《Sour Candy》part 13💔
Advertisement
*Unicode*
လူရယ်လို့ဖြစ်လာရင် တစ်နေ့သေရမယ်ဆိုတာ လောကကြီးကသတ်မှတ်ထားတဲ့
စည်းမျဉ်းတစ်ခုပေမို့ သေမဲ့အရေး ထူးပြီးဝမ်းမနည်းချင်တော့။
အဓိကသည် ဂျွန်မသေခင်ချိန်ထိ ဂျွန်ဟာဂျွန်ချစ်တဲ့ Darling အနားကပ်တွယ်ခွင့်ရသည်မို့ ပျော်တောင်ပျော်မိပါသည်။
သို့သော် Darling ပြောသလို သူ့ဟာသိပ်အတ္တကြီးပါတယ်။ မသေခင်လေး Darling စီက အလေးထားမှုကိုခံယူချင်ပါသေးသတဲ့။ ကြီးမားလွန်းတဲ့ချစ်ခြင်းကြောင့် မျက်ကန်းတစ်ယောက်လို အကုန်လိုက်လျောနေမိတဲ့ငါကလေ ရူးမိုက်စွာမျှော်လင့်ချက်တေထားမိပြန်ပြီ Darling ရယ်။ လာရိုက်ချိုးလှည့်ပါဦး မင်းမုန်းတဲ့ ဒီကအရှုံးသမားရဲ့မျှော်လင့်ချက်တစ်ချုိ့ကို။
နှေးကွေးနေသော ခြေလှမ်းတစ်ချို့ကသိပ်ပင်ပန်းနေကြောင်းပြသ၍နေသည်။ ဆေးရံုပြင်ထွက်လာသော အနက်ရောင်ပံုရိပ်ငယ်သည် မှောင်ရီသန်းနေသော ပတ်ဝန်းကျင်အား ကြည့်ပြီး ခပ်ထေ့ထေ့ရယ်မောပစ်လိုက်သည်။
"အမှောင်ရိပ်......အင်း.....ငါ့အနာဂတ်ကိုမျက်စိရှေ့တွေ့နေရသလိုပါပဲ မှောင်မှောင်မဲမဲ ရေရေရာရာမမြင်ရတဲ့ အနက်တေက ငါ့ fav! "
*Ti Ti *
နောက်ကျောဘက်စီက ကားမီးရောင်နဲ့အတူ ဟွန်းသံကျယ်ကျယ် နှစ်ချက်တိတိကြောင့် ကိုယ်ငယ်လေတုန်တက်သွားကာ လန့်သွားရသည်။
ဂျွန်ပြုံးလိုက်သည် တကယ်နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးမိသည်။ အနောက်ဘက်ကိုလှည့်မကြည့်ပဲ ဦးတည်ရာအရှေ့ဘက်စီကိုသာ တည့်တည့်မတ်မတ်လျှောက်သွားလိုက်သည်။
မကြာလိုက်ပါ ထပ်ကြားရပြန်သော ဟွန်းသံ
*Ti Ti Ti*
မှတ်မိတာပေါ့။ ဒီကားဟွန်းသံကို။ ထိုသူနဲ့ပတ်သတ်တဲ့အရာအသေးအမွှားကအစ မှတ်မိနေတဲ့ နှလုံးသားကတဒုန်ဒုန်ခုန်ကာ ထိုသူဖြစ်ကြောင်း အချက်ပြနေသည်လေ။ ဂျွန်ဂျောင်ဂုဟာ ထိုသူ့အပေါ်ဤမျှလောက်ရူးသွပ်နေမိတာလေ။
ဆွဲခံလိုက်ရသောလက်ကောက်ဝတ်နှင့် အလှည့်ခံလိုက်ရသည့် ခန္ဓာကိုယ်။
"ကူးငယ်.....ဘယ်တေသွားနေတာလဲ အဆင်ပြေရဲ့လား"
တစ်ကိုယ်လံုး လှည့်ပတ်စစ်နေသူကား ဂျွန့်ကိုတကယ်ပဲစိတ်ပူနေသည်လား။ ဟန်ဆောင်မေးသည်ဆိုရင်တောင် ဂျွန်ပျော်ပါရဲ့ သိပ်ပျော်ပါရဲ့။
"ကိုယ်မေးနေတယ်လေ နေ့လည်ကဘယ်ထွက်သွားတာလဲ"
တကယ်ပဲ မင်းကငါ့နောက်လိုက်မလာခဲ့ဘူးပဲ။
ကျင်တက်သွားပြန်ပြီ ဒဏ်ရာတချို့။
"ကူးငယ် မင်းဘာဖြစ်နေတာလဲ"
"ငါထွက်သွားတဲ့အချိန် Darling သာနောက်ကလိုက်ခဲ့ရင် ငါဘာဖြစ်လဲသိရမှာ"
