《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-119
Advertisement
အပိုင်း-119
ဧကရာဇ် လင်းမတက်နိုင်ပဲ အပြုံးလေး အချို့ မျက်နှာပေါ် ထွက်ပေါ် လာသည်။
စားသောက်ပွဲအတွင်းလူတိုင်း အရှင်မင်းကြီး ရဲ့ စိတ်ကောင်းမွန်နေတာ မြင်တော့ သူတို့ ချီးကျုးဂုဏ်ပြုကြပြန်သည်။ စားသောက်ပွဲ ညနက်သည်အထိ ဆက်သွားလျက်ရှိသည်။
တခြားတစ်ဖက်မှာတော့ လင်းဂျင်းယွမ် သေးငယ်တဲ့ အစားအသောက်ခြင်းလေးနဲ့အတူ ခိုးထွက်လာပြီး သူတို့ သဘောတူထားသည့်နေရာ၌ လင်းဖေးလု ကိုလာတွေ့သည်။
အနည်းငယ်ပျော်ရွှင်နေပြီး မြန်မြန်ဆန်ဆန် ပြေးလာရင်း ညဘက်ကြီး အဝေးတနေရာကနေ လုလေးကိုမြင်ပြီး လုလေးက သူ့ကိုသတိထားမိပုံမရချေ။
လင်းဂျင်းယွမ် လက်ထုတ်ပြီး အစားအသောက်ခြင်းလေးကို သူမ မျက်လုံးရှေ့လှုပ်ခါကာ "လုလေး!"
လင်းဖေးလု စိုက်ကြည့်နေပြီး လင်းဂျင်းယွမ် ပြန်လာတာမြင်တော့ နှုတ်ခမ်းဖိကိုင်ထားရင်း ပြုံးပြတယ်။
" အစ်ကိုတော် ဂျင်းယွမ် နောက်ဆုံးတော့ ရောက်လာပြီ"
လင်းဂျင်းယွမ် ဘေး၌ ထိုင်ချပြီး ချက်ချင်းထုတ်ကာ " စား။ ပူသေးတယ်။ အရသာရှိတဲ့ ဟင်းပွဲတွေ ရွေးယူလာတာ"
လင်းဖေးလု ခေါင်းညိတ်ပြီး တူထုတ်ကာ စားလိုက်ပြီး မြည်းကြည့်တယ်။
"အရသာရှိလိုက်တာ ကျေးဇူးတင်ပါတယ်။အစ်ကိုတော် ဂျင်းယွမ်"
ထိုသို့ပြောသံကြားတော့ လင်းဂျင်းယွမ် သူမ စိတ်ထဲတစ်ခုခုဖြစ်တည်သွားတာ ခံစားမိသည်။ လွန်ခဲ့တဲ့ ရက်ပိုင်းတည်းက လုလေး ထိုပွဲ စိတ်ထဲရှိနေတာ သိသာသည်။အခု အရသာမြည်းကြည့်ပြီးပြီ ဘာလို့မပျော်ရွှင်သေးတာလဲ?
မတက်နိုင်ပဲ မေးတယ်။"လုလေး ဘာဖြစ်လို့လဲ? တစ်ယောက်ယောက် အနိုင်ကျင့်လို့လား?"
လင်းဖေးလု တူလေးနဲ့အစားအသောက်များကောက်ယူပြီး မော့ကြည့်လာသည်။ တစ်ခုခုပြောချင်ပေမဲ့ ရပ်တန့်သွားကာ ပြုံးနေရင်း တုန့်ဆိုင်းနေသည်။ တီးတိုး " မဟုတ်ဘူး။ လုလေး နည်းနည်းအေးလို့"
လင်းဂျင်းယွမ် အရမ်းစိုးရိမ်သွားသော်လည်း အမှန်တိုင်းမပြောချင်သေးတာ နားလည်လိုက်သည်။ ဒါပေမဲ့လုလေး အမှန်တိုင်းပြောဖို့ တုန့်ဆိုင်းနေတော့ သူလည်းထက်ဖိအားမပေးတေ့ာ။
"ဒါဆို စား!! မင်း စားပြီးရင် အစ်ကိုတော် မင်းကိုနန်းဆောင် ပြန်လိုက်ပို့မယ်။!"
