《Sour Candy》part 10💔
Advertisement
*Unicode*
မျက်ဝန်းတေသည်သာ ဖွင့်မရအောင်လေးလံနေခဲ့တာ။ Darling ပေးတဲ့နာကျင်မှုတေကိုတော့ စပ်ဖျင်းဖျင်းနှင့် သိသာစွာခံစားမိလျက်သား။
ပြင်းထန်တဲ့အသားချင်းရိုက်ခတ်သံ ကျယ်လောင်နေတဲ့ အသက်ရှူသံ တဖြည်းဖြည်းတိတ်ဆိတ်ခြင်းဘက်ရောက်ရှိလာကာ Darling ပြီးမြောက်ခြင်းကိုရောက်ပြီထင်ပါရဲ့။
ခါးထက်ဖက်တွယ်လာလေတဲ့ လက်တစ်စုံနှင့် သူ့ဘေးဝင်လှဲလိုက်သော Darling ကြောင့် သူကောင်းကောင်းအိပ်စက်ဖို့စိတ်ဆံုးဖြတ်လိုက်မိသည်။ ဒီပံုစံအတိုင်းဆို မနက်ခင်းကိုက်ခဲမှုတေနဲ့အတူ ချစ်ရသူကပါဘေးမှာရှိနေမည်။အချိန်အားဖြင့်ခန့်မှန်းချေ 2:00 Pm နီးပါးရှိနေပြီဖြစ်တာကြောင့် Darling အပြင်ပြန်ထွက်မည်မဟုတ်တော့။
ငါအိပ်လို့ရပြီမဟုတ်လား.....နာကျင်ရရင်တောင် မင်းမျက်နှာလေးကိုကြည့်ပြီးနိုးထရရင် နာကျဥ်းစရာတေကိုအရူးတစ်ယောက်လိုမေ့ပျောက်နိုင်တာမို့ ငါ့အနားမှာရှိနေပေးပါ။
Darling ရင်ခွင်ထဲတိုးဝင်အိပ်စက်ချင်သော်ငြား နဲနဲလေးလှုပ်ရင်ကိုမျက်ရည်ဝေ့တက်သည်ထိနာကျင်လာသော ကိုယ်ခန္ဓာကြောင့် ဒီအတိုင်းလေးသာ အိမ်မက်ကမ္ဘာထဲဝင်ရတော့မည္။
Darling ဖက်ထားတာနဲ့တင်လံုလောက်ပါပြီ။
စောင်ထူထူထဲမှေးခနဲ့ အိပ်ပျော်သွားခိုက် မြည်တီးလာတဲ့ဖုန်းသံဟာကျယ်လောင်လွန်းစွာ။ အိပ်နေရာမှထသွားသော Darling ဖုန်းပြောသံကို အသာနားစွန့်နေမိပါရဲ့။
"ဂျီမင်......"
".................."
"ဘယ်လို"
".................."
"ငါလာခဲ့မယ္!"
"................."
"ကျစ်! သူကအရေးမကြီးဘူး.....ဒေစီအနားကသာမင်းတစ်ဖဝါးမှမခွာနဲ့!!"
ထယ်ယောင်း၏ကျယ်လောင်လွန်းတဲ့အသံကြောင့် အားယူကာ ခေါင်းအုန်းတို့ကိုမှီရင်းထထိုင်လိုက်မိသည်။
"အ့......ကျွတ်.!"
Darling သူ့ကိုတစ်ချက်မျှကြည့်ပြီး ကိုယ်ပေါ်ကချွေးစက်တစ်ချို့ကို တပတ်ဖြင့်သုတ်ပြီး ပြန့်ကျဲနေတဲ့အဝတ်ကိုကောက်ဝတ်ဖို့ပြင်နေသည်ကြောင့် ထွက်သွားဦးမည်ထင်ပါရဲ့။
"ဘယ် ဘယ်သွားမလို့လဲ.......မသွားလို့မရဘူးလား ဟင် "
ကျေးဇူးပြုပြီး ငါ့နားမှာနေပေးလို့မရဘူးလား
နွမ်းလျနေသောမျက်နှာလေးက မျက်ရည်ဝေ့သီကာ တောင်းဆိုကြည့်မိသည်။သို့သော် Darling ဟာဂရုမစိုက် သူ့အလုပ်သူသာဆက်လုပ်၍ နေသည်။
ငါစကားကို တစ်ခါလောက်အလေးထားပေးရင် ငါပျော်မိမယ်ထင်တယ် Darling။
"ဟက်!....ထနိုင်သေးတာပဲ!"
