《Sour Candy》part 6💔
Advertisement
*Unicode*
"အီဆောင်း! မင်းမသိဘူး။ ငါဂျွန်ငယ်ကို အများကြီးသဘောကျနေတာ!!"
"တစ်မနက်လံုးတစ်ညလံုးပြောနေတာမမောသေးဘူးလား ဟိုဂီရာ! "
"ငါ့ရင်ထဲမှာ မိုးကြိုးတေအစင်းတစ်ရာပစ်နေတာ! ကင်မ်နဲ့ ဂျွန်ငယ်နဲ့က ဘာတေလဲ!! ငါ့ဂျွန်ငယ်ရဲ့လက်နုနုလေးကို ကင်မ်က ပိုင်စိုးပိုင်နင်းကြမ်းကြမ်းတမ်းတမ်းဆွဲသွားခဲ့တာ! မင်းသိလား ငါတောင် မထိရက်တဲ့လက်နုနုလေး!!"
မသောက်ပဲမူးကာ ဂျောင်ဂုကီးကိုဘယ်လောက်ချစ်ကြောင်း မြတ်နိုးကြောင်း တန်ဖိုးထားကြောင်း ဆေးခန်းထဲထိုင်ပြောနေတဲ့ ဟိုဂီက အချစ်ဝဲဂယက်နှစ်မွှန်းနေပြီဖြစ်ကြောင်း အီဆောင်း ကောင်းကောင်းကြီးသိလိုက်ပါပြီ။
"အီဆောင်း!မင်းပြောကြည့်! ငါ.....ငါ....ဂျွန်ငယ့်ကို ရဖို့ကြိုးစားရတော့မယ်မဟုတ်လား! ကင်မ်......ကင်မ့်နောက်ပါသွားမှာမလိုလားဘူး!"
တုန်တုန်ရီရီပြောရှာတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ကာ ခေါင်းခါမိတယ်! အော်! အချစ်.....သိပ်ပူလောင်ပါလား!
"စိတ်အေးအေးထား! ငါပြောမယ် ဂျွန်ငယ်....."
"မခေါ်နဲ့!!ဂျွန်ငယ်ဆိုတာ ငါတစ်ယောက်ပဲခေါ်ရမှာ!"
ဟိုဂီကဆတ်ခနဲရန်ထောင်လာတတော့ အီဆောင်းမှာ *ပိုရန်ကော* ဟူသော မျက်စောင်းပိစိလေးအား ကုတင်ပေါ် ကပိုကရိုထိုင်နေတဲ့ ကောင်အားလှမ်းထိုးသည်။
ဆေးမမှီအောင်လွတ်နေပြီ!
"မင်းဟာလေ!!ကျစ်! ဂျောင်ဂုကီးမှာ ချစ်သူရည်းစားမရှိရင် မင်းမှာကြိုးစားခွင့် 100℅အပြည့်အဝရှိတယ် ...... အကယ်လို့ ကင်မ်နဲ့ ဂျောင်ဂုကီးက တွဲနေတာဆိုရင် လူမှုရေးအရ မင်းပေါ်ပေါ်ထင်ထင်လိုက်လို့မရဘူး!!"
"ငါလိုက်မယ်ဆိုရင်ရော!"
"ပြောရတာလက်ပေါက် မကပ်စမ်းနဲ့ !! မင်းတဇွတ်ထိုးလုပ်ရင် ပတ်ဝန်းကျင်ရဲ့အပြောအဆိုခံရမှာ မင်းရဲ့လူနော်!"
"ကျစ်!!"
တွေဝေသွားတဲ့ဟိုဂီက ကုတင်ပေါ်ပတ်လက်လှန်ချကာ နဖူးပေါ်လက်တစ်ဖက်တင်ရင်းတိတ်ဆိတ်လို့သွားသည်။ အီဆောင်းကတော့ ဆေးပေးကောင်တာဘေးမှ သူ့စားပွဲကနေ သူငယ်ချင်းဖြစ်သူကိုတစ်ချက်မျှကြည့်ပြီး လုပ်စရာရှိတာလုပ်နေလိုက်သည်။
ငနဲကောင်! သူဆေးခန်းလာတိုင်း လူနာကိုမရှိဘူး မင်းကတကယ့်ဘူပဲမင်ဟိုဂီ!!!
