《Sour Candy》part 8💔/2/
Advertisement
*Unicode*
1.9.2022
12:48 PM
ဒယ်ဂူ-ဆိုးလ် အမြန်လမ်းမကြီးထက် အပြင်းထန်ဆံုး car accident ဖြစ်ပွားရာ နှစ်ဦးနှစ်ဘက်လံုး ဒဏ်ရာအပြင်းအထန်ရ၍ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရှိ။
ဆိုသည့်သတင်းက မိနစ်ပိုင်းအတွင်းပြန့်နှံ့လာကာ ယာဥ်တိုက်မှုဖြစ်ပွားသူတို်အား ဆိုးလ်ဆေးရံုကြီးသို့ပို့ပေးလိုက်ပြီဖြစ်ကြောင်းနှင့် အုပ်ထိန်းသူတေဘက်မှ အမြန်ဆံုးဆေးရံုသို့လာပေးကြရန် သတင်းတို့ကတလူလူ။
^ဒိတ်ဒိတ်ကျဲ DS Company ရဲ့အမျိုးသမီး CEO ဒေစီယာ ဒယ်ဂူမှ ဆိုးလ်သို့အပြန် ကုန်တင်ဆောင်သည့်ကားကြီးဖြင့် ယာဥ်တိုက်မှုပွားရာ အသက်အန္တရာယ်အလွန်စိုးရိမ်ရသည်ဟု သက်ဆိုင်ရာ ဆရာဝန်များမှပြောကြား^
^လက်ထက်ပွဲနီးခါမှ ဖြစ်ပျက်သွားတဲ့ကိစ္စရပ်တေက မှင်သက်ဖို့ကောင်းလွန်းပါတယ်။ CEO ဒေစီယာရဲ့ သတို့သားလောင်း မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်။ မဒမ်ဒေစီယာအမြန်ဆံုးသက်သာလာပါစေလို့ ကျွန်တော်တို့သတင်းဌာနမှ တောင်းဆုပြုပေးနေပါတယ်။^
လိုင်းတက်တက်ခြင်းမြင်တွေ့လိုက်ရသည့်သတင်းက ဂျွန့် ကိုအံ့အားသင့်စေသည်အမှန်။
DS Company's CEO daisyar ဆိုတာ Darling သတို့သမီးလောင်းမဟုတ်လား။ အို...သဘောကောင်းထက်မြက်လွန်းတဲ့ အမျိုးသမီးကိုမှကံကြမ္မာကြီးကရက်စက်လိုက်တာများ။
သူမကို ဂျွန်မမုန်းပါဘူး။ မုန်းလို့မရသည်ဆိုပိုမှန်မည်ထင်ပါရဲ့။ ဒီတိုင်းလေးအားကျမိရံုသာ။ Darling သဘောကျသည့်သူမကိုသိပ်အားကျမိသည်လေ။ တကယ်အမုန်းနဲ့ထိုက်တန်တာ ဂျွန်ဂျောင်ဂု ဆိုတဲ့ကျွန်တော်! ဆိုင်သူရှိပြီးသား အမျိုးသားကိုတွယ်ကပ်နေမိတဲ့ ဂျွန့်ကိုသာ အစ်မဒေစီယာမုန်းရမှာ။
Darling အခုဝမ်းနည်းနေမည်ထင်ပါရဲ့။ ပြေးပြီးနှစ်သိမ့်ပေးချင်သော်လည်း ကိုယ်ကမျက်နှာပြောင်တိုက်သလိုဖြစ်နေမည်လည်းစိုးသည်။ သတို့သမီးလောင်းကအရေးပေါ်ဖြစ်ချိန် သတို့သားလောင်းရဲ့လူမသိသူမသိတွဲနေတဲ့သူက သတို့သားလောင်းကိုနှစ်သိမ့်ပြီးမျက်နှာလာလုပ်နေပါတယ်ဆိုပြီး သူ့ကိုပြစ်တင်ရှုံ့ချကြမည်မဟုတ်လား။
ဟင်း......လေးလံနေတဲ့စိတ်အစံုကသည်ကိစ္စကြောင့်များလေလား။
*ဝုန်း*
တံခါးတွန်းဖွင့်သံကျယ်ကျယ်လောင်လောင်ကြောင့် ပြတင်းပေါက်ဘောင်နားရပ်နေသည့်သူ့မှာလန့်သွားရသည်။
"ဂျွန်ဂျောင်ဂု!!!မင်းထွက်ခဲ့စမ်း.."
ဒါ....Darlingအသံပဲ။
ဘယ်လိုဖြစ်လို့ရောက်လာရတာလဲ ဒီချိန်ဆေးရံုပေါ်ကသူမအနားရှိနေပေးသင့်သည်ကို။
"Darling.....!"
"မခေါ်နဲ့!!!! မင်းကြောင့်!...မင်းကြောင့် ဒေစီအခုလိုဖြစ်ရတာ ...... သူတစ်ခုခုဖြစ်ကြည့်မင်းကိုအရှင်မထားဘူး!!"
