《Sour Candy》part 7💔
Advertisement
*Unicode*
အံု့အံု့မှိုင်းမှိုင်းရာသီဥတုလေးက နေလို့သိပ်ကောင်းသော်ငှားလည်း အဆွေးကိုဓာတ်တည်ထားသလိုပင်။ သစ်ပင်တို့ယိမ်းနွဲ့ရံုမျှတိုက်ခတ်နေတဲ့ လေပြည်နုသွေးတို့ကြား မိုးမွှားမှုန်မှုန်တို့ကပ်တွယ်လာသည်ကား ပါးနုနုထက်ရိုက်ခက်မှုကြောင့် အတပ်သိလိုက်သည်။
တက်ကြွသည့်ခြေလှမ်းတို့က နီးစပ်ရာဆိုင်မှာ ကော်ဖီတစ်ခွက်ဝင်ဝယ်ပြီး ခပ်မှိုင်းမှိုင်းအရောင်တို့သံုးထားတဲ့ စာအုပ်ဆိုင်လေးသို့။
အညိုရောင်တံခါးအား ဆွဲဖွင့်လိုက်တော့ ချိတ်ဆွဲထားတဲ့ ချူလံုးလေးတို့ကတချွင်ချွင်။ ထိုအသံလေးကသူ့အား ပြုံးစေသည်အထိ အေးချမ်းခြင်းကိုဆောင်ကျဥ်းပေးသည်။ ဒီနေ့လူသိပ်မရှိတာကြောင့် ဂျောင်ဂုကီးတကယ်သဘောကျသွားရပြန်သည်။
သူဝင်လာတာမြင်သည်နှင့် အပြုံးတစ်ပွင့်ဖြင့်ဆီးကြိုသည့် ဆိုင်ပိုင်ရှင်အကိုကြောင့် ဂျောင်ဂုကီးစိတ်ထဲနွေးခနဲ။
"ဂျွန်ရောက်လာပြီပဲ!......ကိုယ်ကမင်းကိုမျှော်နေတာ ပျောက်ချက်သားကောင်းနေတယ်နော်!"
"ဟုတ်ပါ့ဗျာ......ကိုယ်ရေးကိုယ်တာကိစ္စတေကြောင့် မလာဖြစ်တာ.....မျှော်နေတယ်ဆိုတော့ကား အသစ်တေထက်ရောက်နေတာလား!"
"ဂျွန့်အကြိုက်အချစ်စာအုပ်တေရောက်နေပြီ....."
"ဟဟ!!ဒီနေ့တော့ အပီဖတ်ပစ်မယ်!"
အဖြူရောင်အင်္ကျီပါးလွှာလွှာလေးနှင့် pant အနက်ကိုတွဲဖက်ဝတ်ဆင်ထားပြီး နားအောက်အနဲငယ်ရောက်သည်ထိရှည်နေသော ဆံနွယ်တစ်ချို့ကို နားနောက်သပ်တင်ထားသည့်ပံုမှာ ရိုးရိုးရှင်းရှင်းလေးဆိုသော်ငှား မြင်သူတိုင်းလည်ပြန်ငေးရအောင်ထိ သိပ်လှနေခဲ့သည်အမှန်။
အပြုံးတစ်ပွင့်ဖြင့်တောက်ပနေတဲ့ ထိုကောင်လေးကိုသာ လူတေမြင်ရတာ။ ဒဏ်ရာတေအထပ်ထပ်ဖြင့် စုတ်ပြတ်နေတဲ့ ရင်အစံုကိုတောမည်သူမှမြင်မည်မထင်။ မြင်အောင်လည်းထုတ်ပြနိုင်ပါ။ Darling ကိုမကောင်းတဲ့လူလို့ထင်သွားမှာမလိုလားဘူး။
ဂျွန်ကအချစ်ဝတ္ထုတေသိပ်သဘောကျတာ။ ဝတ္ထုထဲကဇာတ်ကောင်တေအချစ်ခံရရင်သိပ်အားကျတာပဲ။ ဂျွန်အများကြီးမမက်မောပါဘူး ကင်မ်ထယ်ယောင်းဆိုတဲ့ အမျိုးသားစီက အချစ်တစ်ခုတည်းကိုသာတပ်မက်မိတာ အပြစ်ရှိသွားသလား။
^ အချစ်ဦးနှင့် ပေါင်းဖက်ရခြင်းသည်
ကမ္ဘာပေါ်တွင် အရှားပါးဆံုး
ဖြစ်စဥ်တစ်ခုဖြစ်၏။ ^
"ငါက ငါ့အချစ်ဦးDarling နဲ့ ပေါင်းဖက်ရမှာ!!!!"
