ကူး...ဒေစီခွဲစိတ်ဖို့နီးလာပြီပဲ"
ပြုံးရိပ်သန်းကာပီတိဖြာနေသည့် မင်းပံုရိပ်ကငါ့ကိုနာကျင်စေတယ် Darling။ ငါနဲ့ရှိချိန်မှာ သူမအကြောင်း သူမနဲ့ပတ်သတ်နဲ့မင်းမှတ်ဥာဏ်ကို ပျောက်ပေးပစ်လိုက်ချင်တယ်။ အထိမ်းမှတ်နေ့လေးတော့ မင်းမှတ်မိလောက်မယ်လို့ မျှော်လင့်မိတဲ့ငါ့အမှားပါ။
အရင်နှစ်တေကလဲသတိတရမရှိခဲ့ သလို ဒီနှစ်လည်းအလေးမထားနေတာ အဆန်းမှမဟုတ်လေပဲ။ ဒါကိုဘာလို့များ ရင်ထဲစို့တက်လာရသည်လဲ။ ထပ်သလဲလဲဖြစ်နေသည့် ထိုအရာတေနဲ့ အခုထက်ထိအသားမကျသေးသော ကိုယ့်ကိုယ်ကိုလည်းစိတ်ပျက်မိတာမှတအား...။
ဘာလို့များအထိမခံနိုင်အောင် နာကျင်တက်သည်အထိ ဒီလူသားကိုချစ်မိသွားရတာလဲ။
"ဟဟ.!..."
ဂျွန့်ရယ်သံခပ်ဟဟကြောင့် တွန့်ချိုးသောမျက်ခံုးတန်းတေဖြင့်စူးရဲရဲစိုက်ကြည့်လာသည့် Darling ကအလိုမကျစွာ။
"ဘာရယ်တာလဲ ကူး"
"အဟမ်း...တကယ်မသိတာလား Darling..."
ခေါင်းတစ်ချက်ငြိမ့်ပြလာသည့် Darling ကဂျွန့်စီကစကားသံတို့အား နားစွန့်နေဟန်။ Darling အားနင့်သဲသဲစိုက်ကြည့်ရင်း မျက်ရည်ကြည်ဝိုင်းလာသော မျက်ဝန်းကြောင့် လမ်းမဘက်သို့အကြည့်လွဲပစ်လိုက်ပြီ အက်ရှရှအသံအောက်စကားလံုးတို့ဟာအတုန်တုန်ရီရီ။
"Ha...Happy 4yrs Anni...Anniversary day ပါ Darling..."
အံ့ဩခြင်းမရှိ ပျော်ရွှင်ခြင်းမရှိသော Darling မျက်နှာဟာခန့်မှန်းရက်လွန်းပါရဲ့။ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း Darling ဟာအရှေ့မှကော်ဖီပူပူအား အေးအေးလူလူမှုတ်သောက်နေသည်။
အရေးမပါတဲ့နှစ်ပတ်လည်နေ့မှန်းသိပေမဲ့ ဟန်ဆောင်ပြီးပဲဖြစ်ဖြစ် ပြုံးပြလိမ့်မည်ထင်ထားတာ။ ဒီလူကရူးမိုက်ပြီး မျှော်လင့်မိပြန်တာ...ထပ်ပြီးရိုက်ချိုးရတာကလွဲ ငါမွန်းကြပ်ရတာလွဲ Darling မင်းကတော့ပံုမှန်လေးပဲ...နေနိုင်လိုက်တာ။
ဒီအရူးကလေ ဒီနေ့စကားတေအများကြီးပြောမှာမို့ မင်းနားထောင်ပေးရလိမ့်မယ် Darling။
"တစ်ဖတ်သတ်ချစ်ခြင်းတရားသာ ပါဝင်နေတဲ့ ဒီဆက်ဆံရေးက 4 နှစ်ဆိုတဲ့အချိန်အထိ ကြာသွားပြီပဲ...ဒီကြားထဲ ပြန်ထဖို့မရဲတဲ့အထိပြိုလှဲသွားခဲ့ပြီးပြီ..."
"ကူး.."
ဂျွန့်လက်အားအုပ်ကိုင်လာသည့် လက်ဝါးပြင်ကျယ်ကြီးပိုင်ရှင်အား ကြည့်ရင်း သက်ပြင်းအသာချကာ သဲ့သဲ့လေးပြုံးပြလိုက်မိသည်။
နာနေရင်ငိုမဲ့အစား ပြုံးပဲပြုံးထားလိုက်တော့တဲ့ အကျင့်ကို မင်းသဘောကျလိမ့်မယ်လို့ငါထင်မိတယ် Darling။ ဟော...ငါဟာလေသောက်မှတ်မရှိ ထပ်မျှော်လင့်မိပြန်ပြီ။
"နားထောင်ပေး...မတုန့်ပြန်ပဲ ဒီတိုင်းလေးပဲနားထောင်ပေးပါ Darling"
"ကောင်းပြီလေ"
"ဒီနှစ်တေအတွင်း ကပ်တွယ်လွန်းတဲ့ငါ့ကြောင့် မင်းလည်းပင်ပန်းနေရောပေါ့...အင်း...ငါလည်းသိပ်ပင်ပန်းတယ် မင်းကိုဆွဲထားရတာသိပ်ပင်ပန်းတယ် မင်းရဲ့ငါတစ်ယောက်နဲ့မရောင့်ရဲနိုင်တဲ့ ဇယားပေါင်းများစွာကို နားလည်ပေးရတာလဲ မောပန်းလွန်းလှပြီ...။"
"တောင်းပန်ပါတယ် ကူးငယ်"
"မဟုတ်တာ...ငါကအပြစ်မမြင်တာကိုဘာကြောင့်တောင်းပန်ရတာလဲ"
"ကိုယ်...ကိုယ်...."
"ရှူး!"
နှုတ်ခမ်းထက်ထိကပ်သွားသော ဂျွန်လက်ချောင်းလေး...။ ထိုလက်ချောင်းအားဆွဲယူကာ Darling ကသူ့မျက်နှာအားအုပ်ကိုင်စေသည်။
Darling ပိစိလေးချွဲရင် ဒီအရူးကမိုက်မိုက်ကန်းကန်းသဘောကျမိပြန်ရော။
"ငါပြောတာပဲနားထောင်ပါ"
"အွန်း အွန်း!"
