《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-114

Advertisement

အပိုင်း-114

လင်းဂျင်းယွမ် ဆက်ပြောတယ်။ "ဆီတအားများပြီး ဆီဝေ့တက်နေတာ။ စားပွဲပေါ် က တည်ခင်းတဲ့ အရာအားလုံးတစ်ခါခင်းတာ။ပြီးတော့ အဲပွဲမှာလူအများကြီးတက်ရောက်သေးတယ်။စားလိုက် တဲ့အခါ ဟင်းတွေ အေးစက်နေပီ။နှစ်တိုင်း ဆိုးဆိုးဝါးဝါး ဟင်းပွဲအေးအေးကြီးစားရတာ"

လင်းဖေးလု"...."

အဲလောက်တောင်ဆိုး ရင် ဘာလို့တော်ဝင်မိသားစုက နှစ်တိုင်း စားသောက်ပွဲကျင်းပနေသေးတုန်း?

လင်းဂျင်းယွမ် သူမ စိတ်ကိုဖတ်နိုင်သကဲ့သို့ အမြန်ဖြည့်ပြောတယ်။ "အစားအသောက်က မကောင်းပေမဲ့ ပြန်လည်ပေါင်းစည်းခြင်းပွဲတော်က အစ်ကိုတော် တို့ ဘိုးဘေးတွေ လုပ်ခဲ့ကြတဲ့ ရိုးရာလေ။ ဒါ့ကြောင့် အစ်ကိုတော် တို့ ခမည်းတော် က နှစ်တိုင်း မကြိုက်ရင်တောင် အနည်းငယ်လောက် သူ့ကိုယ်သူ ဖိအားပေးပြီး စားတာ"

လင်းဖေးလု အံ့ဩသွားတယ်။ "တော်ဝင်အဖေ က ဒါကို စားရတာမကြိုက်ဘူးလား?"

"ဟုတ်တယ်။တော်ဝင်အဖေက အစ်ကိုတော် နဲ့တူတယ်။ အစ်ကိုတော်တို့လည်း ဆီဝေ့နေတာဆို စားရတာမကြိုက်ဘူး။"

ပြောနေရင်း အသံခပ်နိမ့်နိမ့်နဲ့လျို့ဝှက်ချက်သေးသေးလေး မျှဝေတယ်။ "နှစ်တိုင်းတော်ဝင်အဖေက ပွဲတစ်ဝက်မှာတင် ထွက်သွားတာ။အမှန်ပြောရရင် ဇီးပန်းဉယျာဉ် ကို သွား ပြီး စိတ်အပန်းပြေတယ်"

လင်းဂျင်းယွမ် သူ့အဖေ နောက် တိတ်တဆိတ် ၂ ခါ မသိအောင်လိုက်ဖူးသည်။ ဇီးပန်းဉယျာဉ် ထဲ အစေခံများ လက်ဖက်ရည်များကြိုတင်ပြင်ဆင်ထားတာမြင်ပြီး ဧကရာဇ် ပျို့အန်တာ သက်သာစေလုပ်ထားတာဖြစ်တယ်။

ဧကရာဇ်ရဲ့အပြုအမူ ပျံ့ သွားတာမကောင်းတာကြောင့် အထူးသဖြင့် ဧကရာဇ် သူ့ကိုယ်သူ ဒီအချက်ကို ဖုံးထားခဲ့သည်။ လင်းဂျင်းယွမ် တစ်ယောက်တည်း သတ္တိရှိရှိ ဧကရာဇ် အနောက် လိုက်ရဲတာဖြစ်သည်။

ဒါကိုကြားတော့ လင်းဖေးလု နည်းဗျုဟာအသစ်ထွက်လာသည်။ တရုတ်နှစ်ကူးကျင်းပပြီးရင် အင်ပါယာနန်းဆောင် က MVP ကိုထိဖို့နည်းလမ်းရှာမယ်လို့ တွေးထားတာ။ မျှော်လင့်ထားစွာကောင်းကင်ဘုံက ပို့လိုက်သည့် ဧကရာဇ် ရဲ့လျို့ဝှက်ချက်တစ်ခုကို သိလိုက်သည်.

