《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-106

Advertisement

အပိုင်း-106

လင်းဖေးလု တစ်ဖက်ခြမ်း၌ လက်ဆွဲမီးဖိုငယ်လေးကိုင်ကာ မတ်တပ်ရပ်နေပြီး သေးငယ်သည့်ခြေလှမ်းများနှင့် အင်ပါယာဆရာရှေ့လျှောက်လာသည်။ နာခံစွာလက်မြှောက်ပြီး "ဆရာ ဟိုမှာ တစ်ယောက်လျော့နေတယ်"

အင်ပါယာဆရာက အစက သူ့ ငယ်သားတစ်ယောက် နဲ့အတူ တွဲပေးဖို့ စီစဉ်ထားပေမဲ့ သူမ လာတာမြင်တော့ မျက်လုံးလှန်ကြည့်ပြီးပျော်ရွှင်စွာ "ကောင်းပြီ။ဒါဆို မင်းသမီး ၅ ကူညီပြီး သူ့ပါတနာဖြစ်ပေးလိုက်ပါ"

လင်းဖေးလု ခေါင်းမော့ပြီး "ဒါပေမဲ့ လုလေး ကဗျာဘယ်လိုရေးရမလဲမသိဘူး"

"အဆင်ပြေပါတယ်။ သူ့အတွက် တချို့အရာတွေ ညွန်ပြပေးဖို့ပဲ လိုတာ"

လင်းချင်းယွမ် ချက်ချင်းမတ်တပ်ထရပ်ပြီး "ဆရာ ။ ကျွန်တော် ဆောင်းဂျင်းလန် ရဲ့ ပါတနာဖြစ်ပေးဖို့ ဆန္ဒရှိတယ်!"

ရှီရှင်းဂျန် "?"

ဒီလိုဆိုမှာတော့ ရှီရှင်းဂျန် လည်း လက်မြှောက်ပြီး " ကျွန်တော်လည်း သူ့ ကို ဆောင်းဂျင်းလန် နဲ့ လဲချင်တယ်!!"

အင်ပါယာ ဆရာ ထိုကျောင်းသားနှစ်ယောက်ကြောင့် ခေါင်းကိုက်လာသည်။

"လျှောက်မလုပ်နဲ့!! မင်းသား ၄ နဲ့ မြို့စားငယ် ရှီ ကျေးဇူးပြုပြီးထိုင်ကြပါ။ စာမေးပွဲ မကြာခင် စတင်တော့မယ်"

တခြားသူများ အင်ပါယာမင်းသမီး ၅ ကိုမမြင်ဖူးတာကြောင့် စိတ်ဝင်စားပြီး ချက်ချင်းအကြည့်ရောက်လာသည်။ လင်းဖေးလု ဝတ်ရုံချွတ်ပြီး လက်မောင်း၌ချိတ်ကာ ပျော်ရွှင်စွာ ဆောင်းဂျင်းလန် ရှေ့ ထိုင်ချလိုက်သည်။

မင်ကျောက်တုံးကို သူ့လက်နဲ့ခြစ်နေရာရပ်တန့်သွားပြီးကျေးဇူးတင်သည့်အမူအရာနှင့် ကြည့်လာသည်။

လင်းဖေးလု ဒူးထောက်ထိုင်တာကိုကျင့်သားမရသေး။ သက်တောင့်သက်သာအနေအထားကိုတွေ့တော့ ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်ကာ လခြမ်းလေးလိုကွေးမတက်ပြုံးပြလိုက်သည်။

"အရှင့်သား အဖြူရောင်ဝတ်စုံ နဲ့ သပ်ရပ်နေတာပဒ !!"

