《Sour Candy》part 5💔
Advertisement
*Unicode*
တစ်ဟုန်းဟုန်းလေတိုးသံ ရွာသွန်းနေတဲ့မိုးသံတို့ကြား သာယာဖွယ်အော်ညီးသံတို့က တစ်ချက်တစ်ချက်နားစည်ကို လာရောက်ရိုက်ခက်တိုင်း လှုပ်ရှားမှုတို့မြန်ဆန်ကာ ပိုတိုးလို့ရယူမိပြန်ရဲ့။
ချွေးစတချို့ဖြင့် နာကျင်မှုကို အောက်နှုတ်ခမ်းကိုဖိကိုက်၍ ဖြေသိမ့်နေပံုလေးက သိပ်လှရက်လွန်းတဲ့သက်ဝင်ပန်းချီကား! ငွေ့ရည်ဖွဲ့နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းကြီးနေနဲ့ ရွှန်းရွှန်းစားစားခစားလာရင် မောဟိုက်နေတဲ့ကြားကရယ်မောမိသည်အထိ သဘောကျကြောင်း ထယ်ယောင်းပြသမိသည်။
Darlingကို ချစ်လို့ ပထမဆံုးကိုပေးမိတာ။ ယူပါကြိုက်သလောက် အသံုးတော်ခံဘဝမှာ ကျွန်တော်ပျော်မွေ့ပါရစေ။ သိပ်ချစ်လို့လွယ်လွယ်ပေးခဲ့တာ ဈေးပေါတယ်လို့မထင်ရက်ပါနဲ့! ဈေးပေါနေရင်တောင် ကင်မ်ထယ်ယောင်းဆိုတဲ့ Darlingအတွက်ပဲ ဖြစ်မှာ။ ရူးရူးမိုက်မိုက် အချစ်နှည်းနှောမှု မဟုတ်ဘူး မိုက်မိုက်ကန်းကန်း သွေးသားပေါင်းစည်းမှုမှာ အချစ်ဆိုတဲ့အရာက တစ်ဖတ်သာပါဝင်နေလေတော့ စည်းချက်ညီညီလှုပ်ရှားချက်တိုင်းမှာ နင့်နေအောင် အသဲခိုက်မတက်နာကျင်ပါရဲ့။
တန်ပါတယ်!ကြီးကြီးမားမားသူရဲ့ပံုအပ်မှုက တန်ပါတယ်! သူနဲ့မှဖြစ်ပေါ်လာတဲ့ ရှားရှားပါးပါး Darling အပြုံးတေဒီညအများကြီးတွေ့လိုက်ရတာ သူသိပ်ကျေနပ်သည်။ အပေါ်စီးက ချွေးသံတချွဲချွဲလှုပ်ရှားကာ မိန်းမောနေတဲ့ Darling ပံုရိပ် တဖြည်းဖြည်းဝေဝါးလာရတယ်.....အင်း.....အမှောင်ထုကြီးကစိုးမိုးလို့လာကာ အိပ်စက်ခြင်းစီဦးတည်လို့သွားပြန်တယ်။
အိပ်လိုက်လို့မဖြစ်ဘူး!! အိပ်နေတုန်း Darling ထွက်သွားတာမသိလိုက်ရရင် သူဖြင့်ရင်နာရလိမ့်မယ်။ မဖြစ်ဘူး ဆိုသော်ငြား သစ္စာဖောက် မျက်လံုးကအမှောင်ထုစီဆွဲခေါ်နေလေပြီ။ မလုပ်လိုက်ပါနဲ့ အနားမှာရှိတုန်းလေး ကိုယ့်အပိုင်ဆိုပြီး တခဏလောက် ကြွေးကြော်ချင်သေးလို့ပါ ဒီတစ်ညတော့ Darling ကသူ့အပိုင်! သူ့အသွေးအသားမှာ စီးမျောနေတဲ့ Darling ကသူ့အပိုင်ပါ!
ကျွန်တော့်အပိုင်မဟုတ်တဲ့ ကျွန်တော့်ရဲ့အပိုင်ပါ Darling က!!
"အ့!....သိပ်ချစ်တာ!....Dar.... Darling! "
မှေးစင်းလာတဲ့မျက်ဝန်းတေကြားမှ အလှဆံုးပြုံးပြကာ အမှောင်ထုထဲအလံုးစံုဝင်ရောက်သွားတဲ့ သည်ကောင်လေးရဲ့ မျက်ရည်စီးကြောင်းကို Darling လို့မြတ်မြတ်နိုးနိုးခေါ်ခံသည့် ကောင်လေးတော့မြင်မည်မထင်။
အွန်း.......တစ်ဖတ်သက်ဆက်ဆံရေးတစ်ချို့ ရင်လေးလွန်းပါရဲ့ မုန်းတိုင်းတေပြီးရင်လေပြည်လာမယ်။
အချစ်ဆိုတာ အသွားအပြန်ရှိပါတယ်ဆိုတဲ့ စကားကိုတော့ ယံုမိနေမလား?။
ပေးဆပ်သင့်တာပေးဆပ်ပါ အလွန်အကျွံတော့မဖြစ်စေနဲ့။
မျှောလင့်ချက်ထားထားပါ အစွန်းမရောက်စေနဲ့။
အရာရာဟာ ကိုယ်ထင်ထားသလိုဘယ်တော့မှဖြစ်မလာဘူး!
