《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-115

Advertisement

အပိုင်း-115

ဒီည စားသောက်ပွဲခန်းမ တောက်ပလျက်ရှိသည်။ အရင်ဘဝက နွေဉီးမောင်မယ်သစ်လွင်ပွဲမျိုး သီဆိုကခုန်တာမျိုးဖြစ်သည်။ အင်ပါယာတော်ဝင်မိသားစု ဆွေမျိုးများ တစ်ယောက်ပြီးတစ်ယောက် ခန်းမထဲဝင်လာကြသည်။

ဧကရာဇ် လင်း နောက်ဆုံးမှဝင်ရောက်လာပြီး ဝင်လာသည်နှင့်အခန်းအနား တရားဝင်စတင်သည်။ ဝိုင်ခွက်မြှောက်ပြီး ပြောဆိုပြီးနောက် ဟင်းပွဲများစတင်တည်ခင်းကြသည်။ ဧကရာဇ် လင်း မြင့်မားသည့်နေရာ၌ ထိုင်နေပြီး ဟင်းပွဲ ၉၉ မျိုး ကို ကြည့်နေသည်။ မျက်နှာပေါ် ဘာအပြုအမူမှမရှိပေမဲ့ နှလုံးသားထဲက သက်ပြင်းချနေမိသည်။

လာပြန်ပြီ။

ပြန်လည်ပေါင်းဆုံခြင်း စားသောက်ပွဲအတွက် အင်ပါယာ စားဖိုဆောင်က စားဖိုမှုးများ ပိုပြီးအရသာရှိတာမျိုးလုပ်ပေးလို့မရဘူးလား? ဘာကြောင့် အရသာမရှိတာတွေပဲလဲ?

မင်းသားတစ်ပါးအဖြစ် မွေးဖွားသည့် အချိန်က အခုထိ အခုလိုမျိုး စားရတာပဲ။ တစ်နှစ်ပြီးတစ်နှစ် နှစ် ၃၀ ရှိပြီ။ ဆယ်စုနှစ်များစွာ စားလာရတာ သေချာပေါက် ကြောက်ဖို့ကောင်းလှသည်။

ဒါ သူရဲ့ ကိုယ်ပိုင်အရသာခံနိုင်စွမ်းကိစ္စဖြစ်သည်။ သူ့သားတော် ၄ က လွဲပြီး လူတိုင်းက ဒီအစားစာ ကိုအရမ်းကောင်းမွန်တယ်လို့ မြင်ပုံရသည်။

မျှော်လင့်ထားသည်အတိုင်း မင်းသား ၄ လင်းဂျင်းယွမ် က သူနဲ့အတူဆုံးဖြစ်ပြီး သူ့ခံစားချက်ကိုနားလည်နိုင်သူ မင်းသား ၄ တစ်ယောက်တည်းသာရှိသည်။

ဒါကိုတွေးကြည့်ရင်း ဧကရာဇ် လင်း မတက်နိုင်ပဲ သက်တောင့်သက်သာမရှိ ဖြစ်နေသည့် လင်းဂျင်းယွမ် ကိုကြည့်လိုက်သည်။ ဧကရာဇ် လင်း ဝိုင်ခွက်မြှောက်ပြီး တစ်ဖက်က ကြင်ယာတော် ရွမ် ကိုများစွာချီးကျုးလိုက်သည်။

ဧကရာဇ် လင်းရဲ့ ချီးကျုးစကားကြောင့် ကြင်ယာတော် ရွမ် တောင့်ခဲသွား၏။

ငါ ဘာလုပ်မိလို့လဲ? ဘာလို့ ရုတ်တရက်ကြီးချီးကျုးတာလဲ?

ဟင်းလျာပေါင်း ၉၉ မျိုး ရှိနေပြီး ဧကရာဇ် တစ်ခုပြီးတစ်ခု မြည်းကြည့်သည်။ တာဝန် ပြီးဆုံးသွားတော့ ထွက်သွားဖို့လုပ်သည်။

လူတိုင်း ဧကရာဇ် ပွဲအလယ်ထွက်သွားတဲ့ အပြုအမူကိုအသားကျနေပြီ။ ဧကရာဇ် လင်း ထွက်သွားသည်နှင့် တော်ဝင်မိသားစုဆွေမျိုးများ ပိုသက်တောင့်သက်သာဖြစ်လာပြီး ခန်းမ ထဲရီသံများထွက်လာသည်။

ခန်းမအပြင်ဘက်လျှောက်လာတော့ မီးအိမ်နဲ့အတူအဆင်သင့်စောင့်ဆိုင်းနေသည့် နန်းတွင်းအစေခံက ညင်သာစွာ မေးသည်။

"အရှင် အခုဇီးပန်းဉယျာဉ် ကို သွားတော့မှာပါလား?"