စာအုပ်ပေါ်က စာကြောင်းလေးအား နှုတ်ခမ်းထော်ကာရန်တွေ့နေပံုက ကလေးတစ်ယောက်တဖွယ်။
^ ကိုယ်ပေးက မေတ္တာပေးတိုင်း
မေတ္တာပြန်ရမည်ဟု
အတုံအလှည့်သဘောရိုးကို
ယံုကြည်နေခြင်းက
သိပ်ကလေးဆန်နေသည်လေ။ ^
ကလေးဆန်နေတာလား.....မဟုတ်ဘူး မျှော်လင့်ချက်ထားမိယံုပါ။ သည်လူ့အချစ်တေနားလည်ပြီး သနားချစ် ချစ်လာမဲ့နေ့ကို စောင့်နေမိရံုပါ။ ဒါကိုကလေးဆန်သည်လို်မှမခေါ်ပဲ။
နှာခေါင်းလေးရှုံ့ကာ စာအုပ်ထဲမှဖော်ပြထားခြင်းသည်မမှန်ကြောင်းငြင်းနေရင်း ကော်ဖီကို ငံုသောက်နေသည့် ကောင်လေးကို ဆိုင်ပြင်မနှီးမဝေးသစ်ပင်အောက်မှ ကားထဲကအမျိုးသားနှင့် အမျိုးသမီးတို့စောင့်ကြည့်လို့နေသည်ကို ဂျောင်ဂုသည်မည်မထင်။
မှန်အပြည့်ကာထားသည်ကြောင့် စာအုပ်ဆိုင်ရဲ့အတွင်းပိုင်းအပြင်အဆင်ကို အပြင်ဘက်ကနေလဲမြင်တွေ့နေရသည်။ မှန်ကနေမြင်နေရတာ သူတို့သားလေးတဲ့ ။ အများကြီးကောင်းကောင်းကြီးပြင်းလာခဲ့တာပဲ မာမီတို့လီထယ်လေးက။
"သားကိုသွားခေါ်ရအောင်!!"
"မရသေးဘူးလေ!"
"ဘာလို့လဲ!! ရှင်သိရဲ့လား ကျွန်မသားလေးကိုပွေ့ဖက်ချင်နေပြီ "
"မိန်းမစိတ်ကိုလျော့လေကွာ!! အခုကသက်သေမခိုင်လံုသေးဘူး သားလက်ခံနိုင်ဦးမှာမဟုတ်ဘူး။ အခု ဂျွန်ဂျောင်ဂုက ကိုယ်တို့သားငယ်လေးဆိုတာ 99℅ သေချာနေပြီ။ ဖြည်းဖြည်းချင်း သားငယ်လက်ခံနိုင်အောင်လုပ်ရမယ်လေ။
ကိုယ်တို့ဖြစ်ချင်တာကို ဇွတ်အတင်းလုပ်မိရင် သားလေးစိတ်ထိခိုက်နိုင်တယ် နားလည်တယ်ဟုတ်?"
ဝူဂျင် ရဲ့အပြောကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေသည့် မိန်းမဖြစ်သူဝူလီရာ မှာ ငြိမ်သက်သွားကာ မျက်ရည်ဝေ့တက်နေတဲ့ မျက်ဝန်းတစ်စံုဖြင့် စာအုပ်ဆိုင်ထဲကသားငယ်ကို ဆွေးမြေ့မြေ့ကြည့်ရှာသည်။
"ဟင်း......."