သာမာန်လူတေလေ ကံကြမ္မာရေးနတ်ဘုရားမှမဟုတ်ပဲ။
ကံကြမ္မာရေးနတ်ဘုရားရေးဆွဲမဲ့ ဇာတ်လမ်းထဲမှာ ကျွန်တော်တို့လိုလူတေက သရုပ်ပြအရုပ်သာသာရယ်။စိတ်ထဲရှိသလို နှလုံးသားကစေခိုင်းတဲ့အတိုင်းသာ နေပစ်လိုက် ကျန်တာကံကြမ္မာဆိုတာကြီးက စီမံပေးလိမ့်မယ်။
ဝမ်းသာရတာ ကံကြမ္မာရေးနတ်ဘုရားကြောင့်ဆို!
ဝမ်းနည်းကြေကွဲရတာလဲ ကံကြမ္မာရေးနတ်ဘုရားကြောင့်!
နှလုံးသားသွေးစိမ်းရှင်ရှင်ထွက်အောင် နာကျင်ရတာလဲ Darlingကြောင့်မဟုတ်ဘဲ ကံကြမ္မာရေးနတ်ဘုရားကြောင့်
ကျွန်တော့် Darling မှာအပြစ်မှမရှိဘူး တကယ်တမ်းအပြစ်တရားခံ အပြစ်သားက ကံကြမ္မာရေးနတ်ဘုရားသာ!
//////////////////////////////////////
စိတ်ဆန္ဒပြီးဆံုးရာပန်းတိုင်သို့ ရောက်တဲ့အချိန် အိပ်ပျော်သွားရှာတဲ့ ကောင်ငယ်လေးရဲ့ နဖူးပြင်ကို ဖွဖွလေးဖိကပ်ကာ ရင်ခွင်ထဲထည့်ထားလိုက်သည်။
အများကြီးပင်ပန်းနေမှာကိုယ်သိတယ် ဖြူစင်တဲ့မင်းကို အရောင်တေဆိုးနေမိတဲ့ကိုယ်က သိပ်ဆိုးတာသိရက်နဲ့ ဘာကြောင့်များအချစ်ကပ်ငြိရတာလဲကွာ။ ကိုယ့်ကူးငယ်နာကျင်ခဲ့ရတာတေအတွက် ကိုယ်တောင်းပန်ပါတယ်။ ပျော်အောင်ထားပါ့မယ် အပြုံးလှလှလေးပေါ်တဲ့အထိ အသဲယားဖွယ်ယုန်သွားဖွေးဖွေးလေးပေါ်လာအထိ ရယ်မောနိုင်ကို ကိုယ်စွမ်းဆောင်ပေးမယ်။
ကိုယ့်ကိုယ်ကိုမပိုင်တဲ့ ဒီဘဝမှာ အချစ်ဆိုတဲ့ အရာကို မခံစားချင်လို့ မင်းကိုတော့ မချစ်ပါရစေနဲ့ အတတ်နိုင်ဆံုးတော့ ရယ်မောနိုင်အောင်စွမ်းဆောင်ပေးပါ့မယ် ။ ယံုကြည်ပေးပါ။
အိမ်မောကျနေတဲ့ကူးငယ်ကို နင့်နေအောင်ဖက်ထားရင်း တီးတိုးရည်ရွတ်ကာ ကျူးလစ်နံ့သင်းပျံပျံခေါင်းလံုးလံုးလေးကို လက်ဖြင့်အသာဖွကာနေသည်။
*တောင်*
ညသန်းခေါင်ယံ တိတ်ဆိတ်ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်ကြောင့် ဝင်လာတဲ့ Message အသံကကျယ်ကျယ်လောင်လောင်ပင်။
ညကြီးသန်းခေါင်!!ကျစ်!ယဥ်ကျေးမှုမရှိလိုက်တာ!
