《Sour Candy》part 16💔/1/
Advertisement
*Unicode*
တစ်ဘက်သတ်ချစ်ခြင်းသာပါဝင်တဲ့ ဆက်ဆံရေးတစ်ခုမှာ နောက်လူရောက်လာရင် ပထမလူဖြစ်တဲ့ကိုယ်တိုင်က အလိုလိုနေရင်း ဒုတိယနေရာရောက်သွားတက်ကြတာသဘာဝများလား။
ငါမင်းကိုအရင်ရှာတွေ့ခဲ့တာ။ ဒါမဲ့လေ နောက်မှရောက်လာတဲ့သူမက မင်းကိုပိုင်သွားတယ်တဲ့ ဘယ်နေရာကစပြီးမှားသွားရတာလဲ။ အေးစက်လွန်းတဲ့မင်းက သူမအပေါ်နူးညံ့နေလိုက်တာများ ငါ့ရင်တေကွဲမတက်။
စုတ်လဲစူး စားလဲရူးဒီဘဝမှာ မင်းကိုစွန့်လွှတ်လိုက်ချင်ပြီ...။ အရှုပ်အထွေးတချို့ဖြည်ပြီးတာနဲ့ ငါဟာမြူခိုးတေလိုပျောက်သွားပေးမယ် Darling။
"မြောင်! Darling ကလေ သူမအတွက်နှလုံးက ဂျွန့်စီကယူရမှာဆိုတာမမှတ်မိဘူးတဲ့! ထူးဆန်းမနေဘူးလား"
"......"
"မြောင္ဘယ်လိုထင်လဲ ဂျွန်ကတော့ ကင်မ်နီဝန်းကို သံသယရှိတယ်...ဂျွန့်နှလုံးကိုတောင်းဆိုနေတဲ့ ကင်မ်နီဝန်းဖုန်းထဲက အသံဖိုင်က Darling အသံမဟုတ်ဘူးလို့ထင်နေတယ်မြောင်..."
အပြာရောင်မီး၏အလင်းရောင်သာကြီးစိုးလျက်ရှိေနသည့် club ရှိ VIP room အတွင်း စကားပြောနေသည့် ဂျောင်ဂုနှင့် မြောင်ဆိုသော ဆိုဖာတွင်အိပ်နေသောလူတစ်ဦး။
မွန်းကြပ်မှုကြောင့် လာတိုင်ပင်သော်ငြား အဖက်ပင်မလုပ်တော့ ဝမ်းနည်းနေသည့်စိတ်ကပုိ၍ဝမ်းနည်းရပြန်သည်။
"စံုစမ်းထားလိုက်မယ္!"
အသံဩဩလေးရဲ့အဆံုး ငြိုးငယ်နေသောမျက်ဝန်းလေးကအရောင်တလက်လက်နှင့် ဝိုင်းစက်လာကာ မြောင်ဆိုသောအမျိုးသားသည်လဲအိပ်နေရာမှထထိုင်လာသည်။
သိတာပေါ့ မြောင်ကဂျွန့်ကိုဝမ်းမနည်းစေမှန်း။
"ငိုထားပြန်တာလားမင်း..."
အစ်ဖောင်းနေသောမျက်အိမ် ရဲတက်နေသောမျက်ခမ်းစပ်တို့က ငိုထားသည်မှန်းသိသာနေရက်သား ခေါင်းရမ်းကာ မငိုပါဘူးဟု ထိုကလေးကလိမ်ညာပြန်သည်။
"ဟင့်အင်း...မငိုပါဘူး"
"မျက်ရည်တော့ထွက်ထားတယ်ပေါ့လေ..."