"အများကြီးမတွေးပါနဲ့ကွာ! ဒေစီလေးရဲ့ လက်ထက်ပွဲအမှီ သားငယ်လေးကိုရအောင်ခေါ်ပေးမှာ ကိုယ့်ကိုယံုနော်။"
"အင်းအင်း။"
အမျိုးသားဖြစ်သူရော သမီးလုပ်သူကပါ သားငယ်ကိုရအောင်ခေါ်နိုင်မယ်ဆိုတာ လီရာယံုပါတယ်။ တစ်ခုပဲ လီထယ်လေးလက်မခံနိုင်မှာကိုပဲစိုးတာ။
////////////////////////////////
"ဂျွန်ဂျောင်ဂုဆိုတာသေချာလို့လား ဒေစီ!!"
"သေချာတယ်ဂျီမင်....... လီထယ်လေးတွဲနေတာ တကယ်ပဲကင်မ်နဲ့လား!"
"................."
တိတ်ဆိတ်နေမိတာ။ ဘာပြောရမှန်းမသိအောင်ကို ဂျီမင်ငြိမ်သက်မိသွားသည်။ မောင်နှမနှစ်ယောက်လံုးက အမျိုးသားတစ်ဦးကို ပြိုင်တူ မေတ္တာသက်နေမိကြတာတဲ့လား။ ဒီအမှန်တရားကို ပြောပြဖို့ဂျီမင်ခွန်အားမရှိဘူး ဒေစီရယ်။
ကံတရားကြီးကပဲရက်စက်လွန်းတာလား။ ကင်မ်ထယ်ယောင်းကပဲ ပွေရှုပ်လွန်းခဲ့လို့လား။ ဂျွန်ဂျောင်ဂုနဲ့ ဒေစီယာကပဲ အချစ်အပေါ်ရူးမိုက်လွန်းနေတာလား။ သံုးပွင့်ဆိုင်မှာ အကုန်လံုးအပျက်ပျက်နဲ့ နာကျင်ကြမှာ မြင်ယောင်မိပါရဲ့။
"ဒေစီ မနက်ဖြန်လောက် ဆိုးလ်ကိုပြန်လာခဲ့မယ်ဂျီမင် !"
"ကောင်းပြီ ဒေစီ!"
တစ်ဖက်ကချသွားပြီဖြစ်တဲ့ဖုန်းလေးအား စားပွဲပေါ်ပစ်တင်ပြီး ဒယ်ဂူမြို့ကြီးကိုငေးငေးငိုင်ငိုင်ကြည့်မိနေသည်။ ဒေစီ့အတွေးတေ အာရုံတေအားလုံး ဗလာအတိ။ လီထယ်ကိုပြန်တွေ့ရတာမို့ပျော်ပါတယ် ဒေစီစိတ်အတွင်းထဲကကိုပျော်ပါတယ်။ တစ်ဖက်မှာလည်း လီထယ်လေးစီက ကင်မ်ကိုခေါ်ထုတ်နေမိတာမို့ အားနာစိတ်ဝင်မိပြန်တယ်။
ဒေစီ ကင်မ့်ကိုလဲ မစွန့်လွှတ်နိုင်ဘူး။ လီထယ်လေးကိုလည်း မနာကျင်စေချင်ဘူး။
"မာမီနဲ့ဒယ်ဒီက မင်းကိုအများကြီးချစ်ပေးလိမ့်မယ် လီထယ်။ ကင်မ်ကိုတော့ ငါယူပါရစေ။ ငါ့ကိုဂရုစိုက်ပေးမဲ့သူက ကင်မ်တစ်ဦးတည်းရှိတာမို့ မမကို အပြစ်မမြင်ဘူးမဟုတ်လား။"
ဒေစီကိုသာ မာမီတို့ကမချစ်ကြတာ လီထယ်ကိုတော့တုန်နေအောင်သဲသဲလှုပ်ကြတာ ဟိုးငယ်ငယ်တည်းကမျက်မြင်ပင်။ တစ်ခါတစ်လေ လီထယ့်ကို သိပ်မနာလိုဖြစ်မိသည်ထိ။ အဲ့အချက်ကြောင့်ပဲ လီထယ်လေးပျောက်ဆုံးသွားခဲ့ရသည်မဟုတ်လား။ မမတောင်းပန်ပါတယ် လီထယ်။
////////////////////////
"ဘာလို့ငါ့ကိုမှလဲ?......မင်းကိုငိုစေတဲ့ဒီကောင်ကိုမှချစ်နေရတာလဲ!!"