မျက်ခံုးတန်းတို့တွန့်ချိုးကာ ရင်ခွင်ထဲကကူးငယ်ကိုအသာထုတ်ပြီး စားပွဲပေါ်ကသူ့ဖုန်းကို စိတ်ရှုပ်စွာကောက်ယူကြည့်လိုက်တော့
*Daisy*
ဆိုတဲ့ contact လှလှလေးကြောင့် မသိလိုက်ခင်မှာပဲ နှုတ်ခမ်းသားတို့ကော့ညွတ်သွားရသည်လေ။
^ ကင်မ်!!! ဒေစီ ဒယ်ဂူသွားရတော့မယ် လာတွေ့နိုင်မလား ဒါမှမဟုတ် ကင်မ်မွေးရပ်မြေကို ဒေစီနဲ့လိုက်လည်မလား .......ဒီညလာခဲ့ပေး ^
ဒယ်ဂူ? လိုက်ချင်ပါရဲ့။ မိန်းမသားတစ်ယောက်ထဲသွားမဲ့ ခရီး ကင်မ် စိတ်မချသည်အမှန်။ ညဘက်ကြီးဖြစ်နေတာကတစ်ကြောင်း စိုးရိမ်စိတ်ကပိုရပါသည်။ သို့သော်.......သို့သော် ကုတင်ထက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့ ကူးငယ်ကို တစ်ချက်ကြည့်မိလိုက်သည်။
ပထမဆံုးမှာ အနားမှာရှိနေပေးသင့်တာမဟုတ်လား! နိုးလာလို့ သူသာမရှိရင် နူးနူးညံ့ညံ့ထိုကောင်လေးဝမ်းနည်းရမှာ ထယ်ယောင်းခန့်မှန်းမိပါရဲ့။ ကူးငယ်နေရာမှာ တစ်ခြားတစ်ယောက်သာဆို တွေဝေခြင်းမရှိ ဒေစီယာ ရှိရာသွားမိနေပြီ။
မင်းဖြစ်နေလို့!! မင်းမို့လို့တွေဝေနေမိတာ ကူးငယ်!! ကျစ်!
တွေဝေခြင်းတေကအချစ်ရဲ့လမ်းစဆို ဖြတ်ချထားခဲ့တာအကောင်းဆံုး။ ဒေစီယာ ဆိုတဲ့ ဇနီးလောင်းနဲ့ ယှဉ်လာရင် အကုန်အနောက်မှာထားသင့်တာ။ ထပ်ပြီးတောင်းပန်ပါတယ်ကူးငယ်!
ဟိုတစ်စဒီတစ်စပျံကျဲနေတဲ့ အဝတ်အစားတို့အား ပြာပြာသလဲကောက်ဝတ်ကာ တိုက်ခန်းလေးအတွင်းမှ ပြေးထွက်သွားခဲ့သည်။
တစ်ချက်ပင် လှည့်ကြည့်ခြင်းမရှိပြေးထွက်သွားခဲ့တာ!!
/////////////////////////////
နာကျင်ကိုက်ခဲနေတဲ့ ကိုယ်ခန္ဓာကိုယ်ကြောင့် ဆက်အိပ်ဖို့မဖြစ်နိုင်တော့။ တစ်ချက်လှုပ်ရှားတိုင်း မျက်ရည်ပင်ဝေ့တက်လာရသည်အထိ Darling စွမ်းဆောင်ခဲ့တာ။ Darling ကြောင့်ဖြစ်ပေါ်လာရတဲ့နာကျင်မှုဆိုတဲ့ အတွေးနဲ့တင် နှုတ်ခမ်းပါးပါးလေးထက် အပြုံးနုနုလေးပေါ်ထွန်းလာရတယ်။ ရူးနေပြီ ကျွန်တော်ဆိုတဲ့ဂျွန်ဂျောင်ဂုက နေမြင့်လေအရူးရင့်လေ ဖြစ်နေပြီ။
ဘေးဘက်ကြည့်မိတော့ အေးစက်စက်နေရာအလွတ်ကိုသာတွေ့ရသည်ကြောင့် ရင်ထဲဆစ်ခနဲ။ Darling က သူ့ကိုဒီလိုအခြေအနေမှာ တစ်ယောက်ထဲပစ်မသွားလောက်ပါဘူး။ ရေချိုးခန်းထဲဝင်နေတာ!!ဟုတ်မှာ Darling ရေချိုးခန်းဝင်နေတာ!။ ကျလုဆဲဆဲမျက်ရည်ကို လက်ခံုနဲ့ဖိသုတ်ရင်း ရေချိုးခန်းဘက်မျက်နှာလှည့်ကာ
"Dar!........"
*တောင်!!*
ဖုန်းသို့ဝင်လာတဲ့ Message သံကြောင့် Darling ကိုခေါ်ဖို့ရပ်တန့်သွားရသည်။ဖုန်းက ခေါင်းဦးအောက်မှာရှိနေတာကြောင့် ထဖို့အဆင်မပြေတဲ့သူ့အတွက် အဆင်ပြေသွားတာပေါ့။
Darling??.......Darlingကသူ့စီ စာပို့တယ်တဲ့လား။ ဒါဆို ဒီမှာရှိနေတာမဟုတ်ဘူးပေါ့။ စိတ်မကောင်းဖြစ်မိတယ်။ ဒီလိုပြုမူပြီး ဂရုတစိုက်မရှိပေးရင်တောင် အနားမှာရှိနေပေးလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာ! Darling ကိုအပြစ်မတင်ပါဘူး! အနည်းဆုံးသူ့စီစာပို့လာတယ်မဟုတ်လား! စာပို့လာတယ်ဆိုတာနဲ့တင် ဒီအရူးကကျေနပ်ရပြီမို့ ဝမ်းနည်းရတောင် ကျေနပ်မိတယ်။
Advertisement
^ဒေစီကိုစိတ်မချလို့ ကိုယ်ညတွင်းခြင်းပြန်သွားတာကူးငယ်!