"ငါလေမင်းကိုချစ်သလောက် သက်သေမရှိ ငါမလုပ်ထားတဲ့အရာတေကိုစွတ်စွဲလာရင်လေ ဒီနားကသိပ်နာတာပဲသိလား...။သိထားပေး ငါကဂျွန်ဂျောင်ဂု...မင်းတွဲဖို့အတောင်းခံခြင်းခံခဲ့ရတဲ့ အဖြူရောင်ကောင်လေး ။ ဝူလီထယ်မဟုတ်ဘူး...သူမရဲ့မောင် ဝူလီထယ်မဟုတ်ဘူး"
အခု အဖြူရောင် ဘာမှမသိခဲ့တဲ့ရိုးရိုးအအ
ကောင်လေးက မင်းကြောင့်အရောင်စံုနေပြီ။
ချစ်ခြင်းအရောင် နာကျင်ခြင်းအရောင် မွန်းကြပ်ခြင်းအရောင် စွတ်စွဲခံရခြင်းအရောင် တပ်မက်ခြင်းအရောင် ရူးမိုက်ခြင်းအရောင် မစင်ကြယ်ခြင်းအရောင်...မင်းဆိုးပေးတဲ့အရောင် မင်းကြောင့်စွန်းထင်းသွားရသောအရောင် ငါကလေ လောကကြီးမှာရှိမနေချင်လောက်အောင် အရောင်တေအတော့်ကိုစွန်းထင်းနေပြီ။
ငါကိုယ်တိုင်ဆိုးတဲ့ ချစ်ခြင်းအရောင်ကိုမင်းမြင်သာရဲ့လား။
"ကိုယ်...ကိုယ်မင်းကိုသဘောကျတာရော သိရဲ့လား"
"ဟင်..."
ကြားရသည့်စကားသံဩဩမှာ ဒီအရူးစက္ကန့်အနည်းအငယ်ငြိမ်ကျသွားမိသည်။ ဘေးပတ်ဝန်းကျင်ကိုလည်းသတိမရသလို ဘာအသံမှလည်းမကြားတော့ပေ။
*ကိုယ်မင်းကိုသဘောကျတာရော သိရဲ့လား* ဆိုတဲ့အသံကနားထဲတဝဲလည်လည်။ ရင်ဘတ်ထဲသိမ့်ခနဲ့ဖြစ်သွားသည့်တိုင် သဘောကျမှုလှုိင်းလေးဖြစ်သန်းသွားခြင်းမှာ ဂျွန်နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။
"သဘောကျတယ်..အပြစ်ကင်းကင်းရယ်မောတက်တဲ့မင်းပံုစံလေးကို တရှုံ့ရှုံ့ငိုရင်းနှာတံရဲရဲလေးဖြစ်သွားတဲ့ပံုရိပ်က သိပ်လှတယ်။ ကိုယ့္ကိုချစ်ကြောင်းဖွင့်ဟတဲ့ ရဲတင်းတင်းကောင်လေးက သဘောကျစရာသိပ်ကောင်းတယ်"
ဂျွန့်ဆံနွယ်အား နားရွက်ဖျားနီတာရဲလေးနောက်ပို့ပေးရင်း နူးညံ့ညံ့အဆိုမှာ ဂျွန်ဟာခေါင်းလေးငံု့ကျသွားတာ အရှက်သည်းသည်။
Darling သတ်ရင်သေတဲ့လူကို ဘယ်လိုတောင်သတ်နေရတာလဲ။ မင်းနူးညံ့ပြရင် ငါ့မှာနာကျင်မှုကိုမေ့ဖျောက်ပြီး မင်းအပါးခစားချင်စိတ်တေကတဖွားဖွား။ တော်ရံုပဲပြုစားပါ...ဒီထက်မရူးပါရစေနဲ့ကွာ...။
Advertisement
"အရှက်သည်းရင်လည်း မင်းကသိပ်လှတာ"
"တော် တော်တော့ Darling ငါ့ကိုမဖလစ်လည်း ငါကချစ်တယ်"
"မဖလစ်ပဲအတည်ပြောတာဆိုရင်ရော.......ချစ်ကြည့်ချင်တယ်"
"ဟမ်!...."
"ကိုယ်မင်းကိုချစ်ကြည့်ချင်တယ် ကူး"
"မရဘူး!!!!!"
Darling မျက်နှာထက်ကလက်အား ရုတ်ကာ အော်လိုက်သည့်အသံဟာကျယ်သွားသည်ထင်ပါရဲ့ ဆိုင်ထဲကလူတစ်ချို့လှည့်ကြည့်လာသည်။ ဂျွန့်အရှေ့ကလူကတော့ နားမလည်ခြင်းမျက်ဝန်းတို့ဖြင့် မျက်မှောင်ကြုတ်ကာကြည့်လာသည်။
ငြင်းလိုက်တာလား...။ နှလုံးသားခံစားချက်ကို သိအောင် ခက်ခက်ခဲခဲကြိုးစားထားပြီး ဖွင့်ပြောခဲ့တာအခုလိုငြင်းဖို့မှမဟုတ်လေပဲ။
"မချစ်ရဘူး!!...ငါ့ကိုမချစ်ရဘူး Darling!!"
"ကူးငယ်!......"
"အကြောင်းပြချက်မမေးနဲ့...ငါပဲမင်းကိုချစ်မှာ!"
ဘာကြောင့်လည်း ဘာလို့လဲ! ဒီလူကမင်းတားမှပိုလုပ်ချင်တဲ့ သောက်ကျင့်ရှိတာမသိလေရောလား။ ကိုယ်ကိုစိတ်ကုန်သွားတာလား...ကိုယ္ကမကောင်းခဲ့တာကို မင်းစိတ်ကုန်သင့်ပါတယ်...ဒါမဲ့တားလို့မရဘူး။
သူ့အလိုလိုဖြစ်လာမဲ့ ချစ်ခြင်းဆိုတဲ့ စိတ္တဇနာမ်ကတားဆီးလို့မှမရတာ။ ဖြစ်တည်စပြုနေတဲ့ ကိုယ့်အချစ်ကို ဖန်တီးတဲ့သူကမင်းလေကူး...မချစ်ပြတက်သူကို အချစ်ကြီးတဲ့မင်းကပဲ ချစ်ပံုချစ်နည်းသင်ပြပေးရမယ်။
ကိုယ့်စကားကိုအရင်လိုပဲ နားထောင်စမ်းပါကူး။
"မတရားဘူးမဟုတ်လား ကူး..."
