《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-127

Advertisement

အပိုင်း-127

သူ့စကားအဆုံး ထိမစောင့်ပဲ ထိုကလေးမက အံ့အားသင့်ဖို့ကောင်းစွာ အားပြင်းပြင်းနဲ့ တွန်းလိုက်တော့ လင်းချင်း ကုန်းစောင်းကနေ အရှိန်နဲ့ ကျသွားတော့သည်။

လေအေးအေး သူ့ဆံပင်များကို ရိုက်ခတ်လွင့်စင်ပြီး သူ့အဝတ်အစားများလည်း လေပေါ် လွင့်နေကာ ဘေးပတ်လည် ကြည့်လိုက်တော့ နှင်းပွင့်များ ပျံသန်းနေသည်။ သူ့နှလုံးသား ကောင်းကင်ပေါ် က နေ အောက်သို့ ကျသလိုခံစားရပြီး တင်းမာမှုအခိုက်အတန့်က နေ လွတ်ထွက်သွားကာ ပျော်ရွှင်မှုများ ရောက်ချလာသလိုခံစား ရတယ်။

ထိုဖြစ်စဉ်က အလွန်တိုတောင်းပြီးမကြုံစဖူးဖြစ်သည်။ နားမလည်နိုင်သည့်ရင်ခုန်စိတ်လှုပ်ရှား သူ့တစ်ကိုယ်လုံးဖြစ်တည်နေသည်။

လင်းချင်း ထိုဘေစင် ကို တင်းတင်းကိုင်ထားရင်း ကုန်းစောင်းအောက်ခြေ၌ရပ်တန့်သွားတော့ အံ့အားသင့်သွားသည်။

ကုန်းစောင်းပေါ် က ညီမတော် ၅ လေး ရဲ့ ရီသံကြားရတယ်။

"အရှင့်မင်းသား ဒီညီမတော် ၅ လေးရဲ့ လက်ဆောင်က ပျော်ရွှင်မှုပါပဲ!!"

ဒီလက်ဆောင် ကို တခြားသူတွေ ယူသွားလို့မရဘူး... ထိုပျော် ရွှင်မှုက ကိုယ်တစ်ယောက်တည်းနဲ့ သက်ဆိုင်လိမ့်မယ်။

အိမ်ရှေ့စံ ဖြစ်လာတည်းက တော်ဝင်ဖခင် မနှစ်သက်မှာ စိုးတာကြောင့် အလွန်သတိဝီရိယရှိပြီးအသေးငယ်ဆုံးအမှားမကျုးလွန်ဝံ့အောင်နေရသည်။

သူ့မယ်တော် ဧကရီကလည်းမရေမတွက်နိုင်သည့်လူများ သူ့နေရာခိုးဖို့ စောင့်နေကြောင်းအမြဲတမ်းသတိပေးပြီး ကမ္ဘာမှ သာမန်ပြည်သူများ ကို ကြည့် ရမယ်ဖြစ်ကြောင်းပြောဆိုတက်သူဖြစ်သည်။ အမှားမကျုးလွန်ရဘူး ဒါပေမဲ့ အကျင့်သီလနဲ့ အရည်အချင်းပြည့်စုံရမည် သူ့စကားလုံးတိုင်းက တခြားမင်းသားများအတွက် စံပြဖြစ်နေရမည်။ ဒါမှ ဒီအိမ်ရှေ့စံ ရထားနဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်မှာ ဖြစ်သည်။

ဒါက စည်းမျဉ်းတစ်ခု၊ ဘောင်တစ်ခုဖြစ်ပြီး သူ့ဘေးပတ်လည်ကိုကာရံထားတဲအရာလည်းဖြစ်သည်။ အမြဲတမ်းထိုဘောင်ထဲနေခဲ့ပြီး လုံးဝ သာမန်အမှားတစ်ခုမှမလုပ်ခဲ့ချေ။

ထိုဘောင်ထဲ အတိုက်အခိုက်ကင်းပြီးပျော်ရွှင်မှုနဲ့လွတ်လပ်မှုကိုတော့ အဝေးကိုယူဆောင်သွားသည်။

နောက်ထပ် လေတစ်ချက်တိုက်ခိုက်လာတော့ လင်းဖေးလု သူ့ဆီ နှင်းလျှောစီးကာရောက်ရှိလာပြီး တခစ်ခစ်ရီနေ၏။ သူ့ကိုလုပ်ခဲ့သည်အတိုင်းပေါ့ပေါ့ပါးပါး နှင်းလျှောစီးကာ ရောက်လာတယ်။ဘေစင်ကနေ ထွက်ပြီး သူ့အဝတ်အစကိုဆွဲကာ "အရှင့်သား သွားစို့ ။ ထပ်တက်ပြီး ထပ်စီးရအောင်!"