အံ့ကြိတ်သံနဲ့ဆိုနေသည့်စကားသံတေဟာ ဂျွန့်ကိုမျက်ရည်ဝေ့တက်စေသည်အထိ စွမ်းဆောင်နိုင်သည်။
Darling ကသူ့ကိုကြည့်သည်။ မျက်ရည်တို့ကစီးကျလျက် နီရဲနေတဲ့မျက်ဝန်းတစ်စံုနဲ့ ဂျွန့်အားရွံ့ရှာသော စူးရဲရဲမျက်ဝန်အစံုနဲ့။
အခု Darling ကသူ့ကိုစွပ်စွဲနေသည်ပဲ။
တစ်မနက်လံုးကိုယ့်အပူနဲ့ကိုယ်မို့ အခန်းအောင်းကာနေ နေခဲ့တဲ့သူကို မစီမဆိုင်စွပ်စွဲတာ Darling လွန်ပါတယ်။ Darling နဲ့သူမအတူရှိရင် သူမကြိုက်တာမှန်သည်။ သို့သော် ဂျွန်မမုန်းရပါဘူး ဘယ်သူ့ကိုမှမမုန်းရပါဘူး။ မုန်းပိုင်ခွင့်လဲမရှိဘူးလေ။
"ဘာ.....ဘာလို့ငါ့ကြောင့်လဲ.....Darling အ့!"
လည်တိုင်ကျော့ကျော့ထက် သူမြတ်နိုးရသည့် Darling လက်တစ်စုံက အားပါပါညစ်ချလာတာကြောင့် အသက်ရှူကြပ်ကာ မျက်ဝန်းထဲမှ အရည်ကြည်တို့က ပါးပေါ်သို့ဟန်မဆောင်နိုင်အောင်ကျဆင်းလာသည်။
နာကျင်လို့ငိုမိတာ။ လည်တိုင်စီမှလက်ကြောင့်မဟုတ် စုတ်ပြတ်နေတဲ့ရင်အစံုရဲ့နာကျင်လာမှုကြောင့်။
"မင်းကြောင့်! မင်းသာ ငါ့နဲ့ဒေစီ့လက်ထက်ပွဲကိုကောင်းကောင်းလက်ခံပေးရင် ဒေစီစိတ်ရှုပ်မှာမဟုတ်ဘူး!!!!! မင်းကြောင့် သူဝမ်းနည်းပြီးကားမောင်းခဲ့ရာအခုလိုဖြစ်ရတာ!!!ငါလေ မင်းကိုမုန်းလွန်းလို့ သတ်ပစ်ချင်တယ်ဂျောင်ဂု!"
"အ့....ရ...ရတယ်.....မမြင်ချင်ရင်.....သေ...သေပေးမှာမို့.....အဟွတ်!....Darling လက်နဲ့သတ်...သတ်စရာမလိုဘူး....ဒါ...ဒါမဲ့ အဟွတ်....ဟွတ်!....ငါ..ငါမသိတဲ့....ကိစ္စနဲ့လာမစွပ်စွဲနဲ့!"
အောက်စီဂျင် ရတချက် မရတစ်ချက် လေကိုလုကာ ရှူနေတဲ့ ရိုးသားယောင်ဆောင်ထားတဲ့သူကို ထယ်ယောင်း သူနဲ့အနီးဆံုးကပ်စေကာ
"မင်းဟန်ဆောင်သိပ်ကောင်းတယ်!လီထယ်ဝူ....မင်းဖြစ်နေလို့ မင်းဆိုတဲ့ ဒေစီယာရဲ့မောင်ဖြစ်နေလို့!!!! မဟုတ်ရင် မင်းဒီနေ့နေဝင်တာမြင်ရမှာမဟုတ်ဘူး!!! တောက်စ့်!!!"
"အ့!!"
ဂျောင်ဂုကိုတွန်းထုတ်ကာ မျက်ရည်စတေဖြင့်ထွက်သွားတဲ့ထယ်ယောင်း။
ကြမ်းပြင်ထက် ပံုလျက်သားလှဲချသွားသည့် ဂျောင်ဂုမှာ ဖြူဖွေးဥလွန်းသည့်အသားအရေကြောင့် လည်တိုင်ထက် လက်ရာကြီးကအထင်းသား။ အသက်ရှူမဝ၍ ရင်ဘတ်ကိုဖိ၍ လေရှူရှိက်နေရသည့် သူ့မှာ နာကျင်မှုဒဏ်ကိုမခံစားမိပဲ Darling ပြောသွားတဲ့စကားသံတေသာနားထဲပဲ့တင်ထပ်လာသည်။
*ဝူ.....ဝူလီထယ်?.....ဒေစီယာရဲ့မော.....မောင်!*
"ဟင့်အင်း!......မဟုတ်ဘူး! လိမ်နေကြတာ...သူတို့ ဂျွန့်ကိုလိမ်နေတာ!! ဟင့်....!"