"ဟုတ်တယ္...မတရားဘူး။ မင်းပြောခဲ့ဖူးသလို ငါကတကိုယ်ကောင်းသမား Darling။"
မလိုချင်တော့့သည့်အချစ်က ဂျွန့်အတွက်အသံုးမဝင်တော့။ နာကျင်ခံစားခဲ့ရသည့် ဝမ်းနည်းခြင်းတေကနည်းနည်းနှောနှော ပမာဏမှမဟုတ်လေပဲ။ စုတ်ပြတ်နှုံချာနေပြီ ဖြစ်သောနာကျင်ခြင်းတို့အသားကျနေသည့် နှလုံးသားကအချစ်ကို မခံစားတက်တော့ဘူး။ မခံစားချင်တော့တာဆိုပိုမှန်တာပေါ့။
တဖန်တလဲလဲသွေးစိမ်းရှင်ရှင်ထွက်ရသည့် ခံစားချက်က ချောက်နက်သဖွယ်ကြောက်ခမန်းလိ။
ဂျွန်ဟာ Darling ရဲ့မျက်ဆံနက်နက်တို့အား တသွေမသိမ်းစိုက်ကြည့်နေမိသည်။
သေမဲ့လူကိုချစ်ရင် မင်းနာကျင်ရမှာပေါ့။
ချစ်မယ္ဆိုရင်လည်း အစကတည်းကနာကျင်အောင်မလုပ်ခဲ့ပဲ ချစ်ပေးလိုက်သင့်တာ။ အခုငါမင်းရဲ့အချစ်ကိုမတောင်းေတာ့ဘူး။ မလိုချင်တော့ဘူး။
ဒီဘဝမချစ်ပေးခဲ့တဲ့မင်း နောင်ဘဝကြရင် ငါ့ကိုအများကြီးချစ်ပေးမယ်မဟုတ်လား Darling။
"မင်းကငါ့လူ...ငါ့အပိုင်နော်ကူး"
"ဟဟ...ဒါပေါ့ ငါကမင်းရဲ့လူပါ Darling "
"ကိုယ့္ Honey...ကိုယ်မင်းနဲ့လက်ထက်ချင်တယ်"
"ဟင်...."
"ကိုယ်နဲ့လိုက်ခဲ့"
ဆတ်ခနဲ ဆွဲခေါ်သွားသော Darling နောက်ဂျွန်ဟာရက်ကန်ရက်ကန်။
တဇွတ်ထိုးဆန်တဲ့ Darling အကျင့်ကို သဘောကျသည်မှန်သည်။ သို့သော်သူနေရာနှင့် သူပေါ့။
"ဘယ်လဲ Darling...ငါမလိုက်ချင်ဘူး"
"ဘုရားကျောင်း...ကိုယ်မင်းကိုအပိုင်ယူထားဖို့"
"သေချာလို့လား...ဒေစီယာ...ဆေးရံုပေါ်ကသူမကမင်းနဲ့ လက်ထက်ဖို့အများကြီးမျှော်လင့်ထားတာ မင်းသိတယ္မဟုတ်လား Darling...မင်းကအခုသူ့မောင်ကိုလက်ထက်ကြံနေတာ"
တွေဝေတုန့်ဆိုင်းသွားသော Darling မျက်ဝန်းတို့ကစောက်တည်ရာမရ။ စိတ်ရှုတ်ထွေးသွားဟန်။
မပြတ်မသားနဲ့ တဇွတ်ထိုးလုပ်ချင်သေးတာ မင်းသိပ်ဆိုးတာပဲ Darling။
"မင်းငါ့ကိုတကယ်လက်ထက်ချင်တာလား"
လျော့ရဲရဲအသံရဲ့အမေးကို ခေါင်းငြိမ့်ဖို့ရာ တာဝန်လေးသွားဟန် Darling ကဆေးရံုပေါ်ကသူမကြောင့်ပင္။
ဂျွန်သိပါတယ် တခဏတာအတ္တအတွက် ဂျွန့်ကိုပူလောင်စရာပေးနေတယ်ဆိုတာ။ အေးစိမ့်စိမ့်ရာသီဥတုမှာ သွေးထွက်ပူလောင်နေတဲ့ရင်ဘတ်ကြောင့် ချမ်းအေးချိန်တောင်မရှိခဲ့။
"လက်ထက် မလား Darling...မင်းရယ် ငါရယ် ဘယ်သူမှမရှိတဲ့နေရာကိုထွက်သွားပြီးတော့လေ...ဘယ်သူ့ကိုမှမငဲ့ပဲ သွားကြမလား"
"............"
