《Sour Candy》part 8💔/1/
Advertisement
*Unicode*
9 လပိုင်း 1 ရက်နေ့။
တစ်နည်းအားဖြင့် သူ့မွေးနေ့။
မနက်အာရံုတက်နေထွက်ချိန်မှစလို့ လေးပင်နေတဲ့စိတ်က ဘာကြောင့်များပါလိမ့်။ နှစ်တိုင်းလိုအထီးကျန်နေခဲ့တဲ့ မွေးနေ့မှာ Darling ဟာလဲ အမှတ်ရကာအဖော်ပြုပေးလိမ့်မည်ဆိုတာ သိပ်စိတ်ကူးယဥ်ဆန်လွန်းသည်မဟုတ်လား။
သူ့အတွက်မွေးနေ့ဆိုတာ သာမာန်နေ့ရက်တေလိုပါပဲ။ အသက်တစ်နှစ်ကြီးသွားတာကလွဲလို့ပေါ့။
အသက်ကပေးတဲ့တာဝန်အနေနဲ့ Darling ကို 23 နှစ်ပြည့်ချိန်မှာ 22 နှစ်တုန်းကထက်သာလွန်တဲ့ချစ်ခြင်း ပေးဆပ်ခြင်း အနှစ်နာခံခြင်းတေနဲ့ ဆက်ပြီးချစ်ဖို့။
ငါ့အချစ်ထုထည်ဘယ်လောက်ကြီးမားလဲ မင်းပိစိလေးပဲဖြစ်ဖြစ် သိထားပေးရင်ငါအများကြီးပျော်မှာ Darling။ ကိစ္စမရှိပါဘူး ငါအများကြီးချစ်ပြမှာမို့ကျိန်းသေပေါက် မင်းတွေ့မှာပါ။
*know know*
အဆက်မပြတ်မြည်တီးလာသောလူခေါ်ဘဲလ်သံကြောင့် ဂျွန်ဂျောင်ဂုမျက်မှောင်အနဲငယ်ကြုံလိုက်မိသည်။မနက်အစောကြီးရှိသေးသည်ကို ဘယ်သူကများ သူ့စီလာရသည်လဲ။
တံခါးဖွင့်ပေးရံုမျှရှိသေး အတင်းတိုးဝင်ရောက်တဲ့ အနက်ရောင်ဝတ်စံုတေဖြင့် ထောင်ထောင်မောင်းမောင်းလူတစ်စုကြောင့် လန့်ဖြန့်သွားရသည်။ နောက်မှဝင်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး။ ဝတ်စားထားပံုကြည့်ခြင်းဖြင့်အသိုင်းဝိုင်းကြီးကထင်ပါရဲ့။
သူနှင့်သိမနေဘဲ ဘာအကြောင်းကြောင့်သူစီလာရသည်လဲ။
"ခင်ဗျားတို့ဘယ်သူတေလဲ!!"
"သားငယ်!....မာမီလေ....သားရဲ့မေမေလေ "
ထိုအမျိုးသမီးက သူ့ရင်ဘတ်သူပုတ်ပြရင်းမျက်ရည်လဲ့စွာဆိုသည်။
"မာမီ? မေမေ?..."
နားမလည်စွာ တိုးလျလျရည်ရွတ်မိလေတော့ ထိုလင်မယားဖြစ်ဟန်တူသော ထိုအမျိုးသမီးနှင့်အမျိုးသားကခေါင်းတဆတ်ဆတ်ငြိမ်ပြသည်။
ဘာတေလဲ ဂျွန့်အမေကဆံုးသွားတာကြာပြီလေ။
"လီထယ်လေး! ဒယ်ဒီနဲ့မာမီလေ....မမှတ်မိဘူးလား!"
"ဟင်....ဟို.....အားတော့နာပါတယ် ဒီကအန်တီနဲ့အန်ကယ် ကျွန်တော်ကဂျွန်ဂျောင်ဂုပါ ဒီကအန်တီတို့ရှာနေတဲ့လီထယ်မဟုတ်ပါဘူး!"