ဟိုဂီအချစ်ကိုထိတွေ့ချင်သွားတာ! နီဆွေးဆွေးနှုတ်ခမ်းပါးပါးက *အကို* ဆိုတဲ့ခေါ်သံလေးမှာ ပျော်ဝင်မိသွားတာ! အပြုံးနုနုလေးနဲ့ သူ့ကိုအမြဲဆီးကြိုတက်တဲ့ နူးနူးညံ့ညံ့ကောင်လေးကို အပိုင်ရချင်မိတာ! ဖွင့်ပြောဖို့ကြံခါမှ ဆိုင်သူရှိသည် ဆိုတဲ့ဆိုင်းပုဒ်ကြီးထောင်ပြီး အကိုအသဲကွဲရမည်လား ဂျွန်ငယ်ရယ်။ နူးနူးညံ့ညံ့လေးမို့ မခြွေရက်လို့ ငေးကြည့်ရင်း ငေးကြည့်ရင်းက အကိုနောက်ကျသွားခဲ့ပြီများလား။ ကင်မ်နဲ့ မင်းလေးနဲ့သာ တွဲနေခဲ့ရင် အကိုခံနိုင်ရည်ရှိမယ်မထင်ဘူးဂျွန်ငယ်ရယ်။
တစ်ဖက်သတ်အချစ်က ပူလောင်တယ်ဆိုရင်တောင် မင်းအပြုံးကိုမြင်ယောင်ရင်း အေးချမ်းခြင်းကိုပြောင်းပစ်လိုက်မယ်ဂျွန်ငယ်။
///////////////////////////////////
Darling နဲ့ သူနဲ့ဆက်ဆံရေးက ခါးသက်ခြင်းမမည်ပါဘူး!
အေးစက်၍လဲမနေဘူး!
ချိုယောင်သမ်းပြီး သိပ်ချဥ်တဲ့ဆက်ဆံရေး!
တစ်ဖက်သတ်ဆိုတဲ့အရာတေနဲ့ ခြည်နှောင်ထားတဲ့ကြိုး!!
ဘဝကိုရင်းထားပြီမို့ သည်ချစ်ခြင်းမှာ ဂျွန်ဂျောင်ဂုဟာ လက်လျော့မှာမဟုတ်ဘူး!! ပေးဆပ်ခြင်းတေအတွက်သာတွေးထားပြီဖြစ်လို့ နာကျင်ရလဲ မြတ်နိုးစွာချစ်နေပါရစေ Darling!
Darling အချစ်တေကငါ့အတွက် မဖြစ်တော့ Darling ပေးမဲ့ နာကျင်မှုတေကို မြတ်နိုးစွာငါသိမ်းဆည်းထားမှာ! ဟိုးနှလုံးသားရဲ့ အနက်ရှုိင်းဆံုးမှာ အမှတ်ရစွာသိမ်းဆည်းလို့ထားမယ် Darling!!
ဟန်မြစ်ဘေးမနေ့ညနေက Darling နဲ့အတူလာခဲ့တဲ့ထိုင်ခံုတန်းလေးမှာ မျက်ဝန်းသေများနဲ့ ငူငိုင်စွာထိုင်နေတဲ့ ကောင်ငယ်လေးဟာ ဖြူဖတ်ဖြူလျော်ဖြင့်။
မျက်စိရှေ့ ပကဓိတည်ငြိမ်နေတဲ့ဟန်မြစ်ရဲ့ ရေပြင်ကျယ်ကြီးက အေးချမ်းသလောက် ဂျွန့်ရင်ထဲမှာတော့ ပူပူလောင်လောင်!!
အချိန်တေနောက်ပြန်ဆုပ်လို့ရရင် မင်းကိုပဲရူးရူးနမ်းနမ်းထပ်ရွေးချယ်ဦးမှာ!!
"ဂျောင်ဂုရှီး!! ဂျွန်ဂျောင်ဂုရှီးမဟုတ်လား?"
ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် ကိုယ်ငယ်လေးမှာတုန်ခနဲ။ ဆွေးမြေ့မြေ့မျက်ဝန်းတေဖြင့် အနောက်ဘက်စီလှည်ကြည့်လေတော့ ပြုံးပြကာသူစီပြေးလာတဲ့အမျိုးသားဟာပုလံုးလံုးလေး! သည်လူ့ကိုဂျွန်မသိဘူး!!
"ဟာဗျာ! ဂျောင်ဂုရှီးကအဲ့လိုကြီးကြည့်နေရတာလဲ ကိုယ်ချောတာကိုယ်သိပါတယ်!!"