ဘာလို့ ဂျွန့်မွေးနေ့မှာမှ ပူလောင်ခြင်းတေပေးရတာလဲ! ဂျွန်ဘာအမှားများပြုလုပ်လို့လဲ......မုန်းတယ်တဲ့ Darling ကသူ့ကိုမုန်းတယ်တဲ့။
သူ့ကြောင့်တဲ့ မနက်ကကိစ္စကိုငြင်းမိလို့ ဒေစီယာအခုလိုအရေးပေါ်ဖြစ်ရသည်တဲ့။
ဂျွန်ကမုန်းဖို့တကယ်ကောင်းနေတာလား.....ဂျွန့်ကြောင့် ပျော်ရွှင်ရတဲ့သူမရှိပဲ စိတ်ဒုက္ခရောက်ရတဲ့သူတေပဲရှိနေခဲ့သည်လား။ ဂျွန်သာမရှိရင်ရော.....ဟင့်အင်း....Darling မထွက်သွားခိုင်းသ၍ လောကကြီးမှာ မျှော့်လင့်ချက်သဲ့သဲ့လေးကိုဆုတ်ကိုင်ရင်းအသက်ရှင်ပါရစေ။
တောင်း.....တောင်းပန်ပါတယ် မမဒေစီယာ ကျွန်တော်လေ မမရဲ့အမျိုးသားလောင်းကို တပ်မက်နေမိလို့။ ဟင့်.....အပြစ်ရှိတယ်ဆိုရင်လဲအပြစ်ခံယူပါ့မယ်။
.
.
.
.
.
ခွဲခန်းထဲအသက်လုနေရသော အမျိုးသမီးအား အတော်ဆံုးဟူသည့်ဆရာဝန်များမှအကောင်းဆံုးကုသပေးနေသော်လည်း ခွဲခန်းရှေ့အမျိုးသာ့သည်တော့စိတ်စိုးရိမ်မြဲစိတ်ပူဆဲ။
4နာရီရှိပြီ ခွဲခန်းထဲဝင်သွားတာ 4နာရီရှိပြီ။ ပြန်မထွက်မလာသေးသလို ဆရာဝန်တေစီမှအကျိုးအကြောင်းလေးတောင်မကြားရသည့်အခါ ထယ်ယောင်းအတွက်အရူးမီးဝိုင်း။
"သားစိတ်အေးအေးထားပါကွယ် သမီးလေးအဆင်ပြေသွားမှာပါ!"
"ဟုတ်တယ်ထယ်ယောင်း။ အခုခဏလောက်ထိုင်ပါဦးကွာ တော်ကြာဒေစီသတိရလာလို့ သူ့သတို့သားလောင်းကို မထိုင်ခိုင်းရကောင်းလားဆိုပြီး ငါ့ဆူနေလိမ့်မယ်!"
အမေနဲ့ဂျီမင်မှာ စိတ်မပူဖို့ဖြောင်းဖြသည်ကြောင့် အနဲငယ်ပြုံးပြမိသား။ ဟုတ်ပါရဲ့။ ဂျောင်ဂုစီကပြန်လာကတည်းက ခွဲခန်းရှေ့ဟိုလျှောက်ဒီလျှောက်ပြာရာခက်နေခဲ့တာ ညောင်းဖို့ပင်သတိမရတဲ့အထိ သောကရောက်နေတာ။
ဒေစီရယ် မင်းနှုတ်ခမ်းက ကင်မ် ဆိုပြီးခေါ်မှကိုယ်စိတ်ပူလျော့နိုင်မယ်ထင်တယ်။ မင်းမိဘတေလာမကြည့်လို့ စိတ်မကောင်းမဖြစ်နဲ့နော် ကိုယ်ရှိတယ် မင်းသတိမရမခြင်းမင်းအနားမှာရှိမှာမို့ အသက်ရှင်ပေးပါ။ကျေးဇူးပြု၍
"လူနာရှင်....."
ဆရာဝန်တစ်ယောက်ထွက်လာသည့်မို့ ထယ်ယောင်းလေအလျင်နှင့် ထိုဆရာဝန်အနားအမြန်ပြေးရသည်။
"ကျွန်....ကျွန်တော်ပါ အခြေအနေ...ဘယ်လိုရှိလဲ..."
တုန်ရီနေတဲ့အမေးကို ဆရာဝန်ကခေါင်းငံုချသွားပြီး တစ်ဖန်ပြန်မော့လာကာ စိတ်မကောင်းဖွယ်အသံဖြင့်
"အခြေအနေကို ထိန်းထားနိုင်ပေမဲ့ နှလုံး......နှလုံးကအခြေအနေမဟန်ဘူး....နှလုံးရောဂါအခံရှိနေတာကိုမကုသပဲထားတယ်ထင်တယ် နှလုံးကအရမ်းအားနည်းနေတယ်။ ယာဥ်တိုက်မှုကပြင်းထန်လွန်းတာကြောင့် ကားမှန်စတေကရင်ဘတ်ကိုဖောက်ဝင်ပြီး နှလုံးမှာစိုက်နေတာမျိုး ကျွန်တော်တို့ဘက်ကတေွ့ရှိထားတယ် အဲ့တာ......"
Advertisement
"ဆက်....ဆက်ပြောပါ ကျွန်တော်အဆင်ပြေပါတယ်!"
ထယ်ယောင်းမျက်ရည်တေကြောင့်အားနာဟန်စကားစရပ်သွားသည့်ကြောင့် အဆင်ပြေကြောင်း ပြောရသည်။
"ဟင်း.....တစ်လပဲအသက်ကိုဆွဲထားနိုင်မှာ ဒီတစ်လအတွင်းနှလုံးအစားထိုးခွဲစိတ်မှုပြုလုပ်ရမယ် !"
"ကုန်ချင်သလောက်ကုန်ပါစေ အမြန်ဆံုးကုသပေးပါ"
"အခုချိန်မှာငွေကြေးထက် နှလုံးအလှူရှင်လိုအပ်နေတာ! လူနာရဲ့နှလုံးနဲ့ကိုက်ညီတဲ့ နှလုံးကအရမ်းရှားလွန်းတယ်!"
