《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-109
Advertisement
အပိုင်း-109
အင်ပါယာကျောင်းရဲ့နောက်ဆုံးစာမေးပွဲ ရလဒ် ထွက်လာခဲ့သည်။ အိမ်ရှေ့စံမင်းသား လင်းချင်းက ပထမ၊ မင်းသား ၁ လင်းတန်က ဒုတိယနဲ့ ဆောင်းဂျင်လန်က တတိယ။ ဧကရာဇ် လင်း ဆုများကိုသက်ဆိုင်ရာနန်းဆောင်ဆီအသီးသီး ပို့ခိုင်းသည်။
တချိန်လုံး ဆောင်းဂျင်းလန်က လုံးဝရှေ့မထွက်ပဲ သာမန်သာရှိသည်လို့ထင်ခဲ့သည်။ဒါ့ကြောင့် ရုတ်တရက် ထွက်ပေါ် လာသည့် အရည်အချင်းကြောင့် လူတိုင်းလန့်သွားခဲ့သည်။ သို့ပေမဲ့ ဧကရာဇ် က ဖြူစင်သန့်စင်သည့် ကံကောင်းမှုတစ်ခု ပဲ လို့ ကြေငြာခဲ့တာကြောင့် သူတို့ လန့်သွားခဲ့ပြီးနောက်ပိုင်း အဲလောက်မတွေးတော့ပဲ လာမည့်နှစ်သစ်ကူးအတွက် ပြင်ဆင်ရင်းအလုပ်များနေခဲ့သည်။
လင်းတန် နဲ့လင်းချင်းက အထူးချွန်ဆုံး အင်ပါယာမင်းသားများဖြစ်လို့ ဧကရာဇ် လင်းသူ့နန်းဆောင်ဆီ ဆင့်ခေါ် ပြီးချီးကျုးသည်။ ပိုးထည်များနှင့်လက်ဝတ်ရတနာများ သားနှစ်ယောက်လုံးကိုဆုချီးမြှင့်တယ်။ သူတို့ ရန်ရှင်းနန်းဆောင်က ထွက်လာတော့ လင်းချင်း ပြုံးပြီး လင်းတန်ကိုပြောလိုက်သည်။
"ဒီတခေါက် ကျွန်တော် ပထမ ထပ်ရပေမဲ့ အစ်ကိုတော်ရဲ့ ဇီးပန်းကဗျာကို သဘောကျမိတယ်"
လင်းတန် ရှက်ပြုံးပြုံးပြီး "တတိယညီတော် ရဲ့ ဝါးကဗျာနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူးကွာ"
လင်းချင်း ဆင်ခြင်သည့်မျက်လုံးများနှင့်ကြည့်နေပေမဲ့ သူ့အစ်ကိုတော် မျက်ဝန်းက ရိုးရှင်းပြီး စိတ်ရင်းမှန်ကန်တာရှာတွေ့သွားသည်။ ထိုအချိန် သူ့နှလုံးသားထဲ သံသယများအရည်ပျော်သွားပြီး ပြုံးနေ၏။
လင်းချင်း က လှေကားပေါ် ကဆင်းလာကာ ပြုံးရင်း "အစ်ကိုတော် နွေဉီး အမဲလိုက်ရာသီကျရင် ထပ်ပြိုင်ကြမယ်။ ကျွန်တော့် အတွက်နဲ့ ကိုယ်ကိုကိုယ်ဆွဲမထားနဲ့ "
လင်းတန် ခေါင်းခါယမ်းပြီး "ငါ အမဲလိုက်တာမကြိုက်တာ မင်းသိသားနဲ့ "
လင်းချင် ပခုံးတွန့်ပြီး "ကောင်းပြီ။ အစ်ကိုတော် အတွက် တောင်ပေါ် က ယုန်အမဲလိုက်ပေးမယ်။ ပြီးရင် အစ်ကိုတော် ကို ချန်ပီယံအနေနဲ့ပေးမယ်"
လင်းတန် ခပ်ပြုံးပြုံးနဲ့ "မဆိုးဘူး"
သူ့ဖခင်ဆီက ချီးကျုးမှုနဲ့ဆုများလက်ခံယူပြီးနောက် လင်းတန် နှလုံးသားထဲ ပျော်ရွှင်နေ၏။ ယောင်ဟွားနန်းဆောင် ဆီ ပြန်လာတော့ သူ့နန်းဆောင် ထဲဧည့်သည့်ရောက်နေတာမြင်လိုက်သည်.