ဂျွန်ကပြုံးပြုံးလေးဖြေသော်ငြား ဝမ်းနည်းစွာငိုကြွေးလေတဲ့အမျိုးသမီးကြောင့်ရင်ထဲမကောင်းလာ။
"ဟင့်.....သားက....မမှတ်မိဘူးတဲ့ ဟင့်.....!"
ငိုကြွေးလာတဲ့အမျိုးသမီးဖြစ်သူ လီရာကို ပုခံုးကနေဖက်ရင်း အသာလေးပုတ်ကာ နှစ်သိမ့်ပေးရှာတဲ့ဝူဂျင်မှာလဲမျက်နှာမကောင်းလှ။
"ဂျွန်ဂျောင်ဂုနော်!.....သားနာမည်အရင်းကဝူလီထယ်! ဒယ်ဒီ နဲ့ မာမီရဲ့ သားငယ်လေး .... ပြီးတော့ ဒီမှာ ဒါဖတ်ကြည့်!"
ဝတ်စံုအနက်တေနဲ့လူတေထံမှ စာရွက်စာတမ်းတစ်ချို့ကိုယူကာ သူစီးကမ်းပေးလာသည်ကြောင့် ကြောင်နနဖြင့် လှမ်းယူကာ ကြည့်မိတော့။
DNA စာရွက်!!နဲ့တစ်ခြား စာရွက်စာတမ်းတစ်ချို့။
မ.....မဖြစ်နိုင်တာ!! မ...မဟုတ်ဘူး မလား! မားနဲ့ပါးက သူ့ကိုမွေးစားထားတာမဟုတ်ဘူး။ မားကိုယ်တိုင်သူ့ကိုမွေးခဲ့တာ!..DNA စာရွက်အတုကြီး သူတို့လုပ်ယူထားတာ!!
စာရွက်စာတမ်းတို့အား တစ်ရွက်ပြီးတ်ရွက်လှန်ကြည့်ရင်း ခေါင်းတို့အသွင်သွင်ခါကာ မျက်ရည်တို့ကစီးကျလျက်။နှုတ်ခမ်းပါးမှလည်း-
"မဟုတ်ဘူး!! လိမ်နေတာ....ခင်ဗျားတို့လိမ်နေတာ!"
"သားငယ်...မာမီကလိမ်ပါ့မလား!"
"လိမ်နေကြတာ! ဟင့်.....ခင်ဗျားတို့လိမ်နေတာ...ဟင့်....ဒါ...ဒါတေက တကယ်မဟုတ်ဘူး!"
သည်းထန်စွာငိုကြွေးလာတဲ့ ဂျွန်ဂျောင်ဂုဟာ ဂျွန်လင်မယားမှသူ့အားမွေးစားထားသည့် စာချုပ်စာတမ်းကိုလက်တွင် ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ရင်း မဟုတ်ဘူးဟုသာ ကန်ငြင်းမိသည်။
"ဒယ်ဒီတို့နဲ့ပြန်လိုက်ခဲ့ပေးပါ လီထယ်!"
"မဟုတ်ဘူး!!!!! ကျွန်တော်နာမည်ဂျွန်ဂျောင်ဂု!!!လီထယ်မဟုတ်ဘူး"
ဂျွန်အော်သံဟာ အနဲငယ်ကျယ်တာမို့ လီရာမှာလန့်သွားရှာသည်။
"အမှန်ကိုသိပြီဖြစ်ရက်နဲ့ မဟုတ်ပါဘူးငြင်းကောင်းတုန်းလား သား!....."
