《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-113

Advertisement

အပိုင်း-113

လင်းတန် စိတ်ဆိုးပေမဲ့ စိတ်ရှင်းပြီး သူ့အခန်းထဲမသွားခင် သူ့မယ်တော် ကိုလေးစားမှုပေးရမယ်ဆိုသည့် စိတ်ရှိသည်။ အထက်တန်းလွှာကြင်ယာတော် ရွယ် ဘာမှမပြောပဲ သူထွက်သွားတော့ ကုန်းကုန်းရန်ဝမ်ကို " လင်းတန် နေ့လည် ဘယ်ကိုသွားခဲ့တယ်လို့ ပြောလိုက်တာလဲ?"

ကုန်းကုန်းရန်ဝမ် ရင်းနှီးစွာ "အရှင်မ အရှင့်သား မင်ယွဲ့ နန်းဆောင် ကိုသွားခဲ့ပါတယ်"

"မင်ယွဲ့ နန်းဆောင်?" အထက်တန်းလွှာကြင်ယာတော်ရွယ် ထိုနေရာသေးသေးလေးနဲ့ပတ်သက်ပြီးထင်မြင်ချက်မရှိချေ။ အနီရောင်ဇီးပန်းဉယျာဉ်မှာ ဖြစ်ခဲ့ကိစ္စ နန်းတွင်းအစေခံ သတိပေးခဲ့ပြီး သဘောမကျခံရတဲ့ ကျက်သရေရှိအမျိုးသမီးလန် ဘယ်နေရာမှာနေတာ သတိရလိုက်တယ်။

"အရှင့်သားက မင်းသမီး ၅ နဲ့အဆင်ပြေနေပုံရပါတယ်"

အထက်တန်းလွှာကြင်ယာတော် ရွယ် ငယ်ရွယ်တဲ့မင်းသမီး ၅ ကို သိသည်။ စာလေ့လာဖို့ ခက်ခဲတဲ့မင်းသား၄ မင်းသမီး ၅ ရဲ့ကြီးကြပ်မှုအောက် ခက်ခက်ခဲခဲ စတင်သင်ယူခဲ့ပြီး သူမက ကြင်ယာတော် ရွမ်ရဲ့ နက်နက်ရိူင်းရိူင်းချစ်မြတ်နိုးခံရသူဖြစ်သည်။ အထက်တန်းလွှာကြင်ယာတော်ရွယ့ ဒီကိစ္စကို ဂရုမစိုက်ဘူး ဒါ့ကြောင့် မေးခွန်းထပ်မမေးတော့ဘူး

.

နှစ်ကူးပွဲတော် မြန်မြန်ဆန်ဆန်နီးကပ်လာတော့ အင်ပါယာအတွင်းဌာနက နန်းဆောင်တစ်ခုချင်းစီရဲ့အသုံးစရိတ်ကိုတိုးပေးခဲ့သည်။လင်းဖေးလု လျိုဇုဗီလာကိုမီးသွေး သွားပို့ဖို့ ချင်းရန်ကိုပြောခဲ့တယ်။

ချင်းရန်ကလည်းမင်းသမီးရံဖန်ရံဖန် သွားပို့ဖို့ တောင်းဆိုတာ အသားကျခဲ့ပြီ ဒါ့ကြောင့် ဧည့်သည့်အလာကိုစောင့်ကြပ်ဖို့တာဝန်ကျတဲ့အစေခံကောင်လေး နဲ့ ရင်းနှီးလာသည်။ သူတို့ ပထမဆုံးတွေ့ဆုံသလောက် ထိတ်လန့်မနေတော့ပဲ သူတို့တစ်ယောက်စကားပြောတာရီမောတာတွေ တစ်ခုစ နှစ်ခုစ ရှိလာခဲ့သည်။