မင်းအိပ်မောကျနေလို့မနှုတ်ဆက်တော့တာ
စိတ်မပူပါနဲ့ ကိုယ်တို့ဒယ်ဂူမှာရှိမယ်!^
ရိုးရိုးရှင်းရှင်းစာလေး 3 ကြောင်းက အသည်းခိုက်ခိုက်တုန်နေအောင်ကို နာကျင်ရတယ်Darling!
*စိတ်မချလို့*
*ညတွင်းခြင်း*
*အိပ်မောကျနေလို့မနှုတ်ဆက်တော့တာ*
*ကိုယ်တို့ဒယ်ဂူမှာ*
Darlingအတွက် ဒေစီယာ ဆိုတဲ့သူမရဲ့ အရေးပါမှု!
ဂျွန်ဂျောင်ဂုဆိုတဲ့ ကျွန်တော်ရဲ့အရေးမပါမှု သိသိသာသာကိုဖော်ပြထားတာပဲ။
တုန်ရီလာတဲ့ လက်တေကြောင့်ဖုန်းလေးဟာ မွေ့ရာထက်သို့ခုန်ဆင်းသွားရသည်။
ဟုတ်ပါရဲ့!!ကျွန်တော်အရူးတစ်ယောက်လို အများကြီးမျှော်လင့်ချက်တေထားမိပြန်ပြီ!
ချစ်ရတဲ့သက်ဆိုင်သူနဲ့ အပျော်တွဲလူနှစ်ယောက်ကြား သက်ဆိုင်သူကို အလေးထားတဲ့ Darling မမှားပါဘူး Darling ကအိမ်ထောင်ဖက်ကောင်းတစ်ယောက်ဖြစ်နေခဲ့တာပါ။ မနေ့ညကအဖြစ်အပျက်အပေါ် Darling ကျွန်တော်အပေါ်စိတ်ရှိလာမယ်လို့ တစ်ထစ်ချယံုကြည်မိတဲ့ ကျွန်တော်သာအမှား!။
အရူးတစ်ယောက်လိုစိတ်ကူးတေယဥ်နေမိတာ မင်းသိနိုင်မလား Darling !
ငါသာ သူမ လိုမိန်းကလေးတစ်ယောက်ဖြစ်နေရင် မင်းရဲ့အချစ်တေ ငါရနိုင်မလားဆိုပြီးလေ။
ငါသာစုန်းတစ်ကောင်ဖြစ်နေရင် ငါမှငါ ဖြစ်နေအောင်မင်းကိုပြုစားထားပစ်မှာ။
ငါ့မှာအတ္တတေရှိတယ်!
ငါ့မှာလောဘတေလဲရှိတယ်!
ငါ့အတ္တ မင်း!! ငါ့လောဘက မင်းအချစ်!!!
နာကျင်မှုတေက နှလုံးသားတစ်လံုး ဓားမွှန်းထားသလို သွေးစိမ်းရှင်ရှင်ထွက်နေတာ!! ငါ့အတ္တနဲ့ လောဘကငါ့ကိုလောင်မြိုင်နေတဲ့ မီးတောက်လို သိပ်ပူလောင်စေတယ်!! မင်းအတွက်ကြောင့် ငါပင်ပန်းစပြုလာပြီထင်ပါရဲ့။
သို့သော်
ထပ်ပြောပါရစေ! သိပ်ချစ်တာ! အသက်ပေးရဲတဲ့အထိကိုချစ်မိသွားတာ အရူးတစ်ယောက်လို စွဲလန်းမိသွားတာ! ငါဈေးမပေါဘူးDarling!။
နာကျင်မှုတေနဲ့အသားကျလာလို့ထင်ပါရဲ့ တင်းကြပ်ကြပ်ခံစားချက်ကြီးကလွဲလို့ မျက်ရည်ဝဲယံုပဲ။သူမငိုဘူး! မငိုမိအောင်ထိန်းထားရတဲ့ကိုယ့်ကိုယ်ကိုလှောင်ရယ်မိသား။ ဂျောင်ဂုကီး သန်မာလာတယ်မထင်လိုက်နဲ့ စိတ်လိုကိုရဆို စောင်ထဲဝင်ပြီး တင်းကြပ်နေတဲ့စိတ်ကို လွတ်ပေးပစ်လိုက်ပြီ!