"မင်းဖြစ်နေလို့လေ! သေလောက်အောင်နာကျင်စေတဲ့သူက Darling ဆိုတဲ့မင်းဖြစ်နေလို့ ချစ်တာ! အကြောင်းပြချက်မရှိ။ မျှော်လင့်ခြင်းမရှိ။ ရယူခြင်းမရှိ။ ပေးဆပ်ခြင်းနဲ့ ချစ်နေတာမင်းသိလား။
ငါနှလုံးသားကလေ မင်းတစ်ခါနင်းချေတိုင်း
တဆစ်ဆစ်နဲ့နာကျင်ရတယ် ပြီးရင် နာကျဥ်းဖို့ထက် ပိုပိုပြီးအချစ်တေတိုးနေရတာ။"
ဝေ့ဝိုင်းနေတဲ့ နာကျင်ရသောတစ်ဖက်သတ်ချစ်ခြင်းကို ဖော်ကျူးနေတဲ့ မျက်ရည်စတို့ကို ပုတ်ထုတ်ရင်း ဆွေးမြေ့စွာ ဆိုနေတဲ့စကားသံတေက မုသားသံုးထားခြင်းမဟုတ်ပေ။
"မင်းအရူးလား ကူးငယ်!! ငါ့ကိုမုန်းစမ်းပါ!"
"ရှူး!!......"
ကကြီးပံုနှုတ်ခမ်းထက် လက်ညိုးသွယ်သွယ်လေးကကျရောက်လို့လာ၏။
"ငါကအရူး!! မင်းကိုချစ်တဲ့ ထုထည်ကြီးမားလွန်းတဲ့ အချစ်ဆိုတဲ့အရာကြီးကို မင်းမြင်အောင် ခက်ခက်ခဲခဲထမ်းသယ်လာရင်း လမ်းတစ်ဝက်မှာတစ်စတစ်စနဲ့ မင်းပေးတဲ့ ဒဏ်ရာတေကြောင့် ရူးသွားရှာတာ ငါက။...........
ပြီးတော့ မမုန်းခိုင်းစမ်းနဲ့ Darling ငါကလေ မင်းကိုမုန်းဖို့ကြိုးစားတိုင်း သေလောက်အောင်အထိ ချစ်မိလာခဲ့တာမို့ ဒီလောက်နဲ့တော်လိုက်ပါ။ ငါ့ကိုယ်ငါထက် အရာအားလုံးထက် မင်းမှမင်းပဲဖြစ်နေတဲ့ ဒီအခြေအနေလေးပဲကောင်းတယ်။ ထပ်ပြီး လိုချင်လောဘတေမတက်စေချင်တော့ဘူး Darling ရာ။
Advertisement
မဟုတ်ရင် မင်းကိုပိုင်ဆိုင်ချင်လွန်းလို့ သွပ်သွပ်ခါအောင်ရူးတော့မှာ!.......အင့်!!"
နာကျင်မှုလား? ထိုလူသားတစ်ခါထွေးပွေ့တိုင်း ရူးပစ်သလိုပျယ်ပျက်သွားပြီ။ Darling ရဲ့ရင်ခွင်က သူ့အတွက် ဆေးကုသရာနေရာပင်။
သို့သော် ထိုနေရာမှာစာရေးထားတယ်။
ဆိုင်သူရှိသည် တဲ့!!။
"ကျစ်!! ဂျောင်ဂုကီးရာ......"
ကူးငယ်ရဲ့ စကားသံတေဆက်မနားထောင်ဝံ့တာမို့ စိတ်ထဲရှိတဲ့အတိုင်းလုပ်မိသည့်အရာက ဆွဲဖက်လိုက်သည်တဲ့။
အချစ်ကပဲ နာကျင်စေတာလား။
နာကျင်မှုကိုပဲ ချစ်မိနေကြတာလား။
အချစ်ကို ထယ်ယောင်းကပဲမခံစားဖူးတာလား။
ဖန်ဆင်းရှင်နတ်ဘုရားကပဲ ထယ်ယောင်းနှလုံးသားထဲ အချစ်ကိုထည့်ပေးဖို့ရာမေ့နေခဲ့သည်လား။တကယ်ပဲ အချစ်ကဘာများလဲ!!
