《Sour Candy》part 15 💔
Advertisement
*Unicode*
ချစ်ခြင်းမေတ္တာတရားဆိုတာ အသွားရှိရင်အပြန်ရှိတယ်တဲ့လေ။ ဒီအချိန်မျိုးမှာ ဆုတစ်ခုတောင်းခိုင်းရင် ဂျွန်တောင်းမဲ့ဆုက Darling ဂျွန့်ကိုဘယ်တော့မှ ချစ်မလာစေဖို့ တောင်းဆုပြုမိလိမ့်မယ်။ သေခါနီး Darling စီကချစ်ခြင်းတရား ဆိုတဲ့အရာကိုမမျှော်လင့်ချင်တော့တာအမှန်ပါ။ Darling သာဂျွန်ကိုပြန်ချစ်ခဲ့ရင် ဂျွန်ပဲရင်ကွဲပြန်ရမယ်။ သေလူကိုတောင်းတမဲ့ Darling ပံုစံကိုမမြင်လိုဘူး။ အချစ်ကသိပ်ပူလောင်တာမို့ အချစ်ကိုမသိသေးတဲ့ Darling လက်ရှိပံုစံလေးကပဲ ကောင်းပါတယ်။
ငါသာအပူထဲကို ရူးရူးမိုက်မိုက်တိုးဝင်ချင်ဝင်မယ် မင်းဆိုတဲ့သက်ရှိလေးကိုတော့ အချစ်ကိုမမြင်စေချင်ဘူး။ ငါကလေ မင်းနာကျင်မှာသိပ်ကြောက်တာ Darling......ကျေးဇူးပြုပြီး တစ်ခါလောက်ငါ့အချစ်ကိုမပြတ်ရယ်မပြုပဲ ဒီတိုင်းအသိအမှတ်ပြုပေးလိုက်လို့ မဖြစ်ဘူးလားဟင်။
ဆေးရံုပေါ်က ဒေစီယာနှလုံးဖောက်လို့ ဂျွန်တို့ဆေးရုံကြီးကိုရောက်နေကြသည်။ နာကျင်လို့အော်တဲ့ ဒေစီအသံဟာ ကော်ရစ်တာတလျှောက်ဆူညံ့လျက်။ ပြာယာခတ်နေကြသည့်ဆရာဝန်တို့ကြား Darling ဟာအဆိုးဆံုးပေါ့။
မျက်နှာထက် စိုးရိမ်ပူပန်မှုတို့အရောင်သမ်းနေသည့် မျက်ဝန်းတို့က ဂျွန္အမြင်မှားတာမဟုတ်ရင် မျက်ရည်အိုင်တစ်ခုဖြစ်ထွန်းနေတာပဲ။ သူမစီမှအကြည့်လွဲလိုက်သည့် Darling ကသူမနာကျင်တာမမြင်ရက်မှန်း ဂျွန်သိပ်သိပါတယ်လေ။
Darling ကသူမကိုမြတ်နိုးလွန်းတော့ ငါ Jealous ဝင်မိသား။
"Darling....."
"အင်း"
မျက်ဝန်းသေတို့ဖြင့်ဂျွန့်မျက်ဝန်းကို စိုက်ကြည့်ရင်းအေးစက်စက်ထူးသံဟာ Darling ဟာ Darling ပဲဖြစ်နေသေးကြောင်းသက်သေပြဟန်။ ဒီကြားထဲ နူးညံ့မှုတေကြင်နာမှုတေကတကယ်အယောင်ဆောင်ပဲကို ဟက်.....။
"မမဒီလောက်ဖြစ်နေတာကို မာမီတို့ကလာမကြည့်ကြဘူးလား....."
"ဟက်..."
ခပ်ထေ့ထေ့ရယ်သံနှင့်အတူ သူမအားတစ်ချက်စွေကြည့်ကာ အခန်းပြင်ထွက်သွားသည့် Darling နောက်ဂျွန်ဟာ ထပ်ချပ်မကွာလိုက်ရပြန်သည်။ လိုက်ခဲ့ ဟူသည့်အမိန့်မရရင်တောင်ပေါ့။
မြန်လွန်းတဲ့ခြေလှမ်းတေကြောင့် ဆေးရံုခေါင်မိုးထက်သွားသည့်လှေကားဘက်ကာ ချိုးကွေ့သွားသော ကျောပြင်ကိုသာမြင်လိုက်ရသည်။ Darling ဟာေလ ငါ့ကိုတောင်မစောင့်ဘူး....ထားသွားပြန်ပြီ။
နောက်တခါကျရင် ငါအရင်ထားသွားမယ်မင်းကို....မင်းရှေ့ပြန်မလာတော့ပဲ ထာဝရထားသွားခြင်းနဲ့ပေါ့။
ကျောပေးရပ်နေသည့် Darling သည်ဆေးရံုဝန်းထဲကိုအသက်မဲ့စွာငေးနေလျက်။
"Darling....ငါမေးတာဖြေဦးလေ"
"ဒေစီနေရာမှာ မင်းဖြစ်နေရင်တော့ သူတို့လာကြည့်ကြလိမ့်မယ်...."
"ဟင်"
"အခုထုတ်ပေးလိုက်လို့မဖြစ်ဘူးလား....ဒေစီယာ့ကိုမကြည့်ရက်လွန်းလို့ပါ"
ဂျွန်ပုခံုးနှစ်ဖက်အားကိုင်ရင်း တိုးလျလျဖြင့် တောင်းဆိုခြင်းမြည်သောအသံနှင့်ဆိုလာသည်။
ဂျွန်ကရော ဂျွန်ကရောကြည့်ရက်နေတယ်လို့ Darling ထင်လေသလား။ မမမျက်နှာကိုမြင်တိုင်း ဂျွန်သိပ်ပူလောင်နေရတာ Darling မသိပါဘူး။
တိတ်ဆိတ်နေတဲ့ ဂျောင်ဂုမျက်ဝန်းထက်ကမျက်ရည်စဟာ ပါးပြင်ပေါ်သို့လိမ့်ဆင်းလာလေသည်။ ပူနွေးနွေးလက်ဝါးပြင်ကအသာအယာ သုတ်ပေးသည့်အခါ ကြည်နူးလာရပြန်သည်။
"နှလုံးထုတ်ပေးမဲ့သူဘက်ကအခက်အခဲရှိနေလို့များလားကူးငယ်.....ကိုယ်တို့သွားတွေ့ကြည့်ရအောင်လား...."
"ဟင်"
ပါးပြင်အားပွတ်သပ်ရင်း လေသံအေးအေးအဆံုးမှာ *ဟင်* ဆိုသောအာမေဋိတ်အသံလေးသာ ဂျွန်ထွက်သွားမိသည်။ Darling ဘာကိုပြောနေတာလဲ ဂျွန်ဖြင့်နားမလည်တော့။
"ကူးငယ် ဒေစီ့ကိုနှလုံးပေးမဲ့သူကိုသွားတွေ့ရအောင်လို့.....!"
