《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-120
Advertisement
အပိုင်း-120
ရှောင်လန် စိတ်မပျက်ပဲ မနေ့ညက သူ့သမီးရဲ့ အပြုအမူကို ပြန်တွေးကြည့်ပြီး ချင်းရန်ကို " မင်း အစားအသောက် ပြင်ထားလိုက်ပါ။ ငါ လုလေးကို သွားနိုးလိုက်မယ်"
လင်းဖေးလုအခန်းထဲဝင်ပြီးနိုးလိုက်တယ်.
လင်းဖေးလု အိပ်ပျော်နေဆဲဖြစ်ပြီး ရှောင်လန် လာနိုးတော့ နိုးလာသည်။ မျက်လုံး ပွတ်နေရင်း ရှောင်လန် မေးသံ ကြားရတယ်။ "လုအာ မနေ့ညက အရှင်မင်းကြီးနဲ့တွေ့ခဲ့တာလား?"
လင်းဖေးလု ထိုအခိုက်အတန့် မျက်တောင်တဖျပ်ဖျပ်ဖြစ်သွားပြီး ရီရင်း " အဖေက လုလေးကိုတစ်ခုခုပေးလိုက်လို့လား?"
"ပြန်လည်ပေါင်းစည်းခြင်း စားသောက်ပွဲ "
အိပ်ရာထတော့ ရှောင်လန် အဝတ်အစားလဲပေးသည်။ထိုအချိန် ဆေးကြောနေရင်း မနေ့က ဖြစ်ခဲ့သည်များကိုပြောပြသည်။ ဒီတွေ့ဆုံမှုက သူမ အကြံဆိုတာ ရှောင်လန်ကိုမပြောပဲ လင်းဂျင်းယွမ် ကိုစောင့်နေရင်း မတော်တဆ ဧကရာဇ် နဲ့တွေ့ခဲ့ကြောင်းသာ ပြောပြတယ်.
ရှောင်လန် ဘာသံသယမှ ထားမနေတော့ ။ သက်ပြင်းချပြီး သူ့သမီးခေါင်းပုတ်ပေးကာ "မင်းက မွေးလာတည်းက ထက်မြက်တယ်။ အမေ ကောင်းလား ဆိုးလား မသိတော့ဘူး။အခု စပြီး အရှင်မင်းကြီးနဲ့ပတ်သက်တဲ့ အရာမှန်သမျှ အရာအားလုံးကို ဂရုစိုက်ရမယ်။ "
လင်းဖေးလု လေးနက်စွာခေါင်းညိတ်သည်။
ဒီနေ့ မင်ယွဲ့ နန်းဆောင်က နေ့လည်စာ ပွဲတော် တစ်ခုလိုဖြစ်နေခဲ့သည်။ သူမ ဆန္ဒအတိုင်း ဟင်းပွဲတိုင်းကိုမြည်းစမ်းခွင့်ရခဲ့သည်။ ဟင်းပွဲတိုင်းက ၉၉ မျိုးထဲက ဧကရာဇ် စားနေကျကောင်းမယ်ထင်သည့် ဟင်းပွဲများဖြစ်သည်။ ပူနွေးနွေး လတ်ဆတ်ပြီး အရသာအထူးကောင်းမွန်တယ်။
ထို ဟင်းပွဲများစားနေရင်း လင်းဖေးလု အရမ်းကျေနပ်တယ်။သို့ပေမဲ့ တချိန်ထဲ အင်ပါယာမောင်းမဆောင် ထဲ ထိုကိစ္စပေါက်ကြားသွားခဲ့သည်။
ရှောင်လန် နှစ်သက်ခြင်း ထပ်ရမည်မဟုတ်လို့ ဘယ်သူပြောခဲ့လဲ? ဘာကြောင့် အရှင်မင်းကြီး မင်ယွဲ့ နန်းဆောင် ကို နှစ်ကူးပထမနေ့မှာ လက်ဆောင်ပို့ခဲ့သည်လဲ?
ဇဝေဇဝါ ဖြစ်သည်က တန်ဖိုးရှိသည့် ကျောက်စိမ်း (သို့) ဘရိုကိတ်တွေ မဟုတ်ပဲ ဘာလို့ ဟင်းပွဲများလဲ?
ဧကရာဇ် ဘယ်လိုဂိမ်းမျိုးဆော့နေသလဲ? ဘယ်သူမှအဖြေမရှာနိုင်ဘူး!!
နေ့လည်ခင်း ကျော်တော့ ထိုဟင်းပွဲများက ကျက်သရေရှိအမျိုးသမီးလန် အတွက်မဟုတ်ပဲ အင်ပါယာမင်းသမီး ၅ အတွက်ဖြစ်နေသည် ဆိုသည့်သတင်း ထွက်လာခဲ့သည်။
လူတိုင်းကြားတော့ သူတို့ ပိုသိချင်လာခဲ့သည်။
မင်းသမီး၅ က ဧကရာဇ် အတွက်ဘာမှမဟုတ်ခဲ့ဘူး။ ဘာကြောင့် ဧကရာဇ် အမြင်တစ်ခုမှ သတိမထားမိပဲ ရုတ်တရက်ကြီးဆုချီးမြှင့်ခံရသလဲ?