အနည်းငယ်ပျက်ယွင်းသွားတဲ့ Darling မျက်နှာက ဂျွန့်ကိုလှောင်ပြောင်လိုက်သလိုပင်။ Darling ကလေ စိတ်ပူခြင်းမရှိတာတောင် စိုးရိမ်တဲ့မျက်ဝန်းတေနဲ့ ကြည့်တက်နေပါရောလား။ တကယ်ပဲ ဂျွန့်ရဲ့ Darling က ဥာဏ်သိပ်များတာပဲ။
မမဒေစီခွဲစိတ်ဖို့ကိစ္စ ဂျွန်ကချယ်လှယ်နေတယ်လို့သတ်မှတ်ပြီး မထူးဇာတ်ခင်းကာ သရုပ်ဆောင်နေသည်ပဲ။ အော်....ခက်သားပဲ Darling ရယ် မင်းဟာလေ ထင်ချင်ရာကိုထင်ပစ်လိုက်တော့တာပဲ။
"မင်းဘယ်ကပြန်လာတာလဲ Darling "
သိရက်နှင့်မေးလိုက်သည်။ မေးမိသည့်ကိုယ့်ကိုယ်ကိုပဲဖြတ်ရိုက်ချင်သား။ သိနေတဲ့အဖြေကြားလာတဲ့အခါ မထိန်းချုပ်နိုင်တဲ့စိတ်အစံုအရ မျက်ရည်ဝေ့လာရပြန်သည်။
"ဒေစီယာ စီက"
"အော်.....သူမ သက်သာရဲ့လား"
"မင်းနဲ့မဆိုင်ဘူးထင်တယ်"
"ဟားဟား......အဲ့လိုလား မောင်တစ်ယောက်အနေနဲ့တောင် သိခွင့်မရှိဘူးလား"
"အွန်း မင်းလဲသိချင်မှာမှမဟုတ်တာ....မင်းသိထားရမှာက တစ်ပတ္ပြည့်ရင် နှလုံးအဆင်သင့်ဖြစ်ဖို့"
"အဲ့ကိစ္စအတွက် စိတ်ပူစရာမလိုတာမို့ ခဏခဏမပြောပါနဲ့လား Darling ....ဒီနားက တင်းကြပ်ကြပ်ဖြစ်လွန်းလို့"
ရင်ဘတ်တစ်နေရာကို လက်ညိုးထိုးကာ ဆိုနေသောစကားသံဟာ တိတ်ဆိတ်သောညမှာ ခပ်အက်အက်ဖြစ်နေ၍ ဆွေးမြည့်ဖွယ်ကောင်းလွန်းနေသည်။ ထယ်ယောင်းစိုက်ကြည့်နေမိတဲ့ မျက်ဝန်းက မှောင်ရိပ်ထဲ အရောင်တလက်လက်ထနေသည်မှာ စိတ်ထင်လို့များလေလား။
"ထားပါ အခုဘယ်သွားမလို့လဲ"
"အဲ့တာစဥ်းစားနေတာ Darling ရှိနေမဲ့တိုက်ခန်းကိုပြန်သွားပြီး နာကျင်ရင်ကောင်းမလား.....ပျော်စရာရှာဖို့ bar သွားရင်ကောင်းမလားဆိုပြီး.....အ့"
လက်ကောက်၀တ်ကို တင်းကြပ်စွာကိုင်တွယ်လာသည့် Darling ဟာအလိုမကျဟန်။ ဂျွန့်အား ဆွဲခေါ်ကာ ကားပေါ်ပစ်တင်လိုက်ပြီး Darling မူပိုင်ဩရှရှအသံဖြင့်စကားဆိုလာသည်။
"ငါကနာကျင်စေတယ်ဆိုရင်တောင် ငါကိုရွေးချယ်ခဲ့တာမင်းပဲမလို့ ဆက်ပြီးနာကျင်မှုကိုဆုတ်ကိုင်ထား"တဲ့လေ
အဲ့ဒီ နာကျင်မှုကိုပဲ ဒီကအရူးကမြတ်နိုးနေရတာပါ ဟုပြန်ကြွေးကြော်ချင်ပေမဲ့ နှုတ်ဆိတ်ကာ ငြိမ်သက်နေလိုက်မိသည်။ ဆုတ်ကိုင်ထားဖို့ အချိန်က 5 ရက်ပဲကျန်ရှိတော့တာ။ အခွင့်ရှိတုန်းစကားနိုင်လုမနေပဲ ဂျွန်ဂျောင်ဂုဟာ ကင်မ်ထယ်ယောင်းမျက်နှာကိုသာ ငေးရင်း လိုက်ပါလာခဲ့သည်။
တစ်ချက်တစ်ချက် ထယ်ယောင်းလှည့်အကြည့်နှင့်ဆံုလျှင် မျက်ဝန်းတစ်ဖက်မှိတ်ပြကာ ဖလစ်တက်ပြန်သေးသည်။ ပြန်ရသည်ကား သူသဘောကျလှသည့် မျက်ဝန်းမှ မျက်စောင်းစူးရဲရဲ။
"ဘာလို့အဲ့လောက်ကြည့်နေရတာလဲ!"
