《Sour Candy》part 4💔
Advertisement
*Unicode*
Darlingကသူ့လက်ဆွဲပြီး ဆိုင်ပြင်ခေါ်ထုတ်လာကာ ဟန်မြစ်ဘေးကလျှောက်လမ်းစီခေါ်လာခဲ့သည်။
Darlingကနားလည်ရခက်သည်။ သူစိမ်းတေအဖြစ်နေဖို့ပြောတာလဲDarling အကို့ရှေ့မှာရင်းနှီးတယ်လို့ပြောတာလဲDarlingပဲ။
ထိုင်နေတဲ့သူ့ကိုကျောပေးကာ ဟန်မြစ်ဘက်လှည့်ထားတဲ့ Darlingစီကအသက်ရှူသံပြင်းပြင်းတေကြားနေရသည်။
မြင်နေရတဲ့ကျောပြင်ကျယ်ကြီးကို နောက်ကနေထွေးပိုက်ထားချင်တယ် အတွေးထက် လူကDarlingအနားရောက်သွားပြီး Darlingခါးထက်သူ့လက်နှစ်ဘက်ဖြင့် တင်းကြပ်စွာဖက်လိုက်ပြီး မျက်နှာနုနုလေးကို ကျောပြင်ကျယ်ကြီးနှင့်ထိကပ်လိုက်သည်။နှာခေါင်းဝသို့ကြည့်စယ်လာတဲ့ Darlingရဲ့ယောက်ျားဆန်တဲ့ကိုယ်သင်းနံ့ကိုတစ်ဝကြီးရှူးရှိုက်ပစ်လိုက်သည်။
"လွမ်းနေခဲ့တာ! Darlingကိုအရမ်းလွမ်းနေခဲ့တာ!"
ခပ်အက်အက်အသံလေးအကြား ထယ်ယောင်းရင်ထဲကြည်နူးမှုလိှုင်းလေးဖြတ်ပြေးသွားရသည်။
ဂျောင်ဂုနဲ့ဟိုဂီရဲ့ရင်းနှီးလွန်းတဲ့ အပြုအမူတေကြား စိတ်အလိုမကျစွာထိုကောင်လေးလက်ကိုဆွဲကာ ထွက်သာလာခဲ့တာ ဘယ်ကိုသွားရမှန်းသူမသိ!ဂျောင်ဂုကိုဟိုဂီနဲ့နီးကပ်စွာမြင်နေရတာ သူ့အတွက်အရှုံးသမားလိုခံစားချက်ကြီးဖြစ်ပေါ်စေတာကြောင့် ဟိုဂီနဲ့အဝေးကိုခေါ်ထုတ်လာပြီး ဦးတည်ရာကဟန်မြစ်ဖြစ်ခဲ့သည်။
"အွန်း!!!!"
"အာ.......တောင်းပန်ပါတယ်!!ငါ......ငါစိတ်မထိန်းနိုင်ပဲ!"
"မလိုဘူး!!!!မတောင်းပန်နဲ့!!!!"
အေးစက်စက်လေသံဖြင့် ဆတ်ခနဲ့လှည့်လာတဲ့Darlingက ဖြုတ်ချတော့မဲ့သူ့လက်တေကို နာနာဆုတ်ကိုင်ပြီး သူ့မျက်ဝန်းတေကိုစူးစိုက်ကြည့်သလိုဖြင့် ရေှ့တိုးလာသည်။
အကြည့်တေကိုရင်မဆိုင်နိုင်၍ ရှောင်လွဲဖို့ရာကြိုးစားပေမဲ့ Darling ကသူ့မေးဖျားကို ဆွဲယူကာ မျက်ခံုးတန်းတို့ကိုတွန့်ချိုးပြီး နှုတ်ခမ်းပါးကိုလက်မဖြင့်လာပွတ်သပ်နေသည်။
"ထယ်ယောင်း!!........."
"မင်းကလေငါမကြိုက်တာတေလုပ်ဖို့ အမြဲတွေးနေတာလား!!!!"
"ဟင်!........"
"ဟိုဂီရှေ့မှာဆိုတော့ ငါကမင်းအတွက်သူစိမ်းဖြစ်သွားတာပေါ့လေ!ဟက်!ရည်စားအသစ်ရှေ့ ဆိုတော့လဲဖံုးကွယ်ထားချင်မှာပေါ့!......အေးလေ!"
"မဟုတ်ဘူး!!........Darlingထင်သလိုမဟုတ်ဘူး!! အကိုနဲ့ငါက ဒီတိုင်း ညီအစ်ကိုလိုပဲ!အထင်မလွဲပါနဲ့!!!"
"ညီအစ်ကိုတေက လက်ကိုင်လိုက်ပါးကိုင်လိုက်လုပ်တယ်လား!!......."
"ကျိန်ဆိုကျိန်ပါတယ်Darlingရယ်!!ငါချစ်တာမင်းတစ်ယောက်ပဲရှိတာ မင်းသိရဲ့သားနဲ့!!အ့!"