Darling အတိတ်မေ့သွားတာလား။ သူမအတွက်နှလုံးပေးမဲ့သူက Darling အရှေ့ကဂျွန်ဂျောင်ဂုဆိုတာကိုလေ။ Darling ကိုယ်တိုင် ငါ့နှလုံးထုတ်ပေးဖို့တောင်းဆိုခဲ့တာကို မေ့ရလောက်အောင် အချိန်ကြာသေးတာမှမဟုတ်ဘဲ။
အနည်းငယ်တွေးဆဆဖြစ်သွားရသည်။ တိမ်မြုပ်နေတဲ့အကြောင်းအရာရှိကောင်း ရှိနိုင်သည် သိဖို့လိုအပ်လာပြီထင်တယ်။
"Darling မသိသေးဘူးလား...."
"အွန်း....မေမေပြောတာ ဒေစီအတွက်နှလုံးလှူပေးမဲ့သူ ကူးငယ်မှာရှိတယ် အဲ့အတွက် ကူးငယ်စီမှာတစ်ပတ်အတူနေပေးရမယ် လို့ပဲပြောထားတာ ကျန်တာကိုယ်ဘာမှမသိရဘူး....."
ဂျွန်မျက်ခံုးတို့မြင့်တက်သွားမိသည်။ မျက်ဝန်းတို့ဝိုင်းကာ ကလေးတစ်ယောက်မှ အမေအားပြန်တိုင်သလိုဆိုနေသည့် Darling ပံုစံကလိမ်နေတာမဟုတ်ကြောင်း ဂျွန်သိသည်။ Darling မျက်နှာကိုကြည့်ပြီးအသက်ရှင်လာသည့် ဂျွန်အတွက် Darling အပြုအမူတစ်ခုစီတိုင်းကအစ အလွတ်ရနေပြီးသား။
သံသယသည် ကင်မ်နီဝန်းဆိုသော Darling မေမေထံ။
"တကယ်ပဲ ဘာမသိတာလား Darling...."
"ကိုယ်ကမင်းကိုလိမ်ပါ့မလား...ကျစ်"
"Darling လိမ်တယ်ဆိုရင်တောင် ကျွန်တော်ကယံုပေးမှာပါ....." ဆိုသောစကားလေးကိုတော့ နှုတ်ခမ်းလှုပ်ရံုသာ ဆိုလိုက်မိသည်။
"ကူးငယ်လို့...."
"Yes, Darling.... "
"လိုက်ပို့ပေးမယ်မဟုတ်လား....ဟင်"
မျှော်လင့်ခြင်းအပြည့်နှင့်မျက်ဝန်းတို့ဟာ အပြုံးသဲ့သဲ့နှင့် ဂျောင်ဂုစကားတေအောက် ပကတိငြိမ်သက်သွားရသည်။
"မလိုအပ်တာကို ဘာလို့များသွားချင်တဲ့ဆန္ဒထက်သန်နေရတာလဲ Darling ရယ်.....အလကားပင်ပန်းအောင်"
"ကူးငယ်!...."
"အချိန်တန် မမဒေစီယာခွဲစိတ်ရင်နှလုံးရစေရပါမယ်....ဘာလို့ ဘာလို့လောနေရတာလဲ Darling ရယ် ငါ့ကိုမယံုလို့လား....."
တုန်ရီနေသောစကားလုံးများနှင့် ပြန်၍အဖြေမလာသော Darling ကြောင့် ဂျွန်ထပ်ပြီးရင်ကွဲရပြန်ပြီ။
"မယံုဘူးပဲ...ဟက်...ငါကအဲ့လောက်ထိယံုကြည်လို့မရတဲ့လူတစ်ယောက်လား မင်းယံုကြည်မှုကငါ့အပေါ် 1℅ တောင်မရှိဘူးပဲ..."
"အဲ့ အဲ့လိုမဟုတ်ဘူး ကူးငယ် ကိုယ် ကိုယ်က..."
"ငါပင်ပန်းတယ္ မင်းသိလား Darling... ငါ့အချစ် ငါ့ပေးဆပ်မှုကို မယုံကြည်တဲ့မင်းကိုချစ်ရတာ ပင်ပန်းနေပြီ!! ရင်ဘတ်နဲ့မဆံ့အောင် မင်းပေးတဲ့ဒဏ်ရာတေကလေ တဆစ်ဆစ်နဲ့ နာကျင်ရတာလဲ ထံုထိုင်းနေပြီ။
ငါ ငါကလေ စောက်ရူးတစ်ယောက်လို မျှော်လင့်ထားမိတာ။ မင်းရဲ့အချစ်ကငါ့အတွက်မဟုတ်ရင်တောင် မင်းရဲ့ယံုကြည်မှုကိုတော့ ရလိမ့်မယ်လို့ဒီအရူးမျှော်လင့်နေတာ...ဟားးဟားး...ငါ့ဘဝက ဘာလို့ရယ်စရာကောင်းနေရတာလဲ..."
ငါ့ရိုးသားမှုကို ဘာလို့အရောင်တေနဲ့လို့ မြင်နေရတာလဲ။ ငါပြခဲ့တဲ့အချစ်တေကမင်းအတွက်မလံုလောက်လို့လား။ ငါပေးခဲ့တဲ့မေတ္တာတေက စစ်မှန်လွန်းနေလို့လား။
တော်သေးတာပေါ့ ငါ့အတွက်ဆိုပြီး နာကျင်မှုတေပေးထားလို့။ ငါ့အတွက်သီးသန့်ပေးနေတဲ့ နာကျင်မှုတေနဲ့ပဲ ငါကျေနပ်ရမှာပေါ့။
"ငါမင်းကိုမုန်းချင်လိုက်တာ Darling....."
"အွန်း....သဘော"
"ဟဟ ခက်တာပဲ...ငါနင့်နင့်သဲသဲချစ်ထားတဲ့ အချစ်ကနည်းနည်းနှောနှောမဟုတ်တော့ မမုန်းရက်ဘူး မုန်းမရဘူး...မင်းမျက်ဝန်းတေထဲ နှစ်မွှန်းဖို့ကံကြမ္မာက လမ်းညွှန်ပြထားပြီးသား။ ချစ်တယ် Darling ချစ်တယ်....အသက်ပေးရဲတဲ့ထိချစ်တယ်...အင့်..."