"ချစ်လို့လေ...."
စိုက်ကြည့်ခြင်းမပျက်ပဲ ခပ်တုတ်တုတ်ဖြေသံအေးအေးသည် လူပျိုကြီးထယ်ယောင်းအား ရှက်အောင်လုပ်နိုင်သည်တဲ့။
လှုပ်လှုပ်ရှားရှားဖြစ်သွားသည့် ဂျွန်သဘောကျရပါသော မျက်ဝန်းအိမ်စူးရှရှတေကို ဘေးမှကြည့်ရှူနေရတဲ့ ဂျွန်ဟာ ခပ်ဟဟရယ်သည်။
"ဂျောင်ဂုမင်းဟာလေ...."
"ရင်ခုန်သွားလို့လား....ဟဟ!"
"ရင်ခုန်စရာလား ကလေးကုလား"
မျက်ခံုးတို့တွန့်ချိုးကာ ကားကိုသာအာရုံစိုက်မောင်းနေသူကို ဂျွန်ဂျောင်ဂု တခဏငေးရင်း
"Darling ငါမင်းကိုသိပ်ချစ်ပေမဲ့ မင်းကတော့ ချစ်လို့မဖြစ်ဘူး....ငါ့ကိုမချစ်နဲ့"
Darling ဟာသူ့ကို တစ်ချက်ပြလှည့်ကြည့်လာပြီး ပံုမှန်အတိုင်း ကားဆက်မောင်းသည်။
"မချစ်ပါဘူး....ချစ်ဖို့စိတ်ကူးထဲလဲမရှိဘူး"
"သေချာလို့လား...အဟွန်း! ပြီးမှ ဂျွန်ဂျောင်ဂုရှီးရဲ့ချစ်စရာကောင်းမှုမှာပျော်ဝင်သွားလို့ Darling ကမင်းကိုသိပ်ချစ်တာ ဆိုပြီးလာမလုပ်နဲ့နော်...အဲ့ချိန်ငါကရှိနေမှာမဟုတ်တော့ဘူး"
ခပ်ဆွေးဆွေးသာမာန်ထက်ထူးဆန်းသော စကားလံုးများက ထယ်ယောင်းအား တစ်ခုခုလစ်ဟာသွားသောခံစားချက်ကို ထိထိမိမိပေးစွမ်းနေသည်။ အနက်ရှုိင်းဆံုးစိတ်တစ်နေရာက ယူကြုံးမရဝမ်းနည်းလာစေကာ အသက်ရှူနှုန်းပင် နှေးချည်မြန်ချည်ဖြစ်လာ၍ ချွေးစေးများထွက်လာရသည်။
"မင်း မင်းကဘယ်သွားမှာမို့လို့လဲ"
"အင်း.....တစ်နေရာရာပေါ့ ခံစားချက်တေမရှိတဲ့လွတ်လပ်စွာအထီးကျန်စေတဲ့နေရာပေါ့ ဟဟ......မင်းနေမကောင်းဘူးလား Darling "
ကားစီယာတိုင်ပေါ်မှ လက်သန်ရှည်ရှည်များက တုန်ရီနေတာတွေ့သဖြင့် ဂျွန်သိပ်စိတ်ပူသွားရသည်။ ကိုယ့်ကိုယ်တိုင်သာ တံုးတိုက်တိုက် ကျားကိုက်ကိုက်ဖြစ်ချင်ရာဖြစ် ကျန်းမာရေးဂရုမစိုက်သာ Darling ကတော့မရဘူး။
မြတ်နိုးရတဲ့သက်ရှိလေးမို့ မျက်နှာလေးညိုးရင်ကို ဂျွန့်မှာ ကမ္ဘာပျက်မတက်ဖြစ်နေရတာ။ ထိခိုက်မှုလေးတွေ့ရင် ဒီလူဟာရူးမတက်ပူလောင်လွန်းတာ Darling မှမသိလေပဲ။
ငါ့ကိုဂရုမစိုက်ပေးရင်တောင် ကိုယ့်ကိုယ်ကိုတော့ ဂရုစိုက်ရမယ်လေ Darling။
"ကိုယ်ဘာမှမဖြစ်ဘူးကူးငယ်!"