ကူးငယ်ရဲ့ condo မှာနှစ်ယောက်သား လသာဆောင်ဘက်ထွက်ရင်း စကားပြောဖြစ်နေကြသည်မှာ ဝိုင်တစ်ခွက်စီဖြင့်။
"လေအေးတိုက်နေတာမို့ နွေးနွေးလေးနေရမယ်!"
အညိုရောင်ကုတ်အရှည်ဝတ်ထားတဲ့ ထယ်ယောင်းက ရင်ခွင်ထဲကကောင်လေးအား ဆွဲလှည့်လိုက်ပြီး အနောက်မှသိုင်းဖက်ရင်း အင်္ကျီထဲဖွက်ကာထည့်လို့ထားသည်။ အင်္ကျီတစ်ထည်တည်းနှစ်ယောက်ဖြစ်နေသည့်ပံုက ကို့ရို့ကားယားနိုင်သော်ငှား ကြည်နူးဖို့ကောင်းသည်။
မိုးရွာပြီးခါစမို့ တိုက်ခတ်လာတဲ့လေထုမှာချမ်းအေးလို့နေသည်မှာ နီရဲနေတဲ့နှာတံထိပ်လေတေကိုကြည့်ခြင်းဖြင့် သိသာလှသည်လေ။
"နွေးလား......."
ပိုတိုးလို့တင်းကြပ်စွာဖက်တွယ်ရင်း လေတိုးသံသာပါသည့် ဩရှရှအသံလေးက နားနောက်ကပ်ရင်းဆိုလာပြန်တဲ့ နွေးထေွးလွန်းသည့် Darling အပြုအမူက ဆယ်ကျော်သက်ကောင်လေးလို ဂျောင်ကုကီးကိုရင်ခုန်စေသည်အမှန်။
"အင်း......နွေးတယ်!.....အများကြီးနွေးတယ်!!"
တက်ကြွစွာဆိုတဲ့ စကားသံနောက် ယုန်သွားလိုအပြုံးလေးတေကပ်ပါလာမည်ဆိုတာ ထယ်ယောင်းမှန်းကြည့်ရုံနှင့်သိသည်။ တကယ့်ကလေးပေါက်လေး ခေါင်းလျှော်ရည်နံ့သင်းသင်းလေးနဲ့ခေါင်းလံုးလံုးအား နှာခေါင်းချွန်ချွန်လေးမြုပ်သည်ထိ ငံု့နမ်းရှုံ့ပြီး ပုခံုးပေါ်မေးတင်ချလိုက်သည့်အခါ ကူးငယ်ကိုယ်လေးကတုန်ခနဲ။
"ခေါင်းလျှော်ထားတာလားကူး......"
"ဟင်......အွန်း.....လျှော.....လျှော်ထားတာ!"
"မွှေးတယ်...... Honey! "
"Hon..... Honey...... ? "
"Darling ရဲ့ Honey candy !"
အရင်ကနေ့တေထက်ထူးဆန်း၍နေသည့် ထယ်ယောင်းအပြုအမူတေကြား ဂျောင်ဂုမှာစကားအထစ်ထစ်ဖြင့် ရင်ခုန်လွန်းအားကြီးနေ၏။
Honey တဲ့လား Darlingရယ်။
ပြုစားနေသည်လား။ ညို့ယူနေသည်လား Darling ရယ်။
ငါဖြင့် ရင်တေတုန်လိုက်တာ။
"Darling!......"
"အင်ဟင်....."