"အွန်း...ဟီး"
အသက်မပါတဲ့ရယ်သံက ကြားရဆိုးတယ်မဟုတ်လား...။
"လာငိုလှည့် ဂျွန်"
လက်နှစ်ဘက်ဆန့်တန်းကာ ရင်ခွင်အားဖွင့်ချပေးတဲ့ သူကသာ ဂျွန်ယံုလို့ရတဲ့သူ။ ဂျွန်ပြိုလဲလို့ရတဲ့နေရာဟာ ထိုရင်ခွင်သာ။ တံု့ဆိုင်းမနေပဲ ပြေးဝင်ကာ ရှုိက်ကြီးတငင်ငိုကြွေးလိုက်တော့ မြောင်လက်တေဟာ ဂျွန့်ကျောကိုအသာပုတ်လာပေးသည်။
"ဘာ ဘာလို့ ဂျွန်ကပဲ ငိုကြွေးနေရတာလဲ...ဟင့်...မြောင်ပြောတော့ အချစ်ကချိုမြိန်တယ်ဆို...ဟင့်..."
"ကိုယ်ပြောတာ ချစ်သင့်တယ်လူကိုချစ်မှ..."
"သူတို့ကပျော်ရွင်နိုင်ကြပြီး ဂျွန်ကဘာလို့ မျက်ရည်တေကိုအဖော်ပြုပြီး အက်ကွဲနေတဲ့နှလုံးသားတစ်စံုနဲ့ရှင်သန်နေတာလဲ...ဂျွန် ဂျွန်လေ ဘာမှမမက်မောပါဘူး ခဏလောက်လေးပဲ 1 စက္ကန့်လေးဖြစ် ဖြစ်..စစ်မှန်ခြင်းနဲ့ဂရုစိုက်ခံချင်တာပါ..."
အထစ်ထစ်အငါ့ငါ့စကားစုတေက မုသားကင်းစင်လွန်းပါတယ်...အချစ်ကိုမတောင်းတပါဘူး ဂရုစိုက်မှုလေးပဲလိုချင်တပ်မက်မိတာပါ...ဂျွန်နဲ့မတန်လို့များ Darling ကလျစ်လျူရှုနေခဲ့တာလား။
"ကျွန်တော် လွန်သွားလား...မြောင်"
"ရော့..."
"ဟင်"
ဖက်ထားရာမှရုန်းထွက်လေတော့ မျက်စိရှေ့ရောက်လာသည့် ဝီစကီအပြင်းစားတစ်ခွက်ကို မြောင်ကထိုးပေးလာသည်။
"သောက်လိုက်!!"
"Darling မကြိုက်ဘူးမင်ယွန်းဂီ!"
လွတ်ခနဲထွက်သွားတာ ဂျွန်ကိုယ်တိုင်သတိမထားမိ။
Darling နဲ့တွဲခါစတုန်းက ဂျွန့်သူငယ်ချင်းမွေးနေ့ပါတီသွားစဥ် Darling ပြောခဲ့တဲ့စကားက ဦးနှောက်ထဲတင်မဟုတ် နှလုံးသားထိပါစွဲသွားစေတာ။
*ကိုယ်နမ်းမဲ့ နှုတ်ခမ်းက အနံ့စူးစူးတေစွဲနေရင်မကြိုက်ဘူး* တဲ့လေ။ အဲ့ကနေစပြီးဂျွန်က အရက်၊စီးကရက်တေ ဝေးဝေးရှောင်ခဲ့တာ...Darling နှုတ်ခမ်းပါးကထွက်တဲ့စကားလံုးတိုင်းကို အမိန့်လိုအလေးထားပြီးလိုက်နာနေသလောက် Darling အတွက်ဂျွန်ကတော့မြူမှုန်သာသာရယ်။
"မင်းမကြိုက်တာတောင်သူလုပ်ရက်တာပဲ မင်းကဘာကိုတွေဝေနေတာလဲ ဂျွန်!"