"ဗျာ........"
"ကျွန်တော်တို့ဘက်ကလည်းတက်နိုင်သလောက်ရှာပေးမှာမို့ ခင်ဗျားတို့ဘက်ကလဲ ဝိုင်းရှာပေးစေချင်တယ် မစ္စတာ! တစ်ခုပဲမှတ်ထားပါ တစ်လကျော်ရင် လူနာကိုဆံုးရှံုးရလိမ့်မယ် အခုကစပြီးအချိန်တေကအရမ်းကိုအဖိုးတန်တာမို့ တက်နိုင်သလောက်မြန်မြန်လေးလှုပ်ရှားပေးပါ"
"..............."
"ခွင့်ပြုပါဦး!"
ဆရာဝန်ထွက်သွားသည်နှင့် အရုပ်ကြိုးပျက်ကျသလို ကြမ်းပြင်ထက်ဒူးထောက်မိကာ ခေါင်းငံုရင်း ငိုနေမိတယ်။
မဖြစ်ရဘူး။ ရှာတွေ့မှာပါ......ဘယ်လောက်ပဲရှားနေတဲ့နှလံုးဖြစ်ပါစေ ဖြူစင်တဲ့အမျိုးသမီးတွက်ရှာတွေ့မှာပါ။ အခုငိုလို့မဖြစ်ဘူး....နှလုံးရှာရမယ် ။မင်းအစားကိုယ်သာ ဖြစ်ရမှာ၏ဒေစီရာ!
"ထယ်ယောင်း......ဘယ်လဲ!....ကင်မ်ထယ်!!!!"
မျက်ရည်ပူတို့စီးဆင်းရာမျက်ဝန်းကိုနီဆွေးဆွေးကိုဖိသုတ်ရင်း ထိုနေရာမှထကာ ဆေးရံုပြင်သို့ပြေးထွက်လာလိုက်သည်။ ဂျီမင်နဲ့အမေဖြစ်သူရဲ့ခေါ်သံကိုလျစ်လျူရှုကာ လက်ရှိဦးတည်ရာက သူ့ Company ကိုသာ။
"ဂျီမင်......"
"ကျွန်တော်ထယ်ယောင်းနောက်လိုက်သွားလိုက်မယ်အန်တီ ဒေစီကိုစောင့်နေပေးဖို့ဖြစ်မယ်မဟုတ်လား!"
ထယ်ယောင်းအမေက ခေါင်းငြိမ့်ပြသည်မို့ လက်ခံသည်ဟု ယူဆကာသူငယ်ချင်းလုပ်သူကိုဝိုင်းကူရန် ဂျီမင်ပြေးထွက်ခဲ့သည်။
ဂျီမင်ကျောပြင်လေးမြင်ကွင်းကပျောက်ကွယ်သွားသည်နှင့် ထယ်ယောင်းမေမေ ကင်မ်နီဝန်း ထိုင်ရာမှထကာ ပိတ်ထားဆဲဖြစ်တဲ့ခွဲစိတ်ခန်းတံခါးကြည့်ရင်း သဲ့သဲ့လေးပြုံးနေပံုက တစ်ခုခုကြံနေဟန်။
"ဒေစီလေး စိတ်မပူနဲ့နော် မင်းအတွက်နှလုံးရစေရမယ်!"
*တီ တီ*
"ဟယ်လို!...."
"............"
"ငါမရောက်မချင်း အဲ့ကောင်လေးအပြင်မထွက်စေနဲ့"
".............."
"မကြာဘူး 15မိနစာအတွင်းရောက်မယ်"
".........."
"ကောင်းပြီ!!"
ဖုန်းကိုလက်ကိုင်အိတ်ထဲထည့်လိုက်ကာ ဆေးရံုကော်ရစ်တာတစ်လျှောက် ဒေါက်ဖိနပ်သံတခွပ်ခွပ်ဖြင့် တစ်နေရာရာကိုဦးတည်ဟန်ရှိသော ကင်မ်နီဝန်းမျက်နှာထက် ကျေနပ်နေဟန် အပြုံးတစ်ပွင့်။
/////////////////////////////
ငိုရတာပင်ပန်းလွန်း၍ ကြမ်းပြင်ထက်ကွေးကွေးလေးအိပ်ပျော်သွားတဲ့ ဂျွန့်မျက်နှာထက် မျက်ရည်စီးကြောင်းဟာအခုထိမခြောက်နိုင်သေး။ ကျိန်းစပ်နေတဲ့မျက်ဝန်းတေကြောင့် နိုးနေသော်လည်း ဒီတိုင်းလေးသာလှဲနေမိပြန်တယ်။
*know know*
တံခါးဘဲလ်တီးသံကြောင့် သွားဖွင့်ပေးဖို့ရာကြောက်ရွံ့မိနေပြန်တယ်။ မတော်လို့ မာမီတို့ကသူတို့နဲ့ပြန်လိုက်ဖို့ လာဖြောင်းဖြတာဆိုရင် သူဘယ်လိုလုပ်ရပါ့မလဲ။ ဒါမှမဟုတ် Darling ....မမဒေစီယာအခုလိုဖြစ်တာသူ့ကြောင့်ဆိုပြီး အပြစ်တင်အမုန်းစကားဆိုရင်ရော ဟင့်အင်း သူခံနိုင်ရည်ရှိမှာမဟုတ်ဘူး။
သူပံုစံကပျော့ညံ့လွန်းနေပြီမဟုတ်လား။ Darlingမုန်းတဲ့ပျော့ညံ့ညံ့ လူတစ်ယောက်လိုဖြစ်နေပြီ။ စိတ်ပျက်ဖို့ကောင်းလိုက်တာ ဂျောင်ဂုရာ။
*know know know*
အဆက်မပြတ်မြည်တီးလာတာကြောင့် လက်သီးသေးသေးလေးကိုတင်းတင်းဆုတ်ကာ သွားဖွင့်ဖို့သတ္တိမွေးရပေဦးမည်။
"ဟယ်လို ငါ့သားရဲ့လိုသံုးလေး!!"
