《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-129
Advertisement
အပိုင်း-129
.ဧကရာဇ် လင်း နိုင်ငံရေးကိစ္စများနှင့်အလုပ်ရူပ်နေခဲ့ပြီး ကြီးမြတ်သည့်ပေါင်းစည်းခြင်းပွဲတော် ပြီးနောက် မင်းသမီး ၅ အကြောင်း လုံးဝ ဖော် ထုတ်လာခြင်းမရှိချေ။ မင်းသမီး ၅ တခြား အင်ပါယာမင်းသား၊မင်းသမီးမျိုးလို ဧကရာဇ် ကိုလာနှုတ်ဆက်ခြင်းလည်းမရှိပေ။ ကုန်းကုန်း မင်းသမီး ၅ ကိုမေ့လုနီးပါးဖြစ်နေပီး မင်းသမီး ၅ ကိုဘာမှမဟုတ်ဘူးလို့သာတွေးခဲ့သည်။ဧကရာဇ် အမိန့်ကိုကြားတော့ ချက်ချင်း ထိုနာမည်ကို ဖြည့်လိုက်သည်.
လိုက်ပါရမည့် နာမည်စာရင်းချက်ချင်း သက်ဆိုင်သည့်နန်းဆောင်များသို့ ချက်ချင်း ထုတ်ခဲ့ပြီး ရှောင်လန်လည်း အံ့အားသင့်စွာအမိန့်လက်ခံရတာကြောင့် ပေါင်းစည်းခြင်းစားသောက်ပွဲက ဟင်းပွဲများလက်ခံရတုန်းကထက် မလျော့ပဲ အံ့အားသင့်သွားသည်။ သူ့သမီး ရဲ့အပြုအမူနဲ့လုံခြုံရေးကို စတင်စိုးရိမ်လာသည်။
လင်းဖေးလု သူ့အမေ ပြောအတိုင်းလုပ်ပါမယ်လို့ ကတိပေးလိုက်ပေမဲ့ ရှောင်လန် စီစဉ်ထည့်ပေးလိုက်သည့် ချင်းရန် နဲ့ ဆောင်းယု တို့ အတူလိုက်ပါစောင့်ရှောက်ပါမယ်ဆိုတော့ အသေအချာငြင်းဆန်သည်။
သူမလည်း ချင်းရန် နဲ့ဆောင်းယု လိုက်ရင် ရှောင်လန် နဲ့လင်းကျန့်ယွမ် တို့ ပဲ ကျန်ခဲ့မှာစိုးရိမ်သည်။
ဒုတိယအချက် က ခရီးမှာ NPC ဇာတ်ကောင်များစွာရှိကြောင့် ဒါက သူမ အတွက် ပြီးပြည့်စုံသည့် အမဲလိုက်ကွင်းတစ်ခုလည်းဖြစ်သည်။ သူမ နောက်ကို လူတွေ လိုက်ပါလာတာ အကူအညီမဖြစ်စေဘူး။
ခရီး၌ ကြင်ယာတော် ရွမ် နဲ့လင်းဂျင်းယွမ် တို့လည်း ပါတာကြောင့် ရှောင်လန် သီးသန့် ချန်မင်းနန်းဆောင် ကိုသွားပြီး သူ့သမီးကိုဂရုစိုက်ပေးဖို့ ကြင်ယာတော် ရွမ် ကို တောင်းဆိုတယ်။ သေချာပေါက် ကြင်ယာတော် ရွမ် တုန့်ဆိုင်းခြင်းမရှိသဘောတူတယ်။
ခွဲခွာမည့်နေ့ ရှောင်လန် အပြင်ဘက်၌ သူ့သမီးအတွက် ရထားလုံးကိုမြင်ရတယ်။ ထိုရထားလုံး ထွက်သွားတာ စိုးရိမ်တကြီးစောင့်မကြည့်ခင် လင်းဖေးလုကို များစွာညွန်ကြားတယ်။
လင်းဖေးလု အစပိုင်းတင်းတင်းကျပ်ကျပ်ဖြစ်နေပေမဲ့ ရထားလုံးပေါ် တက်သည်နှင့် ချက်ချင်းစိတ်လှုပ်ရှားသွားသည်။
ဒီရောက်တည်းက နန်းတော် ကထွက်ဖို့အခွင့်အရေးမရခဲ့ဘူး။ ဒီနေရာက အသက်ရူကျပ်တယ်။
ရထားလုံးထဲ က ကုရှင်ပေါ် ဒူးထောက် ထိုင်နေပြီးအပြင်ဘက် မြင်ကွင်းများကိုလိုက်ကာမကာကြည့်သည်။ ရထားလုံးအရှေ့နဲ့အနောက် ရထားလုံးများရှိပြီး ခန့်ညားထည်ဝါမှုကိုပြသနေသည်။
တော်ဝင်ခရီးစဉ်လမ်းကြောင်း ကို ကြိုတင်နေရာရှင်းထားပြီးသားဖြစ်သည်။ ဒါ့ကြောင့် လင်းဖေးလု ကြီးမြတ်သည့်ဘေကျင်းလမ်းမကြီးကိုဖြတ်လာချိန် သက်ဝင်လှုပ်ရှားနေသည့် ရှေးခေတ် လမ်းမပေါ် က လူများကိုမမြင်ရချေ။ စောင့်ကြပ်နေသည့်အစောင့်ကလွဲပြီးလမ်းမပေါ် ဘယ်သူမှမရှိသလို တော်ဝင်မိသားစု ဖြတ်သန်းမှာကိုကြောက်လန့်တာကြောင့် အိမ်တိုင်းတံခါးများပိတ်ထားသည်။
လင်းဖေးလု ပျင်းရိစွာ ပြန်ထိုင်ချလိုက်သည်။
ရထားလုံးက ခရီးသွားလာရေးအတွက် အလွန်ကိုမသက်မသာဖြစ်စေတယ်။ လင်းဖေးလု လိုကားစီးနေကျ၊ရထားစီးနေကျ၊ လေယာဉ်စီးနေကျ လူတစ်ယောက် အတွက် တနာရီကျပြီးနောက် ပြုတ်ကျချင်လာသည်။
နန်းတော် မှ ရှည်လျားသည့်ခရီးလမ်းဖြစ်သည်။ လုရှန်းနန်းဆောင် ဆီအခု ရောက်သေးဉီးမည်မဟုတ်။ ညဘက် အနားယူပြီး နောက်တနေ့ ဆက်သွားကြသည်။
လင်းဖေးလု ပြောစရာစကားပျောက်ရှမတက်ပင်။
ရှေးခေတ် ဧကရာဇ် တွေ ခရီးသွားတာ သေချာပေါက် လွယ်ကူမနေဘူး။
ဆောင်းယု မင်းသမီး ၅ က အစပိုင်း၌ စိတ်လှုပ်ရှားနေပီးနောက်ပိုင်းငြိမ်ကျသွားတာမြင်တော့ မတက်နိုင်ပဲ ပြုံးပြီး "မင်းသမီး ။ ဒီနိမ့်ကျတဲ့အစေခံ နှိပ်ပေးပါမယ်"