"Darling!!!....."
"တော်ပါ!! မင်းနဲ့ပြိုင်ပြောဖို့ငါမအားဘူး!"
"မသွားပါနဲ့!!! မသွားလိုက္ပါနဲ့ ဟင့် ! Darling!!!!!ပြန်လာခဲ့!......"
ခပ်ရွဲ့ရွဲ့အပြုံးတစ်ချက်သာပြုံးပြပြီး ငိုယိုတောင်းပန်နေမိသူကို ကျောခိုင်းထွက်သွားခဲ့ပြန်ပြီ။ ထပ်ပြီး ကိုယ်ရောစိတ်ပါ နာကျင်အောင်လုပ်ပြီး သူမစီထွက်သွားပြန်ပြီ။
မင်းစီကသူမဂရုစိုက်ခံရတာတေရဲ့ တစ်ဝက်လောက်ငါရရင်ကိုကျေနပ်မိမှာ။ သူမပဲ ဝေသနာခံစားတက်သည်လား။ သူမပဲ အားငယ်တက်သည်လား။ သူမပဲ နာကျင်တက်သည်လား။ ဂျွန်ကရော ဂျွန်က နာကျင်မှုဝေသနာမခံစားသည့် ကော်ပတ်ရုပ်မှမဟုတ်လေဘဲ။
ပုခံုး လည်တိုင် လက်ဖမိုး ဗိုက်သား ခြေသလံုး မကျန် ကိုယ်ခန္ဓာတစ်ခုလံုးသွေးစို့နေတဲ့ကိုက်ရာတေက လူကိုလှောင်နေသရောင်။ စပ်ဖျင်းဖျင်းနှင့် တစိမ့်စိမ့်ယိုကျနေတဲ့ အနီရောင်အရည်ပျစ်ပျစ်တို့က သွေးသားနှည်းနှောထားတဲ့အဖြူရောင်အိပ်ရာခင်းထက် အကွက်လိုက်စိမ့်ဝင်နေလေရဲ့။
ကြည်ကြည်ဖြူဖြူပေးခဲ့တုန်းကလဲ လိုလိုလားလားယူပြီး Darling ဟာထွက်သွားခဲ့တယ်။ မပေးတော့လဲ Darling ဟာအတင်းအကြပ်ရယူပြီး
ထားသွားပြန်တယ်။ နှစ်ကြိမ်နှစ်ခါလံုး ဘာလို့ငါကပဲ မျက်ရည်တေနဲ့ အိပ်ရာထက်ကျန်ရှိနေရပြန်တာလဲ။ နှစ်ကြိမ်နှစ်ခါလံုး ထားသွားရတဲ့အကြောင်းပြချက် သူမ ဖြစ်နေရတာလဲ။
အခွင့်ရှိသေးရင် ငါလည်းမင်းကိုထားသွားပါရစေ။ ထပ်ပြီးမငိုချင်တော့ဘူး ထပ်ပြီးမနာကျင်ချင္တော့ဘူး ငါပင်ပန်းနေပြီ အများကြီးပင်ပန်းနေပြီ။
////////////////////////////////
1:36 AM
အခန်းနံပါတ် 030 မှလူနာ သတိလည်လာပြီဖြစ်တာကြောင့် ခွဲစိတ်ဆရာဝန်တချို့စစ်ဆေးမှုများ ပြုလုပ်နေခြင်းမှာ မျက်နှာများလန်းဆန်းမနေခဲ့။
ထိုထဲတွင် ဒေါက်တာ လီအီဆောင်းအပါအဝင်ဖြစ်သည်။
"မင်းလူနာက စက်ကရိယာအားကိုးနဲ့ နှလုံးခုန်ပြီးအသက်ရှင်နေတာပေါ့......"
"အေးပေါ့ကွာ.....ဒါမဲ့ နှလုံးမှာ ဇကာပေါက်တေများတော့ အရမ်းစိုးရိမ်ရတယ်...အချိန်တလတောင်ဆွဲထားနိုင်ပါ့မလားမသိဘူး......အမြန်ဆံုးအစားထိုးကုသပေးချင်တယ်..ဟူး...."