ဂျွန် ထိုလူကြီးကိုပြန်မပြောမိ ကိုယ်လေးတစ်သိမ့်သိမ့်တုန်တက်ကာ ကြမ်းပြင်ထက်ထိုင်လျက်သားငိုနေမိသည်။
သက်သေနဲ့တကွ လာပြမှတော့အစစ်အမှန်တေမှန်း မသိလောက်အောင် ဂျွန် မတံုးပါဘူး! လက်မခံနိုင်ရံုပါ မိဘအရင်းလို့သက်မှတ်ထားသည့်သူတေ ဆံုးသွားခါမှ ဂျွန့်ရဲ့ဒယ်ဒီ အရင်းနဲ့ မာမီအရင်းဆိုပြီး မျက်စိရှေ့ပေါ်လာတဲ့အခါ နှလုံးသားနဲ့ ဦးနှောက်ကလက်ခံဖို့သိပ်ခဲယဥ်းပါတယ်။
"သားမာမီရဲ့ မျက်နှာကိုမငဲ့တော့ဘူးလား....သားပျောက်သွားတဲ့နှစ်တေအတွင်းသူ့မှာ သားကိုပဲ တနေရှာတာ! ပြီးတော့ သားရဲ့မမ....."
"မမ......"
မမ....သူ့မှာအစ်မရှိသေးတာလား!
"သူ့ကြောင့်မင်းပျောက်သွားခဲ့တာဆိုတဲ့ စိတ်နဲ့ အလုပ်ကိစ္စတစ်ဖက်နဲ့ မင်းကိုနေ့မနားညမနားရှာနေခဲ့တာ ... သားရယ် မင်းမာမီနဲ့မမကိုသနားရင်း ဒယ်ဒီတို့နဲ့ပြန်လိုက်ခဲ့ပေးပါနော်..."
"မာမီသားလေး မာမီစီပြန်လာပါသားရယ်....မာမီသားကိုအများကြီး အလိုလိုက်ပါ့မယ်! သား...သားလိုချင်တာပြောအကုန်ဖြစ်စေရမယ်!"
"မ လိုက် နိုင် ဘူး! ကိုယ့်ဘဝနဲ့ကိုယ်အသားကျနေပြီမို့လွှတ်ထားပေးပါ!!"
တစ်လံုးချင်းထွက်ကျလာတဲ့စကားသံတေဟာ မိခင်ဖြစ်သူအတွက် သံရည်ပူပမာ။ လီရာမှာခြေပင်မခိုင်ချင်တော့။ သူတို့အမှားပါ! သားကိုဂရုမစိုက်နိုင်လို့ မိဘရင်ခွင် မိသားစုအစစ်နဲ့ဝေးခဲ့ရတာ! သူတို့်သာ အားစိုက်ရှာဖွေပြီး ဒီထက်စောစော သားကိုရှာတွေ့ခဲ့ရင် ဒီလောက်ငြင်းဆန်နေမှာမဟုတ်ဘူး။
"အဲ့လိုတော့ မလုပ်လိုက်ပါနဲ့.....စဥ်း...ဟင့်..စဥ်းစားပါဦးသားငယ်ရယ်။ သားမမကလေ သူ့လက်ထက်ပွဲမှာသားကိုရှိစေချင်ရှာတာ....မာမီတောင်းပန်ပါတယ်သားရယ်! "
"သား မမ အိမ်ထောင်ကျပြီးသွားရင် လုပ်ငန်းတေသားရမှာလေ....!"
ထိုစကားက ဂျွန့်ကို ဝမ်းနည်းသည့်ကြားမှဒေါသဖြစ်စေသည်မို့ ခက်ထန်တဲ့အကြည့်တေက ဝူဂျင်စီတန်းခနဲ။
ဘယ်လိုတောင်လဲ။ ဂျွန်ကိုငွေမက်တယ်လို့ထင်နေကျသလား။ လက်ရှိ ဂျွန်ကမချမ်းသာဘူး မှန်တယ် သို့သော် ဆင်းရဲ၍လဲမနေဘူး! အခုစကားက ဂျွန့်ကိုစော်ကားလိုက်ရာသိပ်ကျလွန်းသည်။ မိဘအရင်းဆိုတဲ့သူစီကလေ။ ဟား!...ဟား....
"ကျွန်တော်က ငွေမက်တဲ့ရုပ်ပေါက်နေလို့လား!"
"အဲ့လိုမဟုတ်ပါဘူး!သားရယ်....ဒယ်ဒီက....."