လင်းဖေးလု မြင်းပေါ် က အစောင့်တွေကို ပြတင်းပေါက်ကကြည့်နေပြီး မနာလိုစွာ " ငါလည်း မြင်းစီးတက်ချင်တာ "
အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူလိုက်ရရင်ဘယ်လောက်ကောင်းမလဲ။
ထိုသို့ပြောပြီးမကြာခင် ရှီရှင်းဂျန် အနက်ရောင်မြင်းကြီးစီးကာ ရထားလုံးကိုဖြတ်လာသည်။
သူမ ရှီရှင်းဂျန် ကိုမမြင်တာအတော်ကြာပြီ။ သူကမင်းသားတစ်ပါးမဟုတ်ဘူး ။ ခြုံပြောရရင် ကျောင်းလှုပ်ရှားမှုများ ရပ်နားတော့ ရံဖန်ရံခါ နန်းတော် ကိုလာတာလည်း ရပ်သွားသည်။ ထိုကောင်လေး အလွန်ကြည့်ကောင်းပြီးချောမောတယ်။ ရထားလုံးများဘက်ကြည့်နေရင်းတစ်ခုခုရှာနေပုံရတယ်။
လင်းဖေးလု တွေးမိတာက ငါ့ ကိုရှာနေတာ ဖြစ်နိုင်မလား?
လင်းဖေးလု ခန္ဓာကိုယ်တစ်ဝက်ပြတင်းပေါက်က ထွက်လာပြီးအသံသေးသေးလေးနဲ့ "ရှီရှင်းဂျန်!ရှီရှင်းဂျန်!"
ရှီရှင်းဂျန် အသံဆီ လှည့်ကြည့်တော့ သူမကိုမြင်ပြီး ပြုံးကာ "နောက်ဆုံးတော့ မင်းကိုတွေ့ ပြီ!"
Advertisement
- In Serial16 Chapters
DemonLord_Floof – A lack of common sense isekai (COMPLETED)
An OP Demon Lord got bored of his own world because he couldn't find a worthy enemy, thus decided to go meet the God of Reincarnation himself. He told the God that he wanted to be reborn in a different world as the member of the weakest race. A BUNNY! With an awesome cheatskill! And unlimited plot armor and of course, the lack of common sense! Haha, What could even go wrong in this light novel, right? I'm going to write a LOT of bullshits in it! You can read it, but only at your own risks. YOU HAVE BEEN WARNED! NOW LET THE MADNESS BEGINS!!!! Cover picture by Gaviniko
8 211 - In Serial26 Chapters
A Journey With Gods and Monsters
An outcasted High School boy, Cody, is always stuck in his friend's shadow. He wished he could stand alone, but feels indebted to his friend, John, for his kindness to him. He goes on sullenly until suddenly he is pulled into the world of Gods and Monsters of human mythology and lore. Why was he brought there? Who is he really? Will he be able to go back home or want to go back home? A tale of Fantasy, Romance, and finding Self-worth, journey along with Cody in the land of Gods and Monsters.
8 156 - In Serial7 Chapters
rabb be banna di Jodi..
a cute little story on riansh how they met n fall in love
8 83 - In Serial16 Chapters
Wendy Marvell x Male Reader (Book Two)
It's been two years since our dragon king slayer left Fairy Tail. Wendy has continued to have hope that he is still alive.Then one day during a mission, she comes face to face with the one person she's been wanting to see. Let us see what happens when two dragon slayers reunite.
8 182 - In Serial3 Chapters
shu yamino x reader
hes gonna shake your body and soul.cover: @SeseMilk
8 147 - In Serial52 Chapters
AMBITIONZ AZ a RIDAH
❛ you can run the streets with your thugs. i'll be waiting for you, until you get through. i'll be waiting. ❜#1 𝐮𝐫𝐛𝐚𝐧𝐟𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧.#229 𝐠𝐚𝐧𝐠.#342 𝐮𝐫𝐛𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧.
8 149