*မင်းငိုရင်ငါမကြိုက်ဘူး*ဆိုတဲ့ Darling စကားကြောင့် မငိုမိအောင်ထိန်းနေတာ! ပြောပါတယ် ကျွန်တော်ရူးနေပြီလို့။
ချစ်ရတဲ့ Darling စီက စာကိုလဲပြန်စာမပေးမိ။ ငူငူငိုင်ငိုင်ကြီးသာ ကုတင်ထက်သူ့နည်းသူ အထီးကျန်ဖွယ် phone screen ကိုထိုင်ကြည့်နေမိတယ်။ အဆင်ပြေရဲ့လား တစ်ခွန်းတောင်မေးမလာတဲ့ Darling!! အသည်းမာလှပါရဲ့။
ညီးစို့စို့ကိုယ်ခန္ဓာကြောင့် ဝမ်းနည်းစိတ်ကိုနောက်ထားပြီး ကိုယ်သန့်ရှင်းရန် ရေချုိးခန်းဝင်ဖို့ဆံုးဖြတ်လိုက်သော်လည်း နာကျင်နေသောအောက်ပိုင်းတစ်နေရာကြောင့် လှုပ်ရှားလိုက်တိုင်း ဝမ်းနည်းမှုကအပြည့်။
"ကျစ်! ဂျွန်ဂျောင်ဂု!!မင်းအဲ့လောက်တောင်ပျော့ညံ့နေရလား!!"
ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး ထိခိုက်လွယ်တဲ့ ကိုယ့်ကိုယ်ကိုစိတ်ပြတ်မိတာအမှန်။ ငါသာသန်မာနေရင် Darling ကပြန်ချစ်နိုင်တယ်! ငါကိုကအသံုးမကျတာ!!!
////////////////////////////////////
"ကင်မ်!"
"အန်တီကြောင့်ပဲမဟုတ်လား!........"
ငြိမ်သတ်သွားခြင်းသည် ဝန်ခံခြင်းသဘောမျိုးပေါ့!
"ကျစ်!.......ဒယ်ဂူမှာဘာသွားလုပ်ခိုင်းတာလဲ!!"
"ဆောက်လုပ်ရေးအသစ်အတွက် ဘိုးဘွားတေစီ ကောင်းချီးသွားခံယူခိုင်းတာ!"
"$ရေးမပါတာ!! ညသန်ခေါင်ကြီး သွားတာအန္တရာယ်များတာမသိကြတာလား!"
ထိလုမတက်တွန့်ချိုးထားတဲ့ မျက်ခံုးတန်းတေကအလိုမကျကြောင့်ဖော်ပြနေတယ်ဆိုတာ ဒေစီရိပ်မိသား။ သည်လူသားမှာ အချစ်မရှိဘူးဆိုသော်ငြား သည်လူသားရဲ့စိတ်ပူခြင်းအလေးထားခြင်းခံရတာကိုက ဒေစီအတွက်ကံကောင်းခြင်းတစ်ပါးပင်။ ကြည်နူးမှုကြောင့် အပြုံးနုနုလေးကဖြစ်ထွန်းလာရပြန်တယ်။
"ကိုယ်ကစိုးရိမ်လို့ပြောနေတာ! လှောင်နေတာလားအခု!!"
"မဟုတ်ရပါဘူးကိုရယ်! ဒီတိုင်း ဒေစီ့ကိုစိတ်ပူပေးနေတာကိုသဘောကျလို့ "
ပြုံးပြုံးလေးပြောလာတဲ့သူမ လိမ်ညာနေတာမဟုတ်နိုင်။ အင်း......ကိုယ်ချစ်ရသူစီကစိတ်ပူတာခံရရင် လူတွေက အဲ့လိုပဲပြုံးပျော်တက်ကြတာလား။ ကူးငယ်? ကူးငယ်ရော သူသာနဲနဲလောက် ဂရုစိုက်ပေးရင် ကူးငယ်ရော ဒေစီလိုလှလှပြုံးပြနေမလား။
"ဒေစီ!ကိုယ်ကမင်းကိုပို့ပြီးတာနဲ့ ချက်ချင်းဆိုးလ်ကိုပြန်မှာနော် "
"ဒေစီက 2 ရက်လောက်ကြာမှာဆိုတော့ ကင်မ်ပြန်တာကောင်းပါတယ် အပြန်ကြရင်တော့ ဒေစီတစ်ယောက်ထဲပြန်လာလိုက်မယ်!"
"ဖြစ်လို့လား!!...."
"ဖြစ်ပါတယ်ရှင့်!"