"သနားစရာပဲ......နှလုံးအမြန်ရပါစေလို့ဆုတောင်းပေးရံုပေါ့!"
ဆေးရံုမှာ Night out ပါဆင်းနေရတဲ့ သူငယ်ချင်းဖြစ်သူကို လာစောင်းပေးနေတဲ့ မင်ဟိုဂီတစ်ယောက်ကို အီဆောင်းသူခွဲစိတ်ပေးရတဲ့လူနာအကြောင်းပြောပြနေလေရဲ့။ နှစ်ယောက်လံုးစိတ်မကောင်းဖြစ်ပေးကြရံုမှအပ အလှူရှင်တွေ့ဖို့သာဆုတောင်းပေးနိုင်သည်။
"အော်!....ဟိုဂီရား..."
"အွန်း!"
"အဲ့လူနာက DS က CEO ဒေစီယာတဲ့ မင်းနဲ့သိလောက်လား?"
"ဒေစီယာ......"
"အင်း"
"သိတာပေါ့ ကင်မ်ထယ်ယောင်းနဲ့စေ့စပ်ထားတဲ့ သတို့သမီးလောင်း"
ကင်မ်ထယ်ယောင်းသာ ဒေစီယာနဲ့လက်ထက်လိုက္ရင် ဂျွန်ငယ်ဟာ မင်ဟိုဂီဆိုတဲ့ ဒီလူသားရဲ့အပိုင်အလိုလိုဖြစ်ပြီးသား ဆိုတဲ့အတွေးနဲ့ လတ်တလောရှောင်ပေးနေခဲ့တာ။
မဖြစ်ဘူး! ဒေစီယာတစ်ခုခုဖြစ်လိုက်လို့မရဘူး ဂျွန်ငယ့်အနားက ကင်မ်ထယ်ယောင်းကိုပထုတ်ဖို့ ဒေစီယာ ရှိနေမှဖြစ်မှာ။
ဒီကိစ္စထဲ သူဝင်ပါမှဖြစ်တော့မည်။
ဂျွန်ငယ်ကိုရဖို့ ဂျွန်ငယ့်ကိုထိခိုက်စေတာမှလွဲရင် မင်ဟိုဂီကဘာမဆိုလုပ်ရလိမ့်မယ်
/////////////////////////////
"ဂျီမင်......"
"ငါရှိတယ်.....စကားအများကြီးမပြောပါနဲ့ကွာ ခဏနေကင်မ်ထယ်လာတော့မှာ ခဏပဲစောင့်နော်"
အောက်စီဂျင်ပိုက်နှင့်အသက်လုရှူနေရသော သူမကုတင်ဘေး နှလံုးစက်ကြီးမှာလည်း တစ်တီတီဖြင့်။
ဖြူလျော်လျော်နှုတ်ခမ်းထက် သဲ့သဲ့လေးပြုံးပြလာတဲ့ သူမမျက်နှာဟာ နွမ်းလျနေသလို မျက်ဝန်းတေမှာလည်းဝမ်းနည်းဖွယ်ကောင်းအောင် လွမ်းဆွတ်မှုတို့ကပ်ငြိနေလျက်။
"နေရတာသက်သာရဲ့လား ....."
"ဟင့်အင်း.....အောင့်တယ် နှလုံးကအောင့်သက်သက်နဲ့ တစ်ချက်ခုန်တိုင်းနာတယ် "
"ဒေစီ!!......"
ဘယ်ချိန်ကရောက်နေမှန်းမသိတဲ့ တံခါးဝမှထယ်ယောင်းအသံကြောင့် နှလုံးအားနည်းသူ ဒေစီယာမှာလန့်သွားရရှာသည်။
"ကို......ကို......"