"တော်ပါ!!!......ငယ်ငယ်ကနေခုထိ နှစ်ပေါင်းများစွာကြာမှ အရာအားလုံးနဲ့နေသားကျနေတဲ့ ကျွန်တော့်ရှေ့ပေါ်လာပြီး မေတ္တောရှိသလိုမလုပ်ကြပါနဲ့! တောင်းပန်ပါတယ်။ ဟင့်....တစ်ယောက်တည်းလွှတ်ထားပေးလိုက်ပါ! ဟင့်....."
"ကောင်းပြီ သားလက်ခံရခက်ခဲနေမှာမာမီတို့နားလည်ပါတယ်။ အေးဆေးစဥ်းစားပြီး မာမီစီလာခဲ့ပါ ဝူလီထယ်"
"ဂျွန် ဂျောင် ဂု ကျွန်တော်နာမည် ဂျွန်ဂျောင်ဂု!"
မာမီဆိုသူက ရဲ့ရဲ့လေးပြုံးပြပြီး အနက်ရောင်ဝတ်စံုဖြင့်လူတစ်ခုပါ အလျိုလျိုထွက်သွားကြတာနဲ့ တစ်ပြိုင်နက် ဒူးနှစ်ဖက်ကြားမျက်နှာအပ်ကာ ငိုကြွေးမိပြန်တယ်။
နှလုံးသားကရော ဦးနှောက်ကရော ဘာလုပ်လို့လုပ်ရမှန်းမသိအောင်ကို ဗလာအတိဖြစ်ကာ နွမ်းလျသွားခဲ့တာ။ ထိုလူတေကတကယ်ပဲ ဂျွန်မိဘအရင်းတေဆို ဝမ်းသာမိမှာဆိုပေမဲ့ ဂျွန်ကိုဘာလို့ စွန့်ပစ်ပြီးမှပြန်လာခေါ်ကြတာလဲ။
Advertisement
"အီးဟီး....ဟင့်.....မား သားဘာလုပ်ရမှာလဲဟင့်.. သူတို့နဲ့လိုက်သင့်လား မလိုက်သင့်ဘူးလား! ဟင့်...ရွတ်...."
သည်ကလေးဟာ နှစ်သိမ့်ဖော် တိုင်ပင်ဖော်တိုင်ပင်ဖက်လိုသော်ငြား တစ်ယောက်တစ်လေမှသူ့အနားမှာရှိမနေဘူး! ကိုယ့်ရည်းစားကတောင်မှလေ။
အထီးကျန်စရာမွေးနေ့ရက် မနက်ပိုင်းမှာတင် တိုက်ခန်းကျယ်ထဲ ငိုရှိုက်သံတို့က အကျဥ်းတန်စွာ။ တစ်သိမ့်သိမ့်တုန်နေတဲ့ကျောပြင်ငယ်ဟာလည်း ပွေ့ဖက်နှစ်သိမ့်ဖော်မဲ့နေ၏။
ပင်ပန်းစပြုလာတဲ့စိတ်က အရာအားလုံးကို မျက်ကွယ်ပြုထားချင်လာလေပြီ~~
/////////////////////////////////
"ငါ့ကောင်ကြီးက မိန်းမရတော့မှာဆိုတော့ ေခြငြိမ်နေပြီပေါ့! ဟဟ"
ဂျီမင်ရဲ့ ရွတ်နောက်နောက်စကားသံအဆံုး ထယ်ယောင်းနှုတ်ခမ်းတွန့်ရံုမျှသာ။
ဂျီမင်စကားက တစ်ဝက်မှန်ပေမဲ့ တစ်ဝက်ကမှားလို့နေသည်လေ။ လက်ထက်ပွဲကြောင့် ဇယားတေမရှုပ်ဖြစ်တာဆိုသည်ထက် လေးပင်ပြီးမှိုင်ထွေနေသည့်စိတ်ကြောင့် ငြိမ်နေတာဆိုပိုမှန်သည်။
"အဲ့လိုမဟုတ်ရပါဘူးကွာ.....ဒါနဲ့ ကူးငယ်ကတကယ်ပဲ ဒေစီယာရဲ့ မောင် ဝူလီထယ်လား!"