"ဒါမဲ့!! ကျွန်တော်ခင်ဗျားကိုမသိဘူး!"
"ဟင်"
ဖော်ရေွရွေပြောလာတဲ့ထိုလူစကားကို ဂျွန်ခပ်အေးအေးသာတုန့်ပြန်လိုက်တော့ ထိုလူနင်သွားပံုထောက်တယ်။ဂျွန်ကတော့ ခပ်အေးအေးသာ။
Darling ကလွဲရင် မည်သူ့ကိုမှအဖက်လုပ်စကားမပြောချင်။ Darling မှမဟုတ်လျှင် ပြုံးပြဖို့တောင်သူ့အတွက်သိပ်ခဲရင်းတာ။
"ကိုယ်က ဂျီမင်!!ပတ်ဂျီမင်ပါ!!ကင်မ်ထယ့်သူငယ်ချင်း!!"
"ကင်မ်ထယ်?.....Darling?!"
"ဟဟ! ဟုတ်တယ် ဂျောင်ဂုရှီးရဲ့ Darlingရဲ့ သူငယ်ချင်းပါ!!"
ထိုအခါမှခပ်တည်တည်မျက်နှာထားက အပြုံးနုနုလေးဖန်ဆင်းပြီး
"တွေ့ရတာဝမ်းသာပါတယ်ဗျ!!"
"နောက်မှဝမ်းသာ!! အခု ကင်မ့်ထယ် ဂျောင်ဂုရှီးကိုလိုက်ရှာနေတယ်!"
Darling ကသူ့ကိုလိုက်ရှာတယ်!!မဖြစ်နိုင်တာ ဒယ်ဂူကလူက ဆိုးလ်ကသူ့ကိုဘယ်လိုလိုက်ရှာမလဲ! ကင်မ်ထယ်ယောင်းဆိုသည်နှင့် သိပ်သည်းတဲ့ သူ့ကိုလာလှောင်နေသည်များလား!!
အလိုမကျလာ၍ မျက်နှာလှလှလေးက အနည်းငယ်တင်းမာလာသည်။
"Darling ကဒယ်ဂူမှာမဟုတ်လား!ဘယ်လိုလုပ်........"
"ဒေစီကိုပို့ပြီး ချက်ခြင်းပြန်လာတာ!! မနက်8နာရီလောက်ဆိုးလ်ကိုပြန်ရောက်လာတယ်!"
"တကယ်လား!!......"
နှုတ်ခမ်းဆူထားပြီးမေးလာတဲ့ ဂျောင်ဂုကီးက ချစ်ဖို့သိပ်ကောင်းတာ ဂျီမင်လက်ခံလိုက်ပါတယ်။ ဖြူဖြူစင်စင်လေးကို ထယ်ယောင်းဘာကြောင့်ကစားရတာလဲ နားကိုမလည်ဘူး။ ဒီကလေးသိ်ပ်ပင်ပန်းရှာမှာ......
"ကိုယ်ကလိမ်ပါ့မလား! ခဏကတောင် ဂျောင်ဂုကီးရဲ့တိုက်ခန်းကိုပြန်သွားရှာမယ်ပြောနေတာ သွားလိုက်ဦး တော်ကြာ အဲ့ကောင်စိတ်ကောက်နေဦးမယ်!"
Darling ကတကယ်ပဲ ချက်ခြင်းပြန်လာပြီး သူ့စီလာသည်တဲ့လား! ပျော်လွန်းလို့ရူးရတော့မယ်
"ဟီး!!သွားလိုက်ပါဦးမယ်နော် ဂျီမင်ရှီး ဘိုင့်"
"ကောင်းပါပြီဗျာ!"