ခပ်မာမာအပြောနဲ့အတူ ထပ်မံထိုးပေးလာသည့်ဝီစကီခွက်။ မင်ယွန်းဂီကို တစ်ချက်ကြည့်ကာ ဂျွန်သဲ့သဲ့လေးပြုံးလိုက်မိသည်။
"သူကမချစ်ဘူးလေ...ကျွန်တော်ကချစ်တယ်မြောင်! ကျွန်တော်ကမ္ဘာကြီးက Darling...Darlingအတွက်တော့ကျွန်တော်ကမြူမှုန်အမွှားလေးလောက် အရေးမပါရင်တောင် ကျွန်တော်ကချစ်ရသူ...သူငြိုငြင်သွားမှမလိုလားဘူး"
"မင်းဟာလေ..."
ဂျွန်နှာတံလေးအားအသာညစ်ကာ ခြောက်လုနီပါးမျက်ရည်စတို့အားညင်သာစွာ သုတ်ပေးလာသည်။ ဂျွန့်ရဲ့မြောင်က ဂျွန့်ကိုမနိုင်လို့လက်မြောက်ထားပြီထင်ပါရဲ့။
"သိရပြီလား မြောင်..."
"မြောင်လို့ထက်ခေါ်ရင် ဒီနေရာမှလူသတ်မှုဖြစ်သွားနိုင်တယ်..."
"သတ်ပြီးရင် ဆေးရံုကိုဂျွန့်နှလုံးရအောင်ပို့ပေးလိုက်!"
"ဂျောင်ဂု မင်း မင်းကွာ!"
အားမလိုအားမရ မြောင်ပံုစံကလေ ငါးကြော်မစားရလို့ဒေါသထွက်နေပံုနဲ့ပင်ဆင်နေသည်ကြောင့် ဂျွန်ရယ်လိုက်မိသည်။ သေဖို့အသင့်မို့ သတ်လဲရတယ် မြောင်တော့ဂျွန့်ကိုမသတ်ပါနဲ့။ ဒီအရူးရဲ့ မြောင့်လက်သွေးအစွန်းမခံနိုင်ဘူး။
"ထားပါ...ဒေစီယာ လုပ်ကြံခံရတာဂျွန်! ထူးဆန်းတာစီးပွားရေးနယ်ပယ်ထဲကမဟုတ်ဘဲ...ကိုယ်တို့မထင်ထားတဲ့သူကလုပ်ဆောင်ခိုင်းစေခဲ့တာ...ကားဘရိတ်ဖြတ်ထားတာ ဝင်တိုက်မိတဲ့ကုန်ကားအဆံုး လုပ်ကြံမှုတေပဲဂျွန်"
ဘယ် ဘယ်သူကများအငြိုးထားလုပ်ခဲ့တာလဲ။ စိတ်ထားကောင်းသည့်သူမက ရန်ငြိုးရန်ဖက်သိပ်မရှိကြောင်း စံုစမ်းထားလို့သိပြီးသား။ ဂျွန်သတ်မှာ...ထိုလုပ်ကြံသူကြောင့် သူမထိခိုက်ပြီး Darling မျက်ရည်ကြွေရတာ။
"ဘယ်သူလဲ!...မြောင် သိနေတယ်မဟုတ်လား"
"......"
"မြောင် ပြောပြ!"
"မဖြစ်ဘူး မင်းကိုအသိပေးထားလိုက်လို့မဖြစ်ဘူး...ဂျွန် မင်းပြန်တော့"
ဖံုးကွယ်ထားချင်ဟန်ရှိသော မြောင့်ပံုစံက သိလိုစိတ်ကိုပို၍ပြင်းထန်စေသည်။ ဘယ်သူဖြစ်နေလို့ဖုန်းကွယ်ချင်ရတာလဲ။ ဂျွန့်စိတ်တေအစိုးမရလိုက်တာ...။
"ဟင့်အင်း မပြန်ဘူး..."
"ကျစ် ထယ်ယောင်းစောင့်နေလိမ့်မယ် ပြန်!"