"လိမ်တာ!......ချွေးတေထွက်ပြီး လက်တေတုန်နေတာကို.....မင်းဖယ် ငါကားမောင်းမယ် Darling"
Advertisement
"ကိုယ်အဆင်ပြေတယ်"
ဂျောင်ဂု၏ စကားသံတေဟာ အဖျားခတ်တုန်ရီလာကာ မျက်ဝန်းထက်မျက်ရည်တို့ပြည့်လျှံလာပြီဖြစ်သည်ကြောင့် ထယ်ယောင်းကားကိုလမ်းတစ်နေရာထိုးရပ်လိုက်ပြီး အဆင်ပြေကြောင်းပြောသော်လည်း ဂျောင်ဂုဟာ သူ့နဖူးထက်ကချွေးစတချို့ကိုသုတ်ပေးရင်း ခေါင်းတခါခါဖြင့်။
"ဒါမဲ့......ဒါမဲ့ အင့်!"
တင်းကြပ်ကြပ်ဖက်ခံလိုက်ရသောကိုယ်ငယ်လေးဟာ ရင်ခွင်ကျယ်ထဲအလဲလဲအပြိုပြို။
"မင်းဘာမှဖြစ်လို့မရဘူး Darling.....ငါ ငါဘဝမှာတန်ဖိုးအထားရဆံုးက မင်းပဲဆိုတာသိတယ်မဟုတ်လား"
တိုးလျလျလေးဆိုတာမှ တကယ်တိုးတိုးလေး။
ကင်မ်ထယ်ယောင်းဆိုသည်နှင့် Sensitive ဖြစ်လွန်းတာ ဂျွန်ဂျောင်ဂုရဲ့အကြီးမားဆံုးသောအားနည်းချက်။ ဘယ်လောက်ပဲ ဂျွန်ဂျောင်ဂုဟာသန်မာပြီပြောပြော ကင်မ်ထယ်ယောင်းဘက်က နူးညံ့လာပြရင် အမှတ်မရှိတဲ့ ကူးငယ်ပြန်ဖြစ်သွားဆဲ။
အချစ်ကြီးတော့လည်း သိပ်သည်းမိတာ အပိုလုပ်တယ်လုိ့တော့မဆိုစေချင်ဘူး။
"အွန်း....သိတယ် အခုကဘာလို့ငိုရတာတုန်း"
စိုလာသောရင်ဘတ်တစ်နေရာကြောင့် ရင်ခွင်မှ ကူးငယ်မျက်ရည်တေသာဖြစ်ကြောင်း ပြေးကြည့်စရာမလုိအောင်သိပါတယ်။
မျက်ရည်ဥခိုတွဲနေသောမျက်ဝန်းကြီးဖြင့်မော့ကြည့်လာကာ အတန်ငယ်မဲ့နေသောနှုတ်ခမ်းမှဖွင့်ဟာလာသည်ကား
"မသိဘူးလေ....မင်းကိုစိုးရိမ်လို့သူဟာသူမျက်ရည်ထွက်လာကို ဟင့်"
"ဟဟ....!"
"Darling မင်းမလှောင်ပါနဲ့.....ရွတ်"
"ရော.....မလှောင်ရပါဘူး မင်းဟာလေ ကလေးလေးကြလို့တကယ်ပဲ....တိတ်တော့ ကိုယ်ဘာမှမဖြစ်ဘူး အခုပြန်ကြမယ်နော်"
ထယ်ယောင်းလက်နှစ်ဖက်ကြားမြုပ်နေသော မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးမှာ ငိုထားသည်ကြောင့်ခပ်ရဲရဲ။ ခေါင်းလေးတဆတ်ဆတ်ငြိမ့်ကာ လက်ခံကြောင်းပြသနေပံုက တကယ်အသဲယားစရာကောင်းတာမို့ ထယ်ယောင်းငေးခနဲ။
"အင်း အင်း...ပြန်မယ္ Darling အနားယူဖို႔လိုတယ္"
"ခဏ......လက်က ဘာဖြစ်တာလဲကူးငယ်"
"ဟင်.."