"အချိန်နည်းနည်းပဲရှိတာ Darling...ဆေးရံုတက်နေရတဲ့သူမကို လက်လွတ်လိုက် ငါ့ကိုလက်ထက်ပြီးတစ်သက်လံုးငါနဲ့နေမလား...ဒါမှမဟုတ် ငါ့ကိုအဆံုးရှုံးခံပြီး သူမနဲ့ အိမ်ထောင်ပြုမှာလား"
နောက်ဆုံးမျှော်လင့်ချက်လေးပါ။ မင်းသာချစ်ချင်တာအမှန်ဆို ငါ့ကိုရွေးလိမ့်မယ်။ သူမကိုရွေးရင် ငါက နှင်းမှုန်တို့အရည်ပျော်သလို သေဆုံးခြင်းကြောင့် ပျောက်ကွယ်သွားလိမ့်မယ်။ ငါ့ကိုရွေးခဲ့ရင် သူမဆေးကောင်းကောင်းကုသပြီးအခြေအနေပြန်ကောင်းလာလိမ့်မယ်။
ဝေ့သီနေသောမျက်ရည်စတို့ဟာ နှစ်ယောက်လံုး၏မျက်ဝန်း၌။
ငါလေ မင်းကိုစိတ်ရှုပ်အောင်လုပ်မိလို့ ငါ့ကိုယ်ငါမုန်းလိုက်တာ Darling။ ဒါမဲ့ နောက်ဆုံးမေးခွန်းမို့ဖြေပါ။
အတန်ကြာအေးစက်စက်လေးထုသာကြီးစိုးသည့် လေထု။ ဆောင်းလေကြောင့် လက်နှစ်ဖက်ပိုက်ကာ ပုခံုးသားတို့အားပွတ်နေသော ဂျွန့်ထံ ပြင်းရှရှကိုယ်သင်းနံ့စွဲကပ်နေသော အညိုရောင် လက်ရှည်ကုတ်ဟာလွှားခနဲ။
မျက်ဝန်းတို့အောက်စိုက်ရင်း ပြောလာသည့်စကားမှာ ဂျွန့်မျက်ရည်ဟာ ထို့သူ့ ခြေဖမိုးထံသို့ ပေါက်ခနဲ။
"တောင်းပန်ပါတယ်...ကိုယ်တောင်းပန်ပါတယ်"
သင်တန်းက ပရောဂျက်တစ်ခုကြောင့်နောက်ကျသွားတယ်
စာလုံးပေါင်းမစစ်ထားတာမို့ အမှားပါရင်ခွင့်လွတ်ပေးကြပါဗျာ
Thanks for your vote 🌟
Love you all❤
************
*Zawgyi*
၉ လပိုင္း ၄ ရက္ေန႕။
ေကာင္းကင္တခြင္ တိမ်မဲတို့အံု့ဆိုင်းသည့်နေ့။
အခ်ိန္အခါမဟုတ္ညို႔တက္ေနသည့္ ေကာင္းကင္ႀကီးႏွင့္ ေလေအးေအးတို႔တိုက္ခတ္တိုးေဝးေနျခင္းေၾကာင့္ ခ်မ္းစိမ့္စိမ့္။
ဝမ်းနည်းစရာကောင်းအောင်မှုိင်းပြနေသည့် ရာသီဥတုမွာ ဂြၽန္တစ္ေယာက္ Darling လက္ဆြဲလို႔ Coffee Cafe တစ္ခုသို႔ေရာက္လာျခင္း။ မၿပဳံးမရယ္မ်က္ႏွာထားနဲ႕ Darling ကဂြၽန့္ကိုသာ စူးစိုက္၍ၾကည့္ေနသည္။ ဂြၽန္ကေတာ့ အၿပဳံးေရးေရးေလးျဖင့္သာ။
တည္တန္းေနေသာ စိမ်းဖန့်ဖန့်မျက်ခံုးသားတေက ဂြၽန့္သေဘာက်ရာ။ တင္းတင္းေစ့ထားေသာ ေလးေထာင့္သဏၭာန္ႏႈတ္ခမ္းပါးမွ အနမ္းေတကို နင့္သဲစြာရရွိဖူးသလို ထိုႏႈတ္ခမ္းပါးမွပဲ ရင္ကြဲေအာင္ ဓားတစ်ချောင်းလိုစကားလံုးတေဖြင့် ပုတ္ခတ္ျခင္းကိုခံခဲ့ဖူးသည္။ သားရဲတစ္ေကာင္ရဲ႕မ်က္ဝန္းနဲ႕ဆင္သည့္ မ်က္ဝန္းညိုညိုက ပုံေဖာ္မရတဲ့အမည္မသိခံစားခ်က္ေတ ပါဝင္ေသာအၾကည့္ျဖင့္ၾကည့္တက္သလို ႐ြံ႕ရွာမုန္းတီးတဲ့အၾကည့္စူးေတလဲပစ္လြတ္တတ္ေသးတာ။
ခပ္ျမင့္ျမင့္ႏွာတံဖ်ားထိပ္က မွည့္နက္ေလးမွာ ဂျွန်ရူးပစ်ဖို့လံုလောက်သွားခဲ့ပြီလေ...။
မခ်စ္တက္တဲ့ လူသားကိုမွ မိုက္မိုက္ကန္းကန္းခ်စ္မိတဲ့ ႏွလုံးသားဟာေလ ရစရာမရွိေအာင္ကို စုတ္ျပတ္သတ္ၿပဲကြဲေနၿပီ။ ေခ်ာရက္လွရက္သည့္ အရာေတကသိပ္အႏၱရာယ္မ်ားေၾကာင္း ဂြၽန့္ Darling ကသက္ေသျပေနသည္ဗ်။
"ေကာ္ဖီေသာက္ၿပီးရင္ ေဆးေသာက္ရမွာ...ေဆးပါရဲ႕လား"
ဂြၽန့္အနက္ေရာင္ကုတ္အရွည္အား ျပင္ဝတ္ေပးေနသည့္ Darling ပံုရိပ်ကသိပ်နွေးထွေးတာပဲ။ ဂြၽန္ျဖင့္ ၾကည္ႏူးလိုက္တာ
"Darling..."
"အင္း"
"မင္းကိုခ်စ္တယ္"
"............"
"မင်းမြင်ရဲ႕လား...ငါ့အခ်စ္ေတကို"
ေခါင္းအသာၿငိမ့္ၿပီး ၾကည္ၾကည္လင္လင္ျဖစ္ေနေသာအသံေလးက ေလႏွင့္အတူ တိုးေဝ့လို႔လာသည္။
"ကိုယ္ခံစားမိပါတယ္..."