"ထယ်ယောင်း...ဟားးဟားး မြောင်ဗျာ ရင်နာရတဲ့ဟာသတေမပြောစမ်းနဲ့...မြို့ပျက်ပြီးလူတေသေကျေနေကြမယ်ဆိုရင်တောင် ဂျွန့်ကိုမေ့ပြီး Darling ကသူမလက်ကိုဆွဲပြေးမဲ့လူစား"
"အဲ့လောက်တောင်လား"
"အွန်းပေါ့...ကမ္ဘာကြီးသာပျက်ချင်ပျက်စီးသွားလိမ့်မယ် ကင်မ်ထယ်ယောင်းက ဂျွန်ဂျောင်ဂုစောင့်မယ်ဆိုတာဖြစ်မလာနိုင်ဘူး...။"
စို့တက်လာပြန်သောဝမ်းနည်းမှုကြောင့် အရှေ့ကခွက်ကိုယူသောက်ပစ်လိုက်မိသည်။ လည်ချောင်းတစ်လျှောက်ပူဆင်းသွားသောအရသာ...အင်း...ဝီစကီတေသောက်လိုက်မိတာပဲ။
တရိပ်ရိပ်ထိုးကိုက်လာသောခေါင်းနှင့် နှစ်ထပ်ဖြစ်နေသောမြင်ကွင်း ဂျွန်သာအမြင်မမှားရင် မြောင်ဟာခပ်ထေးထေးအပြုံးနဲ့ ဂျွန်ကိုကြည့်နေတာပဲ။
"မင်းတော်တယ်...သောက်လိုက်နိုင်ပြီ "
"မြောင်...အ့...ခေါင်းကိုက် ကိုက်လွန်းနေတယ် "
သောက်နိုင်တဲ့ထဲပါသော ဂျွန်ကတစ်ခွက်တည်းနဲ့အခုလိုအခြေအနေမရောက်နိုင်မှန်း ကိုယ့်ကိုယ်ကိုသိတယ္။ ဝီစကီကြောင့်ဖြစ်လာသော ဝေဒနာမဟုတ်ကြောင်းလည်းအတပ်သိသည်။
တင်းမခံနိုင်တော့သော စိတ်အစံုလွတ်ထွက်ဖို႔ခွင့်ပြုလိုက်သည်နှင့် အမှောင်ကျသွားသောမြင်ကွင်း။ ပြိုပျက်သွားသော ကိုယ်ခန္ဓာ။
မြောင်ဘာဆေးထည့်ထားလည်း မသိပေမဲ့ ကျွန်တော် မြောင့်ကိုယံုမယ်နော်။
ငြိမ်သက်သွားပြီဖြစ်သောခန္ဓာသည် အသိနှင့်သတိကင်းကွာသွားပြီဖြစ်၍ ယွန်းဂီအသာပွေ့ခေါ်လိုက်ကာ club မှထွက်လာလိုက်သည်။
"သွားမယ် မင်းကိုအဝေးကိုခေါ်ထုတ်သွားမယ္...အမြဲပြုံးပျော်နေတဲ့ ဂျောင်ဂုကီးကိုပြန်ခေါ်မယ္...အလဲလဲအပြိုပြိုနဲ့ ဂျွန်! မင်းကိုငါမသိဘူး"
Advertisement
မင်ယွန်းဂီဆိုတာ မင်ဟိုဂီရဲ့ အကျင့်စရိုက်ကွဲပြားလွန်းသောညီ။ ဂျောင်ဂုကီးငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်ဂရုစိုက်ပေးကြခဲ့တဲ့ညီအစ်ကိုက ဂျွန် အခုလိုမွန်းကြပ်နေတဲ့ပံုစံကို မလိုလားကြတာအမှန်။