လင်းဖေးလု နာခံစွာခေါင်းညိတ်တယ်။
နှစ်ကူးပွဲတော် နှင်းများသည်းထန်စွာကျဆင်းခဲ့ပြီးမနက်ပိုင်း မှ ရပ်တန့်သွားခဲ့သည်။နှစ်ကူးပြီးနှစ်သစ်ပထမနေ့ ကောင်းကင်သန့်ရှင်းနေပြီး ကောင်းမွန်သည့် လက္ခဏာရှိနေသည်။
လူတိုင်း ညလုံးကျွန်နှစ်ကူးပွဲတော် ဆင်နွဲကျပြီး နောက် မနက်ခင်းစောစော လောက်ကျမှ အိပ်ရာဝင်ကြသည်။ မင်ယွဲ့ နန်းဆောင် ဘယ်သူမှလာလည်ပတ်သူမရှိတာကြောင့် ရှောင်လန် စောစော ထဖို့အလျင်မလိုပဲ လူတိုင်း လည်း ထို့အတူပင်။
မမျှော်လင့်စွာ နေ့လည်ခင်း တစ်စုံတစ်ယောက် မင်ယွဲ့ နန်းဆောင် ဂိတ် တံခါးကိုခေါ် လာသည်။
ချင်းရန် ညလုံးပေါက်စောင့်ကြည့်နေခဲ့ပြီး အဝတ်အစားလဲကာ အလျင်စလို တံခါးလာဖွင့်ပေးပြီး လာလည်သူကိုကြည့်လိုက်သည်။
တံခါးအပြင်ဘက်၌ ကုန်းကုန်းရှိနေသည်။ထိုကုန်းကုန်းက ဧကရာဇ် ရဲ့ ကိုယ်ပိုင်လက်ထောက်ကုန်းကုန်းဆိုတာ ချင်းရန်သိထားသည်။ သူ့အနောက်၌ နန်းတွင်းအစေခံအဖွဲ့ရှိပြီး လက်ထဲအစားအသောက်ခြင်းများကိုင်ဆောင်ထားသည်။ ကုန်းကုန်း ပြုံးပြီး
"မနက်ခင်းပါ။ အရှင်မင်းကြီးက မင်းသမီး ၅ အတွက် အစားအသောက်ခြင်း လက်ဆောင်ပေးလိုက်တာပါ။ အစားအစာတွေက လတ်လတ်ဆတ်ဆတ်ပဲ အခုထိပူသေးတယ်။ "
ချင်းရန် မျက်ဝန်း ကျယ်သွားသည်။
ကံကောင်းတာက သူက အတွေ့အကြုံရှိ နန်းတွင်းအစေခံ ဖြစ်တာကြောင့် အပြုအမူ အရမ်းမဆိုးဝါးပဲ အလျင်စလို အထဲသို့ဝင်ဖို့ တံခါးဖွင့်ပေးကာ ရှောင်လန် ဆီ အလျင်စလို သွားတင်ပြသည်။
ရှောင်လန် လည်းလန့်ဖြန့်သွားသည်။ အလျင်စလိုဆေးကြောပြီး အဝတ်အစားလဲလိုက်သည်။ ထွက်လာတော့ အစားအသောက်များ စားပွဲပေါ် ခင်းကျင်းပြီးသားဖြစ်နေသည်။ကုန်းကုန်းက တံခါးနား မတ်တပ်ရပ်နေပြီး အပြုံးလေးနဲ့ "မင်းသမီး ၅ စားသောက်တာကိုမနှောက်ယှက်တော့ပါဘူး။နှုတ်ဆက်ပါတယ်'
ရှောင်လန် လည်းထိုအချိန်မှ စိတ်ပြန်လည်လာပြီး ချင်းရန် ကိုမျက်တောင်ခတ်ပြလိုက်သည်။ ချင်းရန် ငွေအိတ်ထုတ်ကာ ကုန်းကုန်းလက်ထဲပေးလိုက်တယ်.