တရုတ်နှစ်သစ်မကူးခင်နှစ်တိုင်း ရွယ်မိသားစုက သူတို့နန်းဆောင်ထဲ လက်ဆောင်များလာပို့တက်သည်။ အထက်တန်းလွှာကြင်ယာတော် ရွယ်၌ ဘာမှပြတ်လပ်မနေသော်လည်း သူ့မိသားစုကတော့ ဂရုစိုက်နေဆဲပင်။ သူတို့ ပစ္စည်းများကိုင်ထားကာ ပျော်ရွှင်စွာ နန်းဆောင်ထဲဝင်နေ၏။
မင်းသား ၁ ပြန်လာတာမြင်တော့ မိခင်ဘက် သူ့အဒေါ် ရွယ်က ပြုံးပြီးအရိုအသေပေးနှုတ်ဆက်သည်။ လင်းတန် လည်း နှုတ်ဆက်ဂါဝရပြုတာလက်ခံပြီး ယဉ်ကျေးစွာ ပြန်ထူပေးသည်။
အထက်တန်းလွှာကြင်ယာတော် ရွယ် သူ့သားလက်ထဲကကျောက်စိမ်းမင်ပြားကိုမြင်တော့ ပြုံးပြီးမေးတယ်။ "အရှင်က မင်းကို ဆုချလိုက်တာလား?"
"ဟုတ်ပါတယ်"
.
"အိမ်ရှေ့စံမင်းသား ကော ဘာရလိုက်လဲ?"
လင်းတန် နှုတ်ခမ်းကိုက်ဖိထားပြီး အသံခပ်နိမ့်နိမ့်နဲ့ "ညီတော်၃ လည်း ကျွန်တော် နဲ့အတူတူပဲရပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းယပ်တောင်တချောင်း ပါတယ်"
ကြင်ယာတော် ရွယ်အပြုံးအနည်းငယ်ဖျော့သွားသည်။အဒေါ် ရွယ်က ဒါကိုမြင်တော့ အလျင်စလိုပြုံးပြီး လင်းတန် ကို "ဝန်ကြီးချုပ်က အမြဲတမ်းအရှင့်သားအကြောင်းတွေးပေးနေတာ။ အရှင့်သား တိရိစ္ဆာန်သေးသေးလေးတွေချစ်တက်တာသိတော့ အရင်တခေါက်က အရမ်းအပြုအမူကောင်းတဲ့ ပါပီလေး ရလိုက်တယ်။ အရမ်းကျန်းမာရေးကောင်းပြီး အခု ကျွန်တော် မျိုးမ နဲ့အတူနေတယ်။ အခု အင်ပါယာနန်းဆောင်ထဲဝင်တော့ အရှင့်သားဆီ ပေးလို့ရပြီ"
လင်းတန် အစက အဲလောက် အာရုံမစိုက်ဘူး။ နားထောင်ပြီးနောက် နန်းဆောင်ထဲက ခြင်းအသေးလေးကိုမြင်လိုက်သည်။ ထိုခြင်းထဲ၌ အဖြူရောင်ပါပီလေး မြေခွေးလေးနဲ့ တူပြီးအရမ်းချစ်ဖို့ကောင်းသည်။ သူ့ကိုမြင်တော့ ခွေးလေး ပျော်ရွှင်စွာအမြှီးခါယမ်းပြသည်။
လင်းတန်မျက်ဝန်းအေးခဲသွားကာ ကြောက်လန့်သွား၏။ ချက်ချင်းအကြည့်ရုတ်ကာ မျက်လုံးနှိမ့်ချလိုက်၏။
Advertisement
- In Serial40 Chapters
Starting Out As A Goblin Summoner
On a certain day, a modern city transmigrated to another world where everyone possessed their own summoner’s grimoire.
8 600 - In Serial93 Chapters
The RPG Apocalypse (LitRPG)
Life isn't a game. Well, maybe it is now. Every day is the same for Joseph. Study; go to class; repeat. He can't help wondering what it's all for? Who is it all for? Life is dull and there's no prospect of that changing. Is some excitement too much to ask for? "Get to safety if you wish to survive!" Joseph's prayers are answered, but not in a way he could ever have expected. Goblins, ghouls, kobolds and a myriad of monsters and mythical creatures have spawned all over the college campus and beyond. The carnage is shocking. If he's going to survive the RPG apocalypse, Joseph is going to have to figure out the new rules fast. And is it wrong to feel so alive, when so many other people have died?
8 220 - In Serial39 Chapters
Kingdom of Stars
The war against Demonkind has ended. Finally, after centuries of fighting peace has come to the world. But what exactly is peace? Join Catherine, a demihuman raise in the slums as she tries to find peace in this war-scar world. The war may be over, but scars are not so easily healed. (Author note. You can find the full size of the cover Here)
8 126 - In Serial17 Chapters
Thirsty for Blood
"Will the whole world treat us as something different just because of someone pushed us into becoming this monstrous thing" In the world of Linderal, there exist two beings who are unable to accept what they are. This is their journey of acceptance towards themselves and the troubles that come with it.- Story by Rin Scarlet from Archives of Stories
8 100 - In Serial13 Chapters
THE LIGHT ANGEL
A prophecy says “A child shall be born and he will be the mightiest and strongest of all clones and he shall be their King" The evil rebelled against it “what rubbish! A child will rule over me? Never I will trying everything to stop this prophecy from coming through. Cause I shall rule whether good or bad"
8 87 - In Serial16 Chapters
Fidaa - An Akshan Short Stories Collection
This is a collection of short stories which I have made based on my favourite couple Akshan from the show Guddan Tumse Na Ho Payega. Most of these stories will be my take of some of the stories/scenes that have already happened in the show.
8 105