ဧကရာဇ် လင်းလည်း စေးပျစ်တဲ့ ခံစားချက်ကြောင့် ခေါင်းညိတ်တယ်။

ဒီညနှင်းသည်းလွန်းတာကြောင့် လက်ဘက်ရည် ကိုကြိုတင်ပြင်ဆင်ထားဖို့မညွန်ကြားခဲ့ဘူး။ မသက်မသာဖြစ်ခြင်းများပြေစေဖို့ ဇီးပန်းရနံ့လေးများ ရူရတာသဘောကျသည်။ ဇီးပန်းဉယျာဉ်နားရောက်လာတော့ အထဲက အသံ သေးသေးလေးကိုရုတ်တရက်ကြားရသည်။ နှင်းကျသံများနှင့်အတူ သေးငယ်တဲ့ကလေး တစ်ယောက်အသံ ထွက်နေတာကြောင့် ရှင်းရှင်းလင်းလင်းမကြားရချေ။

ဉယျာဉ် ထဲ၌ သွားဖမ်းဖို့ပြင်နေသည့် ဘေးက နန်းတွင်းအစေခံများကို ဧကရာဇ် လင်း လက်ပြကာ ရပ်တန့်စေလိုက်သည်။

ညအမှောင်ယံထဲနှင်းများလေးလံစွာကျဆင်းနေသည်။ဒါ့ကြောင့် ဒီအချိန် ဇီးပန်းပွင့်များနှင့် ပျော်ရွှင်နေသည့် အသံလေး ဘယ်သူဆိုတာ စိတ်ဝင်စားသည်။

ပေါ့ပေါ့ပါးပါးလမ်းလျှောက်ဝင်လာတော့ အနီရောင်ဇီးပန်းဉယျာဉ်အောက် ၌ အနီရောင်ဝတ်ရုံနဲ့ ကလေးမလေး တစ်ယောက် ဒူးထောက်လျက်ရှိနေတာ မြင်လိုက်သည်။

အနီရောင်ဝတ်ရုံနဲ့ သေးငယ်တဲ့ဘောလုံးလေးနဲ့တူ ပြီး ရုပ်ရည်ဘယ်လိုရှိသလဲမသိချေ။

သူမ နောက်၌ နှင်းရုပ်လေးခု ကြီးစဉ်ငယ်လိုက် ရှိ ပြီး နှာခေါင်း၊မျက်လုံးနဲ့ အနီရောင်လည်စည်းတစ်ခုရှိကာ ကြည့်ရတာနှစ်လိုဖွယ်ကောင်း၏။

ဒီလိုလေးတွေမြင်ရတာ ဧကရာဇ် လင်းအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ အံ့ဩသွားသည်။ ရပ်နေရင်း ကြည့်လိုက်တော့ ထိုကလေးမလေးက မြေပြင်ပေါ်် ဒူးထောက်ဆုတောင်းနေ၏။

"နတ်သမီး လုလေးပြောတာကြားလား? လုလေး ပြောတာကြားရင် လေနည်းနည်းတိုက်ပြပါ"

ဒီညလေထန်ပြီး နှင်းလေးလံစွာကျဆင်းသည်။ သူမ ပြောနေရင်းလေတစ်ချက်တိုက်လိုက်တော့ ပျော်ရွှင်သွားပြီး " ရှိနေတာလား? နတ်သမီးလေး? ဒါဆိုလုလေးရဲ့ ဆုတောင်းစတင်တော့မယ်"

.

ဧကရာဇ် လင်း "..."

သာသာမှ။

အား..အား..ဧကရာဇ် လင်းနဲ့ လုလေး တွေ့ကြပြီနော်။ ဘယ်လိုတွေချွဲမလဲ မြင်ရဉီးပါ။ Paid မှာအစအဆုံးဖတ်နိုင်ပြီနော်။

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click