ထိုင်ခံုခါးပတ် ပတ်ဖို့လုပ်နေတဲ့ ဂျောင်ဂုခဗျာ ထယ်ယောင်းစကားကြောင့် လှုပ်ရှားမှုတို့ရပ်တန့်သွားရသည်။ ငြိမ်သက်သွားသော လက်ကောက်ဝတ်ကို ဆွဲယူကာ ဖံုးနေသောအင်္ကျီစအား အပေါ်သို့ ပင့်တင်လိုက်လေတော့ သူ့ပေးထားသော ဒဏ်ရာတချို့နှင့် သွေးစအချို့ခြောက်ကပ်နေသော အပေါက်သေးသေးလေး။
"ဟို...ဘာ ဘာမှမဖြစ်ပါဘူး"
"ကိုယ်လိမ်တာ မကြိုက်ဘူးဆိုတာသိတယ်မဟုတ်လား"
"တောင်းပန်ပါတယ် Darling.....မင်းစိတ်ရှုပ်မှာစိုးလို့မပြောတာ"
မျက်နှာထားတို့ တည်တင်းကာ ချက်ချင်းခက်ထန်လာသော Darling ဟာစိတ်ဆိုးသွားသည်များလား။
"မပြောသေးဘူးလား....မင်းဘာဖြစ်လဲဆိုတာငါသိခွင့်ရှိတယ်မဟုတ်လား လတ်တလောမင်းရဲ့အုပ်ထိန်းသူအနေနဲ့...!!"
"အွန်း.....Darling ကငါ့အကြောင်းကို စိတ်ဝင်စားတက်သူမှမဟုတ်တာ အဲ့တော့မပြောပြသင့်ဘူးထင်လို့"
"ကျစ်....မင်း မင်းကွာ"
ဟုတ်သည်လေ။ ဂျွန်ပြောတာအမှန်တေပဲမဟုတ်လား။ အမြဲဂျွန်ဘက်ကခံစားချက်ကို တစ်ခါလေးတောင် အလေးမထားပဲ ပစ်ပယ်တက်သည့် Darling ကို ဂျွန်ဘာဖြစ်လာတယ္ ဘာဖြစ်နေတယ် ဘာဖြစ်ချင်တယ် စသည်ဖြင့် ပြောပြစရာအကြောင်းအရင်းမှမရှိလေပဲ။
အကြောင်းအရင်းရှိလာရင်တောင် မပြောပြချင်တော့သည်အထိ ဂျွန်သိပ်ပင်ပန်းနေပြီ။ ခံစားရရင်တောင် သိုသိုသိပ်သိပ်ပေါ့။ ပေါ်ပေါ်ထင်ထင်နာကျင်ပြနေရင် ဒီကောင်ပျော့ညံ့လိုက်တာ စိတ်ပျက်စရာဆိုပြီး သွေးထွက်နေတဲ့နှလုံးသားကို ဓားလေးနဲ့မွှန်းဖို့စောင့်နေတဲ့ Darling စကားလုံးတေကအသင့်စောင့်ကြိုနေဆဲ။
ချစ်လွန်းလို့ မခံစားနိုင်တော့လို့ မင်းနဲ့ပတ်သတ်ရင် အသေးအမွှားကအစနာကျင်ရရင်တောင် မထုတ်ပြမိအောင် ငါမြိုသိပ်ထားတယ် Darling။
ငါ့အဖြစ်ကလေ နာကျင်တာ မခံစားနိုင်လို့ သနားညှာတာပါဆိုပြီး ထုတ်ပြမိကာမှ ပိုနာကျင်နေရတော့ ဟိုစကားပံုကိုတောင်သွားသတိရသွားတယ်။
*ကျားကြောက်လို့ ရှင်ကြီးကိုး
ရှင်ကြီး ကျားထက်ဆိုး* ဆိုသလိုပေါ့ ဟဟ။
လမ်းမီးတိုင်မှအလင်းရောင်သဲ့သ့ဲရရှိသော လမ်းမထက် ကားအနက်ရောင်တစ်စီးဟာပံုမှန်အရှိန်ဖြင့်မောင်းနှင်လျက် လိုရာခရီးသာဦးတည်သွားနေသည်။