ပျော်သွားရှာတဲ့မျက်ဝန်း ကေွးတက်သွားတဲ့နှုတ်ခမ်းသား သည်ကလေးအတော်ပျော်သွားရှာတာ။ ပြေးထွက်သွားတဲ့ အဖြူရောင်ကျောပြင်လေးကို ကြည့်ပြီး ဂျီမင်မှာမျက်ရည်ပင်ဝေ့တက်လာမိတယ်။
မီးတောက်မှန်းသိသိရက်နဲ့ တိုးဝင်တဲ့ပိုးဖလံလို
နာကျင်ရမှန်းသိသိနဲ့ ဆက်တိုးချစ်ရှာတဲ့ သည်ကောင်လေးသိပ်ပူလောင်နေတာ စောစောကမျက်ဝန်းသေတေက သက်သေ။ ကင်မ်ထယ်ယောင်းဆိုတာနဲ့ အရောင်ပြောင်းသွားတဲ့မျက်ဝန်း တည်တင်းထားတဲ့ နှုတ်ခမ်းတို့ ပြုံးရိပ်သန်းလာခြင်းက အချစ်ရဲ့ထုထည်မည်မျှကြီးမားကြောင်းဖော်ပြနေတာ။
အော်....အချစ်!! တစ်ဖက်သတ်တေဖြစ်နေရင် အေးချမ်းမှုကိုမရနိုင်ပါလား!
///////////////////////////////
"ကင်မ်!!"
"အော်!......မင်ဟိုရှီး!!"
ဂျွန်ငယ့်တိုက်ခန်းရှေ့ နံရံကိုမှီကာ ဖုန်းသံုးနေတဲ့ထယ်ယောင်းကြောင့် မင်ဟိုစိတ်တေ 100℅မကြည်လာတော့ လေသံကအနဲငယ်မာလို့နေသလို မျက်နှာထက်လဲအလိုမကျမှုတို့အထင်းသား။
Advertisement
"ဘယ်လိုလုပ်ပြီး ဂျွန်ငယ့်တိုက်ခန်းရှေ့ရောက်နေရတာလဲ!!"
ထယ်ယောင်းမျက်ခံုးတစ်ဖက်ပင့်တင်ပြကာ ဘယ်ဘက်လက်ထဲက ဆေးထုတ်ကိုမြောက်ပြပြီး ဖုန်းသာဆက်နှိပ်နေလိုက်သည်။ ရွင်ပြနေတဲ့စိတ်လေး တည်ငြိမ်ဖို့ မင်ဟိုဂီဆိုတဲ့အမျိုးသားနဲ့ စကားမပြောအကောင်းဆံုး!!
"ဆေး?.......ဂျွန်ငယ်နေမကောင်းဖြစ်ပြန်တာလား!! ကျစ်!
ဂျွန်ငယ်!ဂျွန်ငယ်!!ဂျွန်ငယ်!!ထိုနာမ်စားကသိပ်နူးညံ့တယ် သို့သော် ကင်မ်ထယ်ယောင်းဆိုတဲ့သူ့နားထဲ ကိုးလို့ကန့်လန့်!!
"ခင်ဗျားကရော ကူးငယ်စီဘာလာလုပ်တာလဲ!!"
"ဟက်! ကိုယ်ရေးကိုယ်တာကိစ္စပါ ကင်မ်သိဖို့မလိုအပ်ဘူး!"
မထီသလိုမျက်နှာဘေးနဲ့ ဟိုဂီ့စကားကြောင့်ဆေးအိတ်ကိုင်ထားတဲ့ ထယ်ယောင်းလက်တေကတင်းခနဲ။
"Darling!!.......အော်!....အကိုရောရောက်နေတာပဲ"
အပြေးတစ်ပိုင်းရောက်လာတဲ့ ဂျောင်ဂုကိုမြင်သည်နှင့် ထယ်ယောင်းဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ကာ မင်ဟိုဂီဆီအကြည့်ရောက်မိတော့ ဂျောင်ဂုကိုပြုံးကြည့်နေတာကြောင့် ဘာတေအလိုမကျမှန်းမသိလာတော့။
"ကူးငယ်!" "ဂျွန်ငယ်!!"
"ဟင်!"
"ကိုယ့်စီလာ!!!!"
"Yes!Darling!"
လက်နှစ်ဖက်ဆန့်တန်းပြီး ခေါ်နေတဲ့Darlingကြောင့် ဂျောင်ဂုတစ်ယောက်အပြုံးတို့ဖံုးဖိမရကာ ထယ်ယောင်းရင်ခွင်ထဲတန်းနေအောင်ဝင်သွားသည်မှာ ဘေးကဟိုဂီကိုပင်သတိမရ။
နွေးလိုက်တာ Darling ရယ်။
မင်းကိုယ်သင်းနံ့သင်းပျံ့နေတဲ့ ရင်ခွင်ကျယ်ကြီးက ဝေသနာတေရူးပစ်သလိုပျောက်သွားနိုင်စွမ်းရှိတယ် သိရဲ့လား။
"ဂျွန်ငယ်!......မင်းနဲ့ကင်မ်က?"