"စိတ်အေးအေးထားဒေစီ......ကိုယ်ရှိတယ် မင်းနားမှာကိုယ်ရှိတယ်"
သာမာန်ထက်နူးညံ့နေသော ထယ်ယောင်းအသံသည်ဒေစီငိုဖို့သည်စွမ်းဆောင်နိုင်သည်။
မျက်ရည်တို့လိမ့်စီးကျနေတဲ့ ပါးပြင်လေးကို လက်ဖြင့်အသာသုတ်ရင်းချော့မြူရပြန်သည့်သူက ကင်မ်ထယ်ယောင်းပင်။
"ဟော မငိုလေကွာ......ဘယ်နားနာလို့လဲဟင်.. ကိုယ်မင်းကိုအမြန်ဆံုးခွဲစိတ်ပေးနိုင်အောင်လုပ်ပါ့မယ် မငိုလိုက်ပါနဲ့ကွာ"
ခေါင်းလေးကိုအသာပုတ်ကာ ဆိုနေတဲ့ ထယ်ယောင်းအပါအဝင် ဘေးကဂျီမင်ပါ မျက်ရည်ဝိုင်းလို့နေသည်။
မကြာလိုက်ပါ ဒေစီယာတစ်ယောက်ဆေးရှိန်ဖြင့်အိပ်ပျော်သွားခဲ့လေပြီ။ ထယ်ယောင်းသည်တော့ ဆေးပိုက်ချိတ်ထားရသည့် အားနည်းနေသောလက်သွယ်သွယ်လေးကို ကိုင်ကာ မှိုင်လို့နေသည်။
"ထယ်ယောင်း"
"ဟင္....."
"ဒေစီရဲ့နှလုံးက ထင်ထားတာထက်လှုပ်ရှားမှုအားနည်းလွန်းတယ္တဲ့ တစ်လဆိုတဲ့အချိန်အတွင်းအသက်အာမ မခံနိုင်ဘူး !မင်းနားထောင်နေလားထယ်ယောင်း......."
Advertisement
ကိုင်ထားသည့်လက်ပါးကပ်ကာ အိပ်မောကျနေသည့် ဖြူဖတ်ဖြူလျောမျက်နှာကိုသာ ဆေွးမြည့်စွာကြည့်နေသည်ကြောင့်မေးလိုက်မိသည်လေ။
ထိုအခါ ခေါင်းငြိမ့်လာတဲ့ ကင်မ်ထယ်ယောင်းက ငိုချင်သည်ရက်အံ့ကြိတ်ထားသောအသံဖြင့်ဆိုလာသည်ကား
"ဆက်ပြော....."တဲ့လေ။
"အခုတောင် နှလုံးခုန်ဖို့ စက်ကရိယာနဲ့ အသက်ကယ်ဆေးသံုးထားရတာတဲ့ နှလုံးအလှူရှင်ရှာဖွေနေတဲ့အတောအတွင်း ဒေစီနှလံုးဖောက်ရင်သေအောင်နာကျင်လိမ့်မယ်ဆိုပဲ.....တစ်ရက်ကိုခန့်မှန်းခြေနှစ်ကြိမ်တော့ နှလုံးဖောက်ပြန်တက်သည်တဲ့......အခန့်မသင့်ရင် ဟင့် ဟင့် အသက်ပါ ပါသွားလိမ့်မယ်တဲ့!!"
ဂျီမင်စကားအဆံုး ထယ်ယောင်းဟာအသံတိတ်ငိုကြွေးကာ မျက်ရည်ပေါက်တို့က ဆုတ်ကိုင်ထားတဲ့ လက်သွယ်သွယ်လေးထံ။
ဘာလို့်မင်းမှလဲဒေစီ မကောင်းတဲ့ငါ့ကိုမှဖြစ်ရမဲ့ဟာ ဘာလို့မင်းကိုမှလဲ။ တစ်ပတ်လောက်သည်းခံပေးနော် တစ်ပတ်လောက်ပဲ မင်းကိုအကောင်းအတိုင်းကုသပေးမှာ။ မင်းဘက်ကတစ်ပတ်အတွင်းဘာမှမဖြစ်ပေးလိုက်ပါနဲ့။
မိဘဖြစ်သူတေကလဲ လာမကြည့်သလို မောင်ဖြစ်သူကလည်း နှလုံးပေးဖို့ကိုတွန့်ဆုတ်နေသည်။ ခင်ပွန်းလောင်းဖြစ်သူ သူကပါ မင်းရဲ့မောင်နဲ့ အိပ်ခဲ့တာသိရင် ကိုယ့်ကိုစိတ်ဆိုးမည်လား။ ကိုယ်တောင်းပန်ပါတယ်ဒေစီရယ်။တောင်းပန်ပါတယ်။
မျက်ရည်တို့အသာသုတ်ကာ ဂျီမင်ဘက်လှည့်လေတော့ သူ့နည်းတူငိုနေတဲ့သူငယ်ချင်းလေးကြောင့်ပြုံးမိသား။
"ဂျီမင်........"