လင်းဖေးလု ဒီကမ္ဘာကိုရောက်တာ ၁ နှစ်ရှိပြီ။ နှစ်ကူးနဲ့ပတ်သက်တဲ့သီးခြားခံစားချက်ရယ်လို့မရှိဘူး။ အရင်က သူမ နှစ်ကူးတိုင်းကမ္ဘာပတ်ခရီးထွက်နေခဲ့တာ ။ သူမ နှစ်ကူးညစာ ကျင်းပတာတွေမရှိဘူး။ နှစ်ကူးမှာ ဆွေမျိုးဆီ သွားလည်ပတ်တာမျိုးလည်း ဘယ်တော့မှမရှိဘူး။

သို့ပေမဲ့ အခုတော့ မတူဘူး။ရှောင်လန် နဲ့ပြတင်းပေါက် မှာ စက္ကူတွေ အလှဆင်တယ်။ တစ်ချိန်ကညစ်ညမ်းပြီးအထီးကျန်ဆန်သည့် မင်ယွဲ့ နန်းဆောင် အခုပျော်ရွှင်ဖွယ်ဖြစ်နေ၏။

ပျက်စီးနေသည့် အထည်တချို့နဲ့ရှောင်လန် ခြံဝန်းထဲ က နှင်းလူသားနှစ်ယောက် အတွက် အနီရောင်ပဝါချုပ်ပေးတယ်။ ထိုသို့လုပ်ပေးပြီးနောက် နှင်းလူသားနှစ်ယောက် ထူးထူးခြားခြားချစ်ဖို့ကောင်းနေပုံရသည်။

ပြန်ပေါင်းစည်းစားဲသောက်ပွဲ က ဟင်းပွဲ ၉၉ မျိုးကို သိချင်နေတည်းကလင်းဖေးလု သူ့ကိုယ်သူ ဝက်ပေါက်လေးလိုခံစားရတယ်။

ထိုပေါင်းစည်းပွဲက ကြီးမြတ်တဲ့လင်းအင်ပါယာမှာ ဓလေ့တစ်ခုဆိုတာ သူမရှာတွေ့ခဲ့သည်။ ၉၉မျိုးဟင်းပွဲများက ဆန်းကြယ်ပြီး တစ်ထိုင်တည်း ဟင်းပွဲ ၉၉ မျိုးကိုတည်ခင်းတာဖြစ်တာကြောင့် လင်းဖေးလုတွေးမိသည်က သေချာပေါက်အရမ်းအရသာရှိရမယ်။ !!

ဧကရာဇ် ရဲ့ ဆွေမျိုးများထဲ ၌ ဧကရီ၊ အထက်တန်းလွှာကြင်ယာတော် ၂ ယောက် နဲ့ ကြင်ယာတော် ၄ ယောက် တက်ခွင့်ပြုသည်။ ဧကရာဇ် ရဲ့ ကလေးများကို ထိုပွဲကိုတက်ရောက်ဖို့ တားမြစ်ထားတာမရှိသော်လည်း ဧကရာဇ် ဆီက ကောင်းချီပေးခံရသူသာ တက်ခွင့်ရှိတာမျိုးလည်းဖြစ်သည်။

ဒါ့ကြောင့် လင်းဖေးလု အရည်အချင်းမပြည့်မှီဘူး။ ချန်မင်းနန်းဆောင် က ကြင်ယာတော် ရွမ်ဆီ သွားပြီးချစ်ဖို့ကောင်းစွာ ဟင်းပွဲအနည်းငယ်လောက် တိတ်တဆိတ်ယူလာဖို့ ပြောခဲ့တယ် ဒါမှ သူမ မြည်းကြည့်လို့ရမှာ။

လင်းဂျင်းယွမ်က သူတောင်းဆိုချက်ကိုသဘောတူပြီး အထင်သေးစွာနောက်ထပ်စာကြောင်းတစ်ခုဖြည့်ပြောတယ်။ "အမှန်တိုင်းပြောရရင် ပြန်ပေါင်းစည်းခြင်းစားသောက်ပွဲက ဟင်းပွဲတိုင်းကြောက်ဖို့ကောင်းတဲ့ အရသာရှိတယ်"

လင်းဖေးလု "?"

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click