ကိုင်ထားတဲ့သူ့လက်ကိုအားအရမ်းပါစွာတစ်ချက်ညစ်ပြီး Darlingကသူကိုဖက်လိုက်သည်။
ရုတ်တရက်ဆိုသလို ခြေဖျားလက်ဖျားတေအေးစက်လာရပြီး ရင်ခုန်နှုန်းတေဟာ အမြင့်ဆံုးဒီကရီသို့။
သဘောကျသည်ထက်ပိုသည် မတောင်းဆိုပဲလက်ရဲဇက်ရဲလုပ်တက်လွန်းတဲ့Darlingအမူအကျင့်တေကို အရူးတစ်ယောက်လိုစွဲလန်းပြီး ချစ်နေရတာ!!
လောဘတက်စွာ Darlingရဲ့ပွေ့ဖက်မှုတေကိုငါတစ်ယောက်ပဲရသင့်တယ်ဆိုတဲ့အတွေးက ဦးနှောက်ထဲဝင်ရောက်လာပြန်တော့ ခုန်နေတဲ့နှလံုးသားကတဆစ်ဆစ်ရယ်။
ဂျောင်ဂုရယ် Darlingကိုပိုင်သူရှိပြီးသား ဘာတေမျှော်လင့်နေတာလဲ!!!ဒါမဲ့ တစ်ခဏလောက်လေးပဲအနားခေါ်ထားလို့မရဘူးလား
တစ်နာရီလောက်လေးပဲဖြစ်ဖြစ်ပိုင်ဆိုင်ထားလို့မရဘူးလား!!!
"ကူးငယ်!!........."
"ဟင်!...."
ကူးငယ်တဲ့ အနူးညံဆံုးအသံနဲ့သူ့အားခေါ်လိုက်တဲ့ သူထံ အံ့ဩခြင်းများနဲ့ မော့ကြည့်နေမိသည်။
"ဟိုဂီနဲ့ရင်းရင်းနှီးနှီးမနေပါနဲ့လား! ကိုယ်မကြိုက်ဘူး!"
Darlingမကြိုက်ရင် ဝေးဝေးရှောင်ပေးမှာပေါ့ ဒါမဲ့
"မင်းကငါနဲ့ဘာပတ်သတ်လို့ လာချုပ်ချယ်နေရတာလဲDarling!!အမှန်ဆို မင်းမှာပိတ်ပင်ခွင့်မှမရှိပဲ!!"
ခပ်အက်အက်အသံဖြင့် မထင်မှတ်ထားတဲ့ကူးငယ်စီက တံု့ပြန်မှုကြောင့် ေဒါသမထွက်မိပေမဲ့ စိတ်ထဲတော့အလိုမကျပေ။
သူနဲ့ကိုယ်ကတွဲနေတော့တာမဟုတ်ဘဲ လိုက်ချုပ်ချယ်တော့ သူလဲဘယ်ခံချင်ပါ့မလဲ!!!ဒါမဲ့ မင်းကတော့ငါ့ထိန်းချုပ်မှုအောက်မှာပဲရှိနေသင့်တာ!!!!
"ပြန်တွဲကြမလား!!!!ကူးငယ်!!!"
မျက်ဝန်းတို့ကိုလေးလေးနက်နက်စိုက်ကြည့်ပြီးပြောလာတာကြောင့် ဂျောင်ဂုရင်ထဲအပျော်လှိုင်းလေးဖြတ်ပြေးသွားရပါသည်နှင့် တစ်ပြိုင်နက်
Darling သူ့ကိုပြန်လာကစားတာလားဆိုတဲ့အတွေးနဲ့ဝမ်းနည်းရပြန်သည်။
သို့သော်
ချစ်ရသည်မဟုတ်လား ထိုလူသားကိုသူသိပ်ချစ်ရသည်။ကစားနေမှန်းသိရင်တောင် Darlingအနားမှာခဏလေးဖြစ်ဖြစ်နေချင်သေးတာကြောင့် သူလက်ခံချင်သည်။
ဦးနှောက်ကခွင့်မပြုပေမဲ့ နာကျင်မှုတို့အသားကျနေတဲ့နှလံုးသားကလက်ခံလိုက်တဲ့!!!!
နာကျင်ရမယ်ဆိုရင်တောင် အနည်းဆုံး မောင့်အနားရှိနေရဦးမည်တဲ့လေ။
"ကူးငယ်လက်မခံရင်လဲ.......!"
"တွဲကြမယ်Darling!!!ငါ့ကောင်လေးလုပ်ပေး!"
"ဟဟ!!!ကောင်းပါပြီ!!!! ကိုယ်ကမင်းလက်မခံလောက်ဘူးထင်နေတာ!!!!"
သူ့ခေါင်းထက်ကဆံနွယ်ကိုအသာဖွပြီး စကားဆိုလာတဲ့ Darlingက တွေ့ရခဲသည့် လေးထောင့်ဆန်ဆန်အပြုံးလေးဖြင့်!!!
ဒီတစ်ခါကြရင် မင်းကိုငါ့အနားမှာတက်နိုင်သလောက်ဆွဲထားချင်မိတယ်Darling!!!!
