《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-138
Advertisement
အပိုင်း-138
လုပ်ကြံသူက သေချာပေါက် အခြွေအရံတွေထဲကတစ်ယောက်ပဲ။ အကြောင်းပြချက်အချို့ကြောင့် သူတို့သခင်တွေက အမိန့်ပေးတာဖြစ်ရမယ်။အစောင့်တွေ ဖယ်ထုတ်ရင် အခြွေအရံတစ်ရာကျော်ထဲက တစ်ယောက် ဖြစ်ပြီး သူတို့တစ်ယောက်ချင်းစီ စစ်ဆေးရင်တောင် ကောက်ရိုးပုံထဲအပ်ရှာနေသလိုပင်။
တဖက်၌ ကြင်ယာတော် မိန် အလျင်စလို ဧကရာဇ် လင်းတည်ငြိမ်သွားအောင် လက်ဘက်ရည်လောင်းထည့်ပေးပြီး နူးညံ့စွာ "အရှင် ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။" ထို့နောက် ရပ်သွားပြီးတုန့်ဆိုင်းစွာနေ၏။
ဧကရာဇ် လင်းတစ်ချက်ကြည့်ပြီး လက်ဘက်ရည်တစ်ငုံ့ သောက်ကာ"မင်းပြောချင်ရင် ပြောပါ"
ကြင်ယာတော် မိန်ခေါင်းညိတ်ပြီး "အစ်မတော် ကြင်ယာတော် ရွမ် ပြောသလို ထပ်တူတွေးမိပါတယ်။မင်းသမီး ၅ ကချစ်ဖို့ကောင်းပြီး နှစ်လိုဖွယ်ကောင်းတယ်။လူတိုင်း မုန်းကြမှာမဟုတ်ဘူး။ဘာကြောင့် တစ်စုံတစ်ယောက် က အခုလိုလုပ်ရသလဲ? သူ့မယ်တော် ကို မကျေနပ်လို့ သမီးကိုပါဆွဲသွင်းမှာစိုးမိတယ်။ ကျက်သရေရှိအမျိုးသမီးလန် နဲ့ မသင့်မြတ်တဲ့နန်းဆောင် ကတစ်ယောက်ယောက် ဖြစ်လောက်ပါတယ်။ ဒီညကိုအခွင့်အရေးယူပြီးလုပ်ကြံတာပါ"
ဧကရာဇ် လင်းလည်း ခေါင်းညိတ်ပြီး ပြောတာ ကျိုးကြောင်းသင့်တယ်လို့ ခံစားရတယ်။
လက်မောင်းကြားထဲက လင်းဖေးလုကိုတိတ်တဆိတ်ပြန်ကြည့်တယ်။
ကြင်ယာတော် မိန် ညင်သာစွာ ပြုံးပြီးမျက်လုံးထဲ စဉ်းစားဆင့်ချိန်မှုအပြည့်နဲ့ ဧကရာဇ် ရဲ့ စိတ်ပူမှုကိုတကယ်ကိုမျှဝေနိုင်၏။
ထိုစကားကြောင့် ဧကရာဇ် လင်းရဲ့ လုပ်ကြံသူအပေါ် ထားသည့်ဒေါသ ရှောင်လန် ဆီကိုဉီးတည်သွားပြီး ရှောင်လန် ရဲ့ ကိုယ်ပိုင်ပြသာနာများကြောင့် သူ့သမီးအပေါ် သက်ရောက်စေတာဖြစ်တယ်။
ဧကရာဇ် လင်း အစတည်းက ရှောင်လန် အပေါ် အမြင်မကြည်ခဲ့ပေ။ဒီအဖြစ်အပျက်ဖြစ်လာတော့ ပိုပြီးမုန်းတီးသွား၏။
ကြင်ယာတော် ရွမ်လည်း မျက်လုံးမော့ကာ ကြင်ယာတော်မိန်ကိုကြည့်ပြီး ဘာမှမပြောတော့ပဲ အကြည့်ပြန်ရုပ်သွား၏။
ကြင်ယာတော် မိန်ရဲ့ စကားကိုကြားတော့ ဧကရာဇ် လင်း ရဲ့မျက်နှာပိုရုပ်ဆိုးသွားပြီး အစောင့်များကိုအမိန့်ပေးတယ်။
"မင်ယွဲ့ နန်းဆောင် ကကျက်သရေရှိ အမျိုးသမီး လန် နဲ့ အညှိးရှိသူဒီခရီးမှာ ပါသလား တစ်ချက်စစ်ဆေးကြစမ်း။ ပြီးရင် တွေ့တာနဲ့ချက်ချင်း တင်ပြ"
ထိုအစောင့် အမိန့်လက်ခံပြီး ထွက်သွား၏။
ညအလွန်နက်ပြီဖြစ်လို့ ဧကရာဇ် လင်း လင်းဖေးလုကို အတွင်းခန်းထဲထိချီသွားပြီးအသံခပ်နိမ့်နိမ့်နဲ့ "ဒီည မင်းသမီး ၅လေး ဒီမှာအိပ်မယ်။ နောက်ထပ် ထပ်လာရဲသေးလားမြင်ချင်သေးတယ်!"