"ငါမင်းကို အများကြီးချစ်မင်းခံစားမိတယ်မဟုတ်လား"
နှုတ်မှမဆိုပဲ ခေါင်းငြိမ့်ပြသည့်ကြောင့် ဂျောင်ဂုကီးအပြုံးနုနုလေးဖြစ်ပေါ်လို့လာရပြန်သည်။
မေးလိုက်ချင်ပါရဲ့။
ငါ့အချစ်တေမြင်ရဲ့သား ဘာလို့များ လစ်လျူရှုပြီး နေနိုင်ရတာလဲ။ 3နှစ်ကျော် မင်းအနားကုတ်ကပ်တွယ်ပြီးနေ နေတဲ့ဂျွန်ဂျောင်ဂုဆိုတဲ့ငါ့ကို နည်းနည်းလေးမှ စိတ်မရှိဘူးလား လူဆိုးရဲ့။
"ငါလေ Darling ချစ်တဲ့လူတေအပေါ် မေတ္တာထားနိုင်တာမို့် ငါကိုတော့ပစ်မသွားပါနဲ့နော်!.....မင်းသာငါ့အနားမရှိတော့ရင် ငါ ရူးရင်ရူး သွားနိုင်သလို နာကျင်လွန်းတဲ့ခံစားချက်ကြောင့်သေရင်သေသွားနိုင်တယ်။"
"................."
"သေခြင်းတရားနဲ့ကြုံလာရင်တောင် ငါပဲအရင်သေချင်တယ် Darling .......ဘဝသက်တမ်းရဲ့နောက်ဆုံးအချိန်မှာတော့ မင်းကိုငါပဲအရင်ထားသွားချင်မိတယ်!"
"ကူးငယ်..........!"
အလန့်တစ်ကြားပုခံုးမှဆွဲလှည့်သည့် ထယ်ယောင်းမျက်နှာပေါ်၌ အလိုမကျခြင်းတို့အပြည့်။
"ငါတကယ်ပြော.......အွတ့်!"
ဂျောင်ဂုကီးရဲ့ စကားသံကို ဆက်မကြားလိုသည့်ထယ်ယောင်းက အနမ်းဖြင့်နှုတ်ပိတ်နည်းကိုသံုး၍ ပေါက်ကရပြောလွန်းတဲ့ နီထွေးထွေးနှုတ်ခမ်းကို စုတ်တစ်မျိုး ကိုက်တစ်ဖန် ချယ်လှယ်လို့နေသည်။
အကယ်လို့ ထယ်ယောင်းမရှိတော့ရင်တောင် ချစ်ရတဲ့လက်တွဲဖော်ရှာဖွေပြီး ပျော်ရွှင်ရတဲ့မိသားစုနဲ့အတူရှင်သန်သွားရမယ်မဟုတ်လား။
ကူးငယ်သိဖို့ကောင်းတယ် ကင်မ်ထယ်ယောင်းကဘဝကြီးမဟုတ်မှန်း။
ပြင်းရှရှအနမ်းတေက ဒူးထောက်ခစားဖို့လံုလောက်ပြီ Darling ရယ်။
အနမ်းမှာနှစ်မြောနေကြတဲ့ ကောင်လေးနှစ်ယောက်ကြား လေတိုးမရအောင်ပင်။
လံုလောက်သည့် အောက်စီဂျင်ပျက်တောက်လာမှသာ ဖိကပ်နေတဲ့နှုတ်ခမ်းသားတို့ဖယ်ခွာလိုက်ကြပြီး တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်ရင်း ထယ်ယောင်းရဲ့ရီဝေဝေအကြည့်တို့အား မခံနိုင်၍ ကောင်းကင်ဘက်ရှောင်လွှဲကာအကြည့်တို့ပို့လိုက်သည်က ဂျောင်ဂုကီးပင်။
"ကြယ်တေကအများကြီးလှတယ်.....Darling နဲ့အတူကြည့်ရတာကြောင့်ပိုလှတယ်......Darling စီကအနမ်းပါရတော့ပိုပြီးပြည့်စုံသွားပြီ!"
"အခုကိုယ့်ကို ဖလစ်နေတာလား!...."
ပြုံးစစဖြင့်ဆိုတော့။
"အတည်ပြောတာ......ဟော....ဟိုမှာ....ကြယ်ကြွေပြီ ဆုတောင်းရမယ်!!"