"အန်......အန်တီ!......"
နှုတ်ခမ်းနီရဲရဲဆိုးထားနဲ့ နှုတ်ခမ်းမထူမပါးထက်က ခနဲ့စကားဆိုနေတဲ့ အသက်ခပ်လတ်လတ်အမျိုးသမီးကိုစိတ်မဆိုးမိ။အဘယ်ကြောင့်ဆို သူ့အသက်ထက်ချစ်ရတဲ့အမျိုးသားကို မွေးဖွားပေးသည့်အမျိုးသမီးဖြစ်နေသည်ကြောင့်လို့ ရူးရူးနမ်းနမ်းဖြေမိလိမ့်မယ်။
ကင်မ်နီဝန်း ဂျွန်ဂျောင်ဂုကိုတိုက်ကာ အခန်းတွင်းဝင်လိုက်သည်ကြောင့် ဂျောင်ဂုတံခါးကိုပိတ်ကာနောက်မှလိုက်လာခဲ့သည်။ဆိုဖာထက်ခြေချိတ်ကာကျော့ကျော့လေးထိုင်နေတဲ့ သူမဂုဏ်ကျက်သရေသိပ်ရှိလှသည်။ Darling အမေဆိုတော့ဒီလောက်တော့ရှိမှာပေါ့။
"ကော်....ကော်ဖီ....."
"တော်ပြီ!......ငါမင်းနဲ့စကားပြောချင်လို့လာတာ အချိန်ရတယ်မဟုတ်လား!"
"ဗျာ!....ဟုတ်.....ရပါတယ်အန်တီ"
ဂျွန့်အဖြေကိုသဘောကျသည့်သူမ နှုတ်ခမ်းတွန့်ရံုပြုံးလာသည်။
"မင်းရဲ့နှလုံး.....ငါအလိုရှိတယ်"
"ဗျာ??"
"မင်းသိလားဂျောင်ဂု မင်းကဘယ်သူ့အတွက်မှအသံုးမဝင်တာကို အဲ့တာကြောင့် အသံုးဝင်တဲ့ ဒေစီယာအသက်ရှင်ဖို့ မင်းရဲ့ဘယ်ဘတ်ခြမ်းထဲမှာရှိတဲ့ နှလုံးထုတ်ပေး!!"
".............."
"မင်းစဥ်းစားကြည့် ! မင်းမိဘတေကအစ မလိုချင်လို့စွန့်ပစ်ခဲ့တာလေမင်းကို.....ပြီးတော့ငါ့သား ကင်မ်ထယ်ယောင်းက မင်းကိုစိတ်ပျက်နေပြီ သိလား မင်းကိုဘယ်သူကမှမလိုချင်တော့ဘူး......သေပေး!!.....မင်းအစ်မအသက်ရှင်ဖို့! ငါ့သားပျော်ဖို့"
ကင်မ်နီဝန်းရဲ့စကားသံတေက နှလုံးသားကိုအက်ဆစ်နဲ့ပတ်သလို နားထဲသံရည်ပူလောင်းချသလို တစ်ဆစ်ဆစ်နာကျင်စေသည်။ အမှန်တေသာမို့ ပြန်မချေပမိဘဲ ခေါင်းငံုကာမျက်ရည်တို့တစ်စက်စက်ကျနေမိတယ်။
"ဂျောင်ဂုမငိုနဲ့! မင်းသိလား အခုလေ မင်းချစ်တဲ့ငါ့သားကလေ အရူးမီးဝိုင်းဖြစ်နေတယ်သိလား။ မင်းအစ်မ နှလုံးအစားထိုးကုဖို့နှလုံးအသည်းအသန်ရှာနေတာ ဒါမဲ့ ကိုက်ညီတဲ့နှလုံးမတွေ့ဘူး။ သားကပြောတယ် ဒေစီကသူ့သိပ်ချစ်ရတဲ့မိန်းကလေးမို့မဆံုးရှုံးချင်ဘူးတဲ့။ "
"............"