ကားအဖြူလေးက အဝေးပြေးလမ်းမပေါ် ပံုမှန်နှုန်းလေးဖြင့် တရွေ့ရွေ့ ဒယ်ဂူမြို့စီခရီးဆက်လို့နေသည်။ နှစ်ယောက်ကြားအခြေအနေက တိတ်ဆိတ်ကာ ခပ်ဆွေးဆွေးသီချင်းသံသည် ပျံလွင့်လွင့်။
ဒေစီယာဆိုတဲ့ သူမအတူရှိနေရတဲ့အချိန်တေက သိပ်အေးချမ်းတယ်။ သိပ်ထက်မြက်တဲ့မိန်းကလေး သိပ်တော်တဲ့မိန်းကလေး မည်သို့ခံစားချက်မျိုးကိုမဆို အပြုံးနုနုလေးနဲ့ ရင်ဆိုင်တက်တဲ့သူမ သန်မာတယ်။ တစ်ဖက်လူကိုဘယ်တော့မှ အားနည်းချက်ဖြစ်တဲ့မျက်ရည်တေ ထုတ်မပြတက်ဘူး။ ထိုအချက်က ကင်မ်သဘောအကျရဆံုးအချက်။
ထယ်ယောင်းက သူ့ရှေ့လူတစ်ယောက် မျက်ရည်ကျရင်သိပ်မုန်းတာ။ ငိုနေတဲ့သူကို ဘယ်လိုဘယ်ပံုနှစ်သိမ့်ရမလဲ ထယ်ယောင်းမသိဘူး။ အငိုတိတ်အောင်မလုပ်ပေးနိုင်တဲ့ ခံစားချက်ကအတော့်ကိုဆိုးပါတယ်။ အဲ့တာကြောင့် ထယ်ယောင်းရှေ့လာမငိုကြနဲ့ စိတ်ရှုပ်လွန်းလို့။
မွေးကတည်းက အဖေ့ဖြစ်သူဘယ်မှန်းမသိရတဲ့ထယ်ယောင်း။အမေ့ဖြစ်သူရဲ့တင်းတင်းကြပ်ကြပ်စည်းတေ လျစ်လျူရှုခြင်းတေ နားမလည်ပေးမှုတေကြား သိပ်ပင်ပန်းခဲ့ရတဲ့ ကောင်လေးကအသည်းမာတာဆန်းသလား။
လူတိုင်းကအချစ်ခံချင်ကြတာချည်းပဲ။
ကူးငယ်ရော
ဒေစီယာရော
ကင်မ်ထယ်ယောင်းဆိုတဲ့ ကျုပ်ရောပေါ့!!
တစ်ဦးတည်းရှိတဲ့မိခင်ရဲ့ စကားနားထောင်တဲ့သားအလိမ္မာဆိုတဲ့ ဂုဏ်ပုဒ်ကြား ကင်မ်ထယ်ယောင်းဆိုတာ ခံစားတေဖော်ကြူးခွင့်မရှိတဲ့ အသက်ရှိ။ ငါသာမိခင် ငါလုပ်သမျှသည်သာအမှန် ငါကိုဘာမှပြန်ရှင်းမပြနဲ့ ငါသာမင်းဘဝကခြယ်လှယ်မယ် ဆိုတဲ့ မိခင်ရဲ့ထံုးတေက နုနုနယ်နယ် ဆယ်ကျော်သက်ကလေးကို စိတ်ဒဏ်ရာတေ အတံုးလိုက်အတစ်လိုက်ပေးသလိုဖြစ်နေခဲ့တာ။
ဟိုနေရာမသွားရဘူး ဟိုလူနဲ့မပေါင်းနဲ့ ဒါတေမလုပ်ရဘူး စသဖြင့်ချုပ်ခြယ်မှုတေက မွန်းကြပ်ကြပ်။
ချစ်ပါ မနှစ်စေနဲ့ ဆိုသလို ကင်မ်မေမေက ထိုစကားကိုလက်စွဲသံုးသည်။
အိုးကောင်းလိုချင်ရင် နာနာရိုက်ရမည်။
သားသမီးကောင်းစေချင်ရင် ဆံုးမရမည် ဆူပူရမည် စည်းစနစ်ကျအောင်ပံုသွင်းရမည် လက်ခံပါတယ်။
ခံစားချက်ရှိလူတစ်ယောက်ပါ သက်မဲ့မဟုတ်ဘူး
အတိုင်းထက်အလွန် အရိုက်ခံရပေါင်းများလာတဲ့သက်ရှိအိုးတစ်လံုးက ထုံထိုင်းသွားပြီး ခံစားချက်မဲ့ အေးစက်သွားတက်တာမေ့နေရောသလား။
ကင်မ့်မေမေက ကင်မ်ကိုမချစ်ဘူး။
သူချစ်က တော်စေချင်တဲ့သူ့လောဘ
တက်စေချင်တဲ့သူ့အတ္တ
လူရယ်လို့် ဖြစ်လာရင်အရာရာပြီးပြည့်စံုတယ်ဆိုတာ မရှိဘူး။ တစ်နေရာရာတော့ယွင်းချက်တေရှိနိုင်တာ နားမလည်ပေးနိုင်ဘူးလား။
ကင်မ့်ဝါသနာတေပိတ်ပင်ခံရပြီး မိခင်ရဲ့တစ်ချက်လွတ်အမိန့်တေကြား အချိန်ကြာမြင့်စွာနေလာရတာကြောင့် အေးစက်တယ် ခံစားချက်ကိုတော်ရံုမဖော်တက်တော့ဘူး ကိုယ့်အတွက်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှမငဲ့တက်တော့အထိ ကင်မ်သွေးအေးသွားခဲ့တာ။
တစ်ဖက်ပိတ်မတွေးကြစမ်းနဲ့!