"ဝူလီထယ်လား မပြောနဲ့ ဝူလီထယ်မှဝူလီထယ်အစစ်..."
ကံကြမ္မာကြီးက ကို့ရို့ကားယားနိုင်တာလား။
ကင်မ်ထယ်ယောင်းကပဲ ကို့ရို့ကားယားလုပ်ထားခဲ့တာလား။
မောင်နှမအရင်းနှစ်ယောက်ကိုမှပြိုင်တွဲသည်တဲ့။
"ထယ်ယောင်း........"
"အွန်း!..."
"မစိုးရိမ်ဘူးလား"
"ဘာကို?"
"မင်းဒေစီနဲ့ လက်ထက်ရင် ဂျွန်ဂျောင်ဂုရှီးက တစ်ခုခုဖြစ်သွားနိုင်တယ်။ အစ်မဖြစ်သူနဲ့ ကိုယ်ချစ်ရသူလက်ထက်မှာကို ပြုံးပြီးကြည့်နိုင်ဖို့ သူ့မှာ သတ္တိရှိမှာမဟုတ်ဘူးထယ်ယောင်း"
"............."
"မင်းတို့လက်ထက်ပွဲကိုကျိန်းသေပေါက် အန်ကယ်ဝူဂျင်နဲ့အန်တီလီရာက ဂျွန်ဂျောင်ဂုကိုပြောမှာ..."
ဂျီမင်မှာ စိတ်ပူစွာပြောနေသလောက် ထယ်ယောင်းတစ်ယောက်ကတော့ ဂျွန်ဂျောင်ဂုအပေါ်နည်းနည်းမျှစိတ်ပူဟန်မပြတာကြောင့် ဂျီမင် အလိုမကျလာတော့ပေ။
"ဟက်!.....ဒီလက်ထက်ပွဲက ဖျက်သိမ်းလို့လံုးဝမဖြစ်တာမို့ ကူးငယ်ကလက်ခံကိုခံရမှာပဲ။ သူ့အစ်မအတွက်ပဲဖြစ်ဖြစ်ပေါ့!"
*bring it over to my place,
You don't know what you did, did to me*
(ringtone)
"ဟယ်လို !...."
"ဟယ်လို....ကင်မ်!....ဒေစီ ဆိုးလ်ကိုလာနေပြီ!!"
"ကားကိုယ်တိုင်မောင်းနေတာလားအခု!"
"မဟုတ်ဘူး ဒရိုင်ဘာပါတယ်ကင်မ်! ဘယ်လိုလုပ်ကြမလဲဟင်.....ဟင့်!"
အဖျားခတ်တုန်ခါကာ ရှိုက်သံတိုးတိုးကနားဖျားရိုက်ခတ်လာသည့်အခါ ထယ်ယောင်းရော ဂျီမင်ပါလှုပ်လှုပ်ရှားရှားဖြစ်လာရသည်။
"ငို....ငိုနေတာလားဒေစီ!!...ဘယ်သူလုပ်တာလဲကိုယ့်ကိုပြော!!"
"ဟင့်....ကင်မ်!....လီ....လီထယ်လေးကလေ ဒေစီတို့ကိုလက်မခံဘူးတဲ့ ဟင့်....မာမီတို့ မနက်ကသွားဖြောင်းဖြတာ လီထယ်လေးက...ငို...ငိုပြီး...ဟင့်....ငြင်း....ငြင်းလွှတ်လိုက်တယ်တဲ့!"
"ဘယ်လို!"
"ဒေစီက ကင်မ်နဲ့လက်ထက်ရင် လီထယ်လေးကိုပါရှိစေချင်တာ....အီးဟီး.....ဟင့်!!"
"ကိုယ်သွားပြောကြည့်လိုက်မယ်...."
"ဖြစ်မလားကင်မ်ရယ်."
"ကိုယ့်ကိုယံု!"
"ကျေး....ဟင့်...ကျေးဇူးပါ"
"ဟေ့!....မလိုဘူးလေကွာ ကိုယ့်အမျိုးသားလောင်းကို "
"ကင်မ်နော်!..."