ဇနီးလောင်းရှိပြီးသား ယောက်ျားသားတစ်ယောက်ကိုရယူလိုစိတ်ပြင်းပြနေတဲ့ငါက ဗီလိန်များဖြစ်နေမလား!!ငါကသိပ်အတ္တကြီးတယ်နော်
"ငါကမင်းကိုချစ်ရတဲ့သူလေ!!!မင်းထားရာနေစေရာသွားမဲ့ချိုချဥ်လေးတစ်လံုး!!!"
"ဟင်!!....ချိုချဥ်????အရုပ်မဟုတ်ဘူးလားကူးငယ်ရဲ့!!"
"ဟင့်အင်း!!!!ထားရာနေစေရာသွားတဲ့အရုပ်တေကလောကထဲမှာ ပေါလွန်းတယ်!ငါကချိုချဥ်လေးတစ်လံုးပဲဖြစ်ချင်တာ!!!!Darlingစားသံုးမဲ့စတော်ဘယ်ရီအရသာနဲ့ချိုချဥ်လေးလေ!!!"
"စကားတေတက်နေတာပဲ!!!အဲ့နှုတ်ခမ်းလေးက!!"
ပြွတ်စ့်!!
လျှပ်တစ်ပျက်ထိရံုမျှထိပြီး ဖယ်ခွာသွားတဲ့Darlingအနမ်းကြောင့် ခြေဖျားလက်ဖျားလေးတေအေးစက်လာရသည်။တကယ်က ဟန်မြစ်ဘေးမှာလေအရမ်းတိုက်လို့ပါ!!!
"ကူးငယ်!!!!"
"Yes! Darling!! "
"ဟိုဂီနဲ့ ဝေးဝေးနေ!!!!!မင်းနဲ့သူ့ကိုနီးနီးကပ်ကပ်မြင်ရတာကိုယ်မကြိုက်ဘူး!!!"
"ခ်ခ်!!!!Darlingက သဝန်တိုတာလား!!"
"မဟုတ်ဘူး!!!သဝန်တိုတယ်ဆိုတာ အချင်းချင်းချစ်ကြိုက်မှဖြစ်ပေါ်တဲ့အရာလေ!ကိုယ်ကမင်းကိုမှမချစ်တာကူးငယ်!!!"
အာ.....ဟုတ်သားပဲ ငါဘာတေပြောနေမိတာပါလိမ့်!!!Darlingအဖြေကိုသိရဲ့သားနဲ့ ပြောင်းလဲသွားမလားဆိုပြီးသိချင်ခဲ့တာ အခုတော့ကိုယ်ပဲဝမ်းနည်းရတယ်!!!
မျက်ရည်ရစ်သိုင်းလာတာကြောင့် မျက်တောင်ပုတ်ပစ်လိုက်ပြီး Darlingကိုကျောပေးကာ ဟန်မြစ်ကြီးကိုမျက်နှာမူနေလိုက်သည်။
"ဒါဆိုဘာလို့များလဲ!!"
"ကလေးတေလိုပေါ့ ကိုယ့်ချိုချဥ်ကိုကိုယ်တစ်ယောက်တည်းအပိုင်လိုချင်တာ!!တစ်ခြားသူနဲ့မဝေမျှနိုင်ဘူး!ထိုချိုချဥ်ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ! အဓိကက ကိုယ့်ပိုင်ဆိုင်တဲ့အရာကိုကိုယ်ကလွဲပြီး တစ်ခြားသူမထိရဘူး!!!"
အင်း......Darlinကလောဘကြီးတယ်!!တစ်ကိုယ်ကောင်းဆန်တယ် ငါရော!!!ငါလဲမင်းကိုပိုင်ချင်တယ်!!!!မင်းငါ့ကိုချုပ်ချယ်သလိုငါမှာလဲချုပ်ချယ်ပိုင်ခွင့်ရချင်တယ်
အင့်!
နောက်ကနေသိမ်းဖက်လာတဲ့Darlingကြောင့် လူက အင့် ခနဲ Darlingရင်ခွင်ကျယ်ကြီးထဲမြုံသွားရသည်။
"ငါမင်းကိုပိုင်တယ်မဟုတ်လားကူးငယ်!!"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒေစီယာ ရိုးရိုးရှင်းရှင်းလေးနဲ့သိပ်လှတဲ့သူမ စိတ်ထားဖြူစင်တာကြောင့် လူချစ်လူခင်သိပ်ပေါသည်။ရိုင်းပင်းကူညီတက်တဲ့ သူမရဲ့ဘဝက ခက်ခဲမှုများနဲ့သာပြည့်နှက်လို့နေသည်။
ချမ်းသာလွန်းတဲ့မိသားစုမှမွေးဖွားလာတဲ့သူမကချစ်ခြင်းမေတ္တာ နွေးထွေးမှုတေမှလွဲ၍ အရာရာပြီးပြည့်စံုသည်။ မိဘရဲ့ပစ်ပယ်မှုကို မွေးဖွားစဥ်ကတည်းကခံရတဲ့သူမက အထီးကျန်တဲ့ခံစားချက်ကို အဖော်ပြုရှင်သန်ခဲ့ရတာ အဆင်ပြေတယ်ထင်သလား။ပျော်ရွှင်ခြင်းဆိုတာဘာမှန်းမသိသော်လည်း အပြုံးတစ်ပွင့်ကိုအမြဲပန်ဆင်ထားတက်တာ ဟန်ဆောင်ကောင်းတယ်ဆိုရမလား။ ဒိတ်ဒိတ်ကျဲ DS Company ရဲ့ CEO ဖြစ်သည့်အလျောက် အယောင်ဆောင်မိတ်ဆွေတို့က သိပ်ပေါသည်လေ။ အပေါင်းအသင်းမထားတဲ့သူ့အတွက် နေ့ရက်တိုင်းမှာ အထီးကျန်မှု ဝမ်းနည်းမှုတို့သာ ရှိနေတက်သည်။
ကင်မ့် ကိုမတွေ့ခင်ထိပေါ့။ Mrs Kim နဲ့အစည်းအဝေးလာတက်တဲ့ ဂျီကန်ကန်ကောင်ဆိုးလေးကင်မ်ကို မြင်မြင်ခြင်းချစ်မိသွားခဲ့ ဒေစီယာ!!!