ဂျောင်ဂုကီးအပြောကြောင့် ကောင်းကင်ဘက်အကြည့်တို့ပို့လိုက်မိသည်။ တိမ်စိုင်ကင်းရှင်းပြီးမှောင်နေတာမျိုးမဟုတ် အပြာရောင်ရင့်ရင့်ဖြစ်နေတဲ့ ကောင်းကင်ကြီးထက် အရောင်လက်လက်ကြယ်တေကတောက်တောက်ပပ။
အရောင်လဲ့လဲ့ကြယ်လေးတစ်ပွင့် မြေပြင်ပေါ်ခစားလာသည်ကို
မျက်လံုးလေးမှိတ် လက်နှစ်ဖက်ရောယှက်ကာ ဆုတောင်းနေတဲ့ အဝါရောင်ဟူဒီလေးနဲ့ ကောင်လေး။
လှရက်လွန်းလိုက်ပံုများစာဖွဲ့မမှီ။
ကြယ်ရောင်စံုတောက်ပနေတဲ့ အပြာရင့်ရင့် ကောင်းကင်ကြီးကို Background ယူပြီး ဆုတောင်းခြွေနေပံု အမိအရပင် ဓာတ်ပုံရိုက်ယူထားလိုက်မိသည့် ထယ်ယောင်းသူ့ကိုယ်သူပင် နားမလည်နိုင်။
ခေါင်းအသာခါရင်း ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်ပြီးတော့ ကူးငယ်ကဒီဘက်ပင်လှည့်လာပြီလေ။
"ပြောပါဦး!....ဘာတေဆုတောင်းနေသလဲ!"
"ဟီးဟီး!.....Darling ကိုငါပိုင်ရပါစေဆိုပြီးလေ...ဒီဘဝမဟုတ်တောင်နောက်ဘဝပေါ့"
*အင့်*
ဒီနေ့ Darling ကသူ့ကိုခဏခဏဖက်နေတော့တာပဲ! အဟွန်း! သည်လူကအများကြီးသဘောကျပါတယ်ဆို။ လူကိုရင်ထဲ ဝုန်းဒိုင်းကြဲအောင်သိပ်သိပ်လုပ်တဲ့ Darling။
ဧကန Darling သူ့ကိုပိစိလေးသဘောကျလာလို့များလား။ ခိခိ!!
နောက်ဘဝ သေဆုံးခြင်း စသည်တို့ပြောလွန်းနေသည့် ကောင်လေးက သူ့စိတ်ကိုဆွေးမြည့်သွားအောင်လုပ်နေလွန်းသည်။ တစ်ခုခု စွန့်လွှတ်ရမည့်ခံစားချက်ကြီးကြောင့် ကူးငယ်အပေါ်အများကြီး နူးညံ့ပေးနေမိတာ။ တကယ်ဆို နူးညံ့ခြင်းတေက ထယ်ယောင်းနဲ့ လားလားမှမအပ်စပ်။
လက်ရှိခံစားချက်ကတော့ ဂျွန်ဂျောင်ဂုကိုသာ ရင်ခွင်ထဲထည့်ထားချင်ရံုကလွဲ ထွေထွေထူးထူးမရှိ။
ရှုပ်ထွေးလွန်းတဲ့ ကံကြမ္မာတေကြား စတေးခံနှလုံးကမည်သူဖြစ်လာမည်နည်း။ နာကျင်ခံနှလုံးသားကရော မည်သူနည်း။
အချစ်သည် သိပ်ချဥ်လွန်းသည်။ Candy ယောင်ဆောင်ထားခဲ့ ချိုမြိန်တဲ့အရသာမရှိတဲ့ အချစ်။
နာကျင်ရပါ၏။
#Sour Candy
Fackback တေလိုချင်မိတယ်
စာရေးဖို့အားတေလိုတယ်လေဗျာ
ဒီက နေမကောင်းလို့ ဆေးနှစ်လံုးသွင်းပြီးပြီးချင်း ရေးပေးရတာကို 💔
Thanks for your vote, reading📖
Love you all ❤
~~~~~~~~~~~~~~~~~~~~~~~~~~~~~
*Zawgyi*
Advertisement
ကမ္ဘာပေါ်တွင် အရှားပါးဆုံး
ဖြစ်စဉ်တစ်ခုဖြစ်၏။ ^
မေတ္တာပြန်ရမည်ဟု
ယံုကြည်နေခြင်းက
သိပ်ကလေးဆန်နေသည်လေ။ ^
နှာခေါင်းလေးရှုံ့ကာ စာအုပ်ထဲမှဖော်ပြထားခြင်းသည်မမှန်ကြောင်းငြင်းနေရင်း ကော်ဖီကို ငုံသောကျနသေညျ့ ကောင်လေးကို ဆိုင်ပြင်မနှီးမဝေးသစ်ပင်အောက်မှ ကားထဲကအမျိုးသားနှင့် အမျိုးသမီးတို့စောင့်ကြည့်လို့နေသည်ကို ဂျောင်ဂုသည်မည်မထင်။
"မရသေးဘူးလေ!"