သိမ်းကြုံးဖက်ခံလိုက်ရသည့် ကိုယ်ငယ်လေးဟာ သူ့သဘောကျရသည့် ရင်အံုကြားပိစိလေးဖြစ်လို့သွားသည်။ သဘောကျရသည့်ကိုယ်သင်းနံ့ကို ရှူရှုိက်ပစ်ရင်း သွေးစိမ်းရှင်ထွက်နေသည့်နှလံုးသားအား ကုစားစေသည်။
Advertisement
ဒဏ်ရာဟာလည်း Darling။ ဆေးသည်လည်း Darling။ အင်း....ငါရူးရချည်ရဲ့..မဟုတ်ဘူး ရူးကိုရူးနေပြီ။
"ကိုယ်သိတယ္...."
"သိပ်ချစ်တာ လူဆိုးရဲ႕...တစ်ခါလောက် နှလုံးသားနဲ့ခံစားကြည့်ပါရောလား ဒီကအရူးရဲ့အချစ်ကို...။ တစ်ခုပဲ ငါ့ကိုပြန်ချစ်လို့တော့မရဘူး..."
ကျောပြင်အားပွတ်သပ်နေသော လက်ပါးပြင်ကျယ်ကြီးကရပ်တန့်သွားသလို ဂျွန့်ဆံနွယ်အားနမ်းရှုိက်နေသောအမှုသည်လဲ ရုတ်ချည်းငြိမ်သက်သွားသည်။
"ဘာလို့လဲ...အကြောင်းပြချက်လိုချင်တယ်"
အလိုမကျသည့် Darling အမေးကို ဂျွန်သဲ့သဲ့လေးပြုံးလိုက်မိသည်။ Darling ကလေ ကလေးကြီးကြလို့ မေ့တက်ရန်ကော။
"မင်းက ငါ့ယောက်ဖလောင်း မမရဲ့ခင်ပွန်းလောင်း...ငါ့အတွက်မဟုတ်တဲ့ ငါ့ကောင်လေး။ ပေါင်းစည်းဖို႔လွယ်သလိုနဲ့ ခက်ခဲလွန်းတဲ့မျဥ်းပြိုင်နှစ်ကြောင်းပေါ့...အင်...အရှေ့အရပ်ကိုသွားနေတဲ့ Darling အနောက်အရပ်ကိုသွားရမဲ့ငါ..."
"လက်ရှိတော့ မင်းကို ကိုယ်ပိုင်တယ်..."
လေတိုး၍ ယိမ်းနွဲ့နေသောအနည်းငယ်ရှည်လျားနေသည့် ဆံနွယ်ပျော့ပျော့လေးတေအား နားနောက်သပ်တင်ပေးရင်း ရင်ခုန်အောင်လည်းထိုအမျိုးသားကစွမ်းဆောင်နိုင်သည်။
"ကူး မင်းသိပ်လှတယ်"
လှတယ်ပြောခံရတိုင်း မျက်နှာလေးရဲကာ အင်္ကျီစကိုလံုးချေတက်တဲ့အကျင့်ကို ထယ်ယောင်းအခုမှ သေချာသိလိုက်ရသည်။
အနက်ဝတ်ထားသည်ကြောင့် ဖွေးဥဥအသားအရေက ပို၍ကြည်လင်နေသယောင်။ ဆံနွယ်ရှည်အကြေကောင်လေးနဲ့ သိပ်လိုက်ဖက်သည့်တိုင် လှရက်လွန်းသည့်အမှန်တရားကပြောင်းလဲမည်မဟုတ်။
"လေတိုက်လို့အေးနေပြီ မဟုတ်လား ပြန်ရအောင်..."
"မမစီဝင်ပြီးမှ"
"ရတယ် မလိုဘူး မင်းတွေ့ဖို့မလိုဘူးကူးငယ်...ပြန်ရအောင်"
"ဟုတ်...."
စကားတစ်ခွန်းအောက် ဂျွန်ဟာနာခံဖို႔အသင့်။
ထားရာနေ စေရာသွား ဂျွန်ရဲ့ပဲ့ကိုင်ရှင်ဟာ Darling သာ။
ပြန်မယ်ဆိုသော Darling သည် 030 ဆိုသည့်အခန္းထဲဝင်၍သွားသည်။ မငြိုငြင်ရက်သည့် ဂျွန်ကတော့ Darling နဲ့ခပ်လှမ်းလှမ်းမှလိုက်ဝင်သည်။ အထဲရောက်တော့ မြင်ရသည့်မြင်ကွင်းကရင်ဘတ်ထဲအောင့်ခနဲ။
သတိလည်လာသောသူမကို ရင်ခွင်ထဲထည့်ကာ ဆေးပိုက်တန်းလန်းနှင့် လက်အားတဖွဖွနမ်းရှုိက်နေသော Darling။ ခဏကမှ ဂျွန်ဝင်ခဲ့သည့် ရင်ခွင်ကျယ်ကြီးထဲ အခုသူမကိုထည့်ကာတစ်ယုတယထွေးပွေ့နေတာ။ ဂျွန်နဲ့တုန်းက အေးစက်စက်ခပ်တည်တည်မျက်နှာထားသည် သူမကိုတော့အနူးညံ့ဆံုးအပြုံးတစ်ခုနှင့်။
ဂျွန်...ဂျွန်မွန်းကြပ်လိုက်တာ။ ရင်ဘတ်တေပေါက်ထွက်မတက် အသဲခိုက်အောင်နာလိုက်တာ Darling ရယ္။
ငါက အတ္တသမားဆိုရင်လေ Darling က တစ်ကိုယ်ကောင်းသမား။ မင်းလုပ်ချင်တာမင်းလုပ်တယ် ဘယ်သောအခါကမှ ငါ့ဘက်ကိုနည်းနည်းလေးတောင် အငှဲ့ကွက်ပေးခဲ့ဘူး။ ဘာလို့များ ဘာကြောင့်များ ငါ့အပေါ်ရက်စက်ရတာလဲ။
သူမရဲ့ဆိုင်သူမှန်းသိပါတယ် အစကတည်းကလက်လျော့ထားပေးပြီးသားကို မျက်စိရှေ့အခုလိုပံုစံကို ဘယ်အင်အားနဲ့ငါကြည့်ရမှာလဲ။
"ကို...."
"နားထောင်နေတယ်"
"နာတယ္...ရင်ဘတ်ကခဏခဏ နာတယ္ ဒေစီသေမှာလားဟင်..."
"ရှူး....လျှောက်မတွေးရဘူးလေ ကိုယ်ကမင်းကိုလက်လျော့မှာမဟုတ်ဘူး ဒီတစ်ပတ်ထဲပျောက်အောင်ကုသပေးမှာ"
ဂျွန်မြတ်နိုးရသည့် လက်သွယ်သွယ်လေးက ဖြူလျော့နေတဲ့သူမနှုတ်ခမ်းထက်။ နူးညံ့သည်ထက် ပျော့ပြောင်းလွန်းတဲ့စကားသံတေဟာ ဂျွန့်ကိုဆိုသည်နှင့် ကွဲပြားစွာ။
"ကိုယ့်ကိုယံုတယ်မဟုတ်လား..."