လင်းချင်း သူမကို ကြည့်လိုက်သည်။

ထိုကလေးမ ပန်းရောင်အဝတ်အစားလေးနဲ့ ခေါင်းပေါ် ၌ အထုံးလေးနှစ်ခု ချစ်ဖို့ကောင်းစွာတည်ရှိနေသည်။ ပျော်ရွှင်စွာ နှင်းများကြားပြုံးနေပြီး မျက်လုံးလေးများ တလပ်လပ်တောက်ပနေသည်။

လင်းချင်းထိုနေရာ၌ ခဏရပ်နေမိသည်။နောက်ဆုံး ကြောင်အသည့်အကြည့်များ ကျိုးပြတ်သွားကာတောက်ပစွာ ပြုံးပြီး ကိုယ်တိုင်ဘေစင်ကိုယူကာ တုန့်ပြန်တယ်.

"သွားစို့!!"

သူတို့နှစ်ယောက်သားညနေ မတိုင်ခင် ထိ ဆော့ကစားခဲ့ကြသည်။ နောက်ဆုံး လင်းဖေးလု ပင်ပန်းလာသည်။ နှင်းများကြားလှဲလှောင်းပြီး အားနည်းညင်သာစွာ "အရှင့်သား လုလေး အရမ်းပင်ပန်းနေပြီ။ အားမကျန်တော့ဘူး"

လင်းချင် ကျယ်လောင်စွာရီပြီး နှင်းများကြား သူမကို ဆွဲထူကာ အဝတ်အစားပေါ် ကနှင်းများကို ကြင်နာစွာဖယ်ရှားပေးတယ်။

" ဒါဆိုလည်း နန်းဆောင် ကိုပြန်စို့ "

သူတို့ နှစ်ဉီးသား နှင်းလျှောစီးသည့်နေရာက ထွက်လာကြသည်။ ဘာကြောင့်လဲဆိုတော့ မင်ယွဲ့ နန်းဆောင် နဲ့ အရှေ့နန်းဆောင် ဆန့်ကျင်ဘက်တွေဖြစ်သည်။လင်းဖေးလု ဘေစင်များကိုနေရာတကျပြန်ထားကာ လက်နှစ်ဖက်ယက်ပြီး "ဒါဆို ညီမတော် ၅ လေး အခု သွားလိုက်ပါဉီးမယ်"

လင်းချင်း ခေါင်းညိတ်တယ်။

လင်းဖေးလု လှည့်ထွက်သွားတော့ ပျော်ရွှင်စွာဆော့ ကစားထားလို့ အထုံးလေး နှစ်ခုလည်းအနည်းငယ်ပြေလျော့နေ၏။

လင်းချင်းကမေးတယ်။ " ညီတော် ၄ကို ဘယ်လိုခေါ် လဲ? "

လင်းဖေးလု ပြန်လှည့်လာပြီး တီးတိုး "အစ်ကိုတော် ဂျင်းယွမ်"

လင်းချင်းထပ်မေးတယ်။ " ဒါဆို ဒီမင်းသားကိုကော ဘယ်လို ခေါ် မလဲ?"

"အရှင့်မင်းသား"

လင်းချင်း တိတ်တဆိတ် စိုက်ကြည့်နေ၏။

လင်းဖေးလု သူ့အပြုအမူကိုမြင်လိုက်ပြီး တုန့်ဆိုင်းစွာ "အစ်ကိုတော် အိမ်ရှေ့စံ?"

လင်းချင်း "အင်း။"

သူမ နှုတ်ခမ်းမှအပြုံးဖြစ်တည်လာပြီးနာခံစွာ လက်ခါယမ်းပြီးနှုတ်ဆက်တယ်။

"နှုတ်ဆက်ပါတယ်။အစ်ကိုတော် အိမ်ရှေ့စံ"

လင်းချင်း လည်း ထွက်သွားတယ်။

သာသာမှ:

ဒီအပိုင်းမှာ လုလေးကို အတော်ကြွေတာပါ။

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click