လင်းဖေးလု မတက်နိုင်ပဲ လင်းဂျင်းယွမ် ကိုပိုချစ်မြတ်နိုးစွာကြည့်လိုက်သည်။

အစ်ကိုတော် ကတော့ ငါ့ အတွက် ကံကောင်းစေတဲ့ မင်းသားလေးပဲ။

လင်းဂျင်းယွမ် : ညီမတော် ၅ လေး ငါ့ ကို ချစ်မြတ်နိုးစွာကြည့်နေတာပဲ။ heehee>

မကြာခင် နှစ်သစ်ကူးပွဲတော် ကျင်းပမည့်နေ ရောက်လာသည်။

မင်ယွဲ နန်းဆောင် ရီသံများဖြင့် ပြည့်နှက်နေသည်။ရှောင်လန် ကိုယ်တိုင် ယုရူနဲ့အတူချက်ပြုတ်သည်။ သူတို့ စားသောက်ပြီးနောက် ညနေခင်း ကောင်းကင်မှနှင်းများ လေးလံစွာကျဆင်းလာသည်.

ညနေမတိုင်ခင် ချင်းရန်ကို မင်ယွဲ့ အိမ်တော် ဂိတ်တံခါးကို ပိတ်ဖို့ ရှောင်လန် ညွန်ကြားထားသည်။ သူတို့နန်းဆောင် ထဲနွေးထွေးလျက် နှစ်ကူးပွဲတော် ည လူတိုင်းရှိနေကြသည်။

လင်းဖေးလု ကိုခေါ် လိုက်တော့ သူ့သမီး လင်းနန်းရှီ ပေးတဲ့ အနီရောင် ဝတ်ရုံဝတ်ဆင်ထားပြီး အပြင်ထွက်ဖို့ အသင့်ဖြစ်နေပုံပဲ။

ရှောင်လန် ကြည့်ပြီးမေးတယ်။ "မှောင်နေပြီ။ ဘယ်လဲ?"

လင်းဖေးလု အမှန်တိုင်းမပြောပဲ "လုလေး မင်းသား ၄ နဲ့ တွေ့မယ်လို့ ကတိလုပ်ထားလို့။ သူက လုလေးအတွက် ပြန်ပေါင်းစည်းစားသောက်ပွဲကနေ ဟင်းပွဲတချို့ယူလာခဲ့မယ်လို့ ပြောတယ်"

ရှောင်လန် ရီရမလား ငိုရမလားမသိတော့ " လောဘကြီးတဲ့ဝက်ပုတ်လေး။ အခုမှောင်နေပြီ။အေးက အေးနဲ့ ။ အပြင်ထွက်ပြီး စားချင်သေးတယ်ပေါ့ ။ မနက်ဖြန်မှ စားလို့မရဘူးလား?"

လင်းဖေလု ခေါင်းခါယမ်းပြီး "မရဘူး။ မနက်ဖြန်ကျရင် အေးစက်နေပြီ အရသာရှိမှာမဟုတ်ဘူး။"

"ဒါဆိုလည်းချင်းရန် နဲ့ဆောင်းယု ကိုပါ ခေါ် သွား "

လင်းဖေးလု ခေါင်းခါယမ်းတယ်။ "မမှောင်သေးဘူး။ လုလေး ဘာသာသွားမယ်။ စားသောက်ပွဲ မှာ လူတွေ အများကြီးပဲ။လုလေးတို့ကို သတိထားမိတာကောင်းတာမဟုတ်ဘူး။ အစောင့်တွေ အများကြီးထားတာ လုလေး ဘာမှဖြစ်မှာမဟုတ်ဘူး"

ရှောင်လန် သူ့သမီးကိုစကားနည်းနည်းပြောချင်သေးပေမဲ့ သူ့သမီးက အလျင်စလို လက်ဆွဲမီးအိမ်ကိုင်ကာ ပြေးထွက်သွားပြီ။

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click