"မသိဘူး"
"ဟာ မရဘူး ဖြေရမယ်"
"လူဆိုးလေးကို ယံုရမှာလား"
"အွန်း ယံုရမှာ!"
အခု Darling ကသူ့ကိုမေ့နေသည်။
ဂျွန်ဟာ အောက်စီဂျင်ပိုက်အကူနှင့် အသက်ရှူနေရသော သူမကိုမနာလိုနေတာပဲ ယုတ်ညံ့တယ်မဟုတ်လား။
မည်သည့်အရာမှလိမ်းချယ်ခြင်းမပြုထားတဲ့ သူမဟာသိပ်လှလွန်းပါရဲ့။ မျက်ခံုးတန်းနက်နက် ဆင်းနေသောနှာတံ အရောင်ပါသော်ငြားသေသပ်နေသည့်နှုတ်ခမ်းပါး အလှဆံုးဟုတင်စားလို့ရတဲ့ မေးရိုး Darling မြတ်နိုးရတဲ့အမျိုးသမီးက ဂျွန့်အစ်မလို့မပြောရဘူး သိပ်လှသည်။
"ကင်မ်..."
"အမိန့်ရှိပါဗျ"
"ဒေစီ နေကောင်းလာရင်လေ ပဲရစ်ကို ကင်မ်နဲ့အတူသွားလည်ချင်တာ"
"ဟန်းနီးမွန်းအနေနဲ့ သွားကြမယ္လေ"
"ဟာ ကင်မ်မင်းနော်"
Darling ရဲ့ Deep voice ကြောင့် သူမဟာရှက်သွားသည်ထင် Darling ရင်အုပ်ကိုလက်သီးစုပ်လေးနှင့်အသာထုရှာသည်။ ဒါက Darling ကသဘောကျ၍ အော်ရယ်နေသည်။
သူ့အားမမြင်သည့် Darling တို့ကိုရပ်ကြည့်နေရသည့် သူ့အဖြစ်က အသဲကိုဓားနဲ့မွှန်းနေသလို မချိမဆံ့ခံစားရသည်မှာ အသက်ရှူပြင်မူမမှန်သည်အထိ။ ထွက်ရပေါင်းများသည်မျက်ရည်ဝေ့ဝဲလာသည့်အခါ ထိုနေရာမှထွက်သွားဖို့သာ အတွေးထဲကြီးစိုးလျက်။
မင်းငါ့ကို သတိရမဲ့အထိ အခုပံုစံကိုဆက်စောင့်နေရရင် ငါရင်ကွဲပြီး ဒီနေရာမှသေလိမ့်မယ်။ တောင်းပန်ပါတယ် တစ်ပတ်ပြည့်အောင်တော့အသက်ရှင်ပါရစေ။ အနုနည်းနဲ့တော့မသတ်ပါနဲ့။
ပန်းပေးပါတယ်။ အချစ်ကြီးလွန်းတဲ့ဒီကကောင်ကပဲ အရှုံးပေးပါတယ်။
Darling တို့အားကျောပေး၍ လှည့်ထွက်ရန်အပြင်
"အော်...ကူး ပြန်နှင့်လိုက်နော် ဒေစီကိုအဖော်ပြုပေးပြီးမှ ပြန်လာခဲ့မယ်...ညဥ့်နက်လောက်မှ"
"ကောင်းပြီ တစ်ညလံုးအဖော်ပြုပေးလိုက်ပါ...ငါကရတယ် တစ်ယောက်ထဲနေရတာအသားကျနေပြီးသား"
ထိုမျှသာပြောပြီး ထွက်လာလိုက်သည်။ မျက်ရည်တေထိန်းမရ အသံတို့တုန်ရီလာသည်ကြောင့် ဆောက်တည်ရာမရသည့်စိတ်နှင့် ဘာအသံမှမကြားလိုသည်ကြောင့်။ သို့သော်
နားစွန်နားဖျားကြားလိုက်ရပါသေးသည်။
"ဘယ်သူလဲ ကင်မ်"
"အသိတစ်ယောက်ပါ...ဒေစီအိပ်တဲ့အထိကိုယ်စောင့်ပေးမယ်"
"အိုက်ရိုး...သဘောကောင်းလိုက်တာ"
"အဲ့တော့ချစ်တယ်မဟုတ်လား"
"အများကြီးချစ်တာ"
လိမ်တယ်။ မင်းငါ့ကိုလိမ်တယ် Darling။ ဒီနေ့အချိန်တေက ငါ့အတွက်ဆိုပြီး သူမအတွက်ဖြစ်နေခဲ့ပြန်တယ်။ ငါလေ ရယ်သာရယ်လိုက်ချင်တော့တယ်။
ငါ့အချစ်ကိုမျက်ကွယ်ပြုသလောက် သူမအချစ်ကိုတော့ယံုကြည်နေတယ်။ မင်းဟာလေမတရားလိုက်တာ။
ပြိုကျမတက် မခုိင်သောဂျွန့်ခြေလှမ်းတေဟာ တိုက်ခန်းစီမဟုတ်ဘဲ တစ်နေရာစီသို့~~~~။
ချိုချိုလေး👀
Thanks for your vote🌟
Love you all❤
***********
*Zawgyi*
ခ်စ္ျခင္းေမတၱာတရားဆိုတာ အသြားရွိရင္အျပန္ရွိတယ္တဲ့ေလ။ ဒီအခ်ိန္မ်ိဳးမွာ ဆုတစ္ခုေတာင္းခိုင္းရင္ ဂြၽန္ေတာင္းမဲ့ဆုက Darling ဂြၽန့္ကိုဘယ္ေတာ့မွ ခ်စ္မလာေစဖို႔ ေတာင္းဆုျပဳမိလိမ့္မယ္။ ေသခါနီး Darling စီကခ်စ္ျခင္းတရား ဆိုတဲ့အရာကိုမေမွ်ာ္လင့္ခ်င္ေတာ့တာအမွန္ပါ။ Darling သာဂြၽန္ကိုျပန္ခ်စ္ခဲ့ရင္ ဂြၽန္ပဲရင္ကြဲျပန္ရမယ္။ ေသလူကိုေတာင္းတမဲ့ Darling ပံုစံကိုမမြင်လိုဘူး။ အခ်စ္ကသိပ္ပူေလာင္တာမို႔ အခ်စ္ကိုမသိေသးတဲ့ Darling လက်ရှိပံုစံလေးကပဲ ေကာင္းပါတယ္။
Advertisement
ငါသာအပူထဲကို ႐ူး႐ူးမိုက္မိုက္တိုးဝင္ခ်င္ဝင္မယ္ မင္းဆိုတဲ့သက္ရွိေလးကိုေတာ့ အခ်စ္ကိုမျမင္ေစခ်င္ဘူး။ ငါကေလ မင္းနာက်င္မွာသိပ္ေၾကာက္တာ Darling......ေက်းဇူးျပဳၿပီး တစ္ခါေလာက္ငါ့အခ်စ္ကိုမျပတ္ရယ္မျပဳပဲ ဒီတိုင္းအသိအမွတ္ျပဳေပးလိုက္လို႔ မျဖစ္ဘူးလားဟင္။
ဆေးရံုပေါ်က ေဒစီယာႏွလုံးေဖာက္လို႔ ဂြၽန္တို႔ေဆး႐ုံႀကီးကိုေရာက္ေနၾကသည္။ နာက်င္လို႔ေအာ္တဲ့ ေဒစီအသံဟာ ေကာ္ရစ္တာတေလွ်ာက္ဆူညံ့လ်က္။ ျပာယာခတ္ေနၾကသည့္ဆရာဝန္တို႔ၾကား Darling ဟာအဆိုးဆံုးပေါ့။
မ်က္ႏွာထက္ စိုးရိမ္ပူပန္မႈတို႔အေရာင္သမ္းေနသည့္ မ်က္ဝန္းတို႔က ဂျွန္အမြင်မှားတာမဟုတ်ရင် မ်က္ရည္အိုင္တစ္ခုျဖစ္ထြန္းေနတာပဲ။ သူမစီမွအၾကည့္လြဲလိုက္သည့္ Darling ကသူမနာက်င္တာမျမင္ရက္မွန္း ဂြၽန္သိပ္သိပါတယ္ေလ။
Darling ကသူမကိုျမတ္နိုးလြန္းေတာ့ ငါ Jealous ဝင္မိသား။
"Darling....."