"ဟဟ!....မရှက်ပါနဲ့ဗျာ"
"တော်ပြီ ကင်မ်နဲ့မပြောတော့ဘူး!!ဒါပဲနော်"
"ကောင်းပါပြီ ကိုယ်မျှော်နေမယ်! "
ဖုန်းကျသွားသည်နှင့် ပြုံးရယ်နေတဲ့ ထယ်ယောင်းမျက်နှာကချက်ချင်းတည်တံ့သွားသည်မို့ ဂျီမင်ခေါင်းခါမိသည်အမှန်။
"ဘာတဲ့လည်း...."
"ဆိုးလ်ကိုလာနေပြီတဲ့!"
"အဲ့တာကငါသိပြီးသားလေ"
ဂျီမင်စကားမှာ ဘာအမှားပါသွားမှန်မသိပေမဲ့ထယ်ယောင်းရဲ့မျက်မှောင်ကြုံစွာကြည့်ခြင်းကိုခံလိုက်ရသည်။
"ဂျွန်ဂျောင်ဂုက ငါတို့ကိုလက်မခံနိုင်ဘူးတဲ့!"
"ဖြစ်သင့်တာပဲမဟုတ်လား.....။ငါသာဆိုရင်လည်းငြင်းမိမှာ"
"Park Jimin!!!! "
"ငြင်းရံုတင်မကဘူး မင်းကိုပါသတ်ပစ်မှာ! "
ထယ်ယောင်းသာနဂါးဆိုဂျီမင်ပြာဖြစ်နေလောက်ပြီ။
အခုချိန်မှာ ဂျီမင်ဘာကိုမှမတွေးထားချင်သော်လည်း မျက်ဝန်းထဲပေါ်လာသည့် ရယ်ပြုံးနေသည့် ယုန်သွားနဲ့ကောင်လေး ဝမ်းနည်းကြေကွဲစွာငိုကြွေးနေလေမလား။
ထယ်ယောင်းအပေါ်ထားတဲ့ ဂျွန်ဂျောင်ဂုရဲ့အချစ်တေ ဘေးလူဖြစ်တဲ့ဂျီမင်ခံစားမိပါတယ်။ သည်လောက်ထိအချစ်ကြီးတဲ့ကလေးက အစ်မဖြစ်သူနဲ့ချစ်ရသူလက်ထက်ပွဲကို လက်မခံနိုင်တာမဆန်း။ ဂျွန်ဂျောင်ဂုဘက်ဘယ်သူမှမရှိရင်တောင် ပတ်ဂျီမင်ရှိပါတယ်။
အချစ်ကြီးသူသာအရှုံး။ ဆိုတဲ့စကားကသိပ်မှန်ကြောင်း ဂျွန်ကလက်တွေ့ပြနေတာ။ အော်.....အချစ်! ပူလောင်လွန်းပါဘိကော။
ထယ်ယောင်း ကူးငယ်ကိုအခုတစ်ခေါက်ပို၍စိတ်ပျက်မိတယ်။ သိပ်သန်မာလွန်းတဲ့ သူ့သတို့သမီးလောင်းကိုမျက်ရည်ကျအောင်လုပ်တဲ့ ဂျောင်ဂုကရဲတင်းလွန်းလာတယ်မဟုတ်လား။
*တစ်ချိန်ကျရင် ကိုယ်ဟာဒေစီယာဆိုတဲ့ မိန်းကလေးကိုသာ လက်ထက်မှာ* ဟူသော စကားကို ထပ်သလဲလဲပြောထားသော်ငြား နားမဝင်တဲ့သူက တကယ့်အချိန်ကျလာတဲ့အခါ လက်ခံဖို့ငြင်းဆန်သည်တဲ့လား။ မိဘအားကိုးကြောင့်ငြင်းဆန်ရဲတာဆို မင်းသိပ်မှားသွားတာပဲဂျောင်ဂုကီး။ ငါဆိုတဲ့ကောင်က ဒေစီယာလိုမိန်းမတစ်ယောက်ကိုပဲ လက်ထက်မှာမို့ မင်းအတွက်တော့ so sorry!