ပထမဦးဆံုး ဒေစီယာ လိုချင်လောဘတက်ခဲ့တဲ့ အရာက ကင်မ်ထယ်ယောင်း!!!ကင်မ် ကိုငွေကြေးအရှိန်အဝါနဲ့ သွားကမ်းလှမ်းတော့ Mrs Kim ကချက်ချင်းလက်ခံပေးခဲ့သည်လေ။
သို့သော်
ကင်မ် ကတော့သဘောမကျဟန်!!!လက်ထက်ပွဲကိာအကြောင်းပြု၍ ဒေစီယာ နဲ့ ကင်မ် တွဲဖြစ်သည့် ကာလတစ်လျှောက်သိလာသည်က ကင်မ်က ရည်းစားပေါသည်ဆိုတာပင်။သူမကြိုက်ပေမဲ့မတားခဲ့!!မတားရဲတာဆိုပိုမှန်လိမ့်မည်။
Advertisement
Mrs Kimကတော့ ပြောပါတယ်!ကင်မ်က "အချိန်တန်ရင်သူ့ကိုပဲလက်ထက်မှာပါတဲ့"ထိုစကားနဲ့တင်ကျေနပ်ရပါသည်။
"ဒေစီယာ!!!!"
"အော်......Omma !!"
"ကျစ်!!!!မင်း ဒယ်ဂူဘက် ဆင်းရမယ်!!!"
"ဟင်.......ဒေစီ အလုပ်တေမပြတ်သေး.....!"
"$စကားမများစမ်းနဲ့!!!!သွားဆိုသွားလိုက်လေ!နင့်အဲ့အလုပ်တေက မသေမချင်းလုပ်လို့ရတယ်!!!"
"ဟုတ်ပါပြီရှင့်Ommaကလဲစိတ်ကြီးပဲ!!!"
ဒေစီမှာတော့ အပြုံးချိုချိုလေးဖြင့် ပြောနေသော်လည်း အမေဖြစ်သူကတော့မလိုလားတဲ့အကြည့် စိတ်ရှုပ်တဲ့အကြည့်ဖြင့်ကြည့်လို့နေသည်။
မလိုလားပဲမွေးလာတဲ့ကလေးကို သူ့မိဘတေအမြင်မကြည်ကြတာမစမ်းပါဘူးလေ။
*ဘဝမှာတစ်ခါလောက်လေးဖြစ်ဖြစ်အချစ်ခံရရင်သေပျော်ပါပြီ!!*
ဘယ်သူ့စီကဘာမှမမျှော်လင့်ပေမဲ့ ကင်မ့်စီကဂရုစိုက်မှု အချစ်ကို သူရချင်သည်။
သို့သော်
ကင်မ်ကသူ့ကိုမချစ်ဘူး!!!!!
တွေတွေေလးပြုံးလိုက်ရင်း လောကကြီးကမတရားဘူး ငွေကြေးပြည့်စံုတာကလွဲရင် သူဘဝကသေလူအတိုင်းပဲ!ဟက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Darling!........ဟို......"
မရဲတရဲဖြင့်ခေါ်လာတဲ့ အသံပိစိလေးဟာအသဲယားဖွယ် ။
"ပြောပါဗျ!!"
"နမ်း.......နမ်းလို့ရမလား!!......"
ပါးလေးရဲကာ မျက်နှာမဖော်ပဲ အုန်းသီးကေခေါင်းလံုးလံုးကိုငံုထားတဲ့သူလေးက သူဘာသူပြောပြီးအရှက်သည်းနေလေရဲ့။
ထိုအပြုအမူလေးကြောင့် ထယ်ယောင်းနှုတ်ခမ်းကော့ညွတ်သွားရသည်။
ငံု့ေနတဲ့ခေါင်းလေးကိုမေးဖျားကနေ ဆွဲယူကာ စတော်ဘယ်ရီချိုချဥ်လံုးလေးကဲ့သို့ ရစ်မူးဖွယ်နှုတ်ခမ်းလံုးလံုးလေးကို တစ်ရစ်ခြင်းစုပ်ယူလိုက်သည်။
အွတ့်!!!ပြွတ်စ့်!