ကျက်သရေရှိအမျိုးသမီးလန် နဲ့ဘာမှမဆိုင်ပေမဲ့ မင်းသမီး ၅ မျက်နှာသာပေးခြင်းခံရတာ က မိခင်တစ်ယောက်ရဲ့ ဂုဏ်က သူတို့ကလေးအပေါ် မူတည်သည် ဆိုတည်းက ရှောင်လန်ရဲ့ နေ့ကောင်းတွေ ပြန်ရတော့မှာလား? အရင်က ဖိနှိပ်ခဲ့သည့် ကိုယ်လုပ်တော် များအခု အနည်းငယ်စိတ်ပူလာသည်။
ကြင်ယာတော် ရွမ် သူ့အစေခံ ဆီက ကြားတော့ အလွန်ပျော်ရွှင်နေပြီး လင်းဂျင်းယွမ် လည်း ဒီအကြောင်းကြားမိသည်။
လင်းဂျင်းယွမ် မနေ့ညက လုလေးအပြုအမူကို အဖြေရှာဖို့ကြိုးစားနေခဲ့တာဖြစ်သည်။ ဒီသတင်းကိုကြားတော့ မနေ့ညက လုလေး စကားပြောနေရင်း ရပ်သွားတာမှတ်မိတယ်။ ရုတ်တရက် မထိုင်နိုင်တော့ပဲ မင်ယွဲ့ နန်းဆောင် ဆီ အလျင်စလိုပြေးထွက်လာတယ်။
လင်းဖေးလု မင်ယွဲ့ ဂိတ်တံခါးနားက တံခါးခုံ၌ ထိုင်ပြီး ချန်းအာကိုအစားကျွေးနေသည်။
သူလာတာမြင်တော့ အော်ခေါ် တယ်။ "အစ်ကိုတော် ဂျင်းယွမ်"
လင်းဂျင်းယွမ် မစောင့်နိုင်တော့ပဲ ထုတ်မေးတယ်။ "မနေ့ညက တော်ဝင်အဖေ ကိုမြင်ခဲ့တာလား?"
လင်းဖေးလု ပြုံးရီနေရင်းဒါကိုကြားတော့ ခေါင်းငုံ့ ကျသွားကာ ရုတ်တရက် စိုးရိမ်သွားကာ သူ မှားသွားတယ်ဆိုသည့် အပြုအမူထွက်ပေါ် လာသည်။ ခေါင်းသေးသေးလေး လောင်ကျွမ်းမတက် အသံခပ်ဆိုးဆိုးထွက်လာသည်။
"အစ်ကိုတော် ဂျင်းယွမ် လုလေး တောင်းပန်ပါတယ်"
လင်းဂျင်းယွမ် ကိုကြည့်ရင်း မျက်လုံးများရဲတက်နေပြီး နှာခေါင်းထိပ်ပန်းရောင်သန်းလာသည်။ နို့ဆန်သည့်အသံလေးနဲ့ "..လုလေး..ဧကရာဇ် ကို မြင်ချင်လို့ ...လုလေး မြင်မှမမြင်ဖူးပဲ..."
လင်းဂျင်းယွမ် စိတ်ဓာတ်ကျသွားပြီး လျင်မြန်စွာ ချော့တယ်။"မငိုနဲ့ ..မငိုနဲ့ "
လင်းဖေးလု ရိူက်သံနဲ့ " လုလေးက မနေ့ညက အစ်ကိုတော် ကိုပြောချင်ခဲ့တာ ဒါပေမဲ့ လုလေး အစ်ကိုတော် ဒေါသထွက်မှာ ကြောက်လို့ .."
Advertisement
- In Serial15 Chapters
Dream of the Annihilation Girl
The world is at peace. The strong assert control over the weak guiding them into a life of responsibility and justice. The League of Nations ensures stability in the world with wrongdoers receiving their due punishment. And heroes who overcame great adversity and achieved great feats will without a doubt receive their Happy Ending. In this world a man with no foundation will meet a girl whose sole purpose is annihilation. And their twisted tale will commence.
8 160 - In Serial10 Chapters
Senior Year (Jeid)
JJ and Emily are the queens of high school. Derek Morgan is the king. Spencer Reid is the kings best friend. JJ is struggling at home and in school, but maybe someone will come along and help. Will JJ finally find peace at the end of this hectic year? Anything can happen during Senior Year
8 172 - In Serial20 Chapters
Heathers: The Musical - Lyric Book
Lyrics of songs from 'Heathers: The Musical'Performed 13th-23rd August 2015 in Orlando, USA.Nicole Visco as Veronica SawyerThomas Sanders as Jason Dean (JD)
8 90 - In Serial32 Chapters
AMAYA
𝙰𝙼𝙰𝚈𝙰 𝙰𝚁𝙸𝙰 𝙼𝙸𝙺𝙰𝙴𝙻𝚂𝙾𝙽
8 199 - In Serial58 Chapters
p1harmony files
p1harmony - imagines - reactions - texts - scenariosrequests are currently open! ◝( ˙ ꒳ ˙ )◜| please note that everything in this book is made up by my imagination and nothing is meant to be taken too seriously! |︶꒦꒷♡꒷꒦︶
8 129 - In Serial59 Chapters
Silence Hayley anderton
[Watty Awards Winner 2013]Traumatized by her brother's death, Raven Verona desperately wants to escape her past. But when she is chosen for the 41st Hunger Games, that becomes impossible.An unwanted admirer.A true soul mate.23 enemies.Let the Games begin...(Note. All the way through this book and the sequel, The Chamber, it says that this is the 31st Games. I'm changing it to 41st because it plays a role in the third book. :D Also, if you like this, there is two more books to follow, The Chamber and Battleborn)
8 118