"အင္း"
မ်က္ဝန္းေသတို႔ျဖင့္ဂြၽန့္မ်က္ဝန္းကို စိုက္ၾကည့္ရင္းေအးစက္စက္ထူးသံဟာ Darling ဟာ Darling ပဲျဖစ္ေနေသးေၾကာင္းသက္ေသျပဟန္။ ဒီၾကားထဲ ႏူးညံ့မႈေတၾကင္နာမႈေတကတကယ္အေယာင္ေဆာင္ပဲကို ဟက္.....။
"မမဒီေလာက္ျဖစ္ေနတာကို မာမီတို႔ကလာမၾကည့္ၾကဘူးလား....."
"ဟက္..."
ခပ္ေထ့ေထ့ရယ္သံႏွင့္အတူ သူမအားတစ္ခ်က္ေစြၾကည့္ကာ အခန္းျပင္ထြက္သြားသည့္ Darling ေနာက္ဂြၽန္ဟာ ထပ္ခ်ပ္မကြာလိုက္ရျပန္သည္။ လိုက္ခဲ့ ဟူသည့္အမိန႔္မရရင္ေတာင္ေပါ့။
ျမန္လြန္းတဲ့ေျခလွမ္းေတေၾကာင့္ ဆေးရံုခေါင်မိုးထက်သွားသည့်လှေကားဘက်ကာ ခ်ိဳးေကြ႕သြားေသာ ေက်ာျပင္ကိုသာျမင္လိုက္ရသည္။ Darling ဟာေလ ငါ့ကိုေတာင္မေစာင့္ဘူး....ထားသြားျပန္ၿပီ။
ေနာက္တခါက်ရင္ ငါအရင္ထားသြားမယ္မင္းကို....မင္းေရွ႕ျပန္မလာေတာ့ပဲ ထာဝရထားသြားျခင္းနဲ႕ေပါ့။
ေက်ာေပးရပ္ေနသည့္ Darling သည်ဆေးရံုဝန်းထဲကိုအသက်မဲ့စွာငေးနေလျက်။
"Darling....ငါေမးတာေျဖဦးေလ"
"ေဒစီေနရာမွာ မင္းျဖစ္ေနရင္ေတာ့ သူတို႔လာၾကည့္ၾကလိမ့္မယ္...."
"ဟင္"
"အခုထုတ္ေပးလိုက္လို႔မျဖစ္ဘူးလား....ေဒစီယာ့ကိုမၾကည့္ရက္လြန္းလို႔ပါ"
ဂျွန်ပုခံုးနှစ်ဖက်အားကိုင်ရင်း တိုးလ်လ်ျဖင့္ ေတာင္းဆိုျခင္းျမည္ေသာအသံႏွင့္ဆိုလာသည္။
ဂြၽန္ကေရာ ဂြၽန္ကေရာၾကည့္ရက္ေနတယ္လို႔ Darling ထင္ေလသလား။ မမမ်က္ႏွာကိုျမင္တိုင္း ဂြၽန္သိပ္ပူေလာင္ေနရတာ Darling မသိပါဘူး။
တိတ္ဆိတ္ေနတဲ့ ေဂ်ာင္ဂုမ်က္ဝန္းထက္ကမ်က္ရည္စဟာ ပါးျပင္ေပၚသို႔လိမ့္ဆင္းလာေလသည္။ ပူႏြေးႏြေးလက္ဝါးျပင္ကအသာအယာ သုတ္ေပးသည့္အခါ ၾကည္ႏူးလာရျပန္သည္။
"ႏွလုံးထုတ္ေပးမဲ့သူဘက္ကအခက္အခဲရွိေနလို႔မ်ားလားကူးငယ္.....ကိုယ္တို႔သြားေတြ႕ၾကည့္ရေအာင္လား...."
"ဟင္"
ပါးျပင္အားပြတ္သပ္ရင္း လေသံအေးအေးအဆံုးမှာ *ဟင္* ဆိုေသာအာေမဋိတ္အသံေလးသာ ဂြၽန္ထြက္သြားမိသည္။ Darling ဘာကိုေျပာေနတာလဲ ဂြၽန္ျဖင့္နားမလည္ေတာ့။
"ကူးငယ္ ေဒစီ့ကိုႏွလုံးေပးမဲ့သူကိုသြားေတြ႕ရေအာင္လို႔.....!"
Darling အတိတ္ေမ့သြားတာလား။ သူမအတြက္ႏွလုံးေပးမဲ့သူက Darling အေရွ႕ကဂြၽန္ေဂ်ာင္ဂုဆိုတာကိုေလ။ Darling ကိုယ္တိုင္ ငါ့ႏွလုံးထုတ္ေပးဖို႔ေတာင္းဆိုခဲ့တာကို ေမ့ရေလာက္ေအာင္ အခ်ိန္ၾကာေသးတာမွမဟုတ္ဘဲ။
အနည္းငယ္ေတြးဆဆျဖစ္သြားရသည္။ တိမ္ျမဳပ္ေနတဲ့အေၾကာင္းအရာရွိေကာင္း ရွိနိုင္သည္ သိဖို႔လိုအပ္လာၿပီထင္တယ္။
"Darling မသိေသးဘူးလား...."