စပိန်သွားတဲ့ 5 နှစ်အတွင်း ကိုရီးယားမှ သတင်းတေမျက်ခြေမပျက်လူလွတ်စောင့်ကြည့်နေခဲ့တာ။ သူရဲ့ကလေးက ကင်မ်ထယ်ယောင်းဆိုတဲ့အမျိုးသားနဲ့တွဲနေသည့်အကြောင်း ကင်မ်ထယ်ယောင်းအပေါ်သိပ်ရူးသွပ်နေတဲ့အကြောင်း ခန္ဓာပါပေးအပ်ထားတဲ့အကြောင်း ပြီးတော့ သိပ်ချစ်နေတယ်ဆိုပဲ။ ပေးဆပ်လွန်းတဲ့အရာတေက ဂျွန်ဘက်ကတစ်ဖက်သတ်တဲ့လေ။
လျစ်လျူရှုနိုင်လွန်းတဲ့ ထယ်ယောင်းကိုပြေးသတ်ချင်တာမှ လက်ကိုယားနေရော ဟိုဂီတားနေလို့။ ဂျွန်ငယ် ငိုလိမ့်မယ္တဲ့။ မေးလိုက်ချင်ပါရဲ့ အခုရော ဂျွန်ငယ် ပျော်နေနိုင်ရဲ့လား ။
နွံ့ အချစ်ဆိုတဲ့နွံ့မှာ ဖြူစင်တဲ့ဂျွန္ကရုန်းမထွက်နိုင်အောင် ပြိုလဲနေတာ...မဟုတ်ဘူး အဲ့နွံ့ကိုမှရူးသွပ်နေတာ အသက်တောင်းတဲ့အထိဖြစ်လာမှတော့ ဆွဲထုတ်ရံုပေါ့။ မင်းရဲ့မြောင်ကို ခွင့်လွတ်လို့မတောင်းဆိုနိုင်ဘူး ကိုယ့်အစ်ကိုစကားထက် ကင်မ်ထယ်ယောင်းစကားကို အမိန့်သဖွယ်နားထောင်လွန်းတဲ့မင်းကိုလည်း မသနားချင်ဘူးဂျွန်။
အိပ်၍ပါလာသော ဂျွန်မျက်နှာထက်ဆံနွယ်တချို့ကွယ်နေသဖြင့် တစ်ချက်သပ်တင်ပေးလိုက်ပြီး...
"ဆံပင်အရှည်နဲ့လှကလှချင်သေးတာ..."
တစ်ချက်ရယ်ပြီး ကားအနက်လေးရဲ့ဦးတည်ရာသည် လက်ရှိတည်းနေတဲ့ Hotel စီ။ မနက်ဖြန်စပိန်သွားပြန်မယ် ဂျွန့္ကိုပါခေါ်သွားမယ္။
မင်ယွန်းဂီဟာလေ ပြန်ရောက်နေကြောင်း ဟိုဂီကိုတောင်အသိမပေးပဲ ဂျွန်စံုစမ်းခိုင်းသမျှလိုက်နာခံနေရသည်နှင့် မအားလပ်။
တိတ်တဆိတ်လာပြီး တိတ်တဆိတ်ပြန်တာအကောင်းဆံုး။
/////////////////////////
လျစ်လျူရှုထားသော ဖုန်းမှတစ်တောင်တောင်ဝင်နေသော massage များက နားပင်ညီးလောက်သည်အထိ။ ဆေးပိုက်များနှင့် စက်အကူအညီဖြင့်အသက်ရှူနေသောသူမကိုသာ ပထမဦးစားပေးမို့ အထူးတလည်သွားမဖတ်ဖြစ်။
အချိန်ကိုတစ်ချက်ကြည့်လိုက်တော့ 8:11 PM !