ဆောင်းဂျင်းလန် ပြုံးလာသည်။

နန်းတော် ရုံးတော် ဂိတ်မှ မြည်သံ ထွက်ပေါ် လာပြီး စာမေးပွဲစတင်ဖို့ ဗုံတီးသံဖြစ်သည်။

ခြံဝန်းထဲ ဆူညံနေရာမှတိတ်ကျသွားသည်။ရံဖန်ရံခါ စကားပြောဆိုသံပဲကြားရတယ်။

ဆောင်းဂျင်းလန် သူ့ရှေ့က စာရွက် ကို မင်ကျောက်တုံးနှင့်ဖိလိုက်သည်။ ထို့နောက် "မင်းသမီး ၅ ကျေးဇူးပြုပြီး စတင်ပါ"

လင်းဖေးလု ထူးဆန်းပြီးစိတ်ဝင်စားဖို့ကောင်းတာရှာတွေ့သွားသည်။ မျက်လုံးတောက်ပသွားကာ သူ့ခေါင်း ဘေးပတ်လည်ကြည့်ပြီးနောက်ဆုံး ဆောင်းဂျင်းလန်ရဲ့ အနောက် က တရုတ်အနီရောင်နွယ်ပင်ကိုညွန်ပြလိုက်သည်။

"အဲဟာ"

ဆောင်းဂျင်းလန် တစ်ချက်ကြည့်ပြီး တစ်ခုခုကိုတွေးတောကာ ကဗျာစပ်သည်။

လင်းဖေးလု လက်သေးသေးလေးနဲ့မေးပွတ်ကာ သူရေးနေတာ စောင့်ကြည့်နေ၏။ သူ့လက်ရေးသည် တိမ်များနှင့် ရေများစီးဆင်းသကဲ့သို့ စာရေးပုံကအစ လှပသည်။

လက်ရေးက အရင် ကျောက်စရစ်နဲ့ အတူ ပါတဲ့စာထဲကလိုမဟုတ်ချေ။

ကြည့်ရတာ ဘယ်လက်နဲ့ ရေးခဲ့လို့လား?

ကဗျာတစ်ပုဒ် ပြီးတော့ မင်အခြောက်ခံဖို့ တစ်ဖက်သို့ရွေ့ပြီး "ဆက်ပြောပါ"

လင်းဖေးလု သိပ်မဝေးသည့် ခြောက်သွေ့သည့်ရေတွင်းကို ညွန်ပြပြီး "အဲဟာ"

ဆောင်းဂျင်းလန် ခဏတွေးပြီး နောက်ထပ်ကဗျာတစ်ပုဒ် စပ်သည်။

လက်လှုပ်ရှားမှုအလွန်မြန်ဆန်ပြီး ကဗျာဆက်ပုံက ထမင်းစားနေသလိုပင်။ လင်းဖေးလု သူရေးနေစဉ် ဘေးပတ်ဝန်းကျင်ကိုကြည့်တော့ လင်းဂျင်းယွမ်နဲ့ရှီရှင်းဂျန် တို့တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေပြီး စကားလုံးတစ်လုံးမှမရေးရသေး။

နောက်ထပ်ကဗျာပြီးနောက် လင်းဖေးလု မတက်နိုင်ပဲမေးတယ်။ " အရှင့်သား အတွက် ကဗျာစပ်တာလွယ်ကူလား?"

ဆောင်းဂျင်းလန် မျက်ခုံးအနည်းငယ်မြှင့်တက်သွားကာ လှပတဲ့အနက်ရောင်မျက်ဝန်းထဲ အပြုံးသေးသေးလေး ထွက်ပေါ် လာပြီး "ကျွန်တော် က သာမန်အတိုင်းရေးရုံပါပဲ"

သာမန်အတိုင်းရေးချလိုက်တာလို့ ပြောတယ်ဆိုတော့ အမှန်တိုင်းပြောတာဖြစ်ပုံရတယ်။ လင်းဖေးလု လက်ထုတ်ကာ စာရွက်များ ယူပြီး ကြည့်လိုက်သည်။ အနုပညာက အရမ်းလှပသည်။ ဒါပေမဲ့လည်း သူမ ရဲ့အသိပညာနဲ့နှိုင်းယှဉ်ကြည့်ရင် ထိုအခန်းကဏ္ဍာသည် အရမ်းများပြားသည်။

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click