"ဟင်......ဟို!....."
သူတွန့်ဆုတ်နေမိတယ်! Darling နဲ့ ဆက်ဆံရေးကိုပြောပြဖို့ Darlingအရိပ်အယောင်ကြည့်ရသေးသည်။ ဒီဆက်ဆံရေးက သူမိတ်ဆက်ပေးချင်တိုင်း မိတ်ဆက်လို့ရသည့်အခြေအနေမဟုတ်။ ဟူး......နာကျင်လိုက်တာ Darling ရယ်။
"တွဲနေတာလေ!!"
"ဘာ!!!!"
"Darling!......."
*ပြွတ်စ့်*
"သွား! အထဲမှာစောင့်နေကိုယ်လာခဲ့မယ်!...."
သူ့နဖူးကိုဖွဖွလေးနမ်းကာ အပြုံးခပ်ရေးရေးဖြင့် အမိန့်စကားဆိုလာတော့ အချစ်ရူးနေတဲ့သူဟာ အကို့ကို ခါးတစ်ချက်ညွတ်ပြပြီး condo ထဲဝင်လာလိုက်သည်။
"ကင်မ်! မင်းမှာသက်ဆိုင်သူ ရှိပြီးသား! ဘာလို့ ဂျွန်ငယ့်ကို........"
ကင်မ်ဇနီးလောင်းဟာ ဒေစီယာဆိုတာ စီးပွားရေးလောကကလူအားလုံးကို တရားဝင်ချပြထားပြီးသား။ ဒါကို ဘာလို့များ ငါ့ကလေးကို!! ကျစ်!
"ဂျောင်ဂုကိုလာကစားတယ်လို့ထင်တာလား!.....ဟား....ဟား......ဒီမှာ မင်ဟိုဂီရှီး ဂျောင်ဂုက ကျုပ်စီမှာသက်သက်လာကစားခံနေတာ!!!"
"ယံုရမှာလား!....."
"အဲ့တာက ခင်ဗျားအပိုင်းလေ!! "
"လမ်းခွဲပေး!! ဂျွန်ငယ့်ကိုလမ်းခွဲပေး!!"
မင်ဟိုဂီရဲ့ အတင့်ရဲစွာတောင်းဆိုလာတဲ့ စကားစုအကြား ကင်မ်ထယ်ယောင်းမျက်ခံုးပင့်မိပြန်သည်။ ဘာလို့များ လူတိုင်းက ထယ်ယောင်းကဂျောင်ဂုကိုကစားနေတယ်လို့ ထင်ရက်ကြတာလဲ။ တကယ်ဆို ကာယံကံရှင်ဂျောင်ဂုကိုယ်တိုင်က ထယ်ယောင်းစီ ကစားခံရတာကိုပျော်မွေ့နေသည်မဟုတ်ပါလား။
"ခင်ဗျားမှာ ကျုပ်ကိုအမိန့်ပေးခွင့်မရှိဘူး မင်ဟိုဂီရှီး!!!! "
"ကင်မ်ထယ်ယောင်း!! ဂျွန်ငယ်က ဖြူဖြူစင်စင်လေး မင်းမဖျားယောင်းနဲ့!!"
"ဘာရယ်!! ဖျားယောင်းတယ်!! ဟက်!......ဟား....ဟား......ဒီမှာ ခင်ဗျားရဲ့ဂျွန်ငယ်ကိုသာရအောင်ပြော! ကျုပ်ကတော့ လာကပ်ရင် စားမှာပဲ!!"
"မင်း!!!......."
"ပြန်လိုက်ပါဦး......see you later Mr!!!"
"တောက်စ့်!!!!!"
သူပြောသမျှ အရေးမစိုက်သလိုပြုမူသွားတဲ့ ထယ်ယောင်းကို ဟိုဂီတစ်ယောက်ဒေါသထွက်လွန်းသည်က တင်းတင်းဆုတ်ထားသည့်လက်ကိုကြည့်ရင်သိသာပါတယ်။
ဂျွန်ငယ်မသိဘူးလား!!!ထယ်ယောင်းမှာ စေ့စပ်ထားတဲ့သူရှိနေတာမသိတာလား မသိချင်ယောင်ဆောင်ပြီးတွဲနေတာလား! မဖြစ်နိုင်တာ!! ကင်မ်ထယ်ယောင်း ဖံုးကွယ်ထားတာဖြစ်မယ်! မင်းကိုနာကျင်မှုတေမခံစားစေချင်ဘူး ဂျွန်ငယ်ရာ!