ဂျွန့်ဘက်က စကားမဆိုသလို Darling ဘက်ကလဲ တိတ်ဆိတ်၍နေသည် အေးစက်စက်လေထုသာကြီးစိုးနေသော ကားတွင်းပိုင်းကို သူတို့ဆက်ဆံရေးနှင့် ခိုင်းနှိုင်းပြရအောင်လည်း ဂျွန်နှင့် Darling ရဲ့ဆက်ဆံရေးကအေးစက်နေတာမျိုးမဟုတ်တော့ ခက်သား။
တိုက်ခန်းပြန်ရောက်တော့လည်း ရေချိုးခန်းတန်းဝင်သွားသူကြောင့် စိတ်ဆိုးနေသည်ဟု တစ်ထစ်ချတွေးမိလိုက်သည်။ နွမ်းလျနေသောခန္ဓာက Darling ကိုမချော့ပဲ အနားယူသင့်ပြီဖြစ်ကြောင်း တွန်းအားပေးနေသယောင်။
"စိတ်ဆိုးလည်းဆိုးပါ Darling.....ငါအသက်ရှိတုန်းမင်းစိတ်ဆိုးလို့ရတာ.....အင်း.....ချစ်တယ် ခဏခဏပြောနေပေမဲ့လဲ တစ်ခါဆိုတိုင်း တစ်ခါအချစ်ပိုတာမသတ်မှတ်ပေးရင်တောင် ဒိတိုင်းလေးသိထားပေး.....ကောင်းသောညပါ Darling"
မိနစ်ပိုင်းအတွင်း အိပ်ပျော်သွားသော ကောင်လေးအိမ်မက်လှပစေဖို့ တစ်ယောက်သောသူက နဖူးပြေပြေလေးထက် တိတ်တိတ်လေးအနမ်းခြွေပေးခဲ့တာ စားပွဲပေါ်ကမီးအိမ်လေးကမျက်မြင်သက်သေဖြစ်လိမ့်မည်။
"အလှပဆံုး အိမ်မက်တေမက်ပြီး ကောင်းကောင်းနိုးထလာပေးပါ....အခုလို ဟန်ဆောင်ရယ်မောခြင်းတေမဟုတ်ပဲ အရင်လို အပြုံးစစ်တေနဲ့ရယ်မောပေးပါ။ မင်းကိုနားမလည်ပေးမိတဲ့အတွက်တောင်းပန်ပါတယ် ကူးငယ်"
မချစ်ပေမဲ့ မင်းကိုရင်ခွင်ထဲထည့်ထားရတာသဘောကျတယ်။ တစ်ကြိမ်တစ်ခါလောက်မွန်းကြပ်စရာတေမေ့ပြီး မင်းပျော်ရွှင်ဖို႔ စွမ်းဆောင်ပေးချင်တယ် အမြန်ဆံုးအကောင်းထည်ဖော်ပါ့မယ်။
မတည်နိုင်တဲ့ကတိတေမပေးချင်တာမို့ အများကြီးတော့မမျှော်လင့်ပါနဲ့ကွာ။ ကိုယ်ပြောဖူးသလို ရည်ရွယ်ပြီး မလုပ်ခဲ့ပေမဲ့ ကင်မ်ထယ်ယောင်းဆိုတဲ့ ကိုယ်ကမင်းကို နာကျင်စရာတေပဲပေးမိတက်တာ ကံကြမ္မာစီမံရာသာဖြစ်နေသည်ထင်ပါရဲ့။ ထပ်ပြီးတောင်းပန်ပါတယ် ကူး။
"အင့်....Dar....ling"
အိပ်ရင်းယောင်၍ရင်ခွင်ထဲတိုးဝင်လာသည့် ခေါင်းလံုးလံုးလေးကြောင့် ပြုံးမိသွားကာ ဆံနွယ်တို့အားနမ်းရှုံ့လိုက်ပြီး တင်းကြပ်ကြပ်ဖက်ကာ ကိုယ်တိုင်လည်း အိမ်မက်ကမ္ဘာသို့......။
////////////////////////
ငါကတိမတည်နိုင်တာခွင့်လွှတ်ပါ ဂျောင်ဂု။
မင်းအစ်မအတွက် ဖြူစင်လွန်းတဲ့မင်းရဲ့နှလုံးကိုယူပြီး ခွဲစိတ်ပေးဖို့ ဆရာဝန်တစ်ယောက်အနေနဲ့မလုပ်နိုင်တာမို့ ဒီလိုလုပ်ရတာမင်းနားလည်မှာပါ။
"ဟယ်လို ဟိုဂီရား......"