ကူးငယ်ပို့တာပဲနေမှာပေါ့...ကျစ်...စိတ်ပျက်စရာကောင်းလောက်အောင်ဘာလို့ဆက်တိုက်ပို့နေရတာလဲ။
"ကင်မ်...စာဝင် ဝင်နေတယ်မဟုတ်လား"
"မင်းလောက်အရေးမကြီးပါဘူး...စကားအများကြီးမပြောပဲ အိပ်ဖို႔လုပ်တော့"
စောင်ရင်ဘတ်ထိဆွဲခြုံပေးရင်း နဖူးထက်အနမ်းခြွေကာ အကြည့်ခြင်းစံုတော့ ဒေစီယာဟာရှက်သွားသည်ထင်။
"ကိုယ်ပြန်တော့မယ်"
"အင်း...အငယ်လေးလီထယ်ကို ဂရုစိုက်ပေးကင်မ်"
ထယ်ယောင်းပြုံးရင်ခေါင်းအသာငြိမ့်ကာ ထွက်သွားမည်အပြု သူ့လက်အားကိုင်ထားသောဒေစီယာဟာ ဖြုတ်မပေးတာကြောင့်
"လွတ်တော့လေဒေစီ"
"ကင်မ်လက်ကို ဆွဲထားရတာ မသက်သာလိုက်တာ...ကျန်းမာရေးမကောင်းတဲ့ ဒေစီထက် ကင်မ်ဟာ လီထယ်လေးနဲ့ပိုလိုက်ဖက်တယ်"
ပကတိငြိမ်သက်နေသောမျက်ဝန်းတေက လက်ခနဲလှုပ်ရှားသွားတာ ဒေစီမြင်လိုက်ပါသည်။ ခံစားချက်ရှုပ်ထွေးနေသော ကင်မ် ဟာနှလုံးသားနဲ့ဦးနှောက် ရွေးစရာလမ်းပျောက်နေသယောင်။
"သေချာစဥ်းစား...ကင်မ် နှလုံးရှိရာကိုဦးတည်လိုက်ပါ...ငါကသေရမဲ့လူ ကင်မ်နဲ့မထိုက်တန်ဘူး"
"ရအောင်ကုပေးမယ္လို့ပြောထားတယ်လေ!!"
"ဟုတ်ပါပြီ...ဒေစီယာနဲ့ ဂျွန်ဂျောင်ဂုမှာ ဘယ်သူ့ကို ရွေးမလဲကင်မ်"
ဒေစီအမေးမှာမျက်ခံုးတွန့်ချိုးရင်း အလိုမကျစွာ ကင်မ်ကဆိုလာသည်။
"ကျိန်းသေပေါက်မင်းပေါ့! ကိုယ့်အမေကမင်းကိုပဲရွေးဖို့သင်ထားတယ်"
နာကျင်အောင်လုပ်တဲ့နေရာမှာ ကင်မ်ကဆရာတစ်ဆူ။ ပြောချင်တာပြောပြီးထွက်သွားတဲ့ကျောပြင်ကျယ်ကျယ်။
တကယ်အသဲနှလုံးမရှိတဲ့လူပဲကင်မ်။
လူနာအခန်းပြင်သို့ရောက်သည်နှင့် ဖုန်းထုတ်လိုက်သည်အခါ massage ပို့ထားသူသည် ထင်သလိုကူးငယ်မဟုတ်ဘဲ Company ကဝန်ထမ်းတစ်ယောက်ဖြစ်နေတာမို့ တစ်ခုခုကိုအလိုမကျလာတာအမှန်။ ကူးငယ်ထင်လို့ သူ့မှာကပြာကယာထွက်လာပြီး ဖုန်းကောက်ထုတ်ကြည့်တာမဟုတ်လား...ကျစ်!
ချက်ချင်းပြန်ပိတ်ဖို့လုပ်လိုက်ပေမဲ့ စာမဟုတ်ပဲ ဓာတ်ပုံတေပို့ထားတာကြောင့်ဝင်ကြည့်ရန် ဆံုးဖြတ်လိုက်သည်။
"ဒါ...ဒါကူး ကူးငယ်မဟုတ်လား!!တောက်စ့်!!!"