"Darling!!"
"အွန်း!"
"အကို!....ပြန်သွားပြီလား!"
"အွန်း!!.......ဆေးသောက်ထားလား"
"ဟင်......"
"မသောက်ထားဘူးမဟုတ်လား!.....ရော့!"
ကုတင်ပေါ်ထိုင်နေတဲ့သူ့စီ ပစ်ပေးလာတဲ့ဆေးထုတ်ကြောင့် Darlingဘာကိုဆိုလိုမှန်းသူတကယ်မသိ။
"အကိုက်ခဲပျောက်ဆေး!......သောက်လိုက်! ကိုယ့်စီလာဦး!"
"Yes,Darling!! "
လှုပ်တုတ် လှုပ်တုတ်ဖြင့် အနားရောက်လာတဲ့ ကောင်လေးကိုပေါင်ပေါ်ဆွဲချကာ နဖူးထက်လက်တင်ပြီး အဖျားရှိမရှိစမ်းကြည့်ရသည်။ သိပ်အားနွဲ့လွန်းတဲ့ သည်ကောင်လေးကို ကြမ်းမိသွားတော့ ဖျားသွားမှာစိုးသည့်စိတ်နှင့် ဒယ်ဂူကနေ 3နာရီကျော်ကြာတဲ့ခရီးကို 2နာရီလောက်နဲ့အမြန်မောင်းလာခဲ့ရတာ ထယ်ယောင်းကိုယ်တိုင်အသိ။ အမြဲကိုယ့်ကိုယ်ကို ဂရုမစိုက်တက်တဲ့ ကူးငယ်ကို သူအားမရသည်အမှန်။
မချစ်ပါဘူးဟု တစ်ထစ်ချပြောထားသည်ကို နားမဝင် အသေးအမွှားလေးတေအစ လိုက်ခံစားပြီးဝမ်းနည်းလွယ် ထိရှလွယ်လွန်းနေတော့ အများကြီးပင်ပန်းရတယ်မဟုတ်လား။ ကိုယ့်ကို လက်လွတ်နိုင်အောင်ကြိုးစားစမ်းပါ။ Darling ဆိုပြီး ကိုယ့်ကိုမကြည့်ပဲ လောကကြီးကိုကြည့်စမ်းပါကူးငယ်ရာ!!
"မဖျားဘူးပဲ!!......."
"ဟုတ်!!"
"ဘာကိုဟုတ်တာလဲ!!....တစ်ကိုယ်လံုးကိုက်ခဲနေတာမဟုတ်လား! အဲ့တာကိုဆေးသောက်ပြီးအိမ်မှာနားနားနေနေ နေရောပေါ့!! မနက်စောစောစီးစီးလျှောက်သွားနေရလား!!"
အခု သူ့ကို Darling ကစိတ်ပူပေးနေတာလား!! ဟိ!....Darling အခုပံုစံကို ငါအရမ်းသဘောကျတာပဲသိလား။ ငါပျော်တယ် အများကြီးပျော်တယ်! ငါပေးဆပ်တာနဲ့တန်အောင် မင်းစီကစိုးရိမ်ပေးခြင်းကိုခံရတယ်! ငါကိုမချစ်ပဲနဲ့တောင်ဒီလိုစိတ်ပူပေးနေရင် သူမကိုဆိုဘယ်လောက်တောင်သည်းသည်းလှုပ်လိုက်မလဲ!
ငါဝမ်းနည်းမိပြန်ပြီထင်တယ် !!
"အခုငါ့.....ငါ့ကိုစိတ်ပူတာလားဟင်!...."
"အွန်း!......ဘာစားပြီးပြီလဲ!"
အောက်နှုတ်ခမ်းကိုကိုက်ကာ ခေါင်းအသာရမ်းပြတဲ့ ဂျောင်ဂုကီးကတကယ်လဲဘာမှပင်အစာအိမ်ထဲမထည့်ရသေး။ Darling ကတော့အလိုမကျသလို မျက်ခံုးတန်းတွန့်ချိုးလို့ထားသည်လေ။
"ဂျွန်ဂျောင်ဂု!!"
"အခုစားလိုက်မယ်!!ဟီး!....!"