"အြန္း....ေမေမေျပာတာ ေဒစီအတြက္ႏွလုံးလႉေပးမဲ့သူ ကူးငယ္မွာရွိတယ္ အဲ့အတြက္ ကူးငယ္စီမွာတစ္ပတ္အတူေနေပးရမယ္ လို႔ပဲေျပာထားတာ က်န္တာကိုယ္ဘာမွမသိရဘူး....."
ဂျွန်မျက်ခံုးတို့မြင့်တက်သွားမိသည်။ မ်က္ဝန္းတို႔ဝိုင္းကာ ကေလးတစ္ေယာက္မွ အေမအားျပန္တိုင္သလိုဆိုေနသည့္ Darling ပံုစံကလိမ်နေတာမဟုတ်ကြောင်း ဂြၽန္သိသည္။ Darling မ်က္ႏွာကိုၾကည့္ၿပီးအသက္ရွင္လာသည့္ ဂြၽန္အတြက္ Darling အျပဳအမူတစ္ခုစီတိုင္းကအစ အလြတ္ရေနၿပီးသား။
သံသယသည္ ကင္မ္နီဝန္းဆိုေသာ Darling ေမေမထံ။
"တကယ္ပဲ ဘာမသိတာလား Darling...."
"ကိုယ္ကမင္းကိုလိမ္ပါ့မလား...က်စ္"
"Darling လိမ္တယ္ဆိုရင္ေတာင္ ကျွန်တော်ကယံုပေးမှာပါ....." ဆိုေသာစကားေလးကိုေတာ့ နှုတ်ခမ်းလှုပ်ရံုသာ ဆိုလိုက္မိသည္။
"ကူးငယ္လို႔...."
"Yes, Darling.... "
"လိုက္ပို႔ေပးမယ္မဟုတ္လား....ဟင္"
ေမွ်ာ္လင့္ျခင္းအျပည့္ႏွင့္မ်က္ဝန္းတို႔ဟာ အၿပဳံးသဲ့သဲ့ႏွင့္ ေဂ်ာင္ဂုစကားေတေအာက္ ပကတိၿငိမ္သက္သြားရသည္။
"မလိုအပ္တာကို ဘာလို႔မ်ားသြားခ်င္တဲ့ဆႏၵထက္သန္ေနရတာလဲ Darling ရယ္.....အလကားပင္ပန္းေအာင္"
"ကူးငယ္!...."
"အခ်ိန္တန္ မမေဒစီယာခြဲစိတ္ရင္ႏွလုံးရေစရပါမယ္....ဘာလို႔ ဘာလို႔ေလာေနရတာလဲ Darling ရယ္ ငါ့ကိုမယံုလို့လား....."
တုန္ရီေနေသာစကားလုံးမ်ားႏွင့္ ျပန္၍အေျဖမလာေသာ Darling ေၾကာင့္ ဂြၽန္ထပ္ၿပီးရင္ကြဲရျပန္ၿပီ။
"မယံုဘူးပဲ...ဟက္...ငါကအဲ့လောက်ထိယံုကြည်လို့မရတဲ့လူတစ်ယောက်လား မင်းယံုကြည်မှုကငါ့အပေါ် 1 ေတာင္မရွိဘူးပဲ..."
"အဲ့ အဲ့လိုမဟုတ္ဘူး ကူးငယ္ ကိုယ္ ကိုယ္က..."
"ငါပင်ပန်းတယ္ မင္းသိလား Darling... ငါ့အခ်စ္ ငါ့ေပးဆပ္မႈကို မယုံၾကည္တဲ့မင္းကိုခ်စ္ရတာ ပင္ပန္းေနၿပီ!! ရင္ဘတ္နဲ႕မဆံ့ေအာင္ မင္းေပးတဲ့ဒဏ္ရာေတကေလ တဆစ္ဆစ္နဲ႕ နာက်င္ရတာလဲ ထံုထိုင်းနေပြီ။
ငါ ငါကေလ ေစာက္႐ူးတစ္ေယာက္လို ေမွ်ာ္လင့္ထားမိတာ။ မင္းရဲ႕အခ်စ္ကငါ့အတြက္မဟုတ္ရင္ေတာင္ မင်းရဲ့ယံုကြည်မှုကိုတော့ ရလိမ့္မယ္လို႔ဒီအ႐ူးေမွ်ာ္လင့္ေနတာ...ဟားးဟားး...ငါ့ဘဝက ဘာလို႔ရယ္စရာေကာင္းေနရတာလဲ..."
ငါ့ရိုးသားမႈကို ဘာလို႔အေရာင္ေတနဲ႕လို႔ ျမင္ေနရတာလဲ။ ငါပြခဲ့တဲ့အချစ်တေကမင်းအတွက်မလံုလောက်လို့လား။ ငါေပးခဲ့တဲ့ေမတၱာေတက စစ္မွန္လြန္းေနလို႔လား။
ေတာ္ေသးတာေပါ့ ငါ့အတြက္ဆိုၿပီး နာက်င္မႈေတေပးထားလို႔။ ငါ့အတြက္သီးသန႔္ေပးေနတဲ့ နာက်င္မႈေတနဲ႕ပဲ ငါေက်နပ္ရမွာေပါ့။
"ငါမင္းကိုမုန္းခ်င္လိုက္တာ Darling....."
"အြန္း....သေဘာ"
"ဟဟ ခက္တာပဲ...ငါနင့္နင့္သဲသဲခ်စ္ထားတဲ့ အခ်စ္ကနည္းနည္းႏွောႏွောမဟုတ္ေတာ့ မမုန္းရက္ဘူး မုန္းမရဘူး...မင္းမ်က္ဝန္းေတထဲ ႏွစ္မႊန္းဖို႔ကံၾကမၼာက လမ္းၫႊန္ျပထားၿပီးသား။ ခ်စ္တယ္ Darling ခ်စ္တယ္....အသက္ေပးရဲတဲ့ထိခ်စ္တယ္...အင့္..."