ကုန်းကုန်းလည်း နှစ်ကြိမ်ဟန်ဆောင်ပြီး တုန့်ဆိုင်းစွာ လက်ခံလိုက်တာ လူများနှင့်အတူ ပြန်ထွက်သွား၏။
ကုန်းကုန်း ထွက်သွားတော့ ချင်းရန် ရှောင်လန်ကို ဗလာသပ်သပ်အကြည့်များဖြင့်မေးတယ်။
"အရှင်မ ဘာဖြစ်သွားတာလဲ?"
Advertisement
- In Serial170 Chapters
Myth Beyond Heaven
Yun Lintian, a man from modern Earth, found himself in a cliche situation that was all too familiar to him in novels: Being transmigrated! He had arrived in a magical cultivation-oriented world called the Azure World.
8 163 - In Serial735 Chapters
Night Ranger
After transmigrating into a weak noble body, Marvin discovered that he was familiar with the world, this was the game he played in his previous life and… Damn! He only had six months before the Great Calamity!As a former top player, he would obviously fight to save the world… Yeah, no. Time to plan and prepare for the upcoming events, better to use that knowledge to get ahead rather than fight with gods.Follow Marvin’s journey through this new world.
8 1444 - In Serial311 Chapters
Battling Records of the Chosen One
Author: In the vast and boundless continent Cangtu, there were ancient sects governing the Ten Old Domains, unworldly immortal clans beyond the Blue Density, and primordial demon gods dominating the dark abyss that together created an unknown number of brilliant chapters over the long course of the history. In this very world, there was a boy, named Lin Xun, who embarked on his journey to the pinnacle of strength alone through cultivation and spiritual tattoo inscribing. Translator: Escaping alone from the Mine Prison where he had been living since his adoption, Lin Xun knew nothing about his identity but the little information his adopter, Master Lu, had told him. With two ancient spiritual tools Master Lu gave to him before the destruction of the Mine Prison, Lin Xun started his journey to Ziyao Empire, where he is supposed to find out the truth of his lost Spiritual Vessel and the person who slaughtered his family, leaving him orphaned. Will he be able to unlock the mysteries of the two magic treasures, unveil the secrets of his identity and create a legend of his own? Read all of updated chapters on Flying-Lines.
8 207 - In Serial11 Chapters
I AM GAMER IV
The continuing adventures of Lawrence Wrath who has been sent back in time to before there was the United States. Join Lawrence, Moon Flower, Billy, Patty, and of course Freak and Winston as they save the past by rewriting it! I Am Gamer is an Epic LItRPG and GameLit time travelling adventure.
8 59 - In Serial15 Chapters
Human & [Inhuman]
In a modern Japan just like our own, unbeknownst to the general populace, there are [Inhumans] who are capable of channeling [Soul Energy] into unique [Magic] through their physiological differences from normal humans, as well as [Compatibles] who possess an excess of said [Soul Energy]. [Inhuman] and [Compatible] are designed to work together, to complete each other. In such a world, underground feuds between bloodlines are common, and no duo is safe from destiny. Perhaps love can yet blossom on the battlefield? This is a piece that heavily takes inspiration from animanga/japanese light novels, and is also sort of an experimental piece to see if combining the exposition style of japanese light novels with the narrative and descriptive techniques of western literature can work. Prepare for two-person team battle action, romance, as well as some slice-of-life on the side.
8 99 - In Serial36 Chapters
Yugioh GX
This is a story about season 3 of yugioh GXA girl named Luna that has amethyst eyes and purple hair, goes to duel academy she's alone at the academy her whole life.Until she meets a new face, the crystal beast holder Jesse Anderson comes to the school and makes friends with Luna. She only trusts him until he meets Jaden and the othersI do not own any characters from Yugioh Gx then my own character Luna I hope you enjoy(She's uses multiple decks)
8 215