"ဟင်း......."
"အင်းအင်း။"
////////////////////////////////
"................."
"ကောင်းပြီ ဒေစီ!"
////////////////////////
"ရှူး!!......"
ဆိုင်သူရှိသည် တဲ့!!။
"ကျစ်!! ဂျောင်ဂုကီးရာ......"
"နွေးလား......."
"မွှေးတယ်...... Honey! "
"Hon..... Honey...... ? "
"Darling!......"
"အင်ဟင်....."
Advertisement
- In Serial57 Chapters
The Beautiful Jade
Portals are opening and the planes of cultivation are changing. Monsters that have long been sealed are breaking free. In the midst of these changes, a young girl named Jia Lin is sent to the Flowing Rivers Sect by her father in order to protect her from the eyes of a greedy prince. In the bloody and murder filled world of cultivators, she must figure out how to come to terms with the death and the destruction surrounding her. Releasing a chapter a week on Tuesdays.
8 425 - In Serial8 Chapters
Dragonhearts: The Redeemer
After generations of mankind suffering from a draconic curse, William Kingsfeld, a daydreaming youth in a small village is revealed to be the prophesied Redeemer who will restore mankind from its bonds. But not all want the curse to end. A secret cult are hunting the Redeemer in order to end the prophesy and bring about an age of darkness in this Fantasy web serial releasing chapters every Thursday!
8 90 - In Serial69 Chapters
Forbidden Flower
Nicholas Salvatore the heir to the Salvatore's throne. Born with a diamond spoon in his mouth, he basically had everything in the palm of his hand. A player with the body of a Greek God and face liked a model, the new Don changed women like they were his toys. His hands scarred from murders, dangers lingered wherever he went, his aura had everyone feared his presence.What happened when he met his match? The first woman he wanted but couldn't have.Anastasia Rayne was born to be a killing machine of her father. Trained to seduce and murder since before she even knew what lipstick was, she was a mafia princess after all. The goddess with a figure of an hour glass and eyes that bewitched every guys under her spell. She came to England for a mission under her father command with a perfect plan under her sleeves. A plan that crumbled the moment she met a pair of grey eyes. • book two of the Salvatore's series(can read as a stand-alone)• all images in the book don't belong to me, credit to the rightful owners• cover by @myyyraaa_
8 164 - In Serial11 Chapters
Bloodline
In a world where the blood you carry through your veins is what separates you from the rest. A world that bows before strength and disdains those who are weak.A world where your Bloodline is the source to your rise or down fall the difference between devouring those above you and being devoured by those around you. Read the tale of Raegan Redding and his forgotten Clan as they once again appear in this world forgotten by society itself.
8 68 - In Serial10 Chapters
Greenblood
Drake Castro is your ordinary 21-year-old gamer, except that he's won the lottery... twice. After getting early access for him and his friends to the new VR game, GreenTree Online, he joins the game ready to kill some monsters and become a legend. However, when Drake and his friends uncover a sinister questline, they learn that the game is far darker than the cheery environment and cute monsters might make it out to be. Now Drake is embroiled in a plot far over his head, and he has to make a dangerous choice. When the stakes are high, which is more important; morality or freedom?
8 130 - In Serial7 Chapters
Lost and Found
My favorite story that I have written ever. It is all original. Thanks for reading!
8 168