ခံစားမိရံုလား မျမင္ေလဘူးလား...။ နာက်င္ျခင္းေသြးစကပ္စြန္းေနတဲ့ အခ်စ္ထုထည္ကမင္းေဘး ႀကီးႀကီးမားမားကပ္တြယ္ေနတာကိုမျမင္ဘူးလား။
တကယ်မင်းကိုအရှုံးပေးတယ္...။
Advertisement
"ဒီေန႕ဘာေန႕လဲသိလား...Darling"
မ်က္ဝန္းေထာင့္ကပ္ကာ စဥ်းစားနေပံုက သိပ္ေသသပ္ေသာ ပန္းခ်ီကားထဲမွအမ်ိဳးသားတစ္ဦးပမာ။
"ေအာ္...4 ရက္ေန႕ေလ ကူး...ေဒစီခြဲစိတ္ဖို႔နီးလာၿပီပဲ"
ၿပဳံးရိပ္သန္းကာပီတိျဖာေနသည့္ မင်းပံုရိပ်ကငါ့ကိုနာကျင်စေတယ် Darling။ ငါနဲ႕ရွိခ်ိန္မွာ သူမအေၾကာင္း သူမနဲ႕ပတ္သတ္နဲ႕မင္းမွတ္ဥာဏ္ကို ေပ်ာက္ေပးပစ္လိုက္ခ်င္တယ္။ အထိမ္းမွတ္ေန႕ေလးေတာ့ မင္းမွတ္မိေလာက္မယ္လို႔ ေမွ်ာ္လင့္မိတဲ့ငါ့အမွားပါ။
အရင္ႏွစ္ေတကလဲသတိတရမရွိခဲ့ သလို ဒီႏွစ္လည္းအေလးမထားေနတာ အဆန္းမွမဟုတ္ေလပဲ။ ဒါကိုဘာလို႔မ်ား ရင္ထဲစို႔တက္လာရသည္လဲ။ ထပ္သလဲလဲျဖစ္ေနသည့္ ထိုအရာေတနဲ႕ အခုထက္ထိအသားမက်ေသးေသာ ကိုယ့္ကိုယ္ကိုလည္းစိတ္ပ်က္မိတာမွတအား...။
ဘာလို႔မ်ားအထိမခံနိုင္ေအာင္ နာက်င္တက္သည္အထိ ဒီလူသားကိုခ်စ္မိသြားရတာလဲ။
"ဟဟ.!..."
ဂြၽန့္ရယ္သံခပ္ဟဟေၾကာင့္ တွန့်ချိုးသောမျက်ခံုးတန်းတေဖြင့်စူးရဲရဲစိုက်ကြည့်လာသည့် Darling ကအလိုမက်စြာ။
"ဘာရယ္တာလဲ ကူး"
"အဟမ္း...တကယ္မသိတာလား Darling..."
ေခါင္းတစ္ခ်က္ၿငိမ့္ျပလာသည့္ Darling ကဂြၽန့္စီကစကားသံတို႔အား နားစြန့္ေနဟန္။ Darling အားနင့္သဲသဲစိုက္ၾကည့္ရင္း မ်က္ရည္ၾကည္ဝိုင္းလာေသာ မ်က္ဝန္းေၾကာင့္ လမ္းမဘက္သို႔အၾကည့္လြဲပစ္လိုက္ၿပီ အက်ရှရှအသံအောက်စကားလံုးတို့ဟာအတုန်တုန်ရီရီ။
"Ha...Happy 4yrs Anni...Anniversary day ပါ Darling..."
အံ့ဩျခင္းမရွိ ေပ်ာ္႐ႊင္ျခင္းမရွိေသာ Darling မ်က္ႏွာဟာခန့္မွန္းရက္လြန္းပါရဲ႕။ ေခါင္းတဆတ္ဆတ္ၿငိမ့္ရင္း Darling ဟာအေရွ႕မွေကာ္ဖီပူပူအား ေအးေအးလူလူမႈတ္ေသာက္ေနသည္။
အေရးမပါတဲ့ႏွစ္ပတ္လည္ေန႕မွန္းသိေပမဲ့ ဟန္ေဆာင္ၿပီးပဲျဖစ္ျဖစ္ ၿပဳံးျပလိမ့္မည္ထင္ထားတာ။ ဒီလူက႐ူးမိုက္ၿပီး ေမွ်ာ္လင့္မိျပန္တာ...ထပ္ၿပီးရိုက္ခ်ိဳးရတာကလြဲ ငါမြန္းၾကပ္ရတာလြဲ Darling မင်းကတော့ပံုမှန်လေးပဲ...ေနနိုင္လိုက္တာ။
ဒီအ႐ူးကေလ ဒီေန႕စကားေတအမ်ားႀကီးေျပာမွာမို႔ မင္းနားေထာင္ေပးရလိမ့္မယ္ Darling။
"တစ္ဖတ္သတ္ခ်စ္ျခင္းတရားသာ ပါဝင္ေနတဲ့ ဒီဆက္ဆံေရးက 4 ႏွစ္ဆိုတဲ့အခ်ိန္အထိ ၾကာသြားၿပီပဲ...ဒီၾကားထဲ ျပန္ထဖို႔မရဲတဲ့အထိၿပိဳလွဲသြားခဲ့ၿပီးၿပီ..."
"ကူး.."
ဂြၽန့္လက္အားအုပ္ကိုင္လာသည့္ လက္ဝါးျပင္က်ယ္ႀကီးပိုင္ရွင္အား ၾကည့္ရင္း သက္ျပင္းအသာခ်ကာ သဲ့သဲ့ေလးၿပဳံးျပလိုက္မိသည္။
နာေနရင္ငိုမဲ့အစား ၿပဳံးပဲၿပဳံးထားလိုက္ေတာ့တဲ့ အက်င့္ကို မင္းသေဘာက်လိမ့္မယ္လို႔ငါထင္မိတယ္ Darling။ ေဟာ...ငါဟာေလေသာက္မွတ္မရွိ ထပ္ေမွ်ာ္လင့္မိျပန္ၿပီ။
"နားေထာင္ေပး...မတုန့္ျပန္ပဲ ဒီတိုင္းေလးပဲနားေထာင္ေပးပါ Darling"
"ေကာင္းၿပီေလ"
"ဒီႏွစ္ေတအတြင္း ကပ္တြယ္လြန္းတဲ့ငါ့ေၾကာင့္ မင္းလည္းပင္ပန္းေနေရာေပါ့...အင္း...ငါလည္းသိပ္ပင္ပန္းတယ္ မင္းကိုဆြဲထားရတာသိပ္ပင္ပန္းတယ္ မင္းရဲ႕ငါတစ္ေယာက္နဲ႕မေရာင့္ရဲနိုင္တဲ့ ဇယားေပါင္းမ်ားစြာကို နားလည္ေပးရတာလဲ ေမာပန္းလြန္းလွၿပီ...။"
"ေတာင္းပန္ပါတယ္ ကူးငယ္"
"မဟုတ္တာ...ငါကအျပစ္မျမင္တာကိုဘာေၾကာင့္ေတာင္းပန္ရတာလဲ"
"ကိုယ္...ကိုယ္...."