တိတ်ဆိတ်ကာ ကိုယ်လေးကတသိမ့်သိမ့်တုန်ရင်း နားထောင်နေဟန်ရှိတာမို့ နီဝန်းသိပ်သဘောကျသည်။ ဆက်ပြီး စိတ်မကောင်းဖွယ် အသံနဲ့ဆက်ပြီး သူ့အကြံကို နားဝင်အောင်ရိုက်သွင်းရမည်။
အကြံအစည်ကတော့ရှင်းပါတယ် ဒီကလေးကိုသိမ်ငယ်စိတ်ဝင်အောင်သွင်းမယ် သားဖြစ်သူကိုအကြောင်းပြုပြီး နှလုံးတောင်းမယ် ဒေစီကိုအသက်ဆက်ရှင်စေမယ် ကင်မ်ထယ်စိတ်ယိုင်နေဟန်ရှိတဲ့ဒီကောင်လေးကသေပေးရမယ်။
"သားကပြောသေးတယ် ကိုက်ညီတဲ့နှလုံးရှာမတွေ့ရင် သူ့နှလုံးကိုပေးမယ်တဲ့!!"
"ဟင်!....."
အရည်စွတ်နေတဲ့ မျက်ဝန်းဝိုင်းကြီးတေနဲ့ မော့လာတဲ့ခေါင်းလေးကဝမ်းနည်းမှု အံ့ဩခြင်းတို့အထင်းသား။ နီဝန်းမျက်နှာကိုအတက်နိုင်ဆံုးငယ်ကာ
"ငါ့မှာသားတစ်ယောက်ထဲရှိတာမင်းသိပါတယ်ဂျောင်ဂု ထယ်ယောင်းသာအဲ့လိုလုပ်ရင်ငါရင်ကွဲရလိမ့်မယ်! ဟင့်! ငါ့အတွက်သားကအရေးကြီးတယ် မင်းမိဘတေအတွက်ဒေစီယာကအရေးကြီးတယ်လိုအပ်တယ် ငါ့သားအတွက် ဆေးရံုပေါ်ဆေးအကူနဲ့အသက်ဆွဲထားရတဲ့ဒေစီယာကမရှိမဖြစ်ဆိုတာ မင်းသိပြီးသားပါ။"
"ကျွန်တော် သိ....သိပါတယ်! ဒါမဲ့...."
"မင်းက ဘယ်သူ့အတွက်မှအရေးမပါဘူး!.....နှလုံးပေးပါ "
"သေသွားနိုင်တာမသိဘူးလားအန်တီ!"
"သိတယ်!ငါသိတယ် မင်းသေလဲ ဝမ်းမနည်းမဲ့သူမရှိဘူး!! မင်းပြော မင်းချစ်တဲ့ကင်မ်ထယ်ယောင်းကိုသေစေချင်တာလား??"
"ဟင့်အင်း......Darling ဘာမှဖြစ်လို့မရဘူး"
"အင်း.....မင်းနှလုံးထုတ်ပေး တစ်လပဲအချိန်ရမှာဂျောင်ဂု"
"Darling နှုတ်ဖျားက ကျွန်တော့်နှလုံးတောင်းမှပေးနိုင်မယ်!!"
သူမြတ်နိုးစွာနမ်းဖူးတဲ့ Darling နှုတ်ခမ်းကမိန့်မဲ့စကားတေကလွဲ ဘယ်သူ့စကားကိုမှလိုက်နာမှာမဟုတ်ဘူး! Darling ကသေဆိုသေပေးလိုက်မှာ ဂျွန်သိပါတယ် ဂျွန့်ကိုအလိုရှိတဲ့သူတစ်ယောက်မှမရှိတာကို သို့သော် အခုလို လာပြောပြတဲ့အခါ ငိုရံုမှအပ နာကျင်စွာအမှန်ကိုလက်ခံရံုကလွဲလုပ်စရာမရှိ။
မွန်းကြပ်စရာကြေကွွဲစရာတေကို ထွေးပိုက်ရင်း နာကျင်ဖွယ်အသက်ရှင်နေရတဲ့ အကြောင်းပြချက်က ကင်မ်ထယ်ယောင်းမို့
ကင်မ်ထယ်ယောင်းဘက်က အလိုမရှိကြောင်းထွက်သွားခိုင်းတာနဲ့ ဂျွန်ဂျောင်ဂုဆိုတာမြူမှုန်လိုလွှင့်ပျယ်ပျောက်ကွယ်သွားမှာ။
တစ်ခုခုဆိုမျက်ရည်လွယ်တဲ့ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်လွန်းပါရဲ့။
"အိုခေ နားထောင်!!"
Advertisement
နားထောင်ဆိုကာ ဖုန်းမှထွက်ပေါ်လာတဲ့ ဩရှရှအသံလေး။
*ဒေစီအတွက်မင်းနှလံုးလိုအပ်တယ် ကိုယ့်ကိုပေးပါဂျောင်ဂု! ကျေးဇူးပြုပြီး ....ဒေစီမရှိရင် ကိုယ်လဲသေလိမ့်မယ်!! *
ငိုသံစွတ်နေတဲ့အသံကြောင့် ဂျောင်ဂုမျက်ရည်တို့ ထိန်းမရအောင်စီးကျလျက်သား။
အဲ့လောက်တောင် Darling အတွက်သူမကအရေးပါသည်လား။ ငါနာလိုက်တာ Darling ရယ်။ အောင့်သက်သက်နဲ့ခံရခက်လိုက်တာ။
"အသံ.....အသံက Darling အသံသေချာလို့လား!"
အသွေးအသားထဲစွဲနေအောင်မှတ်မိနေတဲ့ အသံနဲ့အနည်းငယ်ကွဲပြားနေသည်မို့မေးလိုက်မိတာ အန်တီကဒေါသထွက်သွားသည်ထင်ပါရဲ့။
"ငိုထားတာလေ ဒီနေ့ နေ့လည်ကနေခုထိ ငိုထားမှတော့အသံအက်နေမှာပေါ့!!မင်းကမယံုတာလား!"