အနောက်ကလိုက်လာသည့် ကြင်ယာတော် မိန်ကို ညွန်ကြားလိုက်တယ်။ "မင်းလည်း ဒီည ပြန်သင့်ပြီ"
ကြင်ယာတော် မိန် ပြန်ဆုတ်သွားကာ အိပ်ရာပေါ် ကလင်းဖေးလုကိုချောင်းကြည့်ပြီးအသံခပ်နိမ့်နိမ့်နဲ့ခေါင်းငုံ့ ပြီး "ဟုတ်ကဲ့"
လင်းဖေးလု အခန်းထဲ ကကြင်ယာတော် မိန် ထွက်သွားတာ စောင့်ကြည့်နေပြီး နှလုံးသားထဲက နှာခေါင်းရူံ့ကာ မျက်လုံးများမှိတ်ချလိုက်သည်။
ငါ့ရှေ့မှာ အရိုးခံလေးလို ဟန်ဆောင်တဲ့ အဆင့်မြင်မြင့် လက်ဖက်စိမ်းမ တစ်ယောက်ရှိနေတာပဲ။
ငါ မှန်းတာမမှားရင် သေချာပေါက် ဒင်းလုပ်တာ။
လင်းဖေးလု သူ့ကိုယ်သူ အမြဲတမ်းမကောင်းတဲ့လူလို့ ကြွားဝါတက်သူဖြစ်တယ်။ သူမ အမြဲတမ်းလူကောင်းတွေ လုပ်လေ့ ရှိတာမလုပ်ပေ။ သူမ မှားနေတာ သိသိကြီးနဲ့ အပြစ်မှန်သမျှဖုံးကွယ်ထားသူဖြစ်တယ်။ နတ်ဘုရား က သူမ သေတော့ အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် သူမက ငြိမ်သက်စွာခံစားနေရမှာဖြစ်တယ်။
လူသတ်မှုက တစ်စုံတစ်ခုလိုမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိ ကျုးလွန်တာ!! သူမ လက်ဖက်စိမ်းမင်းသမီး၊ အတွဲလိုက် လူလိုက်သတ်နေတဲ့ လူသတ်သမား မဟုတ်ဘူး။
ဒါပေမဲ့ ဆိုးညစ်တဲ့ ပဒေသရာဇ် ခေတ် ၊မောင်းမဆောင်ရဲ့အကြင်နာမဲ့သည့် ရက်စက်ကြမ်းကြုပ်မှုများ ထဲ ကလေးတစ်ယောက်ကို သွေးအေးအေးနဲ့သတ်နိုင်တယ်ဆိုတည်းက ထိုကလေးက သူ့အတွက်ခြိမ်းခြောက်မှုတစ်ခုဖြစ်နေလို့ပဲ။
ဒီနေ့ မတော်တဆ နဲ့ ယှဉ်ရင် အင်ပါယာကိုယ်လုပ်တော် ဂျင်းရဲ့ကြံစည်မှုကဖြင့် တကယ်ကို ကြည်နူးဖို့ကောင်းတယ်ပြောရမယ်။
Advertisement
- In Serial30 Chapters
Money-Grabbing Daoist
Immortals; the esteemed figures depicted in legends. Mortals across the worlds can only ever dream of becoming one. This great ideal haunts the great populous immensely and anybody given half the chance will desperately scramble to obtain the ability to cultivate! Yu Yin however, thinks otherwise. Hailing from the great Yu Family, he never wanted to walk that path. All he ever wanted was to live his mortal life in luxury and enjoy it to the fullest. Unfortunately for him, his appetite for wealth and treasure dragged him down that path anyway! ..... Genres: Action, Adventure, EasternFantasy, Cultivation, Romance [participant in the Royal Road Writathon challenge]
8 380 - In Serial8 Chapters
Zakaria Sol and the Eleventh Pathway
A human, a lycan, a vampire, a royal beast, a dragon, an elf and another human. Practitioners, sorcerers, monarchs, paragons and emperors. Gods who were in fact merely mighty mortals. Mysteries of those who came before even Merlin. Nexuses leading to the nine realms, olympus, avalon and beyond. Malevolent forces in the shadows, plotting their way to power. Earth… but not as you or I know it.