"အီဆောင်း...."
"အင်းငါ...အခုငါ့စီလာခဲ့ပေးပါလား"
"ဘာလဲ လွမ်းလို့လား....."
"နောက်ရမဲ့အချိန်မဟုတ်ဘူးဟိုဂီ....တိုင်ပင်ရမဲ့ကိစ္စရှိလို့ခေါ်နေတာ"
"အဲ့မယ်ထူးထူးဆန်းဆန်း "
"မင်းရဲ့ကလေး ဂျွန်ဂျောင်ဂုရဲ့အသက်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်နေတာမို့ ပြောင်ချော်ချော်လုပ်နေရင် မင်းလစ်လိုက်တော့ မလာခဲ့နဲ့!"
"ဘာ!.....ဂျွန်ငယ် ဂျွန်ငယ့်ကိစ္စဟုတ်လား အီဆောင်း...အီဆောင်း! အီဆောင်း....ဒီကောင်ကွာ ကျစ်!"
ဖုန်းချသွားတဲ့ အီဆောင်းကစိတ်ကြီးလွန်းတာမို့ ခေါင်းသာခါနိုင်သည်။ ဂျွန်ငယ့်အသက်ပိုင်းဆိုင်ရာဆိုတဲ့ စကားက အီဆောင်းရှိရာဆေးရုံကို လေအလျင်ကဲ့သို့ ရောက်နိုင်အောင်ထိစွမ်းဆောင်နိုင်ပါသတဲ့။
ထယ်ယောင်းကို ဂျောင်ဂုအထိခိုက်မခံသလို။
ဂျောင်ဂုကို ဟိုဂီကလည်းအထိခိုက်ခံမည်မဟုတ်တာအမှန်ပေ။
ပိုင်ဆိုင်ဖို့ ကြိုးစားဆဲကာလမှာ ပျော်ပါစေဆိုပြီးအရိပ်လိုလိုက်မကြည့်မိတာ ဟိုဂီမှားသွားသည်ထင်ပါရဲ့။ ဂျွန်ငယ်ခံစားနာကျင်ရတာတေ သူ မသိလိုက်ရဘူး ဂျွန်ငယ့်ပင်ပန်းမှုတေ သူမမြင်ခဲ့ရဘူး။
Advertisement
တကယ်ကိုယ်ပေါ့ဆခဲ့မိပြီ ဂျွန်ငယ်။
.
.
.
.
.
.
နောက်ထပ် ဂျီမင်ကို အီဆောင်းထပ်ခေါ်လိုက်မိသည်။
ဂျောင်ဂုရှာပေးမဲ့နှလံုးကိုမယူပဲ တခြားတစ်ဖက်ကနေ နှလုံးရဖို့ရှာနေခဲ့သောဂျီမင်ဟာ ဂျောင်ဂုအပေါ် ရက်စက်မည့်လူတစ်ယောက်မဟုတ်ကြောင်း ယူဆထားသည်မို့ပင်။
နှလုံးကိုဂျောင်ဂုကိုယ်တွင်းကထုတ်ပေးမည့်အကြောင်းသာ သိရင် ကမ္ဘာပျက်မည့်သူကား မင်ဟိုဂီပြီးရင် ပတ်ဂျီမင်ဆိုတာ အီဆောင်းကောင်းကောင်းကြီးသိသည်လေ။
ဂျောင်ဂုကီးသာ မြင်အောင်ကြည့်တက်ရင် သူ့ကိုချစ်တဲ့သူတေဘေးမှာဝိုင်းနေတာ သူဟာအချစ်ခံလေးမှန်းသူသိရမှာ။ အခုတော့ မျက်ကန်းတစ်ယောက်ပမာ ကင်မ်ထယ်ယောင်းတစ်ယောက်ကိုသာ မျက်နှာမူထားလေတော့ နာကျင်ရမှာပေါ့။
.
.
.