.
.
ဖြုန်းစားကြီးပေါ်ချလာသည့် မိဘအရင်းကိုလက်မခံနိုင်လို့ ဝမ်းနည်းစွာငြင်းနေမိသူ,
စကားစကိုရှင်းရှင်းလင်းလင်းမဆိုမိပဲ ဝမ်းနည်းမှုကိုသာထုတ်ပြမိတဲ့သူမ,
အဓိပ္ပါယ်ကောက်လွဲမှားစွာ ဖြူစင်တဲ့ကလေးကို စိတ်ပျက်မှုအမုန်းစတို့ပေါက်ဖွားမိသူ
အော်.....ကံကြမ္မာရယ် အဘယ်သို့များဆက်ပြုစားပေဦးမည်နည်း။
*******
ကြာသွားလို့ မီယားနဲ ရေးဖို့ကို mood မဝင်ဖြစ်နေလို့ ဟီး
part 8 /2/ဒီနေ့ညနေနဲ့ မနက်ဖြန်အနက်ဖြစ်ဖြစ်
ဘယ်အချိန်လိုချင်လဲဟင်
တစ်ခုမှာချင်တာကလေ ချောင်းရိုက်ခံရမဲ့အကွက်တေလုပ်နေလို့ တစ်ခုခုမကျေနပ်ရင် ကျွန်တော့်ကိုပဲပြောပါ နောက်တပိုင်းအတွက်ကြိုပြောတာပါ🙏
Thanks for your vote, reading, fackback🌱
Love you all❤
******************
*Zawgyi*
9 လပိုင်း 1 ရက်နေ့။
Advertisement
*know know*
"မာမီ? မေမေ?..."
ဘာတေလဲ ဂျွန့်အမေကဆံုးသွားတာကြာပြီလေ။
ငိုကြွေးလာတဲ့အမျိုးသမီးဖြစ်သူ လီရာကို ပုခုံးကနဖေကျရငျး အသာလေးပုတ်ကာ နှစ်သိမ့်ပေးရှာတဲ့ဝူဂျင်မှာလဲမျက်နှာမကောင်းလှ။
ဝတျစုံအနကျတနေဲ့လူတထေံမှ စာရွက်စာတမ်းတစ်ချို့ကိုယူကာ သူစီးကမ်းပေးလာသည်ကြောင့် ကြောင်နနဖြင့် လှမ်းယူကာ ကြည့်မိတော့။
သက်သေနဲ့တကွ လာပြမှတော့အစစ်အမှန်တေမှန်း မသိလောက်အောင် ဂျွန် မတုံးပါဘူး! လကျမခံနိုငျရုံပါ မိဘအရင်းလို့သက်မှတ်ထားသည့်သူတေ ဆုံးသှားခါမှ ဂျွန့်ရဲ့ဒယ်ဒီ အရင်းနဲ့ မာမီအရင်းဆိုပြီး မျက်စိရှေ့ပေါ်လာတဲ့အခါ နှလုံးသားနဲ့ ဦးနှောက်ကလက်ခံဖို့သိပ်ခဲယဉ်းပါတယ်။
"မမ......"
/////////////////////////////////
"ငါ့ကောင်ကြီးက မိန်းမရတော့မှာဆိုတော့ ခွေငွိမျနပွေီပေါ့! ဟဟ"
ဂျီမင်ရဲ့ ရွတ်နောက်နောက်စကားသံအဆံုး ထယ်ယောင်းနှုတ်ခမ်းတွန့်ရံုမျှသာ။
"ထယ်ယောင်း........"
"အွန်း!..."
"မစိုးရိမ်ဘူးလား"
"ဘာကို?"
"............."
(ringtone)
"ဟယ်လို !...."
"ဘယ်လို!"
"ဖြစ်မလားကင်မ်ရယ်."
"ကိုယျ့ကိုယုံ!"
"ကျေး....ဟင့်...ကျေးဇူးပါ"
"ကင်မ်နော်!..."