အောက်နှုတ်ခမ်းကို တစ်လှည့် အပေါ်နှုတ်ခမ်းကိုတစ်လှည့်စုပ်ယူရင်း အားမရလာတဲ့ထယ်ယောင်းအနမ်းတေကြား အမှီလိုက်နေတဲ့ဂျောင်ဂုလေးဟာ ချစ်ဖို့ကောင်းနေသည့်အတွက် ထယ်ယောင်းမနေနိုင်စွာ အောက်နှုတ်ခမ်းအောက်ကမှည့်နက်လေးကို ကိုက်ဆွဲလိုက်သည်။
အ့
မချစ်ဘူးဆိုသော်ငြား ဒီလူသားရဲ့နှုတ်ခမ်းကိုထိတွေ့မိတိုင်း သဘောကျသည်ထက်ပိုတဲ့ခံစားချက်ကို ထယ်ယောင်းသတိထားမိပါသည်။ အနမ်းတို့ကြား ပျော်ဝင်နေပြီး မှိတ်ထားတဲ့မျက်ဝန်းလှလှလေးပေါ်က ကော့ညွတ်ညွတ်မျက်တောင်လေးတေက ရူးသွားဖို့လံုလောက်အောင် ရီတွက်ချင်မိသည်။
ရင်ဘတ်စီအသာတွန်းလာတဲ့ လက်ဖြူဖြူလေးနှစ်ဖက်ကို အသာဖမ်းကိုင်ကာ အသံမြည်အောင်တစ်ချက်စုပ်နမ်းပြီး နှုတ်ခမ်းသားနှစ်ခုဖယ်ခွာစေလိုက်သည်။
"မင်းနှုတ်ခမ်းကချိုတယ် ကူးငယ်!!"
"ဟင်!......."
"တကယ်ပြောတာ!! "
"Darlingနော် "
အရှက်သည်းနေတဲ့ ဂျောင်ဂုကအဖြူရောင် Hoodie ကြားကစတော်ဘယ်ရီသီးလေးလိုပင်။
ထိုပံုစံလေးကိုကြည့်ရင်း ထယ်ယောင်းသဘောကျစွာ အသံထွက်အောင်အော်ရယ်မိသည်။
ဂျောင်ဂု Condo ရှေ့ထိလိုက်ပို့ပြီး ပြန်မယ်အလုပ်သည်းမဲစွာရွာချလာတဲ့မိုးကြောင့် ထယ်ယောင်းစိတ်ရှုပ်ရသည်အမှန်ပင်။
"Darling! မိုးကအရမ်းသည်းနေတာ ဒီမှာပဲအိပ်သွားပါလား ဒါမှမဟုတ်မိုးတိတ်မှပြန်ချင်ပြန်လေ!"
မိုးသားတို့မဲမှောင်နေပြီး သည်းသထက်သည်းလာသည့်မိုးကိုတစ်ချက်ကြည့်ပြီး လက်ကနာရီကိုကြည့်လိုက်တော့ 5:00pm ထိုးနေလေပြီ။
ဟူး..........သက်ပြင်းကိုအကြိမ်ကြိမ်ချကာ ဦးနှောက်ထက် နှလုံးသားရဲ့ခံစားမှုကိုဦးစားပေးပြီး ဒီတစ်ညတော့ ထိုကောင်လေးနဲ့ကုန်ဆံုးဖို့ဆံုးဖြတ်လိုက်သည်။
ထိုကောင်လေးပျော်နေခဲ့တာများ ယုန်သွားလေးတေပေါ်လို့!
အချစ်ကိုမရူးသွပ်စမ်းပါနဲ့ ဂျွန်ဂျောင်ဂုရာ!!
ရူးသွပ်မိရင် သေလောက်အောင်နာကျင်ရတယ်ဆိုတဲ့ အချစ် ငါမခံစားဖူးပေမဲ့ မရူးသွပ်ဖို့ပဲမင်းကိုပြောနိုင်တယ်!မင်းရူးတဲ့အချစ်က ငါဖြစ်နေတော့ ပိုနာကျင်နိုင်တယ်ကူးငယ်
လေပြင်းတိုက်၍ မိုးသည်းကာအေးစိမ့်နေသောရာသီဥတုတွင် ဂျွန်ဂျောင်ဂုတစ်ယောက်သာ ချွေးစီးပျံနေခဲ့သည်။ ပံုမှန်လိုအေးစက်စက်မျက်နှာထားနဲ့ Darlingကဒီညမှပိုကြည့်ကောင်းနေသလိုပင်!