"အဲ့.....အဲ့လိုမဟုတ်ရပါဘူး!"
"ပေးမှာမဟုတ်လား!"
မျက်ရည်သုတ်ရင်းခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည့် ကောင်လေးကြောင့် နီဝန်းသိပ်ကိုကျေနပ်သွားရသည်။
"လိမ္မာတယ်ဂျောင်ဂုကီး! ပေးဆပ်ရဲတဲ့မင်းကိုငါချီးကျူးတယ်"
"ကျွန်တော် ပေးဆပ်မှုတန်အောင် တစ်ခုခုလုပ်ပေးသင့်တယ်မဟုတ်လား!"
"အင်း.....ပြောကြည့်!"
"လိုက်လျောမယ်ဆိုမှ!!"
"မမဒေစီအတွက်အချိန်တစ်လရသေးတာမဟုတ်လား ဒီ....ဒီလ 30 မတိုင်ခင်ထိ ကျွန်တော်အသက်ရှင်ချင်တယ် ဒီအတောအတွင်း Darling ကိုအပိုင်ခဏယူထားချင်တယ်......"
တုတ်ရီနေတဲ့စကားသံတေကြောင့် ငြင်းဆန်ဖို့ရာတွန့်ဆုတ်မိတယ် အသက်တောင်ပေးထားပြီပဲ ဒီလောက်လိုက်လျောပေးသင့်တယ်ထင်တယ်။
အင်း......ကင်မ်နီဝန်းမှာစာနာစိတ်ရှိပါသေးတယ်။
"လက်ခံတယ် မနက်ဖြန်.....မဟုတ်ဘူး ဒီညကစပြီး ငါ့သားမင်းနဲ့လာနေပေးလိမ့်မယ်! အလုငါသွားတော့မယ်!"
"ကောင်းကောင်းပြန်ပါ "
တံခါးပိတ်သံကြားသည်နှင့် ဂျွန်ဂျောင်ဂုဟာ ဟန်မဆောင်နိုင်အောင်ပြိုလဲနေလေပြီ။ မျက်ရည်ကျနေတဲ့ မျက်ဝန်းတေကအသက်မဲ့၍နေသလို စိတ်အစံုဟာလဲ ပူလောင်လွန်းနေရတယ်! မြင်သမျှအရာဝတ္ထုသက်မဲ့တေက သူ့အားလှောင်ပြောင်နေသလို။
Darling လက်ထက်မဲ့မိန်းကလေးအသက်ရှင်ဖို့ သူ့က တောင်းဆိုသံလေးတစ်ခွန်းကြောင့် ရူးကြောင်ကြောင်အချစ်တေနဲ့ နှလုံးပေးပြီး အသက်သေဖို့ခွင့်ပြုလိုက်သည်တဲ့။
ဟား.....ဟား.....ရူးနေပြီ။ ရူးတာထက်ပိုနေပြီ။
မသေခင် Darling ကို သူပိုင်တယ်လို့ကြွေးကြော်နိုင်ဦးမည်ကြောင့် သူအသံထွက်အောင် ပျော်ကြောင်းပြသမိသည်။ မျက်ရည်တေနဲ့ပေါ့။
မင်းသာ ငါ့အချစ်တေမြင်ရင်သိပ်ကောင်းမှာပဲ Darling။
"Happy birthday to me!
Happy birthday to me
Happy birthday poor myself!
Happy birthday..... to me! "
*ဖြောင်း! ဖြောင်း! ဖြောင်း!*
အေးစက်စက်အက်ကွဲနေတဲ့ အသံဟာ မှောင်မဲနေတဲ့အခန်းထဲ ကြက်သီးထဖွယ်ထွက်ပေါ်လို့လာသည်။
"မေွးနေ့ကိုမုန်းလိုက်တာ Darling ရယ်။ သူများတေလိုပျော်ရွှင်စရာမရှိပဲ သေမဲ့နေ့ကိုသတ်မှတ်ခံရတဲ့အကျဥ်းတန်တဲ့နေ့ရက်။ဟက်....သေတာတောင် အတ္တနဲ့မင်းကိုအနားမှာဆွဲထားတဲ့ငါကိုစိတ်ပျက်မှာသိပေမဲ့ နောက်ဆုံးအဖြူရောင်အတ္တလေးမို့ မငြင်းပယ်ပါနဲ့"
ဆုတောင်းတေပြည့်တာအမှန်တကယ်ဆို ငါဆုတောင်းမယ် Darling။
ငါပြန်မွေးဖွားခဲ့ရင်လေ မင်းစီက ရူးရူးမိုက်မိုက် ငါ့ချစ်ခဲ့တဲ့အချစ်ထက် အဆပေါင်းများစွာသာတဲ့ အချစ်နဲ့ မင်းငါ့ကိုချစ်ပေးရမယ်။
ဟား.....ဟား....ဟင့်....ရူးပြန်ပြီဂျောင်ဂုရယ် မဖြစ်နိုင်တာကို ဟင့်။
.
.
.
.
.
အချစ်ကမီးတောက်!