"ဟင့်......ရွတ်.....ဘာ လဲ။"
"ဒေစီရဲ့ တာဝန်ခံဆရာဝန်ဘယ်သူတဲ့လဲ....."
"ဆိုးလ်ကအတော်ဆံုးတေထဲက ဒေါက်တာလီအီဆောင်း....."
"လီအီဆောင်း...."
"အွန်း.....မင်းသူ့ကိုကျေးဇူးတင်သင့်တယ် တစ်ခြားဆရာတေက ဒေစီကိုလက်လျော့လိုက်ကြပေမဲ့ သူကစက်ကရိယာကုထံုးနဲ့ အသက်ဆွဲထားခဲ့တာ.......!"
"ဟုတ်ပါပြီ......မင်းဒေါက်တာနဲ့တိုင်ပင်ပြီး အတော်ဆံုးအကောင်းဆံုး 24 နာရီသူနာပြုတစ်ယောက် ဒေစီအတွက်ငှားထားလိုက်ဂျီမင်။....."
"မင်းမပြောလဲ ငါလုပ်ဖို့စဥ်းစားသားပြီးသားပါ"
"အေးပါကွာ.....မင်းလဲ မကြာမကြာလာကြည့်ပေးပေါ့ ငါက.....ငါကအချိန်ရရင်တော့လာဖြစ်လိမ့်မယ် ဟက် မင်းသိလား ဂျီမင် ဂျောင်ဂုကလေ ငါအခုလာတာတောင်မကြိုက်ဘူး!"
ထယ်ယောင်းစကားကြောင့် ဂျီမင်မျက်မှောင်ကုတ်လိုက်သည်။
မဖြစ်နိုင်တာတေသိပ်ပြောတာပဲ။ မကြိုက်ရင်တောင် အစ်မဖြစ်သူဆီသွားလို့မဖြစ်နိုင်။ ညဘက်ကြီးမို့ မသွားစေချင်တာပဲဖြစ်မှာ။
ကင်မ်ထယ်ယောင်းဟာလေ ဂျွန့်စိတ်ကိုဘယ်တော့မှ သိနားလည်မည့်ပံုလဲမပေါ်။
မင်းတော့ ဝဋ်လည်ဦးမယ်ထယ်ယောင်းရာ။
/////////////////////////////
"ဂျွန်ဂျောင်ဂု!...."
"အော်......Darling ပြန်ရောက်ပြီပဲ! "
သူထွက်မသွားဖို့ငိုယိုကာတောင်းဆိုနေခဲ့တဲ့ ပံုရိပ်နှင့်ကွဲပြားစွာ ပြုံးရယ်ပြီးနှုတ်ဆတ်လာတဲ့ သည်ကောင်လေးဟာ ကူးငယ်မဟုတ်ဘဲ ဂျွန်ဂျောင်ဂု။
သူထင်ထားတာက ကူးငယ်ငိုကြွေးနေလိမ့်မယ်ဆိုပြီးလေ။ အခုမျက်စိရှေ့ရှိနေတဲ့ သူကထင်ထားသည်နှင့်ကွဲပြားစွာ.....။ မျက်ခမ်းစပ်တေ နီရဲအစ်မို့နေတာကလွဲ ကြည်လင်နေတဲ့မျက်နှာက ပေါက်ပြဲကာ ကွဲနေတဲ့နှုတ်ခမ်းနှင့်လိုက်ဖက်နေသည်။
"ငါ့ Condo အတွင်းပိုင်းတစ်ခုလံုးအနက်ရောင်ပြောင်းလိုက်ပြီ....Darling အတွက်အဆင်ပြေလားမသိပင်မဲ့ ငါကတော့ကြိုက်တယ်!"