"ရႉး!"
ႏႈတ္ခမ္းထက္ထိကပ္သြားေသာ ဂြၽန္လက္ေခ်ာင္းေလး...။ ထိုလက္ေခ်ာင္းအားဆြဲယူကာ Darling ကသူ႕မ်က္ႏွာအားအုပ္ကိုင္ေစသည္။
Darling ပိစိေလးခြၽဲရင္ ဒီအ႐ူးကမိုက္မိုက္ကန္းကန္းသေဘာက်မိျပန္ေရာ။
"ငါေျပာတာပဲနားေထာင္ပါ"
"အြန္း အြန္း!"
"ငါေလမင္းကိုခ်စ္သေလာက္ သက္ေသမရွိ ငါမလုပ္ထားတဲ့အရာေတကိုစြတ္စြဲလာရင္ေလ ဒီနားကသိပ္နာတာပဲသိလား...။သိထားေပး ငါကဂြၽန္ေဂ်ာင္ဂု...မင္းတြဲဖို႔အေတာင္းခံျခင္းခံခဲ့ရတဲ့ အျဖဴေရာင္ေကာင္ေလး။ ဝူလီထယ္မဟုတ္ဘူး...သူမရဲ႕ေမာင္ ဝူလီထယ္မဟုတ္ဘူး"
အခု အျဖဴေရာင္ ဘာမွမသိခဲ့တဲ့ရိုးရိုးအအ
ေကာင္ေလးက မင်းကြောင့်အရောင်စံုနေပြီ။
ခ်စ္ျခင္းအေရာင္ နာက်င္ျခင္းအေရာင္ မြန္းၾကပ္ျခင္းအေရာင္ စြတ္စြဲခံရျခင္းအေရာင္ တပ္မက္ျခင္းအေရာင္ ႐ူးမိုက္ျခင္းအေရာင္ မစင္ၾကယ္ျခင္းအေရာင္...မင္းဆိုးေပးတဲ့အေရာင္ မင္းေၾကာင့္စြန္းထင္းသြားရေသာအေရာင္ ငါကေလ ေလာကႀကီးမွာရွိမေနခ်င္ေလာက္ေအာင္ အေရာင္ေတအေတာ့္ကိုစြန္းထင္းေနၿပီ။
ငါကိုယ္တိုင္ဆိုးတဲ့ ခ်စ္ျခင္းအေရာင္ကိုမင္းျမင္သာရဲ႕လား။
"ကိုယ္...ကိုယ္မင္းကိုသေဘာက်တာေရာ သိရဲ႕လား"
"ဟင္..."
ၾကားရသည့္စကားသံဩဩမွာ ဒီအ႐ူးစကၠန့္အနည္းအငယ္ၿငိမ္က်သြားမိသည္။ ေဘးပတ္ဝန္းက်င္ကိုလည္းသတိမရသလို ဘာအသံမွလည္းမၾကားေတာ့ေပ။
*ကိုယ္မင္းကိုသေဘာက်တာေရာ သိရဲ႕လား* ဆိုတဲ့အသံကနားထဲတဝဲလည္လည္။ ရင္ဘတ္ထဲသိမ့္ခနဲ႕ျဖစ္သြားသည့္တိုင္ သဘောကျမှုလှုိင်းလေးဖြစ်သန်းသွားခြင်းမှာ ဂြၽန္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးလိုက္မိသည္။
"သေဘာက်တယ္..အပြစ်ကင်းကင်းရယ်မောတက်တဲ့မင်းပံုစံလေးကို တရှုံ့ရှုံ့ငိုရင်းနှာတံရဲရဲလေးဖြစ်သွားတဲ့ပံုရိပ်က သိပ္လွတယ္။ ကိုယ့္ကိုချစ်ကြောင်းဖွင့်ဟတဲ့ ရဲတင္းတင္းေကာင္ေလးက သေဘာက်စရာသိပ္ေကာင္းတယ္"
ဂြၽန့္ဆံႏြယ္အား နား႐ြက္ဖ်ားနီတာရဲေလးေနာက္ပို႔ေပးရင္း ႏူးညံ့ညံ့အဆိုမွာ ဂျွန်ဟာခေါင်းလေးငံု့ကျသွားတာ အရွက္သည္းသည္။
Darling သတ္ရင္ေသတဲ့လူကို ဘယ္လိုေတာင္သတ္ေနရတာလဲ။ မင္းႏူးညံ့ျပရင္ ငါ့မွာနာက်င္မႈကိုေမ့ေဖ်ာက္ၿပီး မင္းအပါးခစားခ်င္စိတ္ေတကတဖြားဖြား။ တော်ရံုပဲပြုစားပါ...ဒီထက္မ႐ူးပါရေစနဲ႕ကြာ...။
"အရွက္သည္းရင္လည္း မင္းကသိပ္လွတာ"
"ေတာ္ ေတာ္ေတာ့ Darling ငါ့ကိုမဖလစ္လည္း ငါကခ်စ္တယ္"
"မဖလစ္ပဲအတည္ေျပာတာဆိုရင္ေရာ.......ခ်စ္ၾကည့္ခ်င္တယ္"
"ဟမ္!...."
"ကိုယ္မင္းကိုခ်စ္ၾကည့္ခ်င္တယ္ ကူး"
"မရဘူး!!!!!"