ထိုမီးတောက်ကိုရူးမိုက်စွာ မြတ်နိုးပါရဲ့ဆိုပြီး ဆုတ်ကိုင်ထားမိသူက အရူး။
ပူလောင်ရသည်။ပူလောင်တာကိုမြတ်နိုးနေသူပါ။
နာကျင်ရသည်။ နာကျင်မှုနဲ့နေသားကျနေသူပါ။
သွေးစိမ်းရှင်ရှင်ထွက်အောင် ရက်စက်နေကြရင်လဲ ဂျွန်ဂျောင်ဂုဟာ ကင်မ်ထယ်ယောင်းကိုသာရွေးချယ်မှာ။
ရူးမဲ့ရူး စံချိန်တင်အချစ်ရူးပဲဖြစ်ချင်တယ် Darling ရယ်။
/////////
ချောင်းရိုက်မယ်ဆို လိပ်စာက အိမ်အမှတ်1500 ဂျောင်ဂုရင်ခွင်ကပါ 🙏
စာလုံးရေ 3636 အများကြီးရေးထားတယ်😾
Thanks for your vote, reading ,fackback💔
Love you all❤
********
*Zawgyi*
1.9.2022
12:48 PM
ဆိုသည့်သတင်းက မိနစ်ပိုင်းအတွင်းပြန့်နှံ့လာကာ ယာဉ်တိုက်မှုဖြစ်ပွားသူတိုအား ဆိုးလ်ဆေးရံုကြီးသို့ပို့ပေးလိုက်ပြီဖြစ်ကြောင်းနှင့် အုပ္ထိန္းသူေတဘက္မွ အမြန်ဆံုးဆေးရံုသို့လာပေးကြရန် သတင်းတို့ကတလူလူ။
ဟင်း......လေးလံနေတဲ့စိတ်အစံုကသည်ကိစ္စကြောင့်များလေလား။
*ဝုန်း*
ဒါ....Darlingအသံပဲ။
"Darling.....!"
အောက်စီဂျင် ရတချက် မရတစ်ချက် လေကိုလုကာ ရှူနေတဲ့ ရိုးသားယောင်ဆောင်ထားတဲ့သူကို ထယ်ယောင်း သူနဲ့အနီးဆုံးကပျစကော
"အ့!!"
Advertisement
- In Serial280 Chapters
The Daily Grind
A terminally bored IT guy finds a sub-dimension in the back stairwell of his office building. It escalates from there.
8 1425 - In Serial98 Chapters
Rotten Purity: A MHA Fanfic
(Villain Deku; My Hero Academia Fanfic) Think to yourself, just this one little question-"What if the Sludge Villain never got away?" (When a bottle doesn't drop to the floor, a world is changed forevermore) Izuku Midoriya was an ordinary kid in an extraordinary world; one of heroes, quirks, and promises of glory to all that dared to reach out for it. If you had a good quirk, that is. And destiny had that all wrapped up in a nice little package for him until something shifted. It was a minor cog that deviated in the clockwork of destiny, nothing significant in the scheme of things. But, as it turned out, even the most minor of cogs could cause a glitch in the machine. A fracture in fate. And what do you get with fractured fate? Why, who knows? The road he would walk upon in the future, whether it be one of thorns or sunshine, would be decided by him and him alone. "Life is composed of decisions and perspective. The scenario is irrelevant; one can dance in the rain or cry in it. Thus, the person we are and can become is a product of it as well. That is the very essence of life." Would he be a savior? A villain?Or something else entirely?That is the true question. Warnings: Gore, Murder, Suicide, Bullying, Depression, Self-harm.
8 240 - In Serial11 Chapters
AutoDot
At the ripe old age of 12, Dorothy became a brand new Automata, synthetic beings with a living soul and memories of their previous life as an organic being. Join her on her slice-of-life adventures as she discovers what it's like to grow up as a robot that runs on magic in a world of Adventurers and dungeon explorers, and parents that can't quite get that she doesn't need food or sleep any more. AutoDot takes place in the same world as Automata Prime, but is set many years after the events of that series. This book is suitable for both kids and kids at heart that enjoy some crunchy LitRPG elements. I won't be releasing chapters on a schedule for this one, instead I'll be posting them as I write them with a target length of about 4500 words per chapter. [participant in the Royal Road Writathon challenge]
8 139 - In Serial26 Chapters
Alarulin Dreamers
The Third Era has only just begun, yet the aftermath of the reckoning one year prior still haunts the mythical land of Alarulin. As a sinister plot to unravel the secrets of magic unfolds, the realms future hinges on the border between reality and one young lady's dream.
8 155 - In Serial37 Chapters
■ Helpless ■ Gilbert Blythe ■
Victoria Edwards moved to Avonlea from England together with her parents and brothers. Victoria was excited when she heard about the move and the change of scenery. It didn't take a long time in the very green land for Victoria to fall in love with it... and the people in it. It still took some time in order for her to truly fit in with the rest of the citizens, and the bullies in her school didn't make it any easier for her. But amongst the bad, she also found some good people including her best of friends Anne Cuthbert, Diana Barry and maybe even Gilbert Blythe.
8 226 - In Serial12 Chapters
A Promise Kept
Cassandra has lost her mom then her dad in a way and now her boyfriend what else could go wrong?Also she is starting at a new private school as her mom requested as she lay on her death bed.For her SENIOR year not less! She has no idea what she is walking into!Will this group of boys make it better or worse?
8 137