သဘောကျသည်ထက်ပိုလွန်းတယ်!သူ့စကားကိုလက်ခံပေးတဲ့ Darling ကြောင့်ရင်တေဘယ်လောက်ခုန်သွားလဲသူသာအသိပင်။
ဘယ်အချိန် လမ်းခွဲမလဲမသိရတဲ့ဘဝမှာ ခဏလောက်လေးဖြစ်ဖြစ် Darling ကိုသူ့အနားပဲရှိစေချင်တာ သူရဲ့ ဖြူစင်တဲ့အတ္တလေးပါ။
ပိုင်ဆိုင်ချင်တာပေါ့ အေးစက်စက်လူသားကို ပိုင်ဆိုင်ခွင့်မရှိဘဲ
ကင်မ်ထယ်ယောင်းဆိုတဲ့ဖြစ်တည်မှုက သူ့အတွက်ငေးကြည့်ယံုလောက်နဲ့တင်းတိမ်ရမဲ့ သက်ရှိလေး!Darling သာ သူ့ရဲ့အသက်နဲ့ခန္ဓာတောင်းရင်တောင် မတွန့်တိုပဲပေးရဲသည်အထိကို ရူးသွပ်နေမိပြီ အင်း......ပြောရရင် သူ့အချစ်တေကိုတားဖို့ဆေးမမှီတော့ဘူး
"Darling ကုတင်ပေါ်မှာအိပ်လိုက်ငါ ဆိုဖာမှာအိပ်လိုက်မယ်!"
Darling အနေမကြပ်စေဖို့ ရည်ရွယ်သော်ငြား Darling သည်တော့ သူ့အားစိုက်ကာ အလိုမကျသလိုကြည့်လာပြန်သည်။
သဘောရိုးဖြင့် ကြည့်နေခဲ့တာပါ သို့သော် သို့သော် သူ့ရင်တေအတိုင်းမသိခုန်စေသည်။ ကျရှုံးခဲ့ရတဲ့ထဲ ထိုအကြည့်စူးစူးတေလဲပါနေခဲ့တယ်။
အချစ်ဦးမို့ သိပ်စွဲလန်းခဲ့တာ အချစ်ဆံုးမို့ အနားမှာပဲရှိစေချင်တာ နှလုံးသားဟာ နာကျင်မှုတို့ပေးလွန်းသည့်လူသားကိုမှ ရူးသွပ်နေမိတော့ ရုန်းမထွက်ချင်တော့ပါ ဒီတိုင်းလေး အင်း......ဒီတိုင်းလေးပဲ အချစ်ရူး ရူးနေချင်ခဲ့တာ!
"ဟို!......ငါရေချိုးလိုက်ဦးမယ်!"
"မိုးတေရွာနေတာကို!"
"ဟင်.........အင်း!ရေမချိုးရရင်မနေတက်လို့!"
"ပြီးရော!......"
ဖြူစင်တဲ့အပြုံးလှလှလေးနဲ့ ဖြေလာတဲ့ ကောင်ငယ်လေးက သိပ်လှပါသည်။ ဘာကြောင့်များ ဒီကောင်လေးကိုမချစ်နိုင်ရတာလဲ သူကိုယ်တိုင်အဖြေရှာမရသည်အမှန်။ ထယ်ယောင်းမလိမ်ရပါဘူး! ကူးငယ် သူမဟုတ်တဲ့ တစ်စံုတစ်ယောက်နဲ့ရှိနေရင် အတူတွဲမြင်နေရရင် ဟိုအနက်ရှုိင်းဆံုးတစ်နေရာက ဒေါသသိပ်ထွက်ရသည်။ အသားချင်းထိတွေ့နေတာမြင်ရင်ပိုလို့ပင်ဆိုးရွားလှပါရဲ့။ ထိုခံစားချက်ကို ထယ်ယောင်းသဘောမကျပါ။ ပူလောင်လွန်းတယ် အရှိန်အဟုန်ပြင်းပြင်းနဲ့ပေါက်ထွက်တော့မည့်မီးတောင်တစ်ခုလို သူ့ခံစားချက်တေရှုပ်ထွေးလာရတာတိုင်း ရူးမတက်ပဲ!
"အမေ့!!!!!.......ဟာမီးပျက်သွားပြီ!!"
သည်းသည်တက်ပိုသည်းကာ အငြိုးကြီးစွာ ရွာချလာတဲ့မိုး ဘယ်အချိန်ကတည်းကဖြတ်ချင်နေမှန်းမသိတဲ့ EPC ကမီးဖြတ်ချလိုက်သည်နှင့် တစ်ခန်းလံုးအမှောင်ယံတို့ကြီးစိုးသွားကာ မီးအိမ်တစ်ချို့၏ ခပ်ဖျော့ဖျော့အလင်းရောင်သာရနေသည်။အချိန်ကိုက်ပင်
ဂျောင်ဂုတစ်ယောက်ရေချိုးခန်းကထွက်လာနှင့်စံုသည်။
"Darling အဆင်ပြေရဲ့လားတော့မသိဘူး ငါ့ကတစ်တည်းသမားဆိုတော့မီးအပိုတေမဆောင်ထားဖြစ်...........အွတ့်!"