ဒေါသပြင်းသောအသံနှင့် တောက်ခံသံပြင်းပြင်း၏တရားခံမှာ လူတစ်ယောက်၏လက်ပေါ် မေ့မျောလျက်ပါသွားသော အနက်ရောင်လေးကူးငယ်ကြောင့်။ ပို၍ဆိုးသည်က Hotel ထဲခေါ်သြားသည်ကြောင့်ပင်။
"မဟုတ်ဘူးမလား....မင်းမဟုတ်ဘူး "
အကြောင်းပြချက်မဲ့စြာတုန်ရီနေသောလက်က အလိုအလျောက်ဖုန်းနံပါတ်တစ်ခုကိုခေါ်ဆိုပြီးသား။
*တူ...တူ...တူ...*
"ကိုင်ပါ!!...မင်းကအိမ်မှာကိုယ့်ကိုစောင့်နေတယ်လို့ဖြေစမ်း"
ကိုင်သူမဲ့ဖုန်းဟာ ကြားချင်သည့်အသံချိုချိုလေးလဲထွက်မလာသလို ဖြေရှင်းသံလဲမထွက်ပေါ်လာ။
မရဘူး...မဖြစ်ရဘူး လာခေါ်မှာ...ကိုယ်နဲ့ကလွဲရင် မအိပ္ရဘူး ဂျွန်ဂျောင်ဂု!!။ တောင်းပန်ပါတယ်ကွာ မင်းနဲ့အတူ ပြန်လိုက်ရမှာ......
အခုချိန္မှာ ဂျွန်ဂျောင်ဂုဆိုတဲ့လူသားကို မျက်စိရှေ့တွေ့ချင်တာလွဲရင် ကျန်တာဘာမှမသိတော့သည်အထိ နင့်နင့်သည်းသည်းရယ္။
မြို့စွန်ဘက်က Hotel မို့ စိုးရိမ်စိတ်ဟာအစိုးမရ။ မေ့မျောဟန်ရှိနေသည့် ကူးငယ်ကြောင့် ငယ်ထိပ်မြေွပေါက်သည်ထက်ဆိုးတဲ့ခံစားချက်။ ပူလောင်တာ ပူလောင်တာမှအရမ်း.....။
စိတ်ခံစားချက် နှလုံးတောင်းတရာသာလိုက်မယ်ဆိုရင်အခုချိန်မှီပါသေးတယ်လေ.....။
ဒီဘက်မှနှင်းကျပြီဆိုတော့ အေးလိုက်တာမှလွန်ပါရော လက်တေထံုထိုင်းနေတယ်ಥ_ಥ
Thanks for your vote 🌟
Love you all❤
**********
*Zawgyi*
"......"
"စံုစမ်းထားလိုက်မယ္!"
"ငိုထားပြန်တာလားမင်း..."
"ဟင့်အင်း...မငိုပါဘူး"
"အွန်း...ဟီး"
"လာငိုလှည့် ဂျွန်"
Advertisement
"ရော့..."
"ဟင်"
"သောက်လိုက်!!"
"မင်းဟာလေ..."
"သိရပြီလား မြောင်..."
"သတ်ပြီးရင် ဆေးရံုကိုဂျွန့်နှလုံးရအောင်ပို့ပေးလိုက်!"
"ဂျောင်ဂု မင်း မင်းကွာ!"
"ထားပါ...ဒေစီယာ လုပ်ကြံခံရတာဂျွန်! ထူးဆန်းတာစီးပွားရေးနယ်ပယ်ထဲကမဟုတ်ဘဲ...ကိုယ်တို့မထင်ထားတဲ့သူကလုပ်ဆောင်ခိုင်းစေခဲ့တာ...ကားဘရိတ်ဖြတ်ထားတာ ဝငျတိုကျမိတဲ့ကုနျကားအဆုံး လုပ်ကြံမှုတေပဲဂျွန်"
"......"