ထယ်ယောင်း ဂျောင်ဂုပြောမှသေချာလှည့်ပတ်ကြည့်လိုက်မိသည်။ နံရံ ပရိဘောဂ ဆိုဖာ စားပွဲ အလှပန်းအိုးနှင့် ပန်းခိုင်ပါမကျန် အနက်ရောင်တေချည်းသာ။
ဂျွန်ဂျောင်ဂု ကိုယ်တိုင်လည်း အင်္ကျီရော ဘောင်းဘီပါမကျန် အနက်ရောင် over size ဖြင့် နက်ဆွေး၍နေသည်။
တကယ်မင်းဘာဖြစ်ချင်နေတာလဲ ဂျွန်ဂျောင်ဂု။
"မင်းကအနက်ရောင်ကြိုက်တော့ ကိုယ်ကအမှောင်ကမ္ဘာဖန်တီးပေးရမယ်ထင်တယ်....။"
ခါးထက်တင်းကြပ်စွာဖက်တွယ်ရင်း အင်္ကျီစထဲမြုပ်နေတဲ့လည်တိုင်ကို မျက်နှာအပ်ကာနမ်းရှုံ့လာတဲ့ Darling ဟာ ဂျွန်သူ့ကိုခေါ်ထားခြင်းက သွေးသားပေါင်းစပ်ခြင်းကိစ္စအတွက်လို့သာ ခံယူထားပံု။
ငါရင်တေနာလှချည်ရဲ့ Darling ရယ္.......။
"ဟား.....ဟား.....No!....No Darling! No! အနက်ဆိုတာမဖြူစင်သလို လူတေသေဆံုးတဲ့အခါ ဝမ်းနည်းခြင်းပူဆွေးခြင်းကို ကိုယ်စားပြုပြီး အသုဘတေမှာအနက်ကိုဝတ်ကြတယ်တဲ့...။
အဲ့အတွက်ငါကကြိုဝတ်ထားတာ!"
ငါ့အတွက်လေ။ ငါသေရင် ဘယ်သူမှသိလိုက်မှာမဟုတ်တော့ အနက်ဝတ်ပေမဲ့သူတစ်စံုတစ်ယောက်မျှရှိမှာမဟုတ်ဘူးလေ။ ကိုယ်အသုဘအတွက် ကိုယ်တိုင်အနက်ကြိုဝတ်ထားတာလေ။
ဆန်းကြယ်တယ်မဟုတ်လား။ ချစ်ရသူရဲ့ ချစ်ရသူအတွက် ခန္ဓာတွင်းနှလုံးထုတ်ပေးပြီး ကိုယ်အသုဘအတွက်ကိုယ် အနက်ရောင်ကြိုဝတ်ထားတဲ့ အချစ်ရူးဂျွန်ဂျောင်ဂုရှီး ဆိုပြီး ဂရင်းနစ်ဝင်သွားမလား.....ဟဟ!။
အင်း.....ထိုစကားတေကိုတော့ Darling ကိုထုတ်မပြောမိ။
"မင်းကြည့်စမ်း Darling ငါနဲ့အနက်နဲ့ကတကယ်လိုက်တယ်မဟုတ်လား။ "
ခန္ဓာကိုယ်တစ်ပတ်လှည့်ကာ ပြနေသော်လည်း ထယ်ယောင်းမှာဒေါသထွက်နေဟန်။
ခက်သား Darling ရယ်။
"ဂျွန်ဂျောင်ဂု!!! မင်းစောက်ချုိးတေပြင်စမ်း....အသုဘ?...ဟုတ်စ....အေး အဲ့အသုဘဖြစ်ခဲ့ရင်တောင် မင်းအတွက်ပဲဖြစ်မှာ "
အော် Darling ရယ် တကယ်လည်းငါ့အတွက်ပဲကို ။
ဒါမဲ့လေ မင်းနှုတ်ခမ်းကထွက်လာတော့ ငါ ငါခံနိုင်ရည်မရှိပြန်ဘူး။ နာကျင်စေချင်တဲ့ရည်ရွယ်ချက်နဲ့ ပြောဆိုလိုက်တာဆိုရင် ဒီလူက မင်းနဲ့ပတ်သက်ရင်ကို သေးအမွှားစကားလံုးလေးကအစ အသဲကြွေမွနေအောင်ကို နာကျင်တယ်။
မင်းစကားတေနဲ့ နာကျင်စေလိုက် အပြုအမူတေဖြင့် နာကျင်စေလိုက် ကိုယ်ထိလက်ရောက်နာကျင်စေလိုက် ငါလည်း ရဲ့ရဲ့သာကျန်တော့တယ် Darlingရဲ့။
"ငါသေရင်မင်းငိုမှာလား ဟင်!"
"မင်းသေတာနဲ့ တစ်ခါတည်းClub ထောင်ပြီး Party ပေးပစ်မှာ!"