ကံကြမ္မာရေးဆွဲရာ လိုက်ကနေတဲ့ သူတို့အားလုံး က နာကျင်မှုကိုယ်စီနဲ့ရယ်။
ကင်မ်ကတော့ တမူထူးသွားတာပေါ့လေ
ကင်မ့်မွန်းကြပ်မှုတေသာ မြင်နိုင်ရင် ကင်မ့်ခံစားချက် ကင်မ့်ပံုစံကို မင်းတုိ့နားလည်မှာပါ။
Advertisement
ခံစားချက်တေထုတ်ဖော်ပြသော်လည်း ဦးစားပေးမခံရတဲ့အခါ ဟိုးးးးအတွင်းစိတ်ထဲမှာပဲလှောင်ပိတ်ပြီး သော့ခတ်ထားပစ်လိုက်တာ ဆန်းသလား။ဝမ်းနည်းဝမ်းသာမခံစားတက်လာတော့ အများအမြင်မှာ ကင်မ်က လူကြမ်းကြီးပေါ့။
ဟက်!!
"ကင်မ်!!"
"အင်း! ဘာများလဲဒေစီ!"
"ဒယ်ဂူက ငါပြန်လာရင် လက်ထက်ကြမလား...ဟင်....ငါ......အိမ်ခွဲနေချင်ပြီ!"
လက်ထက်ရမယ်!! အချိန်ဆွဲလာတာ 3 နှစ်နီးပါးရှိနေတော့ မိန်းကလေးအတွက်ပြောစရာဖြစ်လာပြီ! ဒီတစ်ခါ ကင်မ်ရှောင်လွဲလို့မရတော့ဘူးလား။
ငါဘဝက ကိုယ့်အိမ်ထောင်ဖက်ကိုတောင် ရွေးချယ်ခွင့်မရှိတဲ့ဘဝ! ကျစ်! စိတ်ပြတ်ဖို့သိပ်သိပ်ကောင်း။
"ကျစ်!!!"
"ဟို.....ကိုအဆင်မပြေရင်လဲရ........"
"လက်ထက်ကျတာပေါ့ နောက် 5 ရက်လောက်နေရင်!"
ကားမောင်းမပျက်တည်တံ့စွာ ပြောလာတဲ့စကားတေကနောက်တာမဟုတ်နိုင်ဘူးမလား။ ဒေစီသိပ်ပျော်သည် ဒေစီပိုင်ဆိုင်ရတော့မည်။ သည်လူသားဟာ ဒေစီယောက်ျား ဒေစီ့အပိုင် ဆိုပြီး တရားဝင်ဟစ်ကြွေးခွင့်ရတော့မှာ။ ဘဝမှာတွယ်တာစရာထိုလူသားပဲရှိတာ ထိုလူသားရဲ့ ပိုင်ဆိုင်သူဖြစ်ချင်တဲ့ ဒေစီအိမ်မက်တေပြည့်ဝပြီ ကင်မ်ရယ်။
"တကယ်!.....တကယ်ကြီးပြောတာလား!....!"
"အွန်းတကယ်! ပွဲအတွက် ကိုယ့်ဇနီးလောင်းလေးကပဲပြင်ဆင်ပေး ကိုယ်ကအဲ့ဘက်တေအားနည်းတယ်!"
"အွန်း! အွန်း!"
ပျော်ရွင်မှုတေကြား ခေါင်းအသွင်သွင်ညိမ့်မိတာ ဘယ်နှခါမှန်းမသိ။ ကိုယ့်ဇနီးလောင်းလေးဆိုတဲ့ အခေါ်မှာ ဒေစီလေးလှလှပပရူးသွားကြောင်း။
အော်....အချစ်!အချစ်!......သိပ်ပြင်းတဲ့မူးယစ်ဆေးလိုပါပဲလား!
ဒီထဲမှာ ထယ့်ပံုစံကိုပံုဖော်မိမယ်ထင်ပါတယ်။
မိခင်ရဲ့ တင်းတင်းကြပ်ကြပ်စည်းကမ်းတေ ချုပ်ချယ်မှုတေကြား ခံစားချက်ကိုဦးစားပေးမခံရတဲ့နောက်ဆုံး အေးစက်သွားတာမျိုးပေါ့ ခံစားချက်မဲ့သွားပြီး စိတ်ထွက်ပေါက်အနေနဲ့ ဆိုးချင်တိုင်းဆိုးနေတဲ့ ကောင်လေးတစ်ယောက်ပေါ့!