"စားပြီးဆေးသောက်လိုက်!.......ကိုယ်ပြန်ဦးမယ်!"
"ပြန်......ပြန်တော့မို့လား! အခုမှရောက်တာကို....."
"အွန်း!....ကိုယ်ကိစ္စလေးရှိသေးတယ်! "
*ပြွတ်စ့်*
"ဘိုင့်ဘိုင့် Darling!"
မသွားစေချင်သေးသော်လည်း နဖူးထက်အနမ်းခြွေလာတော့ မတားရက်ပြန်။ ကျောပြင်ကျယ်ကြီး မြင်ကွင်းရှေ့မှပျောက်သည်ထိအောင် သူဟာငေးရင်း အပြုံးနုနုလေးပန်ဆင်လျက်။အရင်ကလိုမျက်ရည်စတေနဲ့တော့မဟုတ်ခဲ့ဘူးပေါ့။
Advertisement
လက်ထဲမှ Darlingပေးခဲ့တဲ့ဆေးထုတ်လေးကို ကြည့်ရင်း အသံထွက်အောင်ပင်သဘောတကျရယ်မိပြန်တယ်။
"Darling မင်းဟာလေ ငါ့ကို အနာပေးလိုက်ဆေးပေးလိုက်နဲ့!....."
///////////////////////////////////
"ဒါဆို!......မောင်လေးကို ဂျွန်လင်မယားခေါ်မွေးစားလိုက်သည်ပေါ့!! ဟုတ်လားအန်တီ! သူတို့ဘယ်မှာလဲဟင်......ဒေစီ့ကိုပြောပြပေးနိုင်မလား!"
မောင်လေး.......ဒေစီ့မှာ 5 နှစ်ငယ်တဲ့မောင်လေးတစ်ယောက်ရှိခဲ့တာ! တရားခံကဒေစီ!!ဒေစီအသံုးမကျလို့ 3 သာသာလောက်တာရှိသေးတဲ့အငယ်လေး ပျောက်ခြင်းမလှပျောက်သွားခဲ့တာကြောင့် ဒေစီမိဘတေက ဒေစီကိုပိုဆိုး၍သဘောမကျခဲ့တာ!......အခုသတင်းအစအနရလာတဲ့အခါ ဒေစီသိပ်ပျော်ပါရဲ့။
ပြန်တွေ့ရင် မမအများကြီးတောင်းပန်ပါ့မယ်အငယ်လေး။
"လွန်ခဲ့တဲ့ 6 နှစ်လောက်က ဂျွန်လင်မယား ကားမတော်တဆမှုနဲ့ဆံုးသွားကြပြီလေ။ အဲ့ကတည်းက ကလေးကပျောက်သွားတာ သေလားရှင်လားအခုထိမသိရဘူးကွယ့်"
"ရှင်........"
မျှော်လင့်ခြင်းအပြည့်ဖြင့်စောင့်စားနေတဲ့ ဒေစီမျက်ဝန်းတေက အန်တီကြီးရဲ့ဖြေသံအဆံုး ညိုးငယ်ကာသွားရသည်။
"အော်......ဆိုးလ်ကိုရောက်သွားတယ်ဆိုလား ဟိုတလောပြောသံတေတော့ကြားတယ်!.....ဇွဲမလျော့ပါနဲ့ သမီးရဲ့မောင်လေးကိုကျိန်းသေရှာတွေ့မှာပါ!!"
"ရှာတွေ့မှာပါ......."
အန်တီကြီးကတော့ခေါင်းတငြိမ့်ငြိမ့်ဖြင့်ပြုံးကာ ထောက်ခံရှာသည်။ ဒေစီလက်ထက်ပွဲမှာ အငယ်လေးကိုရှိနေစေချင်တာ။ မာမီရယ် ဒယ်ဒီရယ် အငယ်လေးရယ် ကင်မ့်မေမေရယ် အလည်မှာ ကင်မ်ရယ် ဒေစီရယ် မိသားစုဓာတ်ပုံရိုက်ချင်တာ ဒေစီအိမ်မက်!!