Darling ကသူ့ရှိတဲ့နေရာကို လှမ်းလာပြီး ခါးကိုအားပါပါဆွဲဖက်လိုက်သည်မို့ ရင်ဘတ်နှစ်ခုဟာ ထပ်တူကျနေသွားခဲ့သည်။ မြန်ဆန်လွန်းတဲ့ Darling လှုပ်ရှားကြား အသက်ရှူဖို့ပင် မေ့လျော့လျက်။ ပေါက်ထွက်မတက်ခုန်လွန်းနေတဲ့ နှလုံးသားကို ခံစားမိမယ်ထင်ပါရဲ့။
Darling အပြုအမူတစ်ခုစီတိုင်းအပေါ် လိုက်ရူးသွပ်နေရတာ ကြာရင်တကယ်ရူးသွားနိုင်ချေရှိတယ်။ စူးရှရှအကြည့်တေမဟုတ်ဘဲ ရီဝေဝေအကြည့်တေက ပိုရူးသွပ်ဖို့ကောင်းတယ် Darling သိရဲ့လား! ပြုစားပါ အရာအားလုံးထက် မင်းတစ်ယောက်တည်းကိုပဲရူးရူးမိုက်မုိက်ချစ်နေမိအောင် တော်ယံုပဲပြုစားစမ်းပါ !မင်းမပြုစားလဲ ဒီလူက ကင်မ်ထယ်ယောင်း ဆိုတဲ့ နာမည်လေးကြားတာ ရူးမိုက်နေအောင် ချစ်ပစ်ချင်နေပြီးသားမို့။
နှုတ်ခမ်းပါးပါးထက် လက်မဖြင့်ပွတ်ဆွဲနေတဲ့ Darlingဟာ သူ့နှုတ်ခမ်းကိုသာ ရီဝေဝေညို့အားပြင်းပြင်းစိုက်ကြည့်သည်။
"ဂျွန်ဂျောင်ဂု!......"
"Yes! Darling"
Advertisement
"ဟဟ!......."
ရယ်သည် ထိုအမျိုးသားကသဘောကျစွာရယ်မောသည်။ မီးရောင်ဖျဖျအောက်မှာ လေးထောင့်ဆန်ဆန်အပြုံးက သိပ်ခမ်းနားလွန်းတယ်။ ထိုအပြုံးကသူ့ကြောင့် ဖြစ်ပေါ်လာသည်မို့ ဂျွန်ဂျောင်ဂု တို့ သိပ်သဘောကျသည်။
"တိုက်ခန်းက အသံလံုလားကူးငယ်!"
"လုံပါတယ်! ဘာလို့များလဲ!"
"အမ်း!.......မင်းရဲ့အော်ညည်းသံတေတစ်ခြားခန်းကကြားကုန်မှာစိုးလို့!!"
"ဟင်........အွတ့်!.....!"
ကြမ်းတမ်းသောအနမ်းတေနဲ့အတူ အင်္ကျီအောက်လျိုဝင်လာတဲ့ သန်သန်မာမာလက်တေ
အင်း.........Darling က ဟိုးအနက်ရှိုင်းဆံုးထိသွားဖို့ လုပ်ဆောင်နေတယ်ထင်ပါရဲ့။
သဘောပါ အရာအားလုံးကို Darling သဘောအတိုင်းလုပ်ဆောင်ပါ မငြင်းဆန်ရက်တာမို့ သိပ်ချစ်တာမို့ ပေးဆပ်နေတာ ဈေးပေါတယ်လို့တော့မထင်လိုက်ပါနဲ့
လေကြမ်းတေတိုက်ခတ်ကာ မိုးသည်းနေတဲ့ည ချိုချဥ်လေးတစ်လံုးက အသံုးတော်ခံနေရ၏။
ချိုချိုလေးလာဖြစ်မယ်ထင်ပါရဲ့
ဒီဇာတ်လမ်းမှာ ကောင်လေးတေကိုမမုန်းဖို့ပြောပါရစေနော်
တချို့နေရာတေမှာ အပြစ်ဆိုချင်ရင်ဗယ်ရိုကိုပဲ ပြောပါ။တောင်းဆိုတာပါ🙇♀️
ဖတ်ရတာအဆင်ပြေကြရဲ့လား🥺
Love you all❣️
Thanks for your🌟 💬📖
///////////////////////////////////
*Zawgyi*
"အွန်း!!!!"
အေးစက်စက်လေသံဖြင့် ဆတ်ခနဲ့လှည့်လာတဲ့Darlingက ဖြုတ်ချတော့မဲ့သူ့လက်တေကို နာနာဆုတ်ကိုင်ပြီး သူ့မျက်ဝန်းတေကိုစူးစိုက်ကြည့်သလိုဖြင့် ရှေ့တိုးလာသညျ။
"ထယ်ယောင်း!!........."
"ဟင်!........"
ရုတ်တရက်ဆိုသလို ခြေဖျားလက်ဖျားတေအေးစက်လာရပြီး ရင်ခုန်နှုန်းတေဟာ အမွငျ့ဆုံးဒီကရီသို့။
"ကူးငယ်!!........."
"ဟင်!...."