"မြောင် ပြောပြ!"
"ဟင့်အင်း မပြန်ဘူး..."
"အဲ့လောက်တောင်လား"
တိတ္တဆိတ္လာၿပီး တိတ်တဆိတ်ပြန်တာအကောင်းဆံုး။
/////////////////////////
"မင်းလောက်အရေးမကြီးပါဘူး...စကားအများကြီးမပြောပဲ အိပျဖို့လုပျတော့"
"ကိုယ်ပြန်တော့မယ်"
"လွတ်တော့လေဒေစီ"
ဒေစီအမေးမှာမျက်ခံုးတွန့်ချိုးရင်း အလိုမက်စြာ ကင်မ်ကဆိုလာသည်။
ချက်ချင်းပြန်ပိတ်ဖို့လုပ်လိုက်ပေမဲ့ စာမဟုတ်ပဲ ဓာတ်ပုံတေပို့ထားတာကြောင့်ဝင်ကြည့်ရန် ဆုံးဖွတျလိုကျသညျ။
*တူ...တူ...တူ...*
Advertisement
- In Serial48 Chapters
Star Launch Academy
Star Launch Academy. Home to the brightest minds heading to the Final Frontier. Well, the brightest and some times most arrogant. It took a lot to get here, to qualify for an Officer Position in the Star Launch Fleet, most only ever dreamed of being a part of the Ship's Crew just to escape the overpopulated planet they had called home. In Gregorian Year 2430, Flight Command Zeta arrives at Star Launch Academy, a floating cathedral orbiting the Earth at breakneck speeds. For the members of Zeta Flight, their journey to the Stars, has just begun. (Chapters are titled based on Character Perspective of the Chapter)Updates Every Friday (with occasional Bonuses)
8 89 - In Serial11 Chapters
Waiting for Death
Me.... you are asking about me? What a pain...! Eh-hem! Excuse me for that... anyway, this is a story as the title suggest(I think). You want me to be specific?! You are a picky mother-fucker aren't you.... excuse my true-self slipped out. Okay, this is the story of my pessimistic life as I try to accept death's embrace, but a goddess(nosy, two faced, and succubus bitch) interferes and forces me on the path of reincarnation. Why do I not commit the taboo "suicide". She brought to my attention a new conception of life, so I might as well try it as I wait for deaths beckoning.Please give a review and also comment for I can a get general feeling of the direction of this story. Thanks!
8 100 - In Serial12 Chapters
The Warrior on the Bridge
This is a story about the Warrior who was ordered to guard the kingdom's one and only bridge. The kingdom is surrounded by mountains so that bridge is the only way you get inside the kingdom. The mountains magically prevents flying monsters and dragon riders from flying over it which was a blessing to the kingdom. The kingdom was impregnable but one day... The king went out on a campaign. He took everyone except the Warrior on the Bridge. The king never came back. A lot of people and monsters came to attack the kingdom but the Warrior stood firm for years. Will he still be able to guard the bridge on his own? Or can he accept the help of others to protect his beloved kingdom?
8 131 - In Serial11 Chapters
You're A What - A OHSHC FanFiction
(Y/n) and Haruhi are mistaken for boys when they meet the Ouran High School Host Club. All they wanted was a quiet place to study but instead, they found this.
8 200 - In Serial28 Chapters
Untold Destiny
"Give me a chance to heal your heart.""Stay away from my Mumma.""We don't need you."~...~...~...~...~...~...~...~...~...~...~...~...~...~Join Divya and Abhishek in their journey....Cover credit - theindi_girl
8 150 - In Serial67 Chapters
•°From Peer to Professor°• Severus Snape x Reader
(Y/N) had been friends with Severus for about 4 years when he graduated from Hogwarts. She continued her studies, but always thought of Severus once in a while. In her 7th Year however, she found a trace of Severus' whereabouts...
8 202