မသေချာမရေရာတဲ့သဲလွန်စတချို့နဲ့ ဆိုးလ်ကိုပြန်ပြီး ဒီရက်အနည်းငယ်အတွင်းအငယ်လေးကိုပြန်တွေ့ရမယ်။ နှုတ်ခမ်းအောက်ကမှဲ့နက်လေး ပါးပြင်ပေါ်က အမာရွတ်ပါးပါး! အရင်နာမည်က ဝူလီထယ် မဟုတ်တော့ဘူးဆိုပဲ။
ဂျွန်ဂျောင်ဂု!!..........မောင်လေးနာမည်က ဂျွန်ဂျောင်ဂုတဲ့။
ကံကြမ္မာရေးဆွဲနေတဲ့နတ်ဘုရားသိပ်ကြည်စားတာပဲ.......နာကျဥ်နေဆဲနှလံုးသားတေကို ထပ်ပြီး သွေးစိမ်းရှင်ထွက်စေချင်တာ။ သိပ်ရက်စက်တက်တာပဲ အရှင်ရယ်။ ဒီကစားပွဲမှာ ကလေးတေသိပ်ပင်ပန်းကြရဦးမည်လား~~~~~~
နေမကောင်းလို့ကြာနေတာဟဲ"
ဒါလေးအရင်ဖတ်ထားပေါ့ စီးကရက်လေးနဲ့အယ်ကိုဟောလူကြီးက အချိန်ယူရဦးမှာမို့🤟
Love you all ❤
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
*Zawgyi*
"တစ်မနက်လံုးတစ်ညလံုးပြောနေတာမမောသေးဘူးလား ဟိုဂီရာ! "
"ငါလိုက်မယ်ဆိုရင်ရော!"
"ကျစ်!!"
///////////////////////////////////
အေးစက်၍လဲမနေဘူး!
"ဟင်"
"ကင်မ်ထယ်?.....Darling?!"
"တကယ်လား!!......"
"ကောင်းပါပြီဗျာ!"
///////////////////////////////
"ကင်မ်!!"
"အော်!......မင်ဟိုရှီး!!"
"ကူးငယ်!" "ဂျွန်ငယ်!!"
"ဟင်!"
"ကိုယ့်စီလာ!!!!"
"Yes!Darling!"
"ဟင်......ဟို!....."
Advertisement
- In Serial16 Chapters
Raak
James was in his 30's when his death came suddenly, not that he minded much, as life was seeming to drag on. His story, however, did not end with his death. As a point of fact, it had only just begun. This will be my first work, so please by all means comment with any errors I may have made. Suggestions for the story (which may or may not be used). This is a litrpg and a bit of a power fantasy, so be warned the protagonist will be pretty OP eventually.
8 122 - In Serial13 Chapters
The Traveling Technomancer: A Westward LitRPG
When Owen Westward dies in a bank robbery, he is given a second chance at life in a new world filled with magic, adventure, and mystery. Although he is out of his element, he will use his knowledge of the old world in combination with the magic of this new world to become The Traveling Technomancer. Story is aiming for PG-13 levels of content. Tagged with Profanity & Gore just to be safe.
8 157 - In Serial16 Chapters
Spaceslime
In the Babylonian debris field, on a derelict spaceship, life again awakens. Authors note: This is my first ever story that I have published on RoyalRoad and I hope you will enjoy it. Feedback is much appreciated.
8 212 - In Serial31 Chapters
The Pokemon System
Adrian is fed up with facing ugly brutes all his life!His quest for pu*sy is endless.His virgin self gladly awaits his 18th birthday, when he can finally go out and start his adventure!! [Young Master, Outside is SCAARRYY~] [...] ------------------------------------------------------------ Caution: Patience is required for this series as the MC is no goddy-two-shoes. Expect progressive character development and slow pace.If you cannot bear a rude MC, then this novel is not for you.
8 143 - In Serial70 Chapters
NCT IMAGINES
REQUESTS ARE OPEN 💌This book is a compilation of texts, scenarios and reactions from the 23 members of nct.
8 117 - In Serial27 Chapters
Star Wars (But Mostly kylo ren) Imagines + Lemons (Requests Closed)
INCLUDES (BUT NOT LIMITED TO)•Kylo Ren•Han Solo•Boba Fett•Anakin Skywalker•Obi Wan Kenobi•Luke Skywalker•Rey•Poe Dameron•Armitage Hux AND MORE!I also want to add that I am bisexual so some of these will include Fem! X Reader smut because I can. If you don't like it I completely understand, just skip over. Requests are open 100% Choose any character from the Star Wars Franchise and I'll get on with your story right away, just fill out a lil something something and lose it in the comments/direct message
8 189