Darling မ်က္ႏွာထက္ကလက္အား ႐ုတ္ကာ ေအာ္လိုက္သည့္အသံဟာက်ယ္သြားသည္ထင္ပါရဲ႕ ဆိုင္ထဲကလူတစ္ခ်ိဳ႕လွည့္ၾကည့္လာသည္။ ဂြၽန့္အေရွ႕ကလူကေတာ့ နားမလည္ျခင္းမ်က္ဝန္းတို႔ျဖင့္ မ်က္ေမွာင္ၾကဳတ္ကာၾကည့္လာသည္။
ျငင္းလိုက္တာလား...။ ႏွလုံးသားခံစားခ်က္ကို သိေအာင္ ခက္ခက္ခဲခဲႀကိဳးစားထားၿပီး ဖြင့္ေျပာခဲ့တာအခုလိုျငင္းဖို႔မွမဟုတ္ေလပဲ။
"မခ်စ္ရဘူး!!...ငါ့ကိုမခ်စ္ရဘူး Darling!!"
"ကူးငယ္!......"
"အေၾကာင္းျပခ်က္မေမးနဲ႕...ငါပဲမင္းကိုခ်စ္မွာ!"
ဘာေၾကာင့္လည္း ဘာလို႔လဲ! ဒီလူကမင္းတားမွပိုလုပ္ခ်င္တဲ့ ေသာက္က်င့္ရွိတာမသိေလေရာလား။ ကိုယ္ကိုစိတ္ကုန္သြားတာလား...ကိုယၠမေကာင္းခဲ့တာကို မင္းစိတ္ကုန္သင့္ပါတယ္...ဒါမဲ့တားလို႔မရဘူး။
သူ႕အလိုလိုျဖစ္လာမဲ့ ခ်စ္ျခင္းဆိုတဲ့ စိတၱဇနာမ္ကတားဆီးလို႔မွမရတာ။ ျဖစ္တည္စျပဳေနတဲ့ ကိုယ့္အခ်စ္ကို ဖန္တီးတဲ့သူကမင္းေလကူး...မခ်စ္ျပတက္သူကို အခ်စ္ႀကီးတဲ့မင္းကပဲ ချစ်ပံုချစ်နည်းသင်ပြပေးရမယ်။
ကိုယ့္စကားကိုအရင္လိုပဲ နားေထာင္စမ္းပါကူး။
"မတရားဘူးမဟုတ္လား ကူး..."
"ဟုတ်တယ္...မတရားဘူး။ မင္းေျပာခဲ့ဖူးသလို ငါကတကိုယ္ေကာင္းသမား Darling။"
မလိုခ်င္ေတာ့့သည့္အခ်စ္က ဂျွန့်အတွက်အသံုးမဝင်တော့။ နာက်င္ခံစားခဲ့ရသည့္ ဝမ္းနည္းျခင္းေတကနည္းနည္းႏွောႏွော ပမာဏမွမဟုတ္ေလပဲ။ စုတ္ျပတ္ႏႈံခ်ာေနၿပီ ျဖစ္ေသာနာက်င္ျခင္းတို႔အသားက်ေနသည့္ ႏွလုံးသားကအခ်စ္ကို မခံစားတက္ေတာ့ဘူး။ မခံစားခ်င္ေတာ့တာဆိုပိုမွန္တာေပါ့။
တဖန္တလဲလဲေသြးစိမ္းရွင္ရွင္ထြက္ရသည့္ ခံစားခ်က္က ေခ်ာက္နက္သဖြယ္ေၾကာက္ခမန္းလိ။
ဂြၽန္ဟာ Darling ရဲ႕မ်က္ဆံနက္နက္တို႔အား တေသြမသိမ္းစိုက္ၾကည့္ေနမိသည္။
ေသမဲ့လူကိုခ်စ္ရင္ မင္းနာက်င္ရမွာေပါ့။
ခ်စ္မယ္ဆိုရင္လည္း အစကတည္းကနာက်င္ေအာင္မလုပ္ခဲ့ပဲ ခ်စ္ေပးလိုက္သင့္တာ။ အခုငါမင်းရဲ့အချစ်ကိုမတောင်းေတာ့ဘူး။ မလိုခ်င္ေတာ့ဘူး။
ဒီဘဝမခ်စ္ေပးခဲ့တဲ့မင္း ေနာင္ဘဝၾကရင္ ငါ့ကိုအမ်ားႀကီးခ်စ္ေပးမယ္မဟုတ္လား Darling။
"မင္းကငါ့လူ...ငါ့အပိုင္ေနာ္ကူး"
"ဟဟ...ဒါေပါ့ ငါကမင္းရဲ႕လူပါ Darling "
"ကိုယ့္ Honey...ကိုယ္မင္းနဲ႕လက္ထက္ခ်င္တယ္"
"ဟင္...."
"ကိုယ္နဲ႕လိုက္ခဲ့"
ဆတ္ခနဲ ဆြဲေခၚသြားေသာ Darling ေနာက္ဂြၽန္ဟာရက္ကန္ရက္ကန္။
တဇြတ္ထိုးဆန္တဲ့ Darling အက်င့္ကို သေဘာက်သည္မွန္သည္။ သို႔ေသာ္သူေနရာႏွင့္ သူေပါ့။
"ဘယ္လဲ Darling...ငါမလိုက္ခ်င္ဘူး"
"ဘုရားေက်ာင္း...ကိုယ္မင္းကိုအပိုင္ယူထားဖို႔"
"ေသခ်ာလို႔လား...ေဒစီယာ...ဆေးရံုပေါ်ကသူမကမင်းနဲ့ လက္ထက္ဖို႔အမ်ားႀကီးေမွ်ာ္လင့္ထားတာ မင္းသိတယၼဟုတ္လား Darling...မင္းကအခုသူ႕ေမာင္ကိုလက္ထက္ႀကံေနတာ"
ေတြေဝတုန့္ဆိုင္းသြားေသာ Darling မ်က္ဝန္းတို႔ကေစာက္တည္ရာမရ။ စိတ္ရႈတ္ေထြးသြားဟန္။
မျပတ္မသားနဲ႕ တဇြတ္ထိုးလုပ္ခ်င္ေသးတာ မင္းသိပ္ဆိုးတာပဲ Darling။
"မင္းငါ့ကိုတကယ္လက္ထက္ခ်င္တာလား"
ေလ်ာ့ရဲရဲအသံရဲ႕အေမးကို ေခါင္းၿငိမ့္ဖို႔ရာ တာဝန္ေလးသြားဟန္ Darling ကဆေးရံုပေါ်ကသူမကြောင့်ပင္။
ဂြၽန္သိပါတယ္ တခဏတာအတၱအတြက္ ဂြၽန့္ကိုပူေလာင္စရာေပးေနတယ္ဆိုတာ။ ေအးစိမ့္စိမ့္ရာသီဥတုမွာ ေသြးထြက္ပူေလာင္ေနတဲ့ရင္ဘတ္ေၾကာင့္ ခ်မ္းေအးခ်ိန္ေတာင္မရွိခဲ့။
"လက္ထက္ မလား Darling...မင္းရယ္ ငါရယ္ ဘယ္သူမွမရွိတဲ့ေနရာကိုထြက္သြားၿပီးေတာ့ေလ...ဘယ္သူ႕ကိုမွမငဲ့ပဲ သြားၾကမလား"
"............"