ရှုပ်ထွေးလွန်းတဲ့ သံယောဇဥ်ကြိုး မေတ္တာကြိုးတို့ကြားရစ်နှောင်မိကြတဲ့ နှလုံးသားအချို့ဟာ ဓားစာခံအနေဖြင့် သေဆုံးကြဦးမည်မှာ ကံကြမ္မာရေးဆွဲထားသော အနာဂတ်ပေလွှာ၌ထင်း၍နေသည်။
အဟမ်း ဇာတ်လမ်းကတစ်ဝက်တောင်မရောက်သေးဘူးလေနော် SE လား HE လား မခွဲထားကြပါနဲ့ဦးလား ဖြည်းဖြည်းချင်းသွားကြတာပေါ့။
Ending ကအဝေးကြီးလိုသေးတာကို(◍•ᴗ•◍)
Thanks for your fackback ❤
************
*Zawgyi*
*Ti Ti *
*Ti Ti Ti*
"ဒေစီယာ စီက"
"အော်.....သူမ သက်သာရဲ့လား"
"ချစ်လို့လေ...."
"ဂျောင်ဂုမင်းဟာလေ...."
မကျြခုံးတို့တှနျ့ခြိုးကာ ကားကိုသာအာရုံစိုက်မောင်းနေသူကို ဂျွန်ဂျောင်ဂု တခဏငေးရင်း
"ကိုယ်အဆင်ပြေတယ်"
"ဒါမဲ့......ဒါမဲ့ အင့်!"
"မင်းဘာမှဖြစ်လို့မရဘူး Darling.....ငါ ငါဘဝမှာတနျဖိုးအထားရဆုံးက မင်းပဲဆိုတာသိတယ်မဟုတ်လား"
"ဟဟ....!"
"အင်း အင်း...ပွနျမယ် Darling အနားယူဖို့လိုတယ်"
"ဟင်.."
Advertisement
- In Serial6 Chapters
Safe Haven No More
Atrimeaus awakens in a strange cave, his memory shattered with large pieces missing. Stone tablets near the entrance with the words "Write everything, set it upon stone." engraved on its surface. Leaving the cave, the man finds a magnificent world awaiting him, full of majestic and dangerous beasts. Mysteries aplenty await the man as he tries to find clues to what has happened to him, as well as death around every corner. Will Atri find what he seeks or be doomed to become prey for the dangers of this place?
8 205 - In Serial7 Chapters
Amethyst Phoenix
A sweet nectar drips before me. All other sources of sustenance have dried up. I’m afraid to drink it because I’ve seen the consequences of even a drop too much. It can be a poison, but we are nothing without it. I have been nothing without it. A husk. But once I drink this sap from the forbidden fruit, it cannot be undone, regardless of whether I take too much. I choose to take this leap through the void. And so I raise this ancient cup. I will not die a husk. A man without ambition is reborn in the body of Aegis Hyades Rastine to a world of fairy tales, only to find that it's as screwed up as any other. War, rape, pillaging, torture, starvation, slavery, genocide... You know, the good old stuff plaguing (Did I mention there were plagues too?) earth. How will he survive? Can he even? Note: This is the first story I've ever written, so I'd appreciate some cut throat critiques on my writing.
8 207 - In Serial8 Chapters
First Love
A long-awaited reunion of two former lovers. James a now married man encounters his first girlfriend on the streets of a foreign city. Years have separated them as time often does, but how much has it diminished their love? Or has it grown in that time? How will James face his lustful desires when faced with the girl who owns the flame of his old passion?
8 93 - In Serial7 Chapters
Frostpyre: A GameLit Adventure
On different ends of the world, four adolescents begin a journey that will forever alter the course of history. As each is tested in various ways, they must soon decide whether the world they are living in is worth saving, or whether it should be burnt to the ground. And their first major decision point is only a fortnight away.
8 135 - In Serial17 Chapters
Running to Willow
In a country called Quinque, a plague breaks out leaving millions traumatized by death. With five states broken up in the country, one being wealthy few got medicine. Taking advantage of the country's weakness a government man named Robert Pollock takes over as dictator. Handing out medicine while serving out unjust laws Dictator Pollock becomes more and more of an alcoholic as his daughter discovers the jail in which her dad leaves those who disobey his rules. Seeing what horrible conditions they are suffering in Robert Pollock's daughter, Faith starts to feed the prisoners illegally.
8 97 - In Serial64 Chapters
Senior Year
Summer is over and school has started. It's y/n's last year of high school. There will be Friday night lights, pep rallies, school dances, college decisions, and some unexpected surprises. This book shows what y/n and the cast will be doing during the time between the Scorch Trials and the Death Cure. This is the second book in the Once in a Lifetime Opportunity series!
8 143