ကဲကဲ ကံကြမ္မာကစီမံမဲ့ ဇာတ်ကအခုထိလိုရာမရောက်နိုင်ေသးဘူး အခုမှအစတောင်မရှိသေးပါဘူးနော် ဟီး
နိုင်ငံရေးတေ သင်တန်းတေ ကြောင့် update ကြာကြာနေတာ ဗယ်ရိုဖြည်းဖြည်းခြင်း အရေးအသားထိန်းနေတာလဲပါတာပေါ့ 😖
Thanks for your🌟 💬📖
//////////////////////////////////////
*Zawgyi*
ချွေးစတချို့ဖြင့် နာကျင်မှုကို အောက်နှုတ်ခမ်းကိုဖိကိုက်၍ ဖွသေိမျ့နပေုံလေးက သိပ်လှရက်လွန်းတဲ့သက်ဝင်ပန်းချီကား! ငွေ့ရည်ဖွဲ့နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းကြီးနေနဲ့ ရွှန်းရွှန်းစားစားခစားလာရင် မောဟိုက်နေတဲ့ကြားကရယ်မောမိသည်အထိ သဘောကျကြောင်း ထယ်ယောင်းပြသမိသည်။
အချစ်ဆိုတာ အသွားအပြန်ရှိပါတယ်ဆိုတဲ့ စကားကိုတော့ ယုံမိနမေလား?။
//////////////////////////////////////
*တောင်*
*Daisy*
/////////////////////////////
"Dar!........"
*တောင်!!*
Advertisement
- In Serial29 Chapters
Runtime Error
Surprisingly, in the fantasy LitRPG genre. A girls death forms the foundation for a plan centuries in the making. But when she shakes off their control, and forces the plans of beings millenia old to change, can she avoid being tied up as a loose end? With only what she could take with her in her mind, and a new body with surprising depths, she begins her new life in a world unlike her own. This is my first writing project in almost a decade, so there is going to be a lot of improvements from me as I shake off the rust. And of course, as the world I'm creating comes to life! So if you like the concept, please bear with me, and hopefully I'll reach the high standards I know you have. Edit (04/04/2018): Witness the power of my complete lack of any artistic talent! There is now cover art for this fiction. Its just barely better than the default, but hey, minimalism is in, right?
8 175 - In Serial62 Chapters
The Adventure in Arios (Isekai LitRPG)
In the Land of Arios, The Gods Realm. Where all is possible and all is found. Join Morpheus in his adventure in Arios. He encounters all of the unknown, battles the mighty and trains like he doesn't feel pain. Inspired by Azarinth Healer, Defiance of the Fall and Arcane Emperor. This is my first time writing so I apologise for the grammar and spelling in advance. I'm open to criticism so please mention it in the comments and I will see to it in the future. No harems unfortunately sorry to dissapoint, but there is a lot of gore and scenes of a sexual nature.
8 196 - In Serial54 Chapters
Nature's Kingdom
Nature I, a.k.a Nature's Kingdom: Worlds are changing. With the rapid increase of hallowed, metahumans, and superpowered beings, hints of events with cataclysmic proportion can be seen on the horizon. Phenomena that has not been witnessed since the Age of Gods. Mercy Gaunt, a somewhat popular teenage girl, finds her life turned upside down as she is dropped into the world of ‘Capes’ and mythical beings. A world of war, conspiracy, and political intrigue. Full of battles that have lasted millennia with deep grudges that had taken root in the past. As she remembers her childhood dream for utopia, Mercy must decide if she has what it takes to protect the people she loves. *Please comment and review if you take the time to read, I would love to hear your thoughts.* Support my Patreon or Paypal if you wish! Rewards for donating can be seen here. ~Do you have what it takes to Fight for your Wish?~
8 323 - In Serial62 Chapters
Alive bond
Humans have always had the privilege of building and protecting their bonds themselves. Well,they haven't done a very good job so far. Angelica is the first bond to be made human. And she is being hunted down by the Shadows as food. She is young,inexperienced and alone with her two sources. What can she do? But everything changes when the younger Prince of Shadows dies. Now with the Shadows preoccupied with their Prince's reincarnation,will Angelica exploit this unique opportunity to prepare herself for the battle that could determine the future of human kind? Will she gain new allies along the way? And who in the end will be her real enemy?
8 135 - In Serial35 Chapters
The Damn Hunter
Yang Guang is the last hunter protecting his city from The Damn, creatures from another universe aiming to harm humans to strengthen themselves but the damn are not the only problems that Yang Guang need to face as he ventures beyond the small city into the world and discover a secret that should not be reveal for another two thousand years.
8 234 - In Serial47 Chapters
Dragon Gods king / King of the Dragon Gods : Soaring through whole world
This story is about an immortal true dragon main lead, who was born with strange kind of powers... He was child of the king and queen of all dragons race,but was rejectet by his family because of not having bloodline of their family.. He was kicked out of the empire and there he goes to a demi dragon forest where he meets a girl and falls in love... But is life truly that easy ? Will his life be that easy and simple.. ?? Lets join our main protoganist at his journey,journey where he goes through any life and death battles and meets many life and death friends and how he becomes king of all dragons gods...... Dragon gods king / king of all dragon gods : soaring through whole world : beginning of the final universal war part 1 (on going)
8 246