သိမ္းႀကဳံးဖက္ခံလိုက္ရသည့္ ကိုယ္ငယ္ေလးဟာ သူ႕သေဘာက်ရသည့္ ရင်အံုကြားပိစိလေးဖြစ်လို့သွားသည်။ သေဘာက်ရသည့္ကိုယ္သင္းနံ႕ကို ရှူရှုိက်ပစ်ရင်း သွေးစိမ်းရှင်ထွက်နေသည့်နှလံုးသားအား ကုစားေစသည္။
ဒဏ္ရာဟာလည္း Darling။ ေဆးသည္လည္း Darling။ အင္း....ငါ႐ူးရခ်ည္ရဲ႕..မဟုတ္ဘူး ႐ူးကို႐ူးေနၿပီ။
"ကိုယ်သိတယ္...."
"သိပ္ခ်စ္တာ လူဆိုးရဲ႕...တစ္ခါေလာက္ ႏွလုံးသားနဲ႕ခံစားၾကည့္ပါေရာလား ဒီကအ႐ူးရဲ႕အခ်စ္ကို...။ တစ္ခုပဲ ငါ့ကိုျပန္ခ်စ္လို႔ေတာ့မရဘူး..."
ေက်ာျပင္အားပြတ္သပ္ေနေသာ လက္ပါးျပင္က်ယ္ႀကီးကရပ္တန့္သြားသလို ဂျွန့်ဆံနွယ်အားနမ်းရှုိက်နေသောအမှုသည်လဲ ႐ုတ္ခ်ည္းၿငိမ္သက္သြားသည္။
"ဘာလို႔လဲ...အေၾကာင္းျပခ်က္လိုခ်င္တယ္"
အလိုမက်သည့္ Darling အေမးကို ဂြၽန္သဲ့သဲ့ေလးၿပဳံးလိုက္မိသည္။ Darling ကေလ ကေလးႀကီးၾကလို႔ ေမ့တက္ရန္ေကာ။
"မင္းက ငါ့ေယာက္ဖေလာင္း မမရဲ႕ခင္ပြန္းေလာင္း...ငါ့အတြက္မဟုတ္တဲ့ ငါ့ေကာင္ေလး။ ပေါင်းစည်းဖို႔လွယ်သလိုနဲ့ ခက္ခဲလြန္းတဲ့မ်ဥ္းၿပိဳင္ႏွစ္ေၾကာင္းေပါ့...အင္...အေရွ႕အရပ္ကိုသြားေနတဲ့ Darling အေနာက္အရပ္ကိုသြားရမဲ့ငါ..."
"လက္ရွိေတာ့ မင္းကို ကိုယ္ပိုင္တယ္..."
ေလတိုး၍ ယိမ္းႏြဲ႕ေနေသာအနည္းငယ္ရွည္လ်ားေနသည့္ ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးေတအား နားေနာက္သပ္တင္ေပးရင္း ရင္ခုန္ေအာင္လည္းထိုအမ်ိဳးသားကစြမ္းေဆာင္နိုင္သည္။
"ကူး မင္းသိပ္လွတယ္"
လွတယ္ေျပာခံရတိုင္း မ်က္ႏွာေလးရဲကာ အင်္ကျီစကိုလံုးချေတက်တဲ့အကျင့်ကို ထယ္ေယာင္းအခုမွ ေသခ်ာသိလိုက္ရသည္။
အနက္ဝတ္ထားသည္ေၾကာင့္ ေဖြးဥဥအသားအေရက ပို၍ၾကည္လင္ေနသေယာင္။ ဆံႏြယ္ရွည္အေၾကေကာင္ေလးနဲ႕ သိပ္လိုက္ဖက္သည့္တိုင္ လွရက္လြန္းသည့္အမွန္တရားကေျပာင္းလဲမည္မဟုတ္။
"ေလတိုက္လို႔ေအးေနၿပီ မဟုတ္လား ျပန္ရေအာင္..."
"မမစီဝင္ၿပီးမွ"
"ရတယ္ မလိုဘူး မင္းေတြ႕ဖို႔မလိုဘူးကူးငယ္...ျပန္ရေအာင္"
"ဟုတ္...."
စကားတစ္ခြန္းေအာက္ ဂျွန်ဟာနာခံဖို႔အသင့်။
ထားရာေန ေစရာသြား ဂြၽန္ရဲ႕ပဲ့ကိုင္ရွင္ဟာ Darling သာ။
ျပန္မယ္ဆိုေသာ Darling သည္ 030 ဆိုသည့်အခန္းထဲဝင်၍သွားသည်။ မၿငိဳျငင္ရက္သည့္ ဂြၽန္ကေတာ့ Darling နဲ႕ခပ္လွမ္းလွမ္းမွလိုက္ဝင္သည္။ အထဲေရာက္ေတာ့ ျမင္ရသည့္ျမင္ကြင္းကရင္ဘတ္ထဲေအာင့္ခနဲ။
သတိလည္လာေသာသူမကို ရင္ခြင္ထဲထည့္ကာ ေဆးပိုက္တန္းလန္းႏွင့္ လက်အားတဖွဖွနမ်းရှုိက်နေသော Darling။ ခဏကမွ ဂြၽန္ဝင္ခဲ့သည့္ ရင္ခြင္က်ယ္ႀကီးထဲ အခုသူမကိုထည့္ကာတစ္ယုတယေထြးေပြ႕ေနတာ။ ဂြၽန္နဲ႕တုန္းက ေအးစက္စက္ခပ္တည္တည္မ်က္ႏွာထားသည္ သူမကိုတော့အနူးညံ့ဆံုးအပြုံးတစ်ခုနှင့်။
ဂြၽန္...ဂြၽန္မြန္းၾကပ္လိုက္တာ။ ရင္ဘတ္ေတေပါက္ထြက္မတက္ အသဲခိုက္ေအာင္နာလိုက္တာ Darling ရယ္။
ငါက အတၱသမားဆိုရင္ေလ Darling က တစ္ကိုယ္ေကာင္းသမား။ မင္းလုပ္ခ်င္တာမင္းလုပ္တယ္ ဘယ္ေသာအခါကမွ ငါ့ဘက္ကိုနည္းနည္းေလးေတာင္ အငွဲ႕ကြက္ေပးခဲ့ဘူး။ ဘာလို႔မ်ား ဘာေၾကာင့္မ်ား ငါ့အေပၚရက္စက္ရတာလဲ။
သူမရဲ႕ဆိုင္သူမွန္းသိပါတယ္ အစကတည္းကလက္ေလ်ာ့ထားေပးၿပီးသားကို မျက်စိရှေ့အခုလိုပံုစံကို ဘယ္အင္အားနဲ႕ငါၾကည့္ရမွာလဲ။
"ကို...."
"နားေထာင္ေနတယ္"
"နာတယ္...ရင္ဘတ္ကခဏခဏ နာတယ္ ေဒစီေသမွာလားဟင္..."