8 198 - In Serial15 Chapters
Exceptional Normalcy (A Pokemon Fanfiction)
Follow the story of a man whose name cannot be recalled. He will find himself in a place that should not exist, in a world much different than our own. What can he possibly do when even his own memories are taken from him and the only thing remeaning is a slight feeling of loss. When he finds himself in a body different than his own. What will he possibly find on his journey as he overcomes the challenges thrown at him? ___________________________________________________ This is a Pokemon fan fiction. I do not own Pokemon and will not make any profit whatsoever from this story. I write this story for fun and will make many mistakes. The updates on this story will also be very irregular. You have been warned.
8 176 - In Serial18 Chapters
Mother's Basement Studios
A ragtag bunch of nobodies who run a newspaper all about reporting the wacky incidents that happen inside the game Raid & Conquer.
8 186 - In Serial12 Chapters
Ezrabine/Sabezra vol1
this is a fanfiction short-story and i hope to publish more as the ideas pop into my head
8 227 - In Serial44 Chapters
ᴅᴇꜱɪɢɴᴇʀ||ᴋ.ᴋᴏᴢᴜᴍᴇ †
*pretty crap and cringe ngl*(Credits to @spriscillart for cover art)❛❛𝐁𝐞𝐢𝐧𝐠 𝐚 𝐛𝐢𝐭 𝐛𝐨𝐥𝐝𝐞𝐫 𝐭𝐨𝐝𝐚𝐲 𝐡𝐮𝐡?❜❜❛❛𝐖𝐡𝐞𝐧 𝐲𝐨𝐮 𝐭𝐞𝐚𝐬𝐞 𝐦𝐞 𝐥𝐢𝐤𝐞 𝐭𝐡𝐚𝐭, 𝐨𝐟𝐜𝐨𝐮𝐫𝐬𝐞.❜❜「ᴀ ꜱᴛᴏʀʏ ᴡʜᴇʀᴇ ᴛᴡᴏ ɴᴇᴡ ʀᴏᴏᴍᴀᴛᴇꜱ ᴍᴇᴇᴛ, ʙᴜᴛ ᴡɪʟʟ ᴛʜᴇʏ ʜɪᴛ ɪᴛ ᴏꜰꜰ?」-ꜱᴇɴꜱɪᴛɪᴠᴇ ᴛᴏᴘɪᴄꜱ-ꜱᴍᴜᴛᴛ-ꜰʟᴜꜰꜰ-ᴀɴɢꜱᴛ-ɪ ᴅᴏ ɴᴏᴛ ᴏᴡɴ ʜᴀɪᴋʏᴜᴜ ᴊᴜꜱᴛ ᴛʜᴇ ᴘʟᴏᴛ ᴀɴᴅ ᴛʜᴇ ᴛʜᴇᴍᴇ ♡Haikyuu© Haruichi furudateDesigner© WeekndHigh
8 133