ကူးငယ်တဲ့ အနူးညံဆုံးအသံနဲ့သူ့အားချေါလိုကျတဲ့ သူထံ အံ့ဩခြင်းများနဲ့ မော့ကြည့်နေမိသည်။
"ပြန်တွဲကြမလား!!!!ကူးငယ်!!!"
သို့သော်
ဦးႏွောက္ကခြင့္မျပဳေပမဲ့ နာကျင်မှုတို့အသားကျနေတဲ့နှလံုးသားကလက်ခံလိုက်တဲ့!!!!
"ကူးငယ်လက်မခံရင်လဲ.......!"
ပြွတ်စ့်!!
"ကူးငယ်!!!!"
"Yes! Darling!! "
"ဒါဆိုဘာလို့များလဲ!!"
အင့်!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Advertisement
- In Serial14 Chapters
A Nation of Riflemen
Adrian, Nick and Ron inexplicably found themselves in an alien world with no known way of coming back. The land, the Baimux continent had just come out of a decades long war. Deserters turned bandits wait in ambush near roads, monsters roam the forests in hunt for prey, and Kings rule what’s left of their small kingdoms with an iron fist casting a distrustful eye towards any outsiders. Traces of strange magic are found in the abandoned zone and new devastating weapons are being found finding their ways into the hands of the commoners. With the technical expertise of a modern day professional, a survivalist’s mindset, and a truckbed full of guns and ammunition, their presence in this alien land would shake the foundations of the established society as they build their own.
8 297 - In Serial10 Chapters
Raven: The Beginning
'What's the worst that could happen'? is what I thought to myself as I entered the World of the Veil with a new, experimental machine that the company created. I was originally excited to participate in their alpha test, and now, looking back, I was just a naive little girl that didn't know what it was like to truly suffer. Sarah was one of the world's best assassin players, but she wasn't prepared for getting stuck as a low-level player in a new game. Suddenly she has to struggle just to survive against the monsters of the world, while also keeping her secret from the authorities. What happens when the killing, and the consequences, are just too real? Author's Note (and a Warning): This book is about a normal person that is forced into a fantasy / medieval environment. What could possibly go wrong with our heroine? This novel is a sort of, legacy. I wanted to at least put it out there before I passed away due to a combination of financial difficulty, homelessness, job loss, and my last interview taking up the last of my savings (which I did not get the job). If by some miracle, and I get a job that can give me a pay advance by next week (4/8) and I survive this turbulent time, I will edit this - and the formating of the book). If you are so willing, please donate on my patreon page. Regards, Dave
8 133 - In Serial6 Chapters
KronOS;mayA
THIS IS AN OLD 2015 NOVEL AND HAS BEEN DROPPED In a world where fiction becomes reality, the truth lies. In the twenty-third century, privacy has become ancient history to mankind, advertisements had become sentient. Humanity has almost reached its peak, one step closer towards becoming deities. Everyone now lives in a world between reality and fantasy, as corporations gain more knowledge for power, connected by the global cyberscape network surrounding the world. This world order is immediately broken when the perception of time collapses, leading to the inevitable end of this world and to the opening of a new shattered world where the line between truth and lie; reality and fantasy is blurred.
8 219 - In Serial170 Chapters
Slime Girl
Slimes are stupid!Annoying little pests that don't think about anything.How would they? They don't even have a brain.They don't even think about what they do, dissolving anything in their reach.That's worse than a beast acting on instinct, that's just following a program.A plague of mindless balls of goo.If it were up to me they should all get eradicated.At least that’s what I thought.Until my life was turned into a mess. Stupid slimes!
8 644 - In Serial43 Chapters
To Walk The Mist
(Excerpt: "Ya! Old pervert! I heard you have a disciple. Which training ground did you send him to?" "it's definitely a ground... An execution ground!" "Old pervert. Your disciple is about to break through? what kind of pill do you want me to concoct for him?" "A good pill! His tribulation lightning, If possible, let's make it stay a few more days." "Old pervert, your disciple needs more tribulation lightning?" "Don't bother! Tribulation lightning refuses to descend, no matter what unheavenly act we commit! Say, old Iba! I heard you got some demon fire, lend it to me to test it on him. If it's original, I'll return it.") Ed is not from this world. Last he remembered, he had been on a quest to save someone's life, a debt he must repay. But he was deceived. stuck in a place called the mist, a bridge between worlds, time and space itself, a place gods would not go, he must not only find his way home, he must find out who he is, that the entire universe aims to kill him. With past lives to uncover and companions that should not walk any world. Will he lose himself to the mist or become what he has forgotten? both roads lead to doom, but whose?
8 226 - In Serial64 Chapters
Waiting for the Sun
On July 7, 2016, half of the human population was annihilated because of the Dark Tower. Cayden Campbell, a twenty-one-year-old college student, was instantly pulled into a world where life is a gamble of luck and death is inevitable. He tasted despair, loss and was forced to kill. He watched the death of comrades and loved ones. Unable to face the heavy loss, he took a gamble and challenged the Extreme Level of the Dark Tower's trial. Out of pure luck, he received the ability that can let him return to where it all started. “I will start over... this time I will not let you die in front of me again. Please wait for me.”
8 214