"ရႉး....ေလွ်ာက္မေတြးရဘူးေလ ကိုယ္ကမင္းကိုလက္ေလ်ာ့မွာမဟုတ္ဘူး ဒီတစ္ပတ္ထဲေပ်ာက္ေအာင္ကုသေပးမွာ"
ဂြၽန္ျမတ္နိုးရသည့္ လက္သြယ္သြယ္ေလးက ျဖဴေလ်ာ့ေနတဲ့သူမႏႈတ္ခမ္းထက္။ ႏူးညံ့သည္ထက္ ေပ်ာ့ေျပာင္းလြန္းတဲ့စကားသံေတဟာ ဂြၽန့္ကိုဆိုသည္ႏွင့္ ကြဲျပားစြာ။
"ကိုယ့်ကိုယံုတယ်မဟုတ်လား..."
"မသိဘူး"
"ဟာ မရဘူး ေျဖရမယ္"
"လူဆိုးေလးကို ယံုရမှာလား"
"အြန္း ယံုရမှာ!"
အခု Darling ကသူ႕ကိုေမ့ေနသည္။
ဂြၽန္ဟာ ေအာက္စီဂ်င္ပိုက္အကူႏွင့္ အသက္ရႉေနရေသာ သူမကိုမနာလိုေနတာပဲ ယုတ္ညံ့တယ္မဟုတ္လား။
မည္သည့္အရာမွလိမ္းခ်ယ္ျခင္းမျပဳထားတဲ့ သူမဟာသိပ္လွလြန္းပါရဲ႕။ မျက်ခံုးတန်းနက်နက် ဆင္းေနေသာႏွာတံ အေရာင္ပါေသာ္ျငားေသသပ္ေနသည့္ႏႈတ္ခမ္းပါး အလှဆံုးဟုတင်စားလို့ရတဲ့ ေမးရိုး Darling ျမတ္နိုးရတဲ့အမ်ိဳးသမီးက ဂြၽန့္အစ္မလို႔မေျပာရဘူး သိပ္လွသည္။
"ကင္မ္..."
"အမိန႔္ရွိပါဗ်"
"ေဒစီ ေနေကာင္းလာရင္ေလ ပဲရစ္ကို ကင္မ္နဲ႕အတူသြားလည္ခ်င္တာ"
"ဟန္းနီးမြန္းအေနနဲ႕ သြားၾကမေယႅ"
"ဟာ ကင္မ္မင္းေနာ္"
Darling ရဲ႕ Deep voice ေၾကာင့္ သူမဟာရွက္သြားသည္ထင္ Darling ရင္အုပ္ကိုလက္သီးစုပ္ေလးႏွင့္အသာထုရွာသည္။ ဒါက Darling ကသေဘာက်၍ ေအာ္ရယ္ေနသည္။
သူ႕အားမျမင္သည့္ Darling တို႔ကိုရပ္ၾကည့္ေနရသည့္ သူ႕အျဖစ္က အသဲကိုဓားနဲ႕မႊန္းေနသလို မခ်ိမဆံ့ခံစားရသည္မွာ အသက္ရႉျပင္မူမမွန္သည္အထိ။ ထြက္ရေပါင္းမ်ားသည္မ်က္ရည္ေဝ့ဝဲလာသည့္အခါ ထိုေနရာမွထြက္သြားဖို႔သာ အေတြးထဲႀကီးစိုးလ်က္။
Advertisement
- In Serial43 Chapters
A New Breed of Pirate: A VRMMO Tale
What would happen if you dropped 2500 people from the year 2049, in Port Royal, Jamiaca in 1714? Rio Grande gaming division intends to answer that very question. Apply today to be chosen to take part in the beta testing of "A New Breed of Pirate" today. Sail the seven seas, as a pirate, merchant, or even in a navy! Experience what the world was like during the 18th century, as the entire world is your playground. Take part in the worlds first truly immersive VRMMORPG. Utah looks at the email he just recieved, then at his barely functioning legs. "What could I possibly lose?" Follow Dwayne Utah through his experiences in the hyper-realistic beta of NBP online. ***A couple disclaimers*** Thus story features progressive RPG elements. This is my first story, and I'm wanting to start slow on the status screens and game rules. I just wanted to put this here to let everyone know what they were getting.
8 156 - In Serial20 Chapters
I'm Not An Angel, I'm A Knight
Upon his defeat, the Demon Lord placed a cursed on the entire land that infested it with thousands of clones, "fakes" as they call them, of each of the Nine Heroes who defeated him. Our main protagonist is not one of those nine heroes, rather, she is one of those fakes who, after realising that chasing after the original was foolish, decides to change and become her own self.
8 216 - In Serial6 Chapters
Bloodlines: Awakening
Yvette woke up in an alley, her friends dead, after a night on the town celebrating her twenty-first birthday. Taken to the Valentina Private Academy she learns the truth of what happened to her and begins to learn how her new world works with the help of her Sire Varric. However, Yvette soon discovers her new life isn't going to be peaceful by any stretch as it seems a battle is brewing.
8 346 - In Serial8 Chapters
The Red Haps
Duarno, the ninth prince of the devil empire, is dead tired of the politics in court and just wants to live peacefully with his wife and a newborn daughter. But the encroaching elven war and the convoluting circumstances wouldn't let him be in peace. Would he join in the war and help devils achieve victory or would he continue on his path to live as the family man he has always wanted to be?
8 184 - In Serial68 Chapters
The Unknown Returnee
Warning: Slowly Developing Story For 60 years, Aldryn, the Oracle of Light has been searching for the people who murdered his family. Just when he was about to give up, he encountered a mythical creature who arrived from another world. Apparently the creature could also see the world in a game-like interface. It appears that Aldryn's life is about to become more interesting.
8 149 - In Serial18 Chapters
The Virtue of a Starless Sky
Days have turned into weeks, weeks into months, and months into long years without a single sign from the Heavens above.The mythical immortals that once protected the world of Oseo have seemingly vanished in the wake of a mysterious phenomenon that occurred only recently — the startling disappearance of a large portion of the night sky and, with it, the gradual decline of Spiritual Qi.In a steadily decaying era where cultivation is becoming increasingly difficult to practice, vast empires, ancient Societies, and powerful organizations have all begun to fight to secure the last remaining Spirit Stone mines and Spiritual Qi leylines across the world.There is little hope for peace now that the final century of cultivation has dawned on Oseo, but to Laude Tellstar, a simple mortal farmer, none of that mattered.As an ordinary mortal who had no interest in the world of cultivation, Laude had considered him exempt from the fearsome conflict raging across Oseo until he was forcibly drawn into the fray one fateful day… by a single, stray bolt of lightning.After that, his life was never the same again. Dragged into a dying world of cultivation, Laude’s journey to expunge his cultivation base and return to mortalhood will take him across Oseo and into the shadow of a heavenly conspiracy so monumental that it could endanger all of Oseo and beyond…
8 200