"အားပါးပါးးး မင်းရက်စက်တယ် Darling ရာ"
အမှန်တကယ်ဝမ်းနည်းသြားသော်လည်း ဝေ့တက်နေတဲ့ မျက်ရည်စကိုလျစ်လျူရှုပြီး ရယ်မောကာ Darlingအပေါ်တုန့်ပြန်ခဲ့မိသည်။
စကားလံုးတိုင်း နှလုံးသားကို ဓားတစ်ချောင်းလို စူးစိုက်ဝင်သလို စူးအောင့်ပြီးနာကျင်ပါရဲ့။
ကင်မ်ထယ်ယောင်း နဲ့ နာကျင်မှု ဒွန့်တွဲပြီး
ဒီလူသားဘဝထဲဝင်ရောက်လာခဲ့တာ
နာကျင်မှုတို့ကား နုနယ်လွန်းတဲ့နှလုံးနယ်မြေကိုတိုက်စားရင်း အခုဆိုရင်ဖြင့်
ဂျွန်ဂျောင်ဂု နဲ့ အချစ်ရူး
နာမည်ဟာ ဒွန့်တွဲလျက်ရှိနေပြီ
**********
*Zawgyi*
Advertisement
Darling ဖက်ထားတာနဲ့တင်လံုလောက်ပါပြီ။
"ဂျီမင်......"
".................."
"ဘယ်လို"
".................."
"ငါလာခဲ့မယ်!"
"................."
"အ့......ကျွတ်.!"
"ဟက်!....ထနိုင်သေးတာပဲ!"
"Darling!!!....."
"မသွားပါနဲ့!!! မသှားလိုက်ပါနဲ့ ဟင့် ! Darling!!!!!ပြန်လာခဲ့!......"
////////////////////////////////
1:36 AM
"သနားစရာပဲ......နှလုံးအမြန်ရပါစေလို့ဆုတောင်းပေးရံုပေါ့!"
"အော်!....ဟိုဂီရား..."
"အွန်း!"
"ဒေစီယာ......"
"အင်း"
ကင်မ်ထယ်ယောင်းသာ ဒစေီယာနဲ့လကျထကျလိုက်ရငျ ဂျွန်ငယ်ဟာ မင်ဟိုဂီဆိုတဲ့ ဒီလူသားရဲ့အပိုင်အလိုလိုဖြစ်ပြီးသား ဆိုတဲ့အတွေးနဲ့ လတ်တလောရှောင်ပေးနေခဲ့တာ။
/////////////////////////////
"ဂျီမင်......"
"နေရတာသက်သာရဲ့လား ....."
"ဒေစီ!!......"
"ကို......ကို......"
"ထယ်ယောင်း"
"ဟင်....."
"ဆက်ပြော....."တဲ့လေ။
ဂြီမငျစကားအဆုံး ထယ်ယောင်းဟာအသံတိတ်ငိုကြွေးကာ မျက်ရည်ပေါက်တို့က ဆုတ်ကိုင်ထားတဲ့ လက်သွယ်သွယ်လေးထံ။
Advertisement
- In Serial70 Chapters
House Of Omen: Indomitable Oathbreaker
Every day for six years straight, from the time he was twelve, Darius Omen hit an anvil ten thousand times a day without stopping. He did not know the reason why he had to, all he knew was that he must. Little did he know that hit by hit, strike by strike, his originally meek body was being refined into something that had never been seen before in the history of mankind. In the war against spirits, mankind had little to be proud of. Yet one day a young man entered the battlefield. He dazzled millions and killed even more, all with merely a rusty old hammer than no one could hold or fathom. ... Novel started by Patriarch Onion (Author of Solitary Sword Sovereign and Titan's Throne), later picked up by Jym Pineapple (As of chapter 5 onwards) and hosted on theonionjunktion on royal road with the commentary of the beautiful and handsome Cookie. Now edited by Entelechy. (He reedited stuff as well)
8 112 - In Serial8 Chapters
elemental warrior
zach here , all of my life my long 15 years i've been trained as a warrior learning everything how use my pointer finger to two katanas as weapons, i did not know why until my 15th birthday that was the end of my peaceful life on earth and the beginning of my ascension of to elemental warrior on lembel.(authors notes: typos are going to be a given im warning that now. this my first ever book written down. this will also be violent and have anime elements. i'm doing what feels most natural to me when writing . one thing im going to point in my books tho is elements and i have ton of them in this is the elements of any nature are no t evil unless they are used for evil) hope u enjoy the first chapter and the beginning of zachs rise to infamy.