"အခ်ိန္နည္းနည္းပဲရွိတာ Darling...ဆေးရံုတက်နေရတဲ့သူမကို လက္လြတ္လိုက္ ငါ့ကိုလက်ထက်ပြီးတစ်သက်လံုးငါနဲ့နေမလား...ဒါမွမဟုတ္ ငါ့ကိုအဆံုးရှုံးခံပြီး သူမနဲ႕ အိမ္ေထာင္ျပဳမွာလား"
ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ေလးပါ။ မင္းသာခ်စ္ခ်င္တာအမွန္ဆို ငါ့ကိုေ႐ြးလိမ့္မယ္။ သူမကိုေ႐ြးရင္ ငါက ႏွင္းမႈန္တို႔အရည္ေပ်ာ္သလို ေသဆုံးျခင္းေၾကာင့္ ေပ်ာက္ကြယ္သြားလိမ့္မယ္။ ငါ့ကိုေ႐ြးခဲ့ရင္ သူမေဆးေကာင္းေကာင္းကုသၿပီးအေျခအေနျပန္ေကာင္းလာလိမ့္မယ္။
ေဝ့သီေနေသာမ်က္ရည္စတို႔ဟာ နှစ်ယောက်လံုး၏မျက်ဝန်း၌။
ငါေလ မင္းကိုစိတ္ရႈပ္ေအာင္လုပ္မိလို႔ ငါ့ကိုယ္ငါမုန္းလိုက္တာ Darling။ ဒါမဲ့ ေနာက္ဆုံးေမးခြန္းမို႔ေျဖပါ။
အတန္ၾကာေအးစက္စက္ေလးထုသာႀကီးစိုးသည့္ ေလထု။ ေဆာင္းေလေၾကာင့္ လက္ႏွစ္ဖက္ပိုက္ကာ ပုခံုးသားတို့အားပွတ်နေသော ဂြၽန့္ထံ ျပင္းရွရွကိုယ္သင္းနံ႕စြဲကပ္ေနေသာ အညိုေရာင္ လက္ရွည္ကုတ္ဟာလႊားခနဲ။
မ်က္ဝန္းတို႔ေအာက္စိုက္ရင္း ေျပာလာသည့္စကားမွာ ဂြၽန့္မ်က္ရည္ဟာ ထို႔သူ႕ ေျခဖမိုးထံသို႔ ေပါက္ခနဲ။
"ေတာင္းပန္ပါတယ္...ကိုယ္ေတာင္းပန္ပါတယ္"
Advertisement
- In Serial19 Chapters
Meanwhile at the Withershins Inn...
What happens when you mix one drunk fairy godmother with a multitude of blue cocktails, add a stubborn barmaid with a unique taste in adventures, and filter it all through a sarcastic narrator who can't seem to keep themselves out of the story? A delightfully snarky fairytale quest with more than one utterly dreadful pun.
8 142 - In Serial10 Chapters
Chapter and Verse
Anu dreamed of escaping the mining town, running away to the city of Verse. With no skill for the sword, and absolutely no talent in magic, she set about learning to forge magical circuits. The one thing she could do that would get her into the Academy. She was crushed to learn that it wasn’t enough. Without money, or connections, she would need to find a loop-hole in the entrance examinations, or worse, spend another four years trapped in the mountains. After scouring the regulations, she’d found a way to leave: she would have to contract a beast. Anu hadn’t much mana to offer, but with no other options she stormed into the forest nearby, hoping to contract a beast.
8 135 - In Serial197 Chapters
Shards of Old
Who would’ve thought that a disaster would shape the world for better? That’s what some people thought about the not-so-recent events that brought magic to our world once more. Too bad I did not have much time to appreciate it. Thanks to my stupidity and arrogance, I lost my friends, my job, and more importantly, brought yet another calamity onto the world. A story of one of the remnants of decimated civilization, tossed to some unfamiliar place, trying to understand the aftermath of his decisions.
8 283 - In Serial25 Chapters
Caveship
Nicholas Mason is a fairly average teenager from the small town of Aberdeen, Washington, in his final year of high school. When an earthquake awakens him at a senior party he attends with his two closest friends, they find themselves face-to-face with a powerful starship created by an ancient civilization - a Caveship. Taken aboard against their will, Nicholas and his friends find themselves traveling farther and farther away from Earth, while the starship automatically pilots itself toward some unknown destination. Now, Nicholas and the ragtag group of teenagers must work together to find a way back home, facing incredible dangers on strange alien worlds, all while at the mercy of a starship hellbent on reaching its target.Ranked #1 in 'Space' (November 2018)Ranked #2 in 'Action' (November 2018)Copyright © 2018 by E. R. Maloza. All rights reserved.
8 178 - In Serial37 Chapters
Painfully Sweet
Zophisa (zo-fee-suh) Johnson, a fearless 22-year-old who's been in the game her whole life. She was raised by the streets and determined to do anything possible to get to the top. Even if that meant moving to the other side of the world to protect her gang.-Luka Ricca, a dominating 26-year-old mafia leader who was just trying to help out an old friend of his father. Little does he know, he's going to get a lot more than he bargained for when he meets the leader of a local New York gang. What will happen when two natural born killers have to marry each other for the sake of their gangs?
8 169 - In Serial21 Chapters
Protect me (Frank Grayson FanFic)
Alfie Wickers younger sister, Rebecca Wickers, is dating the school bully, Frank Grayson. Take a looking into their relationship as he protects her and she helps him to control his temper.
8 166