"ဟဟ!....မရှက်ပါနဲ့ဗျာ"
"ဘာတဲ့လည်း...."
"ဆိုးလ်ကိုလာနေပြီတဲ့!"
"အဲ့တာကငါသိပြီးသားလေ"
"Park Jimin!!!! "
"ငွငျးရုံတငျမကဘူး မင်းကိုပါသတ်ပစ်မှာ! "
Advertisement
- In Serial6 Chapters
The Thousands Sons - First Cycle -
Do you love playing strategy games ? No matter the style ? I do. And I was quite good at it. World challenger and all. I even got a title! The Deceiver ! Why the past tense ? Because some class 3 civilisation judged good to use me and 5 other thousands fellow human in a deadly experiment, craving for innovation.
8 103 - In Serial95 Chapters
In a Civilized Manner
A self-proclaimed seeker of peace and his trusty "system" venture on a journey to flip the world on its back—in a civilized manner, of course. Edris has always aimed for a peaceful, carefree life, but the world around him? Not so much. It started with encountering the amnesic, system-like entity in his head. From there, only absurdities followed. Aristocratic conspiracies, mismatched identities, intercontinental wars... Hold on—did he just get called a prophet? In any case, as the world descends into chaos, Edris's carefree life may be just a bit further away than expected. UPDATES TUES-THUR-SAT NOTE: This is a progression fantasy with LITRPG/GameLit elements planned for later arcs. Once the story reaches that point, I'll then add the tags.
8 181 - In Serial28 Chapters
Silent Couple// Toge Inumaki x Reader
(ON GOING) Where a mute 1st year, F/n L/n, reunites with her brother on her first day at a school for Jujutsu Sorcerers and meeting a young man, Toge Inumaki, that she slowly develops feeling for.~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Ok ok this is my first Jujutsu Kaisen Fanfiction so please bare with me if I get anything wrong since I am very bad at understanding difficult things hehe. And also super sorry if all the things are messed up in the book cause I am literally writing this during my exams.
8 607 - In Serial31 Chapters
The life of a Soldier
Raised by abnormal parents, he goes to join the army. However somethings seem to be out of place. Memories of people are fuzzy, things seem wrong. Making friends is easy in the army, what if they are not what they seem. Abilities that make you strong, can also make you reckless. this story is one of betrayels, twists, and confusion. The story is dark and some parts are brutal and gory to an extent which people might find off-putting.
8 182 - In Serial48 Chapters
Falling In Love with a Bad Boy !
Annabeth was the epitome of perfect. Raised by a controlling mom who believed that looks defined everything she was suffocating on the inside. Moving to a new city and school definitely did not help and meeting a certain bad boy who brought out the worst in her was not in her plan.Ryder lived life by his own rules, and Annabeth was definitely not his type. But there was something about her that kept drawing him in. Will he bring out the real Annabeth and save her, or will she rescue him from his bad boy ways.
8 141 - In Serial29 Chapters
Feral Alpha - Jikook ✔️
He is an example of Ethereal beauty.His teary eyes, plump lip, brown straight long hair, slim figure, white procelain skin. There is no flaw in his beauty. His personality is so soft and kind.Every girls and women were feel offended by his beauty.This kind of beauty were born once in a hundred years.A story of a young beautiful innocent boy and a lonely feral werewolf who was cursed by the Moon goddess. And they happens to meet by fate.( very bad at descriptions 😅)~~~~~~~~~~~~~~~~~~~~~~~~~~Historical AUWarning:*Agegap*Mature content ( put warning on each chapter)*Forced sex (only one chapter)*mpreg*violence*sexual harassment*triggering scenes*Supernatural act.I do not romanticized any of the content above. DISCLAIMERPictures to the rightful owner but the cover is made by me. Hats off to the owner who made this beautiful edit of Jimin in traditional dress.And english is not my language,I apologised for the grammatical error.Don't try to plagiarize,I'll hunt you!No translation allowed.Highest ranking#1- Alpha Jungkook (for a week)#4- bottomjimin#6- topjungkook#10- jikook#6- joseon#3- pups
8 219