8 100 - In Serial27 Chapters
Tale of the Bloodstained Hero
To succeed is to forge a path of your own, liberated by your own hand to combat fate in a way that you decide. To fail is to walk the corpse-riddled road of the Bloodstained Hero, tethered by a fate you cannot control, and doomed to walk it forever alone. After managing to stumble his way into a fantastical new world, twenty two year old Cyr is almost immediately tricked into an alleyway and jumped by a brutish thug out for his head. Bloodied, beaten and near death, Cyr is saved by a strange power that temporarily allows him to copy his opponent's fighting style. After leaving to join an affluent mercenary group known as the Adventurers Guild, he is soon contacted by a mysterious figure that sheds light on his eventual destiny of warring with an enemy of overwhelming, near godly power. Follow Cyr's adventure in his rise to Herohood for the Seynith Dynasty all while slowly uncovering a plot with roots spread deeper than ever thought possible. It doesn't take long for him to realize just how brutal and unforgiving this new world can truly be. This is an edited version of the original, which is where new chapters will be found. The unedited release can still be found on my page, but it will no longer be updated.
8 166 - In Serial94 Chapters
Eoum: The Tenth Summon
They were called to a world. They had forcibly answered. Each and every one of them had a great destiny that they were denied by others or themselves. They had tasted the climax of their despair in life. Now they stood upon the ground of a new world for a new life. Through the eyes and the thoughts of a single human, This is the story of twenty-four beings from different worlds. This is the story of the Tenth Summon. Update on every start of the weekend or at least on the weekend.
8 159 - In Serial26 Chapters
As They Rise (The Eva Series #1)
A Wattpad Featured story. As seen on The Huffington Post. Book One of The Eva Series, which has over 3M combined reads!A kick-ass young girl, a nation swarming with zombies, and a sweet romance that grows amongst the ruins. You'll find all that and more in this exciting and action-packed apocalyptic YA story. Readers have said it's had them on the edge of their seats, reading all through the night and still craving more.Eva was just an everyday girl, working as a waitress, hanging out with her friends, and falling in love. But her whole world changed overnight when a powerful virus spread throughout the country, transforming it into a wasteland of deadly disease and crazed zombies. With Australia cut off from the rest of the world and rampant with terror and chaos, Eva and her friends must do whatever they can to survive.Set in Australia, blood, gore, friendship and true love collide to make this tale of survival stand out from the rest. The Eva Series is guaranteed to make you smile, scream, cry and fist-pump the air as you go on a wild and dangerous ride with Eva and her friends. And it all starts here, as they rise. Are you ready? Hit the Start Reading button and get ready for a heart-thumping adventure.Previously titled 'Eva Wilde Vs The Zombie Apocalypse.'AS THEY RISE is the first in a series of books following her dangerous journey as Australia becomes an apocalyptic island.THE EVA SERIES:Book One: AS THEY RISEBook Two: WHILE WE FALLBook Three: BEFORE IT FADES**Please note: This is the first draft. Please excuse any typos or grammatical errors. I've just done a big re-write, edit and expansion of this, and it's now available on Amazon Kindle, iBooks, Kobo, Nook + Google Play here: jenmariewilde.com/books**Tweet me: @JenMarieWilde / #TheEvaSeries(Completed 01/01/2013)
8 104 - In Serial47 Chapters
Satan's Vessel
For thousands of years Lucifer has been waiting to rule humanity. When he finally discovers the sign that his time is nigh, he must claim his vessel before it's too late.Only, he has to find her first ...Kaitlyn is in a rut. She has no boyfriend, no money and a job she hates. To make things worse, she suffers with unexplained headaches, stomach pains, and sleepless nights which leave her exhausted and strangely aroused ...After finishing a particularly depressing shift, she is kidnapped. Not by a man, but by an angel. One of five angels sent down to Earth to protect her.Apparently, the man plaguing her dreams is not a figment of her imagination, but Satan invading her mind. He wants her. He's pursuing her. As his "vessel", she is the key to his dominion of mankind. It's only with the angels' help that Kaitlyn can escape him.But will they be enough?
8 138